Wednesday, August 15, 2012

Salikedara



Once upon a time, there was a farmer who grew paddy in a field. One day, he saw a parrot eating paddy from his field. Once he had finished eating, the parrot took more paddies in his beak and tried to fly away.
          The famer who saw this asked the parrot, “why are you doing this” You have eaten your share and you are taking away more with you.” The parrot answered, “My parents are very old and weak. They are blind and cannot fly. So I take food for them”.
          “This is a very good deed. From this day, this portion of my field is for them,” said the farmer.
         

“Spreading Loving Kindness”



May I be free from suffering,
May I be free from sickness,
May I be free from enmity,
May I be happy forever!

May all beings be free from suffering,
May all beings be free from sickness,
May all beings be free from enmity,
May all be happy forever as I am!

“Let us Worship Our Parents”
Noble and holy are parents,
They are our first teachers,
They look after us well,
Let’s worship and kiss their feet.

Existentialism



Existentialism
In the Philosophical history, the various Philosophical thoughts arose in various countries of the world; rationalism, empiricism, Aesthetic, Atheist etc. The existentialism arose in the western philosophical complex. This philosophical thought was a newly theory which has inquire the value of human life and the meaning of the life.  The term existentialism derived from the Latin term existence which means “Be arising.” It arises in the world in the middle of ninety century and developed in the 20 century. Soren Kierkegaard was the founder of this philosophy. Former philosophers have divided it into two parts; theistic and atheistic.
Soren Kierkegaard, Karl Jasper, Gabriel Marcels are known as the sexual life with the self-modification. The individual effect always based his own requires. Every moment an individual tries to fulfill his requirement. Sometimes it may be a few effects. Then his mentality will be collapsed as the frustration. Theistic philosopher explains the frustrated position of human beings and pointed out a solution for the mental disorder. The solution is the Ethical life of the second step of the life. On this second step a man can enter to the good behaviors. He can complete various ethical term on this step. Again he can concentrate and build up his collapsed mentality of the first step of the life. The first and second steps are considered as the empiricism part of this philosophy. After, they have pointed out the religious life. This step entirely covered by the concept of god. Such as people can entirely delicate their whole life for the god. That is the final conclusion of a human beings existence. Through this way an individual can gain the next world. The existential philosophical view shows the current existence of the life. But the theistic philosopher has mentioned the next birth. This misguidance was resurrected by the atheistic philosopher. We can identify; Jean Paul Sartre, Albert Camu etc.
Here, Jean Paul Sartre was great novelist and poet. He opens up this existentialism Philosophy through novel, poetries, etc. He hardly attacks to the god’s concept in the Theistic part. Jean Paul Sartre explained that the human is not a god’s creation but the god is human’s creatures. A human being has own energy and power but he cannot realize the reality of him. Therefore he can face the frustration and suffering in various moment. Then he creates an invisible god and tends to pray the god. Sartre explains that activation of man can be considered as the primary mental state. Therefore he explains that individual has to develop and understand that reality. Jean Paul Sartre always pointed out the liberation and supremacy of the mankind. He has applied this thought into his novels and poetries. He emphasize that the public liberation of the mankind can be destroyed in the society. Therefore he was a great thinker in the 20 century. In the Second World War, many people were died. They have no any mind of the life and never think their existence of life. Suddenly they saw their relatives who died in front of their eyes. After Second World War, the existentialism philosophy arose in the philosophical complex aiming at the value and existence of the life. First of all, a man should understand the value of the life. If one wants to understand it, he should really understand the cruel and brutality of the death. When ones can understand it his mind completely will fulfill with the craving of the existence. Then he can maintain his life and enjoy his life.   

