Wednesday, May 9, 2012
အစ္ဆရိယံ ၀တ
        အစ္ဆရိယံ ၀တ..ဆိုတာဘုရားဟော ပါဠိပါ။ အဓိပ္ပါယ်က သြော်..အံ့သြဖွယ်ဖြစ်လေစွ လို့ ဆိုလိုပါတယ်။ ခက်ခဲမှုတွေကို အောင်မြင်ပြီးသောအခါ၊ သူများထက် လုပ်နိုင်သော အခါ၊ ထူးခြားမှုတွေ ဖြစ်ပေါ်လာသောအခါ အစ္ဆရိယံ ၀တ= သြော်..အံ့သြဖွယ် ဖြစ်လေစွ။ အံ့သြဖွယ် ရှိလေစွလို့ ပြောဆိုလေ့ ရှိကြပါတယ်။
    အခုလည်း..ဒီဘုရားဟောပါဠိတော်ကို ပြန်ကြားခွင့်ရခဲ့ပါတယ်။ မေ့နေခဲ့တာတောင် အတော်လေးကြာပြီလို့ပြောရမှာပါ။ စာသင်သား ဘ၀တုန်းကတော့ ပါရာဇိကန် ပါဠိတော် မှာ နေ့စဉ် လိုလို တွေ့ရ ကျက်ရ၊ ဖတ်ရ၊ မှတ်ရ၊ အံခဲ့ရပါတယ်။ ခုတော့..ဘိုဘိုကိုကိုရဲ့ ရုတ်တ ရက် နုတ်ထွက် စကားကြောင့် ပြန်လည် ကြားခဲ့ရတာပါ။
    သူကလဲ အကြောင်းမဲ့ ထွက်ဆိုခဲ့တာ မဟုတ်ပါဘူး။ အရှင်တို့တစ်တွေ သီရိလင်္ကာနိုင်ငံအတွင်း ထင်းရှား ထူးခြားသော ရှေ့ဟောင်းမြို့တော်များနဲ့ စေတီပုထိုးတော်များသို့ သြစထြေးလျနိုင်ငံ တွင်နေထိုင်သော ဒကာမကြီးဒေါ် သီတာဆွေ၏ ကောင်းမှုကုသိုလ်ဖြင့် ဘုရားဖူးထွက်ခဲ့ကြပါတယ်။ ဒီဘုရားဖူးခရီးစဉ်မှာပဲ ဒီပါဠိတော်လေးကို ပြန် ကြားခဲ့ရတာပါ။
    အရှင်တို့တစ်တွေ SARIPADA သို့ နောက်ဆုံးခရီးစဉ်အဖြစ် သွားရောက်လေ့လာ ဖူးမော်ခဲ့ကြပါတယ်။ sripada ကို butterfly mountain လို့လဲ ခေါ်ဆိုကြပါတယ်။ နောက်..sacred footprint လို့လဲ နာမည်ကျော်ကြားပါတယ်။ သီရိလင်္ကာနိုင်ငံ၏ အလယ်ပိုင်းလောက်မှာ တည်ရှိပါတယ်။
   အမြင့်အားဖြင့် ပေအမြင့် 2,243 မီတာ (7,359 ft) ရှိပါတယ်။ တောင်ပေါ်မှာ မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာ တည်ရှိပါတယ်။ ဒီတောင်ပေါ်ကို လူတွေများစွာ တက်ရောက်ကြပါတယ်။ ဒီလောက်မြင့် မားတဲ့တောင်ပေါ်ကို တက်ဖို့ဆိုတာ တကယ်ကို မလွယ်တာပါ။ တစ်လမ်းလုံးက အတက် ချည်ပါပဲ။ တောင်ထိပ်နားကိုရောက်လေ ပိုပြီးမက်စောက်လေပါပဲ။ လှေးခါး ဘေးဝဲယာမှာ သံဘောင်တွေ ကာရံထားရပါတယ်။ အောက်ပိုင်း အလည်ပိုင်းကျော်ကျော်လောက်ထိတော့ တက်ရတာ အဆင်ပြေ တယ်ဆိုပါတော့။
     တကယ်တော့ ဒီတောင်ထိပ်ကိုရောက်ဖို့ အနောက်တိုင်း နိုင်ငံခြားသား. အမျိုးသားတွေ ခြေလှမ်းနဲ့ဆို ၃ နာရီကြာပါတယ်။ အရှင်တို့တစ်တွေရဲ့ခြေလှမ်းဆိုရင် ၄/ ၅ နာရီလောက်ကြာပါတယ်။ အမျိုးသမီးတွေခြေလှမ်း ဆိုရင်တော့ တွက်သာ ကြည့်ပေတော့။ ဒီတောင်ထိပ်ကိုရောက်ဖို့ အတော်အတန် သဒ္ဓါတရား၊ ၀ီရိယအားနဲ့ မရပါဘူး။ အဓိဂမသဒ္ဓါတရား၊ အဓိဂမ ၀ီရိယကို ရှိမှပါ။
     အရှင်တို့တစ်တွေ တောင်ထိပ်ကို တစ်ရွေ့ရွေ့နဲ့ ဖြေးဖြေးသထက်ဖြေးကာ တက်ခဲ့ကြပါတယ်။ ဖြေးသထက်ဖြေးဆိုတာကလဲ ဒကာမကြီးဒေါ်သီတာဆွေပါ နေတာမို့ပါ။ ဒကာမကြီးဒေါ်သီတာဆွေရဲ့ သဒ္ဓါတရား၊ ၀ီရိယ အားကလဲ အတော်လေးကို အံ့အားသင့်ခဲ့ရပါတယ်။ ခန္ဓာကိုယ်က ၀၀ဖိုင်းဖိုင်း၊ အသက်ရွယ်ကလဲ ၅၅ ရှိပြီလေ။ ဒီအသက်ရွယ်၊ ဒီခန္ဓာကိုယ်နဲ့ ဒီတောင်ထိပ်ကို တက်တယ်ဆိုတော့လဲ မအံ့သြပဲ ရှိမလား။
    ဒီအသက်ရွယ်၊ ဒီခန္ဓာကိုယ်ကိုနဲ့ ဒီတောင်ထိပ်ကိုကြည့်ပြီး ဘိုဘိုကိုကိုကလဲ ရေရွတ်မိလိုက်တယ် ထင်ပါတယ်…အစ္ဆရိယံ ၀တ=သြော်..အံ့သြဖွယ်ကောင်း ပါလေ စွလို့။ အရှင်က..ဘုရားရဲ့ခြေတော်ရာက အမိမြန်မာပြည်မှာလဲ ရှိနေတာပဲ ဘာလို့ ပင်ပင်ပန်းပန်း တက်နေမှာလဲ လို့ တွေးနေစဉ်မှာပဲ..အသက်ရွယ် ၆၀ ကျော် အဘွားကြီးတက်လာနေတာကို တွေ့လိုက်ရတယ်။
     နောက်…လက်တစ်ဖက်မပါတဲ့ သီရိလင်္ကာနိုင်ငံသားတစ်ယောက်လဲ အမျိုးသ္မီး လက်ကို တွဲပြီး တက်လာတယ်။ ဒါတင်ဘယ်ကမလဲ ..အမျိုးသားတစ်ဦးကလဲ သူ့ရဲ့ ၃ နှစ်အရွယ် သားငယ်လေးကို ကျောပိုးလို့တက်လာခဲ့တယ်။ ဘယ်လောက် အံ့သြဖွယ်ကောင်းသလဲ ဆိုတာကို စဉ်းစားတာကြည့်ပေတော့။ တကယ်ကို အံ့သြစရာပါ။ ဒီတောင်ထိပ်ပေါ်က မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာကို ဖူးဖို့အတွက် မောမောပန်းပန်း တက်နေတဲ့ ဒီလူအလွှာမျိုးစုံရဲ့ သဒ္ဓါတရား၊ ၀ီရိယအားကတော့ တကယ် အံ့မခန်းပါပဲ။
    အစ္ဆရိယံ ၀တဆိုတဲ့ ဒီအံ့သြဖွယ်ကောင်းတာတွေကို ပြန်လည်ကြည့်တဲ့အခါ.. လက်တစ်ဖက်မပါတဲ့ အမျိုးသားရဲ့ ဇနီးမယားအပေါ်ထားရှိတဲ့ မေတ္တာ တရား။ နောက်..သားငယ်လေးကိုကျောပိုးခဲ့တဲ့ အမျိုးသားရဲ့ ဖခင် မေတ္တာတရား။ နောက်..အသက် ၅၀ကျော် ဒကာမကြီး ဒေါ်သီတာဆွေနဲ့ ၆၀ ကျော် အဘွားအိုတွေရဲ့ သဒ္ဓတရား၊ ၀ီရိယအားတွေကိုတွေ့ရှိရပါတယ်။
