Monday, February 25, 2013

**မငိုပါနဲ့ မောင်လေးရယ်**

မငိုပါနဲ့ မောင်လေးရယ်
မောင်လေးဘေးမှာ မမရှိပါတယ်
ဗိုက်ဆာနေလို့ ငိုနေတာလားမောင်လေးရယ်
မုန့် စားကျောင်းဆင်းရင်
ဆရာမဆီကမုန့် တောင်းကျွေးပါ့မယ်
မျက်ရည်တွေမကျပါနဲ့ လားမောင်လေးရယ်
မောင်လေးငိုတော့
မမလည်းငိုချင်တယ်ကွယ်..။

အို အေ အေ အို
အငိုရယ်တိတ်ပါတော့လားကွယ်
မမစာတွေကျက်ရဦးမယ်
မမစာတွေတွက်ရဦးမယ်
စာမပြီးရင်ဆရာမကရိုက်လိမ့်မယ်..

မငိုပါနဲ့ မောင်လေးရယ်
အိပ်ပါတော့ကွယ်
အိပ်ယာကနိုးရင်
မမကွန်းပိုးလို့ ဆော့ကစားပေးပါ့မယ်
မမစာတွေလုပ်ရဦးမယ်မောင်လေးရယ်
မမပညာတတ်ကြီးဖြစ်ချင်တယ်ကွယ်
ပညာတတ်မှ မမတို့ လူရာဝင်မယ်
လူရာဝင်မှ လူရာသွင်းခံရမယ်
လူရာသွင်းခံရမှ လူပီသနိုင်မယ်
လူပီသနိုင်မှ လူသားတာဝန်ကျေပွန်နိုင်မယ်ကွဲ့ ..။

မငိုပါနဲ့ မောင်လေးရယ်
အငိုနဲ့ စပြီးအငိုနဲ့ အဆုံးသတ်တဲ့ဘ၀ခရီးမှာ
အပူမီးတွေကိုအပြုံးမပျက်ဘဲ
ငြိမ်းသတ်နိုင်ရမယ်ကွဲ့ 
နေတတ်ရင်ကျေနပ်စရာပါမောင်လေးရယ်
ဘာအားငယ်စရာလိုလဲကွဲ့ 
အမှိုက်ပုံထဲစွန့် ပစ်ခံရတဲ့ကလေးတွေထက်စာရင်
မောင်လေးအများကြီးကံကောင်းပါတယ်ကွယ်
မောင်လေးဘေးမှာ မမရှိနေသေးတယ်..။

မငိုပါနဲ့ မောင်လေးရယ်
မောင်လေးရဲ့ငိုရှိုက်သံဟာ
မမရင်ကိုထိခိုက်စေလို့ ပါကွယ်
တင်းထားတဲ့အားတွေ
ကျိတ်ထားတဲ့အံတွေ
တားဆီးထားတဲ့မျက်ရည်တွေ
တာလိုကျိုးလာအောင်
ငိုသံတွေကိုမပျိုးပါနဲ့ လားမောင်လေးရယ်
မောင်လေးဘေးမှာ မမရှိပါတယ်
မောင် လေး ဘေး မှာ
မ မ ရှိ နေ ပါ တယ် ကွယ် ....။

(ပုံလေးကိုခံစားရေးဖွဲ့ ပါတယ်ရှင်)
ချစ်ခင်လေးစားလျှက်
ဆုဂျေ
Myawady News

သွေးကျိန်စာ

ရခိုင်တွေ ငိုနေတယ် .....

သူတို့မျက်ရည်တွေကို

သေသေချာချာမြင်အောင်ကြည့် ... ...

သွားလေသူ ... သမီးပျိုအတွက်

အိမ်ဦးနတ်အတွက် လွမ်းဆွတ်တသခြင်းတွေ ... ...

လူကိုခွေးသတ်လေခြင်းလို့

ယူကြုံးမရနာကျည်းခြင်းတွေ

သူတို့ရဲ့ မျက်ရည်ထဲမှာ

ဗြောင်းဆန်လှိုင်းထပြီး

အိပ်မက်ဆိုးတွေဟာ အလိပ်လိပ်ထနေတယ် ... ... ။

ငါ့သွေးချင်းတွေ ငိုနေတယ် .....

သူတို့ အိမ်ထောင်ဦးအမှတ်တရတွေ ... ...

သူတို့ရဲ့ ဘိုးဘေးတွေရဲ့ အမွေတွေ ...

မီးတိုက်ပြာချခံလိုက်ရတယ် ... ... ။

လူသနားအောင် ငိုပြနေတာမဟုတ်ဘူး .....

