Wednesday, August 29, 2012

ကျေးဇူးတရား ရင်မှာထား

  မှတ်မိနေပါတယ်၊ သာသနတက္ကသီလဓမ္မာစရိယ, B.A Buddhism ဘွဲ့ကို ရယူပြီး ပြည်ပကို မြင့်မားသော ပညာရပ်ဒီဂရီတွေကို သွားရောက်သင်ကြားမယ်ဆိုတော့ ရဟန်းဒကာ-ဒကာမမိသားစု များဝမ်းသာနေလိုက်တာ မျက်စိထဲကကိုမထွက်ပါဘူး။ သူတို့ခမျာ တောသူတောင်သားဆိုတဲ့အတိုင်း ရန်ကုန်မြို့တော်ကြီးကို ဘွဲ့သွားယူစဉ်ကတဲ့က “ဆွေးမျိုးအသိုင်းဝိုင်းတွေကို ဂုဏ်ယူဝင့်ကြွားစွာ မမောတမ်း ပြောဆိုနေခဲ့တာပါ၊ ငါ့တို့ သားတော်ရဟန်းကတော့ အခု ရန်ကုန်မှာ ဘွဲ့သွားယူနေတာတဲ့၊ ပြီးရင် နိုင်ငံခြားကို ပညာသင်သွားမှာတဲ့” ဆိုပြီး ရွှေမျက်နှာ အပြုံးထင်လျှက်ပါ။
          နောက်..ပြည်ပကိုသွားမယ်ဆိုတော့လဲ သူတို့ရင်မှာ သိပ်ကိုဝမ်းသာနေခဲ့တာပါ။ သူတစ်ပါး ရင်ကမွေးဖွား သားများကို ရှင်ပြု၊ ရဟန်းခံပေးတာဆိုပေမဲ့ အားလုံးသော ရဟန်းဒကာ၊ ဒကာမများက မိမိတို့ရင်မှ ကိုးလလွယ် ဆယ်လဖွား အသက်သွေြးေ ခွးတွေနဲ့ မွေးဖွားပေးခဲ့သော သားအရင်း ခြာကဲ့သို့ သဘောထားကြပါတယ်။ တစ်ချို့များဆို သားအရင်းထက်တောင် ပို၍ သံယောဇဉ်ြ ဖစ်ကြပါ သေးတယ်။ မိမိကိုယ်တိုင် ဘ၀လက်တွေ့ပဲမဟုတ်ပါလား။
          အခုလဲ မိမိရဟန်းတစ်ပါးက ပြည်ပကို သွားရောက်ပညာသင်တော့မယ်ဆိုတော့ ရဟန်းဒကာ၊ ဒကာမမိသားစုများဟာ ၀မ်းသာပေမယ့် အပူသောကလေးကတော့ ၀င်လာတယ်လေ။ ဘာအပူ သောကလဲဆိုတော့ နိုင်ငံခြားဆိုတာ ကိုယ်မြေ့ကိုယ်ရေ၊ ကိုယ်ရင်ခွင်မှ မဟုတ်တာ။ ဒီတော့ အဆင် ပြေမယ်လို့ ဘယ်မှာယုံကြည်စိတ်ချနိုင်မှာလဲ။ သူတို့ကွယ်ရာ သားတော်ရဟန်း တစ်ပါးက နေထိုင်ကာ ပညာသင်ရမှာဆိုတော့ ငွေအလုံအလောက်ပါသွားမှ အဆင်ပြေမှာပေါ့လို့တွေးပြီး သူတို့သား တော်ရဟန်းကို မျက်နှာ တစ်ချက်မညှိုးရအောင် သားတော်ရဟန်းကို ထောက်ပံ့နိုင်ဖို့ ကြိုးစားရ ရှာတယ်။
          စီးပွားရေးအဆင်ပြေတဲ့ ရဟန်းဒကာ၊ဒကာမများအတွက်တော့ ၀မ်းသာမှုနောက် ပျော်ရွှင်ခြင်း ပီတွေပဲပေါ့။ စီးပွားရေးအဆင်မပြေတဲ့ ရဟန်းဒကာ၊ ဒကာမများကြပြန်တော့လဲ အငိုမျက်လုံးအပြုံး မျက်နှာဆိုသလိုပါ။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ သားတော်ရဟန်းရှေ့မှာတော့ အမြဲတမ်းကိုပြုံးပြ နေကြရတာပါ။ ဒါကိုလဲ မိမိကိုယ်တိုင်း နဖူးတွေ့ဒူးတွေ့ပဲ မဟုတ်ပါလား။
          အခုလဲ အရှင်သီရိလင်္ကာကို ပညာသင်ထွက်ခွါတော့မယ်ဆိုတော့ ဒုတိယ(ကံထပ်) ရဟန်း ဒကာ-ဒကာမများရှိရာ ကချင်ပြည်နယ်၊ ရွှေကူမြို့လေးကို ကြွရောက်ခဲ့ပါတယ်။ ကြွရောက်ရခြင်း အကြောင်းရင်းကတော့ ဘွဲ့ယူစဉ်က သူတို့ခမျာ အခက်အခဲအ မျိုးမျိုးကြောင့် မလိုက်နိုင်ခဲ့ရှာဘူး။ မိမိသားအရင်းကဲ့သို့ ချစ်မြတ်နိုးရသော၊ မိမိရဟန်းပြုပေးထားသော သားတော်ရဟန်းတစ်ပါးဘွဲ့ ယူတာကို မလိုက်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်နေရှာတဲ့ကြား တကယ်လို့များ မိမိက ပြည်ပကြွ တာတောင်လာရောက်မတွေ့ဘူးဆို ပို၍ စိတ်မကောင်းဖြစ်ရရှာမယ်လေ။ ဒါကြောင့် စိတ်မကောင်း မဖြစ်ဖို့၊ ဘာမှ မပူဖို့ အရင်ကတိုင်း ကျန်းမာချမ်းသာ သောကကင်း ကင်းနေထိုင်ဖို့ စသည်ကိုပြော ကြား အားပေးဖို့ ကြွရောက်ခဲ့တာပါ။
