Saturday, May 19, 2012

about religions

           Among those which the main and great religions, can’t find the start founder of Hinduism in any books and literatures. And so also no one can know the start founded era. The religion, which is known the start founder and era, exactly, are;
(1) Buddhism,
(2) Christianity and
(3) Islam.
       Those three religions are able to find the start founder and era obviously, cause of describes exactly in their texts, literatures and Bibles. The start discoverer and guider of Buddhism is The Gautama Buddha. The Gautama Buddha is born in the year 623 B.C. He has attained the highest enlightenment in the year 588 B.C. The start founder of Christianity is Jesus Christ. He was born in the year 400 B.C. And he start founded his religion in the year 27 A.D. The start founder of Islam is Mohammad. He was born in the year 571 A.D. And start founded his religion in the year 610 A.D.
              Therefore, amongst these three Great Religions of world which know the start founder and era exactly, Buddhism is the emerged religion so earlier. Christianity is emerges in 623 years after emerging Buddhism. Islam is the religion which emerges 1194 years later after emerging Buddhism and 571 years later after emerging Christianity. Islam is the last emerging religion among the world Great Religion. 
               Taking Refuge To the Gods.
These three religions, Hinduism, Christianity and Islam are the World Great religions which believe and take refuge to the Gods. Although their taking refuge to the Gods are the same, the Gods and the various creator are a little different. The God is has difference of name according to religions. Hindu people called their God Ishwar, Christian people give the name their God Jehovah, and Muslim people denominate their God Allah. Other Hinduism, Christianity, and Islam except Buddhism are the religions of accepted the Gods.

Monday, May 14, 2012

ခွဲခွါခြင်း ဆုတောင်း


ဘ၀ဟာ အိပ်မက်တစ်ခုဆိုရင် အိပ်မက်ထဲမှာ ကျွန်တော်တို့ တွေ့ခဲ့ကြတယ်။ ပြန်မက်ဖို့ မဖြစ်နိုင်တဲ့ အိပ်မက်တွေကို သတိရမှုတွေနဲ့ဘဲ ဖြေသိမ့်ရမှာပေါ့။ အိပ်မက်ထဲမှာ ကျွန်တော်တို့ ပြန်ဆုံခွင့် ရှိအုံးမှာပါ။ အိပ်မက်ထဲက တက္ကသိုလ်ဇာတ်လမ်းမှာ ကိုယ့်စရိုက် ကိုယ့်အကြိုက်နဲ့ ကပြခဲ့ကြတယ်။ ဇာတ်လမ်းထဲမှာ ကျနော်ဟာ လူဆိုးဖြစ်ခဲ့ရင် ကျနော့်ကို ဇာတ်ပို့တစ်ဦးလို့ သဘောထားပေးပါ။ “အကယ်ဒမီ” ရတဲ့ နေ့တစ်နေ့ကို ရောက်ခဲ့ရင် အပြုံးတွေနဲ့ လက်ဆွဲနှုတ်ဆက်ကြမယ်လေ။ ဒီဇာတ်လမ်းမှာ အားလုံး အားလုံး အကယ်ဒမီ ရကြပါစေ။
     
