Tuesday, March 20, 2012

လူပျင်းလေးယောက်!

  ကိုငပျင်းတို့တစ်စု!
     တစ်ခါတုန်းက-အလွန်ဝတဲ့ လူလေးယောက်ဟာ ရွာတစ်ရွာကို ထွက်လာခဲ့ကြတယ်။ လမ်းခရီး တစ်ဝက်ရောက်တဲ့အခါ၊ jamun လို့ခေါ်တဲ့ သစ်ပင်ကြီးအောက်မှာ မောမောနဲ့ကျောခင်း အိပ်လိုက်ကြတယ်။ သစ်ပင်ကြီးမှာက အသီးတွေ မှည့်နေပြီး ကိုင်းတွေကလဲ ဖြာထွက်နေပါတယ်။  သူတို့ဟာ ဗိုက်တွေကလဲ အရမ်းကို ဆာလောင်နေကြပါတယ်။ သို့သော် အလွန်လဲ ပျင်းရိကြပါတယ်။
     ဘယ်လောက်တောင်ပျင်းလဲဆိုရင်-တစ်ယောက်မှ သစ်ပင်ပေါ်ကို မတက်ကြသလို၊တစ်ယောက်မှလဲ အသီးတွေကို မကောက်ကြပါဘူး။ ဒါပေမဲ့-သူတို့ရဲ့ ပါးစပ်တွေကို ဖွင့်ဟထားပြီး "အို--ချိုသော jamun အသီးများ ကျေှးဇူးပြုပြီး ကျနိုပ်တို့ရဲ့ ပါးစပ်များထဲ့ကို ပြုတ်ကျလာပေးပါ" လို့ ပြောဆိုကြတယ်လေ။ ဒီလောက်ထိကို ပျင်းတာပါ။
     
     မကြာပါဘူး။ သူတို့ဆီကို မြင်းသမားတစ်ယောက် ရောက်လာတယ်။ လက်ထဲမှာလဲ တုတ်ကို ကိုင်လျက် လူပျင်းလေးယောက်ဆီကို သွားလိုက်တယ်။ သင်တို့ဒီနေရာမှာ ဘာလုပ်နေတာလဲ လို့ မေးလိုက်တယ်။ ပထမလူပျင်းက " ဆရာ- ကျနုပ် ဗိုက်ဆာနေပါတယ်။ ကျနုပ်က ဒီသစ်ပင်စောင့်နတ်သ္မီးကို ဆုတောင်းနေပါတယ်။ သို့သော်- အသီးတွေက ကျနုပ်ပါးစပ်ထဲကို ကျမလာဘူး" လို့ ဖြေတယ်။
  ဒါနဲ့ မြင်းသမားက-အသင်ဟာ အတော်လေးကို ပျင်းတဲ့ ငတုံးပဲဆိုပြီး တုတ်နဲ့ ရိုက်ပါတယ်။ သစ်ပင်ပေါ်ကိုလဲ တက်ခိုင်းပါတယ်။
  
     ဒုတိယလူပျင်းက-မှန်ပါတယ် ဆရာ။ သူကို ရိုက်ပါ။ သူက အတော်လေးကို ပျင်းပါတယ်။ ကြည့်ပါ့လား ဆရာ! ဟိုမှာ မြေပြင်ပေါ်မှာ ကျွေကြနေတဲ့ jamun အသီးအမှည့်တွေ အများကြီးပါ ဆရာ။ ဒါပေမဲ့ သူက ကျနုပ်ရဲ့ ပါးစပ်ထဲ့ကို တစ်လုံးမှ ကောက်ထည့်မပေးဘူးဆရာ လို့ ထပြောတယ်။
     ဒါနဲ့ မြင်းသမားက။ ဟုတ်တယ်။ သူကပျင်းတယ်။ ဒါပေမဲ့ မင်းက ပိုပျင်းတယ်။ မင်းကိုလဲ တုတ်နဲ့ရိုက်ရမယ်ဆိုပြီး ရိုက်လိုက်ပါတယ်။

      နောက် တတိယ ငပျင်းက- ဆရာ သူတို့နှစ်ယောက်စလုံး ငပျင်းတွေပါ။ သူတို့ကို ရိုက်ပါ။ ကြည့်ပါ့လားဆရာရယ်- ယဉ်ကောင်တွေ ကျနုပ်မျက်နှာကို ကိုက်နေ/ နားနေတာကို မောင်းမထုတ်ကြဘူး ဆရာ။
  မြင်းသမားက-မှန်တယ်။ ဒါပေမဲ့ မင်းက သူတို့နှစ်ယောက်ထက် ပိုပျင်းတယ် ဆိုပြီး သူ့ခေါင်းကို တုတ်နဲ့ ရိုက်ပစ်တယ်။

     နောက်ဆုံးငပျင်းက- ကျေးဇူးပါ ဆရာ။ ဆရာက လူကောင်းတစ်ဦးပါ။ အဲ့ဒီ ငပျင်းသုံးယောက်ရဲ့ ခေါင်းတွေကို ရိုက်ခွဲလိုက်ပါ ဆရာ။ ကြည့်ပါ့လားဆရာ- ခွေးက ကျနုပ် ပါးစပ်ကို လာလျှက်နေတာကို အဲ့ဒီ ငပျင်း သုံးယောက် မမောင်းဘူးလေ။
      ဒါနဲ့ မြင်းသမားက-မင်းမှန်ပါတယ်။ သို့သော် မင်းက ဒီထဲမှာ အပျင်းဆုံးပဲ ဆိုပြီး သူ့ရဲ့ လည်ပင်းကို ရိုက်လိုက်ပါတယ်။
  မြင်းသမားက မြင်းပေါ်ကနေဆင်းပြီး လူပျင်းလေးယောက်ကို ကောင်းစွာရိုက်နှက်ဆုံးမခဲ့ပါတယ်။

