Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Sunday, November 18, 2012

မေတ္တာပို့သလွှ့ာ


မယ်တော်ကြီး ဒေါ်သက်သက်နွယ်-ဘရူနိုင်း သို့ ဆုတောင်းမေတ္တာပို့သခြင်း
    ဒုက္ခပတ္တာစ နိဒ္ဒုက္ခာ=မယ်တော်ကြီး ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းအပေါင်းမှ ကင်းဝေးပါစေ၊
    ဘယပတ္တာစ နိဗ္ဘယာ=မယ်တော်ကြီး ဘေးယာအပေါင်းမှ ကင်းဝေးပါစေ၊  
    သောကပတ္တာစ နိေဿာကာ= စိုးရမ်ပူပန်ခြင်းသောက အပေါင်းမှ ကင်းဝေးပါစေလို့...ဦးစွာပထမ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
မယ်တော်ကြီး.....
   တကယ်တော့ မနေ့က နေ့ဆွမ်းစားကျောင်းတက်တော့ ဒုတိယမွန်လောကု ဆရာတော် ပြောလို့ သိခဲ့ရပါတယ်။ မယ်တော်ကြီးကပ်လှူတဲ့ဆွမ်းအလှူဒါနကို အကြောင်းပြုပြီး..မယ်တော်ကြီး ကျန်းမာရေး သိပ်မကောင်းကြောင်းကို ကြားခဲ့ရပါတယ်။ ဆွမ်းစားကြွလာတဲ့ လောကုဆရာတော်များနဲ့ သံဃာ အားလုံး ကလဲ မြတ်ဗုဒ္ဓ မြတ်ဓမ္မပရိတ်များကို ရွတ်ဖတ်လို့ မယ်တော်ကြီး ကျန်းမာ-ချမ်းသာပါစေလို့ ဆုတောင်းမေတ္တာတွေ ပို့သပေးကြပါတယ်။
     အမှန်တော့ မနေ့က ဆုတောင်းမေတ္တာပို့စာလေးကို ရေးမလို့ပါပဲ၊ ဒါပေမဲ့စာမေးပွဲ အတွက် ပြင်ဆင်နေချိန်မို့...မရေးဖြစ်ဘူး ဆိုပါတော့။ ဒီနေ့တော့...မအားလပ်တဲ့ကြားက မယ်တော်ကြီးအတွက် ကာယ ၀စီ မနောသုံးပါးလုံးဖြင့် သီဟိုဠ် မကုဋသံဃာများက မယ်တော်ကြီးအား ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ အင်း...ဖြစ်ချင်တော့....တိုက်တိုက်ဆိုင်ဆိုင် အမေရိကန်သမ္မတ မစ္စတာ ဘားရက်အိုဘားမားကလဲ အမိမြန်မာနိုင်ငံတော်ကြီးကို အလည်ပတ်ေ ရာက်နေ တယ်။ ပြောချင်တာက...သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံအတွက် အရေးပါ အရာရောက်သလို.. မယ်တော်ကြီးကလဲ သီဟိုဠ်ကျွန်းက မြန်မာကျောင်းသား သံဃာတော်များနဲ့ မိခင်မကုဋကျောင်းတော်ကြီး အတွက် အရေးပါပြီး ကျေးဇူးကြီးမားလှပါတယ်။
       တကယ်တော့ မယ်တော်ကြီးဟာ သီဟိုဠ်ကျွန်းက မြန်မာကျောင်းသား သံဃာတော်များကို နှစ်စဉ် ပညာရေးနှင့် ကျောင်းအတွက် ထောက်ပံ့လာတာ နှစ်ပေါင်း ၁၅ နှစ်တာမျှ ရှိခဲ့ပြီ မဟုတ်ပါလား။ သာသနာတော်ကြီးနဲ့ သီဟိုဠ်က မကုဋကျောင်းတော်ကြီးအတွက် ကျေးဇူးကြီးမားများပြားလှတဲ့ မယ်တော်ကြီး ဒေါ်သက်သက်နွယ်တစ်ယောက်....မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေ ရွတ်ဖတ်တဲ့ ပရိတ် မြတ်ဓမ္မကို နာကြားပြီး သေဘေးမှ ကင်းလွတ်ပြီး နှစ်ပေါင်း တစ်ရာ အသက်ရှည်သွားတဲ့ ဒီဃာယု သတိုးသားလို သီဟိုဠ်မကုဋ သံဃာများက ရွတ်ဖတ်သော မြတ်ဓမ္မပရိတ်နှင့် အေးမြသော ဆုတောင်းမေတ္တာများကြောင့် အလျှင်အမြန်ကျန်းမာ၍ သာသနာအတွက် ဘာသာအတွက် သီဟိုဠ်မကုဋကျောင်းတော်ကြီးအတွက် သက်တော် ရာထောင်ရှည်ပါစေလို့..မကုဋသံဃာများနဲ့ အမေ့မေတ္တာအရှင်မှ ဆုတောင်းမေတ္တာပို့သလိုက်ပါကြောင်း...
                               မယ်တော်ကြီး....ကျန်းမာပါစေ၊
                                မယ်တော်ကြီး ....ချမ်းသာပါစေ၊
                                မယ်တော်ကြီး.....လန်းဖြာပါစေ၊
                                မယ်တော်ကြီး....၀မ်းသာပါစေ၊
                                မယ်တော်ကြီး.....ရွှင်လန်းချမ်းမြေ့ပါစေလို့.................................အမေ့မေတ္တာအရှင်