ဓာတ်ပုံအရိုက်ခံဖို့ ငိုပြနေတာ မဟုတ်ဘူး ... ...

နာကျင်ရပါများလွန်းလို့

သူတို့ရဲ့နှလုံးသွေးတွေ

မျက်လုံးကနေ စီးကျနေတာ ... ... ။

အဲဒီမျက်ရည်တွေဟာ

ငါတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကို

လှုပ်နိုးလိုက်တဲ့ ခေါင်းလောင်းသံ ... ...

အဲဒီမျက်ရည်တွေဟာ

ငါတို့ရဲ့ မျိုးချစ်စိတ်တွေကို

မောင်းနှင်လိုက်တဲ့ စက်သွားတွေ ... ...

ငါ့သွေးချင်းတွေရဲ့

မြေခခဲ့ရတဲ့သွေးတွေဟာ

မင်းတို့ရဲ့ ကျူးကျော်မှုတွေ .....

မင်းတို့မျှော်လင့်ခြင်းတွေကို

လက်စားခြေ ချေမွပစ်မယ့်

သွေးနဲ့ရေးတဲ့ကျိန်စာတွေဖြစ်စေရမယ် ... ... ။

မိုးစက်နီ
သွေးကျိန်စာ
**********

ညီမလေးသို့...

Nay Wai
ဝေနှင်းပွင်သုန်ဆိုတဲ့ ကောင်မလေးကို ဦးတည်ပြီးရေးထားတဲ့စာပါ ... ကြိုက်လို့ပြန် Share ထားတာပါ .........................................................................

ညီမလေးဝေနှင်း အနေနဲ့
==============
စစ်အစိုးရကို မကျေနပ်ရင် သန်းရွှေဓာတ်ပုံကို ချနင်း ။ ဘာမှမပြောလိုဘူး။
ငါတို့ မြန်မာနိုင်ငံအလံကို ချမနင်းနဲ့ လေ။ လူပါးဝလို့ ..

လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး အကြောင်းပြောချင်ရင်
မင်းခေါင်းပေါ်က မွတ်ဆလင် Hijab ကိုအရင် မီးရှို့ပြီးမှ ပြော

အမျိုးသမီးအခွင့်အရေးအကြောင်းပြောချင်ရင် မွတ်ဆလင်အမျိုးသမီးတွေကို ခြေဆုံးခေါင်းဆုံးခေါင်းမြီးခြုံခိုင်းပြီး
အိမ်တွင်းပုန်းဘ၀နဲ့ သေခိုင်းတာ၊ မွတ်ဆလင်မိန်းမ ၄ယောက် က မွတ်ဆလင်ကောင်ကြီး ၁ကောင်ကို share လုပ်ပြီး နေရတာ၊ အင်မတန်အောက်တန်းကျလှတဲ့ polygamy အကြောင်းတွေ ၊ မွတ်ဆလင်အမျိုးသမီးတွေကို ပညာမသင်ခိုင်းတာ၊ ခွေးလိုလုပ်ထားတာ စတဲ့ အစ္စလမ်ကုရ်အာန်ကျမ်းအရ အမျိုးသမီးအခွင့်အရေးချိုးဖေါက်ခံရတာတွေကို ညီမလေးဝေနှင်း အနေနဲ့ ကမ္ဘာကြီးသိအောင် ကန့်ကွက်ပြောပြလိုက်စမ်းပါ။

ကလေးသူငယ်အခွင့်အရေး အကြောင်းပြောချင်ရင် မိုဟာမက်က Aisha ကို အသက် ၆နှစ်မှာ လက်ထပ်ပြီး အသက် ၉နှစ်အရွယ် ကလေးသူငယ်လေးကို မုဒိန်းကျင့်တာကို အားကျပြီး မွတ်ဆလင်နိုင်ငံတွေ မှာ ကလေးသူငယ်မိန်းကလေးတွေ ကို အသက် ၈နှစ်၊ ၉နှစ်၊ ၁၁၊ ၁၃နှစ်တွေကို ပျော်ပျော်ကြီး မုဒိန်းကျင့်နေတဲ့ အစ္စလမ်ကုရ်အာန်ကျမ်းအရ ကလေးသူငယ်အခွင့်အရေး အကြီးအကျယ်ချိုးဖေါက်ခံနေရတာတွေကို ညီမလေးဝေနှင်း အနေနဲ့ ကမ္ဘာကြီးသိအောင် ကန့်ကွက်ပြောပြလိုက်စမ်းပါ။