   နောက်..ဒီ sripada တောင်ပေါ်ရှိ မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာကို ပြည်သူလူသားတွေ ဖူးနိုင်အောင် လမ်းတွေ..လှေခါးတွေ..စေတီတွေ ..အဆောက်အဦးတွေ တည်ဆောက် ပြုလုပ်ပေးတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ဘုရင် သမ္မတနဲ့ ပြည်သူတွေရဲ့ စေတနာ၊ ခွန်အားတွေကလဲ အစ္ဆရိယံ ၀တပါပဲ။ နောက်…ဒကာမကြီးဒေါ်သီတာဆွေနဲ့ အရှင်တို့အားလုံး ဘေးကင်း အောင်မြင်စွာနဲ့ ဘုရားရှင်ရဲ့ခြေတော်ရာကို ရှိခိုးကန်တော့လို့ ဖူးနိုင်ခဲ့ပြီး တောင်အောက်ကို ပြန်လည် ဆင်းသက်နိုင်ခဲ့ တာကလဲ အစ္ဆရိယံ ၀တပါပဲ။
     နောက်ဆုံး…ဒီတောင်ထိပ်ပေါ်မှာ မြတ်ဗုဒ္ဓရဲ့ခြေတော်ရာ တည်ရှိနေခြင်းကလဲ အစ္ဆရိယံ ၀တပဲ မဟုတ်လား။
 အားလုံးရွှင်လန်းချမ်းမြေ့ကျပါစေလို့…
http://en.wikipedia.org/wiki/Sripada
Tuesday, May 8, 2012
မိနှင့်ဖ
အမြဲတိုင်းသတိရ-မိနှင့်ဖ
လူတစ်လုံး သူတစ်လုံး
လူဖြစ်မရှုံးအောင်
ပခုံးလက်နှစ်တစ်
လူဖြစ်အောင်မွေး
လူဖြစ်အောင်ကျွေးခဲ့တဲ့
မိနှင့်ဖကို သတိရပါစ။
သင်ကဒုက္ခ ရောက်နေရလျှင်
ရှေ့ကရပ်ပြီး ကာဆီးပေးတာ
မိနှင့်ဖပါ။
သင်ကဘေးရန် တွေ့နေပြန်လျှင်
ဧကန်လွတ်ရေး ဖန်တီးပေးတာ
မိနှင့်ဖပါ။
ပူအိုက်-ချမ်းအေး ပူဆွေးတဲ့ခါ
မေတ္တာဆင့်ပွား စေတနာထားတာ
မိနှင့်ဖပါ။
သင်ကအလိုမကျ ငိုပြဗိုလ်ကျ
ဆိုးတေပြလည်း အမြဲခွင့်လွှတ်ပေးတာ
မိနှင့်ဖပါ။
သင်ကရန်တိုက် ကမ်းကုန်မိုက်လည်း
ခိုက်ရန်မပွား အညှိုးမထားတာ
မိနှင့်ဖပါ။
တောင်းစုတ်ပလောင်းစုတ်သာ
ပစ်ထုတ်ရိုးထုံးစံရှိတာ
သားဆိုးသမီးဆိုးများကို
ပစ်ရိုးထုံးစံမရှိတာ မိနှင့်ဖပါ။
အမျိုးမျိုးအရာရာ အစားထိုးနိုင်ပါလည်း
ရှာကြံအစားမထိုးနိုင်တာ
မိနှင့်ဖပါ။
လောကမှာအတုမရှိ
နှစ်ခုမရှိတာ မိနှင့်ဖပါ။
အမေနေ့ အဖေနေ့
အမိအဖမွေးနေ့ရောက်မှ
သတိမရကြပါနှင့်။
စက္ကန့်တိုင်း စက္ကန့်တိုင်း
မဆိုင်းမတွ သတိရကြ
အဲဒါမိနှင့်ဖ။
လူဟာသေမျိုးမို့ မသေရိုးမရှိ
အရိုးမြေကျမှ မငိုကြနှင့်
မြေမကျ မသေကြမီ
ကျွေးကြမွေးကြပါ
သေမှ နောင်တရလျှင်
သင်…နောက်ကျပါလေပြီ။
ဘုရားရှင်သော်မှ နို့တစ်လုံးအဖိုးအခ
မကျေဘူးတဲ့ဗျ… သံဝေဂ-ရစရာပါ။
မိဖစုံလင် ခုံမင်သူတိုင်း
မဆိုင်းမတွ မိနှင့်ဖကို
မြင့်မိုရ်တောင်ဦး မကကျူးတဲ့
ကျေးဇူးတော်အနန္ဒကိုပါ ရှိခိုးကြပါ
မာတာပိတု ဂုဏော အနန္တောပါ။
စာတိုပေစများ
“ကိုသစ္စာသို့ပေးစာ”
ကိုသစ္စာရေ ဒီစာလေးကိုဖတ်ပြီး အထက်ကမိမိပြောခဲ့သာ အရာများကို ဟုတ်မဟုတ် မိမိကိုယ်တိုင် ဝေဖန်ဆန်းစစ်ကြည့်ပါအုံး။ မဟုတ်ဘူးဆိုရင်လည်းတိုက်ရိုက်ဖြေရှင်းနိုင်ပါတယ်။ မိမိမှာ လိပ်စာအတိကျပါပါတယ်။ “ငါ့ကို ဘယ်သူမှ မသိဘူး။ မမြင်ရဘူး။ ငါပြောချင်တာ ပြောလိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်ထားက လူတယောက်ဟာ မိမိစိတ်ဓာတ် ဘယ်လောက်ထိ အောက်တန်းကျ သွားသလဲဆိုတာ ဖော်ပြရာရောက်ပါတယ်”။ ကဲ ဆန်းစစ်ကြည့်ကြစို့…
(၁ ) ဒီလောက်ကြီးကျယ်ပြီး ခန်းနားထည်ဝါတဲ့ အလုပ်တွေကို မြန်မာဘုန်းတော်ကြီးများ လုပ်နိုင်စွမ်းမရှိပါ။>>>မြန်မာနိုင်ငံမှာ သီတဂူဆရာတော်ဦးစီးကျင်းပခဲ့သော ကမ္ဘာဗုဒ္ဓဘာသာ ထိပ်သီးညီလာခံကိုတကယ်မသိတာလား။ နိုင်ငံပေါင်းများ စွာတတ်ရောက် ခဲ့တယ်ဆိုတာ မသိလေေ လျာ့သလား။(အားလုံးသိပြီးသားကို အနီးစပ်ဆုံးညွန်းလိုက်တာပါ။)
(၂) ဟိုတရားမှားတယ် ဒီတရားမှာတယ်လို့ပြောတွေ ရပ်စဲလော့…..>>>ဘုရားရှင်ဟောကြားခဲ့သော တရားတော်တွေကို အတွင်းဖျတ်ခြစားထိုး သွင်းလာသောအတွက်ကြောင့်သာ သင်္ဂါယနာ အကြိမ်ကြိမ်တင်ခဲ့တာ မသိလေလျော့သလား။
(၃) ဘုရားတရားတွေကို အမှားအမှန် ဆုံးဖြတ်ရအောင် ဆုံးဖြတ်သူကိုယ်တိုင် အရိယာလော့>>> အရှင်မဟာကဿပစတဲ့ ရဟန္တာမထေရ်မြတ်များ၊့ ထေရ၀ါဒသံဃာအဆက်ဆက်များထိန်းသိမ်းခဲ့ခြင်း၊ သဲပြင်ပေါ်မှာ ဗိုက်ဆာလွန်းလို့ ၀မ်းလျားမှောက်ပြီး ပိဋကတ်စာပေတွေကို နှုတ်ငုံဆောင်ခဲ့ခြင်း၊ ယခုလက်ရှိတည်တံ့အောင်ဖြန့်နေခြင်းဟာ အရိယာအစဉ်ဆက်မဟုတ်ဘူးလို့ ဘယ်ကျမ်းဂန်ကိုေ ထာက်၍ပြောဆိုပါသလဲ။ အရိယာစဉ်ဆက်သိချင်ရင် ပါရာဇိကဏ္ဍပါဠိ အဋ္ဌကထာနိဒါန်း၊ သီလက္ခန်ပါဠိ အဋ္ဌကထာနိဒါန်း၊ ဓမ္မသင်္ဂဏီပါဠိ အဋ္ဌကထာနိဒါန်းများမှာ ကြည့်ရှုနိုင်ပါတယ်။ယခု စာရေးသူ ကိုသစ္စာပဲ ထေရ၀ါဒစာပေမနှံ့စပ်လို့လား။
(၄) ဝိပဿနာနဲပါတ်သတ်ရင်လဲ ဦးဂိုအင်ပဲသိတယ်။>>>၀ိပဿနာနဲ့ပတ်သတ်လျင် မိုးကုတ်ဆရာတော်၊ လယ်တီဆရာတော်၊ ရွေဥမင်ဆရာတော်၊ မဟာစည်ဆရာတော်၊ ပဏ္ဍိတာရာမဆရာတော်၊ ချမ်းမြေ့ဆရာတော်တို့ကို ကမ္ဘာကမသိဘူးလို့ ဘယ်သူပြောပါသလဲ။ အထက်ဆရာတော်ကြီးများကို သိလျက် မသိကျိုးနွံပြုတာများလား။
(၅) မြန်မာဘုန်းကြီး ပညာရေးတွေ ညံ့ဖျင်းလွန်းတဲ့အတွက် ငွေတက်နိုင်သော ရဟန်းအချို့သည် သီရီလင်္ကာ။ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေမှာသွားပြီး တပည့်ခံနေရပါသည်။>>>အောက်စဖို့စ်ဆရာတော် ဒေါက်တာဓမ္မသာမိဟာ မိမိတို့ဒေါက်တာအတွက် သီရိလင်္ကာမှာ အကဲဖြတ်အကြီးကဲ၊ အခြားသောနိုင်ငံခြား သားတွေဒေါက်တာဖြစ်ဖို့ သူအကြံညာဏ်ယူရခြင်း၊ အောက်စဖို့စ်မှာ ဆရာကြီးတပါးဆိုတာ မသိတာလား။(အများသိသောဆရာတော်ကိုသာညွှန်ပြခြင်းဖြစ်ပါသည်။)