Thursday, August 2, 2012

ဝမ်းမြောက်ပီတိတွေ ဖြစ်ရပါသည်ဘုရား


Gigabyte--i-3



အရှင်ဘုရား...သီဟိုဠ်မှာ ပညာရေးအတွက် အထောက်အကူဖြစ်စေရန် တကယ်လိုအပ်သော ကျောင်းသာ သံဃာတော်များကို တပည့်တော်မ ကွန်ပျူတာလှူဖို့စဉ်းစားမိတယ်ဆိုတဲ့ ရဟန်းအမကြီးရဲ့စကားကို ကြားလိုက်ရတော့ ညီတော်နောင်တော် ပညာသင် သံဃာတော်တွေအတွက် ရင်မှာ အတော်လေးကို ပီတိဖြစ်ရပါတယ်။ "တပည့်တော်က ကျောင်းသားကိုယ်တော်လေးတွေ စာကြည့်ရတာ၊ အင်တာနက်မှာစာရှာရတာ မပင်ပန်းစေချင်လို့'ပါ ဘုရားလို့လျှောက်ထားလာတဲ့အတွက် သြော်..ဒကာမကြီးက တကယ်လိုအပ်နေတဲ့နေရာကို ဖြည့်ပေးနေတာပဲလို့ တွေးမိလိုက်ပါတယ်။
   သီဟိုဠ်မှာကျောင်းတက်နေတဲ့ ကိုယ်တော်လေးတွေမှာ ကွန်ပျူတာနဲ့ ပက်သက်လို့ ခက်ခဲမှုတွေရှိပါသလားလို့ လျှောက်ထားလာတဲ့အခါ...ရှိပါတယ်။ တစ်ချို့အဆင်ပြေသလို၊ တစ်ချို့လဲ အတော်လေးကို ခက်ခဲကြပါတယ်။ ဒီတော့ ရဟန်းအမကြီးက ငါးလုံးလှူဒါန်းဖို့ သတ်မှတ်လိုက်ပါတယ်။
    ဒီတော့ လှူဒါန်းဖို့ အလှူခံယူမည့် ခက်ခက်ဖြစ်နေတဲ့ ကျောင်းသား သံဃာတော်ကို မေးမြန်းလျှောက်ထားရတယ်။ လွယ်တော့ မလွယ်ဘူး။ ဘာလို့လဲဆိုတော့ ပုထုတွေကို။ ရဟန်းအမကြီးက အလှူခံယူမည့် ကိုယ်တော်လေးတွေရဲ့ ဘွဲ့တော်များကို ပီတိဖြစ်ချင်လို့ မေးလာတဲ့အခါ.....လျှောက်ထားဆဲပဲလို့ ပြောထားလိုက်ရတယ်။
    သို့ပေမဲ့ မနေ့ကတော့ နောင်တော်ကြီး ပညာသာမိ.နောင်တော် ၀ိလာသတို့နှင့် ကွန်ပျူတာများကို သွားကြည့်ရတယ်။ ကွန်ပျူတာအရာမှာတော့ သူတို့က ကျွမ်းကျင်တာဆိုတော့ သူတို့သင့်တယ်ဆိုတဲ့ Gigabyte တံဆိပ်နဲ့ i-3 ငါးလုံးဝယ်လာခဲ့တယ်။ ဈေးကတော့ ရူပီး ၅၈၀၀၀-ငါးသောင်းရှစ်ထောင်ကျပ် ပါဘုရား။ သူတို့ကိုလဲ အထူးကျေးဇူးတင်မိပါတယ်။ အလှူဒါနတစ်ခုဆိုတာ မှားလို့မရဘူး။ သေချာဂရုစိုက်ရတယ်။ မှားလိုက်တာနဲ့ .......သိတဲ့အတိုင်းပဲ။ အမှားမကင်းနိုင်တဲ့ပုထုတွေဆိုပေမဲ့ တကယ်အမှားဖြစ်လာခဲ့ရင် နားလည်ပေးနိုင်ဖို့ သိပ်ခက်ခဲနေတတ်ကြတယ်။ ကွန်ပျူတာငါးလုံးကိုလဲ နောင်တော် ၀ိလာသကပဲ တာဝန်ယူပြီး အသုံးပြုလို့ရအောင် Window တင်တာ၊ Software မောင်းတာတွေကို ပါရမီဖြည့်ပေးပါတယ်။ မကုဋမှာ ကွန်ပျူတာဘာဖြစ်တယ်တဲ့ဆို သူကိုပဲ အကူညီတောင်းရတယ်လေ။ ဒီအတွက်လဲ ကျေးဇူးတင်ရမှာပါ။ အခုဆို..လှူဒါန်းမည် ကွန်ပျူတာ ငါးလုံးစလုံး အသုံးပြုလို့ရပါပြီ။
      တပည့်တော်တို့အနေနဲ့ သံဃာအား ဘုရားမဆန်သာ ဆိုတဲ့ ဘုရားရှင်ရဲ့ ဆုံးမစကားအတိုင်း ဆောင်ရွက်လှူဒါန်းပေးသွားမှာပါဘုရား။ တပည့်တော်များ လှူဒါန်းမည် ရက်မတိုင်ခင် လှူဒါန်းမည် ကျောင်းသား သံဃာတော်များအား အသိပေးလျှောက်ထားပါမည်ဘုရား။ တစ်လုံး သို့မဟုတ် နှစ်လုံးကိုတော့ သံဃာတော်များအားလုံးကို ပီတိဖြစ်စေဖို့ ကံစမ်းပါမည်ဘုရား။
   တကယ်လိုအပ်ပြီး...တကယ်အခက်ခဲဖြစ်တယ်ဆိုပါက....တပည့်တော်ကို အသိပေးစေလိုပါတယ်ဘုရား။
ရဟန်းအမကြီးရဲ့ ရည်မှန်းလှူဒါန်းခြင်းသည် ပညာသင်ရာမှာ အခက်ခဲ မဖြစ်စေရန်။ လွယ်ကူစွာ စိတ်ချမ်းသာစွာဖြင့် ပညာရပ်များကို လေ့လာသင်ယူနိုင်ရန်ပါဘုရား။
   တကယ်စစ်မှန်သော သဒ္ဓါတရားကို ပညာဖြင့် ချင့်၍ သံဃာတော်များအား ပစ္စည်းလေးပါး။ ပညာရေး စသည်များကို ထောက်ပံ့လှူဒန်းပေးနေသော ရဟန်းအမကြီးသည် အပူသောက၊ ဘေးဒုက္ခမှ ကင်းဝေး၍ နိဗ္ဗာန်အကျင့်ကို ကျင့်သုံးနိုင်ပါစေလို့...သံဃာတော်များကိုယ်စား အမေ့မေတ္တာအရှင်..

“ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းကပ်အလှူပင့်ဖိတ်လွှာပါဘုရား”

    


                
             သီရိလင်္ကာကျွန်းတွင် ပညာသင်ယူနေကြသော ညီတော်နောင်တော် သံဃာတော်အရှင်သူမြတ် များနဲ့ ဆရာလေးအားလုံးတို့ဘုရား!
             လာမည့် ၁၃၇၄-ခု ဒုတိယ၀ါဆိုလပြည့်ကျော် ၂-ရက် (04-08-2012) ၀ါဆိုတော်မည့် စနေ နေ့တွင် ကိုလံဘိုမြို့ မကုဋာရာမ မြန်မာကျောင်းတိုက်ကြီးမှာ  အမေ့မေတ္တာအရှင်နရိန္ဒ၏ ရဟန်းဒကာမကြီးမှ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း (စီဝရဒါန)၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း (ပိဏ္ဍပါတဒါန) မကုဋရာမမြန်မာ ကျောင်းတော်ကြီးတွင် အသစ်ဆောက်လုပ်မည့် ငါးထပ်ကျောင်းဆောင်အသစ်-ဖောင်ဒေးရှင်းအတွက် သိန်း(၁၅၀) တစ်ရာ့ငါးဆယ် မတည်လှူဒါန်းခြင်း (၀ိဟာရဒါန)နှင့် သင့်တော်လျှောက်ပတ်သော အားဆေးလှူဒါန်း ခြင်း (အာယုဒါန)စသော ပစ္စည်းလေးပါး ဒါနပါရမီစုကို နိဗ္ဗာန်ကိုအားရုံပြုလျှက် ဆက်ကပ်လှူဒါန်းပူဇော်ပါမည် ဘုရား။
             သို့ဖြစ်ပါသောကြောင့် သီဟိုဠ်ရှိတက္ကသိုလ်ကြီးများတွင် B.A, M.A, M.Phil, PhD စသာ ပညာရေး အသီးသီး သင်ယူနေကြသော မြန်မာကျောင်းသား ညီတော်နောင်တော် သံဃာတော်များ (ဗမာ၊ မွန်၊ ရှမ်း၊ ကရင်၊ ရခိုင်စသည့်) အားလုံးနှင့် ဆရာလေးအားလုံးတို့အနေဖြင့် ရဟန်းအမ၊ ကျောင်းအမ၊ ပစ္စည်လေးပါး ဒကာမကြီး၏ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူဒါနကို မေတ္တာရှေ့ထား၍ ကြွရောက်ချီးမြင့်တော်မူပေး ပါရန် ရဟန်းဒကာမကြီးကိုယ်စား ဘုရားတပည့်တော် အမေ့မေတ္တာအရှင်မှ ရိုသေဂါရ၀ဖြင့် ပင့်လျှောက် အပ်ပါသည်ဘုရား။
             ရဟန်းဒကာကြီးမှ သံဃာတော်များနဲ့ ဆရာလေးတို့အား ဆက်ကပ်လှူဒါန်းမည်မှာ;
၁။ မကုဋာရာမ မြန်မာကျောင်းဆောင်းသစ်အတွက် သိန်းတစ်ရာငါးဆယ် ဆက်ကပ်လှူဒါန်းခြင်း။
၂။ နာယကဆရာတော်ကြီးများအား သင်္ကန်းဒွိစုံနှင့် န၀ကမ္မ၀တ္ထုငွေဆက်ကပ်လှူဒါန်းခြင်း။
၃။ ပညာသင်သံဃာတော်များအား ကိုယ်ပတ်သင်္ကန်းဆက်ကပ်ခြင်း။
၎။ ဆရာလေး အပါး ၂၀ အား ၀တ်စုံလှူဒါန်းဆက်ကပ်ခြင်း။(နီပေါဆရာလေး ၁၀-မြန်မာဆရာလေး ၁၀ပါး)
၅။ သံဃာတော်များနှင့်ဆရာလေးများအား ဘောပင်-ဗလာစာအုပ်များဆက်ကပ်လှူဒါန်းခြင်း။
၆။ သံဃာတော်များနှင့်ဆရာလေးများအား ဆေးဆက်ကပ်လှူဒါန်းခြင်း။
၇။ အရုဏ်ဆွမ်း-နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း။
             ရဟန်းဒကာမကြီး၏ ဒါနပူဇာသို့ကြွရောက်ကြမည့် ညီတော်နောင်တော်သံဃာတော်များနှင့် ဆရာ လေးများ လွယ်ကူချောမွေ့စေခြင်းငှါ တပည့်တော်အနေဖြင့် ပေလိယ၊ ပိပ္ပလိယာနနှင့် တစ်ချို့ နေရာများသို့ အကြိုကားဖြင့် ပင့်ပါမည် ဘုရား။ နောက်... ညီတော်နောင်တော်များ စိတ်ချမ်းသာမှု ဖြစ်အောင် တပည့်တော် အနေဖြင့် တတ်စွမ်းသမျှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလဲ အသိပေးလျှောက်ထား အပ်ပါသည် ဘုရား။
             ညီတော်နောင်တော်သံဃားတော်များနှင့် ဆရာလေးများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာ၍ မြတ်ဗုဒ္ဓ၏ သာသနာကို သက်စွန့်တမံ ဆောင်နိုင်ပါစေလို့…  
ရဟန်းအမကြီးကိုယ်စား
အရှင်နရိန္ဒ-အမေ့မေတ္တာအရှင်(ခေတ္တ-အလင်္ကာ)