      ဒီပုံပြင် ဇာတ်လမ်းလေးကို ဖတ်ကြည့်ပြီးတဲ့အခါ- အော် လောကကြီးမှာ ဒီလိုမျိုး လူပျင်းတွေကလဲ ရှိပါသေးလားလို့ တွေးမိပါတယ်။ခရီးသွားတဲ့အခါမှာလဲ အများနဲ့ဆို အမြဲတမ်းသတိ ၀ီရိယ ရှိဖို့လိုပါတယ်။ အများနဲ့ဆို စည်းလုံးဖို့လဲ လိုအပ်ပါတယ်။ စိတ်တု ကိုယ်တူ ဖြစ်ဖို့လဲ လိုပါတယ်။
     ကြည့်လေ-အသီးတွေလိုင်လိုင်ဝေပြီး မှည့်နေတဲ့ အပင်အောက်ကို ရောက်နေတာတောင်မှ သူများကို အားကိုနေကြတယ်လေ။ ဘယ်သူမှ တက်ပြီးခူးမစားသလို ၊ဘယ်သူမှလဲ ကြွေကျနေသော အသီးတွေကို ကောက်မစားကြဘူးလေ။ အတော်လေးကို ပျင်းလိုက်ကြတာလေ။ လက်တကမ်းအလိုက အခွင့်အရေးကို မယူတတ်ကြလိုက်တာ။ ဘာမှ မလုပ်ပဲ အောင်မြင်ချင်၊ ကြီးပွားချင်လို့ ဘယ်ဖြစ်ပါ့မလဲ။ သူများကို အားကိုးနေမယ်ဆိုရင်တော့ ဘ၀ မပြောနဲ့ တိုင်းပြည်တောင် ပျက်သွားလိမ့်အုံးမယ်လေ။ ဒီလိုလူတွေ မိသားစု၊ တိုင်းပြည် မှာ ပေါမယ်ဆိုရင် ဒီမိသားစု။ ဒီနိုင်ငံ-တိုင်းပြည် ဘယ်မှာ တိုးတက်နိုင်ပါ့မလဲ။ အမိမြန်မာပြည်ကြီးမှ ဒီလို လူပျင်းတွေ မရှိပါစေနဲ့ ဆုတောင်းမိပါတယ်။
      ပိုဆိုးတာက-ကိုယ့်မှာ ချေလက်တွေ ရှိနေပါလျှက် သူများကို အားကိုးနေတာပဲ။ ကိုယ့်မှာ ခြေထောက်တွေ ကောင်းနေပါလျှက်နဲ့ လမ်းမလျှောက်ချင်ဘူး။ လက်တွေကောင်းနေပါလျှက် ကိုယ်တိုင် မလှော်ခတ်ပဲ သူများကို အားကိုးနေတာ။ ကိုယ့်မှာ ခေါင်းတွေ ရှိပါလျှက်နဲ့ သူများကို မှီခိုတာ။ ဒီတော့ ဘုရားဟော အတ္တာဟိ အတ္တနော နာထော အတိုင်း နေထိုင်မှ အဆင်ပြေမှာလေ။ကိုယ့်အားကို ကိုးမှ ဘ၀မှာ လှပမှာပါ။
     ပြောရအုံးမယ်- ကိုယ့်ပါးပေါ်မှာ ခြင်ကိုက်နေတာကိုတောင် သူများကို အားကိုးနေတဲ့ ငပျင်းလောက်တော့ မပျင်းကြပါနဲ့လေ။ ကိုယ့်အန္တရာယ်ကို ကိုယ်တိုင်းမဖြေရှင်းပဲ သူများကို အားကိုးနေတယ်ဆိုရင် ပိုပြီး အန္တရာယ်ကိုဖြစ်စေပါတယ်။ မိမိရဲ့ မိသားစု၊ မိမိရဲ့တိုင်းပြည် အခက်အခြ ပဿနာတွေကို မိမိမိသားစု၊ မိမိတိုင်းပြည်ကိုယ်တိုင်ြးေ ဖရှင်းမှအဆင်ပြေမှာလေ။ နို့မဟုတ်ရင်တော့ ကျားကြောက်လို့ ရှင်ကြီးခိုး။ ရှင်ကြီး ကျားထက်ဆိုး လို။ ရှေ့နေငှါးမှ ထောင်သုံးနှစ်ကျ ဆိုသလို ဖြစ်သွားနိုင်ပါတယ်။
     အဆိုးဆုံးကတော့-ကိုယ့်အသားကို နာအောင် လာလုပ်နေတာတောင် သူများကို အားကိုးနေမယ်ဆိုရင် ဘ၀ ဆုံးရှုံးယုံပဲ ရှိမှာပေါ့။ ကိုယ့်အန္တရယ်ကို ကိုယ်တိုင်းဖြေရှင်နိုင်အောင် ကြိုးစားရမှာပါ။ဘာပဲဖြစ်ဖြစ် ကိုယ့်အားကို ကိုးပါ။ ဘယ်အရေးပဲဖြစ်ဖြစ်ပါ။ နိုင်ငံရေး။ ဘာသာရေး။ စီးပွားရေး။ လူမှုရေး။ ပညာရေး စသည်ပေါ့။ နောက်ဆုံး ဘ၀သံသရာခရီးက လွတ်မြောက်ရေးတောင် မိမိကိုယ်တိုင် အားထုတ်ရမယ်လေ။
  ကဲ--အားလုံး ပျင်းရိခြင်းကင်းကာ ကြိုးစားမှု လုံ့လ။ စဉ်းစားတွေးခေါ်ခြင်း ဥာဏ်ပညာဖြင့် မိမိ မိသားစု၊ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဘာသာ၊ မိမိဘ၀ကို တိုးတက် သာယာ လှပ- ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်ပါစေ--။ အမေ့မေတ္တာများကို မှန်းဆလျှက်---အရှင်
  

Sunday, March 18, 2012

ဘုရားဟော ဂါထာနှစ်ပုဒ်!

ဘုရားဟော ဂါထာနှစ်ပုဒ်.

While living at the Jetavana monastery, the Lord Buddha expound these Verses to a number of youths.
   Once, the Buddha was out on an alms-round at Savatthi. He saw a number of youths beating a snake with sticks. When the Buddha questioned, they answered that they were beating the snake because they were afraid that the snake might be bite them. To them the Buddha said, "If you do not want to be harmed, you should also not harm others: if you harm others, you will not find happiness in your next life."
     သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန ၀ိဟိံသတိ။
     အတ္တနော သုခမေသာနော၊ ပေစ္စ သော န လဘတေ သုခံ။
မိမိချမ်းသာခြင်း အကျိုးငှါ ၊ ချမ်းသာခြင်းကို အလိုရှိသော အခြားသတ္တ၀ါတို့ကို တုတ်,ဓား, လက်နက်ဖြင့် ညှဉ်းဆဲ နှိပ်စက်သောသူသည် တမလွန်ဘ၀မှာ ချမ်းသာခြင်းကို မရနိုင်။
 "He who seeks his own happiness by oppressing others, who also desire to have happiness, will not find happiness in his next life."
   
      သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန န ဟိံသတိ။
      အတ္တနော သုခမေသာနော၊ ပစ္စေ သော လဘတေ သုခံ။
မိမိချမ်းသာခြင်းအကျိုးငှါ ခြင်းသာခြင်းကို အလိုရှိကြသော အခြားသတ္တ၀ါတို့ကို တုတ်, ဓား, လက်နက်ဖြင့် မညှဉ်းဆဲ မနှိပ်စက်သော သူသည် တမလွန်ဘ၀မှာ ချမ်းသာခြင်းကို ရနိုင်၏။
  " He who seeks his own happiness by not oppressing others, who also desire to have happiness, will find happiness in his next life."
   