ဘာသာရေးလွတ်လပ်ခွင့် ၊ လွတ်လပ်စွာကိုးကွယ်ခွင့်အကြောင်းပြောချင်ရင် ဆော်ဒီမှာ မည်သည့်ဘာသာရေး အဆောက်အအုံမှ
ဆော်ဒီတစ်နိုင်ငံလုံးမှာ လုံးဝ ( လုံးဝ ) ပေးမဆောက်တာ၊ Supression of all other religions၊
မည်သည့် ဘာသာကိုမှ လွတ်လပ်စွာကိုးကွယ် ဟောပြောဖြန့်ဝေခွင့် မရှိတာတွေ၊
ဆော်ဒီ နိုင်ငံ မက်ကာမြို့နဲ့ မက်ဒီနာ မြို့ တွေကို မည်သည့် ဘာသာခြားတစ်ယောက်မှ ပေးမ၀င်ပဲသေဒဏ်ပေးတာ၊
အစ္စလမ် ဘာသာကို မယုံကြည်လို့ (ဖြစ်သင့်ပါတယ်) ဘာသာပြောင်းတာကို သေဒဏ်ပေးတာ စတဲ့၊
ဘာသာရေး အကြီးအကျယ် ၁၀၀% ဖိနှပ်ထားတာ၊ လွတ်လပ်စွာကိုးကွယ်ခွင့်၊ လွတ်လပ်စွာပြောဟောပိုင်ခွင့်၊
ဘာသာရေးလွတ်လပ်ခွင့် အခွင့်အရေးတွေ အစ္စလမ်ကုရ်အာန်ကျမ်းအရ အကြီးအကျယ်ချိုးဖေါက်ခံနေရတာတွေကို ညီမလေးဝေနှင်း အနေနဲ့ ကမ္ဘာကြီးသိအောင် ကန့်ကွက်ပြောပြလိုက်စမ်းပါ။

လူ့အခွင့်အရေးအကြောင်းပြောချင်ရင် လိင်တူဆက်ဆံသူတွေကို သေဒဏ်ပေးတာ၊ လွတ်လပ်စွာ Relationship ရှိတာကို ဖေါက်ပြန်တဲ့ မိန်းမဆိုပြီး ကျောက်တုံးကြီးတွေနဲ့ ၀ိုင်းထုတာ စတဲ့ အစ္စလမ်ကုရ်အာန်ကျမ်းအရ အကြီးအကျယ်ချိုးဖေါက်ခံနေရတာတွေကို ညီမလေးဝေနှင်း အနေနဲ့ ကမ္ဘာကြီးသိအောင် ကန့်ကွက်ပြောပြလိုက်စမ်းပါ။

ညီမလေး ဝေနှင်းကို အဓိက ပြောချင်တာကတော့
ညီမလေးဝေနှင်း ဟာ အင်္ဂလန်လို နိုင်ငံမှာ ၊ လူ့အခွင့်အရေး ၊ လွတ်လပ်ခွင့်ကို အကြီးအကျယ် ခံစားနေရချိန်မှာ
နိုင်ငံအသီးသီးမှာညီမလေး ဝေနှင်းတို့ အရွယ် မွတ်ဆလင်မိန်းကလေး သန်းပေါင်းများစွာဟာ အစ္စလမ်ကုရ်အာန်ကျမ်းအရ အမျိုးသမီးအခွင့်အရေးတွေ အကြီးအကျယ်ချိုးဖေါက်ခံနေရပါတယ်။

ညီမလေးဝေနှင်း ပညာသင်နေချိန်မှာ ဝေနှင်းတို့အရွယ် မွတ်ဆလင်မိန်းကလေး သန်းပေါင်းများစွာဟာ အစ္စလမ်ကုရ်အာန်ကျမ်းအရ ပညာသင်ခွင့်မရပဲ ၊ အိမ်တွင်းပုန်းနေရပါတယ် ၊ ပညာသင်လို့ အသတ်ခံနေရပါတယ်။ မျက်နှာကို အက်ဆစ်နဲ့ အပက်ခံရပါတယ်။
သူတို့အတွက် ညီမလေးဝေနှင်း အနေနဲ့ ကမ္ဘာကြီးသိအောင် ကန့်ကွက်ပြောပြလိုက်စမ်းပါ။

ညီမလေးဝေနှင်း Hijab မွတ်ဆလင်ခေါင်းမြီးခြုံမပါပဲ ဖလန်း၊ ဖလန်းနဲ့ ပျော်ပါးလျှောက်သွားနေချိန်မှာ ဝေနှင်းတို့အရွယ် မွတ်ဆလင်မိန်းကလေး သန်းပေါင်းများစွာဟာ အစ္စလမ်ကုရ်အာန်ကျမ်းအရ မွတ်ဆလင်ခေါင်းမြီးခြုံမပါပဲ အပြင်သွားမိရင် မုဒိန်းကျင့်ခံရပါတယ်။ ပါးရိုက်ခံရပါတယ်။ အသတ်ခံနေကြရပါတယ်။
သူတို့အတွက် ညီမလေးဝေနှင်း အနေနဲ့ ကမ္ဘာကြီးသိအောင် ကန့်ကွက်ပြောပြလိုက်စမ်းပါ။