          မိမိရောက်သွားတော့ မိသားစုအားလုံး အပြုံးပန်းများနဲ့တကယ်ကိုပျော်ရွှင်နေကြပါတယ်။ ရဟန်းဒကာ-ဒကာမ မိသားစုတွေကို ကြည့်ပြီး မိမိသည်လည်း ခွန်အားတွေ တိုးခဲ့ရပါတယ်။ စကား တွေလဲ မှာလိုက်တာ မိမိကို ကလေးတစ်ယောက်လိုပဲ။ ကျန်းမာရေးကိုဂရုစိုက်ဖို့၊ စာကိုကြိုးစားဖို့၊ နိုင်ငံရေးတွေကို မလုပ်ဖို့၊ မိသားစုအတွက် စိတ်သောကမဖြစ်ဖို့ မပူဖို့ စသည်စုံနေတာပါပဲ။
          မန်းလေးကို ပြန်ကြွမယ်ဆိုပြန်တော့လည်း မိသားစုတွေအားလုံးစုပြီး ညမှာတတ်နိုင် သလောက် အရှင်ရဲ့ပညာရေးအတွက် ပြည် ပမှာအ ဆင်ပြေဖို့ နဖူးကခြွေး ခြေမကျအောင် နေပူကြဲကြဲ မိုးသဲသဲနဲ့ နှင်းဖွဲဖွဲကြားမှာ တစ်နေ့လုပ် တစ်နေ့စား လုပ်အားခလေးတွေကို သဒ္ဓါကြည်ဖြူ စုပေါင်းလို့ ပေးလှူခဲ့ကြပါတယ်။ နည်းတာများတာအသားထား သူတို့ကိုကြည့်ပြီး အရှင့်မှာ ခွန်အားပီတွေ သတ္တိ တွေ ဖြစ်ခဲ့ရပါတယ်။
        အမှန်တော့ ရဟန်းအမတွေသိပ်အဆင်မပြေဘူးဆိုတာကို မိမိကိုယ်တိုင်က သိနေ၍ ဒီထောက်ပံ့မှု ပညာဒါနကို လက်မခံချင်ခဲ့တာ အမှန်ပါ။ ယူရမှာလဲ အရှင့်ရင်မှာ စို့နင့်နေပါတယ်။ သို့သော်လည်း လက်မခံဘူးဆိုပါက ရဟန်းဒကာ-ဒကာမ မိသားစုကို ထပ်ပြီး စိတ်ဆင်းရဲမှုတွေကို ဖြစ်စေပါလိမ့်မည်။ သူတို့ရဲ့ ကြည့်ဖြူးစွာ လှူဒါန်းနေတဲ့ဒါနစိတ်ကိုလဲ နောက်သွားစေပါလိမ့်မည်။ သူတို့စိတ်မှာ ငါတို့လှူတာ နည်းများနည်းလို့လားဆိုတဲ့ အတွေးမျိုးကိုလဲ မ၀င်စေချင်ဘူးလေ။ ဒါကြောင့် ကချင်ပြည်နယ် -ရွှေကူမြို့က တောသူေ တာင်သား ရဟန်းဒကာ-ဒကာမ မိသားစုရဲ့ အထောက်အပံ့ကို လက်ခံ၍ သီရိလင်္ကာကို ကြွရောက် ပညာသင်နေခဲ့ပြီမဟုတ်ပါလား။
          အခု အရှင် သီရိလင်္ကာ ကိုလံဘိုမြို့မှာရှိတဲ့ Kelaniya University မှာ ပညာသင်ယူနေ နိုင်တာ ဒီရဟန်းဒကာ-ဒကာမများရဲ့ အထောက်ပံ့တွေ၊ ကျေးဇူးတွေ မကင်းဘူး မဟုတ်ပါလား။ ဒါကြောင့် ဒီကျေးဇူးတရားများကို မမေ့အမြဲတမ်းသတိရလျှက် ကျေးဇူးတရား များကို ပြန်ဆပ်သည့် အနေအားဖြင့် ကြိုးစားပန်းစား ၀ီရိယထားလို့ သင်ယူနေပါကြောင်းနှင့် ဆုတောင်းမေတ္တာ နေ့စဉ်ပို့ သပါကြောင်း….
            ကချင်ပြည်နယ်-ရွှေကူနယ်က ရဟန်းဒကာ-ဒကာမ မိသားစုများနှင့်အတူ အားလုံးသော ကျေးဇူးရှိခဲ့ဖူးသူများ ဝေနေယျများ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေလို့..အမေ့မေတ္တာအရှင်..