    အထက်ပါ ရင်းတွင်းဖြစ်ခံစားချက်လေးကို ညီမောင်ဥာဏောဒယက တက္ကသိုလ် ဖိုင်နယ်ကျောင်း သားဘက ရေးစပ်သွားခဲ့တာပါ။ အမိတက္ကသိုလ်ကြီးမှာ လေးနှစ်တာ ပညာရပ်တွေ သင်ကြားပြီး မာစတာတန်းကို တက်ခွင့် မရကြ တဲ့ကျောင်း သားတိုင်း နယ်စပ်နဲ့တောင်တန်းဒေသကို ၂ နှစ်တာ သာသနာပြု တာဝန် တွေကို ထမ်းဆောင်ဖို့ သွားရမယ်ဆိုတာ ဖိုင်နယ်အရှင်များအားလုံး သိကြ ပါတယ်။
          သိကြတဲ့အတိုင်း..နောက်ဆုံးနှစ်မှာ အမှတ်တရ အဖြစ် ရင်တွင်းဖြစ်စ ကားလေးများကို တန်ဆာဆင်ပြီး နေရပ်လိပ်စာများနဲ့အတူ စာအုပ်လေး တစ်အုပ်ဖန် တီးကြ ပါတယ်။ ဒီစာအုပ်လေးမှာ ညီမောင် ဥာဏောဒယက… တကယ်တော့ ဘ၀ဆိုတ တဲ့ခဏတာ အိပ်မက်မှာ ကျနော်တို့အားလုံး တဒင်္ဂလေး တွေ့ဆုံခဲ့ကြ ပါတယ်။ အိပ်မက်ဆိုတာ တကယ်အစစ်အမှန်မဟုတ်တာမို့ ပြန်မက်လို့ မဖြစ်နိုင် တော့ဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် သတိရခြင်းတွေနဲ့ ဖြေသိမ့်ကြ တာပေါ့။ အိပ်မက်ဆိုတဲ့ ခဏတာ ဘ၀မှာ ကျနော်တို့အားလုံး ပြန်ဆုံခွင့်ဆိုတာ ရှိအုံးမှာပါ။
       မန်းလေး နပသဆိုတဲ့ အိပ်မက်ထဲက တက္ကသိုလ်ဇာတ်လမ်းမှာ ကျနော်တို့တစ်တွေဟာ ကိုယ့်စရိုက်၊ ကိုယ့်အကြိုက်၊ ကိုယ့်ပိုင်ဟန်တွေနဲ့ အမျိုးမျိုး ကပြခဲ့ သရုပ်ဆောင်ခဲ့ကြပါတယ်။ တက္ကသိုလ် လေးနှစ်တာ ဇာတ်လမ်းမှာ ကောင်းတာတွေရှိသလို ဆိုးတာတွေလဲ ရှိခဲ့ကြပါတယ်။ ကောင်းသူတွေရှိသလို ဆိုးသူတွေလဲ ရှိခဲ့ကြပါတယ်။ တော်သူတွေရှိသလို ညံ့သူတွေလဲ ရှိခဲ့ကြပါတယ်။ တကယ်လို့ ကျနော်ဟာ ဒီလေးနှစ်တာ တက္ကသိုလ်ဇာတ်လမ်းမှာ လူဆိုးဖြစ်ခဲ့ရင် ကျနော်ကို ဇာတ်ပို့တစ်ဦးလို့သာ ဘောထားပေးပြီး နားလည်ပေးကြပါ။ ဘာပဲဖြစ်ဖြစ် အကယ်ဒမီဆိုတဲ့ အောင်မြင်မှု ရွှေစဉ် ဘီအေ ဘွဲ့ကိုရတဲ့တစ်နေ့ကို ကျနော်တို့ အားလုံး ရောက်အုံးမှာပါ။ အဲ့ဒီအခါ အပြုံးတွေနဲ့ လက်ဆွဲနုတ်ဆက်ဖို့ မမေ့ကြပါနဲ့။
         နောက်..ဒီတက္ကသိုလ် လေးနှစ်တာနဲ့ တောင်တန်း နှစ်နှစ်တာ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်သူ အားလုံး အကယ်ဒမီ ရကြပါစေလို့လဲ ဆုတောင်းပေးခဲ့တာပါ။
           ညီမောင် ဥာဏောဒယက သူရဲ့ရင်တွင်းဖြစ်အမှတ်တရ ဆုတောင်းကို လူသိရှင်ကြား ဟစ်ကြွေးခဲ့ပေမဲ့။ ပထမ အကယ်ဒမီ ရွှေစင်ရုပ်ထုပေးပွဲမှာတော့ အလှမ်းအေ တ်ာလေး ကို ဝေးခဲ့ ပါတယ်။ နောက်ဆုံးအဆင့် ဆန်ခါတင် ဇာတ်ကား ထဲမှာကို မပါဝင်နိုင်ခဲ့တာပါ။ ကံဆိုးချင်တော့ ဖိုင်နယ်မှာ သူကျ ရှုံးနေခဲ့ရပါတယ်။ ဒါကလဲ ဖြစ်တတ်တဲ့ သဘောတရားပါ။ ထင်ကြေးပေး ခံရများဆုံး မင်းသားတွေ ရွှေစင် ရုပ်ထုနဲ့ လွဲခဲ့သလိုပေါ့။ ဒါပေမဲ့ သူရဲ့ရင်တွင်းဖြစ် ဟစ်ကြွေးမှု စကားနဲ့ ညီဖို့ သူ ထပ်မံကြိုးစားခဲ့ပါတယ်။
         နောက်နှစ်အကယ်ဒမီ ရွှေစဉ်ရုပ်ထုပေးပွဲ အတွက်တော့ သူဟာ နောက်ဆုံးဆန်ကာတင် စာရင်းမှာ ပါဝင်ခဲ့ပြီး။ နယ်စပ်နဲ့တောင်တန်းဒေသသို့ ၂ နှစ်တာ သာသနာပြုတာဝန်တွေကို ထပ်ဆောင်ဖို့ သူ ထွက်ခွါခဲ့ရပါတယ်။ ဝေးလှံခေါင်းပါတဲ့ ချင်းပြည်နယ်ဒေသသို့ပါ။ သူတာဝန်ကျရာ ဒေသမှာ သူအတော်ေ လးကို သာသနာပြု လုပ်ငန်းတွေ လုပ်ပေးခဲ့ပါတယ်။ ၀ါသနာ၊ စေတနာ၊ အနွံနာတွေနဲ့ပါ။ ဖြစ်ချင်တော့ ပထမနှစ်မှာပဲ သူမှာငှက်ဖျားရောဂါကို ပြင်းထန်စွာ ခံစားခဲ့ရပါတယ်။ အဲ့ဒီဒဏ်ကြောင့်ပဲ သူစိတ်တွေ ပုံမှန်အနေအထားကနေ တမ်းချော် သွားခဲ့ပါတယ်။ ဒါကြောင့် သူကို မန်းလေးမြှာ ပန်ခေါ်ပြီး ဆေးဝါး ကုသမှုပေးခဲ့ရပါတယ်။ ဆေးဝါးသာ ကုသမှုခံနေတာ သူရဲ့စိတ်အတွေးက သူချစ်တဲ့ ချင်းတောင်တန်းေ ဒသက တိုင်းရင်းသား /သူလေးတွေဆီကိုပဲ ရောက်နေပါတယ်။
 ဒါကြောင့်လဲ သက်သာလာတာနဲ့ အကယ်ဒမီရွှေစင်ရုပ်ထုဆိုတဲ့ ဘီအေဘွဲ့အတွက် ပေးဆပ်စရာ တွေနဲ့ ကျန်နေခဲ့တဲ့ ချင်းတောင်တန်းကို ထပ်သွားခဲ့ပ်ါတယ်။ သာသနာပြု လုပ်ငန်းတွေကို ကြိုးစား ပမ်းစား ပြုလုပ်ရင်း အကယ်ဒမီရွှေစင် ရုပ်ထုပေး ပွဲကြီးကလဲ နည်းကပ်လာခဲ့ပါတယ်။ သူရေးစပ်ခဲ့တဲ့ ရင်တွင်းဖြစ် အမှတ်တရ စကားလေးအတိုင်း ကျနော်တို့တစ်တွေ တကယ် အကယ် ဒမီ ပေးပွဲကြီးရောက်လာခဲ့ပါပြီ။ အကယ်ဒမီ ဆုဆိုတဲ့ ဘီအေဘွဲကို လက်ခံရယူမဲ့ သူတွေကလဲ ပျော်ကြ ရွှင်ကြ၊ ပြင်ဆင်နေကြ ပါတယ်။ ဆုရရှိမည်သူတွေရဲ့ မိသားစု အသိုင်းအ၀ိုင်းတွေလဲ ၀မ်းသာမဆုံး ဂုဏ်ယူမဆုံးဖြစ်နေကြပါပြီ။
       သို့သော်…တကယ်တမ်း အကယ်ဒမီရွှေစင် ရုပ်ထု ပေးပွဲကို တကယ်ကျင်း ပပြီလဲဆိုရော သူခများ အကယ်ဒမီဆင်မြင့်ခုံပေါ်ကို မတက်ရောက်နိုင်ခဲ့ပါဘူး။ သူပြောခဲ့၊ ဆုတောင်းခဲ့တဲ့ ..အကယ်ဒမီဆုကို ရတဲ့တစ်နေ့ရောက်ရင် အပြုံး ကိုယ်စီနဲ့ လက်ဆွဲနုတ်ဆက်ကြမယ်ဆိုတာနဲ့ လွဲချော်ခဲ့ပါတယ်။ အကယ်ဒမီဆိုတဲ့ ဘီအေ ဘွဲ့ထူး ဘွဲ့မြတ်ကို သူခမျာ တက်ရောက် မယူနိုင်ခဲ့ရှာပါဘူး။ တကယ်ပဲ သူပြောခဲ့သလို သူဟာ ဇာတ်ပို့တစ်ဦးမျှသာလေလား ညီမောင် ဥာဏောရေ။
     ငါတို့အားလုံး ညီမောင်ရဲ့ ဆုတောင်းဖြစ်တဲ့” ဒီဇာတ်လမ်းမှာ အားလုံး အားလုံး အကယ်ဒမီ ရကြပါစေ” ဆိုတဲ့ ဆုတောင်းနဲ့ ပြည့်ဝခဲ့ပါတယ်။ ငါတို့အားလုံး ညီမောင်ပြောခဲ့တဲ့ အကယ်ဒ မီရတဲ့နေရောက်ရင် အပြုံးကိုယ်စီနဲ့လဲ အချင်းချင်း လက်ဆွဲနုတ်ဆက်နိုင်ခဲ့ကြပါပြီ။ ငါတို့အား လုံး တောင်တန်းဒေသမှာ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားပြီး သာသနာပြုတာဝန်တွေကို ထမ်းဆော င်နိုင်ခဲ့ပါပြီ။ ညီမောင်လဲ ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့တာပဲ။ တာဝန်တွေကျေပွန်ခဲ့ပါလျှက်။ ၂ နှစ်တာဆိုတဲ့ နိုင်ငံတော်က သတ်မှတ်ပေးလိုက်တဲ့ အချိန်ကာလကိုလဲ ပြည့်အောင် ထမ်ဆောင်နိုင်ခဲ့ ပါလျှက်။ ညီမောင်က ဆင်မြင့်ပေါ်ကို မတက်နိုင်ခဲ့ဘူး။ ငါတို့အားလုံးမင်းကို စောင့်နေတယ်။ ညီမောင်ကို ရှာဖွေနေ ကြတယ်။ ညီမောင်ပြောသလို လက်ဆွဲ နုတ်ဆက်ဖို့ပါ။
      ညီမောင်ရေ..မင်းဘယ်များရောက်နေလဲ။ ဘာတွေဖြစ်နေလဲ။ မင်းဘယ်ပဲ ရောက်နေနေ။ ဘာတွေပဲဖြစ်နေဖြစ်နေ။ မင်းကို ငါတို့အားလုံးက ဂုဏ်ယူလျှက်၊ အားပေးလျှက်၊ နုတ်ဆက်လျှက်ပါ။ သတိရနေလျှက် ဆိုတာ ကို..ညီမောင်သိအောင်..
       “ဘ၀ဟာ အိပ်မက်တစ်ခုဆိုရင် အိပ်မက်ထဲမှာ ကျွန်တော်တို့ တွေ့ခဲ့ကြတယ်။ ပြန်မက်ဖို့ မဖြစ်နိုင်တဲ့ အိပ်မက်တွေကို သတိရမှုတွေနဲ့ဘဲ ဖြေသိမ့်ရမှာပေါ့။ အိပ်မက်ထဲမှာ ကျွန်တော်တို့ ပြန်ဆုံခွင့် ရှိအုံးမှာပါ။ အိပ်မက်ထဲက တက္ကသိုလ်ဇာတ်လမ်းမှာ ကိုယ့်စရိုက် ကိုယ့်အကြိုက်နဲ့ ကပြခဲ့ကြတယ်။ ဇာတ်လမ်းထဲမှာ ကျနော်ဟာ လူဆိုးဖြစ်ခဲ့ရင် ကျနော့်ကို ဇာတ်ပို့တစ်ဦးလို့ သဘောထားပေးပါ။ “အကယ်ဒမီ” ရတဲ့ နေ့တစ်နေ့ကို ရောက်ခဲ့ရင် အပြုံးတွေနဲ့ လက်ဆွဲနှုတ်ဆက်ကြမယ်လေ။ ဒီဇာတ်လမ်းမှာ အားလုံး အားလုံး အကယ်ဒမီ ရကြပါစေ။”
       ညီမောင်ရဲ့ ရင်တွင်းဖြစ်စကားလေနဲ့ပဲ ဂုဏ်ပြု သက်သေပြလိုက်ပါတယ်။
ညီမောင် တစ်ယောက် သာယာပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ…
အမေပေးလိုက်တဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ကလေး ပုံမှန်မအဖြစ် ပြန်လည်ရရှိပါစေ..လို့
ညီမောင်ရဲ့ ဘ၀တူ…….အမေ့မေတ္တာ..အရှင်..