ညီမလေးဝေနှင်း လွတ်လပ်ပျော်ရွှင်နေတဲ့အချိန်မှာ ဝေနှင်းတို့အရွယ် မွတ်ဆလင်မိန်းကလေး သန်းပေါင်းများစွာနဲ့ အရွယ်မရောက်သေးတဲ့ ဥာဏ်ပညာမဖွံ့ဖြိုးသေးတဲ့ ဘာမှ နားမလည်သေးတဲ့ ၁၁ နှစ် ၁၂ နှစ် မွတ်ဆလင်ကလေးသူငယ်မိန်းကလေးတွေကို သူတို့ အဖေလောက်ရှိတဲ့ မွတ်ဆလင်အဖိုးကြီးက အသက်၁၈နှစ်မပြည့်သေးပဲ အတင်းအကြပ် sexual abuse လုပ်ပြီး၊ လင်တစ်ယောက်ကို မိန်းကလေး ၄ယောက် မျှဝေပြီး အစ္စလမ်ကုရ်အာန်ကျမ်းအရ အတူတူနေနေရပါတယ်။ ဘ၀တစ်ဆုံးသေသည့်တိုင်အောင်ပါပဲ။
သူတို့အတွက် ညီမလေးဝေနှင်း အနေနဲ့ ကမ္ဘာကြီးသိအောင် ကန့်ကွက်ပြောပြလိုက်စမ်းပါ။

လူမျိုးတုန်းသတ်ဖြတ်မှုတွေ အကြောင်းဝေနှင်းပြောချင်ရင် ကက်ရှ်မီးရားမှာ ဟိန္ဒူဘာသာဝင်တွေကို မွတ်ဆလင်တွေက လူမျိုးတုန်းသတ်တာ
ခရစ်ယာန် အာမေးနီးယားလူမျိုးတွေကို မွတ်ဆလင်တွေက လူမျိုးတုန်းသတ်တာ
ဘင်္ဂလားဒေရှ့်မှာ ဟိန္ဒူ ၊ ဗုဒ္ဓဘာသာဝင်တွေကို မွတ်ဆလင်တွေက လူမျိုးတုန်းသတ်တာ
ထိုင်းတောင်ပိုင်းမှာ ဗုဒ္ဓဘာသာဝင်တွေကို မွတ်ဆလင်တွေက လူမျိုးတုန်းသတ်တာ
ဖိလစ်ပိုင်မှာ ခရစ်ယာန် ဖိလစ်ပင်းတွေကို မွတ်ဆလင်တွေက လူမျိုးတုန်းသတ်တာ
ညီမလေးဝေနှင်း အနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ အကြောင်းဝေနှင်းပြောချင်ရင် ဒါတွေကို ကမ္ဘာကြီးသိအောင် ကန့်ကွက်ပြောပြလိုက်စမ်းပါ။

လူသားတိုင်းသာတူညီမျှ အတူတကွ ယှဉ်တွဲနေထိုင်ကြမယ်ဆိုရင် တစ်ကမ္ဘာ လုံးမှာ မွတ်ဆလင်လူဖေါက်ဗလီဆောက် လုပ်ပြီး အစ္စလမ်ကုရ်အာန်ကျမ်းအရ တစ်ကမ္ဘာလုံးကို မွတ်ဆလင်ကမ္ဘာ မလုပ်သင့်ဘူးဆိုတဲ့အကြောင်း ဒါတွေကို ညီမလေးဝေနှင်းအနေနဲ့ကမ္ဘာကြီးသိအောင် ကန့်ကွက်ပြောပြလိုက်စမ်းပါ။

အစ္စလမ်ကုရ်အာန်ကျမ်းညွှန်ကြားချက်အရ နိုင်ငံအသီးသီးမှာ ဗလီတွေ ထောင်နဲ့ချီပြီလိုက်ဆောက်နေကြတာတွေဟာ ( ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ဘယ်လိုမှ မလုပ်သင့်၊ မလုပ်အပ်တဲ့ အရာတွေကို ) မလုပ်သင့်ပါဘူးလို့ ညီမလေးဝေနှင်းအနေနဲ့ကမ္ဘာကြီးသိအောင် ကန့်ကွက်ပြောပြလိုက်စမ်းပါ။