Tuesday, June 5, 2012

မူးနောက်နောက် (မူးဝေ)ဖြစ်ရခြင်းအကြောင်းရင်းများ



မူးနောက်နောက် ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည်နေ သလိုမျိုး ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ အန်ချင် လောက်တဲ့ အထိ မူးနေတာပဲ ဖြစ်ဖြစ်၊ ခေါင်းမူးတာဟာ ဘယ်လိုမှ ခံစားလို့ မကောင်းတဲ့ အရာပါ။ ခေါင်းမူးခြင်းဖြစ်ရခြင်း အကြောင်းရင်းတွေနဲ့ ကျွန်မတို့အနေနဲ့ ဘာလုပ်လို့ရနိုင်သလဲ ဆိုတာကို ကြည့်ရအောင်

(၁) သွေးပေါင်ကျခြင်း
ကိုယ်ဟန်အနေအထားကြောင့် သွေးပေါင်ကျခြင်း Postural Hypotension ဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်တဲ့အခါ သွေးပေါင်ခဏ ကျသွားခြင်းကြောင့် ဖြစ်တက်ပါတယ်။ ထိုအခါ ဦးနှောက်ဆီ သွေးအရောက် လျော့သွားခြင်းကြောင့် ခေါင်းမူးရခြင်း ဖြစ်ပါတယ်။
ဘာလုပ်နိုင်မလဲ
မတ်တက်ရပ်လိုက်တိုင်း လိုလို ခေါင်းမူးတက်ပါက သွေးပေါင်ချိန် စစ်ကြည့်သင့်ပါတယ်။ သွေးတိုးရောဂါ ဆေးကုသခံနေရသူ ဆိုရင်လည်း ဆေးပမာဏ ချိန်ဆပေးဖို့ လိုကောင်း လိုနေပါလိမ့်မယ်။

(၂) Meriere's Disease

Meriere ရောဂါဆိုတာ နားအတွင်းခန်း ရောဂါကြောင့် နားလေထွက်ခြင်းနဲ့ မူးဝေခြင်းကို ဖြစ်စေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ နားအတွင်းခန်းမှာ အရည်တွေ ပိုလျှံလာပါက ချာချာလည်းမူးဝေခြင်းကို ဖြစ်စေတက်ပါတယ်။ တခြား လက္ခဏာရပ်တွေကတော့ မူးခြင်း၊ ပျို့အန်ခြင်း၊ အကြားအာရုံချို့ယွင်းခြင်း၊ နားအူခြင်းတို့ပဲ ဖြစ်ပါတယ်။ ရောဂါပြင်းထန်မှု ပမာဏနဲ့ အချိန်ကြာမြင့်မှုက လူတစ်ယောက်နဲ့ တစ်ယောက်ပေါ် မူတည်ပြီး ကွာဟတက် ပေမယ့် အရမ်းမူးဝေခြင်းကြောင့် ထိုင်ချလိုက်ရတဲ့အထိ ဖြစ်တက်ပါတယ်။
ဘာလုပ်နိုင်မလဲ
နားအတွင်းခန်းမှာ အရည်လျှံခြင်းက ပြဿနာဖြစ်တာကြောင့် အဲသလို မဖြစ်ရအောင် စားတဲ့ အစာထဲ ဆားလျှော့စားဖို့၊ ဆီးဆေးသောက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဒီလိုနဲ့မှ မရရင် နားထဲက အရည်တွေကို ဆေးရုံမှာ စုပ်ထုတ်လို့လည်း ရပါတယ်။