Friday, May 11, 2012

ရာစုသစ်" ရဲ့ ......" ခေတ် တရားပွဲ"

ရာစုသစ်" ရဲ့ ......" ခေတ် တရားပွဲ"

အနာ ဂါတ် ရဲ့ 

မှတ်သား ဖွယ် ရာ

ဒေ ဿနာ ကြား

"ခေတ် တ ရား" ပွဲ

အမှား ထဲ က

အ မှား ပြ တဲ့

အဓမ္မ က

ကျကျ န န

ဆို ဆုံး မ ထား

အား မနာ လျှာ မကျိုး

အဆိုး ကို အ ကောင်း

အကောင်း ကို အ ဆိုး

"ကြော် ငြာ" ထိုး သူ များ အ တွက် ၄င်း.......၊


ပမာ ဆို က

ဘယ် လို နေ နေ

ရေ ထဲ ထိုးကျ

ကျိုး ကျ နေ တဲ့ တံ တား

"မ ဆိုးလှ" ပါ တကား ဟု ပြောသူ များ အား ၄င်း.....၊

အ မြင် မ လှ

တက် မ က ကျိုး

လှေ အ မိုး ပျက်

ကျိုး ပဲ့ ရွတ် တိုင်

မျက် နှာ ချင်း ဆိုင် လှော် တဲ့

"သမိုင်း အ ကျော် အ မော်" များ အား၎င်း.......၊


အိမ် ဦးဝ

မျက် နှစာ ဆွေး

နံ ရံ ဆေးကွက်

ပျက် ကျ ကြမ်းပြင်

အသွင် ပြင် ဆိုး

အိမ် အ မိုး ပေါက် အား

"မဆိုး လောက်" ပါ တကား ဟု..... ပြောသူ များ အား၎င်း.......၊


ဗြုတ် စ ဗျင်း တောင်း

ဘ၀ ကျောင်း မှာ

ကောင်း ကွက် မရှိ

"င ဖယ်" သိ နှင့်

အရှိ ကို ဖုံး

မိလ္လာ ပုံး သို့ 

ရင် ဆို့  အော့ အန်

"သင်" "ညာ" ဥာဏ် အား

"မှန် လှပါ ဖုရား" ဟု.... ပြောသူ များ အား ၄င်း........၊


မျော် လင့် ချက် ပျောက်

ရေ ကြည် နောက် ထဲ

သဲ သဲ မဲ မဲ

ဆွဲ မိရာ ဆွဲ

တို့ လက် ထဲ မှ

တစ် ခါ ရ ဘူး

မ ထူး လက် မှတ်

ဆုပ် ကိုင် ရပ် လို့ 

စက် သတ် နာရီ

မ မည် နိုင် လည်း

"ကောင်း ဆဲ ပါ" ဟု...... ပြောသူ များ အား ၄င်း........၊


ရေး လို့ မ ရ

ခါး လည် က ကျိုး

ပိုး ထိုး ဖောင် တိန်

အရောင် မှိန် ပျောက်

မှင် ခန်း ခြောက် လဲ

ဇွဲ န ဘဲ နဲ့ 

"ကောင်း ဆဲ ပါ" ဟု ...... စာ စီ ပြ သူများ အား ၄င်း........၊


ရှေး အစဉ်က

အောင်မြင်ကြ တဲ့

တို့  အာရှ မှာ

ဘာ ကွ ညာ ကွ

ငါ ဟ လာကြ

ဘာ ညာ ကွိ ကွ

ပြသ တဲ့ ဇတ် ဟောင်း

အပ် ကြောင်း လဲ ထပ်

တရ စပ်

လေတပ် ရဲ့ ပြပွဲ

နှစ် ပေါင်း လဲ မနည်း တော့

ဒါ လည်း ပဲ ငါ ကွ

တစက် မှ မလျှော့ နိုင်

"ဟစ် တိုင်" လု ပွဲ ၀င် နေ သူများ အား ၄င်း.....၊


ကဲ....... ဒါ တင် မက

နောက် တ ယောက် က

မရ မ က

ဒုခိ တ္တ ကြား

တအား ထ ခိုင်း....

ထ ကြ လော့... ထိုင် ကြ လော့

xxx လော့ ....xxx လော့

နောက် ဆုံး တော့........

ငေးကြ လော့ ... ဆွေး ကြ လော့

ငိုင် ကြ လော့ .. မှိုင် ကြ လော့

ငို ကြ လော့ .... ယို ကြ လော့

တွေကြ လော့ .... ဝေ ကြ လော့

သေကြ လော့ .... ကြေ ကြ လော့

ကောင်း ကြ ပေါ့ ... နှောင်း လှ ပေါ့..... စ တဲ့

ကောင်း သယောင် စာ သား နဲ့ 

"အဟောင်း ပြစား" သူများ အား ၄င်း...........၊


ကလေး တယောက်ရဲ့

တောက် ပ တဲ့ အနာဂါတ်

စက် ရပ် တဲ့ နာရီ

သွေဖီ တဲ့ ကျင့် ထုံး

ကျက်မှတ် အုံး မြင် မြင် သမျှ

သင် လာကြ စဆုံး

အရ ဆုံး က သွေး န ထင်

တွေး မ မြင် ဥာဏ် တုံး

အရ ရှူံး တဲ့ ခေတ် မှာ

အနှစ် က မ ပါ

အကာ က သုံး မရ

အဆုံး မှာ ရ သွား ခဲ့

ကျိုး ပဲ့ တဲ့အနာ ဂါတ်

မညှာ မ တာ ထပ် လို့ 

"သော့ ခတ် ထား" သူ များ အား ၄င်း..........၊


လောက သစ္စာ

ထို ထို မှာ မှ

"နာ" လူ တ ယောက်

ဆေးရုံ ရောက် သော်

ဟောပြ ဒေသနာ

ဝေ ဒ နာ လို လို

စေ တနာ လို လို

ဂရု ဏာ လို လို

အနစ် နာ လို လို

ဘာ လို လို .....ညာ လို လို

အ၀ှာ လို လို နဲ့ 

မဆို ခဲ့ သစ္စာ

အို ဘယ့် ခေတ်မှာ

လူမ မာ ရဲ့ အသက် တချာင်း

အလောင်း အစား ပြု တာ လား

တောင်း စား ကု ကာ ပေး သွား သော

မနှေး အ မျော် မြင် ကြီး တဲ့

အ တွေး ချော် ရှင် ကြီး များ ရဲ့

သွေး မတော် သား

အလျှော် ကား မရှိ

အစားနဲ့ ပြည့် နေ တဲ့

တို့ များရဲ့ အ ဂတိ

"ပါဏာ တိ" ကုသိုလ် ရှင် များ အား ၄င်း........၊



"ပြေး" ကြည့် ပါ လှည့်

ဘ၀ ရဲ့ ကာမ ဂုဏ်

"လာ" အ ကုန် ရယ် ၀ါး မဲ့

ဆုံ လည် ထိုင်ခုံ များ..... န့ဲ

ပုံ သေကားချပ်

အသာ ရပ် နေ လို့ 

မခို့  တရို့  နဲ့ 

ပို့  ပေး မဲ့ စား ပွဲ တ လုံး

မင်း ကို ပြုံး ပြ

သုံး လို့  မရ

"အ" တ တ အ ကောင် ရာ တဲ့ ...

ဒါ အမှောင် အလုပ်

မရှောင် တခင် မဟုတ်

လျှင် သလို အုပ်

ဖြုတ်ထုပ် ခုတ် ကြ

သရုပ်ပြ ပွဲ

တခဲ ခဲ ယင် အုံ

"မဲမဲ မစင် ပုံ" အား .... ၀ိုင်းဆွဲ နေ သူ များ အား ၄င်း.....၊



အသိ တော့ ရှိ သေး

တကယ် ဘေး တွေ့  က

ပြေး ပင့် ကြ သံ ဃာ

ဘေး ဘယာ ပြေ ကြောင်း

ထပ် လောင်း လို့ ဆရာ လုပ်

ထုပ်ပြ တဲ့ ဇတ်ကြောင်း

ဒီ အ ကြောင်း လေး အား

ဟောကြား ပါ ဘုရား

အား ..လား လား....