(၆) ဘုရားက ငါ့ဝါဒကို ဆန့်ကျင်ရင် ထောင်ချ သတ်ဖြတ်စေလို့ မဟောကြားပေ။ မြတ်စွာဘုရားအဆူဆူတို့သည် တကယ် ဂရုဏာရှင်ဖြစ်တော်မူ၏။>>>ဘုရားရှင်မဟောကြားသည်ကားမှန်ပါ၏။သို့သော်ထေရ၀ါဒအဆက်ဆက် ဆရာ၊ ဒကာလက်တွဲညီညာစွာ မင်းအာဏာစက်၊ ရဟန်းတို့ရဲဓမ္မစက်နဲ့မိစ္ဆာရန်သူကိုကာကွယ်ခဲ့တာမသိလေလျော့သလား။ အများသိတဲ့ကျေးကုလားပေါင်းများစွာကိုတိုက်ခိုက်ခဲ့တဲ့ဒုဋ္ဌဂါမဏိမင်း၊ အသောကမင်း၊ အဇာတသက်မင်း စတဲ့မင်းတွေအကြောင်းကိုမသိလို့များလား။ ထို့နောက် သီလမစင်ကြယ်သော ရဟန်းတပါးဟာ သံဃာ့ပရိတ်သတ်တွင်းဝင်နေသည့်အတွက်ကြောင့် ဘုရားရှင်သြဒါပါတိမောက်မပြခဲ့လို့ အရှင်မောဂ္ဂလာန် ကိုယ်တော်တိုင် သံဃာ့ပရိတ်သတ်မှ ဆွဲထုတ်ခဲ့တာမသိလေလျော့သလား
(၇) တကယ်လို့ အယူလွဲချော်နေတဲ့ ရဟန်းကို အယူမှန်အောင် ဟောနိုင်စွမ်းမရှိပါက သာသနာပြုသူ၏ ညံဖျင်းမှုသာဖြစ်ပေသည်။>>>အရှင်ဒေ၀ဒတ်အယူလွဲတာ ဘုရားရှင်ညံ့ဖျင်းလို့လား။ အရှင်မေဃိယ အယူလွဲတာ ဘုရားရှင်ညံ့ဖျင်းလို့လား။
(၈) မြန်မာဘုန်းကြီးတွေကို ကမ္ဘာက တကယ်ကိုမသိတာပါ။ သိအောင်လဲ ဘယ်သူမှမကြိုး စားကြဘူးဆိုတာပဲ။>>>မသိဘူးလို့ ဘယ်အရာ ကိုထောက် ၍ပြောပါလဲ။ မြန်မာဝိပဿနာစာ အုပ်ပေါင်းများစွာကို နိုင်ငံခြားပညာရှင်တွေက အင်္ဂလိပ်လို ဘာသာပြန်ခဲ့တဲ့ စာအုပ်တွေကိုမဖတ်ဖူးလို့လား။ လယ်တီဆရာတော်၊ နိုင်ငံခြားသားတွေတောင် အားကျခဲ့သောမဟာဂန္ဓာရုံဆရာတော်၊ ဂင်းနစ်မှတ်တမ်းမှာ စိုက်ထူခဲ့သော မင်းကွန်းဆရာတော်၊ အရှင်သေဋ္ဌိလ၊ သီတဂူ ဆရာတော်၊ အောက်စဖိုစ့် ဆရာတော် ဒေါက်တာ အရှင်ဓမ္မသာမိ တို့အကြောင်းကိုကော ကြားဖူးပါရဲ့လား။
(၉) လူတစ်ယောက် အယူမှားနေတယ်ဆိုတာ ။ အယူမှားနေတဲ့သူများ မှာ အပြစ်မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ လူဆိုတာ အမြဲတမ်းမှားနေသောကြောင့်ဖြစ်ပါတယ်။>>>ဘုရားရှင်တောင် ချွတ်မရတဲ့ ပူရဏကဿစတဲ့တိတ္ထိဆရာကြီးတွေရှိခဲ့ဖူးတယ်။ ဒါကိုမသိလိုလား။ ထေရ၀ါဒကိုပဲ သတ်သတ်အပုတ်ချချင်လို့လား။ သို့တည်းမဟုတ် ထေရ၀ါဒစာပေပဲမနှံ့စပ်လေလျော့သလား။
ကိုသစ္စာရေ ကမ္ဘာမှာ ဘယ်နိုင်ငံတွေများရောက်ဖူးပါသလဲ။ ဥရောပ၊ အာရှတွေပေါ့။ ယခုခေတ်... ချမ်းမြေ့ဆရာတော်၊ ရွေတောင်ကုန်း ပဏ္ဍိတာရာမဆရာတော်.၊အမေရိကန်က ဒေါက်တာ သီလာနန္ဒာဘိဝံသ (ပျံလွန်တော်မူ)၊ သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ၊ အောက်စဖို့စ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ၊ အမေရိကန်ဆရာတော် ဒေါက်တာဓမ္မပီယ စတဲ့သူတွေကို ကမ္ဘာကမသိဘူးထင်နေလား။ ကမ္ဘာမှာမြန်မာဆရာတော်တွေ သာသနာမဖြန့်နို င်ဘူးလို့ဘယ်သူပြောလဲ။ ဒီသီရိလင်္ကာကော လာကြည့်အုံးမလား။ မဟာယနဘုန်းတော်ကြီး ဒလိုင်းလားမားသာ သနာပြုနိုင်တယ်လို့ဆိုချင်တာလား။ သူတရားတွေ ဘာတွေများနာဖူးပါသလဲ။ ငါးပါသီလနဲ့ လူကျင့်ဝတ်ပဲဟောသွားတာ မသိဘူးမို့လား။ ၀ိပဿနာဆိုတာ မြန်မာကအခြေခံ လူတန်းစားလောက်သိတာ ဟောပြောခဲ့တာမသိလေလျော့သလား။(ဒလိုင်းလားမားကိုပုတ်ခတ်ခြင်းမဟုတ်ပါ။ အဖြစ်မှန်တခုကို သိစေလိုခြင်းသာဖြစ်ပါသည်။) ကမ္ဘာသိခြင်း မသိခြင်းထက် ထေရ၀ါဒအစစ်မှန်ကိုဟောပြောခြင်းဟာ အဓိကဆိုတာမသိလေလျော့သလား။ အရေတွက်က အဓိကမကျပဲ အရည်းချင်းကအဓိကကျတယ်ဆိုတာနားမလည်လို့လား။ သို့တည်းမဟုတ် တန်ဖိုးရှိသော ကျောက်သံပတ္တမြားဟာ ရှားပါးတယ်ဆိုတာ မသိလို့လား။ ကိုသစ္စာရေ သူများပြောတာနဲ့လမ်းမဆုံးပါစေပါနဲ့။ ကိုယ်တိုင်ထွက်ကြည့်ပါ။ ကမ္ဘာမြှာ မန်မာဟေ့ဆိုတာ မြင်လာပါလိမ့်မယ်။ သူတပါးပုတ်ခတ်ေ ၀ဖန်နေမဲ့အစား ငါကိုယ်တိုင်ကော (လူဆိုလျင်)ငါးပါးသီလေ တာင်လုံအောင်စောင့်ထိန်းရဲ့လား။ မိမိမိသားစုအတွက်၊ ပတ်ဝန်းကျင်ေ ကာင်းကျိုးအတွက် ငါဘာတွေလုပ်ပီးပီလဲ။ ဘာတွေလုပ်နေသလဲ။ ဝေဖန်ပါ။ ဆန်းစစ်ပါ။ သုံးသပ်ပါ။ တနေ့တာရဲ့ကုန်ဆုံးသွားတဲ့အချိန်မှာ ငါဒီနေ့ ကုသိုလ်၊ အကုသိုလ်မှာ ကုသိုလ်တွေ ဘယ်လောက်ယူသွားလဲ။ အကုသိုလ်တွေဘယ်လောက်သယ်သွားလဲဆိုတာပြန်လည်သုံးသပ်သင့်ပါတယ်။ လူလောကရောက်လာတဲ့တခဏတာလေးမှာ အချို့က ရတနာတွေသယ်သွားလို့၊ အချို့က အမှိုက်တွေသယ်သွားလို့ပြန်ထွက်သွားကြတယ်။ ငါကော တခဏတာရလာတဲ့လူဘ၀မှာ ဘာတွေသယ်သွားမလဲ။ အမှိုက်တွေပဲ သယ်သွားမလားဆိုတာ စဉ်းစားသုံးသပ်စေချင်ပါတယ်။ ကိုသစ္စာရေ “ပညာမဲ့တွေက လုပ်ပီးမှ စဉ်းစားတယ်။ ပညာရှိတွေကတော့ မလုပ်ခင်စဉ်းစားပြီးမှပြောတယ်”တဲ့။ 
Tuesday, May 1, 2012
အကြွေစောခဲ့ရှာသော တောင်တန်းပြာက .သာသနာ့အာဇာနည်!
  အကြွေစောခဲ့ရှာသော တောင်တန်းပြာက .သာသနာ့အာဇာနည်!