(၃) ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)

ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ခေါင်းကိုက်ခြင်း တစ်မျိုးဖြစ်သလို တစ်ခါတစ်ရံမှာ ခေါင်းမူးခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်းနဲ့ ဆက်စပ်နေတဲ့ ခေါင်းမူးခြင်းဟာ Meriere ရောဂါနဲ့ လက္ခဏာ အများစု ဆင်တူနေတက် ပေမယ့် အကြားအာရုံတော့ လျော့မသွားတက်ပါဘူး။ ကားမူးခြင်း၊ လေယာဉ်မူးခြင်း၊ သဘောင်္မူးခြင်းတို့လို မူးဝေခြင်းမျိုးက ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်တွေမှာ ပိုဖြစ်ပေါ်တက်ပါတယ်။

ဘာလုပ်နိုင်မလဲ

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ခံစားနေရသလို ခေါင်းမူးခြင်းလည်း ဖြစ်ပေါ်တက်ပါက ခေါင်းတစ်ခြမ်းကိုက် ကုဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြကြည့်ပါ။

(၄) ရောဂါပိုးဝင်ခြင်း

အဖြစ်အများဆုံးကတော့ Vestibular Neuritis လို့ခေါ်တဲ့ ဗိုင်းရစ်ပိုး တစ်မျိုးကြောင့်ပါ။ ရေယုန်ဖြစ်စေတဲ့ ရောဂါပိုးနဲ့ ခပ်ဆင်ခင်တူပါတယ်။ ဒီရောဂါပိုးတွေက ဦးနှောက်ရှိ Vestibular နာ့ဗ်ကြောတွေပေါ် နှောင့်ယှက်လိုက်တဲ့အခါ နားတစ်ဖက် ရောင်လာတက်ကာ သင့်ကို ဟန်ချက်မညီစေတော့ဘဲ ချာချာလည် မူးဝေစေတက်ပါတယ်။

(၅) BPPV (Benign Proxysmal Positional Vertigo)

ဒီရောဂါဟာ နားအတွင်းခန်းရှိ ကယ်လ်စီယမ် ကာဗွန်နိတ်ကျောက်တွေ ပြုတ်ထွက်ကာ ရွေ့လျားနေခြင်းကြောင့် ဖြစ်တက်ပါတယ်။ ခေါင်းဆောင့်မိတဲ့အခါမျိုးမှာ ဖြစ်တက်ပြီး လှဲလိုက်တဲ့အခါမျိုး၊ ခေါင်းမော့လိုက်တဲ့ အခါမျိုး ဒါမှမဟုတ် ကုန်းလိုက်တဲ့ အခါမျိုးတွေမှာ မူးဝေတက်ပါတယ်။

ဘယ်လုပ်နိုင်မလဲ

နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးတွေ အနေနဲ့ ကုသပေးနိုင်တာကြောင့် ဆေးရုံသွားပြသင့်ပါတယ်။