   မြတ်ဗုဒ္ဓက မိမိရဲ့ ချမ်းသာမှုအတွက် တစ်ပါးသော သတ္တ၀ါ တွေကို မညှဉ်းဆဲပါနဲ့။ မနှိပ်စက်ပါနဲ့။ မသတ်ဖြတ်ပါနဲ့။ ဒဏ်မခတ်ပါနဲ့။ အနိုင် မကျင့်ပါနဲ့။ နိုင်ထက်စီးနင်း မလုပ်ပါနဲ့။ မဖျက်စီးပါနဲ့။ မိမိဘ၀ချမ်းသာဖို့အတွက်နဲ့ အခြားသော ပဂ္ဂိုလ်-လူသားတွေ -သတ္တ၀ါတွေကို ညှဉ်းပမ်း နှိပ်စက် သတ်ဖြတ် ဒဏ်ခတ်သော သူသည် နောင်တမလွန်ဘ၀တွင် ချမ်းသာမှုကို မရရှိနိုင်ဘူးလို့-ဟောခဲ့ ပြောခဲ့ပါတယ်။
    သို့သော် လောက လူသားများသည် မိမိဘ၀၊ မိမိ မိသားစု၊ မိမိလူမျိုး၊ မိမိနိုင်ငံ သာယာလှပ၊ ချမ်းသာဖို့ တစ်ပါးသော သူ-တစ်ပါးသော မိသားစု-တစ်ပါးသော လူမျိုး၊ တစ်ပါးသော နိုင်ငံ များကို အနိုင်ယူ ဗိုလ်ကျလိုကြ၏။ လုယက် ဖျက်စီးလိုကြ၏။ မိမိဘ၀ သာယာလှပအတွက် မသမာသောနည်းလမ်းများဖြင့် အခြားသော သူများကို ညှဉ်းပမ်းနှိပ်စက်နေကြ၏။
  အင်းအားနည်းသောသူများက အင်အားကြီးမားသော သူများအတွက် အဖြည့်ခံ ဖြစ်ကြရ၏။ ဆင်းရဲသောသူများက ချမ်းသာသော သူများအတွက် ဘ၀ကို ပေးဆပ်ကြရ၏။ အာဏာမရှိသောသူများက အာဏာရှိသော သူများအတွက် မြေစာပင်ဖြစ်ကြရ၏။ ဒါတွေက တကယ်တော့ လောဘတရား-ဒေါသတရာ-မောဟတရား များအောက်မှာ နစ်မွန်း နေကြပြီး၊ ဗုဒ္ဓဟောခဲ့သော ဒီဂါထာနှစ်ပုဒ်ကို နားမလည်ကြသောကြောင့်သာ ဖြစ်သည်။ 

သို့အတွက်ကြောင့် ကမ္ဘာလောကကြီးနဲ့ လောကလူသားတွေ။ အမိမြန်မာနိုင်ငံတော်ကြီးနဲ့ အမိမြန်မာပြည်သူ/ပြည်သားတွေသောကဒုက္ခကင်းဝေးစေဖို့။သာယာလှပ အေးချမ်းစေဖို့။ ဘေးဘယာ ဝေးကွာစေဖို့။--နောင်အနာဂတ်သံသရာခရီးလမ်းမှာလဲ ချမ်းသာသောဘ၀-ငြိမ်းချမ်းသောဘ၀ပိုင်ရှင်များဖြစ်စေဖို့--သုခမာတာနိ--အစချီသော ဒီတရားဂါထာနှစ်ပုဒ်ကို နေ့စဉ် နှလုံးသွင်းကြပါစို့။

ဒေါ်သီတာဆွေနှင့် ခဏတာပြောဆိုခြင်း အဆက်!

 ဒေါ်သီတာဆွေနှင့် ခဏတာပြောဆိုခြင်း အဆက်!
အလုပ်တွေ များနေတာကြောင့် အခုမှပဲ ဆက်ရေးဖြစ်တာကို နားလည်ပေးစေလိုပါတယ်။ တွန်းအားပေးတဲ့ လင်းဓမ္မသူကိုလဲ ကျေးဇူးတင်ပါတယ်။
  ဒေါ်သီတာဆွေ။---။ အရှင်ဘုရား။ တပည့်တော်ကလဲ သာသနာတော်ကြီးနဲ့ ကြုံခိုက် သာသနာတော်ကြီးကို ထောက်ပံ့သောအားဖြင်လည်းကောင်း၊ သံသရာမှ လွတ်မြောက်လိုသောအားဖြင့်လည်းကောင်း တပည့်တော် တစ်စွမ်းသမျှ လှူဒါန်းခြင်းပါဘုရား။
 အရှင်။-----။ ကောင်းပါတယ်-သာဓုတွေ အကြိမ်ကြိမ်ခေါ်ပါတယ် ဒကာမကြီး။ သာသနာတော်ကြီးတည်တံ့ စည်ပင် ပြန့်ပွားဖို့ဆိုတာ ဆရာ-ဒကာညီမှပါ။ ဥပမာအားဖြင့်ပြောရရင်-ရေနဲ့ -ကြာလိုပါပဲ။ ဒီကံကြီးထဲမှာ ရှင်သန်နေတဲ့ ကြာပန်းလေးတွေ လှပ အသက်ဆက်ဖို့ဆိုတာ ရေရှိမှဖြစ်မှာလေ။ ရေ မရှိရင် ကြာပင်လေးတွေ အသက်ဘယ် ရှင်နိုင်ပါ့မလဲ။ ဒီလိုပါပဲ--သာသနာတော်ကြီး အတွင်းမှာ သီတင်းသုံးပြီး သာသနာတော်ကြီးကို စောင့်ရှောက်- သံသရာမှ လွတ်ကြောင်း အကျင့်တွေကို ကျင့်ကြံအားထုတ်နေတဲ့ ကြာပန်းနဲ့တူသော သံဃာတော် အရှင်သူမြတ်တွေသည်လဲ ရေနဲ့တူသော ဒကာ-ဒကာမတွေက မထောက်ပံ့ပါက-မလှူဒါန်းပါက ဘယ်မှာ သာသနာကို စောင့်ရှောက် ထောက်ပံ့နိုင်ပါ့မလဲ။ ဘယ်လိုလုပ်ပြီး -ပရိယတ္တိ သာသနာတော်ကြီးကို သင်အံလေ့ကျက်နိုင်ပါ့မလဲ။ ပဋိပတ္တိသာသနာတော်ကြီးကို ဘယ်မှာ ကျင့်ကြံအားထုတ်နိုင်ပါ့မလဲ။ ပဋိဝေဓသာသနာတော်ကြီးကို ဘယ်မှာ ဟောပြောပြသ-ဆုံးမနိုင်ပါ့မလဲ။