  ယနေ့ မထင်မှတ်ပဲ ကြားလိုက်ရတဲ့ သတင်းစကားကြောင့် ရင်မှာ ၀မ်းနည်းခြင်းများ ဖြစ်ခဲ့ရပါတယ်။ ဦးပဏ္ဍ၀ံကြီး ပျံလွန်တော်  မူပြီတဲ့..ကြား. .ကြားချင်း တကယ်ကို စိတ်မကောင်ြး ဖစ်မိတယ်။။ ဒေါသလဲ ဖြစ် ခဲ့မိပါတယ် ။နောက်ဆုံးတော့.. ဇာပနပြီး..ပြီးသွား တာ ပဲလားလို့ မေးမိလိုက်တယ်။
        ဦးပဏ္ဍ၀ံသဆိုတာ အရှင်နဲ့အတူ မန်းလေး နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ကျောင်းဆင်း ပါ။ လေးနှစ်တိုင်တိုင် အတူ ပညာ ရည်နို့သောက် ခဲ့ကြပါတယ်။ သို့သော်လည်း သူက ဖိုင်နယ်မှာ တစ်နှစ်ကျခဲ့သောကြောင့် အရှင်တို့နောက် တစ်နှစ်ကျန်ေ နခဲ့ ရပါတယ်။ အရှင်တို့ နပသကျောင်းဆင်း အားလုံး တောင်တန်းဒေသ များသို့ သာသနာပြု နှစ်နှစ်ကြွရောက် ရတယ် ဆိုတာ အားလုံး အသိပါ။ အရှင်က..တော့ ၂၀၀၉..၂၀၁၁ အထိ နှစ်နှစ်တာ သာသနာပြုတာဝန်များကို ခန္တီးနာဂတောင်တ န်းဒေသ မှာ  ထမ်းေ ဆာင်နို င်ခဲ့ပြီး နိုင်ငံေ တ်ာပ ရိယတ္တိ သာသနာ့တက္ကသိုလ်မှ ချီးမြင့်လိုက်သော သာသနတက္ကသီလ ဓမ္မာစရိယ. .B.A ဘွဲ့ကို ခူးဆွတ်နိုင်ခဲ့ပါတယ်။
  အရှင်တို့တစ်တွေဟာ ဒီတက္ကသိုလ်မှ ဘီအေ ဘွဲ့ကိုရရှိဖို့ နှစ်ပေါင်း ၆ နှစ်ကြာကြာ ပေးဆပ်ခဲ့ရပါတယ်။ လွယ်လွယ်လေးတော့ မဟုတ်ဘူး။ တောင်တန်းဒေသမှာ ပေးဆပ်ရတာတွေများတယ်။ ခက်ခဲ့တယ်။ ကိုယ့်အားကို ကိုးရတယ်။ ကိုယ့်အိတ်ထဲကစိုက်ပြီး တောင်တန်းဒေသက တိုင်းရင်သားလေးများကို ဘာသာရေးအသိပညာ၊ ခေတ်ပညာ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အားလုံး ဖန်တီးပေးခဲ့ရပါတယ်။
    အခု..အရှင်ပဏ္ဍ၀ံသသည်လည်း ဘီအေဗုဒ္ဓဇင်,B.A Buddhism ဆိုတဲ့ ဒီတက္ကသိုလ်ဘွဲ့ကိုရရှိဖို့ သာသနာ့တက္ကသိုလ်မှာ လေးနှစ်တာ ပညာရပ်တွေကို သင်ကြားပြီး နှစ်နှစ်တာ သာသနာပြုတာဝန်များကို အရှင်တို့လိုပဲ ချင်းတောင်တန်း..ပလပ်ဝဒေသမှာ သာသနာပြုေ  နသော သာသ နာ့ အာဇာနည် သူရဲ့ကောင်းတစ်ဦးပါ။ အရှင်ပဏ္ဍ၀ံသ သည် သာသနာပြုတာဝန်များကို ချင်းတောင်တန်း ပလပ်ဝဒေသမှာ ထမ်းဆောင်နေတာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ အရှင်ပဏ္ဍ၀ံသ သည် လာမည့်နှစ် ၂၀၁၃ ..၁၂ လပိုင်းဆို သာသနာ့တက္ကသိုလ်မှချီးမြင့်သော သာသန တက္ကသီလဓမ္မာစရိယ.B.A Buddhism ဘွဲ့တော်မြတ်ကြီးကို မန်းလေး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသို်လ် ဘွဲ့နင်းခ န်းမ ကြီးတွင် ဘွဲ့တံဆိပ်ခံယူရန် လက်တစ်ကမ်းသာလိုတော့သည်။
  ခက်ခဲကြမ်းတမ်းသော ချင်းတောင်တန်းမှာ ပင်ပန်း ဆင်းရဲစွာ။ငက်တလှည့်..ြ ပတ်တစ် လှည့်ဖြင့် လေဒဏ်၊မိုးဒဏ်၊ ရာသီဥတု ကြမ်းတမ်း ဒဏ်တွေကို ကြံ့ကြံ့ခံကာ သာသနြာ ပု တာဝန်ကို တစ်နှစ်တာ အောင်မြင်ပြီး ဆုံးခဲ့ပြီမို့. .အရှင်ရဲ့ရင်ထဲမှာ ကြိုတင် ရင်ခုန်ကာ ပျော်ရွှင်နေမိမှာ အသေအချာပါပဲ။ အော်..ဘာလိုလိုနဲ့ ငါတောင် လာမဲ့နှစ်ဆို ဘွဲ့ယူရတော့မှာပါလား။ မိဘကျေးဇူး၊ ရွာသူ..ရွာသားတွေကျေးဇူး။ လှူဒါန်းထောက်ပံ့နေသူ ဒကာ. .ဒကာမများ။ ရဟန်းဒကာ.. ဒကာမများ..ဆရာသမားကျေးဇူးတွေကို ငါဆပ်ခွင့် ရတော့မှာပါလား ဆိုတဲ့အတွေပီတိများက ရင်မှာ ပြည့်နေ မယ်ဆိုတာ ခံစားမိပါတယ်။ အရှင်တို့အခါတုန်းကလဲ ခံစားခဲ့မိတာ ပဲလေ။
        နောက်..ဒီအချိန်ဆို..မိဘ၊ ညီကိုယ်မောင်နှမများ။ ရွာသူ..သားများ။. ဒကာ..ဒကာမအေ ပါင်းရဲ့ရင်ထဲ မှာလဲ မျော်လင့်ေ ပျာ်ရွှင်ြ ခင်းပီတိတွေ ဝေဆာနေမှာပါ။ အော်..ငါ့တို့သားပဇဉ်းလေး ဘွဲ့ရတော့မှာ။ ငါ့တို့ရဟန်းခံထားတဲ့ ဦးဇဉ်းလေး လောကအလယ်မှာ ဂုဏ်တင့်တောမယ်ဆိုတဲ့ အတွေးခံစားမှုတွေက သူတို့ရင်မှာ ကိန်းဝပ်နေမှာ.. ခံစားကြည့်က သိနိုင်ပါတယ်။။ အရှင်ပဗဏ္ဍ၀ံသ ဘွဲ့ရတော့မှာ သိပ်မကြာတော့ဘူးလေ။ မင်း..နောက်နှစ်ဆို ပန်းတိုင်ကိုရောက်ပါပြီကွာလို့ အားပေးသော သူငယ်ချင်းများရဲ့ စကားသံများ မဆိတ်သုဉ်းမီ.......။
        အရှင်ပဏ္ဍ၀ံသ ပျံလွန်တော်မူပြီတဲ့...ပန်းတိုင်းရောက်ခါနီးမှ..ကျရှုံးသွားခဲ့ရတယ်။ ရည်ရွယ်ရာ မရောက်ခင်မှာ အတောင်ကျိုး ခဲ့ရ တယ်။ မျော်လင့်ချက်တွေ ပြည့်ခါနီးမှ..မုန်တိုင်းသင့်ခဲ့ရတယ်။ အားလုံးသော..မျော်လင့်ချက်တွေ တအားထားခဲ့သော မိဘ ဆွေမျိုးအသိုင်းဝိုင်း. .ဒကာ.. ဒကာမအပေါင်းလဲ ရင်မှာစို့နင့်ခဲ့ရတယ်။ မျော်လင့်ချက်တွေ ကုန်ဆုံးခဲ့ရတယ်။ အပျော်တွေ မပြည့်ခ င် မှာ အငို မျက်ရ ည်တွေ ကျခဲ့ရတယ်။
    အခုတော့...အကြွေစောခဲ့ရှာလေပြီ။ ဘွဲ့ဆိုတဲ့ပန်းတိုင်ကို အတောင်ဖြန့်လို့ ပျံသန်းနေစဉ် မရဏဆိုတဲ့ ကံကြမ္မာစိုးကြောင့် အတောင်ကျိုးခဲ့ရှာလေပြီ။ အော်..ေ တာင်တန်းပြာက. .သာသနာ့အာဇာနည် အရှင်သူမြတ်..သူငယ်ချင်းတစ်ပါး အကြွေစောလို့ မြေခခဲ့ရပြီတကယ်တော့ ချင်းတောင်တန်းဆိုတာ..အရှင်တို့သာသနာပြု သူရဲကောင်းအာဇာနည်ေ တွအတွက် သွေးစွန်းသော နယ်မြေတစ်ခုလား။ဒါမှမဟုတ်..အသက်တွေခြွေနေသော နယ်ကြမ်းတစ်ခုရယ်များလား။ သာသနာ့အာဇာ နည်သူရဲကောင်းတွေကို ၀ါးမျိုနေသော နယ်မြေရ ယ် များလား။ အတွေးခက်လို့ ဗျာပါဝေနေရပါပြီ. .ချင်းတောင်တန်းက..ချစ်ရသော ပလပ်ဝရယ်။
     မနှစ်ကလဲ..အရှင်တို့ရဲ့ သာသနာပြုအာဇာနည် သူရဲကောင်းတစ်ဦးကို ပြုစားရက်ခဲ့ပြီ။ ဒါတောင် မကျေနပ်နိုင်သေးဘူးလား။မနှစ်ကလဲ..ကိုယ်မြေ့ကိုယ်ဒေသ..ကိုယ်လူမျိုး..ကိုယ်တိုင်းရင်းသားတွေအတွက် လာပေးဆပ်သော သာသနာ့အာဇာနည် သူရဲကောင်းများကို..ဘယ်အငြိုးနဲ့များ ၀ါးမျိုနေပါသလဲ။ ချင်းတောင်တ န်းကြီးကြောင့်..မနှစ်က အရှင်တစ်ပါးလဲ စိတ်ဖောက်ပြား..ေ ချာက်ချား ကာ ပြန် လာခဲ့ရ တယ်လေ။ သူ့ခများ သာသနာ့ပြုတာဝန်တွေကို ခွန်နဲ့အားနဲ့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း. .စေတနာ.. အကြင်နာ။ ကရုဏာ။ ၀ါသ နာတွေနဲ့ ငတ်တစ်လှည့်  ပြတ်တစ်လှည့် ကျေပွန်စွာထမ်းေ ဆာင်နိုင်ခဲ့ပါလျှက်..ဘွဲ့လေးတောင် တက်မယူနိုင်ရှာဘူး။ အပြန်လမ်းမှာ အမုန်းပန်းတွေ. .ဆူးခင်းလမ်းတွေနဲ့ ဘာလို့ကြိုလင့်နေတာလဲ။. .ချင်းတောင်တန်းကြီးရ ယ်။။
     နောက်နောင်..မရက်စက်ပါတော့နဲ့လား။ မခြွေရက်ပါနဲ့တော့လား။ မမုန်းလိုက် ပါနဲ့တော့လား. .တောင်းပန်ပါရစေ ချင်းတောင်တ န်မြေရ ယ်။ သူရသတ္တိဘွဲ့ဆိုတာလဲ အရှင်တို့မှာ ခံစားခွင့်မရှိပါဘူး။ ဂုဏ်ထူးဆောင်ဘွဲ့ဆိုတာလဲ အရှင်တို့မှာ ပိုင်ဆိုင်ခွင့်မ ရှိပါဘူး။ကျန်ရစ်သူ မိဘတွေကို အသိမှတ်ပြုပေးတဲ့ ဆုဆိုတာလဲ အရှင်တို့မှာ မရှိပါဘူး။ ဒီတော့ အရှင်တို့တောင်တန်းသာသနာပြု အာဇာနည် သူရဲကောင်း ရဟန်းငယ်လေးများဟာ. .မရဏမင်းရဲ့စက်ကွင်းက လွတ်မြောက်မှ ရည်ရွယ်ရာပန်း တိုင်ကိုရောက်မှာပါ။ ကျန်ရစ်သူေ တွအ တွက်လဲ ၀မ်းနည်းဖွယ်သက်သက်မို့.. ညှာတာလှည့် ပါ။စာနာလှည့်ပါ။။ ကြင်နာလှည့်ပါ.. .တောင်တန်းပြာနဲ့ သက်ရှိတွေရယ်...