Saturday, July 21, 2012

ကြိုးကြာတောင်ပံခတ်သံ သို့ သာသနာ့အားမာန် အပိုင်း (၄)

 
တောင်တန်းကို အရောက်လှမ်းဖို့..လေးနှစ်တာ ခိုလုံခဲ့ရတဲ့ အမေ့ရင်ခွင်ကြီးပါ။

    နောက် မြေပြန့်ကနေ တာဝန်ကျလာတဲ့ ဆရာ၊ ဆရာမလေးတွေဆိုလဲ သနားစရာပါ။ မိမိကျခဲ့တဲ့ နာဂရွာလေးသုံးရွာမှာ လာဝယ်ဆိုတဲ့ရွာလေးကတော့ တာဝန်ကျဆရာ၊ ဆရာမများကို ရွာကနေ စပါးထောက်ပံ့ပေးပါတယ်။ ဆရာ၊ ဆရာမတွေအတွက်ပူစရာ မရှိသလောက်ပါပဲ။ တောထဲ့က အသားတွေ ဘာတွေ ရလာရင်လဲ ပို့ပေးပါတယ်။ လာဝယ်ဆိုတဲ့ ခန္တီးအကျဉ်းထောင် နားကရွာေ လးကို ရောက်လာတဲ့ ဆရာ၊ ဆရာမလေးတွေအတွက်တော့ သိပ်ကိုကံကောင်းပါတယ်။ တစ်ရွာလုံး က၀ိုင်းပြီး သူတို့ကို ချစ်ခင်ကြတာပါ။ လာဝယ်ကျေးရွာလေးက နာဂတိုင်းရင်းသူလေးတွေရဲ့ လော်ဝမ်း -လော်ဝမ်းဆိုတဲ့ အရှင့်ကို ခေါ်တဲ့ ချစ်စရာ စကားသံဝဲ၀ဲလေးတွေကို ကြားယောင်နေဆဲပါပဲ။ ကျန်ရွာလေး နှစ်ရွာကတော့ ဘာထောက်ပံ့မှုမှ မရှိပါဘူး။ ကိုယ့်အားကိုကိုးလို့ ကိုယ်ဝမ်းကို ကိုယ်ကျောင်း ရတာပါ။ ဆရာ၊ ဆရာမတွေဟာ မိမိတို့နေထိုင်စရာ တဲအိမ်ကိုတောင် ကိုယ်တိုင်ဆောက် လုပ်ကြရတဲ့ အနေထားပါ။ အဲဒီနာဂရွာလေးတွေမှာ ကျောင်းဆရာ၊ ဆရာမတွေရဲ့ ဘ၀ခက်ခဲ ကြမ်းတမ်းမှုကို စာနာမိ ခဲ့ပါတယ်။ နိုင်ငံတော်က ချမှတ်ပေးလိုက်တဲ့ ပညာရေးတာ ၀န်တွေကို ကျေပွန်အောင် ရုန်းကန်နေ ကြရတာ မဟုတ်လား။ သာသနာပြုအရှင်တို့နဲ့ ဘ၀တူေ တွမို့ တောင်တန်းမြေဒေသက ကျောင်းဆရာ၊ ဆရာမတွေကိုလဲ တန်းဖိုးထားလေးစာမိပါတယ်။
          ကျန်းမာရေးခေါင်းစဉ်အောက်မှာတော့ မိမိသည်ရွာသူ ၊သားများ နေမကောင်းမကျန်း မာဖြစ် လာတဲ့ အခါ ဆေးပေး ရပါတယ်။ ဆေးပေးဆိုပေမဲ့ နာစေး၊ ချောင်းဆိုး၊ အဖျား၊ ငှက်ဖျား၊ ဗိုက်အောင့် ဗိုက်နာ၊ ခေါင်းကို ခေါင်းမှူး၊ ထိခိုက်ဒဏ်ရာဆိုတဲ့ အသေးစားရောဂါများအတွက်သာဖြစ်ပါတယ်။ ရွာမှာက ဆေးခန်း၊ ဆေးဆိုင်၊ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးလုပ်သား ဘာဆိုဘာမှ မရှိပါ။ ဒီတော့ ဖြစ်ပြီဆို သူတို့အားထားရာ သာသနာပြု ဘုန်းကြီးထံကိုပဲ လာကြရတာပါ။ ဒီတော့ မိမိက သင့်တော်တဲ့ အင်္ဂလိပ်ဆေး၊ မြန်မာဆေးများကို ရောစပ်ပေးရပါတယ်။
                 သူတို့အတွက်ဆေးများကိုတော့ မိမိသည် မြေပြန့်မှာရှိစဉ် တောင်တန်းကို မလာခင်ကတဲ့က ကြိုတင် စုဆောင်းဝယ် ထားရတာပါ။ နိုင်ငံတော်က ထောက်ပံ့ပေးတာမဟုတ်ပါဘူး။ မိမိသည် မန်းလေးက ဆိုတော့ မန်းလေးက ဒကာ၊ဒကာမများနှင့် ၀ါခင်းကု န်းဗြဟ္မစိုရ်နာရေးလူမှုကူညီရေး အသင်း ကိုသွားပြီး အလှူခံရ ပါသည်။ ၀ယ်သင့်တာကိုလဲ ၀ယ်ရပါသည်။ ဒီလူမှုကူညီရေးအသင်းကြီးကို ဆရာတော် ဘုရားကြီး ဦးတိက္ခ တည်ထောင် ထား တာပါ။ ဆေးဝယ်၊ ဆေးပေးတဲ့နေရာမှာလည်း မြန်မာဆေးအတွက် အခက်မရှိပေမဲ့ အင်္ဂလိပ်ဆေး အတွ က်တော့ မိမိမှာ အခက်တွေ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာ့တိုင်းရင်းဆေးပညာ အခြေခံ သဘော တရားများကို နိုင်ငံတော်ပရိယတ္တိ သာသနတက္က သိုလ်ဆိုတဲ့ အမိရင်ခွင်မှာပဲ ဖိုင်းနယ်ကျောင်း သားဘ၀မှာ သင်ကြားခွင့် ရခဲ့ပါတယ်။ မန်းလေးတိုင်း ရင်းဆေးတက္ကသိုလ်မှ ဆရာကြီးများကိုယ်တိုင် သင်ကြား ပြသပေးခဲ့တာပါ။ ဒါကြောင့် မိမိသည် ဒီဆရာ ကြီးများ၏ ကျေးဇူး တရားကြောင့် တောင်တန်းဒေသမှာ လူတွေ အသက်ကို မြန်မာ့ဆေးဖြင့် ကုသ ကယ်တင်ေ ပးနိုင်ခဲ့ပါတယ်။ ဆရာကြီးများကိုလဲ ကျေးဇူးအထူး တင်ပါတယ်။