ဒေါ်သီတာဆွေ။---။  မှန်ပါ့ မှတ်သားထားပါမယ်ဘုရား။ ကြားရ နာရတာလဲ ကျေှးှဇူးများလှပါတယ်ဘုရား။ တပည့်တော် တွေးမိတာလေး တစ်ခုရှိတယ်ဘုရား- တပည့်တော်မလေ ဟို--ရှေ့ဘ၀ အတိတ်က ဒါနပါရမီတွေ နည်းခဲ့လို့နဲု့တူတယ် ဘုရား။ လှူရတာကို အားမရဘူးဖြစ်နေတယ်ဘုရား။ ဒါကြောင့်လဲ တပည့်တော်မ "ငါ အတိတ်ဘ၀က ဒါနပါရမီတွေနည်းခဲ့လို့၊ ပေးကမ်းစွန့်ကြဲ လှူဒါန်းမှုတွေ နည်းခဲ့လို့ ငါ ဒီဘ၀မှာ လှူရတာ အားမရတာ-လှူချင်သလောက် မလှူရတာဆို"ပြီး အခု စေတနာဖြူဖြူ -သဒ္ဓါတရား ထက်ထက်သန်သန်နဲ့ ကြိုးကြိုးစားစား လှူဒါန်း နေပါတယ်ဘုရား။
အရှင်။---။ အော်-ဒီလိုလဲ မတွေးပါနဲ့ ဒကာမကြီး။ ဒကာမကြီး ဘယ်လောက်လှူ လှူ အားမရဘူးဆိုတာကတော့ အတိတ်က ဒါနပါရမီတွေ နည်းခဲ့လို့ မဟုတ်ပါဘူး။ ဒီဘ၀မှာ ဘယ်လောက်လှူလှူ အားမရဘူးဆိုတာ အတိတ်ဘ၀တွေတုန်းက ဒါနပါရမီတွေ များများဖြည့်ကျင့်ခဲ့လို့ပါ။သူတော်ကောင်း ပညာရှိ- ဒါနကုသိုလ်ကောင်းမှုမှာ မွေ့လျော်သော သူများသည် ဒါနကောင်းမှုတွေ ဘယ်လောက် လုပ်လုပ် ကျေနပ် ရောင့်ရဲတယ်ဆိုတာ မရှိပါဘူး။ ဘုရားလောင်းများသည်လည်း စွန်းခြင်းကြီးတွေ ၊ ဒါနပါရမီတွေ ၊ဒါနဥပပါရမီတွေ၊ ဒါနပရမတ္ထပါရမီတွေကို များစွာဖြည့်ကျင့်ခဲ့တာပါပဲ။  ဘုရားရှင်ကိုယ်တိုင်ကလဲ " ချစ်သားတို့ ငါ့ဘုရားဟောသလို ဒါနတရား-ဒါနရဲ့ အကျိုးကျေးဇူးတွေကို လူသားတွေ တကယ်နားလည်သဘောပေါက်မယ်ဆိုရင် မိမိစားမဲ့ ထမင်းလုပ်ကိုတောင် မိမိမစားပဲ သူများကို ကျွေး-လှူဒါန်းလိမ့်မယ်"လို့ ပြောခဲ့-ဟောခဲ့တာပဲလေ။---ဆက်ရန်---ရှိပါသေးသည်။

Wednesday, March 14, 2012

Sweet Dreams!