ရဟန်းဒကာကြီးနှင့် ဒကာမကြီး..

မြေးလေးတွေလဲ ပါဝင်ခဲ့တယ်..

Tuesday, August 28, 2012

တစ်ချိန်ကကျောင်းအိုလေး



      တစ်နေ့ ..မန်းလေးအမိနပသတက္ကသိုလ်ကြီးမှာ ပညာရပ်တွေ လေးနှစ်တာသင်ကြား၍ နယ်စပ်နဲ့တောင်းတန်းဒေသ တိုင်းရင်းသားတို့နေထိုင်ရှင်သန်ရာ ကန္တာရလွင်ပြင်နဲ့မခြား ခန္တီး နာဂတောင်တန်းဒေသသို့ ၂ နှစ်တာ သာသနာပြုတာဝန်ပါရမီတွေကို ခက်ခဲပင် ပန်းစွာ ပြုစုပျိုးထောင် လုပ်ဆောင်ပေးခဲ့ပြီး ရန်ကုန်နပသ တက္ကသိုလ်မဟာဘွဲ့နင်းခန်းမကြီးမှာ ၆ နှစ်တာရင်းနှီးလို့ အသီးအပွင့်အဖြစ် ခံစားရရှိလာခဲ့တဲ့ သာသနတက္ကသီလ ဓမ္မာစရိယ,B.A Buddhism ဆိုသော ဘွဲ့ငယ်တစ်ခုကို ရယူပြီး ဒီထက်ပို၍ မြင့်မားသော ပညာရပ် ဒီဂရီတွေကို လေ့လာဖို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားရာ သီရိလင်္ကာဆိုတဲ့ သီဟိုဠ်ကို ထွက်ခွါလာခဲ့တယ်။
       သီရိလင်္ကာဆိုတာကို အမိမြန်မာပြည်မှာ ရှိစဉ်က ကေလနိယ စသော တက္ကသိုလ်ကြီးများမှာ မာစတာ ဘွဲ့ကို အောင်မြင်စွာလေ့လာသင်ယူ၍ ပြန်လာခဲ့သော ရှေ့နောင်တော်ကြီးများစကားကို ကြားရ စဉ်က နိုင်ငံခြားဆိုတဲ့ဂုဏ်၊ အဆင်မြင့်တက္ကသိုလ်ကြီးဆိုတဲ့ဂုဏ်တွေနဲ့ အတော်လေးကို အထင်ကြီး အားကျ မိတာ မိမိကိုယ်တိုင်လဲ အပါဝင်ပါပဲ။ မိမိမှ မဟုတ်ပါဘူး မြန်မာပြည်သူ၊ သားတော်တော် များက နိုင်ငံခြားဆိုရင် အထင်ကြီးတတ်ကြတာပါပဲ။
         တကယ်လဲ သီရိလင်္ကာကိုရောက်ရော........အံ့သြစရာတွေက တသီးကြီးကြို လင့်နေေ လရဲ့.. .သီရိလင်္ကာကိုညရောက်တာဆိုပေမဲ့ လေယာဉ်ကွင်းမှာတော့ မီးတွေက လင်းထိန်ေ နတာပါ။ ဒါပေမဲ့ လေယာဉ်ကွင်းကနေလဲ ထွက်ရော လမ်းတစ်လျှောက် မီးက မှိတ်တုတ်မှိတ် တုတ်ဖြစ်နေ ပါရောလေား။ ပထ၀ီအနေထားအရတော့ မိမိကိုယ်ကို နိုင်ငံခြားရောက်နေတယ်လို့ မခံစားမိတာ အမှန်ပါ ပဲ။ ဒါကိုက မိမိအတွက် အံ့သြနေလေရဲ့။
   မိခင်မကုဋရောက်တော့ မိခင်မကုဋမုဋ်ဦးက အမှောင်ထဲမှာ ပျောက်ကွယ်နေသယောင်ယောင်. .ရောက်တာ ကလဲ ည ၁၂ လောက်ရှိမည်ထင်ပါရဲ့။  ကားပေါ်ကဆင်း အိတ်လေးဘာလေး ချပြီး ကျောတစ်နေရာစာအတွက် New Comer Room အပေါ်ထပ်မှာ နေရာယူပြီး သူငယ်ချ င်းတွေနဲ့ ကျောင်းအပ်ဖို့ စကားပြောတော့မှ အဓိက ဘီအေ အောင်လက်မှတ်က ပါမလာခဲ့ ဘူးလေ...တကယ်တော့ မေ့ခဲ့တာမဟုတ်ဘူး..မလိုဘူးထင်လို့ သေချာသိမ်းထားခဲ့တာ..ဖြစ်ချင်တော့ အောင်လက်မှတ်ကို ယူခဲ့ရကောင်းမှန်းကို မသိတာ...သူငယ်ချင်းတွေကလဲ သိတယ်ထင်လို့ မပြောတာတဲ့...အင်းကိုယ်က ညံ့တာကို ဗဟုသုတ မရှိတာလေ။ ထပ်ပြီးအံ့သြစရာပေါ့..
       ဒါနဲ့မပျော်တစ်ဝက် ပျော်တစ်ဝက်နဲ့ ကွန်ကရစ်အခင်းပေါ်မှာ မွေ့ယာလေးခင်းပြီး တစ်ညတာ အိပ်စက်အနားယူခဲ့တယ်။ မနက်မိုးလင်းတာနဲ့ မိခင်မကုဋကိုရောက်ရှိကြောင်း သက်သေအထောက် အထားနဲ့ မန်းနာယကဆရာတော်ဆီမှာ စာရင်းပေး၊ နောက် ကျောင်းအပ်၊ ဗီဇာတိုး တစ်နှစ် တာ နေထိုင်ဖို့ နေရာရှာ ပေါ့လေ။
     အင်း ရမဲ့ရတော့လဲ အရင်က နှစ်ပါးနေ ကုလားကျောင်းအိုလေးမှာ သုံးပါးနေခွင့်ရဖို့ ကုလားဘုန်းတော်ကြီးဆီမှာ ကိုယ်တိုင်သွားရောက် လျှောက်ထားလို့ ခွင့်ပြုချက် ရခဲ့ပါ တယ်။ ကျောင်းလေးကို နေဖို့ဆုံးဖြတ် သွားတော့မှ ကျောင်းလေးက နှစ်ပေါင်း ၁၀၀နီးပါးမျှ ကြာပြီဖြစ်တဲ့ ကျောင်းအိုလေးဆိုတာ သိလိုက်ရတယ်။ အထဲအပြင် အရောင်တွေမှိန်ဝါးလို့ ဟိုနားက ကွာဒီနားကကွာ။ အထဲမှာဆိုလဲ အားလုံးနီးပါး ကွာကျပြီး မိုးကလဲ မလုံ၊ ညညဆိုလဲ အမိုးက အင်္ဂတေရဲ့ ဘီလပ်အမှုံ၊ ထုံးကျောက်အမှုံတွေက တစ်ဖွားဖွားကျလို့အိပ်ရေးပျက်ခဲ့တဲ့ညတွေလဲ မနည်းဘူးဆိုပါတော့..အံသြမှုတစ်ခုအဖြစ် သတ်မှတ်ရမှာပါ..
         အဲ့ဒီကျောင်းအိုလေးမှာ သုံးလလောက်နေထိုင်ပြီး ကေလနိယတက္ကသိုလ်ကြီးမှာ မာစတာတန်းကိုတက်ရောက် သင်ယူလေ့လာနေခဲ့ရတယ်။ မိုးတွေ လေတွေ နည်းနည်းပြင် ထန်လာခဲ့ပြီဆို နေထိုင် အိပ်စက်လို့မရတာနဲ့ ဒီကျောင်းလေး ကို ပြုပြင် ဖို့ ခေါင်းထဲအတွေးေ ရာက်လာခဲ့တယ်။ တကယ်တော့ ဒီကျောင်းအိုေ လးမှာ မြန်မာရဟန်းေ တ်ာတွေ နှစ်အဆက်ဆက်သီတင်း သုံးလာတာ ၁၀ ရာစုနီးပါးတော့ ကြာခဲ့ပါပြီ။ ပြုပြင်မယ်လို့ခေါင်းထဲရောက်လာခဲ့ပေမဲ့...လက်ထဲမှာ လက်ဆုပ်လက်ကိုင်ပြဖို့ ငွေအသပြာမရှိခဲ့ပါဘူး... သို့သော်လည်း ကောင်းတာလုပ်မှာမို့ အများအတွ က်မို့ ယုံကြည်မှုတော့ အပြည့်ရှိနေပါတယ်။
              ဒီလိုနဲ့ပဲ Australia က မြန်မာဒကာမကြီးဒေါ်သီတာဆွေနဲ့အတူ ရန်ကုန်က ရဟန်းအမကြီး တို့ရဲ့ မတည်ထောက်ပံ့မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
  ဒီကျောင်းအိုလေးကို အကြောင်းပြုပြီး ကုသိုလ်တွေ အကျိုးရလာဒ်တွေများစွာဖြစ်ပေါ်ခဲ့သလို၊ တက္ကသိုလ်ေ ကျာင်းသားမြန်မာရဟန်းတော်တွေအတွက်လဲ ခွန်အားတွေ တိုးခဲ့ရပါတယ်။ ဒီကျောင်းအိုလေးကို အရင်းခံလို့အခုဆို မိခင်မကုဋကျောင်းတော်ကြီးမှာ ကျောင်းဆောင်သစ်ကြီး စတင်ဆောက်လုပ်ဖောင်ဒေးရှင်း အုတ်မြစ်ချဖို့ အကြောင်းဖြစ်ပေါ်လာခဲ့ပါတယ်။
  ဒီကျောင်းအိုလေးကို ပြုပြင်ရခြင်းရဲ့ ရည်ရွယ်ချက်ကား မြန်မာကျောင်းသားရဟန်းတော်များ စဉ်ဆက်မပြတ် အေးချမ်းစွာနေထိုင်သီတင်းသုံးပြီး ကျောင်းတက်နိုင်ဖို့...မျက်နှာမငယ်ရဖို့၊ နောင်လာမဲ့ မျိုးဆက်သစ်ကိုယ်တော်လေးတွေ ခိုလှုံစရာ ကျောတစ်နေရာစာ မခက်ခဲ့ဖို့၊ အရိပ်ခိုနား ကျေးဇူးတရားကိုလဲ ဆပ်ရာရောက်ဖို့စသည့်ရည်ရွယ်ချက်တွေနဲ့ပါ...
      နောက်..မိခင်မကုဋမှာရော ဘာလို့ ကျောင်းဆောင်သ စ်ဆောက်လုပ် တာလဲလို့ မေးခဲ့မယ်ဆိုရင်.. အဖြေက ရှင်းပါတယ်။ အခု မိခင်မကုဋမှာ ပင်မကျောင်းဆောင်ကြီး နှစ်ဆောင်ရှိပါတယ်။ တကယ်တမ်း စာရင်းဝင် နေထိုင်ခွင့်ရှိတာက..အပါး ၆၅ပါးမျှသာပါ။ ဒီတော့ နောက်ရောက် လာတဲ့ ကျောင်းသားသ စ်တွေအတွက် နေရာအခက်ခဲဖြစ်လာပါတယ်။ သီဟိုဠ်မှာ ကျောင်းသားရဟန်းေ တ်ာပေါင်းက ၂၅၀ -၃၀၀နီးပါးရှိပါတယ်။ ဒီတော့ကျန်ကျောင်းသားတွေကို ကုလားကျောင်းတွေမှာ ရှာကြံလျှောက် ထားပြီး နေကြရ၊ တစ်ချို့က အိမ်တွေမှာ လစာပေးပြီးငှါးနေရ..အဆင်ပြေတာတွေရှိသလို မပြေတာတွေလဲ မြင်ရကြားရတော့ မကုဋမှာနေထိုင်ခွင့်မရလို့ နေရာအခက်ခဲဖြစ်နေကြတဲ့ ညီတော်ေ နာင်တော် များအတွက် ရည်မှန်းပြီး ဒီကျောင်းဆောင်သစ်ကို အကောင်ထည်ဖေါ်ဖို့ အရှင်ကိုယ်တိုင် စခဲ့ရ ပါတယ်။
  ညီတော်နောင်တော်များလဲ သိပြီးဖြစ်တဲ့အတိုင်း အခုဆို ကျောင်းဆောင်သစ်ကြီး စတင်ဖို့ ရန်ကုန်က ရဟန်း အမကြီးက မြန်မာငွေ သိန်းတစ်ရာငါ်းဆယ် ၁၅၀ မတည်ထားပြီးဖြစ် ပါတယ်။ နောက်ဒါနသီ ရိလင်္ကာ အသင်းကြီးကလဲ စင်္ကာပူဒေါ်လာ ၅၀၀၀ ငါးထောင်မတည် ထားပြီးဖြစ် ပါတယ်။ သံဃိက ကျောင်းအတွက်ေ ငွကလဲ usဒေါ်လာ ၃၀၀၀ သုံးထောင်နီးပါး ရှိပြီးဖြစ်ပါတယ်။              
       ဒီတော့ ဖောင်ဒေးရှင်းအတွက်တော့ လုံလောက်နေပြီလို့ ပြောလို့ရပါတယ်။ ကျန်တဲ့အထပ်တွေကို ညီတော်နောင်တော်များအားလုံးဝိုင်းဝန်းပြီး ညီညီညွတ်ညွတ်ကြိုးစားသွားမယ်ဆိုရင် မကြာခင်အချိန်မှာ အသီးအပွင့်ဖြစ်လာမယ်ဆိုတာ အသေချာပါပဲ။
   ကျောင်းဆောင်သစ်ကြီးကိုတော့ ၀ါကျွတ်မှ စဖြစ်မယ်ထင်ပါတယ်။ ဒီတော့ ဒီကောလုနာဝက သီရိလင်္ကာ ဘုန်းတော် ကြီးများပိုင်တဲ့ ကျောင်းအိုလေးကို အကြောင်းပြုပြီး မိခင်မကုဋမှာ ကျောင်းဆောင် သစ်ကြီး ဆောက်လုပ်ဖို့ဖြစ်ပေါ်စေတဲ့ ကောလုနာဝကျောင်းအိုးလေးကို ပြုပြင်ခြင်း ၀ိဟာရဒါနပါရမီပြု လုပ်ပေကြသော Australia မှ ဒါယိကာမကြီး ဒေါ်သီတာဆွေနဲ့ ရန်ကုန်မှ ရဟန်းအမကြီးကို အထူး ရင်ထဲ မှာ နှစ်နှစ် ကာကာ ကျေးဇူးတင်ရှိပါကြောင်းနဲ့ ဒီဝိဟာဒါနပါရမီကုသိုလ်ကို အကြောင်းပြု၍ သောကအပူ ကင်း၍ သံသရာ လွတ်ရာလမ်းဖြစ်သည် မဂ်ဖိုလ်နိဗ္ဗာန်ကို ဘ၀တိုတိုနဲ့ ထိုးထွင်းသိမြ င်ကျင့်ကြံနိုင် ပါစေလို့ .သီဟိုဠ်သံဃာတော်များကိုယ်စား အမေ့မေတ္တာအရှင်မှ သာဓုခေါ်ဆိုကာ ဆုတောင်းမေတ္တာပြု လိုက်ပါတယ်။
         အားလုံး သောကအပူမှန်သမျှ မဂ်ရည်ဖြင့် ငြှိမ်းသတ်နိုင်ပါစေလို့..
တစ်ချိန်က ကျောင်းအိုလေး ခုတော့ကျောင်းပျိုလေးဖြစ်ခဲ့လေပြီ...အမေ့မေတ္တာအရှင်

တစ်ချိန်က ကျောင်းအိုလေးရဲ့ ရှေ့မျက်နှာ.

တစ်ချိန်ကကျောင်းအိုလေးရဲ့ နောက်ကျော..

တစ်ချိန်က ကျောင်းအိုလေးရဲ့ အတွင်းနှလုံးသား..

ခုတော့ ကျောင်းအမကြီးများရဲ့ ကုသိုလ်ကျောင်းပျိုးလေး..ရှေ့မျက်နာ..

ခုကျောင်းပျိုးလေးရဲ့ ဘေးဘက်

ကျောင်းပျိုလေးရဲ့ ကျောင်းအမ

လူ့ဘဝမှာ အရေးပါတဲ့အချက် နှစ်ချက်ရှိတယ်။


 
တစ်အချက်က လူကြည့်တာနဲ့ နှစ်အချက်က လူလုပ်တာဖြစ်တယ်။
လူကြည့်တယ်ဆိုတာ စာဖတ်တာနဲ့တူပြီး လူလုပ်တယ်ဆိုတာ စာရေးတာနဲ့ တူတယ်။

ရှင်းရှင်းပြောရရင် လူဖြစ်အောင်သင်ယူတာနဲ့ လူ့ဘဝကို ဘယ်လို ရေးစပ်ခြယ်မှုန်းမယ်ဆိုတာဖြစ်တယ်။

လူရဲ့အပြင်ပန်းသဏ္ဌာန်ဟာ စာအုပ်တစ်အုပ်ရဲ့အဖုံးဖြစ်ပြီး လူရဲ့အတွင်းစိတ်က စာအုပ်တွင်းထဲမှာပါတဲ့ အကြောင်းအရာဖြစ်တယ်။

လူတချို့မှာ ကောင်းမွန်တဲ့ အဖုံးပါသလို အတွင်းစာသားတွေကလည်း တပ်မက်စရာကောင်းတယ်။ လူတချို့မှာတော့ အဖုံးရော အတွင်းစာသားပါ ကြမ်းတမ်းယုတ်နိမ့်တယ်။ တချို့ရဲ့အဖုံးက စွဲဆောင်မှုမရှိ၊ မခန့်ညားပေမယ့် အတွင်းစာသားက ကြီးကျယ်မြင့်မြတ်တယ်။ တချို့ရဲ့အဖုံးက လက်လက်တောက်ပေမယ့် အတွင်းစာသားက မြင်မကောင်း ရှုမပျော်ဖြစ်တယ်။

လူကောင်းက စာအုပ်ကောင်းတစ်အုပ်နဲ့ တူတယ်။ ရှေ့စာမျက်နှာကို ဖွင့်လိုက်တာနဲ့ သင်းပျံ့မွှေးကြိုင်တဲ့ရနံ့တွေ လွှင့်ပြန့်ထွက်လာတယ်။ မကောင်းတဲ့လူက ဖျတ်ခနဲတစ်ချက်ပဲကြည့်တဲ့ စာအုပ်နဲ့တူတယ်။ ရှေ့စာမျက်နှာကို ဖွင့်လိုက်တာနဲ့ အနံ့ဆိုးတွေကို ရှုရှိုက်မိတယ်။

ပေါ့ပေါ့ပါးပါး၊ အံဝင်ခွင်ကျနေတတ်သူတွေဟာ စကားပြေတစ်အုပ်နဲ့တူတယ်။
အမြဲစိတ်ညစ်၊ စိတ်ထိခိုက်သူတွေဟာ လွမ်းလွမ်းဆွေးဆွေး ကဗျာတစ်အုပ်နဲ့တူတယ်။
အကောင်းမြင်၊ ပျော်ပျော်ပါးပါးနေတတ်သူတွေဟာ ဟာသတစ်အုပ်နဲ့တူတယ်။
တွေးတော ချင့်ချိန်နေတတ်သူတွေဟာ စာတမ်းတစ်အုပ်နဲ့တူတယ်။

အဖုံးလှပအောင် မလုပ်ပေးခဲ့လို့ဆိုပြီး အမေ့ကို အပြစ်မမြင်ပါနဲ့။ လှပတဲ့သရုပ်ဖော်ပုံတွေ ထည့်မပေးလို့ဆိုပြီး အဖေ့ကို အပြစ်မဆိုပါနဲ့။

သင့်ဘဝစာအုပ်ကို သင်ကိုယ်တိုင်ရေးယူမှ ရတယ်။ သင့်ရဲ့အင်အား၊ သတ္တိ၊ ချွေး၊ သွေး၊ အသိဉာဏ်တွေကို သုံးပြီး ရေးရပါမယ်။ ဘဝတစ်ခုလုံးကို ရေးခဲ့လည်း အပြောင်မြောက်ဆုံး သင်ရေးချင်မှ ရေးနိုင်လိမ့်မယ်။ ဘဝတစ်သက်ရေးခဲ့လည်း သင်နာမည်ကြီးချင်မှ ကြီးလိမ့်မယ်။ ဒါပေမယ့် ဒီအတွက် စိတ်ဓာတ်ကျပြီး အပေါစားလို့ မသတ်မှတ်လိုက်ပါနဲ့။ ရေးခဲ့သမျှ ဘယ်သူမှမဖတ်ခဲ့လည်း စာမျက်နှာတိုင်းကို သင်တန်ဖိုးထားရမယ်။ တာဝန်သိတတ်ရမယ်။

လူလုပ်တယ်ဆိုတာ စာရေးတာနဲ့ တူတယ်။ တကယ်လို့ လူတွေကသင့်ကို နှစ်နှစ်သက်သက် ဖတ်ရှုခဲ့မယ်ဆိုရင်
ဒါဟာသင့်ရဲ့ အကြီးမားဆုံး ပျော်ရွှင်ခြင်းဖြစ်တယ်။ တကယ်လို့ လူတွေက သင့်ကိုစွဲစွဲမက်မက် အလွတ်ကျက် ရွတ်ဖတ်ခဲ့မယ်ဆိုရင် ဒါဟာ သင့်ရဲ့ကြီးမြတ်တဲ့ ဂုဏ်ကျက်သရေဖြစ်တယ်။
အမေ့မေတ္တာအရှင်..

Monday, August 20, 2012

2. Navam Full Moon Poya Day



          Navam is in February. This full moon day commemorates three important events in Buddhist history.
+ Two Leading disciples Sariputta and Maha Moggalana enter into the Order of the Lord Buddha.
+ For the first time, the Lord Buddha proclaims a code of ethical prefects for the monks.
+ The Lord Buddha announces that his death or Parinibbana will take place within three months.
သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဒုတိယမြောက် လပြည့်ဥပုသ်နေ့သည နာဝမ်လပြည့် ဥပုသ်နေ့ဖြစ်ပါသည်။  ဒုတိယမြောက်လဖြစ်သည့် ဖေဖော်ဝါရီလမှာ ကျရောက်ပါသည်။ ဒီနာဝမ် လပြည့်ဥပုသ်နေ့ကို ဗုဒ္ဓဘုရားရှင်၏ ဗုဒ္ဓဘာသာ သာသနာသမိုင်းတွင် အရေး ကြီးသော အဖြစ်အပျက် သို့ ဖြစ်စဉ် သုံးခုကို ကိုယ်စားပြု၍ သတ်မှတ်ကာ လိုက်နာ ကျင့်သုံးေ နကြပါသည်။ ဖြစ်စဉ်သုံးခုကား….
၁။ ဘုရားရှင်၏ တပည့်သာဝကကြီးများဖြစ်သော ပညာအရာမှာ ဧတဒဂ်ရရှိတော်မူသော လက်ယာတော်ရံ ဖြစ်သည့် အရှင်သာရိပုတ္တရာမထေရ်ကြီးနှင့် တန်ခိုးအရာမှာ ဧတဒဂ် ရ ရှိတော်မူသော လက်ဝဲတော်ရံ အရှင်မဟာ မောဂ္ဂလာန် ကိုယ်တော်ြ  မတ်ကြီး နှစ်ပါး မြတ်ဗုဒ္ဓ၏ သာသနာ့ဘောင်ကို စတင်ဝင်ရောက် လာခြင်းကိုလည်ကောင်း။
၂။ ပထမဆုံးအကြိမ် ဘုရားရှင် ရဟန်းတော်များအတွက် ကျင့်ဝတ်သိက္ခာပုဒ်များ ပညတ်တော်မူခြင်းကိုလည်းကောင်း။
၃။ ဘုရားရှင်၏ နောက်လသုံးလကြာလျှင် ငါဘုရားပရိနိဗ္ဗာန်ပြုတော်မည့်အကြောင်းကို မိန့်မြက်ခြင်းကိုလည်းကောင်း…. သတ်မှတ်ရည်မှန်း အလေးအမြတ်ထား၍ သီရိလင်္ကာနို င်ငံရှိ ဆင်ဟာလူမျိုး ဗုဒ္ဓဘာသာဝင်တွေဟာ ယနေ့ထိတိုင် ဘာသာရေးရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာအရ ဖေဖော်ဝါရီလမှာ ကျရောက်သည့် ဒီနာဝမ် လပြည့်ေ ပါယဒေး သို့ ဥပုသ်နေ့မှာ ဘုရားကျောင်းသို့သွားရောက်ကာ ဥပုသ်စောင့် သီလယူ၊ တရားနာယူ၊ ဝေယျာဝစ္စကုသိုလ်များကို ပြုလုပ်လျှက်ရှိပါသည်။
 သီရိလင်္ကာနိုင်ငံရှိ ဆင်ဟာလလူမျိုး ဗုဒ္ဓဘာသာဝင်တွေဟာ သမိုင်းဝင်ြ ဖစ်စဉ်များနှင့် ပေါယဥပုသ်နေ့များကို သတ်မှတ်ထားသည်မှာ အတုယူစရာေ ကာင်းလှပါသည်။ သူတို့၏ ပေါယဒေးခေါ် ဥပုသ်နေ့များသည် အဓိပ္ပါယ်များစြွာ ပည့်နေသည်ဟု ဆိုချင်ပါသည်။
အားလုံး သောကအပူမီးများကို မဂ်ရည်ဖြင့် စင်အောင်ငြှိမ်း၍ ချမ်းသာသုခကို ရရှိနိုင် ပါစေလို့…အမေ့မေတ္တာအရှင်..
                                             

Friday, August 17, 2012



         
            About the Full Moon Poya Day in Srilanka
In Srilanka Buddhist tradition, there are various Full Moon Poya Days;
1.    Duruthu Full Moon Poya Day
It is in January and it commemorates the Lord Buddha’s first visit to Sri Lanka. This visit took place in the first year of the Lord Buddha’s Supreme Enlightenment. Every year Buddhist of Sri Lanka commemorates this event by conducting the Duruthu Perahera which starts from Kelaniya. The Duruthu Perahera was first hled in 1927.
          သီရိလင်္ကာနိုင်ငံရဲ့ ပေါယဒေးများအကြောင်း
သီရိလင်္ကာနိုင်ငံက ဗုဒ္ဓဘာသာရိုးရာ အစဉ်လာဓလေ့တွင် ပေါယဒေး သို့လပြည့်နေ့တွေမှာ ကျရောက် တဲ့ဥပုသ်နေ့များစွာ ရှိပါတယ်။ သီရိလင်္ကာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေဟာ မိဘတွေရော ကုလေး တွေရော ဥပုသ်နေ့တွင် ဘုရားကျောင်းများကို သွားလေ့ရှိပါတယ်။ သွားတဲ့အခါမှာလဲ ဘာသာရေး ၀တ်စုံကိုပဲ ၀တ်ဆင် လေ့ရှိပါတယ်။ သူတို့နိုင်ငံရဲ့ ဘာသာရေးပွဲ၊ အခမ်းအနားတွေမှာ ၀တ်ဆင်လေ့ရှိတဲ့ ၀တ်စုံကလဲ တစ်ရောင်တည်း ဆင်တူဖြစ်ပါတယ်။ အရောင်ကတော့ အဖြူရောင် ၀မ်းစက်ဖြစ်ပါတယ်။ အမိမြန်မာ နိုင်ငံမှာတော့ တကယ်ထူးခြားမြင့်မြတ်တဲ့ ဘာသာရေးနေ့၊ အခမ်းနားတွေမှာ အဖြူအညိုဖြစ်တဲ့ ဓမ္မစကြာ ၀တ်စုံကို ဆင်ယင်လေ့ရှိပါတယ်။ ဒါကလဲ လူတိုင်းမဟုတ်ပါဘူး။ အသင်းအဖွ့ဲလောက်ပါပဲ။ အမှန်တကယ်တော့           သီရိလင်္ကာ ဗုဒ္ဓဘာသာတွေရဲ့ ဘာသာရေးဝတ်စုံနဲ့ အမိမြန်မာပြည်က ဗုဒ္ဓဘာ သာတွေ ၀တ်ဆင်တဲ့ ဘာသာရေး ၀တ်စုံကို ယှဉ်ကြည့်လိုက်မယ် အမိမြန်မာပြည်က ဗုဒ္ဓဘာ သာေ တွရဲ့ ၀တ်စုံက ပိုပြီး သပ်ရပ်ကာ မျက်စိစိတ်နှလုံးကို အေးချမ်းစေပါတယ်။ သို့သော်လည်း အမြိ မန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာ ရေးဝတ်စုံကို ဆင်တူ တစ်သမတ်တည်း မ၀တ်နိုင်တဲ့ အတွက် ဘာသာရေးအခမ်း အနားတွေမှာ သီရိလ င်္ကာက ဗုဒ္ဓဘာသာဝင်တွေနဲ့ နည်းနည်းလေး ကွာနေသလို ခံစားမိပါတယ်။ သူတို့လို အထက်အောက် ဆင်တူ အားလုံးဝတ်ဆင်နိုင်မယ်ဆိုရင်ဖြင့် ဆိုဖွယ်မရှိပါ။
သီရိလင်္ကာ ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာရေး အခမ်းနား၊ ဘုရားကျောင်း၊ ဥပုသ်သီလ စောင့်သွားတဲ့ အခါမှာလည်း သူတို့ရဲ့ ရင်သွေးငယ်များကို ခေါ်ဆောင်သွားလေ့ ရှိပါတယ်။ ကျောင်းရော က်တဲ့အခါမှာ မဟာဗောဓိပင်ကို ရေ၊ ဆီမီး၊ ပန်းများကို ပူဇော်ပြီး ရှိခိုးဆုေ တာင်းလေ့ရှိပါတယ်။ ဘုရားကျောင်း ၀င်းများကိုလည်း သန့်ရှင်းကုသိုလ်ပြုလေ့ရှိပါတယ်။ တစ်ချို့က တရားထိုင်၊ ပရိတ်ရွတ်ဆိုလေ့ရှိကြပါတယ်။
          ဥပုသ်သီလကိုတော့ ငါးပါးသီလကိုပဲ ခံယူဆောက်တည်လေ့ရှိကြပါတယ်။ တရားဒေသနာကိုတော့ မနက်တစ်ချိန်၊ နေ့တစ်ချိန်၊ ညနေတစ်ချိန် နာယူလေ့ရှိပါတယ်။ တရားဟောဆရာတော်ကလဲ တစ်ချိန်ကို တစ်ပါး ပောာပေးတာပါ။ နာယူနေတဲ့ အခါမှာတော့ လွတ်လပ်စွာ ထိုင်နိုင်ပါတယ်။ တစ်ချို့ မြန်မာဗုဒ္ဓ ဘာသာဝင်တွေလို ဒူးတုတ်ထိုင်ကြပါတယ်။ တစ်ချို့က ခြေဆင်း၊ တစ်ချို့က တင်ပ္ပလင်ခွေ၊ တစ်ချို့က ဘုရားဘက် ခြေဆင်း၊ တစ်ချို့က ထိုင်ခံသေးသေးပေါ်၊ တစ်ချို့က ရဟန်းေ တ်ာတွေရဲ့ နောက်ကျော ဘက်မှာ ထိုင်လေ့ရှိပါတယ်။ သီလစောင့် တရားနာယူနေတဲ့အခါမှာ စကားပြောေ လ့မရှိပါဘူး။ သို့သော် အပေါ့အပါး သွားချင်လဲ ထသွားလို့ရပါတယ်။ ဘုန်းကြီးတွေက အပြစ်မဆိုသလို သူတို့အချင်းချင်းလဲ ကဲ့ရဲ့ဝေဖန်၊ ရှုတ်ချတာမျိုး မရှိပါဘူး။ အတင်းအဖျင်းပြောဆိုမှုလဲ နည်းပါတယ်။ မရှိသလောက်ပါပဲ။ သူတို့တတ် နိုင်တာကိုလဲ ဒါနအဖြစ် ပေးလှူဒါန်းကြပါတယ်။ သင်္ကန်း၊ သပိတ်၊ ဆပ်ပြာ၊ သကြား၊ ကွမ်း၊ ၀တ္ထုငွေ စသည်ပါ။ ထူးခြားတာက သူတို့က ပရိက္ခရာထဲမှာ ကွမ်း၊ ဆပ်ပြာစသည်လဲ ပါသည်ဟု ခံယူထားသောကြောင့် ဆွမ်းကပ်၊ ဥပုသ်ကျောင်းတွေမှာ ကွမ်းယာကို အလေးပေး ကပ်လှူလေ့ရှိပါတယ်။      
  ဥပုသ်နေ့များကိုတော့ တစ်ခုချင်းဖော်ပြပေးလိုက်ပါတယ်။ သူတို့ဓလေ့အရ ဥပုသ်နေ့ များကိုတော့ ပေါယဒေးလို့ခေါ်ဆိုလေ့ရှိကြပါတယ်။ ဒီပေါယဒေးတွေကို သတ်မှတ်၊ ဖြစ်ပေါ်လာမှုတွေကလဲ သာမန်မ ဟုတ်ပါဘူး။ ဗုဒ္ဓဘာသာရဲ့ သမိုးဖြစ်စဉ်တွေကို ကိုယ်စားပြုထားပါတယ်။ သူတို့ နိုင်ငံမှာ ပေါယဒေးများကို လပြည်နေ့တွေမှာ သတ်မှတ်ထားလေ့ရှိပါတယ်။ ဒီတော့ တစ်လတစ် ခါကျေ ရာက်နေတဲ့ ဒီပေါယဒေး ဥပုတ်နေ့ တွေမှာ သီရိလင်္ကာကို ဘုရားကြွရောက်လာခြင်း၊ ဗုဒ္ဓဘာသာ သာသနာ စတင်ရောက်ရှိလာပုံနှင့် ဗုဒ္ဓသမိုင်းဖြစ် စဉ်တွေထဲက ထူးခြားသောအကြောင်းအရာတွေကို ကိုယ်စာြး ပုထားပါတယ်။
          ဥပမာပြောရမယ်ဆိုရင်.. Duruthu-ဒုရုသုလို့ခေါ်တဲ့ လပြည့်ဥပုသ်နေ့ အကြောင်းကို လေ့လာ မယ်ဆိုပါက၊ ဒုရုသု ဥပုသ်နေ့ဟာ ဇန်နရီလမှာ ကျရောက်ပါတယ်။ ဒီဥပုသ်နေ့က မြတ်စွာဘုရားရှင် သီရိလင်္ကာ နိုင်ငံကို ဘုရားဖြစ်ပြီး ရှစ်ဝါမြောက်မှာ ကြွရောက်လာခြင်းကို ကိုယ်စားပြုထားပါတယ်။ ဒီနေ့မှာ ဘုရားရှင် သီရိလင်္ကာကို ကြွရောက်လာခြင်း အထိမ်အမှတ်အဖြစ် နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ဒီဒုရုသုပေါယဒေးသည် သီရိလင်္ကာနိုင်ငံ၊ မြို့ဟောင်းတစ်မြို့ဖြစ်တဲ့ ကေလနိယမှာ ကျင်းပလေ့ရှိပါတယ်။ ၁၉၂၇ နှစ်က စတင်ခဲ့ပါတယ်။ ဒီ ကေလနိယမှာ ကေလနိယ ရာဇမဟာဝိရ ဘုရားကျောင်း၊ ကလျာဏီသိမ်တ်ာကြီး၊  ကေလနိယ စေတီတော်ကြီးနှင့် မဟာဗောဓိပင် တည်ရှိပါတယ်။
  ကေလနိယစေတီ၏ နောက်ခံသမိုင်းကြောင်းကို နည်းနည်းပြန်ကြည့်မည်ဆိုပါက တစ်ချိန်က ကေလနိယ တိုင်းဒေသကို ဘုရင် မနိအက္ခိသ အုပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဘုရားရှင်က ရှစ်ဝါမြောက်မှာ ပထမအကြိမ်ကြွခဲ့တဲ့နာဂဒီပကို ဒုတိယအကြိမ် ကြွရောက်ခဲ့ပါတယ်။ မြတ်စွာဘုရားကြွေ ရာက်လာ တာကိုသိတဲ့ ဘုရင်မနိအက္ခိသက ဘုရားထံကိုသွားခဲ့ပါတယ်။ မြတ်စွား ဘုရားဟော ကြားခဲ့တဲ့ တရားေ တ်ာကိုလဲ နာယူပြီး ကေလနိယကိုကြွရောက်ဖို့ မြတ်စွာဘုရားကို ပင့်လျှောက်ပါတယ်။ ဘုရားရှင် ကလဲ လက်ခံခဲ့ပါတယ်။ နောက်.. ဘုရားရှင်က နောက်ပါ ရဟန္တာ ငါးရာနဲ့ အတူ ကေလနိယကို ကြွရောက် ခဲ့ပါတယ်။ မြတ်စွာဘုရားရှင်နဲ့ ရဟန္တာ ငါးရာကို ကြုဆိုပြီး ဂန္တကုဋီတိုက် ခန်းကိုဆောက်လုပ်ပြီး ဆွမ်းဆက် ကပ်ခဲ့ပါတယ်။
  ဆွမ်းဘုဉ်းပေးပြီး ဘုရားရှင်က ဘုရင်၊ မိဖုရား၊ မှူးမတ်များကို တရားဟောခဲ့တယ်။ နောက်ပိုင်းမှာတော့ ဘုရင်ကြီးက ဘုရားရှင် တရားဟောခဲ့တဲ့နေရာမှာ များစွာသော စေတီများကိုတည်ဆောက်ခဲ့ပါတယ်။ အခုတော့ သီရိလင်္ကာဗုဒ္ဓဘာသာဝင်များ ရှိခိုးပူဇော်လေ့ရှိကြသော ကေလနိယစေတီရယ်လို့ ထင်ရှား ရှိနေပါတယ်။
အားလုံးရွှင်လန်းချမ်းမြေ့ကျပါစေလို့.. www.amaymitter.blogspot.com
         

Wednesday, August 15, 2012

Salikedara



Once upon a time, there was a farmer who grew paddy in a field. One day, he saw a parrot eating paddy from his field. Once he had finished eating, the parrot took more paddies in his beak and tried to fly away.
          The famer who saw this asked the parrot, “why are you doing this” You have eaten your share and you are taking away more with you.” The parrot answered, “My parents are very old and weak. They are blind and cannot fly. So I take food for them”.
          “This is a very good deed. From this day, this portion of my field is for them,” said the farmer.
         

“Spreading Loving Kindness”



May I be free from suffering,
May I be free from sickness,
May I be free from enmity,
May I be happy forever!

May all beings be free from suffering,
May all beings be free from sickness,
May all beings be free from enmity,
May all be happy forever as I am!

“Let us Worship Our Parents”
Noble and holy are parents,
They are our first teachers,
They look after us well,
Let’s worship and kiss their feet.