          ခက်တာက အင်္ဂလိပ်ဆေးပါ။ အင်္ဂလိပ်ဆေးပညာကို လေ့လာသင်ကြားခွင့်မရခဲ့ပါဘူး။ ဆရာကြီး များကလဲ မြန်မာတိုင်း ရင်းဆေးရဲ့အခြေခံကိုပဲ ပြသပေးခဲ့တာပါ။ ဒီတော့ အင်္ဂလိပ်ဆေးအတွက် မိမိမှာ အခက်ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် မိမိ သိကျွမ်းရင်းနီးတဲ့ မန်းေ လးက ဒေါက်တာဖြူဖြူလင်း (ဘုတ်ဘုတ်) ဆီမှာပဲ လိုအပ်တဲ့ဆေးဝါးများကို အလှူခံပြီး သူညွန်ကြားေ ပးတဲ့အ တိုင်း တောင်တန်းဒေသက နာဂ တိုင်းရင်သား လူနာများကို ကုသ ကယ်တင်ပေးခဲ့ရပါတယ်။ ဒီတော့ ဒေါက်တာဖြူဖြူ လင်းကိုလဲ ကျေးဇူးတင်မိပါတယ်။ ဒီအခက်ခဲဖြေရှင်းဖို့ မန်းလေးနပသ တက္ကသိုလ် ကြီးမှာ ဖိုင်းန ယ်ကျောင်းသား ရဟန်းတော် များကို မြန်မာတိုင်းရင်းဆေးနဲ့ တွဲဖက်၍ အနောက်တိုင်း အင်္ဂလိပ်ဆေး ပညာကိုပါ သင်ကြားပြသပေးဖို့ မိမိရဲ့ သာသနာ ပြုအတွေ့အကြုံစာတမ်းမှာ ဖော်ပြအကြံပြုပြီး အထက်ကို တင်သွင်းပေးခဲ့ပြီးပါပြီ။ ရောက် မရောက်၊ လုပ် မလုပ်၊ လက်ခံမခံဆို တာတော့ မသိဘူးပေါ့။
         တောင်တန်းဒေသမှာ ဗဟုသုတ နည်းပါး တာက တစ်ကြောင်း၊ ဆင်းရဲတာကတစ်ကြောင်း၊ မြို့ကို သွားဖို့ခက်ခဲ တာကတစ်ကြောင်း စသော အကြောင်းတရာ များကြောင့် မိမိသည် မြေပြန်က ပါလာေ သာ ဆေးဝါးများဖြင့် မလုံလောက်ပါ။ ဒီတော့ ခန္တီး မြို့ ပေါ်ကို ရောက်တိုင်း ဆေးများကို အလျဉ် မှီအောင် ၀ယ်ရ ပါတယ်။ ငှက်ဖျားေ ဆးတွေက ဈေးကြီးတယ်လေ။ နိုင်ငံတော် ကပေးတဲ့ ထောက်ပံ့ကြေး တစ်လ တစ်သောင်း ခွဲလဲ အိတ်ကပ်ထဲကို မရောက်ရရှာဘူးဆိုပါတော့။
          ဆေးကုခြင်းဆိုတာ လူ့အသက်ကို ကယ်တင်ခြင်းဆိုသော်လည်း မိမိအတွက်တော့ မလွယ်တာ အမှန်ပါပဲ။ အဘယ်ကြောင့်ဆိုသော် ခဏတာလေး လပိုင်းအတွင်းမှာပဲ လေ့လာသင်ကြားခဲ့ရတဲ့ တိုင်းရင်း ဆေး ပညာအတတ်မျှဖြင့် ဆေးပေးဖို့၊ ရောဂါကုဖို့ဆိုတာ မခက်ပေ ဘူးလား။ အထူးသဖြင့် ကလေးတွေဆို ပိုဆေးပေးရ၊ ကုရခက်ပါတယ်။ နောက်…. တစ်ခါတစ်လေ ရွာထဲကို ဆင်းပြီး ကော်ဖီထုပ်ေ လးယူပြီး ကျောင်းသား ကိုရင်တစ်ပါးနှစ်ပါး ခေါ်ကာ လူနာအိမ်ကိုသွားရပါတယ်။ သူတို့ကို ဆေးတစ်ခွက် တိုက်ဖို့ စကားတွေ အမျိုးမျိုးပြော၊ ကော်ဖီကိုဖျော်တိုက်ပြီးမှ “ သြနူ၊ သြသေ= အဘွား၊ အဘိုး ဒါလေးကိုသောက်လိုက်ပါ အဖိုး၊ အဘွားသက် သာသွားမှာ။ မနက်ဖန်ဆို တောင်ယာသွားလို့ရပြီ စသည်ဖြင့် ပြောဆိုကာ”  ဆေးတိုက်ရပါတယ်။
                      ရံဖန်ရံခါလဲ ညကြီးမိုးချုပ်လဲ ထသွားရပါတယ်။ လျပ်စစ်မီးမရှိတော့ ဓာတ်မီး သို့မဟုတ် ဖယောင် တိုင်မီးကို လက်ကကိုင်ပြီးသွားရပါတယ်။ အိမ်ကိုရောက်ပြီးဆိုရင်တော့ မီးအလင်းရောင် ကို ကောင်းကောင်း ရပါတယ်။ ရဆို မီးဖိုမှာ မီးရဲ့ရဲတော က်နေတာကို၊ တောက်ဆို သူတို့က မီးဖိုကိုပဲ အားကိုးပြီးညတွေကို ကျော်ဖြတ်ရတာပါ။ မီးအလင်းရောင်က တစ်ယောက်မျက်နှာ တစ်ယောက် ရှင်းရှင်း လင်းလင်းကို မြင်နိုင်ပါတယ်။ မီးဖိုကို အိမ်အလည်၊ သို့မဟုတ် အိမ်ဦးခန်းမှာ ထားလေ့ရှိကြပါတယ်။ ဘုရားစင် ရှိပေမဲ့ အများစုက ဘုရားမီးမထွန်းကြပါဘူး။ မီးဖိုက မီးဖြင့်ပဲ ဗုဒ္ဓဘုရားရှင်ကို မီးပူဇော် တယ် လို့ပဲ ပြောရမှာပါ။ မီး ဖိုပေါ်မှာ ရေနွေးအိုးလေးတည်ပြီး၊ ရေနွေးသောက်၊ စကားပြော ၊ ဆေးပေး၊ ဆေးတိုက်ပြီးမှ ကျောင်းကိုပြန် ကြွရပါတယ်။ အင်း.. အပြန်မှာတော့ ကိုရင်လေးတွေ ကို ခြောက်လန့်ရင်း ခပ်သွက်သွက်လေး ကျောင်းကိုရောက်သွားပါတော့တယ်။