   ခုတော့..ဘာတက်နိုင်မှာလဲ..ပန်းတိုင်မရောက်ခင် အတောင်ကျိုးကာ အကြွေစောခဲ့ရှာသော ချင်းတောင်တန်းက သာသနာ့အာဇာနည် အရှင်မြတ်ရယ်...အရှင်ပြုလုပ် ပေးဆပ်ခဲ့သော သာသနာ့ပြုနေ့ စဉ်ကေားမှုများဖြင့် ကောင်းရာ နတ်နန်း....သုဂတိလမ်းသို့ စံမြန်းနိုင်ပါစေလို့.....
      ကြာလည်မမေ့.၊ ရှာလည်းမတွေ့၊ ငါလည်တစ်နေ့...တဲ့..
      အားလုံး သတိသံဝေဂ ရရှိုနိုင်ကျပါစေလို့...အမေ့မေတ္တာအရှင်..
Sunday, April 22, 2012
ဝမ်းမြောက်နုမော်ခေါ်ဆိုနိုင်ရန်
       အလင်္ကာမြေမှ ပညာသင် မြန်မာရဟန်းတော် သံဃာတော်များနှင့် အားလုံးသော ဗုဒ္ဓဘာသာဝင်တွေ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် ဒီပို့စ်လေးကို ရေးသားတင်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဂုဏ်ယူဝင့်ကြွား လိုသောကြောင့် မဟုတ်ပါ။ အားလုံး သောကကင်းပြီး သာယာအေးချမ်းမှုဖြစ်စေရန် ရည်ရွယ်ပြီး တင်လိုက်ခြင်းဖြစ်ပါတယ်။
    ဒီဓာတ်ပုံလေးက သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ကောလုနာဝကားလမ်းဘေးမှာတည်ရှိသော မဟာရာဇ၀ိဟာရမည်သောသီရိလင်္ကာဘုန်းတော်ကြီး၏ ကျောင်းတိုက်တော်အတွင်းက မြန်မာရဟန်းပညာသင်ရဟန်းတော်များ သီတင်းသုံးတည်း ခိုမှုပြုနေကြသော တိုက်ကျောင်းလေးဖြစ်ပါတယ်။ ဒီတိုက်ကျောင်းလေးမှာ သီရိလင်္ကာေ ရာက်မြန်မာ ရဟန်းတော်များ တည်းခိုနေထိုင် သီတင်းသုံးပြီး တက္ကသိုလ်ပညာရပ်များကို သင်ကြား လာခဲ့တာ ဆယ်စုနှစ်နီးပါး ရှိခဲ့ပြီ။ အရှင်တို့မြန်မာရဟန်းတော်များသည် သီရိလင်္ကာမြေမှာ ပညာသင်ကြားရာတွင် စားစရာထက် နေထိုင်သီတင်းသုံးစရာ နေရာရဖို့က ပိုခက်နေပါသည်။
    အလင်္ကာတွင် မြန်မာမိခင်, မကုဋကျောင်းတိုက်တော်ကြီး ရှိနေသောကြောင့်သာ အရှင်တို့မြန်မာရဟန်းတော် အများစု စိုးရိမ်ကြောင့်ကြမှု ကင်းကြရပါသည်။ သို့သော်လည်း မိခင်မကုဋတွင်လဲ အားလုံး နေထိုင် သီတင်းသုံးခြင်းငှါ မဖြစ်နိုင်သောကြောင့် နောက်ရောက် ရဟန်ုးတော်များသည် တက္ကသိုလ်ပညာရပ်များကို တက်ရောက် သင်ကြားနိုင်ရန် နေစရာကို အမောရှာဖွေကြရပါသည်။ အရှင်တို့တစ်တွေသည် နိုင်ငံခြားပညာသင်ထွက်လာခဲ့သည်ဆိုသော်လည်း အဆင်ပြေသော ကျောင်းသားများရှိသလို၊ ခက်ခဲသောကျောင်းသာ ရဟန်းတော်များလဲ ရှိနေပါသည်။ အချို့က ထောက်ပံ့သူ ဒကာ-ဒကာမ ပြည့်ဝသော်လည်း။ အချို့မှာက ခြို့ခြို့ခြံခြံ နေထိုင် ပညာသင်နေရသော ကျောင်းသားများလဲ ရှိနေပါသည်။
     မိခင်မကုဋတွင် နေရာ မရရှာသော ရဟန်းတော်များတွင် အချို့ ကုလားဘုန်းတော်ကြီးများကျောင်းများကို လိုက်လံရှာဖွေ လျှောက်ထားပြီး နေထိုင် သီတင်းသုံးရပါသည်။ အချို့ ကုလားဘုန်းတော်ကြီးကျောင်းများတွင် နေရာ မရသောကြောင့် လူနေအိမ်များကို ရှာဖွေ ငှါးရမ်းပြီး နေထိုင် ပညာသင်ရပါသည်။ လူနေအိမ်များကို ငှါးရမ်းနေထိုင် သီတင်းသုံး ကြရသော မြန်မာ ရဟန်းတော်  ကျောင်းသား များအတွက် အိမ်လခမှာ တစ်လကို ရူပီငွေ ၂၅၀၀(မြန်မာငွေ-၂၅၀၀၀)ပေးရပါသည်။ စားစရိတ်ဘာညာနဲ့ဆို တစ်လကို ရူပီ ၅၀၀၀ (မြန်မာငွေ-၅၀၀၀၀) လောက်ကျပါတယ်။ ဒါတောင် ဟိုသွား ဒီလာ ကားခ၊ အင်တာနက် အသုံးပြုခ စသည်မပါသေး ပါဘူး။
       ဒါကြောင့် အရှင်တို့တစ်တွေဟာ သီရိလင်္ကာဘုန်းကျောင်းများမှာ သူ့အဆက်နဲ့သူ လျှောက်ပြီး သည့်ခံ အောင့်အီးကာ နေထိုင် သီတင်းသုံးနေကြရပါတယ်။ သီရိလင်္ကာ ဘုန်းတော်ကြီး များကိုလဲ ကျေးဇူးတင်ရမှာပါ။ ဘာလို့လဲဆိုတော့ နေစရာ အလကားပေးတယ်။ ရေ၊ မီး ပေးတယ်။ တစ်ချို့ ကျောင်းများမှာဆိုရင် စားစရာပါပေးတယ်။ ဒီတော့ ကျေးဇူး တင်ထိုက်ပါတယ်။ သီရိလင်္ကာဘုန်းတော် ကြီးကျောင်း များမှာ နေခွင့်ရကြသော မြန်မာကျောင်းသာ ရဟန်းတော် များကတော့ နေစရိတ်၊ စားစရိတ်က အိမ်ငှါးပြီးနေကြသော ရဟန်းတော်များထက် အတော်လေးကို သက်သာပါတယ်။
   သို့သော်လည်း---အခုအရှင်ဖော်ပြထားတဲ့ ဓာတ်ပုံထဲက ကျောင်းအိုလေးဟာ အရှင်တို့အတွက် မဟာမြင့်မိုရ်ပါပဲ။ ကျေးဇူးလဲ အင်မတန်ကြီးမားပါတယ်။ ဒီတိုက်ကျောင်းလေးကို မြန်မာရဟန်းတော်များ အဆက်ဆက်၊ လက်ဆင့်ကမ်းနေထိုင် သီတင်းသုံးခဲ့ ကြ တာ နှစ်ပေါင်း ဆယ်ရာစု တစ်စုထိ တိုင်ခဲ့ပါပြီ။ မြန်မာရဟန်းတော်များ နေထိုင်သီတင်းသုံးလာတာ ဆယ်စုနှစ်ဆိုပေမဲ့ တိုက်ကလေးရဲ့ သက်တမ်းက အတော်လေးကို ကြာခဲ့ပါပြီ။ သက်တမ်းရလာတဲ့ တိုက်ကျောင်းကလေးဟာ " နုနယ်ရုပ်ဆင်း၊ပျိုမြစ်ခြင်းက၊ အိုခြင်းနောက် ဆုံးရှိခြေ၏" ဟူသောစကားအတိုင်း အခုတော့ အတော်လေးကို အိုမင်ယိုယွင်းနေခဲ့ပါပြီ။ အိုတာမှ အလွန်ပါပဲ။ အရှင်တို့ကို နေစရာေ ပးထားသော်လည်း၊ သက်တမ်းရလာသော ဒီတိုက်ကျောင်းလေးက အရှင်တို့ကို စိတ်ချမ်းသာအောင် မထားနိုင် ခဲ့ပါဘူး။
  အဘယ်ကြောင့်ဆိုသော်...အိုမင်းရင့်ရော်မှုကြောင့် မိုးဒဏ်ကိုလဲမခံ -မကာကွယ်နိုင်တော့ ပါဘူး။ နောက်--ပြင်းထန်သော လေဒဏ်များ-မြေငလျင်ဒဏ်များကိုလဲ ခံနိုင်ရည်နည်းနေပါပြီ။ ဒါတင် ဘယ်ကမလဲ။ အားလုံးက ဆွေးမြေ့နေတာမို့--အမိုးကလဲ မိုးမလုံ။ အင်္ဂတေများကလဲ ဆားပေါက်ပြီ တစတစ ပြုတ်ကျနေပါတယ်။ တစ်ချို့နေရာတွေဆို အသားဒေါက်တန်းများနဲ့ ထောက်ထားရပါတယ်။ အရင်နောင်တော်ကြီးများကလဲ ခဏခဏ ပြုပြင် မွန်းမံခဲ့ကြပါတယ်။ သက်တမ်းရင့် လာတော့လဲ တိုက်ကလေးက ခံနိုင်ရည်အင်အားများနည်းပါးလာခဲ့ခြင်းပါ။ အခုဆို အရှင်တို့မှာ စိုးရိမ်ကြောင့်ကြ မှုတွေနဲ့ မှေးစက်ေ နရ တယ်လေ။ ဘယ်ချိန်များပြိုကျမလဲဆိုတဲ့ အတွေးကလဲ တစ်ခါတစ်လေ လာလာပြီး နှိပ်စက်နေပါသေးတယ်။ ည မိုးရွာပြီဆိုပါက နေရာထ ထရွှေ့ရတာကလဲ ဒုက္ခမသေးဘူးလေ။ အရှင်တို့မှ မဟုတ်ပါဘူး။ နောင်လာမဲ့ ညီတော်နောင်တော်ရဟန်းတော်များလဲ ဒီလိုပဲ ဒုက္ခ-သော ကတွေ ရှိနေမှာပဲ။ ဒီတော့ အရှင်တို့မှာ ကံပါလာရင် ရှောင်လွဲလို့မရပါဘူးဆိုတဲ့ အတွေးသံဝေဂနဲ့နေလာခဲ့ ကြတာ နှစ်လပြည့်တော့ မည် ဆိုပါတော့လေ။