Ref: Good Heal

ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ



02 Jun 2012  | By Good Health
သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန် စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ "ဒီနေ့ လည်း ကန်စွန်းရွက်ပဲလား ကွာ" ဆိုပြီး မညည်း တွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံ ဓာတ်၊ ကာရိုတင်းစတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် သင့် ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုး ပဲဖြစ်ပါတယ်။
(၁) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ် ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် အိမ်သုံးသဘာ ဝဆေး တစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မောကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။ ကန်စွန်းရွက်ကို စားရင် အချိန် ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေ တာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေနိုင်ပါတယ်။
(၂) ဝမ်းမှန်မှန်သွားစေပါတယ် ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆပိုမို ပါဝင်ပြီး ကယ်လ်စီယမ်ပါဝင်မှုက ၁၂ ဆပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ကန်ဇွန်း ရွက်ကိုစားပြီးချိန်မှာ အူထဲရှိ အက်စစ်ဂုဏ်သတ္တိကို လျော့ကျစေတာကြောင့် အူလမ်း ကြောင်း Flora မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ကင်ဆာ တားဆီး ပေးတဲ့ အာနိသင်ရှိပါတယ်။
(၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ် ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေးဆိုင်ရာကျွမ်းကျင် သူတွေက ယုံကြည် ကြသလို ကိုယ်အလေးချိန်လျှော့ချလိုသူတွေအတွက်လည်း ကောင်းပါတယ်။ ကန်စွန်းရွက်ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက် သာစေသလို ကိုယ်အလေးချိန် လျော့ကျလိုသူတွေအတွက်လည်း တခြား အစားအသောက်တွေနေရာမှာ အစားထိုး စားသင့်တဲ့ အစာပဲဖြစ် ပါ တယ်။
(၄)သွေးဖိအားကို ထိန်းပေးပါတယ်သွေးတိုးနေ သူတွေမှာ ကန်စွန်းရွက်ကို စားပေးရင်သွေးဖိအားလျော့ ကျစေပါတယ်။ ကန်စွန်းရွက် ဟာ သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေးအတွက် အရေးပါပါတယ်။
(၅) သိုင်းရွိုက်ဂလင်းရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ် ကန်စွန်းရွက်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ ၊ ဖောလစ်အက်စစ်၊ ဆလဖာ၊ သွပ်(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တာကြောင့် သိုင်းရွိုက် ဂလင်းရဲ့ လုပ်ငန်းဆောင် တာတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့်ပါဝင်မှုမြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင် သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ်။
(၆)ရောင်ရမ်းမှုကိုလျော့ကျစေပါတယ် ကန်စွန်းရွက်ကို သုပ်ပြီး စားတာကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ အအေးမိတာ၊ချောင်းဆိုး တာ နဲ့ လေပြွန်ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ်အများအပြားပါဝင်ကာ အဆိပ်တား အာနိသင် ၊ ရောင်ရမ်း မှုကျစေတဲ့ အာနိသင်၊ ဆီးသွားစေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင်တွေကိုရရှိစေပါတယ်။
(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ် ကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။
(၈) အဆိပ်ပြေစေပါတယ် ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ဆေးတစ်လက်လို အသုံးပြုကြပါတယ်။ အစားမှား တာကြောင့်အော့အန် တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ရောဂါများစွာ၊ အထူးသဖြင့် ကင်ဆာရော ဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကန်စွန်းရွက်ရဲ့ တခြားကျန်းမာရေးအကျိုးကျေးဇူး တွေကတော့-
ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။
ဗောက်ထတာနဲ့ အရေပြားပြဿနာတွေအတွက် အသုံးဝင်ပါတယ်။
အနာတွေကို သက်သာစေပါတယ်။
နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

Wednesday, May 23, 2012

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်း



 ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်း

ဆီးကျောက် (Renal Calculi) ဆိုတာ မာကျောတဲ့ အရာဝတ္ထုတစ်မျိုးဖြစ်ပြီး ဆီးလမ်းကြောင်းတစ်လျှောက် ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်ကာ နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးလမ်းကြောင်း ပိတ်ခြင်းနှင့် ရောဂါပိုးဝင်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်...

Stones in the Urinary Tract

- သေးငယ်လှတဲ့ ကျောက်တွေဟာ ရောဂါလက္ခဏာ မပြဘဲ ရှိနေတတ်ပါတယ်... ကြီးမားတဲ့ အရွယ်အစားရှိတဲ့ ဆီးကျောက်တွေကတော့ ကျောပြင်နံရိုးနဲ့ တင်ပဆုံရိုးတို့ နှစ်ခုကြားမှာ နာကျင်တဲ့ဝေဒနာကို ဖြစ်ပေါ်စေတတ်ပါတယ်...

- ပုံမှန်အားဖြင့် ရောဂါကို အတိအကျ နာမည်တပ်နိုင်ဖို့ ဓါတ်မှန်ရိုက်ခြင်း၊ Ultra Sound ရိုက်ခြင်း၊ ဆီးစစ်ကြည့်ခြင်းစတဲ့ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်..