              တစ်ခါတစ်လေ ရောဂါပြင်းသူများကို မြို့ပေါ်ခန္တီးဆေးရုံကို လိုက်ပို့ပေးရတယ်။ မြို့ဆေးရုံကို သွားဖို့ဆိုတာကလဲ တကယ်တော့ မလွယ်ပါဘူး။ လာဝယ်ရွာလေးကတော့ ခန္တီးကနေ သုံးမိုင်ခွဲ လောက်ဝေးပါတယ်။ သို့သော်လည်း ခန္တီးအကျဉ်းေ ထာင်ရှိနေတာမို့ လမ်းပန်းဆက်သွယ်မှု မဆိုး ဘူးလို့ ပြောလို့ရပါတယ်။ နောက်… .ဖားကန့်၊ နန်စီဗွန်စသော ရတနာထွက်ရာေ ဒသများဆီကို သွားတဲ့ လမ်းကြောဖြစ် နေတာမို့ လာဝယ်ရွားလေးက ကံကောင်းတယ်ပြောရမှာပါ။ ဒီတော့ အရေးဆို သွားလို့လာလို့ မဆိုးဘူးပေါ့။ နန့်ဖာရွာ လေးကတော့ ကံအဆိုးဆုံးပါ။ ကားလမ်း၊ ခြေလမ်း မရှိပါဘူး။ ရေလမ်းတစ်ခုတည်းပါ။ ဒီတော့ မော်တော်ရှာရတာ။ လှေရှာရတာ၊ ဟွန်ဒါစက်ရှာရတာ မလွယ်ပါဘူး။ နန့်ဖာရွာလေးကတော့ တံခါး-တနိုင်း ဒေသများဆီသို့ သွားရာချင်းတွင်းမြစ်ဘေးမှာ တည်ရှိတာပါ။ အတော်တော့ဝေးပါတယ်။ မော်တော်နဲ့ ၁နာရီခွဲ  ၂နာရီနီးနီးတော့ စီးရပါတယ်။
           အောင်မြေရွာလေးကတော့ အဆိုးကြီးလဲမဟုတ် အတော်ကြီးလဲ မဟုတ်ပေါ့။ ခန္တီးအကျဉ်းေ ထာင်နဲ့လဲ နီးသလို၊ လာဝယ်ရွာလေးနဲ့လဲ နီးပါတယ်။ ပြေးကြည့်မှ.. လာဝယ်- အောင်မြေရွာလေးနဲ့ ခန္တီး အကျဉ်း ထောင်ကြီးပဲ ရှိတာပါ။ ၾတိဂံပုံစံရွိေ နတာပါ။ အောင်မြေရွာလေးသို့လဲ ကားလမ်းမရှိ။ လူသွား လို့ရတဲ့ တောလမ်းတောင်လမ်းတော့ ရှိပါတယ်။ ရေလမ်းကတော့ မိုးရာသီမှပဲ သွားလို့လာ လို့ရပါတယ်။ အင်း ဒီထက်ဆိုတဲ့ သာသနာပြုနောင်တော် ညီတော်တွေတာဝန်ကျတဲ့ လဟယ်ဒေသ လောက်တော့ မဆိုးပါဘူး။ တောင်တန်းဆိုတဲ့ အတိုင်း ဘ၀တွေလဲ တကယ်ကို ဗြောင်းဆန် သွားတာပါပဲ။ သွေးလိုအပ်လာရင် လှူပေးရ ပါတယ် ။ ငွေလိုအပ် လာရင် ထောက်ပံ့ ပေးရတယ်။ နောက်ဆုံးမွေး လူနာကိုတောင် သွားရောက် ၾကည့္ရွဳေ ထာက္ပံ့ေ ပးရပါ တယ်။ ငွေကြေးမတတ်နိုင်တဲ့ ဆင်းရဲလူနာများအတွက် ဆေးပဒေသာ ပင်မှာလည်း ထည့်ပေး ထားရပါတယ်။
          မှတ်မှတ်ရရပါ။ တစ်နေ့ အရှင်က နန့်ဖာဆိုတဲ့ နာဂရွာလေးကို ရောက်နေစဉ်၊ နန့်ဖာ ရွာလေးက ကောင်းလေးတစ်ယောက် အပြင်းဖျားပြီး ဆေးရုံကို ရောက်နေတယ်ကြားလို့ ခန္တီကို လိုက်သွားတယ်။ ဟိုရောက်တော့ သင့်တော်မယ့် စားစရာ သောက်စရာလေးဝယ်ပြီး ဆေးရုံကို သွားတယ်။ ဖြစ်ချင်တော့ ဆေးရုံအ၀င်မှာပဲ လာဝယ်က အမျိုးသမီး တစ်ယောက်လဲ ဆေးရုံတက်နေတာကို သိလိုက်ရတယ်။ ဒီတော့ နန့်ဖာရွာက လူနာကောင်းလေးကို မရှာရသေးခင် လာဝယ်ရွာက လူနာအမျိုးသမီး ဆီလိုက်သွားလိုက်ရတယ်။ ပါလာတဲ့လက်ထဲက အထုပ်လေးလဲ ထားခဲ့လိုက် ရတယ်လေ။ နောက် လူနာကောင်လေးဆီရောက်တော့ ပေးစရာက ဘာမှမရှိတော့ဘူးလေ။ ဒီတော့ ခဏဆိုပြီး အပြင်ကို အမြန်ပြေးထွက်ပြီး မြို့ထဲကိုသွား ၀ယ်လိုက် ရတယ်။ တစ်ခါတစ်လေ သုံးလေးယောက် ဆုံနေရင် ပိုတောင်အခက်ကြုံရသေးတယ်။ ဟို..အရင်ပေးမကောင်း၊ ဒီအရင်ပေး မကောင်း မဟုတ်လား။ ဒီအဖြစ်ပျက်လေးတွေကလဲ အမှတ်ရစရာလေးတွေပါပဲ။
အပိုင်း (၅) ဆက်လက်ပါအုံးမည်။ အားလုံးသာယာရွှင်လန်းပြီး ဆင်းရဲသူ၊ အားငယ်သူ များအပေါ် မေတ္တာထား၊ စာနာထား၊ ကူညီစောင့်ရှောက်နိုင်ကြပါစေလို့… အမေ့မေတ္တာအရှင်…