Sweet Dreams!
 Thumri was a young milkmaid. She had a big white cow. She milked her cow every morning and sold the milk in the bazaar. She brought the money to her house and gave it to her mother. Her mother never gave any of the money to her.O
  One morning Thumri got up early. She milked her cow and went to her mother. The old woman was asleep. Thumri did not wake her. She put the pail of milk on her head and went out of the house.
   On  the road she said to herself,"I will not give all the money to my mother now. I will save some money for myself everyday. After some time I will have a lot of money. I will buy cows and buffaloes, and  I will build a big house for myself. Then  many handsome young milkmen will come to my house. They will fold their hands and fall at my feet. Each of them will say to me," O beautiful young lady, please be kind to me and marry me." But I will say 'no' to all of them.
   Thumri forgot herself in these dreams. She tossed her head and the pail of milk fell down on the road. That was the end of poor Thumri's sweet dreams!
    ဒီဇာတ်လမ်းလေးကို ဖတ်ပြီးသောအခါ-လူသားတိုင်း စိတ်ကူး(ယဉ်) များစွာဖြင့် အသက်ရှင်သန်နေကြရပါသည်။ စိတ်ကူးမရှိသော သူ/ လူဆိုတာ မရှိပါ။ စိတ်ကူးကို ပုံဖော်ပြီး ဘ၀ကို တည်ငြိမ်အောင်၊လှပအောင် ကြိုးစား ရှာဖွေနေရပါသည်။
     အခုလဲ သုမ်ရီလို့ခေါ်တဲ့ နွားနို့သည်မလေးမှာလဲ စိတ်ကူးယဉ်ခဲ့မိပါတယ်။သူမဟာ လှည့်လည်ပြီး နွားနို့ကို ရောင်းရသော ဆင်းရမလေးဖြစ်သော်လဲ စိတ်ကူးယဉ်မှုလေးကတော့ ရှိနေပါသေးတယ်။ ဒါကပဲ လူသားတိုင်း စိတ်ကူးယဉ်တတ်ကြတယ်ဆိုတာကို လှစ်ဟပြနေပါတယ်။
    သူမရဲ့စိတ်ကူးယဉ်မှုလေးက မှန်-မမှန်ဆိုတာကတော့ အမျိုးမျိုးဝေဖန်နိုင်ကြပါလိမ့်မယ်။ အရှင်ကတော့ မမှားပေမဲ့ နည်းနည်းလေးတော့ လွဲသွားတယ်လို့ပြောချင်ပါတယ်။ "သူမက ရောင်းလို့ရတဲ့ ငွေလေးကို သူမရဲ့မိခင်ကို မပေးပဲ စုမယ်။ နောက် နွားတွေ-ကျွဲတွေ ၀ယ်မယ်။ အိမ်သစ်တစ်လုံးဆောက်မယ်။ အဲ့ဒီအခါကျ သူမအိမ်ကို ချောမောလှပ-ခန့်ညားသော နွားနို့ ကုန်သည် ငယ်ငယ်အမျိုးသားတွေလာလိမ့်မယ်။ သူမကို အရိုအသေပေးကြလိမ့်မယ်။ အို---သိပ်ကို လှပချောမောသော မိန်းမငယ်၊ ကျေးဇူးပြုပြီး အကျွန်ကို ကြင်နာပါ။. လက်ထပ်ပါလို့ပြောကြလိမ့်မယ်။ အဲ့ဒီအခါ ငါက ဟင့်အင်လို့ ပြောလိုက်မယ်။"
  ဒါကသူမရဲ့ စိတ်ကူးယဉ်မှုလေးပါ။ သူမကလဲ စိတ်ကူးဆိုတဲ့အတိုင်း ရှိတာကိုတွေးလိုက်တာပါ။ သို့သော် သူမရဲ့အတွေးမှာ မာနတွေပါနေတယ်။ အမျိုးသားတွေက သူမကို အလုအယက် လက်ထပ်ခွင့်ကို တောင်းကြလိမ့်မယ်လို့ တွေးထင်ထားတယ်။ သူ့ကိုယ်သူ အတွေးစိတ်ကူးထဲမှာတောင် အတော်လေးကို အထင်ကြီးနေတယ်။ ဒါကလဲ မိန်းကလေးတွေရဲ့ စိတ်နေသဘောထားကို ဖော်ပြပေးနေသလိုပါပဲ။
  နောက်ဆုံးသူမဟာ စိတ်ကူးပေါ်မှာပဲ မြောနေပြီး သူ့လက်ရှိဘ၀လေးကိုတောင် မေ့သွားတယ်။ လူတွေဟာ တစ်ခါတစ်လေ မိမိတို့ရဲ့ လက်ရှိဘ၀ကို မေ့နေတတ်ကြတယ်ဆိုတာကို သူမက ပြသသွားတယ်လေ။ လူသားတွေအားလုံး မိမိတို့ရဲံ လက်ရှိဘ၀လေးကို မမေ့ပဲ ဒီထက်ကောင်းအောင် ၊သာယာလှပအောင် ကြိုးစားဖို့လိုပါတယ်။ နောက်-နိုင်ငံခေါင်းဆောင်တွေ-အားလုံးသောခေါင်းဆောင်တွေကလဲ မိမိတို့အုပ်ချုပ်နေသော ပိုင်ဆိုင်ထားသော လက်အောက်အရာတွေအားလုံးကို ဒီထက်တိုးတက်အောင် ဆောင်ရွက်ရမှာပါ။
  နောက်---အရှင်တွေးမိသလောက်ဆို၊ မိဘတွေဟာ သားသမီးတွေကို ပြန်ကြည့်ဖို့လိုပါတယ်။ အလုပ်ကို ကြိုးစားကာ ဆောင်ရွက်နေသော သား သမီးတွေကို ထိုက်တန်သော ဆုလာဒ်တွေကို ပြန်ပေးရမှာပါ။ ဒီလိုမ မလုပ်ရင် နွားနို့သည်မလေးလို အမေမသိအောင် ခိုးပြီး စုမယ်ဆိုတဲ့ အတွေးမျိုး ၀င်လာပါလိမ့်မယ်။ သူမ ဒီလိုအတွေးမျိုး ၀င်လာတာကလဲ မိခင်က သူမကို သုံးဖို့ စွဲဖို့ မုန့်ဖိုးမပေးလို့တွေးမိတယ်လို့ ယုဆမိပါတယ်။
  နောက်-မိခင်က သား သမီးတစ်ယောက်အလုပ်သွားတာကိုတောင် အားပေးမှုလေး၊ နုတ်ဆက်မှုလေး၊ မှာကြားမှုလေး မလုပ်နိုင်လောက်အောင် အိပ်မောကျနေတာကတော့ မကောင်းဘူးထင်တယ်။ ဒီဇာတ်လမ်းကို ဖတ်ရတဲ့အတွက် ရရှိခဲ့သော ။ တွေ့ရှိခဲ့သော။ မှတ်စရာကောင်းသော။ သင်္ခန်းစာ ယူစရာကောင်းသော  အချက်အလက်များစွာကို ရရှိခဲ့ပါတယ်။ အားလုံးသော အရှင်ရဲ့ စာဖတ်ပရိတ်သတ်ကြီးလဲ သင်္ခန်းစာ ယူတတ်ကာ ဘ၀ကို လှပအောင် တည်ဆောက်နိုင်ကြပါစေ--လို့ ။အမေမေတ္တာ အရှင်။

ခဏတာမျှပြောဆိုခြင်း!