တရား တောင် ဆရာ မွေး

တကယ် ရွေး နာ ရ တဲ့

ငပွေး တို့ ရွာ က ဇတ် ကြောင်း

ဘာ အကြောင်း ဘဲ ဖြစ် နေ

"ငါ့ ကောင်း ကြောင်း" ဖြစ် စေ သတည်း ...... ဆို သူ များ အား ၄င်း......၊



ရှေ့  က လူမှာ

အနာ တရ

ဒဏ် ရာ ရ လဲ

မကျဲ လောဘ

မြဲ မော ဟ စုံ

ပုံ စံ တ ကျ

စား မ၀ လို့ 

ပြိတ္တ သခင်

ဟိုအ ရင် တိုင်း

ခိုင်း တိုင်း လုပ် ပြ

အဟုတ် က နဲ နဲ

မဟုတ် က မြဲ မြဲ

ကျွဲ ပုခုံး ထ

အဆုံး ကျ တော့

မ၀ စည်း စိမ်

ကျန် အိမ် မျိုးဆက်

"မင်းတို့  တွက်" ဟု.....ပြော ရက်သူ များ အား ၄င်း.......၊



လေ ပြေဗွက် ထ

ရှူ ရှိုက် ရ လဲ

မပြန့်  သတင်း

စိတ် ဖြေ ခြင်း နဲ့ 

ပြင်းပြင်း ပ် ပ်

ဆိုးရွား လှ သော

သီလ ပျက် စီး

ဘ၀ မီး လောင်

စိတ်အ မှောင် ကျ

ဒ ဿ ဂုဏ် ရှိန်

အနာ ရှိန် မြင့်

အ ဆင့် ဆင့် နွဲ

မင်းတို့  လည်း ပါ

ငါ လဲ မလွတ်

ဝဂ် မကျွတ် ကြေး

ဇွတ် ဆက် ပြေး လို့ 

မ နှေး အ မြန်

နိဗ္ဗာန် ရောက် ကြောင်း

ထိုး လိုက် ခေါင်း လောင်း

အကြောင်း စစ် က

အ မြစ်က မြေ

ဖြစ် ကြ မှန် စေ

အမျှ ဝေရန်

ကုသိုလ် မကျန် လို့ 

အဖို့ ဝေငှ

"အကုသိုလ် ရ" သွား သူများ အား ၄င်း........၊


ရာစု သစ် ရဲ့

ခေတ် တရား ပွဲ

အမှား မနည်း

အမှန် ကျဲ လဲ

စွဲစွဲ မြဲမြဲ

နာ ယူ ဆဲ မို့ 

မမြဲ ဘဲ အ မြဲ မြင်

စွဲယူ ချင် "ငါ"တလုံး

ယတြာသုံး အ တိတ် ဆောင်

စိတ် အမှောင် လွန် ကဲ

ဒွန် တွဲ တဲ့ ဒုဂ် သီလ

ကျုပ် ဒီ က ဆု တောင်း

"ငါ" "မပြောင်း နိုင်" သူ များ အား ၄င်း....၊


အဆုံး ကျ

သုံးမရ ကျန်ရစ်

ရာ စု သစ် တခု

ပြု စု တဲ့ တရား ပွဲ

ဘာတွေ ပဲ ဖြစ်ဖြစ်

နည်းစနစ် တခု ပေါ့

သု တေသီ ပြု ရစ်

အသစ် အသစ် သော တွေး များ

တွေးထား ကာ ကြံ ဆ

ရေးသား ကာ ဟန်ပြ ပြင် ကာ

"ငါ"မမြင် တဲ့ မျက် လုံး နဲ့ 

ဆက် လက် သုံး သပ် ရ ရင် ဖြင့်

ဒီ ကဗျာ ဒီ မှာ ဆုံး

"ငါ" မ မုန်း တဲ့.... ငါ့ ရဲ့ 

ပြသ ခဲ့ အမှိုက် ပုံး ထဲ က

လုံး ချေထား သော စက္ကူ စ များ စွာ...........။

Wednesday, May 9, 2012

အစ္ဆရိယံ ၀တ

        အစ္ဆရိယံ ၀တ..ဆိုတာဘုရားဟော ပါဠိပါ။ အဓိပ္ပါယ်က သြော်..အံ့သြဖွယ်ဖြစ်လေစွ လို့ ဆိုလိုပါတယ်။ ခက်ခဲမှုတွေကို အောင်မြင်ပြီးသောအခါ၊ သူများထက် လုပ်နိုင်သော အခါ၊ ထူးခြားမှုတွေ ဖြစ်ပေါ်လာသောအခါ အစ္ဆရိယံ ၀တ= သြော်..အံ့သြဖွယ် ဖြစ်လေစွ။ အံ့သြဖွယ် ရှိလေစွလို့ ပြောဆိုလေ့ ရှိကြပါတယ်။
    အခုလည်း..ဒီဘုရားဟောပါဠိတော်ကို ပြန်ကြားခွင့်ရခဲ့ပါတယ်။ မေ့နေခဲ့တာတောင် အတော်လေးကြာပြီလို့ပြောရမှာပါ။ စာသင်သား ဘ၀တုန်းကတော့ ပါရာဇိကန် ပါဠိတော် မှာ နေ့စဉ် လိုလို တွေ့ရ ကျက်ရ၊ ဖတ်ရ၊ မှတ်ရ၊ အံခဲ့ရပါတယ်။ ခုတော့..ဘိုဘိုကိုကိုရဲ့ ရုတ်တ ရက် နုတ်ထွက် စကားကြောင့် ပြန်လည် ကြားခဲ့ရတာပါ။
    သူကလဲ အကြောင်းမဲ့ ထွက်ဆိုခဲ့တာ မဟုတ်ပါဘူး။ အရှင်တို့တစ်တွေ သီရိလင်္ကာနိုင်ငံအတွင်း ထင်းရှား ထူးခြားသော ရှေ့ဟောင်းမြို့တော်များနဲ့ စေတီပုထိုးတော်များသို့ သြစထြေးလျနိုင်ငံ တွင်နေထိုင်သော ဒကာမကြီးဒေါ် သီတာဆွေ၏ ကောင်းမှုကုသိုလ်ဖြင့် ဘုရားဖူးထွက်ခဲ့ကြပါတယ်။ ဒီဘုရားဖူးခရီးစဉ်မှာပဲ ဒီပါဠိတော်လေးကို ပြန် ကြားခဲ့ရတာပါ။
    အရှင်တို့တစ်တွေ SARIPADA သို့ နောက်ဆုံးခရီးစဉ်အဖြစ် သွားရောက်လေ့လာ ဖူးမော်ခဲ့ကြပါတယ်။ sripada ကို butterfly mountain လို့လဲ ခေါ်ဆိုကြပါတယ်။ နောက်..sacred footprint လို့လဲ နာမည်ကျော်ကြားပါတယ်။ သီရိလင်္ကာနိုင်ငံ၏ အလယ်ပိုင်းလောက်မှာ တည်ရှိပါတယ်။
   အမြင့်အားဖြင့် ပေအမြင့် 2,243 မီတာ (7,359 ft) ရှိပါတယ်။ တောင်ပေါ်မှာ မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာ တည်ရှိပါတယ်။ ဒီတောင်ပေါ်ကို လူတွေများစွာ တက်ရောက်ကြပါတယ်။ ဒီလောက်မြင့် မားတဲ့တောင်ပေါ်ကို တက်ဖို့ဆိုတာ တကယ်ကို မလွယ်တာပါ။ တစ်လမ်းလုံးက အတက် ချည်ပါပဲ။ တောင်ထိပ်နားကိုရောက်လေ ပိုပြီးမက်စောက်လေပါပဲ။ လှေးခါး ဘေးဝဲယာမှာ သံဘောင်တွေ ကာရံထားရပါတယ်။ အောက်ပိုင်း အလည်ပိုင်းကျော်ကျော်လောက်ထိတော့ တက်ရတာ အဆင်ပြေ တယ်ဆိုပါတော့။
     တကယ်တော့ ဒီတောင်ထိပ်ကိုရောက်ဖို့ အနောက်တိုင်း နိုင်ငံခြားသား. အမျိုးသားတွေ ခြေလှမ်းနဲ့ဆို ၃ နာရီကြာပါတယ်။ အရှင်တို့တစ်တွေရဲ့ခြေလှမ်းဆိုရင် ၄/ ၅ နာရီလောက်ကြာပါတယ်။ အမျိုးသမီးတွေခြေလှမ်း ဆိုရင်တော့ တွက်သာ ကြည့်ပေတော့။ ဒီတောင်ထိပ်ကိုရောက်ဖို့ အတော်အတန် သဒ္ဓါတရား၊ ၀ီရိယအားနဲ့ မရပါဘူး။ အဓိဂမသဒ္ဓါတရား၊ အဓိဂမ ၀ီရိယကို ရှိမှပါ။
     အရှင်တို့တစ်တွေ တောင်ထိပ်ကို တစ်ရွေ့ရွေ့နဲ့ ဖြေးဖြေးသထက်ဖြေးကာ တက်ခဲ့ကြပါတယ်။ ဖြေးသထက်ဖြေးဆိုတာကလဲ ဒကာမကြီးဒေါ်သီတာဆွေပါ နေတာမို့ပါ။ ဒကာမကြီးဒေါ်သီတာဆွေရဲ့ သဒ္ဓါတရား၊ ၀ီရိယ အားကလဲ အတော်လေးကို အံ့အားသင့်ခဲ့ရပါတယ်။ ခန္ဓာကိုယ်က ၀၀ဖိုင်းဖိုင်း၊ အသက်ရွယ်ကလဲ ၅၅ ရှိပြီလေ။ ဒီအသက်ရွယ်၊ ဒီခန္ဓာကိုယ်နဲ့ ဒီတောင်ထိပ်ကို တက်တယ်ဆိုတော့လဲ မအံ့သြပဲ ရှိမလား။
    ဒီအသက်ရွယ်၊ ဒီခန္ဓာကိုယ်ကိုနဲ့ ဒီတောင်ထိပ်ကိုကြည့်ပြီး ဘိုဘိုကိုကိုကလဲ ရေရွတ်မိလိုက်တယ် ထင်ပါတယ်…အစ္ဆရိယံ ၀တ=သြော်..အံ့သြဖွယ်ကောင်း ပါလေ စွလို့။ အရှင်က..ဘုရားရဲ့ခြေတော်ရာက အမိမြန်မာပြည်မှာလဲ ရှိနေတာပဲ ဘာလို့ ပင်ပင်ပန်းပန်း တက်နေမှာလဲ လို့ တွေးနေစဉ်မှာပဲ..အသက်ရွယ် ၆၀ ကျော် အဘွားကြီးတက်လာနေတာကို တွေ့လိုက်ရတယ်။
     နောက်…လက်တစ်ဖက်မပါတဲ့ သီရိလင်္ကာနိုင်ငံသားတစ်ယောက်လဲ အမျိုးသ္မီး လက်ကို တွဲပြီး တက်လာတယ်။ ဒါတင်ဘယ်ကမလဲ ..အမျိုးသားတစ်ဦးကလဲ သူ့ရဲ့ ၃ နှစ်အရွယ် သားငယ်လေးကို ကျောပိုးလို့တက်လာခဲ့တယ်။ ဘယ်လောက် အံ့သြဖွယ်ကောင်းသလဲ ဆိုတာကို စဉ်းစားတာကြည့်ပေတော့။ တကယ်ကို အံ့သြစရာပါ။ ဒီတောင်ထိပ်ပေါ်က မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာကို ဖူးဖို့အတွက် မောမောပန်းပန်း တက်နေတဲ့ ဒီလူအလွှာမျိုးစုံရဲ့ သဒ္ဓါတရား၊ ၀ီရိယအားကတော့ တကယ် အံ့မခန်းပါပဲ။
    အစ္ဆရိယံ ၀တဆိုတဲ့ ဒီအံ့သြဖွယ်ကောင်းတာတွေကို ပြန်လည်ကြည့်တဲ့အခါ.. လက်တစ်ဖက်မပါတဲ့ အမျိုးသားရဲ့ ဇနီးမယားအပေါ်ထားရှိတဲ့ မေတ္တာ တရား။ နောက်..သားငယ်လေးကိုကျောပိုးခဲ့တဲ့ အမျိုးသားရဲ့ ဖခင် မေတ္တာတရား။ နောက်..အသက် ၅၀ကျော် ဒကာမကြီး ဒေါ်သီတာဆွေနဲ့ ၆၀ ကျော် အဘွားအိုတွေရဲ့ သဒ္ဓတရား၊ ၀ီရိယအားတွေကိုတွေ့ရှိရပါတယ်။
   နောက်..ဒီ sripada တောင်ပေါ်ရှိ မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာကို ပြည်သူလူသားတွေ ဖူးနိုင်အောင် လမ်းတွေ..လှေခါးတွေ..စေတီတွေ ..အဆောက်အဦးတွေ တည်ဆောက် ပြုလုပ်ပေးတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ဘုရင် သမ္မတနဲ့ ပြည်သူတွေရဲ့ စေတနာ၊ ခွန်အားတွေကလဲ အစ္ဆရိယံ ၀တပါပဲ။ နောက်…ဒကာမကြီးဒေါ်သီတာဆွေနဲ့ အရှင်တို့အားလုံး ဘေးကင်း အောင်မြင်စွာနဲ့ ဘုရားရှင်ရဲ့ခြေတော်ရာကို ရှိခိုးကန်တော့လို့ ဖူးနိုင်ခဲ့ပြီး တောင်အောက်ကို ပြန်လည် ဆင်းသက်နိုင်ခဲ့ တာကလဲ အစ္ဆရိယံ ၀တပါပဲ။
     နောက်ဆုံး…ဒီတောင်ထိပ်ပေါ်မှာ မြတ်ဗုဒ္ဓရဲ့ခြေတော်ရာ တည်ရှိနေခြင်းကလဲ အစ္ဆရိယံ ၀တပဲ မဟုတ်လား။
 အားလုံးရွှင်လန်းချမ်းမြေ့ကျပါစေလို့…
http://en.wikipedia.org/wiki/Sripada