မွတ်စလင်တယောက်၏ ... ရင်တွင်းစကား . . . မှ . . အစ္စလာဟ်ဘာသာဝင် အကြမ်းဖက်သူများထံသို့

ကျွန်တော်ဟာ ကျွန်တော့် ယုံကြည်ချက်နဲ့ မွတ်စလင်တစ်ယောက် ဖြစ်ပါတယ်။ စိတ်ဆန္ဒအရဆိုရင်တော့ ကျွန်တော်ဟာ ခရစ်ယာန်တစ်ယောက်ပေါ့။ နှလုံးသားအရတော့ ဂျူးတစ်ယောက် ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင်တော့ ကျွန်တော်ဟာ လူသားတစ်ယောက်ပါ။ ဒေါက်တာ ဟာမစ်ဆိုတာ တယူသန် မွတ်စလင်တွေကို ဆန့်ကျင်တဲ့ စာရေးဆရာ၊ အီဂျစ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်အနေနဲ့ မွေးလာတယ်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး အစ္စလာဟ်ဘာသာဝင် တစ်ဦးလိုပဲ နေခဲ့တယ်။ ရက်စက်ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်နဲ့ဘ၀တူ မွတ်စလင်တွေက ကမ္ဘာ့အနေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာကို တွေ့ပြီးနောက်မှာ၊ ပြီးတော့ ကမ္ဘာအနှံ့အပြားက အစ္စလာဟ်ဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုများကို တွေ့မြင်ရဖန်များလာပြီးတဲ့နောက်မှာ ကျွန်တော့်မှာ ခံစားချက်လေးတစ်ခု ပေါက်ဖွားလာခဲ့တယ်။

ဒါကတော့ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ဖြစ်သလို လူသားတစ်ဦးလည်းဖြစ်တဲ့အတွက် အမှန်တရားကို ထုတ်ဖော်ပြောကြားဖို့ တာဝန်ရှိတယ်ဆိုတဲ့ ခံစားချက်ပါ။ ဒီခံစားချက်က အစ္စလာဟ်ဘာသာနဲ့ ကမ္ဘာကြီးကို ကပ်ဘေးတွေနဲ့ ယဉ်ကျေးမှုတိုက်ပွဲတွေကနေ ကာကွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်။
ကျွန်တော် ၀န်ခံပါတယ်။ လက်ရှိ အစ္စလာဟ်တရားတွေဟာ မွတ်စလင်မဟုတ်သူတွေအပေါ် အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကို ဖန်တီးပေးနေတယ်ဆိုတာကိုပေါ့။

ကျွန်တော်တို့ မွတ်စလင်တွေဟာ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ ဒီနေ့အချိန်အထိ မိန်းမအများကြီးယူတဲ့စနစ်ကို လက်ခံကျင့်သုံးနေကြဆဲဖြစ်တယ်။ နောက်ပြီး မွတ်စလင်ကနေ အခြားဘာသာပြောင်းသွားသူတွေကို သတ်ဖြတ်တဲ့အကျင့်တွေက ရှိနေဆဲဖြစ်တယ်။

အထူးသဖြင့် ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်စနစ်နဲ့ စစ်ပွဲတွေကို ဆန့်ကျင်တဲ့နေရာမှာ ပြတ်သားတဲ့ ရပ်တည်ချက် မရှိသေးတာပဲဖြစ်တယ်။ ဆန့်ကျင့်ကန့်ကွက်တာတွေ မလုပ်တဲ့အပြင် အဲဒီကျွန်စနစ်နဲ့ စစ်ပွဲတွေကို ဖန်တီးပြီး အစ္စလာဟ်သာသနာပြန့်ပွားအောင်၊ အခြားဘာသာဝင်တွေကို မွတ်စလင်ဖြစ်လာအောင် လုပ်နေကြပါတယ်။ နောက်ပြီးတော့ ဂျိဇီယာ (Jizia)လို့ခေါ်တဲ့ မတရားအခွန်ငွေတွေ ကောက်ခံနေကြပါတယ်။ (မလေးရှားမှာ တရုတ်လူမျိုးများကို နှိမ်ထားသလိုမျိုး ဖြစ်မည်ဟု ထင်ပါတယ်…စာရေးသူ)

