Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, June 23, 2012

ကြီးမားလှသော အမေ့မေတ္တာ


မဟာပထ၀ီ ဤမြေသည်လည်း
အမေ့မေတ္တာ နှိုင်းယှ့ဉ်ပါလျှင်
ဝါးရွက်မျှသာ သေးငယ်ပါ၏။
များပြားလှသည်
သမုဒ္ဒရာ ရေဇလာလည်း
အမေ့မေတ္တာ နှိုင်းချိန်ပါလျှင်
မိုးရေစက်မျှ ထင်မှတ်ရ၏။
ကျယ်ပြန့်လှသည့်
အဇဋာပြင် ထက်ကောင်းကင်လည်း
အမေ့မေတ္တာ နှိုင်းဆပါလျှင်
အပ်ပေါက်မျှသာ သေးငယ်ပါ၏။
မြင့်မားလှသည့်
လောကခေါ်ဆို တောင်မြင့်မိုရ်လည်း
အမေ့မေတ္တာ တိုင်းတာပါလျှင်
နွားဦးချိုမျှ သေးငယ်လှ၏။
တုနှိုင်းမရ ကြီးမားလှသည့်
အမေ့မေတ္တာ စေတနာကို
ခါခါလေးမြတ် ပြုပါ၏။
(သက်ရှိမွေးမိခင်-ကျွေးမိခင် နှင့် သက်မဲ့ မိခင်မကုဋ….သို့)

Wednesday, June 6, 2012

“အမေ့မှာတမ်း” (ကဗျာ)



သား -----------
အမေ သေတဲ့အခါ-
ုံးဝ မငိုပါနဲ့။
သေပြီးမှ ငိုကြတာ
ရူးသွပ်တဲ့ ရောဂါပဲ----

မသေခင် ပြုစုကြ
မသေခင် ကျေးဇူးဆပ်ကြ
မသေခင် ချစ်ခင်ကြ
မသေခင် ညီညွတ်ကြ
မသေခင် စာနာကြ
မသေခင် ယိုင်းပင်းကူညီကြ
မသေခင် ခွင့်လွှတ်ကြ
မသေခင် အပြစ်မရှိအောင်နေကြ
မသေခင် ပေးဆပ်ကြ
မသေခင် လုပ်ရမယ့်အရာ
အများကြီး ---- အများကြီးပါပဲ။

အဲဒီလိုနေခဲ့ရင်
သေတဲ့အခါ
ဘာမှလုပ်စရာမလိုဘူး။

သေသွားပြီလား -----
အမေ သေသွားရင်
တစ်ပြားမတန် အမေ့ရုပ်ကျန်ကို
ဘယ်ဆွေ ဘယ်မျိုး ဘယ်လူမျိုးမကျန်
ဒုက္ခမခံနဲ့။
ဒီနေ့သေ ဒီနေ့ချ
အမေ့ အသုဘကြောင့်
အများ ဒုက္ခမရောက်စေချင်တာ
အမေ့ဆန္ဒ ပါ ---- တဲ့

အမေသွားနှင့်တော့မယ်
လိမ်လိမ်မာမာ နေခဲ့ကြ။ ။

Tuesday, June 5, 2012

အမျိုး ဘာသာ သာသနာကို ချစ်ကြ

ဒီတိုင်းပြည်ခို ၊ ဒီရေကိုသောက်၊

ဒီမြေအောက်က ကူထောက်စီးပွား

ထုပ်ယူစားပြီး ၊ ပြည်ဖွားအိမ်ရှင်၊

ရန်သူထင်၊ အသင်မှားနေပြီ။

* အိမ်ရှင်ရိုကျိုး၊ အိမ်ရှင်ရှင်ကိုးသော၊

မျိုးရိုးဘာသာ၊ သာသနာကို၊

ခြေရာနင်းလျက် ၊အတင်းဖျက်၊

ရက်စက်လွန်းနေပြီ။

* အိမ်ရှင်ကဖွား၊သမီးသားကို၊

ဇနီးအဖြစ်၊လင်အဖြစ်ဖြင့်၊

အနှစ်ကိုနှုတ်၊ အညစ်မြှပ်လျက်၊

မွေးထုတ်ကလေး ၊စပ်တူသွေးတွင်၊

အရေးချက်ချာ၊ မျိုးဘာသာအား၊

လုယူထား ၊စော်ကားလွန်းနေပြီ။

* သင့်အိမ်ခိုလျက် ၊သင့်ကိုဖျက်၊

သင်လက်ခံမည်လော.............

သမီးပျော်ပါး ၊သားပျော်ပါး

စော်ကားခံမည်လော...........။

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး