Wednesday, December 5, 2012

Mother


အမေကို အရမ်းချစ်တဲ့သူများအတွက် ( M.O.T.H.E.R )

အမေနေရာကိုအစားထိုးလို့ ရတဲသူမရှိပါဘူး။
There is no substitute for you,our beloved mother.

အမေ့ကျေးဇူးကို ပန်ဆပ်နိုင်မယ့်လောကီနည်းလမ်း ဆိုတာလဲမရှိပါဘူး။
There is no one mundane way by which we can repay the gratitude that we owe dear mother.

ဒါတွေကိုသက်ဝင်နားလည်ကြတဲ့သူတွေက.......................

ပညာရှင်တို့ရဲ့ နှလုံးသားထဲကစကားသံလေးတွေကို အမေတွေကိုချစ်ကြ တဲ့သားသမီးတွေနားဆင်နိုင်ဖို့မျှဝေလိုက်ပါတယ်ဗျာ။မွေးနေ့ကိုသတိတရ ရှိကြ၊အလေးဂရုပြုကြပေမယ့် မွေးနေ့ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်း အစစ်အမှန်ကိုတော့ သတိတရမရှိကြ၊အရေးမစိုက်ကြပါဘူး။မွေးနေ့ဆိုတာ အမေမွေးပေးခဲ့တဲ့နေ့ကိုအစွဲပြုပြီးခေါ်ဆိုတာပါ။မေ့းနေ့ကိုသတိတရရှိကြ
တယ်ဆိုရင်မွေးနေ့ကိုဖြစ်ပေါ်စေခဲ့တဲ့အမေ့ကို အလေးထားကြဖို့လိုပါ တယ်ဗျာ။

မွေးစတုန်းကအမေ့နားမှာရှိကြသလိုဘဲ၊မိမိရဲ့မွေးနေ့မှာ ကိုယ့်ကိုမွေးခဲ့တဲ့ အမေ့ရဲ့အနားမှာ ရှိနေသင့်ပါတယ်ဗျာ။ မိဘတွေဘေးမှာနေပြီး မိဘတွေ ရဲ့ကြီးမားလှတဲံကျေးဇူးတွေကို နက်နက်ရှိုင်းရှိုင်း ဆင်ခြင်သုံးသပ်ကြမယ်။ အပြစ်တွေရှိရင်လဲ ခွှင့်လွှတ်ကြဖို့ငယ်ငယ်ကလိုမိဘတွေရဲ့ရင်ခွင်ထံတိုးဝင်ပြီး
တောင်းပန်ကြမယ်ဆိုရင်.......................................

အမေမွေးပေးခဲ့တဲ့ နေ့ကိုအစွဲပြုပြီး အမှတ်တရပြုကြတဲ့ မွေးနေ့မှာ အမေဆို တဲ့ အင်္ဂလိပ်စာလုံးအဖွင့်နဲ့အမေ့အကြောင်းမှတ်မှတ်ရရဖြစ်အောင် မျှဝေချင် တဲ့ဆန္ဒနဲ့ ဒီစာလေးရေးဖြစ်တယ်ဗျာ။ဒီအဖွင့်ကိုရေးခဲ့သူက "ဟောင်းဝါဒ်ဂျွန်ဆင်" ပါဗျာ
ရေးခဲ့တဲ့နှစ်က (၁၉၁၅)ခုနှစ်မှာပါ။ကြာမြင့်နေပြီဖြစ်ပေမယ့် အမြဲတမ်းသစ်နေ
တဲ့ အမေ့အကြောင်းမို့လို့ ပြန်လည်ခံစားကြည့်ကြရအောင်ဗျာ။

(M-O-T-H-E-R)

"M" is for the million things she gave me,
"O" mean only that she's growing old,
"T" is for the tears she shed to save me
"H" is for her heart of purest gold;
"E" is for the eyes, with love-light shining.
"R" means right,and right she'll always be,

Put than all together, they spell
"MOTHER"
A words that means the world to me
Howard Johnson(c.1915)

"M" is for the million things she gave me,
အမေ.....အမေပေးခဲ့တဲ့ မေတ္တာတွေယအမေပေးခဲ့တဲ့အရာတွေယအမေရင်းနှီးပေးဆပ်ခဲ့တာတွေကို ရေတွက်ကြည့်မယ်ဆိုရင် ရေတွက်ဖို့မစွမ်းသာပါ ဘူးအမေရယ်။အမေပေးခဲ့တာတွေသိပ်များလွန်းတာတွေ ကိုအကြောင်းပြုပြီး million ဆိုတဲ့ အတိုင်းအဆကြီးမားတဲ့စကားလုံးကိုကိုယ်စားပြုတဲ့ "M"ကို အစပြုခဲ့တာပေါ့ဗျာ။

"O" mean only that she's growing old,
ရင်းနှီးပေးဆပ်ခဲ့တဲ့ဘ၀ပိုင်ရှင်အမေ.......၊ပင်ပန်းခဲ့ရတဲ့ဘ၀ပိုင်ရှင်အမေ...
၊နောက်ဆုံးတော့အမေ ရလာဒ်တစ်ခုဖြစ်တည်လာတယ်လေ။ အိုမင်းခြင်း ဆိုတဲ့အရာပေါ့လေ။ကြီးပြင်းလာအောင် အမေစောင့်ရှောက်ခဲ့လို့ လောက အလယ်မှာလူတစ်လုံး၊သူတစ်လုံးအရွယ်ရောက်လာတဲ့အချိန်မှာအမေဆိုသွားပါပေါ့လား။ဒီအရင်းအနှီးဟာအမေ့အတွက် နောက်ဆုံးရလာဒ်လားဗျာ။ ဒါကို အကြောင်းပြုပြီး အိုမင်းရင့်ရော်ခြင်းအဓိပ္ပါယ်ရှိတဲ့ Old ဆိုတဲ့စကားလုံးလေး ထည့်သွင်းခဲ့တယ်။

့"T" is for the tears she shed to save me
သားသမီးတွေကိုအကြောင်းပြုပြီး ၀မ်းသာလို့ကျခဲ့ရတဲ့မျက်ရည်တွေ သား သမီးတွေကိုအကြောင်းပြုပြီး ၀မ်းနဲလို့ကျခဲ့ရတဲ့မျက်ရည်တွေ သားသမီးတွေ ဘ၀ ရှင်သန်စေဖို့ကြိုးစားရုန်းကန်ခဲ့တဲ့ ဘ၀ကြမ်းကြီးမှာ ကျခဲ့တဲ့မျက် ရည်တွေအမေတိုင်းမှာ ကိုယ်စီရှိနေကြတယ်။ မိခင်တွေရဲ့ နှလုံးသားငိုရှိုက် သံလို့ ခေါ်ရသလို သားသမီးတွေအတွက် ရင်းနှီးခဲ့ရတဲ့ မျက်ရည်တွေပေါ့ဗျာ။ ဒီ ပုလဲမျက်ရည်တွေ အရင်းအနှီးနဲ့မိဘဖြစ်နေသူရဲ့ ဂုဏ်ပုဒ်ကိုဖော်ကျူးတဲ့ အနေနဲ့ "Tear" ကိုထည့်သွင်းခဲ့ပါတယ်ဗျာ။

"H" is for her heart of purest gold;
သန့်ရှင်းတဲ့မေတ္တာ၊အရောင်အသွေးကင်းတဲ့မေတ္တာရှင်ကို လောကထဲရှာကြတော့မယ်ဆိုရင် အမေ့ရဲ့မေတ္တာကိုဘဲ အသန့်ရှင်းဆုံး အရောင်အသွေးအကင်း ဆုံး အအေးမြဆုံးမေတ္တာ အဖြစ်တွေ့မြင်ပါတယ်။ ဒီအရေအသွေးတွေရှိ တဲ့ နှလုံးသားပိုင်ရှင် ဖြစ်တယ်လို့ဖော်ကျူးတဲ့ "H" ဆိုတဲ့စာလုံးလေးထည့် သွင်းရေးသားပါတယ်ဗျာ။

"E" is for the eyes, with love-light shining.
သားသမီးတွေက်ုအရိပ်တကြည့်ကြည့်နဲပ ကြည့်နေတတ်တဲ့ အမေ့မျက် ၀န်းတွေကိုပြန်ပြောင်း အောက်မေ့သတိရတယ်အမေ၊အမေ့မျက်လုံးအိမ်တွေတောက်ပနေတယ်။သားသမီးတွေရဲ့အကျိုကိုလိုလားတဲ့ ၊အပြစ်ဖြစ်မှာကို မလိုလားတဲ့၊မေတ္တာအရောင်တွေတောက်ပနေတဲ့မျက်ဝန်းတွေ အမေ့မှာ ရှိတယ်။လောကမှာအလှဆုံးမျက်ဝန်းပိုင်ရှင်ဟာအမေပါဘဲဗျာ။ ဒီလိုမျက် ၀န်းတွေရှိတဲ့ အမေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ "E"ဆိုတဲ့စာလုံးလေးကို ထည့် သွင်းရေးသားပါတယ်။

"R" means right,and right she'll always be,
များလှတဲ့ ဗဟုသုတရှိသလို၊ ခေတ်ကိုအမှီလိုက်နိုင်လို့(ဒါမှမဟုတ်) နည်းသော ဗဟုသုတရှိတဲ့အပြင် ခေတ်နဲ့ရင်ဘောင်တန်းမလိုက်နိုင်တော့လို့
(သို့မဟုတ်) အကြောင်းအမျိုးမျိုးကြောင့် တားမြစ်ခဲ့တာတွေ၊ ခွင့်မပြုဘဲ ပိတ်ပင်တားမြစ်ခဲ့တာတွေ ထဲမှာ အမှားဆိုတဲ့အရာတွေ ရှိကောင်းရှိနိုင် မယ်နော်။ဒါပေမယ့်အမေဘယ်တော့မှမမှားပါဘူးဗျာ။အမေအမြဲမှန်ပါတယ်။ အမေံမှာမှန်ကန်တဲ့တရားအမြဲရှိနေပါတယ်၊ဒါတွေဟာအမေံရဲ့စေတနာပါ၊
အမေဟာ သားသမီးတွေနဲ့ပက်သက်လာရင်ဘယ်တော့မှမမှားဘူး။ မှန်ကန် တဲ့စေတနာ၊မေတ္တာ တွေရှိတယ်၊ သားသမီးတေံအကျိုးမဲ့အောင်ပြုမယ်
ဆိုတဲ့စေတနာအမှားအမေ့မှာမ၇ှိခဲ့ဘူး။ဒီလိုမှန်ကန်မှု့တွေအမြဲရှိတဲ့ အမေ့အ တွက် Right ဆိုတဲ့ "R" ကိုထည့်ရေးပါတယ်ဗျာ။

အားလုံးပေါင်းစပ်လိုက်တော့( MOTHER) အမေဆိုတဲ့ စကားလုံးလေးဖြစ်ပေါ်လာပါတယ်။

"The heart of a mother is a deep abyss at the bottom of which you will always find forgiveness."
နက်ရှိုင်းကျယ်ပြန့်တဲ့မိခင်တွေ ရဲ့နှလုံးသားအောက်ခြေမှာခွင့်လွှတ်ခြင်းဆိုတဲ့ တရား သင်အမြဲတွေ့နေမယ်။
(အော်နော်ရေး ဒီဘာလ်ဇာ(ခ်) )

"A Mother is she who can take the place of all other but;whose place no one else can take."
မိခင်ဆိုတဲ့သူတွေဟာ မည်သူ့နေရာကိုမဆိုအစားဝင်နိုင်ပေမယ့်၊ သူ့နေရာ ကိုတော့ဘယ်သူမှအစားဝင်လို့မရပါဘူး။
(ကာဒီနယ် မာမီလော့)

"My mother was the most beautiful woman i ever saw."
မြင်ဖူးသမျှအမျိုးသမီးတွေထဲမှာအမေဟာအချောဆုံးပါဘဲ။
(ဂျော့ဝါရှင်တန်)

"Mother is the bank where we deposit all our hurts and worries."
အမေဆိုတာ ကျွန်တော်တို့ရဲ့ ဘ၀ဒါဏ်ရာတွေ၊စိုးရိမ်ပူပန်မှု့တွေကို ဖေး မစောင့်ရှောက်ပေးဖို့ အပ်နှံခံနေရတဲ့ ဘဏ်တိုက်ကြီးတစ်ခုပါဗျာ။

အမေတွေရဲ့နှလုံးသားကိုမြင်တတ်၊ခံစားနားလည်တတ်တဲ့ သားကောင်း၊ သမီးကောင်းတွေဖြစ်ကြပါစေဗျာ။

Tuesday, December 4, 2012

Mother's Love


( အမေ့မေတ္တာကို နားမလည်တဲ့ သားမိုက် တစ်ယောက်ရဲ့ ဖွင့်ဟ ၀န်ခံချက်လေးပါ..။သံဝေဂ ရစရာပါ ..ပရိသတ်ကြီးဖတ်ကြည့်ကြပါ..။ )

ကျွန်တော် အမေ့ကိုမုန်းတယ်… အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး…. မျက်လုံးတစ်ဘက်ပဲရှိတယ်…. ရုပ်ဆိုးလိုက်တာ… အရမ်းကို ရှက်ဖို့ ကောင

်းတာပဲ… ဆိုင်လေး သေးသေး ၊ စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ်။ ဒီလို ဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့ အမေ့ကိုကြည့်ပြီး ကျွန်တော် ရှက်တယ်…. အမေ့ကြောင
့် လူတွေက ကျွန်တော်တို့ကို အထင်သေးကြတယ်လို့ ကျွန်တော်ထင်တယ်… သူများ အမေတွေလို ဘာလို့များ အမေဟာ ချမ်းသာအောင် မလုပ်သလဲ ဆိုတာ ကျွန်တော်ဖြင့် နားကို မလည်နိုင်ပါဘူး…. ဒါကြောင့် အမေ့ကို ကျွန်တော် မချစ်ဘူး.. မုန်းတယ်…
ဒီနေ့ ကျွန်တော်တို့ မူလတန်းကျောင်းမှာ အားကစား ပြိုင်ပွဲတွေလုပ်တယ်…. ကျောင်းသား မိဘတွေကို ဖိတ်တယ်… ကျွန်တော် အမေ့ကို မလာစေချင်ဘူး… ဒါပေမယ့် အမေက ကျောင်းကို ရောက်လာတယ်… အမေ ဘယ်လိုများ လုပ်လိုက်တာလဲ.. လူတွေကြားမှာ ကျွန်တော့်ကို အရှက် လာခွဲတယ်…. ရှက်စရာ ကောင်းလိုက်တာ.. အခုတော့ ကျွန်တော့် အမေဟာ ရုပ်ဆိုးဆိုးနဲ့ မျက်လုံးတစ်ဖက်ထဲ ရှိတဲ့သူဆိုတာ ကျောင်းကသူငယ်ချင်းတွေ အကုန် သိကုန်ပြီ ကျွန်တော် အမေ့ကို ခါးခါးသီးသီး ကြည့်မိတယ်… ပြီးတော့ ကျောင်းထဲကနေ ပြေးထွက်ခဲ့မိတယ်…
နောက်တစ်နေ့ ကျောင်းတက်တော့ အတန်းဖော်တွေက ကျွန်တော့ကို ၀ိုင်းပြီး
“မင်းအမေက မျက်လုံး တစ်ဘက်တည်း ရှိတယ်နော်” လို့ စကြတယ်.. အော်ဟစ် နောက်ပြောင်ကြတယ်…
ကျွန်တော် ဒေါသလဲထွက် ရှက်လဲ ရှက်မိတယ်…. အမေ့ကို ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ်သွားပါစေလို့ကို ဆုတောင်းမိတယ်… သူများ အမေတွေလို ကြည့်ကောင်းတဲ့ ရုပ်ရည်လဲ မရှိဘူး.. သူများအမေတွေလို ပိုက်ဆံလဲ မချမ်းသာဘူး.. ကျွန်တော် အမေ့ကို အရမ်းမုန်းတာပဲ..
အိမ်ပြန်ရောက်တော့ ကျွန်တော် အမေ့ကိုမေးတယ်..
“အမေ့မျက်လုံးတစ်ဘက်က ဘယ်ရောက်သွားတာလဲ.. အမေက သူများအမေတွေလိုလဲ မလှဘူး…. ရုပ်ကဆိုး၊ ဆင်းကလဲ ဆင်းရဲသေးတယ်….. အမေဟာ ကျွန်တော့ကို အရှက်ခွဲဖို့ သက်သက်များ အသက်ရှင်နေတာလား… အမေဘာကြောင့် မြန်မြန်မသေတာလဲ” လို့ ရက်ရက် စက်စက် ကျွန်တော် ပြောပစ်လိုက်တယ်။
အမေက ဘာမှကို ပြန်မပြောဘူး…. ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့ တိတ်တိတ် ဆိတ်ဆိတ်ပဲ လုပ်စရာရှိတာကို လုပ်နေခဲ့တယ်… ကျွန်တော် နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားမိတယ်… အမေ့ကို အဲလို ပြောလိုက်မိလို့.. ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အဲလို ပြောလိုက်ရတာကိုလည်း ကျေနပ်သွားမိတယ်… ကျွန်တော် တစ်ချိန်လုံး အမေ့ကို ပြောချင်ခဲ့တဲ့ စကားကို ပြောလိုက်ရလို့လေ…
အဲဒီည…. ကျွန်တော် တစ်ရေးနိုးလားတော့ ရေဆာတာနဲ့ ရေသောက်ဖို့ ထမင်းစားခန်းထဲကိုအသွား တိတ်တိတ်လေး ငိုကြွေးနေတဲ့ အမေ့ကို ကျွန်တော် တွေ့လိုက်တယ်.. ကျွန်တော် နိုးသွားမှာစိုးလို့ အသံမထွက်ရှာဘဲ တိုးတိုးလေး ငိုနေတဲ့ အမေ…..။ အမေ့ကို ကျွန်တော် တစ်ချက်ကြည့်ပြီး အမြန်ဆုံး ပြန်ထွက်လာခဲ့တယ်…
တကယ်တော့ နေ့လည်က အမေ့ကို ကျွန်တော်ပြောလိုက်မိတဲ့စကားကြောင့် ကျွန်တော် ကိုယ်တိုင်လည်း အသည်းနှလုံးထောင့် တစ်နေရာမှာလဲ တဆစ်ဆစ်နဲ့ ကိုက်ခဲ နေသလိုပါဘဲ… ဒါပေမယ့် အရုပ်ဆိုးလှတဲ့ မျက်လုံး တစ်ဖက်တည်းနဲ့ ငိုနေတဲ့ အမေ့ကို ကျွန်တော် မုန်းတယ်…
ဒီတော့…. ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်မိတယ်…. ခုချိန်ကစပြီး ငါ့ခြေထောက်ပေါ်ငါ ရပ်တည်နိုင်အောင် ကြိုးစားတော့မယ်… ငါ့ဘ၀ကို အောင်မြင်အောင် လုပ်မယ်.. ငါအမေ့ကို မုန်းတယ်.. ပြီးတော့ ဒီ စုတ်ပြတ် ဆိုးဝါးလှတဲ့ ဆင်းရဲခြင်းကို ငါမုန်းတယ်.. ဒီကနေငါလွတ်အောင် ရုန်းမယ်.. အမေ့ဆီကနေ….. ပြီးတော့ ဆင်းရဲခြင်း ဆီကနေ…..
အမေ့အိမ်ကနေ ထွက်လာပြီး.. ဆိုးလ်မြို့မှာ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားတယ်.. ကျွန်တော့်ဘ၀အတွက်……. ရှေ့ခြေလှမ်းတွေအတွက်…… ရည်မှန်းချက် အပြည့်နဲ့ပေါ့ အထက်တန်း အောင်တော့ ဆိုးလ်တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့်ရတယ်… ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ပိုပြီး ပြင်းထန်လာတယ်၊ ခိုင်မာလာတယ်..
ကျောင်းပြီးတော့ ကျွန်တော်အိမ်ထောင်ပြုတယ်…. စီးပွားရေးလဲ အဆင်ပြေတော့ ကိုယ်ပိုင်အိမ်နဲ့ ဘာနဲ့ ဖြစ်လာတယ်.. သားသမီးတွေရလာတယ်.. ခုတော့ ကျွန်တော့် ဘ၀မှာ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်နဲ့၊ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နေပြီ… ဒီမှာနေရတာ ကျွန်တော် သဘောကျတယ်.. ကျွန်တော်ဘ၀ရဲ့ အတိတ်၊ ရုပ်ဆိုးလှတဲ့ ကျွန်တော့အမေ၊ ဆင်းရဲလွန်းတဲ့ ကျွန်တော့်ငယ်ဘ၀ အဲဒါတွေကို သတိရစရာ ပြန်အမှတ် ရစရာ ဘာမှလဲ မရှိတော့ဘူး… ကျွန်တော်ရဲ့ အတိတ်တွေ အားလုံးကို မေ့ထားပြီး ခုလက်ရှိဘ၀မှာ ကျွန်တော် ပျော်နေပြီ…. ကျေနပ်နေပြီ…
ကျွန်တော် ဘ၀ကို အကျေနပ်ကြီး ကျေနပ်ပြီး ပျော်ရွှင်နေတုန်း လုံးဝ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ သူတစ်ယောက် ကျွန်တော့်ရှေ့ကို ရောက်လာတယ်…..
“ဘုရားရေ…..အမေပါလား”
“ခုချိန်ထိ မျက်လုံးတစ်ဘက်ပျက်ကြီးနဲ့ ရှိနေတုန်း… ဆိုးလိုက်တာဗျာ..”
ကောင်းကင်ကြီး တစ်ခုလုံး ကျွန်တော့ရှေ့ကို ပြိုကျလာသလိုဘဲ…. ကျွန်တော့သမီးလေးက မျက်လုံး တစ်ဖက်တည်းနဲ့ ရုပ်ဆိုးလှတဲ့ အမေ့ကိုမြင်တော့ လန့်အော်ပြီးအိမ်ထဲကို ပြေးဝင်သွားတယ်.. ကျွန်တော် ဒေါသတွေ ဒီရေလို တက်လာတယ်…
“ခင်ဗျားဘယ်သူလဲ.. ခင်ဗျားကို ကျုပ်မသိပါလား .. ခင်ဗျားက ကျုပ် အိမ်ကို ဘာကိစ္စနဲ့ လာရတာလဲ.. ကျုပ်သမီးလေး ခင်ဗျားရဲ့ ရုပ်ကြီးကို မြင်ပြီး လန့်သွားပြီ…. သွား….. ခင်ဗျား ခုချက်ခြင်း ကျုပ်အိမ်က ထွက်သွား”
ကျွန်တော် မသိဟန်ဆောင်ပြီး တကယ့်ကို မမှတ်မိသလိုနဲ့ အမေ့ကို ပြောပစ်လိုက်တယ်..
“အို…. ၀မ်းနည်းပါတယ်ရှင်…. ကျွန်မ အိမ်လိပ်စာ မှားပြီး ၀င်လာမိတာပါ…”
အမေက တိုးတိုးတိတ်တိတ်လေးဘဲ ပြန်ဖြေပြီး ကျွန်တော့်မျက်စိရှေ့ကနေတစ်ရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားတယ်.. တော်ပါသေးရဲ့.. ဘုရား မ လို့.. အမေ ကျွန်တော့်ကို မမှတ်မိဘူး.. ကျွန်တော့်စိတ်တွေ အတော် သက်သာရာ ရသွားတယ်.. ကိုယ့်ကိုယ်ကို ပြောမိတယ်..
“ငါနောက်ကို သတိထားစရာ မလိုတော့ဘူး… ငါ့ဘ၀တစ်လျှောက်လုံး ဒီအကြောင်းတွေ ထပ်ပေါ်လာတော့မှာ မဟုတ်တော့ဘူး”
တစ်နေ့….. ကျွန်တော့်ဇာတိဖြစ်တဲ့ ငယ်ငယ်ကနေခဲ့တဲ့ ကျောင်းကနေ ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲ လုပ်မယ့် ဖိတ်စာလေး ရောက်လာတယ်။ မသွားချင်ပေမယ့် ကျွန်တော် သွားရဦးမယ်… ကျွန်တော့မိန်းမကို အမှန်အတိုင်းမပြောဘဲ စီးပွားရေးကိစ္စနဲ့ ခရီးထွက်စရာ ရှိတယ်လို့ ကျွန်တော် လိမ်လိုက်တယ်… ကျွန်တော့ရဲ့ ဆင်းရဲတဲ့ ငယ်ဘ၀အကြောင်း ကျွန်တော့်မိန်းမကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ…
တွေ့ဆုံပွဲပြီးတော့ ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို ကြည့်ဖို့ ထွက်လာခဲ့တယ်။ အိမ်လို့သာ ခေါ်တာပါ အိမ်နဲ့တောင် မတူပါဘူး။ အမိုးအကာမလုံတဲ့ တဲကုတ်လေးပါ။ ဘာရယ်မဟုတ်ပါဘူး.. စပ်စုချင်တဲ့ စိတ်ကလေးနဲ့ အိမ်ကလေးက ဘယ်လိုများ ဖြစ်နေမှာပါလိမ့် ဆိုပြီး ကြည့်ချင်တာနဲ့ ထွက်လာတာ….
ဒီမှာဘဲ.. ကျွန်တော့်အမေကို အေးစက်စိုစွတ်နေတဲ့ မြေပြင်ပေါ်မှာ လဲကျနေတာ တွေ့လိုက်ရတယ်… ဒါပေမယ့် ကျွန်တော် မျက်ရည်ကျဖို့ မပြောနဲ့ ၀မ်းနည်းတဲ့ စိတ်နည်းနည်းလေးတောင် မဖြစ်မိဘူး… အမေ့လက်ထဲမှာ စာရွက်ပိုင်းလေးတစ်ခုကို တွေ့ရတယ်… ကျွန်တော်ယူကြည့်လိုက်တော့ အမေရဲ့ မပီမသ မလှမပ လက်ရေးလေးတွေနဲ့ ကျွန်တော့်အတွက် ရေးထားတဲ့စာမှန်း သိလိုက်ရတယ်…
သားလေးရေ…
အမေ မကျန်းမမာ ဖြစ်နေတာကြာပါပြီ….. အမေမသေခင် သားလေးဖတ်ဖို့ ဒီစာလေး ရေးထားခဲ့ချင်လို့ပါ… အမေ နေရတော့မယ် မထင်ပါဘူးကွယ် …. သားလေးရှိတဲ့ ဆိုးလ်ကိုလဲ နောက်တစ်ကြိမ် ဘယ်တော့မှ အမေ ရောက်နိုင်တော့မှာ မဟုတ်ပါဘူး…. သားလေးကို အမေ့ဆီတစ်ခေါက်လောက် လာလည်စေချင်လိုက်တာကွယ်…. အမေလေ သားလေးကို အရမ်းလွမ်းလို့ပါ.. တွေ့ချင်လွန်းလို့ပါ… ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲကို သားလေး လာမယ် ကြားတော့ အမေ ၀မ်းသာလိုက်တာ.. ဒါပေမယ့် ကျောင်းကို အမေမလာဖို့ ဆုံးဖြတ်ထားပါတယ် အဲဒါက သားလေးအတွက်ပါကွယ်… အမေ့မှာက မျက်စိတစ်ဖက်ထဲ ရှိတာကိုး…. ဒီအတွက်နဲ့ သားကို အရှက်ရစေတာ အမေ ၀မ်းနည်းပါတယ် သားရယ်… အမေ ပြောပြပါ့မယ် သားရယ်… အမှန်တော့ သားငယ်ငယ်တုန်းက ဆော့ကစားရင်း မတော်တဆဖြစ်ပြီး သားမျက်စိတစ်ဖက် ပျက်စီး သွားခဲ့တယ်… အမေတစ်ယောက်အနေနဲ့ မျက်စိတစ်ဖက် မရှိတော့တဲ့သားကို ဘယ်လိုလုပ် ကြည့်ရက် နိုင်ပါ့မလဲကွယ်… သားကြီးလာရင် မျက်စိတစ်ဘက်တည်းနဲ့ လူတွေကြား ဘယ်လိုများ နေမလဲလို့ တွေးကြည့်တိုင်း စိတ်ဆင်းရဲမိတယ်… ယူကျုံးမရ ဖြစ်ရတယ်…. ကြီးလာရင် ငါ့သားလေး ရှက်မယ်ဆိုတာ အမေသိတယ်…. အမေက အသက်ကြီးပြီ.. သားက လူ့ဘ၀ကို အရှည်ကြီး လျှောက်လှမ်းရဦးမှာလေ… ဒါကြောင့် အမေ့ရဲ့ မျက်စိတစ်ဘက် သားကို ပေးလိုက်တာပါ… အမေ့ရဲ့ မျက်လုံးနဲ့ လောကကြီးကို ငါ့သားလေး ကောင်းကောင်းမွန်မွန် ပြန်မြင်လာနိုင်တဲ့အတွက် သားကိုကြည့်ပြီး အမေ၀မ်းသာမိတယ်.. ဂုဏ်ယူမိတယ်…. ဒီအတွက် အမေဘယ်တော့မှ စိတ်မကောင်း မဖြစ်ပါဘူး.. ၀မ်းလဲမနည်းခဲ့ပါဘူး.. ငယ်ငယ်က အမေ့ကို သားလေး စိတ်ဆိုးခဲ့ဖူးတယ်.. စိတ်ဆိုးပြီး အမေ့ကို ပြောခဲ့ ဆိုခဲ့တာတွေ အမေ သားကို ဘယ်တော့မှ ဗွေမယူခဲ့ပါဘူး ငါ့သားလေး ငါ့ကို ချစ်လို့ ပြောတာဘဲလို့ အမေတွေးခဲ့ပါတယ်.. အမေသားကို ချစ်တယ် သားရယ်…. သားဟာ အမေ့ရဲ့ ဘ၀၊ အမေရဲ့ ကမ္ဘာပါကွယ်……..
အိုး.. ကျွန်တော့်အသည်းတွေ ကွဲကုန်ပါပြီ။ အမေရယ်…. သားကိုခွင့်မလွှတ်ပါနဲ့… ဘယ်တော့မှ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့…..
ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါပြီ…. ကျွန်တော် သိပ်မုန်းခဲ့တဲ့ မျက်လုံး တစ်ဖက်တည်းရှိခဲ့တဲ့ အမေဟာ ကျွန်တော့အတွက် သူ့မျက်လုံးကို စွန့်လွှတ်ခဲ့တယ်ဆိုတာ အမေသေမှ ကျွန်တော် သိလိုက်ရပါပြီ…. ကျွန်တော့်အတွက် ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့ အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ မသိတတ် နားမလည် တတ်ခဲ့တဲ့ ကျွန်တော်… ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော်… လူမိုက်ကြီး၊ ခုတော့ မဆုံးနိုင်တဲ့ မျက်ရည်တွေနဲ့ အမေ့အတွက် ငိုကြွေးနေမိပါပြီ…
( မိဘအပေါ်နားလည်ခံစားနိုင်ကြပါစေ..။)

Friday, November 30, 2012

ဆန္ဒပြခြင်းသည်

မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။
( ကိုမြင်သိန်း (စင်္ကာပူ))

ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။(ရယ်သံများ)
ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကိုထုတ်ေ

ဖ်ာတာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်…Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။
...
ဥပမာတစ်ခု ပြောပြ ရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော် တယ်လို့ ထုတ်ဖော်တာနဲ့ ပြတာ ဘယ်ကွဲတယ် ထင်သလဲ… (ရယ်သံများ) စကားကလည်း ယဉ်ယဉ် ကျေးကျေးလေး သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…အဲဒီတော့…

ဒေဝဒတ်ပြဿနာ ပေါ်လာခါနီးမှာ ရှင်သာရိပုတ္တရာနဲ့ ရဟန်းတွေ ဟာ ရာဇဂြိုဟ် မြို့ထဲမှာ ဆန္ဒပြ တယ်။ (ကြားဖူးကြလား) (မကြားဖူးပါဘုရား) မကြားဖူးဆိုရင် ပြော ပြမယ်။ ဒေဝဒတ်က မြတ်စွာ ဘုရားကိုဆန့်ကျင်ပြီးတော့ သူရာဇဝတ်အမှုမကင်းတဲ့ အလုပ်တွေကို လုပ်တော့မယ်ဆိုတာ ဘုရားက သိတယ်။ သိတဲ့အခါကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဦးဆောင်ခိုင်းပြီးတော့ ပကာသနိ ယကံဆိုတာကို ပြုခိုင်းတယ်။ ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ်ရဲ့ သဘော ထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူ တာကို ထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလိုထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာရှင်သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရတယ်။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခုတစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ်လုပ်သမျှကိစ္စတွေဟာ သာသနာနဲ့မဆိုင်ဘူး။ ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာရှိတယ်။ အဲဒါကို တစ် နည်းအားဖြင့်ပြောရရင် ဒါဆန္ဒပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်းဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ်ရယ်လို့ပြောစရာအကြောင်းမရှိဘူးပေါ့။

ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ်ဆိုရင် မီးရှို့တယ် ဖျက်စီးတယ်ဆိုတဲ့ အပြစ် တော့ ရှိတယ်ပေါ့။ ဒါကို Riot လို့ ခေါ်တယ်။ Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ အများသိအောင် ကြေငြာတာတော့လုပ်ရတာ အဲလိုလုပ်ခြင်းကြောင့် မည်သည့်သိက္ခပုဒ်နဲ့ ငြိစွန်းပါ သနည်းလို့ဆိုရင် ...

မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ”ဆိုတာမရှိဘူး အဲဒီ
တော့ ဥပဒေမရှိသည့်အတွက်ကြောင့် ဘယ်သိက္ခပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခပုဒ် မှာ လိုက်နာရမယ့် ဟာလေးတွေ ရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင် ဘူး သွားတာလာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလိုသာရှိတယ် ဒီတော့ ဒီမေးခွန်းက အဲဒီလိုသာ မှတ်ရမယ်။

(ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ)

Friday, November 23, 2012

ပုခက်လွှဲသော လက်(မေမေ)


ကမ္ဘာကြီးကို မိတ်ဆက်
ဘ၀အရသာ မြည်းစမ်းခွင့်ပေးဖို့
လောကကြီးထဲ အူဝဲဆိုပြီး ရောက်လာတဲ့ ကျွန်မ
ခြေစုံမြဲမြဲရပ်နိုင်ဖို့ ခွန်အားများလည်း ပေးခဲ့သူပါ….
‘မေမေ့အတွက် သားပမာ အားသာဖြစ်စေရမယ် မေမေ’

စီးတဲ့ရေ ဆယ်တဲ့ကန်သင်း
အိမ်ထောင်မှုလုပ် သိမ်းထုပ်သေချာ
အိမ်အလုပ် ရုံးအလုပ်နဲ့ ချွေးတလုံးလုံးဖြစ်နေပေမယ့်
အမေ့သမီးအပြုံး အမေ့အတွက်တော့ အားဆေးတစ်ခွက်တဲ့….
‘မေမေ့အတွက် မခါး အားသာ ဖြစ်စေရမယ် မေမေ’

ခြိုးခြံမှုဆိုတာကို အဖော်လုပ်
စိစစ်မှုပေတံ နဲ့
ကိုယ့်ကိုယ်ကိုယ်တောင် ခြယ်မှုန်းဖို့ မေ့လျော့လို့
မိသားစုသာ အခရာ ထားထားတဲ့အမေ
လောကဓံ အထုအထောင်း ဇရာဘက်လွှမ်းလို့
ခြောက်ဆယ်ကျော် အမေအိုရဲ့ ခြေလှမ်းတွေမှာ
ခွန်အားတို့ ရှိနေဆဲပါ
‘မေမေ့ရှေ့က ဒိုင်းတစ်ခုအဖြစ် သမီးအမြဲ ရှိစေရမယ်’

လိမ်မာယဉ်ကျေး လူပီသလို့
ပရနဲ့ အတ္တ ခွဲခြားကာ သိမြင်တတ်
အရောင်ခြယ် စိတ်ဓာတ်အချို့ကို
မေတ္တာနဲ့ အနိုင်ယူ ဘ၀စာ ကျေညက်ဖို့
သင်ကြားကာ ပြသ အမြဲ စိတ်မအေးတတ်တဲ့ မေမေ
တစ်ခါတလေ အခါးများများ ကြမ်းရှရှလေနီကြမ်းတွေ
နှလုံးသားကို ရိုက်ခတ်တဲ့အခါတိုင်း
အားငယ် မောပန်းမိတယ် မေမေ
‘မေမေ့အတွက် အေးးမြခြင်းတွေ ဆောင်ယူပေးသူ ဖြစ်စေရမယ်’

တခြားသူဘ၀တွေကို ကူထမ်းပေးရင်းးး
မောပန်းနေပြီလား မေမေ
မေမေ့အမောတွေ ချွေးသိပ်
ပီတိတွေ လွှမ်းလို့
ခွန်အားတို့ ပေးနိုင်ဖို့ သမီးကြိုးစားနေပါတယ်

မေမေ စိတ်ချမ်းသာ ပျော်ရွှင်ပါစေ………

Monday, November 19, 2012

အိုဘာမား၏ မိန့်ခွန်းများ..

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ပြောကြားခဲ့သော ဒီမိုကရေစီဆိုင်ရာ အနှစ်သာရ သမိုင်းမော်ခွန်း မိန့်ခွန်းကောက်နှုတ်ချက်များ
..................................................................................................
(Credit to
Eleven media ) 19-11-2-11 2:40 pm


မြန်မာနိုင်ငံ၏ အံ့အားသင့်ဖွယ်ရာ အသွင်ကူးပြောင်းမှုနှင့် ထူးခြားလှသည့် ခရီးစဉ်တို့က ပိုမိုပွင့်လင်းလွတ်လပ်သော ဒီမိုကရက်တစ် အဖွဲ့အစည်းဆီသို့ ဦးတည်နေကြောင်း အမေရိကန်သမ္မတ အိုဘားမားပြောကြား .....

မြန်မာနိုင်ငံ မင်္ဂလာပါ....

လူသားရဲ့ဂုဏ်သိက္ခာပေါ်မှာ အမေရိကန်ရဲ့ယုံကြည်မှုကြောင့် ကျွန်တော် မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။ ကျွန်တော်
်တို့နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ သူစိမ်းတွေလို ဖြစ်နေခဲ့ကြပါတယ်။ ‘ဒါပေမဲ့ ဒီနေ့မှာတော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အမြဲတမ်းမျော်လင့်နေခဲ့တယ်ဆိုတာကို ကျွန်တော် ပြောနိုင်ပါပြီ။ မြန်မာပြည်သူတွေက ကျွန်တော်တို့ကို မျော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။


တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဆီကို အဖြူရောင်ဝတ်စုံနဲ့ တက်ကြွလှုပ်ရှားသူတွေ လည်ပတ်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သံဃာတော်တွေက ငြိမ်းချမ်းစွာကန့်ကွက် ဆန္ဒပြကြတာကိုလည်း ကျွန်တော်တို့မြင်တွေ့ခဲ့ရပါပြီ။
ဆိုင်ကလုန်းဒဏ်ကို ခံခဲ့ရတဲ့သူတွေကို ကူညီဖို့အတွက် သာမန် ပြည်သူတွေက ကယ်ဆယ်ရေးအဖွဲ့တွေ စုစည်းဖွဲ့စည်းခဲ့ကြတာကိုလည်း ကျွန်တော်တို့ သိခဲ့ရပါတယ်။ လွတ်လပ်မှုရဲ့ အသံကို မျော်လင့်နေတဲ့ ဟစ်ဟော့ပ်အနုပညာရှင်တွေရဲ့ စည်းချက်တွေ၊ ကျောင်းသားတွေရဲ့ အသံတွေကိုလည်း ကြားခဲ့ရပါတယ်။


သူတို့ရဲ့ မွေးရပ်နဲ့ မိသားစုတွေဆီကို ဘယ်တော့မှာ အဆက်အသွယ်မပြတ်ကြတဲ့ ဒုက္ခသည်တွေ၊ ပြည်ပသွားရောက်နေထိုင်သူတွေကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။ အဲဒါတွေအပြင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ဆန္ဒပြင်းထန်တဲ့ ဂုဏ်သရေကြောင့် ကျွန်တော်တို့ဟာ စိတ်အားတက်ကြွခဲ့ရပါတယ်။ မျော်လင့်ချက်တွေ ခင်ဗျားရဲ့နှလုံးသားထဲမှာ တောက်လောင်နေမယ်ဆိုရင် ဘယ်လူသားကိုမှ အကျဉ်းချထားလို့မရဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သက်သေပြခဲ့ပါတယ်။


" ကျွန်တော် သမ္မတတာဝန်ထမ်းဆောင်တုန်းက အကြောက်တရားနဲ့ အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ''ခင်ဗျားတို့ရဲ့ လက်သီးဆုပ်ကို ဖြည်ဖို့ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့က လက်ကမ်းပေးမှာပါ''လို့ ကျွန်တော်သတင်းစကားတစ်ခု ပါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်းမှာ အံ့အားသင့်ဖို့တဲ့ အသွင်ကူးပြောင်းမှုတွေ စတင်ဖြစ်လာခဲ့ပါတယ်။
ဆယ်စုနှစ် ငါးစုလောက် အာဏာရှင်အုပ်စိုးမှုဟာ စတင်ဖြေလျော့လာပါတယ်။


သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြောင်းလဲမှုအတွက် ဆန္ဒဟာ ပြုပြင်ပြောင်းလဲဖို့အတွက် အစီအစဉ်တွေနဲ့ လိုက်လျော်ညီထွေဖြစ်နေပါတယ်။ အခုတော့ အစိုးရအဖွဲ့ကို အရပ်သားတစ်ဦးက ဦးဆောင်နေပြီး ပါလီမန်ကလည်း ကိုယ်တိုင်အားကောင်းမောင်းသန် ရပ်တည်နေနိုင်ပါပြီ။ တစ်ချိန်က တရားမ၀င် ကြေညာခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း ရွေးကောက်တစ်ခုမှာ ၀င်ပြိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာပါပြီ။


ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ရာပေါင်းများစွာကိုလည်း ပြန်လွှတ်ပေးခဲ့ပြီးသလို အဓမ္မခိုင်းစေမှုကိုလည်း ပိတ်ပင်ပြီးပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကနဦး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေရခဲ့ပြီဖြစ်သလို ပိုလွတ်လပ်ပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေသစ်တွေလည်း ပေါ်ထွက်လာခဲ့ပါပြီ။ ဒါကြောင့် ဒီကနေ့မှာ ကျွန်တော့်ကတိစကားကို တည်ဖို့ ကျွန်တော်လာခဲ့တာပါ။ မိတ်ဆွေဖြစ်မှုဆိုတဲ့ လက်ကမ်းဖို့လာခဲ့တာပါ။


အမေရိကဟာ ရန်ကုန်မှာ သံအမတ်တစ်ယောက်ရှိနေပါပြီ။ အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ပြီးပါပြီ။ ပြည်သူတွေအတွက် အခွင့်အလမ်းတွေဆောင်ကြဉ်းပေးနိုင်တဲ့ ကမ္ဘာကြီးဖွံ့ဖြိုးရေးအတွက် အင်ဂျင်တစ်လုံးအဖြစ် ပါဝင်လည်ပတ်မောင်းနှင်ပေးနိုင်တဲ့ စီးပွားရေးကို တည်ဆောက်ဖို့ ကျွန်တော်တို့ ကူညီပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှတ်မှတ်ထင်ထင်ရှိလှတဲ့ ခရီးဟာ အစပဲရှိပါသေးတယ်။
အများကြီး ရှေ့ဆက်သွားရဦးမှာပါ။


ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ မှိတ်တုတ်မှိတ်တုတ် တိုးတက်မှုလေးတွေဟာ ငြှိမ်းသတ်ခံရတာမျိုး ဖြစ်သွားလို့မရပါဘူး။ ဒီမှိတ်တုတ်မှိတ်တုတ် တိုးတက်မှုကလေးတွေကနေ ဒီတိုင်းပြည်ရဲ့ပြည်သူတွေအတွက် တောက်ပတဲ့ ဥတ္တရကြယ်တစ်စင်း ဖြစ်လာရပါမယ်။ ပြည်သူတွေရဲ့ အတူတကွစုဝေးခွင့်ကို ဖိနှိပ်ချုပ်ချယ်နေမယ့်အစား အပြည့်အ၀လေးစားမှုပေးရပါမယ်။ ဖိနှိပ်ပိတ်ပင်နေမယ့်အစား မီဒီယာအပေါ်ဆင်ဆာ လွှမ်းမိုးထားတာကို ဆက်ပြီး ရုပ်သိမ်းပေးရပါမယ်။ ဒီခြေလှမ်းတွေကို ဆက်လျောက်လာနိုင်တာနဲ့အမျှ ခင်ဗျားတို့ တိုးတက်လာနိုင်ပါတယ်။


မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို နိုင်ငံသားတွေက ကန့်ကွက်ဆန္ဒပြတဲ့အသံကို လျစ်လျူမရှုဘဲ နားထောင်ပေးခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကို တရားမ၀င်မလုပ်ဘဲ ပါဝင်ခွင့်ပြုခဲ့ပါတယ်။ လွှတ်တော်ရွေးကောက်ပွဲ ကာလအတွင်းမှာ မဲဆန္ဒရှင်တစ်ယောက်က ''ကျွန်တော်တို့မိဘတွေ၊ ဘိုးဘွားတွေ ဒီအတွက် စောင့်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခါမှ မြင်မသွားခဲ့ရပါဘူး''လို့ ပြောခဲ့ပါတယ်။ မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ အာဏာရှိတဲ့သူတွေဟာ အကန့်အသတ်ရှိမှုတွေကို လက်ခံရပါမယ်။ ကျွန်တော်တို့ရဲ့ အမေရိကန်စနစ်က အဲဒီလိုဖြစ်အောင် ဖန်တီးထားတာပါ။


အမေရိကဟာ ကမ္ဘာမှာ အင်အားအကြီးဆုံး စစ်ရေးအင်အား ရှိကောင်းရှိမယ်။ ဒါပေမဲ့ အဲဒါဟာ အရပ်ဘက်ထိန်းချုပ်မှုအောက်မှာပဲ ရှိရပါမယ်။ သမ္မတလည်းဖြစ်၊ စစ်သေနာပတိချုပ်လည်းဖြစ်တဲ့ ကျွန်တော့်အနေနဲ့ တစ်ခါတရံမှာ ကျွန်တော်လုပ်ချင်ရင်တောင် ကွန်ဂရက်လွှတ်တော်အပေါ်မှာ ကျွန်တော့် ဆန္ဒအတိုင်းလွှမ်းမိုးလို့မရပါဘူး။ တရားသူကြီးအချို့ကို ကျွန်တော်ခန့်ရပေမယ့် သူတို့ဘယ်လိုတရားစီရင်မလဲဆိုတာကို ကျွန်တော်ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကမှာ ဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့ကလေးတစ်ယောက်ကနေ သမ္မတအထိ လူတိုင်းဟာ ဥပဒေအောက်မှာ သာတူညီမျှပါပဲ။


အနာဂတ်တစ်ခု၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတစ်ယောက်ရှိနေရင်တောင် အရမ်းများနေတဲ့၊ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုအားကောင်းတဲ့၊ ဘယ်ကလေးမှ စစ်သားအဖြစ် အလုပ်မခံရတဲ့၊ ဘယ်အမျိုးသမီးမှ နှိမ့်ချမဆက်ဆံခံရတဲ့၊ အမျိုးသားလုံခြုံရေးကို အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ တာဝန်ထမ်း ဆောင်တဲ့စစ်ဘက်ကသာ အင်အားတောင့်တင်းစေတဲ့၊ လူထုက ရွေးကောက်တင်မြှောက်သူတွေသာ အုပ်ချုပ်ခွင့်ရဖို့အာမခံပေးတဲ့ အခြေခံဥပဒေတစ်ခုရှိတဲ့ အနာဂတ်၊ အဲဒီအနာဂတ်ဟာ ခင်ဗျားတို့ရောက်ရှိရမယ့် ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့အနာဂတ်ပါပဲ။


အဲဒီခရီးမှာတော့ အရပ်ဘက်လူ့အဖွဲ့အစည်းကို အားကောင်းစေဖို့ ကျွန်တော်တို့ရဲ့ အထောက်အပံ့တွေကို သုံးပြီးတော့၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ လူ့အခွင့်အရေးမြှင့်တင်ဖို့အတွက် ခင်ဗျားတို့ရဲ့ စစ်ဘက်ကို စေ့စပ်ညှိနှိုင်းပြီးတော့၊ စီးပွားရေးဖွံ့ဖြိုးမှုရှိတဲ့ ဒီမိုကရေစီဖြစ်လာဖို့ ခင်ဗျားတို့ရဲ့ တိုးတက်အောင်အားထုတ်မှုတွေမှာ မိတ်ဖက်ဖွဲ့ပြီးတော့ အမေရိကဟာ ခင်ဗျားတို့ခြေလှမ်းတိုင်းကို ထောက်ပံ့ကူညီပေးသွားမယ်။


နိုင်ငံတိုင်းဟာ နိုင်ငံသားသတ်မှတ်ရေးအတွက် ရုန်းကန်နေရပါတယ်။ အမေရိကဟာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကြီးအကျယ်အငြင်းပွားမှု တွေရှိခဲ့ပြီး ဒီနေ့အထိလည်း ဆက်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတွက် မှန်ကန်တဲ့စည်းမျဉ်းတချို့တော့ ရှိပါတယ်။ သူတို့ ဘယ်သူ ဖြစ်တယ်၊ သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေမီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေ မရှိဘဲ လူတွေနေထိုင်ခွင့်ပါပဲ။


အခြေခံအရကတော့ ဒီတိုင်းပြည်ရဲ့လူတွေကိုသာ ခင်ဗျားတို့ရဲ့ယူနီယံအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားလိုပဲ ကျွန်တော် ယုံကြည်တာက အမျိုးမျိုးအထွေထွေ ကွဲပြားနေမှုဟာ အင်အားတစ်ရပ်ပါ။ ဒါဟာ အားနည်းမှု မဟုတ်ပါဘူး။ ကျွန်တော် ဘာလို့ဒီလိုပြောရသလဲဆိုတော့ ကျွန်တော့် တိုင်းပြည်၊ ကျွန်တော့်ဘ၀က ဒါကိုသင်ကြားပေးလိုက်လို့ပါ။ အမေရိကန်ပြည်ထောင်စုဟာ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနဲ့ ဘယ်ဘာသာ ကိုမှ မယုံကြည်သူတွေ စုပေါင်းနေထိုင်တဲ့နိုင်ငံပါ။ ကျွန်တော်တို့နိုင်ငံ အကြောင်းကို ဘာသာစကားတိုင်းက ပုံသွင်းပေးပြီး ယဉ်ကျေးမှုတိုင်းက ကြွယ်ဝစေပါတယ်။


ကျွန်တော်တို့ဟာ ပြည်တွင်းစစ်နဲ့ လူမျိုးရေးခွဲခြားမှုတွေရဲ့ ခါးသီးမှုကို မြည်းစမ်းခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့သမိုင်းက လူတွေရဲ့နှလုံးသားထဲက မုန်းတီးမှုတွေလျော့ကျပြီး လူမျိုးနွယ်တွေနဲ့ လူမျိုးစုတွေအကြား ခွဲခြားသတ်မှတ်ထားတဲ့ မျဉ်းတွေပျက်ပြယ်သွားတဲ့အကြောင်း ကျွန်တော်တို့ကို ပြသခဲ့ပါပြီ။ ပြီးတော့ ဘာများကျန်ရစ်ခဲ့ပါသလဲ။


အမေရိကမှာ ရိုးရှင်းတဲ့အမှန်တရား တစ်ခုပဲကျန်ခဲ့ပါတယ်။ အများကြီးထဲမှာမှ ကျွန်တော်တို့ဟာ တစ်နိုင်ငံတည်း၊ ကျွန်တော်တို့ဟာ ပြည်သူတစ်ရပ်တည်းဆိုတာပါပဲ။ အချိန်နဲ့အမျှ ဒီအမှန်တရားဟာ ကျွန်တော်တို့ ယူနီယံကို ပိုပြီးအင်အားကောင်းအောင် လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ချစ်မြတ်နိုးစွာ ဆုပ်ကိုင်ထားတဲ့ ဒီမိုကရေစီအခြေခံ စည်းမျဉ်းတွေကို ချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။


တစ်ချိန်က ကျွန်တော့်ကို မဲပေးခွင့်ရဖို့တောင် ငြင်းပယ်ခဲ့တဲ့အစဉ်အလာရှိခဲ့ဖူးတဲ့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့ သမ္မတအဖြစ် ဒီကနေ့မှာ ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ရှေ့မှာ ရပ်နေပါတယ်။ ဒါကြောင့် ကျွန်တော် အလေးအနက်ယုံကြည်တာက ဒီတိုင်းပြည်ဟာ သူရဲ့မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်ပြီး ဒီနယ်နိမိတ်တွေအတွင်းရှိနေတဲ့ လူသားတိုင်း ခင်ဗျားတို့နိုင်ငံရဲ့ အကြောင်းအရာတစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ပါပဲ။

ကျေးဇူးတင်ပါတယ်။

Sunday, November 18, 2012

မေတ္တာပို့သလွှ့ာ


မယ်တော်ကြီး ဒေါ်သက်သက်နွယ်-ဘရူနိုင်း သို့ ဆုတောင်းမေတ္တာပို့သခြင်း
    ဒုက္ခပတ္တာစ နိဒ္ဒုက္ခာ=မယ်တော်ကြီး ကိုယ်စိတ်နှစ်ပါး ဆင်းရဲခြင်းအပေါင်းမှ ကင်းဝေးပါစေ၊
    ဘယပတ္တာစ နိဗ္ဘယာ=မယ်တော်ကြီး ဘေးယာအပေါင်းမှ ကင်းဝေးပါစေ၊  
    သောကပတ္တာစ နိေဿာကာ= စိုးရမ်ပူပန်ခြင်းသောက အပေါင်းမှ ကင်းဝေးပါစေလို့...ဦးစွာပထမ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
မယ်တော်ကြီး.....
   တကယ်တော့ မနေ့က နေ့ဆွမ်းစားကျောင်းတက်တော့ ဒုတိယမွန်လောကု ဆရာတော် ပြောလို့ သိခဲ့ရပါတယ်။ မယ်တော်ကြီးကပ်လှူတဲ့ဆွမ်းအလှူဒါနကို အကြောင်းပြုပြီး..မယ်တော်ကြီး ကျန်းမာရေး သိပ်မကောင်းကြောင်းကို ကြားခဲ့ရပါတယ်။ ဆွမ်းစားကြွလာတဲ့ လောကုဆရာတော်များနဲ့ သံဃာ အားလုံး ကလဲ မြတ်ဗုဒ္ဓ မြတ်ဓမ္မပရိတ်များကို ရွတ်ဖတ်လို့ မယ်တော်ကြီး ကျန်းမာ-ချမ်းသာပါစေလို့ ဆုတောင်းမေတ္တာတွေ ပို့သပေးကြပါတယ်။
     အမှန်တော့ မနေ့က ဆုတောင်းမေတ္တာပို့စာလေးကို ရေးမလို့ပါပဲ၊ ဒါပေမဲ့စာမေးပွဲ အတွက် ပြင်ဆင်နေချိန်မို့...မရေးဖြစ်ဘူး ဆိုပါတော့။ ဒီနေ့တော့...မအားလပ်တဲ့ကြားက မယ်တော်ကြီးအတွက် ကာယ ၀စီ မနောသုံးပါးလုံးဖြင့် သီဟိုဠ် မကုဋသံဃာများက မယ်တော်ကြီးအား ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ အင်း...ဖြစ်ချင်တော့....တိုက်တိုက်ဆိုင်ဆိုင် အမေရိကန်သမ္မတ မစ္စတာ ဘားရက်အိုဘားမားကလဲ အမိမြန်မာနိုင်ငံတော်ကြီးကို အလည်ပတ်ေ ရာက်နေ တယ်။ ပြောချင်တာက...သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံအတွက် အရေးပါ အရာရောက်သလို.. မယ်တော်ကြီးကလဲ သီဟိုဠ်ကျွန်းက မြန်မာကျောင်းသား သံဃာတော်များနဲ့ မိခင်မကုဋကျောင်းတော်ကြီး အတွက် အရေးပါပြီး ကျေးဇူးကြီးမားလှပါတယ်။
       တကယ်တော့ မယ်တော်ကြီးဟာ သီဟိုဠ်ကျွန်းက မြန်မာကျောင်းသား သံဃာတော်များကို နှစ်စဉ် ပညာရေးနှင့် ကျောင်းအတွက် ထောက်ပံ့လာတာ နှစ်ပေါင်း ၁၅ နှစ်တာမျှ ရှိခဲ့ပြီ မဟုတ်ပါလား။ သာသနာတော်ကြီးနဲ့ သီဟိုဠ်က မကုဋကျောင်းတော်ကြီးအတွက် ကျေးဇူးကြီးမားများပြားလှတဲ့ မယ်တော်ကြီး ဒေါ်သက်သက်နွယ်တစ်ယောက်....မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေ ရွတ်ဖတ်တဲ့ ပရိတ် မြတ်ဓမ္မကို နာကြားပြီး သေဘေးမှ ကင်းလွတ်ပြီး နှစ်ပေါင်း တစ်ရာ အသက်ရှည်သွားတဲ့ ဒီဃာယု သတိုးသားလို သီဟိုဠ်မကုဋ သံဃာများက ရွတ်ဖတ်သော မြတ်ဓမ္မပရိတ်နှင့် အေးမြသော ဆုတောင်းမေတ္တာများကြောင့် အလျှင်အမြန်ကျန်းမာ၍ သာသနာအတွက် ဘာသာအတွက် သီဟိုဠ်မကုဋကျောင်းတော်ကြီးအတွက် သက်တော် ရာထောင်ရှည်ပါစေလို့..မကုဋသံဃာများနဲ့ အမေ့မေတ္တာအရှင်မှ ဆုတောင်းမေတ္တာပို့သလိုက်ပါကြောင်း...
                               မယ်တော်ကြီး....ကျန်းမာပါစေ၊
                                မယ်တော်ကြီး ....ချမ်းသာပါစေ၊
                                မယ်တော်ကြီး.....လန်းဖြာပါစေ၊
                                မယ်တော်ကြီး....၀မ်းသာပါစေ၊
                                မယ်တော်ကြီး.....ရွှင်လန်းချမ်းမြေ့ပါစေလို့.................................အမေ့မေတ္တာအရှင်

Sunday, November 4, 2012

တက္ကသိုလ်ဆိုင်ရာ..


           
နာဂဇုနယူနီဗာစီတီ MA တန်းတွင် ပညာသင်ယူဆည်းပူးလိုသော သံဃာတော်= ကျောင်းသားအတွက် လိုအပ်ချက်များ။

၁။ ပတ်စပို့ မိတ္တူ

၂။ နောက်ခံအဖြူရောင်နှင့် သင်္ကန်းကာလာရောင်ဖြင့် လိုင်စင် ဓာတ်ပုံ {၁၀} ပုံ

၃။ ဓမ္မာစရိယ အောင်လက်မှတ်မူရင်း

၎။ ဓမ္မာစရိယ အောင်လက်မှတ် အင်္ဂလိပ်ဘာသာပြန်

၅။ ဓမ္မာစရိယတန်းနှင့် BA တန်း=တူညီကြောင်း ထောက်ခံစာ

၆။မွေးဖွားစာရင်း{ဘတ်ဘ် စာတီဖီကိတ်}

၇။မိုက်ဂရေးရှင်း

မှတ်ချက်=ဓမ္မစရိယ မအောင်သေးပါက

၁။ တက္ကသိုလ် တစ်ခုခုမှ BA အောင်လက်မှတ်

မြန်မာလိုဖြစ်နေပါက အင်္ဂလိပ်လို ဘာသာပြန်ပေးရပါမည်။

၂။ BA=အမှတ်စာရင်း

၃။ ပတ်စပို့ မိတ္တူ

၎။ နောက်ခံအဖြူရောင်နှင့် သင်္ကန်းကာလာရောင်ဖြင့် လိုင်စင် ဓာတ်ပုံ {၁၀} ပုံ

၅။မွေးဖွားစာရင်း{ဘတ်ဘ် စာတီဖီကိတ်}

၆။မိုက်ဂရေးရှင်း

..............................

Ph.D ကျောင်းသားများအတွက် လိုအပ်ချက်များ

၁။MA=အောင်လက်မှတ်

အောင်လက်မှတ်မရရှိသေးပါက
Probational  certificate ။

၂။MA= အမှတ်စာရင်း

၃။ ပတ်စပို့ မိတ္တူ

၎။ နောက်ခံအဖြူရောင်နှင့် သင်္ကန်းကာလာရောင်ဖြင့် လိုင်စင် ဓာတ်ပုံ {၁၀} ပုံ

၅။မွေးဖွားစာရင်း{ဘတ်ဘ် စာတီဖီကိတ်}

၆။မိုက်ဂရေးရှင်း


,,,,,,,,,,,,,,,,,,,,,,,,,


မှတ်ချက်
MA ကျောင်းသားသစ်များကို
နှစ်စဉ် {၄} လပိုင်းတွင် လျှောက်လွှာများ စတင်ထုတ်ပေးပြီး
{၇}လပိုင်းတွင် ကျောင်း စတင်ခေါ်ယူသည်။

Ph.D ကျောင်းသားသစ်များကို
နှစ်စဉ်{ ၃ }လပိုင်းတွင် လျှောက်လွှာများ စတင်ထုတ်ပေးပြီး
{၉ }လပိုင်းတွင် ကျောင်း စတင်ခေါ်ယူပါသည်။

......................


Nagarjuna university သို့  ရောက်ရှိလာသော
၁။ Study Certificate ကို Heard of the Department အထံမှာ လုပ်ရပါမည်။
၂။ Residential Address Certificate ကို Register ထံ သွား၍ ပြုလုပ်ရပါမည်။
၃။ Bonafide Certificate ကို Principal ထံ သွား၍ ပြုလုပ်ရပါမည်။
…………….
အထက်ပါ သုံးခု ပြုလုပ်ပြီးပါက
ကျောင်းသား ဖြစ်သွားပါပြီ။
ကျောင်းသားဖြစ်ပြီး {၁၄} ရက်အတွင်း ရဲ=ရုံးကို အကြောင်းကြား အသိပေးရပါမည်။

ရဲ = ရုံး အတွက် လိုအပ်ချက်များ

၁။ TO= ပါသော ဖောင်စာရွက် မူရင်းနှင့် မိတ္တူ {၁} ရွက် ။

၂။ Part {1} ပါသော ဖောင်စာရွက် မူရင်းနှင့် မိတ္တူ {၂} ရွက် ။

၃။ ကျောင်းသားဖြစ်ကြောင်း Study Certificate မူရင်းနှင့် မိတ္တူ {၁} ရွက်။

၎။ Residential Address Certificate မူရင်းနှင့် မိတ္တူ {၁}ရွက်။

၅။ Bonafide Certificate မူရင်းနှင့်မိတ္တူ {၁} ရွက် ။

၆။ ပတ်စပို့ မိတ္တူ {၁} ရွက်။

၇။ Visa မိတ္တူ {၁} ရွက် ။

၈။ နောက်ခံအဖြူရောင်နှင့် သင်္ကန်း ကာလာရောင် လိုင်စင် ဓာတ်ပုံ ကပ်ပေးရန်။

.............................

Bank ကာဒ် လုပ်ရန် အတွက်
……………………….
ရှေးဦးစွာ ဘဏ်မှ ဖောင်=စာရွက် တောင်းပြီး
အချက်အလက်များဖြည့်ကာ {Heard of the Department} ကို လက်မှတ် ထိုးခိုင်း၍
အောက်ပါ အချက်များဖြင့် ပူးတွဲလျှောက်ရပါမည်။

၁။ ပတ်စပို့ မိတ္တူ ။

၂။Study Certificate  မိတ္တူ {၁} ခု ။

၃။Residential Address Certificate မိတ္တူ {၁} ခု ။

၎။ Bonafide Certificate မိတ္တူ {၁} ခု ။

..................

စာကြည့်တိုက် ကာဒ် လုပ်ရန်
………………………..
၁ ။ဖောင်ဖြည့်ရန်

၂။ ဖောင်ထဲတွင် စာကြည့်တိုက် ဖီးကြေး သွင်းယူထားသော Register နံပါတ် ။

၃ ။ယခု လက်ရှိနေသော လိပ်စာနှင့် မြန်မာပြည်လိပ်စာ

၎။ မိမိလက်မှတ်

၅။ Heard of the Depertment လက်မှတ်။

…………….
အဆောင်ကြေး ပေးသွင်းရန်
………………
အဆောင်မှုးထံမှ ဖောင်ဝယ်၍

၁။ ဖောင်ဖြည့်ပါ။

၂။ မိမိရဲ့ လက်မှတ်

၃။ Heard of the Depertment လက်မှတ်။

၎။မူရင်းကို အဆောင်မှုးထံပို့ ရန်။

၅။အဆောင်ကြေးကို ဘဏ်မှာသွင်းရန်။

....................

မှတ်ချက် ။

အထူး အထူး မှတ်ချက်
………………….

မည့်သည့်ကိစ္စအတွက်ဖြစ်စေ
ဖောင်စာရွက်များ
ငွေသွင်းချလန်များ အားလုံး
မိတ္တူကူးပြီး သိမ်းထားပါရန် ။




           


ခက်ခဲသောအရာမှန်သမျှ လွယ်ကူနိုင်ကြပါစေ ။

လွယ်ကူလျှင်မြန်စွာ သာသနာပြုနိုင်ကြ၍

နိဗ္ဗာနမြတ် အငြိမ်းဓာတ်သို့ လည်း လွယ်ကူသောအကျင့်မြတ် လျှင်မြန်သော အသိဥာဏ်တို့ ဖြင့်

လွယ်ကူလျှင်မြန်စွာ ၀င်စံနိုင်ကြပါစေ ။