 မာတိကမာတာ-ဒေါ်သီတာဆွေနှင့် ခဏတာဆွေးနွေးပြောဆိုခဲ့သော ဓမ္မရေးရာ-ဘာသာရေးရာများ။
ဒေါ်သီတာ==ဦးဇဉ်းဘုရား ဘာကြောင့် မြန်မာသင်္ကန်းကို မ၀တ်ပါသလဲဘုရား။ မြန်မာသင်္ကန်းမရှိလို့လား? ဘာကြောင့်လဲဆိုတာကို သိချင်ပါတယ်ဘုရာ။
  အရှင်==မာတိကမာတာ-ဒကာမကြီးဒေါ်သီတာကို နားလည်အောင် အရှင်ပြောလိုက်ပါ့မယ်။ ကုလား(သီရိလင်္ကာ) သင်္ကန်းအ၀ါကို ၀တ်ရခြင်းအကြောင်းက- ဒီလိုပါ။ မြန်မာပြည်က လာတုန်းက သင်္ကန်း နှစ်စုံပါလာပါတယ်။ တစ်စုံက လိုင်ဖဲလ် အ၀ါရောင်။ တစ်စုံက မာတင် အညိုရောင်ပါ။ သီရိလင်္ကာရောက်တော့ မာတင် အညို သင်ပိုင်းပျောက်သွားပါတယ်။ လိုင်ဖဲလ်အ၀ါကတော့ ရာသီဥတုနဲ့ ဘယ်လိုမှ မညီမျှတာကြောင့် မ၀တ်ဖြစ်ပါ။ ဒီတော့ သူငယ်ချင်းတစ်ပါးနဲ့ မာတင်အညို တစ်စုံ မာလိုက်ပါတယ်။ အခု ကျောင်းတက်တဲ့အခါ၊ အပြင်ကို ထွက်တဲ့အခါ၊ ဒါနေး(ဆွမ်းစား) ကြွတဲ့အခါ မာတင်အညိုကို ၀တ်ပြီး။ ကုလားကျောင်းမှာပဲနေသောအခါတော့ ကုလားသင်္ကန်း အ၀ါကို ၀တ်ပါတယ်။
 ဒေါ်သီတာ===အရှင်ဘုရား။ တပည့်တော်မှ ပါဆယ် နှစ်ထုတ်ပို့လိုက်ပါတယ်ဘုရား။ နောက်နှစ်ပတ်လောက်ဆို ရောက်ပါလိမ့်မယ်ဘုရား။ တစ်ခု အရှင်ဘုရားအတွက် သင်္ကန်းပါဘုရား။ တစ်ခုကတော့ အရှင်ဘုရားတို့ ဘုဉ်းပေးဖို့ ပစ္စည်းအနည်းငယ်ပါဘုရား။ အရှင်ဘုရား နေကောင်းကျန်းမာပါစေဘုရား။
  အရှင်---ကျေးဇူးအနန္တနဲ့အတူ သာဓုတွေ အကြိမ်ကြိမ်ခေါ်ဆိုလိုက်ပါတယ်။ မာတိကမာတာ-ဒကာမကြီး ဒေါ်သီတာလဲ နေကောင်းကျန်းမာ -ဘေးဘယာ ဝေးကွာလို့-သာသနာပြုနိုင်ပါစေလို့!
ဒေါ်သီတာ==အရှင်ဘုရား ဘာတွေလုပ်နေပါသလဲဘုရား။ ကျောင်းမသွားဘူးလားဘုရား?
အရှင်။---။ ဒကာမကြီး-ဒီနေ့က ဒီမှာ တပေါင်းလပြည့်နေ့-သူတို့နိုင်ငံရဲ့ အထွတ်အမြတ်ထားသော ဥပုတ်နေ့ပါ။ ဒါကြောင့် ဒီမှာ ကျောင်းတွေရော၊ရုံးတွေရော၊ ဈေးတွေရော အကုန်နီးပါုးပိတ်ပါတယ်။ ဒါကြောင့်-ဒီနေ့ကျောင်းမသွားပါဘူး။ အခု ဦးဇဉ်းက တောပစ်တွေ ဖတ်နေပါတယ်။ စာမေးပွဲအတွက်ကြိုတင်ပြင်ဆင်ခြင်းပါ။
  အရှင်==ဒကာမကြီးရော အဲ့ဒီမှာ အေးအေးချမ်းချမ်းရှိပါသလား။ ဥပုတ်ကျောင်းမသွားဘူးလား။
 ဒေါ်သီတာ။--။ မှန်းပါ။ တပည့်တော် အေးအေးချမ်းချမ်းပါပဲဘုရား။ ကျောင်းကိုတော့ သွားပြီး ဥပုတ်မစောင့်ဖြစ်ပါဘူဘုရား။ အိမ်မှာပဲ သရဏဂုံ ဆောက်တည်ပြီး ရှစ်ပါးသီလကို ခံယူပါတယ်ဘုရား။ တရားတော်ကိုလဲ နာယူ။ တရားလဲ ထိုင်ဖြစ်ပါတယ်ဘုရား။ မနက်တော့ တပည့်တော် မြန်မာကျောင်းကို စောစောသွားရမယ်ဘုရား။အခု ဒီမှာ ဆရာတော် ဓမ္မဘေရီ -ဦးဝီရီယ ရောက်နေတယ်ဘုရား။ တပည့်တော် အာရုံဆွမ်းကပ်ဖို့ တာဝန်ကုသိုလ်ယူထားတယ်ဘုရား။ တပည့်တော် ဒီမှာတော် မြန်မာနိုင်ငံက ဆရာတော်တွေကြွလာတိုင်းကုသိုလ်လုပ်ဖြစ်ပါတယ်ဘုရား။ ဟိုတလောလေးကပဲ မိုးကုတ် အရှင်သုနန္ဒ ကြွသွားတယ်ဘုရား။
  နောက်နေ့မှ။---။ ဆက်ပါတော့မယ်။

Sunday, March 4, 2012

ရိုးသားမှုကို မြတ်နိုးပါ!