နိုင်ငံတိုင်းမှာ မွတ်ဆလင်လူဦးရေ အများစုဖြစ်အောင် မွတ်ဆလင်တွေ ခိုးသွင်း၊ ဗြောင်သွင်း၊ မွတ်ဆလင်လူဖေါက်လုပ်ပြီး အစ္စလမ်ကုရ်အာန်ကျမ်းအရ မွတ်ဆလင်လူဦးရေ အများစုဖြစ်အောင် နိုင်ငံတိုင်းမှာ မွတ်ဆလင်တွေ လုပ်နေကြတာတွေဟာ ( ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ဘယ်လိုမှ မလုပ်သင့်၊ မလုပ်အပ်တဲ့ အရာတွေကို ) မလုပ်သင့်ပါဘူးလို့ ညီမလေးဝေနှင်းအနေနဲ့ကမ္ဘာကြီးသိအောင် ကန့်ကွက်ပြောပြလိုက်စမ်းပါ။

(အင်တာနက်မှရသည့်စာ)
Tags: New Myanmar Foundation

နိုင်ငံအသီးသီးမှာညီမလေး ဝေနှင်းတို့ အရွယ် မွတ်ဆလင်မိန်းကလေး သန်းပေါင်းများစွာဟာ အစ္စလမ်ကုရ်အာန်ကျမ်းအရ အမျိုးသမီးအခွင့်အရေးတွေ အကြီးအကျယ်ချိုးဖေါက်ခံနေရပါတယ်

အမေ

Photo: အမေ့ရယ်...
သားလေ..ဒီလိုမျိုးပုံစံနဲ့ ကမ္ဘာ့အမေများကိုတွေ့လိုက်တိုင်း သားရင်မှာ ကြေကွဲအာင် နာကြင်ခံစားရပါတယ်။
အမေ..သားငယ်ငယ်က အမြဲတမ်းပြောပြောနေတဲ့..
မိခင်တစ်ယောက်က သားသမီးဆယ်ယောက်ကို ကျွေးမွေးစောင့်ရှောက်နိုင်ပေမဲ့..
သားသမီးဆယ်ယောက် မိခင်တစ်ယောက် ပြန်မစောင့်ရှောက်နိုင်ဘူးဆိုတာလေ...
သိပ်မှန်တာပဲ..အမေရယ်။
ခုနေ..အမေများရှိနေသေးရင်..
ငါ့သား..ဟိုမှာမြင်နေရတဲ့ အဖွားကို သွားတွဲလို့ အိမ်ဦးခန်းမှာ လိုအပ်တာလေးပြုစုပေးရအောင်လို့...သားကိုခိုင်းမှာ အသေချာပဲ...အမေ။
အခု..အမေမရှိတော့ပဲ အမေပေးခဲ့တဲ့ မေတ္တာကရုဏာတွေနဲ့ပဲ သားတတ်စွမ်းသမျှ ကမ္ဘာ့အမေများကို စောင့်ရှောက်နေပါတယ်....အမေ။
အမေ..ရောက်ရာဌာနေကနေ...သာဓုခေါ်နိုင်ပါစေလို့..
အမေ့ကိုချစ်တဲ့ အမေ့သား...မောင်မေတ္တာ။
အမေ့ရယ်...

အိမ်ပြန်လမ်းနဲ့ အမေ့ရင်ခွင်!