- အစားအစာကို ဆင်ခြင်ခြင်းဟာ ဆီးကျောက်တည်ခြင်းကို တစိတ်တဒေသအထိ ကာကွယ်နိုင်ပါတယ်..

- ဆီးကျောက် အရွယ်အစားကြီးလို့ သူ့ဘာသာသူ ပြင်ပကိုမရောက်ရှိနိုင်တဲ့ ကျောက်တွေကို ပြင်ပကနေ ဓါတ်ရောင်ခြည်နဲ့ ချေဖျက်ခြင်း၊ မှန်ပြောင်းဖြင့် ကြည့်၍ သေးငယ်သော ခွဲစိတ်မှု ဖြင့် ထုတ်ယူခြင်း၊ ပုံမှန် ခွဲစိတ်မှုဖြင့် ထုတ်ယူခြင်း စတဲ့ ကုသမှုတွေ လိုအပ်ပါတယ်...

ဆီးကျောက်ဟာ ကျောက်ကပ်၊ ဆီးပြွန်နဲ့ ဆီးအိမ်စတဲ့ နေရာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်.. ဒီလိုဖြစ်ပွားတဲ့ နေရာပေါ်မှာ မူတည်ပြီး Kidney stone, Ureteral stone နဲ့ Bladder stone စသဖြင့် သတ်မှတ်ခေါ်ဝေါ်ကြပါတယ်... အမေရိကားနိုင်ငံမှာ ဆိုရင် တစ်နှစ်မှာ အရွယ်ရောက်ပြီး အမျိုးသားအမျိုးသမီး ၁၀၀၀ မှာ ၁ ယောက်နှုန်းဟာ ဆီးလမ်းကြောင်း ကျောက်တည်မှုကြောင့် ဆေးရုံတက်ပြီး ကုသမှုခံယူရတယ်လို့ စစ်တမ်းများအရ သိရပါတယ်... အဓိကအားဖြင့် ဆီးကျောက်တည်ခြင်း ရောဂါဟာ လူလတ်ပိုင်း အသက်အရွယ်တွေမှာ ပိုအဖြစ်များပြီး အသက်ကြီးပိုင်းမှာတော့ အမျိုးသားများက ပိုမိုဖြစ်တတ်ပါတယ်...

ဒီလိုဆီးကျောက်တည်တဲ့ လူနာတွေမှာ တကယ်လို့ ဆီးလမ်းကြောင်းကို အနည်းငယ်ပိတ်စေပြီး ဆီးကျန်မှု ဖြစ်စေခဲ့ရင် ရောဂါပိုးမွှားများ ပေါက်ဖွားပြီး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်.. ဒါ့အပြင် ဒီလိုဆီးလမ်းကြောင်း တစ်ဘက်ဘက်ကို ပိတ်ထားမှု ကာလရှည်ကြာခဲ့ရင် ဆီးတွေများလာပြီး Hydronephrosis လို့ခေါ်တဲ့ ကျောက်ကပ်ဝေဒနာကိုပါ ခံစားရနိုင်ပြီး ကျောက်ကပ်ပျက်ဆီးတတ်ပါတယ်...


ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းများ

ကျောက်တည်ရခြင်းရဲ့ အကြောင်းရင်းများကတော့ ခန္ဒာကိုယ်တွင်း ကျောက်ဖြစ်ပွားမှုကို ဟန့်တားပေးတတ်သော ဓါတ်များချို့ယွင်းခြင်း (ဥပမာ- Citrate သည် ခန္ဒာကိုယ်တွင်းသို့ ရောက်ရှိလာသော calcium (ကယ်လဆီယမ်) ဖြင့် ပေါင်းခြင်းဖြင့် ကျောက်ဖြစ်တည်မှုကို တားဆီးပေးသည်..)၊ ဆီးအတွင်း ဓါတ်ဆားဓါတ် များပြားစွာ ပါဝင်နေတတ်ခြင်း စသည်တို့ ဖြစ်ပါတယ်.. ဆီးကျောက်တွေရဲ့ ၈၀% ခန့်ဟာ ကယ်လဆီယမ်နဲ့သာ ဖြစ်တည်လာကြတာ ဖြစ်ပါတယ်.. နေ့စဉ်စားသုံးတဲ့ အစာ အာဟာရထဲမှာ ဗီတာမင် စီဓါတ်၊ ပရိုတင်းဓါတ်၊ ကယ်လဆီယမ်ဓါတ် များပြားစွာ ပါဝင်နေသူများနဲ့ ရေကို လုံလောက်အောင် မသောက်သုံးတတ်သူများ၊ မိမိရဲ့ မိသားစုထဲမှာ ရောဂါဖြစ်ပွားတဲ့သူရှိတဲ့ သူများမှာ ဒီလို ကျောက်တည်တဲ့ ရောဂါ ပိုမိုဖြစ်ပွားတတ်ပါတယ်...