      ခုတော့--အရှင်တို့ရင်တွင်းက သောကစိုးရိမ်ကြောင့်ကြမှုတွေ။ အရှင်တို့ တွေ့ကြုံခံစားနေရတဲ့ တိုက်ကျောင်းလေးရဲ့ ဒုက္ခ အခက်အခဲတွေကို ဖြေရှင်းပေးမဲ့သူပ်ါလာခဲ့ပါပြီ။ ဒီတိုက်ေ ကျာင်းရဲ့သက်တမ်း အိုမင်းမှုကို ပြန်လည်ပြုပြင်ခြင်းများနဲ့ အစားထိုးဖို့ လမ်းစပေါ်လာခဲ့ပါပြီ။ အရှင်တို့နဲ့အတူ နောင်လာမဲ့မြန်မာရဟန်းတော် များအားလုံး ဒီတိုက်ကျောင်းလေးနဲ့ ပက်သက်လို့ ဒုက္ခ၊ သောကတွေ မဖြစ်ရအောင် ၀ိဟာရဒါနရှင်ကြီး ပေါ်လာခဲ့ပါပြီ။ မကြာခင်မှာ အားလုံး ၀မ်းသာနုမော် သာဓုခေါ်နိုင်ပါတော့မည်။
   ဘယ်သူဆိုတာ မဖော်ပြသေးသော်လည်း အရှင်ရဲ့ရင်ထဲမှာ ကျေးဇူးအနန္တပါလို့  ကုသိုလ်ရှင် ကျောင်းအစ်မ ခေတ်သစ်ဝိသာခါလို အမျိုးသမီးကို ကျူးရင့်လိုက်ချင်ပါတယ်။ သာဓုတွေလဲ အကြိမ် ကြိမ် ဟစ်အော်နေပါတယ်။ အရှင်ရင်ထဲမှလဲ----၀မ်းသာမဆုံးပီတိေ တွဖုံး လို့နေပါတယ်။ ခံစားမိတာလေးက--အရှင်ဟာ ဒီတိုက်ကျောင်းလေးမှာ တစ်နှစ်ပဲ နေထိုင်သီတင်းသုံးမယ့် ပုဂ္ဂိုလ်ဖြစ်သော်လည်း အတ္တကို ခ၀ါချကာ နောင်လာမဲ့ ညီတော်နောင်တော်ရဟနုးတော်များ အခက်အခဲမ ရှိရလေအောင်။ စိတ်ချမ်းသာမှု မှရှိရလေအောင်။ စိုးရိမ်ကြောင့် သောက ကင်းဝေး ရအောင်။ နောက်---မြန်မာ ကိုယ်တော်တွေ နေသာနေသွားတယ် ကျောင်းလေးကို ဘာမှပြုပြင်မှု မလုပ်ခဲ့ဘူးဆိုတဲ့ သီရိလင်္ကာ ဘုန်းတော်ကြီးများရဲ့ အတွေးကဲ့ရဲ့မှုဒဏ်တွေကိုလဲ ကွာကွယ်ပြီး သာဖြစ်ရအောင်။ နောက်--မိမိပခုံးပေါ် ကျရောက်လာတဲ့ တာဝန်ကို ကျေပွန်စေ ချင်တာရယ်ကြောင့်---ဒီအတွေးစိတ်ကူးလေး ပေါ်လာရခြင်းဖြစ်ပါတယ်။
   ပေါ်လာတဲ့စိတ်ကူးအတွေးလေးကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ဝေငှလိုက်ခြင်းရယ်ပါ။ အားလုံးသော ညီတော်နော င်တော် မြန်မာရဟန်းတော်များ ၀မ်းမြောက်နုမော် သာဓုခေါ်ကာ ကျန်းမားရွှင် လန်းနိုင်ကြပါစေ။ ကုသိုလ်ရှင် ကျောင်းအစ်မကြီးလဲ သံသရာစ အပူကင်းပြီး အေးချမ်းသာယာ သော၊ ချမ်းသာခြင်း အတိရှိသော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေလို့----အမေ့မေတ္တာ အရှင်....။
Saturday, April 21, 2012
ဘယ်လိုနေရှာမလဲ
                                                  ဘယ်လိုနေရှာမလဲ
                                                         သို့
                                                   မာကြ,သာကြရဲ့လား
     မြတ်ဘုရားက ရဟန်းတော်တွေကို "ကစ္စိ ခမနီယံ၊ ကစ္စိ ယာပနီယံ..ချစ်သားတို့ ကျန်းမာကြသလား။ သပ္ပါယဖြစ်ကြရဲ့လား၊ ကျန်းခန့်မာလို့ သာပါရဲ့လား" လို့ ရဟန်းတော်တွေ နဲ့တွေ့တိုင်း မေးမြန်းလေ့ ရှိပါတယ်။ မြတ်ဗုဒ္ဓဆိုတာ ဗုဒ္ဓဘာသာကို တည်ထောင်မွေး ဖွားပေး ခဲ့သူ။ ခေါင်းဆောင်တစ်ဦးဖြစ်သလို။ လောကကြီးကိုလဲ အလင်းပြပေးခဲ့သူတစ်ဦး၊ သတ္တ၀ါတွေကို အမှန်းတရား ရှာဖွေးပေးခဲ့သူတစ်ဦးဖြစ်တဲ့။ သူတည်ထောင်ထားတဲ့သာသနာဘောင့်ကို ၀င်ရောက်လာသော ရဟန်းသံဃာအားလုံးကိုလဲ အမြဲတမ်းသာယာမှုကို ရရှိစေချင်သူ။ ဘယ်တော့မှ ရဟန်းသံဃာတော်တွေကို မျက်ကွယ်မပြုခဲ့ဘူး။ ဒါကြောင့်လဲ- မြတ်ဗုဒ္ဓက ရဟန်းတော်တွေကို ချစ်သားတို့ နေရထိုင်ရ သီတင်းသုံးရတာ အဆင်ပြေကြရဲ့လား။ ကျန်းမာကြရဲ့လား။ သပ္ပါယဖြစ်ကြရဲ့လား လို့ အမြဲတမ်းလိုလိုမေးမြန်းလေ့ရှိပါတယ်။ မေးဆို--မြတ်ဗုဒ္ဓက သာသနာ့ခေါင်းဆောင်တစ်ဦးပါ။
      ဒီလိုပါပဲ.. နေရာတိုင်းမှာ ခေါင်းဆောင်ဆိုတာ ရှိပါတယ်။ နိုင်ငံခေါင်းဆောင်တွေကလဲ မိမိရဲ့လက်အောက် ငယ်သား နိုင်ငံသူ-နိုင်ငံသားများကို အဆင်ပြေရဲ့လား။ သာယာမှုရှိကြရဲ့လားလို့ တွေးမိ စဉ်းစားမိကြမှာပါ။ မိသားစုတစ်စုမှာလဲ မိဘများကို သားသ္မီးတွေ အဆင်ပြေကြရဲ့လား။ နေကောင်းကျန်းမာကြရဲ့လား။ ဘယ်လိုများနေကြသလဲ ဆိုတာတွေကို စဉ်းစားမိမှာ အမှန်ပါပဲ။ အမြဲတမ်းတွေးနိုင်လေလေ။ စဉ်းစားနိုင်လေလေ ပိုကောင်းကောင်းလေလေပါ။
  အခု--အရှင်လဲ စဉ်းစားနေမိတာပါ။ သူတို့လေးတွေ ဘယ်လိုနေရှာမလဲ။ မာကြ-သာကြရဲ့လားလို့ပါ။ အမြဲတမ်းလိုလို တွေးမိ စဉ်းစားမိနေတာပါ။ သူတို့ဆိုတာက--အရှင်လွန်ခဲ့တဲ့နှစ်နှစ်တုန်းက မန်းလေး မိခင်တက္ကသိုလ်ကြီးက ပေးအပ်လိုက်သော သာသနာပြုတာဝန်တွေကို ထမ်းဆောင်ဖို့ကြွရောက်စဉ်က ကျခဲ့ဆုံခဲ့ ပြုစုစောင့်ရှောက်ခဲ့သော ခန္တီး နာဂတောင်တန်းဒေသက နာဂတိုင်းရင်သား-သူလေးများကို ဆိုလိုတာပါ။
   အားလုံးသိတဲ့အတိုင်းပဲလေ..အရှင်တို့တစ်တွေဟာ အမိတက္ကသိုလ်ကြီးမှာ လေးနှစ်တာပညာရပ်တွေ သင်ယူပြီး နှစ်နှစ်တာ မြန်မာနိုင်ငံအနှံ့အပြားရှိ နယ်စပ်နှင့်တောင်းတန်းဒေသများဆီသို့ သာသနာပြုခရီး ထွက်ခဲ့ကြရပါတယ်။ ရန်ကုန်-မန်းလေး အမိတက္ကသိုလ်ကြီး ရင်ခွင်နှစ်ခု မှ ပညာရည်နို့သောက်စို့ခဲ့ကြသော ညီတော်နောင်တော် ရဟန်းတော်များဟာ မိမိတို့ကျရာ ဒေသ အသီးသီးသို့ ထွက်ခွါချီ တက်ခဲ့ကြရပါတယ်။ ဝေးလံခေါင်း ပါးသော တောင်တန်းဒေသများရှိသလို။ ချောမွေ့ နီးသော မြေပြန့်များလဲ ရှပါတယ်။ ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်လောက်ပဲ ကြမ်းတမ်းကြမ်းတမ်း၊ ဘယ်လောက်ပဲ ခက်ထန်ခက်ထန်၊ ဘယ်လောက်ပဲ ခေါင်းပါး ခေါင်းပါး-- အရှင်တို့ တစ်တွေဟာ ငြင်းဆိုခွင့်မရှိ မိမိတို့ကြရာ ဒေသများဆီသို့ သာသနာပြုစိတ် ဓာတ်အပြည့်၊ တောင်တန်းဒေသက တိုင်းရင်း သားလေးတွေကို ပြုစြု ပုထောင်ပေးလိုသော စိတ်ဓာတ်အပြည့်နဲ့ ကြွရောက် ချီတက် ကြပါတယ်။