Photo: အိမ်ပြန်လမ်းနဲ့ အမေ့ရင်ခွင်!
အမေ...အမေ့ရင်ခွင်ကနေ သားခွဲထွက်ခဲ့တာ အမေ့ကို မချစ်လို့မဟုတ်ပါဘူး။
အမေ့ရင်ခွင်မှာ မပျော်လို့လဲ မဟုတ်ပါဘူး။
အမေ့ရင်ခွင်က မနွေးထွေး-မအေးချမ်းလို့လဲ မဟုတ်ပါဘူး။
အမေ့ရင်ခွင်မှာ မနေချင်လို့လဲ မဟုတ်ပါဘူး။
အမေ့ရင်ခွင်မှာ သားပျော်ခဲ့၊ နွေးထွေးခဲ့၊ အေးချမ်းခဲ့ပါတယ်။
အမေ့ရင်ခွင်မှာ ရတနာတွေများစွာလဲ ရှိခဲ့ပါတယ်။
အမေ့ရင်ခွင်က ဘ၀သင်င်္ခန်းစာတွေ လောကအကြောင်းတရားတွေကို သင်ယူလေ့လာရတာလဲ သားကျေနပ်လှပါတယ်..အမေ။
နောက်..အမေ့ရင်ခွင်နဲ့ သားမထိုက်တန်လို့လဲ မဟုတ်ပါဘူး။
အမေ့ရင်ခွင်နဲ့ထိုက်တန်တဲ့ အရည်အချင်းတွေလဲ သားမှာ အပြည့်အ၀ရှိပါတယ်။
အမေ့ရင်ခွင်မှာလဲ သားကာလများစွာ ခိုလှုံချင်တာပါ။
ဒါပေမဲ့....
အမေရယ်..သားအခွင့်မသာခဲ့ဘူးဆိုပါတော့။
ဒါပေမဲ့..သား အမေ့အတွက် များစွာလုပ်ပေးခဲ့ပါတယ်။
အမေ့ဂုဏ်အတွက် သားပေးဆပ်ခဲ့ပါတယ်။
အမေ့အနာဂတ်အတွက် သားကြိုးစားခဲ့ပါတယ်။
အမေ့ရင်ခွင်မှာ နေခွင့်မသာခဲ့ပေမဲ့..
သား..အမေ့ကျေးဇူး၊ အမေ့မေတ္တာတွေကို ဘယ်နေရာရောက်ရောက် မမေ့ခဲ့ပါဘူး။
သား..ရောက်လေရာ ရပ်ခြားမြေခြားတွေမှာ သားအတွက်တင် မဟုတ်ဘဲ အမေ့အတွက်ပါ..သားဦးစားပေးကြိုးစားခဲ့ပါတယ်။
သားအတွက်နဲ့ အမေမျက်နှာ မငယ်စေရဘူးဆိုပါတော့။
ရောက်လေရာနေရာမှာ အမေ့မျက်နှာတစ်တချက်မပျက်စေရပါဘူး။
အမေ့ဂုဏ် တစ်ချက်ကလေးမှ မထိခိုက်စေရပါဘူး။
အမေ့ မသိနိုင်ပေမဲ့..အမေ့သားတွေ သိပါတယ်..အမေ။
အမေ့ရင်ခွင်ကနေ ထွက်ခွါခဲ့ပြီဆိုကတဲ့က..
သားလောကဓံဒဏ်တွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာပါ..အမေ။
လောကကြီးနဲ့ လူသားတွေအကြောင်းကိုလဲ ပိုလေ့လာခွင့်ရခဲ့ပါတယ်..အမေ။
အမေ့ရင်ခွင်မှာတုန်းကတော့ အမေ့အကြောင်း အမေ့ဝန်းကျင်လောက်ပဲ သားလေ့လာခွင့်ရခဲ့တာပါ..အမေ။
အမေ့ရင်ခွင်အပြင်ဘက်ကိုရောက်ပြီဆိုတာနဲ့..
သားဘ၀က ပိုမိုခက်ထန်ကြမ်းတမ်းလာခဲ့ပါတယ်။
ပိုပြီးလဲ သားကြိုးစားလှော်ခတ်ခဲ့ရပါတယ်..အမေ။
အမေ့ရင်ခွင်မှာ အေးချမ်းသလောက်။
အပြင်ကမ္ဘာမှာက သိပ်ကို ပူပြင်းလှပါတယ်..အမေ။
တကယ်တော့..အမေရယ်..
သားဘ၀က အမေ့ရင်ခွင်မှာတုန်းကတော့ ကလေးအထာပေါ့။
အပြင်ဘက်ကမ္ဘာကိုလဲ ရောက်ရော သားက လူကြီးဖြစ်သွားတယ်လေ။
သားရောက်နေတဲ့ ၀န်းကျင်က သားကိုလူကြီးလို့သတ်မှတ်လိုက်လို့သာ သားလူကြီးတာဝန်တွေ လုပ်နေရတာ..တကယ်တော့ မလွယ်ဘူးဗျာ့။
သားဝန်းကျင်က လူတွေက သားကိုလူကြီးနေရာထားတော့ သားလဲ အမေ့ဂုဏ်ကိုကြည့်ပြီး တာဝန်တွေကျေပွန်အောင် တတ်စွမ်းသမျှ ထမ်းဆောင်ပေးခဲ့ပါတယ်။
အမေ့အတွက် သား တောင်တန်းဒေသမှာရော၊ သားရဲ့ငယ်ဇာတိမှာရော၊ နောက်ပြည်ပမှာရော သားအားအင်အပြည့်နဲ့ကြိုးစားခဲ့ပါတယ်...အမေ။
အခု...အမေ့ရင်ခွင်ကနေ ထွက်ခဲ့တဲ့ သုံးနှစ်တာမြောက်ခရီးမှာ ခဏတာအမေ့နားကို ပြန်ကပ်ရင်း
အမေ့ရင်ခွင်ဆီကို ခဏတာ ပြန်လာခဲ့ပြီဆိုပါတော့..အမေ။
အမေ့သားတွေက သားကိုလာကြိုမှာ မဟုတ်ပေမဲ့..
သားကတော့ အမေ့ရင်ခွင်ကို ၀င်ဖြစ်အုံးမှာ အမေ။
(မိခင်နပသတက္ကသီလာကို ရည်ရွယ်ပါသည်)
တက္ကသီလာ ဘီအေ-အမ်အေသားကောင်းရတနာများ မိခင်နပသကျေးဇူးကို ဆပ်နိုင်ပါစေလို့...
အမေ့မေတ္တာရှင်..ခေတ္တ-သီဟိုဠ်..