Tuesday, May 8, 2012

မိနှင့်ဖ

အမြဲတိုင်းသတိရ-မိနှင့်ဖ

လူတစ်လုံး သူတစ်လုံး
လူဖြစ်မရှုံးအောင်
ပခုံးလက်နှစ်တစ်
လူဖြစ်အောင်မွေး
လူဖြစ်အောင်ကျွေးခဲ့တဲ့
မိနှင့်ဖကို သတိရပါစ။

သင်ကဒုက္ခ ရောက်နေရလျှင်
ရှေ့ကရပ်ပြီး ကာဆီးပေးတာ
မိနှင့်ဖပါ။

သင်ကဘေးရန် တွေ့နေပြန်လျှင်
ဧကန်လွတ်ရေး ဖန်တီးပေးတာ
မိနှင့်ဖပါ။

ပူအိုက်-ချမ်းအေး ပူဆွေးတဲ့ခါ
မေတ္တာဆင့်ပွား စေတနာထားတာ
မိနှင့်ဖပါ။

သင်ကအလိုမကျ ငိုပြဗိုလ်ကျ
ဆိုးတေပြလည်း အမြဲခွင့်လွှတ်ပေးတာ
မိနှင့်ဖပါ။

သင်ကရန်တိုက် ကမ်းကုန်မိုက်လည်း
ခိုက်ရန်မပွား အညှိုးမထားတာ
မိနှင့်ဖပါ။

တောင်းစုတ်ပလောင်းစုတ်သာ
ပစ်ထုတ်ရိုးထုံးစံရှိတာ
သားဆိုးသမီးဆိုးများကို
ပစ်ရိုးထုံးစံမရှိတာ မိနှင့်ဖပါ။

အမျိုးမျိုးအရာရာ အစားထိုးနိုင်ပါလည်း
ရှာကြံအစားမထိုးနိုင်တာ
မိနှင့်ဖပါ။

လောကမှာအတုမရှိ
နှစ်ခုမရှိတာ မိနှင့်ဖပါ။

အမေနေ့ အဖေနေ့
အမိအဖမွေးနေ့ရောက်မှ
သတိမရကြပါနှင့်။

စက္ကန့်တိုင်း စက္ကန့်တိုင်း
မဆိုင်းမတွ သတိရကြ
အဲဒါမိနှင့်ဖ။

လူဟာသေမျိုးမို့ မသေရိုးမရှိ
အရိုးမြေကျမှ မငိုကြနှင့်
မြေမကျ မသေကြမီ
ကျွေးကြမွေးကြပါ
သေမှ နောင်တရလျှင်
သင်…နောက်ကျပါလေပြီ။

ဘုရားရှင်သော်မှ နို့တစ်လုံးအဖိုးအခ
မကျေဘူးတဲ့ဗျ… သံဝေဂ-ရစရာပါ။

မိဖစုံလင် ခုံမင်သူတိုင်း
မဆိုင်းမတွ မိနှင့်ဖကို
မြင့်မိုရ်တောင်ဦး မကကျူးတဲ့
ကျေးဇူးတော်အနန္ဒကိုပါ ရှိခိုးကြပါ
မာတာပိတု ဂုဏော အနန္တောပါ။

စာတိုပေစများ

“ကိုသစ္စာသို့ပေးစာ”

ကိုသစ္စာရေ ဒီစာလေးကိုဖတ်ပြီး အထက်ကမိမိပြောခဲ့သာ အရာများကို ဟုတ်မဟုတ် မိမိကိုယ်တိုင် ဝေဖန်ဆန်းစစ်ကြည့်ပါအုံး။ မဟုတ်ဘူးဆိုရင်လည်းတိုက်ရိုက်ဖြေရှင်းနိုင်ပါတယ်။ မိမိမှာ လိပ်စာအတိကျပါပါတယ်။ “ငါ့ကို ဘယ်သူမှ မသိဘူး။ မမြင်ရဘူး။ ငါပြောချင်တာ ပြောလိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်ထားက လူတယောက်ဟာ မိမိစိတ်ဓာတ် ဘယ်လောက်ထိ အောက်တန်းကျ သွားသလဲဆိုတာ ဖော်ပြရာရောက်ပါတယ်”။ ကဲ ဆန်းစစ်ကြည့်ကြစို့…

(၁ ) ဒီလောက်ကြီးကျယ်ပြီး ခန်းနားထည်ဝါတဲ့ အလုပ်တွေကို မြန်မာဘုန်းတော်ကြီးများ လုပ်နိုင်စွမ်းမရှိပါ။>>>မြန်မာနိုင်ငံမှာ သီတဂူဆရာတော်ဦးစီးကျင်းပခဲ့သော ကမ္ဘာဗုဒ္ဓဘာသာ ထိပ်သီးညီလာခံကိုတကယ်မသိတာလား။ နိုင်ငံပေါင်းများ စွာတတ်ရောက် ခဲ့တယ်ဆိုတာ မသိလေေ လျာ့သလား။(အားလုံးသိပြီးသားကို အနီးစပ်ဆုံးညွန်းလိုက်တာပါ။)