    အရှင်ကတော့--စစ်ကိုင်းတိုင်းဒေသထဲက ခန္တီးမြို့နယ် အတွင်းက လာဝယ်ဆိုတဲ့ နာဂရွာလေးတစ်ရွာကို တာဝန်ကျပါတယ်။ ခန္တီးကို မန်းလေးကနေ လေယျာဉ်နဲ့ သူငယ်ချင်းလေးပါး (အရှင်လက္ခဏ၊ သုမန၊ ဇောတိကတို့နှင့်) အတူ ကြွရောက်ခဲ့ကြပါတယ်။ ခန်းတီးက လေယျာဉ်က ၁ နာရီ လေးဆယ့်ငါးမိနစ် လောက်စီးရပါတယ်။ ခန္တီးမြို့လေး ဟိုအရင် တစ်ချိန်က ရတနာ -ကျောက်စိမ်းမြို့ေ တ်ာလေးပါ။ ခုတော့လဲ တောရွာလေးသာသာပါ။ ခန္တှီးမြို့ပေါ်မှာ ရှမ်း-မြန်မာ-နာဂတိုင်းရင်းသားအများစုနေထိုင်ကြပါတယ်။ ခရစ်ယာန် နဲ့ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတယ်။ စီးပွားရေးကတော့ ရွှေ၊ ကျောက်စိမ်း၊ တောင်ယာ၊ တံငါ၊ ဈေးရောင်း လုပ်ငန်းများကို အဓိက လုပ်ကိုင်စားသောက်ကြပါတယ်။ လမ်းပန်း ဆက်သွယ်ရေးကတော့ ကားလမ်း မပေါက်ပါဘူး။ ရေလမ်းနဲ့လေကြောင်းပဲရှိပါတယ်။ လေကြောင်းကတော့ ခန်းတီးကို တိုက်ရိုက်ရောက်ပါတယ်။ ရေကြောင်းကတော့ နှစ်ညအိပ်ကြာပါတယ်။ မုံရွာ ချဉ်းတွင်းမြစ်အတိုင်း ဆန်တက်ရပါတယ်။ ခန်းတီးမြို့လေးက ချဉ်းတွင်းမြစ်ဘေးမှာ တည်ရှိနေပါတယ်။ သာယာတယ်လို့လဲ ပြောနိုင်ပါတယ်။
    အရှင်ကြတဲ့လာဝယ်ရွာလေးကတော့ ခန်းတီးကနေ လေးမိုင်လောက်ဝေးပါတယ်။ ကားလမ်း-ရေလမ်း နှစ်မျိုးပေါက်ပါတယ်။ မိုးရာသီမှာတော့ ကိုယ်ပိုင် ဟွန်ဒါ စက်လှေလေးတွေနဲ့သွားကြလာကြပါတယ်။ ရေရှားချိန်မှာတော့ ကားလမ်းကနေ သွားကြလာကြပါတယ်။ ကားလမ်း ဆိုသော်လည်း ခြေကျင်သာ သွားလေ့ ရှိကြ ပါတယ်။ လေးမိုင်လောက်ဆိုပေမဲ့ တောင်ဆင်းတောင် တက်လမ်းတွေဖြစ်တာမို့ ပုံမှန်အားဖြင့် ၂ နာရီလောက် လျှောက်ရပါတယ်။ အရှင်ကတော့ ဗဟိုခေါင်းဆောင်ဆရာတော်။ ခရိုင်သာသနာရေးမှူး၊ မြို့နယ်သာသနာရေးမှူးတို့နဲ့အတူ သုံးဘီးကားနဲ့သွားခဲ့ပါတယ်။ လာဝယ်ရွာ ဥက္ကဌအဖွဲ့တွေလဲ လာကြိုကြပါတယ်။ အရှင်မှာကလဲ မန်းလေးက ပါလာခဲ့သော အ၀တ်အစား။ လုံခြည်။ ဆပ်ပြာမုန့်။ ချိုချဉ် အထုပ်တွေကလဲ ပါတော့ ကားကို အတော်လေး မောင်းရပါတယ်။ လမ်းတွေကတော့ မဆိုးပါဘူး။ ဖုန်ပေါပြီး ကျောက်စရစ်ခဲများပါတယ်။ လမ်းကတော့ အမြင့်ပိုင်းကြပါတယ်။ လမ်းဘေးဝဲယာအောက်မှာတော့ ချောက်တွေပေါပါတယ်၊ တောင်ယာ-တောင်ခင်း-လယ်ယာတွေကိုလဲ တွေရပါတယ်။ ရွာကိုမရောက်ခင် ပထမဦးဆုံးတွေ့ရတာက ခန်းတီး အကျဉ်းထောင် ပါပဲ။ ထောင်ရဲ့ခေါင်းရင်းမှာ စေတီတစ်ဆူကို ဖူးတွေ့ရပါတယ်။ ခန်းတီးထောင်ကို ကျော်ပြီး သိပ်မကြာခင်မှာပဲ လာဝယ်ရွာလေးကို ရောက်ခဲ့ပါတယ်။ တကယ်တော့ လာဝယ်ရွာလေးနဲ့ ခန်းတီးအကျဉ်းထောင်က သိပ်မဝေးပါဘူး။ ဆယ်မိနစ်လောက်ပဲ လျှောက်ရပါတယ်။
       ရွာကိုရောက်တာနဲ့ ရွာသူရွာသားတွေက စောင့်ကြိုနေကြပါတယ်။ ကလေးတွေလဲအများကြီးပဲလေ။ သူတို့က ကလေးတွေကို ပိုးတံဘက်နဲ့ အမြဲတမ်းပဲ ပိုးထားကြပါတယ်။ ချီတယ် ပွေ့တယ်ဆိုတာ မရှိသလောက်ပါပဲ။ အားလုံးကု အရှင်ကို ၀ိုင်းကြည့်ပြီး ပြုံပြကြပါတယ်။ လော်ဝမ်း--လော်ဝမ်း လို့ခေါ်နေတာကိုလဲ ကြားရပါတယ်။ ဘာပြောမှန်းတော့ မသိဘူးပေါ့။ ရွာလေးက အောက်ချိုင့်လေးထဲမှာ တည်ထားမို့ ကားလမ်းပေါ်ကနေ တစ်ရွာလုံးကို မြင်နေရပါတယ်။ နောက်--သာသနာပြုရွာဦးကျောင်းနဲ့ ရွာဦးစေတီကိုလဲ ထင်းထင်းကြီး ဖူးတွေ့ရပါတယ်။ ရွာသူရွာသားတွေက အထုပ်အပိုးတွေကို ၀ိုင်းသယ်ပေးကြပါတယ်။ ကျောင်းကိုသွားရာလမ်းက ရွာလယ်ခေါင်မှာမို့ အိမ်းတိုင်း ထွက်ပြီး ကြည့်ကာပြုံးပြနေကြပါတယ်။ ကျောင်းကိုရောက်တော့ ဆရာတော်ကြီးကို ရှိခိုးပြီး ရွာသူ-သားတွေနဲ့ မိတ်ဆက်ပွဲလေးလုပ်ပါတယ်။
       ဒီမှာ--ဆရာတော်ကြီးဆိုတာက နာဂတိုင်းရင်းသား ဘုန်းကြီးတစ်ပါးပါ။ ခန်းတီးဇာတိပဲဆိုပါတော့။ ဒီရွာလေးကို အရင်က တက္ကသိုလ်ကျောင်းဆင်းရဟန်းတော်တွေကို ချလေ့မရှိပါဘူး။ အရှင်က ပထဦးဆုံး နပသ ကျောင်းဆင်း သာသနာပြုရဟန်းတော်ဆိုပါတော့။ အပြင် သထပ သာသနာပြု ရဟန်းတော်အဆက်ဆက် သာသနာပြုခဲ့တာပါ။ အခုတော့ ဆရာတော်ကြီးက အသက်လဲ ကြီးလာ--စာပေကလဲ သိပ်မတတ်တော့ အရှင်ကို ထပ်ချပေးတယ်ဆိုပါတော့။ ဆရာတော်ကြီးကတော့ ၅၀ ကျော် ၆၀ ဆိုတော့ ဆေးပဲကုပေးနိုင်တယ်လေ။သို့သော် ဆရာတော်ကြီး ကျေးဇူးတွေက ရွာသူ-သားတွေအပေါ်မှာ မနည်းပါဘူး။ ဆရာတော်ကယ်ခဲ့တဲ့ သူတွေ နည်းမှ မနည်းပဲ။
    အရှင်ကတော့ ဆရာတော်ကြီးနဲ့ နေပြီး သာသနာပြုရပါတယ်။ ကံကောင်းတယ်ပဲပြောရမလား။ ကံဆိုးတယ်ပဲပြောရမလား မသိဘူး။ ကျောင်းက နှစ်ထပ်အသားကျောင်း သွပ်မိုး။ စေတီတစ်ဆူရှိတယ်။ မီးစက်ရှိတယ်။ ရေပြည့်စုံတယ်။ နေဖို့စားဖို့ ပြည့်စုံတယ်ဆိုပါတော့။ ရွာက ဆွမ်းပို့ပေးပါတယ်။ ပထမ တစ်ရက်နှစ်ရက်တော့ ကြောင်တောင်တောင်ပါပဲ။ ကျောင်းသားကိုရင်မရှိလို့လေ။ ရွာလေးက အိမ်ခြေ ၇၀ကျော်ရှိပါတယ်။ အားလုံးက ဗုဒ္ဓဘာသာချည်ပဲ။ သူတို့ ရိုးရာဓလေ့စည့်ကမ်းလေးက ကောင်းတယ်။ ရွာမှာ အားလုံး ဗုဒ္ဓဘာသာဝင်တွေချည်ပဲ ရှိရမယ်။ တခြား ဘာသာခြားတွေလာနေချင်တယ်ဆိုရင် အားလုံး ဗုဒ္ဓဘာသာကိုပြောင်းရတယ်။ အိမ်ထောင်ပြုတဲ့အခါမှာလဲ ခရစ်ယာန်ဘာသာဝင်တစ်ဦးကို လက်ထပ်မယ်ဆိုရင် ရွာမှာနေပါက ဗုဒ္ဓဘာသာပြောင်းရတယ်။ မပြောင်းဘူးဆိုရင်တော့ ရွာမှာနေလို့မရဘူး။ တရွာလုံး အခုချိန်ထိ ဒီစည်းကမ်းကို လိုက်နာကြတယ်။ ကျိုးဖောက်တဲ့သူမရှိသေးဘူး။