အိမ်ပြန်လမ်းနဲ့ အမေ့ရင်ခွင်! အမေ...အမေ့ရင်ခွင်ကနေ သားခွဲထွက်ခဲ့တာ အမေ့ကို မချစ်လို့မဟုတ်ပါဘူး။ အမေ့ရင်ခွင်မှာ မပျော်လို့လဲ မဟုတ်ပါဘူး။ အမေ့ရင်ခွင်က မနွေးထွေး-မအေးချမ်းလို့လဲ မဟုတ်ပါဘူး။ အမေ့ရင်ခွင်မှာ မနေချင်လို့လဲ မဟုတ်ပါဘူး။ အမေ့ရင်ခွင်မှာ သားပျော်ခဲ့၊ နွေးထွေးခဲ့၊ အေးချမ်းခဲ့ပါတယ်။ အမေ့ရင်ခွင်မှာ ရတနာတွေများစွာလဲ ရှိခဲ့ပါတယ်။ အမေ့ရင်ခွင်က ဘ၀သင်င်္ခန်းစာတွေ လောကအကြောင်းတရားတွေကို သင်ယူလေ့လာရတာလဲ သားကျေနပ်လှပါတယ်..အမေ။ နောက်..အမေ့ရင်ခွင်နဲ့ သားမထိုက်တန်လို့လဲ မဟုတ်ပါဘူး။ အမေ့ရင်ခွင်နဲ့ထိုက်တန်တဲ့ အရည်အချင်းတွေလဲ သားမှာ အပြည့်အ၀ရှိပါတယ်။ အမေ့ရင်ခွင်မှာလဲ သားကာလများစွာ ခိုလှုံချင်တာပါ။ ဒါပေမဲ့.... အမေရယ်..သားအခွင့်မသာခဲ့ဘူးဆိုပါတော့။ ဒါပေမဲ့..သား အမေ့အတွက် များစွာလုပ်ပေးခဲ့ပါတယ်။ အမေ့ဂုဏ်အတွက် သားပေးဆပ်ခဲ့ပါတယ်။ အမေ့အနာဂတ်အတွက် သားကြိုးစားခဲ့ပါတယ်။ အမေ့ရင်ခွင်မှာ နေခွင့်မသာခဲ့ပေမဲ့.. သား..အမေ့ကျေးဇူး၊ အမေ့မေတ္တာတွေကို ဘယ်နေရာရောက်ရောက် မမေ့ခဲ့ပါဘူး။ သား..ရောက်လေရာ ရပ်ခြားမြေခြားတွေမှာ သားအတွက်တင် မဟုတ်ဘဲ အမေ့အတွက်ပါ..သားဦးစားပေးကြိုးစားခဲ့ပါတယ်။ သားအတွက်နဲ့ အမေမျက်နှာ မငယ်စေရဘူးဆိုပါတော့။ ရောက်လေရာနေရာမှာ အမေ့မျက်နှာတစ်တချက်မပျက်စေရပါဘူး။ အမေ့ဂုဏ် တစ်ချက်ကလေးမှ မထိခိုက်စေရပါဘူး။ အမေ့ မသိနိုင်ပေမဲ့..အမေ့သားတွေ သိပါတယ်..အမေ။ အမေ့ရင်ခွင်ကနေ ထွက်ခွါခဲ့ပြီဆိုကတဲ့က.. သားလောကဓံဒဏ်တွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာပါ..အမေ။ လောကကြီးနဲ့ လူသားတွေအကြောင်းကိုလဲ ပိုလေ့လာခွင့်ရခဲ့ပါတယ်..အမေ။ အမေ့ရင်ခွင်မှာတုန်းကတော့ အမေ့အကြောင်း အမေ့ဝန်းကျင်လောက်ပဲ သားလေ့လာခွင့်ရခဲ့တာပါ..အမေ။ အမေ့ရင်ခွင်အပြင်ဘက်ကိုရောက်ပြီဆိုတာနဲ့.. သားဘ၀က ပိုမိုခက်ထန်ကြမ်းတမ်းလာခဲ့ပါတယ်။ ပိုပြီးလဲ သားကြိုးစားလှော်ခတ်ခဲ့ရပါတယ်..အမေ။ အမေ့ရင်ခွင်မှာ အေးချမ်းသလောက်။ အပြင်ကမ္ဘာမှာက သိပ်ကို ပူပြင်းလှပါတယ်..အမေ။ တကယ်တော့..အမေရယ်.. သားဘ၀က အမေ့ရင်ခွင်မှာတုန်းကတော့ ကလေးအထာပေါ့။ အပြင်ဘက်ကမ္ဘာကိုလဲ ရောက်ရော သားက လူကြီးဖြစ်သွားတယ်လေ။ သားရောက်နေတဲ့ ၀န်းကျင်က သားကိုလူကြီးလို့သတ်မှတ်လိုက်လို့သာ သားလူကြီးတာဝန်တွေ လုပ်နေရတာ..တကယ်တော့ မလွယ်ဘူးဗျာ့။ သားဝန်းကျင်က လူတွေက သားကိုလူကြီးနေရာထားတော့ သားလဲ အမေ့ဂုဏ်ကိုကြည့်ပြီး တာဝန်တွေကျေပွန်အောင် တတ်စွမ်းသမျှ ထမ်းဆောင်ပေးခဲ့ပါတယ်။ အမေ့အတွက် သား တောင်တန်းဒေသမှာရော၊ သားရဲ့ငယ်ဇာတိမှာရော၊ နောက်ပြည်ပမှာရော သားအားအင်အပြည့်နဲ့ကြိုးစားခဲ့ပါတယ်...အမေ။ အခု...အမေ့ရင်ခွင်ကနေ ထွက်ခဲ့တဲ့ သုံးနှစ်တာမြောက်ခရီးမှာ ခဏတာအမေ့နားကို ပြန်ကပ်ရင်း အမေ့ရင်ခွင်ဆီကို ခဏတာ ပြန်လာခဲ့ပြီဆိုပါတော့..အမေ။ အမေ့သားတွေက သားကိုလာကြိုမှာ မဟုတ်ပေမဲ့.. သားကတော့ အမေ့ရင်ခွင်ကို ၀င်ဖြစ်အုံးမှာ အမေ။ (မိခင်နပသတက္ကသီလာကို ရည်ရွယ်ပါသည်) တက္ကသီလာ ဘီအေ-အမ်အေသားကောင်းရတနာများ မိခင်နပသကျေးဇူးကို ဆပ်နိုင်ပါစေလို့... အမေ့မေတ္တာရှင်..ခေတ္တ-သီဟိုဠ်..