(၂) ဟိုတရားမှားတယ် ဒီတရားမှာတယ်လို့ပြောတွေ ရပ်စဲလော့…..>>>ဘုရားရှင်ဟောကြားခဲ့သော တရားတော်တွေကို အတွင်းဖျတ်ခြစားထိုး သွင်းလာသောအတွက်ကြောင့်သာ သင်္ဂါယနာ အကြိမ်ကြိမ်တင်ခဲ့တာ မသိလေလျော့သလား။

(၃) ဘုရားတရားတွေကို အမှားအမှန် ဆုံးဖြတ်ရအောင် ဆုံးဖြတ်သူကိုယ်တိုင် အရိယာလော့>>> အရှင်မဟာကဿပစတဲ့ ရဟန္တာမထေရ်မြတ်များ၊့ ထေရ၀ါဒသံဃာအဆက်ဆက်များထိန်းသိမ်းခဲ့ခြင်း၊ သဲပြင်ပေါ်မှာ ဗိုက်ဆာလွန်းလို့ ၀မ်းလျားမှောက်ပြီး ပိဋကတ်စာပေတွေကို နှုတ်ငုံဆောင်ခဲ့ခြင်း၊ ယခုလက်ရှိတည်တံ့အောင်ဖြန့်နေခြင်းဟာ အရိယာအစဉ်ဆက်မဟုတ်ဘူးလို့ ဘယ်ကျမ်းဂန်ကိုေ ထာက်၍ပြောဆိုပါသလဲ။ အရိယာစဉ်ဆက်သိချင်ရင် ပါရာဇိကဏ္ဍပါဠိ အဋ္ဌကထာနိဒါန်း၊ သီလက္ခန်ပါဠိ အဋ္ဌကထာနိဒါန်း၊ ဓမ္မသင်္ဂဏီပါဠိ အဋ္ဌကထာနိဒါန်းများမှာ ကြည့်ရှုနိုင်ပါတယ်။ယခု စာရေးသူ ကိုသစ္စာပဲ ထေရ၀ါဒစာပေမနှံ့စပ်လို့လား။

(၄) ဝိပဿနာနဲပါတ်သတ်ရင်လဲ ဦးဂိုအင်ပဲသိတယ်။>>>၀ိပဿနာနဲ့ပတ်သတ်လျင် မိုးကုတ်ဆရာတော်၊ လယ်တီဆရာတော်၊ ရွေဥမင်ဆရာတော်၊ မဟာစည်ဆရာတော်၊ ပဏ္ဍိတာရာမဆရာတော်၊ ချမ်းမြေ့ဆရာတော်တို့ကို ကမ္ဘာကမသိဘူးလို့ ဘယ်သူပြောပါသလဲ။ အထက်ဆရာတော်ကြီးများကို သိလျက် မသိကျိုးနွံပြုတာများလား။

(၅) မြန်မာဘုန်းကြီး ပညာရေးတွေ ညံ့ဖျင်းလွန်းတဲ့အတွက် ငွေတက်နိုင်သော ရဟန်းအချို့သည် သီရီလင်္ကာ။ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေမှာသွားပြီး တပည့်ခံနေရပါသည်။>>>အောက်စဖို့စ်ဆရာတော် ဒေါက်တာဓမ္မသာမိဟာ မိမိတို့ဒေါက်တာအတွက် သီရိလင်္ကာမှာ အကဲဖြတ်အကြီးကဲ၊ အခြားသောနိုင်ငံခြား သားတွေဒေါက်တာဖြစ်ဖို့ သူအကြံညာဏ်ယူရခြင်း၊ အောက်စဖို့စ်မှာ ဆရာကြီးတပါးဆိုတာ မသိတာလား။(အများသိသောဆရာတော်ကိုသာညွှန်ပြခြင်းဖြစ်ပါသည်။)

(၆) ဘုရားက ငါ့ဝါဒကို ဆန့်ကျင်ရင် ထောင်ချ သတ်ဖြတ်စေလို့ မဟောကြားပေ။ မြတ်စွာဘုရားအဆူဆူတို့သည် တကယ် ဂရုဏာရှင်ဖြစ်တော်မူ၏။>>>ဘုရားရှင်မဟောကြားသည်ကားမှန်ပါ၏။သို့သော်ထေရ၀ါဒအဆက်ဆက် ဆရာ၊ ဒကာလက်တွဲညီညာစွာ မင်းအာဏာစက်၊ ရဟန်းတို့ရဲဓမ္မစက်နဲ့မိစ္ဆာရန်သူကိုကာကွယ်ခဲ့တာမသိလေလျော့သလား။ အများသိတဲ့ကျေးကုလားပေါင်းများစွာကိုတိုက်ခိုက်ခဲ့တဲ့ဒုဋ္ဌဂါမဏိမင်း၊ အသောကမင်း၊ အဇာတသက်မင်း စတဲ့မင်းတွေအကြောင်းကိုမသိလို့များလား။ ထို့နောက် သီလမစင်ကြယ်သော ရဟန်းတပါးဟာ သံဃာ့ပရိတ်သတ်တွင်းဝင်နေသည့်အတွက်ကြောင့် ဘုရားရှင်သြဒါပါတိမောက်မပြခဲ့လို့ အရှင်မောဂ္ဂလာန် ကိုယ်တော်တိုင် သံဃာ့ပရိတ်သတ်မှ ဆွဲထုတ်ခဲ့တာမသိလေလျော့သလား

(၇) တကယ်လို့ အယူလွဲချော်နေတဲ့ ရဟန်းကို အယူမှန်အောင် ဟောနိုင်စွမ်းမရှိပါက သာသနာပြုသူ၏ ညံဖျင်းမှုသာဖြစ်ပေသည်။>>>အရှင်ဒေ၀ဒတ်အယူလွဲတာ ဘုရားရှင်ညံ့ဖျင်းလို့လား။ အရှင်မေဃိယ အယူလွဲတာ ဘုရားရှင်ညံ့ဖျင်းလို့လား။

(၈) မြန်မာဘုန်းကြီးတွေကို ကမ္ဘာက တကယ်ကိုမသိတာပါ။ သိအောင်လဲ ဘယ်သူမှမကြိုး စားကြဘူးဆိုတာပဲ။>>>မသိဘူးလို့ ဘယ်အရာ ကိုထောက် ၍ပြောပါလဲ။ မြန်မာဝိပဿနာစာ အုပ်ပေါင်းများစွာကို နိုင်ငံခြားပညာရှင်တွေက အင်္ဂလိပ်လို ဘာသာပြန်ခဲ့တဲ့ စာအုပ်တွေကိုမဖတ်ဖူးလို့လား။ လယ်တီဆရာတော်၊ နိုင်ငံခြားသားတွေတောင် အားကျခဲ့သောမဟာဂန္ဓာရုံဆရာတော်၊ ဂင်းနစ်မှတ်တမ်းမှာ စိုက်ထူခဲ့သော မင်းကွန်းဆရာတော်၊ အရှင်သေဋ္ဌိလ၊ သီတဂူ ဆရာတော်၊ အောက်စဖိုစ့် ဆရာတော် ဒေါက်တာ အရှင်ဓမ္မသာမိ တို့အကြောင်းကိုကော ကြားဖူးပါရဲ့လား။

(၉) လူတစ်ယောက် အယူမှားနေတယ်ဆိုတာ ။ အယူမှားနေတဲ့သူများ မှာ အပြစ်မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ လူဆိုတာ အမြဲတမ်းမှားနေသောကြောင့်ဖြစ်ပါတယ်။>>>ဘုရားရှင်တောင် ချွတ်မရတဲ့ ပူရဏကဿစတဲ့တိတ္ထိဆရာကြီးတွေရှိခဲ့ဖူးတယ်။ ဒါကိုမသိလိုလား။ ထေရ၀ါဒကိုပဲ သတ်သတ်အပုတ်ချချင်လို့လား။ သို့တည်းမဟုတ် ထေရ၀ါဒစာပေပဲမနှံ့စပ်လေလျော့သလား။