Struvite stones လို့ခေါ်တဲ့ ကျောက်အမျိုးအစားကတော့ ရောဂါပိုးဝင်ထားတဲ့ အခြေအနေမျိုးမှာသာ ဖြစ်ပွားတတ်ပါတယ်...ဒါကြောင့် ဒီကျောက်အမျိုးအစားကို Infection stones လို့လည်း ခေါ်ဝေါ်ကြပါတယ်...


ရောဂါ လက္ခဏာများ

သေးငယ်တဲ့ အရွယ်အစားရှိတဲ့ ကျောက်ဆိုရင် ရောဂါလက္ခဏာ လုံးဝ မပြသတာမျိုး ဖြစ်နိုင်ပါတယ်... ဆီးအိမ်ထဲမှာ တည်တဲ့ ကျောက်အမျိုးအစားကတော့ ဝမ်းဗိုက်ရဲ့ အောက်ပိုင်း (ဆီးခုံနားမှာ) နာကျင်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်.... ဒါမှမဟုတ် ဒီထက်ဆိုးတဲ့ ဆီးလမ်းကြောင်း ပိတ်စေတဲ့အထိ ဖြစ်လာပြီဆိုရင်တော့ ခါးနာခြင်းနဲ့ ကျောပြင် တစ်လျှောက်(နံရိုးနှင့် တင်ပဆုံရိုးတို့ကြား) ပြင်းထန်စွာ နာကျင်ခြင်းတို့ ခံစားရတတ်ပါတယ်...

အခြားသော ရောဂါလက္ခဏာများအနေနဲ့ မူးဝေ အော့အန်ခြင်း၊ ချွေးစေးပြန်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်းနှင့် ဆီးထဲတွင် သွေးပါခြင်းစသည့် လက္ခဏာများအပြင် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဆီးလမ်းကြောင်းပိုးဝင်လာရင်တော့ ဆီးမကြာခဏ သွားရခြင်း၊ ချမ်းတုန်၍ ဖျားခြင်း၊ ဆီးသွားစဉ် အနည်ပါခြင်း စသည်တို့ကိုလည်း တွေ့ရနိုင်ပါတယ်..


ကာကွယ်ခြင်း

ဆီးကျောက်တည်ခြင်းကို တစိတ်တဒေသ ထိ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်...

- ရေများများသောက်ခြင်း- လေ့လာမှုများအရ တစ်နေ့ကို အနည်းဆုံး ရေ ၃၀၀ မီလီလီတာပါဝင်တဲ့ ရေခွက်ပေါင်း ၈ခွက်ကနေ ၁၀ ခွက် (၂၄၀၀ ကနေ ၃၀၀၀ မီလီလီတာ/ ၁ လီတာပါဝင်သော ရေသန့်ဘူးကြီး ၃ ဘူးခန့်) သောက်သုံးရင် ဆီးကျောက်ဖြစ်ပွားမှုကို(မည်သည့် ကျောက်အမျိုးအစားမဆို) အထိုက်အလျှောက် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်...
- ကယ်လ်ဆီယမ် ဓါတ်ကြောင့် ဖြစ်တဲ့ ကျောက်တည်တဲ့ ဝေဒနာရှင်တွေအတွက်တော့ အစားအစာထဲမှာ ကယ်လ်ဆီယမ်ဓါတ် များစွာ ပါဝင်တဲ့ အစားအစာများ(ဥပမာ- နွားနို့၊ ကွေကာ စသဖြင့်) ကို လိုအပ်သည်ထက် ပိုမိုစားသုံးခြင်းကို ရှောင်ရှားရပါမယ်...( လိုအပ်သော ပမာဏ တစ်နေ့လျှင် ၁၀၀၀- ၁၅၀၀ မီလီဂရမ်)...
- Uric acid ဓါတ် ပါဝင်တဲ့ကျောက် အမျိုးအစားကြောင့် ဖြစ်တဲ့ ဝေဒနာရှင်တွေ အတွက် အနီရောင်ရင့်တဲ့ အသားများကို လျော့ချစားသုံးဖို့ လိုပါတယ်... ဘာလို့လဲဆိုတော့ ဒီလို အနီရင့်ရောင် အသားတွေဟာ ဆီးထဲမှာ uric acid ဓါတ်ပါဝင်မှုနှုန်းကို များစေလို့ဖြစ်ပါတယ်..