       ပထမတစ်ရက်နှစ်ရက်တော့ အရှင်လဲ ရွာသူ ရွာသားတွေနဲ့ ရင်းနှီးမှုရအောင် ဆိုပြီး ရွာထဲကို လမ်းလျှောက်ထွက်တယ်။ အိမ်တွေကို လိုက်လည်တယ်။ ကလေးတွေကို မုန့်ကျွေးပြီး ကျောင်းကိုခေါ်တယ်။ တန်းကျောင်းသားလေးတွေ လေးငါးဆယ်ယောက် ကျောင်းကို လာအိပ်ကြတယ်။ သူတို့လေးတွေကို ညမှာ ဘုရားရှိခိုး။ ဆုံးမစာလေးတွေကို သင်ပေးပါတယ်။ တန်းကျောင်းက စာတွေကို ပြန်သင်ပေးတယ်။ ပုံပြင်ပြောပြပေးတယ်။ ကလေးတွေကလဲ နားထောင်ကြပါတယ်။ အရှင်ကိုလဲ ခင်ကြမင်ကြပါတယ်။ သူတို့လေးတွေကို မနက်တစ်ချိန် ၊ ညတစ်ချိန် ဘုရားရှိခိုးတက်ခိုင်းတယ်။ စောစောထခိုင်းပြီး ဘုရားရှိခိုးတက်ခိုင်းပြီး ရေနွေးအိုးတည်သူကိုတည်ခိုင်း၊ တံမြက်စည်းလည်း ကြမ်းတိုက်ခိုင်းသူကို ခိုင်း၊ သောက်ရေအိုးဖြည့်ခိုင်းသူကို ခိုင်း ရပါတယ်။ အရှင်ကလဲ သူတို့ဆီကနေ့ နာဂစာလေး ပြန်လည်သင်ရပါတယ်။
    နောက်--သူတို့လေးတွေပျော်အောင် ညနေပိုင်းမှာဆို ဘောလုံးကန်ခိုင်းရတယ်။ တစ်ခါတစ်လေလဲ ကိုယ်တိုင်ကန်ပေးရပါတယ်။ ဘောလုံးကန်ပြီးတာနဲ့ ခဏနားပြီး ချောင်းကိုသွားပြီး သူတို့လေးတွေနဲ့အတူ ရေးချိုးရပါတယ်။ ပြန်လာတာနဲ့ သူတို့လေးတွေကို မီးဖိုချောင်ဝင်ပြီး ညနေစာ စီမံပေးရပါတယ်။ နေ့လည်က ချန်ထားတဲ့ဟင်းလေးတွေကို ပြန်နွေးပြီး အရှင်ဝယ်ထားတဲ့ ပဲကြမ်းကြော်--ငပိဖူးလေးတွေကို ဝေပေးရပါတယ်။ သူတို့စားပြီးတာနဲ့ ဘုရားရှိခိုးတက်ခိုင်းပြီး စာကျက်ခိုင်းရပါတယ်။ ၈ နာရီလောက်ဆို နားခိုင်းပြီး အနားမှာ ခေါ်ကာ ပုံပြင်ပြောပြ--ဆုံးမစကားပြောပြပါတယ်။ ကိုးနာရီလောက် အိပ်ခိုင်းလိုက်ပါတယ်။ မိးက ဖုယောင်းတိုင်ဆိုတော့လေ။ မီးးစက်က ဆရာတော်ကြီးက မမောင်းချင်တော့--မမောင်းဖြစ်ဘူးလေ။----ဆက်ပါမည်။
             အားလုံးရွှ့င်လန်းချမ်းမြေ့သာယာရှိပါစေ! အမေ့မေတ္တာ အရှင်..။
Monday, April 16, 2012
Religions.
                                   Religions
      In this chapter, I think it should be described a modicum about the basic principles of the main religions. The reason it should be described is the men and children, the Buddhists and others to observe each religion by comparing and by developing consideration knowledge, and to criticize and discriminate truth and false, since childhood.
     In the academic study of religion as a phenomenon in history the term ‘religion’ can be considered in its different aspects: as an inner experience, as theology, or intellectual formulation of doctrine, as a basis or source of ethics and as an element in culture.
       Different scholars have given different views and opinions of its nature and meaning. According to Aldous Huxley, religion is, among other things, a system of education, by means of which human beings may train themselves, first to make desirable changes in their own personalities and in society, and second, to heighten consciousness and so establish more adequate religions between themselves and the universe of which they are parts.
   Modern India philosophers like Dr. Radhakrishnan, have expounded the theme that religion is not a set of doctrines but that it is experience. And religious experience is based on the realization of the ‘presence of the divine in man. ‘H.G. Wells says ‘religion is the central part of our education that determines our moral conduct’. The German philosopher, Kant, stated that ‘religion is the recognition of our moral principles as laws that must not be transgressed.’
      The Buddha’s message as a religious way of life: “Keeping away from all evil deeds, cultivation of life by doing good deeds and purification of mind from mental impurities.” For our purposes, religion may be defined in a very broad sense as a body of moral and philosophical teachings and the acceptance with confidence of such teachings.
     In this present world, men can be able to chooses as one’s wish and take refuges religion what is one appreciates freely. Regarding about it, men are taking refuge various religion, such as Hinduism, Buddhism, Islam, Christianity, Judaism, Jainism and so on. However, there are just four religions, which the great power and many million people are taking refuge. They are;
       (1) Hinduism,
       (2) Buddhism,
       (3) Christianity and
       (4) Islam.
I will mentioned it more and later. Be patient me. 
May all of you be happy and peaceful in your mind and body!