ကိုသစ္စာရေ ကမ္ဘာမှာ ဘယ်နိုင်ငံတွေများရောက်ဖူးပါသလဲ။ ဥရောပ၊ အာရှတွေပေါ့။ ယခုခေတ်... ချမ်းမြေ့ဆရာတော်၊ ရွေတောင်ကုန်း ပဏ္ဍိတာရာမဆရာတော်.၊အမေရိကန်က ဒေါက်တာ သီလာနန္ဒာဘိဝံသ (ပျံလွန်တော်မူ)၊ သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ၊ အောက်စဖို့စ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ၊ အမေရိကန်ဆရာတော် ဒေါက်တာဓမ္မပီယ စတဲ့သူတွေကို ကမ္ဘာကမသိဘူးထင်နေလား။ ကမ္ဘာမှာမြန်မာဆရာတော်တွေ သာသနာမဖြန့်နို င်ဘူးလို့ဘယ်သူပြောလဲ။ ဒီသီရိလင်္ကာကော လာကြည့်အုံးမလား။ မဟာယနဘုန်းတော်ကြီး ဒလိုင်းလားမားသာ သနာပြုနိုင်တယ်လို့ဆိုချင်တာလား။ သူတရားတွေ ဘာတွေများနာဖူးပါသလဲ။ ငါးပါသီလနဲ့ လူကျင့်ဝတ်ပဲဟောသွားတာ မသိဘူးမို့လား။ ၀ိပဿနာဆိုတာ မြန်မာကအခြေခံ လူတန်းစားလောက်သိတာ ဟောပြောခဲ့တာမသိလေလျော့သလား။(ဒလိုင်းလားမားကိုပုတ်ခတ်ခြင်းမဟုတ်ပါ။ အဖြစ်မှန်တခုကို သိစေလိုခြင်းသာဖြစ်ပါသည်။) ကမ္ဘာသိခြင်း မသိခြင်းထက် ထေရ၀ါဒအစစ်မှန်ကိုဟောပြောခြင်းဟာ အဓိကဆိုတာမသိလေလျော့သလား။ အရေတွက်က အဓိကမကျပဲ အရည်းချင်းကအဓိကကျတယ်ဆိုတာနားမလည်လို့လား။ သို့တည်းမဟုတ် တန်ဖိုးရှိသော ကျောက်သံပတ္တမြားဟာ ရှားပါးတယ်ဆိုတာ မသိလို့လား။ ကိုသစ္စာရေ သူများပြောတာနဲ့လမ်းမဆုံးပါစေပါနဲ့။ ကိုယ်တိုင်ထွက်ကြည့်ပါ။ ကမ္ဘာမြှာ မန်မာဟေ့ဆိုတာ မြင်လာပါလိမ့်မယ်။ သူတပါးပုတ်ခတ်ေ ၀ဖန်နေမဲ့အစား ငါကိုယ်တိုင်ကော (လူဆိုလျင်)ငါးပါးသီလေ တာင်လုံအောင်စောင့်ထိန်းရဲ့လား။ မိမိမိသားစုအတွက်၊ ပတ်ဝန်းကျင်ေ ကာင်းကျိုးအတွက် ငါဘာတွေလုပ်ပီးပီလဲ။ ဘာတွေလုပ်နေသလဲ။ ဝေဖန်ပါ။ ဆန်းစစ်ပါ။ သုံးသပ်ပါ။ တနေ့တာရဲ့ကုန်ဆုံးသွားတဲ့အချိန်မှာ ငါဒီနေ့ ကုသိုလ်၊ အကုသိုလ်မှာ ကုသိုလ်တွေ ဘယ်လောက်ယူသွားလဲ။ အကုသိုလ်တွေဘယ်လောက်သယ်သွားလဲဆိုတာပြန်လည်သုံးသပ်သင့်ပါတယ်။ လူလောကရောက်လာတဲ့တခဏတာလေးမှာ အချို့က ရတနာတွေသယ်သွားလို့၊ အချို့က အမှိုက်တွေသယ်သွားလို့ပြန်ထွက်သွားကြတယ်။ ငါကော တခဏတာရလာတဲ့လူဘ၀မှာ ဘာတွေသယ်သွားမလဲ။ အမှိုက်တွေပဲ သယ်သွားမလားဆိုတာ စဉ်းစားသုံးသပ်စေချင်ပါတယ်။ ကိုသစ္စာရေ “ပညာမဲ့တွေက လုပ်ပီးမှ စဉ်းစားတယ်။ ပညာရှိတွေကတော့ မလုပ်ခင်စဉ်းစားပြီးမှပြောတယ်”တဲ့။ 

Tuesday, May 1, 2012

အကြွေစောခဲ့ရှာသော တောင်တန်းပြာက .သာသနာ့အာဇာနည်!