ကျွန်တော်တို့ မွတ်စလင်တွေဟာ “အစ္စလာဟ်ဘာသာကို လေးစားကြပါ” လို့ ကမ္ဘာ့လူသားတွေကို တောင်းဆိုနေကြတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ဗလီတွေမှာ ကြာသပတေးနေ့တိုင်း အခြားအစ္စလာဟ်ဘာသာဝင် မဟုတ်သူတွေကို (အာရဗီဘာသာစကားနဲ့) ဆဲရေးတိုင်းထွာနေကြပါတယ်။

ကျွန်တော်တို့ အစ္စလာဟ်ဘာသာဝင်တွေဟာ ဂျူးတွေကို ၀က်နဲ့မျောက်ကနေဆင်းသက်သူများလို့ ဆဲရေးတိုင်းထွာကြတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ မွတ်စလင်ဘာသာဝင်ကလေးငယ်တွေကို ဘယ်လို မက်ဆေ့တွေ (သင်ကြားချက်တွေ) ပေးချင်တာပါလဲ။ ဒါဟာ မေတ္တာတရားနဲ့ငြိမ်းချမ်းရေး လက်ဆောင်တွေလား။ အမုန်းတရားလက်ဆောင်တွေလား။

ကျွန်တော် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ဂျူးဘုရားကျောင်းတွေကို ရောက်ဖူးတယ်။ သူတို့က ကျွန်တော်တို့ မွတ်စလင်တွေအတွက် ဆုတောင်းပေးနေကြတယ်ဗျ။

ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်ခေါင်းဆောင်တွေက သူတို့ကို ဆဲရေးတိုင်းထွာနေကြတယ်။ ကျွန်တော်တို့ရဲ့ မွတ်စလင်မျိုးဆက်တွေကိုလည်း သူတို့ (အခြားဘာသာဝင်တွေ)ကို မုန်းတီးရွံရှာဖို့နဲ့ မိစ္ဆာဒိဋ္ဌိများအဖြစ် ခေါ်ကြဖို့ သင်ကြားပေးနေကြပါတယ်။

ကျွန်တော်တို့ မွတ်စလင်တွေဟာ တစ်စုံတစ်ယောက်က “မိုဟာမက်ဆိုတာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်လေးတွေအပေါ်မှာ ကာမစပ်ယှက်သူ” လို့ စွပ်စွဲတဲ့အခါ မိုဟာမက်ကို ကာကွယ်ဖို့ ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းကန့်ကွက်ကြပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မွတ်စလင်တွေဟာ အစ္စလာဟ်ကျမ်းစာမှာလာတဲ့ “တမန်တော် မိုဟာမက် အသက် ၅၀ ကျော်သောအခါ အသက် ၇-နှစ်မျှသာရှိသေးသော အမျိုးသမီးငယ်လေးကို လက်ထပ်တော်မူတယ်” ဆိုတဲ့အကြောင်းကိုတော့ ဂုဏ်ယူပြောဆိုနေကြပြန်ပါတယ်။

ပြောရမှာတော့ ၀မ်းနည်းပါတယ်။ မွတ်စလင်များစွာဟာ (အားလုံးတော့ မဟုတ်ပါဘူး) အမေရိကန်က ဝေါထရိစင်တာကို ၀င်တိုက်တဲ့ စက်တင်ဘာ ၁၁-ရက် အဖြစ်အပျက်နဲ့ ကမ္ဘာအနှံ့အပြားက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြားရတိုင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။

ကမ္ဘာ့မီဒီယာရှေ့မှာတော့ ကျွန်တော်တို့ မွတ်စလင်တွေဟာ ဒီလို အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာကြပါတယ်။ ဒါပေမယ့် မွတ်စလင်အကြမ်းဖက်သမားတွေကို မွတ်စလင်တွေဟာ သဘောခွေ့နေကြပါတယ်။ လျစ်လျူရှုထားကြပါတယ်။ သူတို့ အကြမ်းဖက်ရခြင်းအကြောင်းကိုတောင် ရှာကြံပြီး အကြမ်းဖက်သမားတွေကို သနားနေကြပါတယ်။

ဥပမာအနေနဲ့ ဘယ်အစ္စလာဟ်အဖွဲ့အစည်းက အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို “ဘာသာရေးသွေဖီသူ၊ အစ္စလာဟ်တရားတော်ကို ချိုးဖောက်သူ” လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ပါသလဲ။ ရှေ့နောက်မညီတာတစ်ခုက စာရေးဆရာ ရပ်ခ်ျဒိုင်း (Rushdie)ကိုတော့ အစ္စလာဟ်ကို ဆန့်ကျင်တဲ့စာအုပ် ရေးသားမှုနဲ့ သေဒဏ်ပေးသင့်ကြောင်း ကြေညာပေးခဲ့တယ်။

ကျွန်တော်တို့ မွတ်စလင်တွေဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ ပိုရဖို့ ကမ္ဘာအနှံ့အပြားမှာ တောင်းဆိုနေကြတယ်။ ဥပမာ ပြင်သစ်မှာ ခေါင်းမြီးခြုံခွင့် ပိတ်ပင်ခြင်းကိစ္စကို ပယ်ဖျက်ဖို့ တောင်းဆိုနေကြတယ်။

ကျွန်တော်တို့ တကယ်လုပ်သင့်တာက ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပျက်နေတဲ့ အစ္စလာဟ်အစွန်းရောက် လူသတ်သမားတွေကို ဆန့်ကျင်ကြဖို့ အားပေးအားမြှောက် မပြုကြဖို့နဲ့ အစွဲအလန်းတွေ သိပ်မကြီးကြဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်တွေဟာ အခုထိ ဒါတွေကို ဆန့်ကျင်ကြောင်း၊ အားပေးအားမြှောက် မပြုပါကြောင်းဆိုတဲ့ ဆန္ဒတွေ မဖော်ထုတ်ပေးနိုင်ကြပါဘူး။

ကျွန်တော်တို့ရဲ့ သဘောထားကို မဖော်ပြဘဲ တိတ်တိတ်ကလေး နေနေကြတာဟာ အစ္စလာဟ်အကြမ်းဖက်သမားတွေကို သတ်ဖြတ်ခြင်းလုပ်ငန်းတွေ ဆက်လုပ်ဖို့၊ အကြမ်းဖက်မှုတွေ ဆက်လုပ်ဖို့ အားပေးနေတာ၊ တိုက်တွန်းနေတာ၊ စွမ်းအင်တွေ ဖြည့်ပေးနေတာနဲ့ အတူတူပါပဲ။

ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်တော်တို့ ကံမကောင်းအကြောင်းမလှတာတွေအတွက် အစ္စရေးလူမျိုးတွေနဲ့ အခြားသူများအပေါ်ကို အပြစ်တင်၊ လက်ညှိုးထိုးနေကြတာကို ရပ်တန့်ပစ်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော် မွတ်စလင်တစ်ယောက်အနေနဲ့ ရိုးရိုးသားသား ပြောရရင် အစ္စရေးနိုင်ငံဆိုတာ အရှေ့အလယ်ပိုင်းဒေသမှာ ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်တစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှုရဲံ့ အလင်းရောင် ဖြစ်ပါတယ်။ လူ့အခွင့်အရေးများရဲ့စံထားရာနိုင်ငံတစ်ခု ဖြစ်ပါတယ်။

မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေဟာ ကရုဏာတရားမဲ့စွာနဲ့ ဘာနစ်နာကြေးမှမပေးဘဲ ဂျူးလူမျိုးတွေကို ပထုတ်နေကြတယ်။ “လွတ်လပ်သောဂျူးနိုင်ငံတော်” ကို ခွင့်မပြုကြဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အစ္စရေးလူမျိုးတွေကတော့ အာရပ်လူမျိုး သန်းပေါင်းများစွာကို သူတို့နိုင်ငံသားအဖြစ် သူတို့မြေပေါ်မှာ လက်ခံပေးထားပါတယ်။ ဂျူးလူမျိုးတွေနဲ့ အခွင့်အရေးတန်းတူ ခံစားခွင့်ပေးထားပါတယ်။

အစ္စရေးမှာ အမျိုးသားက အမျိုးသမီးတွေကို တရားဝင် ရိုက်နှက်ခွင့်မပြုပါဘူး။ လူတိုင်းလူတိုင်း ဘာသာတစ်ခုကနေ ဘာသာတစ်ခုကို လွတ်လွတ်လပ်လပ် ပြောင်းနိုင်ခွင့် ရှိပါတယ်။ အစ္စလာဟ်မှာလို ဘာသာပြောင်းလဲခြင်းဥပဒေအရ သတ်ဖြတ်ခံရမှာကိုလည်း ကြောက်စရာ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ အစ္စလာဟ်နိုင်ငံတွေမှာ ဒီလို အခွင့်အရေးမျိုးကို ရနိုင်လို့လား။ ဒီအခွင့်အရေးမျိုးကို ခံစားကြရလို့လား။ (ဒါဆိုရင် ခင်ဗျားက အစ္စရေးဘက်တော်သား မွတ်စလင်လားလို့ ကျွန်တော့်ကို မေးလိမ့်မယ်)။

ကျွန်တော်အနေနဲ့ ပါလက်စတိုင်းက မွတ်စလင်တွေ ဒုက္ခခံစားနေရတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဒီလို ဒုက္ခခံစားနေရတာတွေဟာ အစ္စရေးတွေ(ဂျူးတွေ)ကြောင့် မဟုတ်ပါဘူး။ ပါလက်စတိုင်းက အကျင့်ပျက်ခြစားနေတဲ့ (ပျက်စီးနေတဲ့)ခေါင်းဆောင်တွေကြောင့် ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံမှာနေတဲ့ အာရပ်လူမျိုးတွေ အာရပ်တိုင်းပြည်တွေမှာ နေချင်လို့ဆိုပြီး ထွက်ပြေးတာကို တွေ့မြင်ရဖို့ ခဲယဉ်းပါတယ်။ အခြားတစ်ဖက်မှာတော့ ထောင်သောင်းများစွာသော ပါလက်စတိုင်းလူမျိုး မွတ်စလင်တွေဟာ သူတို့ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ အစ္စရေးမှာ ပျော်ရွှင်စွာ အလုပ်လုပ်ဖို့ အစ္စရေး နယ်မြေထဲကို ၀င်နေကြပါတယ်။

အချို့ပုဂ္ဂိုလ်တွေ ပြောနေကြသလို အစ္စရေးတွေက ဆိုးဆိုးဝါးဝါး လူမဆန်စွာ ဆက်ဆံကြတယ်ဆိုရင် ဆန့်ကျင်ဘက်အခြေအနေ (ပါလက်စတိုင်းတွေက အစ္စရေးနယ်မြေထဲ မ၀င်ဘဲ၊ အစ္စရေးထဲက အာရပ်တွေကသာ ပါလက်စတိုင်းနယ်မြေထဲ ၀င်နေကြမယ်ဆိုတဲ့ ဆန့်ကျင်ဘက်အခြေအနေ… စာရေးသူ) တွေပဲ ကျွန်တော်တို့ တွေ့ရမှာ အသေအချာပါပဲ။

ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ ကိုယ့်ပြဿနာကိုယ်လက်ခံပြီး ကိုယ်ကိုယ်တိုင်ပဲ ဖြေရှင်းကြရပါလိမ့်မယ်။ ဒါမှသာ လူသားထုတစ်ရပ်လုံးနဲ့ ညီညွတ်မျှတစွာနေနိုင်မယ့် ခေတ်သစ်တစ်ခုကို စတင်နိုင်ကြပါလိမ့်မယ်။

ကျွန်တော်တို့ မွတ်စလင်ဘာသာရေးခေါင်းဆောင် များအနေနဲ့

-မယားများစွာယူခြင်း၊
-အရွယ်မရောက်သူများကို လက်ထပ်ခြင်း၊
-ကျွန်စနစ်၊
-အစ္စလာဟ်ဘာသာကို သွေဖီသူများကို သတ်ဖြတ်ခြင်း၊
-အမျိုးသမီးများကို ရိုက်နှက်ခြင်းနဲ့
-အစ္စလာဟ်ဘာသာပြန့်ပွားရေးအတွက် မွတ်စလင်မဟုတ်တဲ့နိုင်ငံများကို စစ်ကြေငြာခြင်း

ဆိုတဲ့ အချက်တွေကို ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ လိုအပ်နေပါပြီ။ ဒီလို လုပ်ဆောင်ပြမှသာလျှင် “ကျွန်တော်တို့ဘာသာကို လေးစားကြပါ”လို့ အခြားသူတွေကို တောင်းဆိုနိုင်ပါလိမ့်မယ်။

ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ “ကျွန်တော်တို့ရဲ့ သူတော်ကောင်းယောင်ဆောင်တတ်တဲ့အကျင့်” တွေကို ရပ်တန့်ဖို့ အချိန်ကျရောက်ပါပြီ။ ပြီးတော့ ဒီအချိန်ဟာ “ကျွန်တော်တို့ မွတ်စလင်တွေ ပြောင်းလဲရမယ်” လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ့်အချိန်ပါပဲ။

------------------------------------------------------ x x x -----------------------------------------------------


Photo by Soe Win Maung Soe