  The Woodman and The Fairy!
One day a poor woodman was cutting a big piece of wood near a wide river. Suddenly his old axe slipped from his hand and fell into the deep water. He sat on the bank and was feeling a very sad man because he had lost his old axe,  when all at once a lovely, bright fairy appeared and asked the woodman what was the matter.
  " I have lost my axe" he said , "It fell into the deep water". The fairy showed him a gold axe and said, "Is this yours?"
"No" said the woodcutter. The fairy then showed him a silver axe and said again in her clear voice, " Is this yours?" "No", again answered the woodcutter. The she showed him a common, iron axe with an old, wooden handle. "Yes, that is mine", said the happy woodcutter. " I know it well enough", said the fairy. "I only wanted to see if you would tell me the truth: and now I will give you the gold axe and the silver axe because you are an honest man".
    ဒီပုံပြင်လေးကို သေချာဖတ်လိုက်တဲ့အခါ ရိုးသားမှု ၏ ရလာဒ်ကို ဖေါ်ကြူးပါသည်။သစ်ခုတ်သမားဟာ အင်မတန်ဆင်းရဲသော်လည် ရိုးသားမှု ရှိသည်။ သူသည် သူဘ၀၊ သူမိသားစု အတွက် အလွန်အရေးပါသော ။ ဘ၀၀မ်းစာရေးအတွက်ဖြေရှင်းပေးနေရသော ဒီပုဆိန်လေး ပျောက်သွားသောအခါ ဘယ်လောက်ကြေကွဲ ၀မ်းနည်းနေရတယ်ဆိုတာ အားလုံးအသိပါပဲလေ။
  ဒီလိုပါပဲလေ ယနေ့ မျက်မောက် အမိမြေမှာလဲ ဆင်းရဲနွမ်းပါးသော ပြည်သူတွေ အများကြီးရှိပါတယ်။ သူတို့သည် ပင်ပန်းခက်ခဲစွာဖြင့် ရုန်းကန်လှုပ်ရှားနေရပါသည်။ သူတို့ဘ၀၊ သူတို့မိသားစုကိုဖြေရှင်းပေးနေသော ၊လုပ်ကိုင်စားသောက်နေသော လယ်ယာ စိုက်ခင်းတွေ။သစ်တော ၀ါးတောတွေ၊ ရတနာ ရွှေတွင်း ငွေတွင်းတွေ ပျောက်ဆုံးသွားရင် သူတို့လေးတွေ ဘယ်လောက် ကြွေကွဲ ၀မ်းနည်းပက်လက်ဖြစ်ရမယ်ဆိုတာကို အားလုံးသော နိုင်ငံတော် အကြီးအကဲတွေနဲ့ အခြားသော ချမ်းသာသောပြည်သူတွေက သိသင့်၊ စာနာသင့်၊ နားလည်သင့်ပါတယ်။
   ရိုးသားသော ပြည်သူတွေကို အနိုင်မကျင့်ဖို့ ၊ ညှင်းပန်းမနှိပ်စက်ဖို့။ မလိမ်ညာ မလှည့်စားဖို့။ အားလုံးဒီပုံပြင်လေးကို ဖတ်ပြီး အတုယုသင့်ပါတယ်။ နတ်သမီးလေးက ရွှေပုဆိန်၊ ငွေပုဆိန်ကို ပြသော်လည်း သစ်ခုတ်သမားလေးက ရိုးသားစွာဖြင့် မဟုတ်ကြောင်းဝန်ခံပါသည်။ အားလုံးသော လူသားတွေ အမိမြေက ပြည်သူ/ ပြည်သားတွေ ဒီသစ်ခုတ်သမားလေးရဲ့စိတ်
ဓာတ်ကို အတုယူရမှာပါ။လူဆင်းရဲသော်လည်း စိတ်ဓာတ်မဆင်းရဲပါ။ လူမွဲသော်လည်း ရိုးသားမှု မမွဲပါ။ နေရာတိုင်းမှာ နိုင်ငံတိုင်းမှာ ဒီသစ်ခုတ်သမားလို ရိုးသားသော စိတ်ဓာတ်ရှိသော သူတွေသာ အုပ်ချုပ်နေမယ်ဆိုရင်ဘယ်မှာ ပြည်သူတွေ၊ နိုင်ငံသူ သားတွေ မအေးချမ်း မသာယာ ၊ မချမ်းသာ မပျော်ရွှင်ပဲ ရှိပါ့မလား။
   လူတိုင်းမှာ ဒီလိုအခွင့်အရေးဆိုတာ တစ်ခါတစ်လေ ကြုံတတ်ကြပါတယ်။ သစ်ခုတ်သမားလေးက သုကြုံလာသော ကြီးမားသော အခွင့်အရေးကို ရိုးသားမှုဖြင့် ထိန်းချုပ်သွားပါသည်။ထိုက်တန်သော အခွင့်အရေးကိုသာ သူ ရယူသွားပါသည်။ မတန်မဆ၊ မထိုက်တန်သော အခွင့်အရေးကို သူ ယူမသွားပါ။ သူ ယူမယ်ဆို ရနိုင်သော်လည် ရိုးသားမှုကိုသာ တန်ဖိုးထားသွားပါသည်။
   ယနေ့မျက်မောက်ခေတ် လူသားတွေ ၊ တိုင်းပြည် အုပ်ချုပ် မင်းလုပ်သူတွေ၊ ပြည်သူ/ ပြည်သားတွေလဲ ထိုက်တန်သော အခွင့်အရေးကိုသာ ယူကြဖို့။ မထိုက်တန်သော ၊မတန်မဆ အခွင့်အရေးများကို မယူမိစေဖို့ အသိရှိသင့်ပါတယ်။ နိုင်ငံခေါင်းဆောင်တွေကလဲ ပြည်သူတွေကို ထိုက်တန်သော အခွင့်အရေးများ၊ ပေးထိုက်သော အခွင့်အရေးများကို ပေးကို ပေးရမှာပါ။ နောက်--မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ သခင်နဲ့ ကျေးကျွန်၊ မင်းနဲ့ ပြည်သူ၊ သာသနာပြုသူနဲ့ ထောက်ပံ့သူ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ နောက်လိုက်ပုဂ္ဂိုလ်တွေဟာ ရသင့်ရထိုက်သော ၊ယူသင့်ယူထိုက်သော အခွင့်အရေးကို ယူကြ၊ ပေးကြမယ်ဆိုရင် အားလုံးသာယာ လှပလာမှာပါ။ ဒီအကျင့်မျိုးကို ကျင့်မယ်ဆိုရင် မိဘနဲ့ သား သမီး၊ ဆရာနဲ့ တပည့်၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ သခင်နဲ့ ကျေးကျွန်၊ မင်းနဲ့ပြည်သူ ဘယ်မှာ မတည့်စရာ။ ခိုက်ရန်ဖြစ်စရာ ရှိမှာလဲ။ အားလုံး အေးချမ်းသာယာစေဖို့ ရိုးသားမှုကို မွေးယူကြစို့။
   ရိုးသားမှု မှာ ကြီးမားသော အကျိုးရလာဒ်တွေ ရှိသည်။ ဥပမာ--သစ်ခုတ်သမားလေ--ပုဆိန်ပျောက်သွားသော်လည်း သူရဲ့ ရိုးသားမှုကြောင့် ရွှေပုဆိန်၊ ငွေပုဆိန် တို့ကို မြင့်ခွင့်ရှိခဲ့ပါသည်။ သူသာ ရိုးသားမှုဖြင့် လဲလိုက်မယ်ဆိုရင် အားလုံးကို သူပိုင်ဆိုင်နိုင်ပါသည်။ သို့သော်လည်း သူသည် ရိုးသားမှုဖြင့် သူထိုကတန်သော သူ၏ မူလ သံပုဆိန်ကိုသာ ယူခဲ့ပါသည်။ ဘာပဲယူယူ သူ၏ ရိုးသားမှုဖြင့် သူ ပျော်ရွှင်နိုင်ခဲ့ပါသည်။
   အားလုံးသော လူသားတွေ ။ အားလုံးသော အမိမြေက ပြည်သူတွေ ဆင်းရဲခြင်းလွတ်ကင်းစေဖို့၊ သောကကင်းစေဖို့၊ မတရားမှုတွေကင်းစေဖို့၊ လာဘ်ပေးမှုတွေ ကင်းစေဖို့။ သာယာလှပစေဖို့ ပျော်ရွှင်ချမ်းမြေ့စေဖို့၊ စစ်ဘေးတွေ ကင်းဝေးစေဖို့၊ သွေးဆက်ယိုမှုတွေ ပပျောက်စေဖို့။ နိုင်ငံခေါင်းဆောင်။ ဘာသာရေးခေါင်းဆောင်---အားလုံးသော ခေါင်းဆောင်တွေ သိအောင် ရေးလိုက်ပါသည်။ အားလုံး ဆန္ဒပြည့်ပါစေ။ အမေ့မေတ္တာ အရှင်။

Friday, March 2, 2012

သင်္ခန်းစာ ယူတတ်ဖို့!