ကုသခြင်း

သေးငယ်တဲ့ အရွယ်အစားသာရှိတဲ့ ဆီးကျောက်အမျိုးအစားဖြစ်ပြီး ရောဂါလက္ခဏာလည်း မပြခဲ့ဘူး၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်း ပိတ်ခြင်း စတဲ့ ပြဿနာတွေလည်း မရှိခဲ့တဲ့ ကျောက်တွေကို မကုသဘဲ ထားလို့ရပါတယ်.. ဒီလို ဝေဒနာရှင်များအနေနဲ့ ရေများများသောက်ခြင်း၊ သွေးပြန်ကြောထဲမှ တဆင့် ဆေးရည်များစွာ သွင်းခြင်း ( receiving large amounts of fluids intravenously) စတဲ့နည်းတွေနဲ့ ဆီးနဲ့အတူ ကျောက်ကျသွားအောင် ပြုလုပ်နိုင်တယ် လို့ ဆိုပါတယ် (ဒါပေမယ့် ဒီနည်းလမ်းဟာ ကျောက်ကျအောင်လုပ်ဖို့ အထောက်အကူဖြစ်တယ်ဆိုတာ သက်သေတော့ မပြနိုင်ကြသေးပါဘူး)... ဒါ့အပြင် ရောဂါ ပေါ်မူတည်ပြီး သင့်တော်တဲ့ ဆေးဝါးများနဲ့လည်း သက်သာပျောက်ကင်းအောင် ကုသနိုင်ပါတယ်...

ကျောက်ကပ်ရဲ့ ဗဟိုနေရာ (renal pelvis) ဒါမှမဟုတ် ဆီးပြွန်ရဲ့ အပေါ်ဆုံး ½ လက်မ အပိုင်းမှာ တည်နေတဲ့ ကျောက်တွေကို အပြင်ကနေ sound wave generator ကနေထုတ်လွှတ်တဲ့ shock waves တွေနဲ့ ကျေပျက်အောင် ချေဖျက်နိုင်ပါတယ်... ဒီလိုချေဖျက်လိုက်ခြင်းဖြင့် ကျောက်ဟာ အပိုင်းစလေးတွေဖြစ်ပြီး ဆီးနဲ့အတူ ပါဝင်သွားနိုင်ပါတယ်...


သေးငယ်တဲ့ အပေါက်ငယ်လေးကနေ မှန်ပြောင်းနဲ့ကြည့်ပြီး ကျောက်ကို ထုတ်တဲ့ကုသမှု (grasping forceps using an endoscope) ကိုလည်း အသုံးပြုကုသနိုင်ပါတယ်...

ဆီးပြွန်ရဲ့ အောက်ပိုင်းကိုရောက်နေတဲ့ သေးငယ်တဲ့ ကျောက်ဆိုရင်တော့ ureteroscope လို့ခေါ်တဲ့ ပိုက်ပျော့ scope ကိုအသုံးပြုပြီး ဆီးကျောက်ကို ချေဖျက်၍ဖြစ်စေ၊ ဖယ်ထုတ်၍ဖြစ်စေ ကုသနိုင်ပါတယ်..


အရွယ်အစား ကြီးတဲ့ ကျောက်အမျိုးအစားတွေကိုတော့ ခွဲစိတ်ကုသခြင်းဖြင့်သာ ထုတ်ယူ နိုင်ပါတယ်...


(၂၆.၁၀.၂၀၀၉)
Last Updated at 2009-10-26 on 05:02:59 Written by : လီယိုဒေါက်တာ Mutdfan.com