  အကြွေစောခဲ့ရှာသော တောင်တန်းပြာက .သာသနာ့အာဇာနည်!
  ယနေ့ မထင်မှတ်ပဲ ကြားလိုက်ရတဲ့ သတင်းစကားကြောင့် ရင်မှာ ၀မ်းနည်းခြင်းများ ဖြစ်ခဲ့ရပါတယ်။ ဦးပဏ္ဍ၀ံကြီး ပျံလွန်တော်  မူပြီတဲ့..ကြား. .ကြားချင်း တကယ်ကို စိတ်မကောင်ြး ဖစ်မိတယ်။။ ဒေါသလဲ ဖြစ် ခဲ့မိပါတယ် ။နောက်ဆုံးတော့.. ဇာပနပြီး..ပြီးသွား တာ ပဲလားလို့ မေးမိလိုက်တယ်။
        ဦးပဏ္ဍ၀ံသဆိုတာ အရှင်နဲ့အတူ မန်းလေး နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ကျောင်းဆင်း ပါ။ လေးနှစ်တိုင်တိုင် အတူ ပညာ ရည်နို့သောက် ခဲ့ကြပါတယ်။ သို့သော်လည်း သူက ဖိုင်နယ်မှာ တစ်နှစ်ကျခဲ့သောကြောင့် အရှင်တို့နောက် တစ်နှစ်ကျန်ေ နခဲ့ ရပါတယ်။ အရှင်တို့ နပသကျောင်းဆင်း အားလုံး တောင်တန်းဒေသ များသို့ သာသနာပြု နှစ်နှစ်ကြွရောက် ရတယ် ဆိုတာ အားလုံး အသိပါ။ အရှင်က..တော့ ၂၀၀၉..၂၀၁၁ အထိ နှစ်နှစ်တာ သာသနာပြုတာဝန်များကို ခန္တီးနာဂတောင်တ န်းဒေသ မှာ  ထမ်းေ ဆာင်နို င်ခဲ့ပြီး နိုင်ငံေ တ်ာပ ရိယတ္တိ သာသနာ့တက္ကသိုလ်မှ ချီးမြင့်လိုက်သော သာသနတက္ကသီလ ဓမ္မာစရိယ. .B.A ဘွဲ့ကို ခူးဆွတ်နိုင်ခဲ့ပါတယ်။
  အရှင်တို့တစ်တွေဟာ ဒီတက္ကသိုလ်မှ ဘီအေ ဘွဲ့ကိုရရှိဖို့ နှစ်ပေါင်း ၆ နှစ်ကြာကြာ ပေးဆပ်ခဲ့ရပါတယ်။ လွယ်လွယ်လေးတော့ မဟုတ်ဘူး။ တောင်တန်းဒေသမှာ ပေးဆပ်ရတာတွေများတယ်။ ခက်ခဲ့တယ်။ ကိုယ့်အားကို ကိုးရတယ်။ ကိုယ့်အိတ်ထဲကစိုက်ပြီး တောင်တန်းဒေသက တိုင်းရင်သားလေးများကို ဘာသာရေးအသိပညာ၊ ခေတ်ပညာ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အားလုံး ဖန်တီးပေးခဲ့ရပါတယ်။
    အခု..အရှင်ပဏ္ဍ၀ံသသည်လည်း ဘီအေဗုဒ္ဓဇင်,B.A Buddhism ဆိုတဲ့ ဒီတက္ကသိုလ်ဘွဲ့ကိုရရှိဖို့ သာသနာ့တက္ကသိုလ်မှာ လေးနှစ်တာ ပညာရပ်တွေကို သင်ကြားပြီး နှစ်နှစ်တာ သာသနာပြုတာဝန်များကို အရှင်တို့လိုပဲ ချင်းတောင်တန်း..ပလပ်ဝဒေသမှာ သာသနာပြုေ  နသော သာသ နာ့ အာဇာနည် သူရဲ့ကောင်းတစ်ဦးပါ။ အရှင်ပဏ္ဍ၀ံသ သည် သာသနာပြုတာဝန်များကို ချင်းတောင်တန်း ပလပ်ဝဒေသမှာ ထမ်းဆောင်နေတာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ အရှင်ပဏ္ဍ၀ံသ သည် လာမည့်နှစ် ၂၀၁၃ ..၁၂ လပိုင်းဆို သာသနာ့တက္ကသိုလ်မှချီးမြင့်သော သာသန တက္ကသီလဓမ္မာစရိယ.B.A Buddhism ဘွဲ့တော်မြတ်ကြီးကို မန်းလေး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသို်လ် ဘွဲ့နင်းခ န်းမ ကြီးတွင် ဘွဲ့တံဆိပ်ခံယူရန် လက်တစ်ကမ်းသာလိုတော့သည်။
  ခက်ခဲကြမ်းတမ်းသော ချင်းတောင်တန်းမှာ ပင်ပန်း ဆင်းရဲစွာ။ငက်တလှည့်..ြ ပတ်တစ် လှည့်ဖြင့် လေဒဏ်၊မိုးဒဏ်၊ ရာသီဥတု ကြမ်းတမ်း ဒဏ်တွေကို ကြံ့ကြံ့ခံကာ သာသနြာ ပု တာဝန်ကို တစ်နှစ်တာ အောင်မြင်ပြီး ဆုံးခဲ့ပြီမို့. .အရှင်ရဲ့ရင်ထဲမှာ ကြိုတင် ရင်ခုန်ကာ ပျော်ရွှင်နေမိမှာ အသေအချာပါပဲ။ အော်..ဘာလိုလိုနဲ့ ငါတောင် လာမဲ့နှစ်ဆို ဘွဲ့ယူရတော့မှာပါလား။ မိဘကျေးဇူး၊ ရွာသူ..ရွာသားတွေကျေးဇူး။ လှူဒါန်းထောက်ပံ့နေသူ ဒကာ. .ဒကာမများ။ ရဟန်းဒကာ.. ဒကာမများ..ဆရာသမားကျေးဇူးတွေကို ငါဆပ်ခွင့် ရတော့မှာပါလား ဆိုတဲ့အတွေပီတိများက ရင်မှာ ပြည့်နေ မယ်ဆိုတာ ခံစားမိပါတယ်။ အရှင်တို့အခါတုန်းကလဲ ခံစားခဲ့မိတာ ပဲလေ။
        နောက်..ဒီအချိန်ဆို..မိဘ၊ ညီကိုယ်မောင်နှမများ။ ရွာသူ..သားများ။. ဒကာ..ဒကာမအေ ပါင်းရဲ့ရင်ထဲ မှာလဲ မျော်လင့်ေ ပျာ်ရွှင်ြ ခင်းပီတိတွေ ဝေဆာနေမှာပါ။ အော်..ငါ့တို့သားပဇဉ်းလေး ဘွဲ့ရတော့မှာ။ ငါ့တို့ရဟန်းခံထားတဲ့ ဦးဇဉ်းလေး လောကအလယ်မှာ ဂုဏ်တင့်တောမယ်ဆိုတဲ့ အတွေးခံစားမှုတွေက သူတို့ရင်မှာ ကိန်းဝပ်နေမှာ.. ခံစားကြည့်က သိနိုင်ပါတယ်။။ အရှင်ပဗဏ္ဍ၀ံသ ဘွဲ့ရတော့မှာ သိပ်မကြာတော့ဘူးလေ။ မင်း..နောက်နှစ်ဆို ပန်းတိုင်ကိုရောက်ပါပြီကွာလို့ အားပေးသော သူငယ်ချင်းများရဲ့ စကားသံများ မဆိတ်သုဉ်းမီ.......။
        အရှင်ပဏ္ဍ၀ံသ ပျံလွန်တော်မူပြီတဲ့...ပန်းတိုင်းရောက်ခါနီးမှ..ကျရှုံးသွားခဲ့ရတယ်။ ရည်ရွယ်ရာ မရောက်ခင်မှာ အတောင်ကျိုး ခဲ့ရ တယ်။ မျော်လင့်ချက်တွေ ပြည့်ခါနီးမှ..မုန်တိုင်းသင့်ခဲ့ရတယ်။ အားလုံးသော..မျော်လင့်ချက်တွေ တအားထားခဲ့သော မိဘ ဆွေမျိုးအသိုင်းဝိုင်း. .ဒကာ.. ဒကာမအပေါင်းလဲ ရင်မှာစို့နင့်ခဲ့ရတယ်။ မျော်လင့်ချက်တွေ ကုန်ဆုံးခဲ့ရတယ်။ အပျော်တွေ မပြည့်ခ င် မှာ အငို မျက်ရ ည်တွေ ကျခဲ့ရတယ်။
    အခုတော့...အကြွေစောခဲ့ရှာလေပြီ။ ဘွဲ့ဆိုတဲ့ပန်းတိုင်ကို အတောင်ဖြန့်လို့ ပျံသန်းနေစဉ် မရဏဆိုတဲ့ ကံကြမ္မာစိုးကြောင့် အတောင်ကျိုးခဲ့ရှာလေပြီ။ အော်..ေ တာင်တန်းပြာက. .သာသနာ့အာဇာနည် အရှင်သူမြတ်..သူငယ်ချင်းတစ်ပါး အကြွေစောလို့ မြေခခဲ့ရပြီတကယ်တော့ ချင်းတောင်တန်းဆိုတာ..အရှင်တို့သာသနာပြု သူရဲကောင်းအာဇာနည်ေ တွအတွက် သွေးစွန်းသော နယ်မြေတစ်ခုလား။ဒါမှမဟုတ်..အသက်တွေခြွေနေသော နယ်ကြမ်းတစ်ခုရယ်များလား။ သာသနာ့အာဇာ နည်သူရဲကောင်းတွေကို ၀ါးမျိုနေသော နယ်မြေရ ယ် များလား။ အတွေးခက်လို့ ဗျာပါဝေနေရပါပြီ. .ချင်းတောင်တန်းက..ချစ်ရသော ပလပ်ဝရယ်။
     မနှစ်ကလဲ..အရှင်တို့ရဲ့ သာသနာပြုအာဇာနည် သူရဲကောင်းတစ်ဦးကို ပြုစားရက်ခဲ့ပြီ။ ဒါတောင် မကျေနပ်နိုင်သေးဘူးလား။မနှစ်ကလဲ..ကိုယ်မြေ့ကိုယ်ဒေသ..ကိုယ်လူမျိုး..ကိုယ်တိုင်းရင်းသားတွေအတွက် လာပေးဆပ်သော သာသနာ့အာဇာနည် သူရဲကောင်းများကို..ဘယ်အငြိုးနဲ့များ ၀ါးမျိုနေပါသလဲ။ ချင်းတောင်တ န်းကြီးကြောင့်..မနှစ်က အရှင်တစ်ပါးလဲ စိတ်ဖောက်ပြား..ေ ချာက်ချား ကာ ပြန် လာခဲ့ရ တယ်လေ။ သူ့ခများ သာသနာ့ပြုတာဝန်တွေကို ခွန်နဲ့အားနဲ့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း. .စေတနာ.. အကြင်နာ။ ကရုဏာ။ ၀ါသ နာတွေနဲ့ ငတ်တစ်လှည့်  ပြတ်တစ်လှည့် ကျေပွန်စွာထမ်းေ ဆာင်နိုင်ခဲ့ပါလျှက်..ဘွဲ့လေးတောင် တက်မယူနိုင်ရှာဘူး။ အပြန်လမ်းမှာ အမုန်းပန်းတွေ. .ဆူးခင်းလမ်းတွေနဲ့ ဘာလို့ကြိုလင့်နေတာလဲ။. .ချင်းတောင်တန်းကြီးရ ယ်။။
     နောက်နောင်..မရက်စက်ပါတော့နဲ့လား။ မခြွေရက်ပါနဲ့တော့လား။ မမုန်းလိုက် ပါနဲ့တော့လား. .တောင်းပန်ပါရစေ ချင်းတောင်တ န်မြေရ ယ်။ သူရသတ္တိဘွဲ့ဆိုတာလဲ အရှင်တို့မှာ ခံစားခွင့်မရှိပါဘူး။ ဂုဏ်ထူးဆောင်ဘွဲ့ဆိုတာလဲ အရှင်တို့မှာ ပိုင်ဆိုင်ခွင့်မ ရှိပါဘူး။ကျန်ရစ်သူ မိဘတွေကို အသိမှတ်ပြုပေးတဲ့ ဆုဆိုတာလဲ အရှင်တို့မှာ မရှိပါဘူး။ ဒီတော့ အရှင်တို့တောင်တန်းသာသနာပြု အာဇာနည် သူရဲကောင်း ရဟန်းငယ်လေးများဟာ. .မရဏမင်းရဲ့စက်ကွင်းက လွတ်မြောက်မှ ရည်ရွယ်ရာပန်း တိုင်ကိုရောက်မှာပါ။ ကျန်ရစ်သူေ တွအ တွက်လဲ ၀မ်းနည်းဖွယ်သက်သက်မို့.. ညှာတာလှည့် ပါ။စာနာလှည့်ပါ။။ ကြင်နာလှည့်ပါ.. .တောင်တန်းပြာနဲ့ သက်ရှိတွေရယ်...
   ခုတော့..ဘာတက်နိုင်မှာလဲ..ပန်းတိုင်မရောက်ခင် အတောင်ကျိုးကာ အကြွေစောခဲ့ရှာသော ချင်းတောင်တန်းက သာသနာ့အာဇာနည် အရှင်မြတ်ရယ်...အရှင်ပြုလုပ် ပေးဆပ်ခဲ့သော သာသနာ့ပြုနေ့ စဉ်ကေားမှုများဖြင့် ကောင်းရာ နတ်နန်း....သုဂတိလမ်းသို့ စံမြန်းနိုင်ပါစေလို့.....
      ကြာလည်မမေ့.၊ ရှာလည်းမတွေ့၊ ငါလည်တစ်နေ့...တဲ့..
      အားလုံး သတိသံဝေဂ ရရှိုနိုင်ကျပါစေလို့...အမေ့မေတ္တာအရှင်..