The cunning fox and the silly goat!
   It was a dark night. The moon was not in the sky and the stars were not there either. A fox was running in the wood. He fell into a ditch and could not get out of it. After some time a wild goat came that way. She heard a  noise and stopped.
  Goat: Who is there? Fox: Your cousin Fox. Can't you see me in this ditch, dear cousin? Goat: Yes, I can see you now. But what are you doing there? Fox: There is sweet green grass in this ditch. I am eating it. Goat: But, cousin Fox, you don't eat grass. Fox: That is true, but this grass is soft and sweet and fresh. Won't you come down and taste it? Ah! It is sweet and juicy. Goat: Oh yes, I will.
   The silly goat jumped into the ditch and stood there. The cunning fox jumped on to her head and said, " I am going out now. You can eat all the green juicy grass." He jumped out of the ditch from the goat's head and ran away.
    ဒီပုံပြင်လေးကို သေချာဖတ်စေချင်ပါတယ်။ တကယ်ကို သင်္ခန်းစာယူစရာကောင်းပါတယ်။ ဒီပုံပြင်လေးက အလင်္ကာမြေက ပေါက်ဖွားလာတဲ့ပုံပြင်လေးဆိုပါတော့။ ဒါကြောင့်များအလင်္ကာမြေက လူတွေ အလိမ်ညာတွေ ၊ကောက်ကျစ်မှုတွေ သိပ်မတွေ့ရ မကြားရဘူးလားလို့။ ထားပါတော့လေ-ဒီမှာပြောချင်တာကအမှောင်ထဲမှာလမ်းလျှောက်ရင်စမ်းတ၀ါးဝါးမို့ အောက်ကို ပြုတ်ကျတတ်တယ်ဆိုတာကို ကောက်ကျစ်သော မြေခွေးက လောကလူသားတွေကို ပြောပြသွားပါတယ်။ ဒါကြောင့် အမှောင်ထဲမှာ လမ်းလျှောက်တော့မယ်ဆိုရင် အလင်းရောင် သို့မဟုတ် မှီစရာ တုတ်ချောင်းလေးတစ်ချောင်းလောက်တော့ လက်ထဲမှာ ရှိနေဖို့လိုတယ်လေ။ အမိမြန်မာပြည်ကြီး အလင်ရောင် မြန်မြန်ရပါစေ။ အမိမြန်မာပြည်သူတွေ အမှောင်လှမ်းမြန်မြန်လွတ်ပါစေ။ နက်လွန်းတဲ့ အမှောင်ကျင်းထဲကို ပြုတ်မကျပါစေနဲ့။
  နောက်--တောဆိတ်က မေးသောအခါ ကောက်ကျစ်သော မြေခွေးသည် ချိုသာစွာ Cousin လို့ ပြန်ဖြေတယ်။ ဒါက လောကလူသားတွေဟာ သူတစ်ပါးကို လိမ်ညာ လှည့်စားတော့မယ်ဆိုရင် စကားကို ချိုသာစွာပြောတတ်တယ်ဆိုတာကို ပြတယ်။ ဒီတော့ စကားချိုသာတိုင်းလဲ မကောင်းဘူး။ သတိထားရမှာပါ။ သူပြုံးနေသည် သူ ညာတော့မယ်ဆိုတာမျိုးလိုပေါ့။ လူသားတွေဟာ ကိုယ့်ဘ၀၊ ကိုယ်မိသားစု၊ကိုယ်နိုင်ငံ ကိုယ့်လူမျိုး ၊ ကိုယ့်ဘာသာ ကောင်းစားဖို့ တိုးတက်ဖို့ သူတစ်ပါး မိသားစု နိုင်ငံ လူမျိုး ဘာသာကို ချိုသာသောစကားလုံးများနဲ့ လိမ်ညာတတ်ကြတယ်လေ။ အားလုံးကို ဒါကို သတိထားရမှာပါ။
   နောက်--အသိဥာဏ်မရှိသော တောဆိတ်က ကောက်ကျစ်သောမြေခွေးစကားကို ယုံပြီး ခုန်ချလို်က်တယ်။ ဒါကတော့ အသိဥာဏ်မရှိတဲ့လူတွေဟာ သူများပြောတာကို ယုံစားတတ်ကြတယ်။ ယုံစားမိလို့ ဒုက္ခတွေ ပင်လယ်ဝေပြီး မျက်ရည်တွေ ကြွေခဲ့ရတယ်။ အထူးသဖြင့်တော့ အမိမြန်မာ မိန်းကလေးတွေက အယုံလွယ်တတ်ကြတယ်။ ဘာဆိုဘာမှ မတွေးတတ်ကြဘူး။ ဒါကြောင့်လဲ သူများစော်ကားတာကို မကြာမကြာခံနေရတာလေ။ အယုံလွယ်ရင် ဘ၀ပျက်တတ်တယ်ဆိုတာကို အသိရှိဖို့လိုတယ်။ အယုံလွယ်ခဲ့လို့လဲ အမိမြန်မာနိုင်ငံတော်ကြီး သူများနောက်ပါသွားသေးတာပဲ မဟုတ်လား။ အခုလဲ သိပ်တော့ မကောင်းသေးဘူးထင်တာပဲလေ။
    နောက်ဆုံး မြေခွေးက တောဆိတ်ရဲ့ခေါင်းပေါ်ကနေ ကျင်းအပေါ်ကို ခုန်တက်သွားပြီး လွတ်မြောက်သွားတယ်။ ဒီမှာလဲ လူတွေဟာ မိမိဒုက္ခ ရောက်နေချိန်မှာ၊ ဆင်းရဲငတ်မွတ်နေချိန်မှာ သူတစ်ပါးကို အသုံးချတတ်ကြတယ်။မိမိဘ၀ သာယာလှပဖို့ သူတစ်ပါးကို နင်းခြေတတ်ကြတယ်။ ခုတုံးလုပ်တတ်ကြတယ်။ မိမိအာသာ ဆန္ဒတွေပြည့်ဝဖို့ သူတစ်ပါးရဲ့ဘ၀ကို ဖျက်ဆီးတတ်ကြတယ်။ အမိမြေမှာဆို ပိုဆိုးပေါ့။ မိမိဘ၀ မိမိ မိသားစု သာယာလှပဖို့အတွက် ပြည်သူတွေကို အသုံးချတတ်ကြတယ်။သူတို့သားသမီးတွေ ပညာတတ်ဖို့ ဆင်းရဲတဲ့ပြည်သူ့ ကလေးတွေက အကန်းဖြစ်ကြရတယ်။ သူတို့ကလေးတွေ အစာစားရဖို့ ဆင်းရဲတဲ့ပြည်သူ့သားသမီးတွေက အစာငတ်ကြရတယ်။ သူတို့ အာဏာနေရာ တည်မြဲဖို့ ပြည် သူတွေက အသက်တွေ သွေးတွေ ပေးဆပ်ကြရတယ်။ ဒီတော့ လူတွေဟာ ဘယ်သူပဲဖြစ်ဖြစ် မိမိဘ၀၊ မိသားစု ကောင်းစား ပျော်ရွှင်စေဖို့၊ လှပသာယာဖို့အတွက် သူတစ်ပါးတွေကို ဒုက္ခပေးတတ်ကြတယ်။
  ကဲ--ဒီတော့ အားလုံးသော လူသားတွေ ၊အမိမြေက ညီကို မောင်နှမတွေ၊ အမေ အဖေတွေ၊ ဘိုးဘိုးဘွားဘွားတွေ၊ ဦးဦး ဒေါ်ဒေါ်တွေ၊ သားသား မီးမီးတွေ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိဘ၀ကို သာယာလှပအောင် ဖန်းတီးနိုင်ကြပါစေလို့ ---အမေ့မေတ္တာ-အရှင်.