အမေ...အမေ့ရင်ခွင်ကနေ သားခွဲထွက်ခဲ့တာ အမေ့ကို မချစ်လို့မဟုတ်ပါဘူး။
အမေ့ရင်ခွင်မှာ မပျော်လို့လဲ မဟုတ်ပါဘူး။
အမေ့ရင်ခွင်က မနွေးထွေး-မအေးချမ်းလို့လဲ မဟုတ်ပါဘူး။
အမေ့ရင်ခွင်မှာ မနေချင်လို့လဲ မဟုတ်ပါဘူး။
အမေ့ရင်ခွင်မှာ သားပျော်ခဲ့၊ နွေးထွေးခဲ့၊ အေးချမ်းခဲ့ပါတယ်။
အမေ့ရင်ခွင်မှာ ရတနာတွေများစွာလဲ ရှိခဲ့ပါတယ်။
အမေ့ရင်ခွင်က ဘ၀သင်င်္ခန်းစာတွေ လောကအကြောင်းတရားတွေကို သင်ယူလေ့လာရတာလဲ သားကျေနပ်လှပါတယ်..အမေ။
နောက်..အမေ့ရင်ခွင်နဲ့ သားမထိုက်တန်လို့လဲ မဟုတ်ပါဘူး။
အမေ့ရင်ခွင်နဲ့ထိုက်တန်တဲ့ အရည်အချင်းတွေလဲ သားမှာ အပြည့်အ၀ရှိပါတယ်။
အမေ့ရင်ခွင်မှာလဲ သားကာလများစွာ ခိုလှုံချင်တာပါ။
ဒါပေမဲ့....
အမေရယ်..သားအခွင့်မသာခဲ့ဘူးဆိုပါတော့။
ဒါပေမဲ့..သား အမေ့အတွက် များစွာလုပ်ပေးခဲ့ပါတယ်။
အမေ့ဂုဏ်အတွက် သားပေးဆပ်ခဲ့ပါတယ်။
အမေ့အနာဂတ်အတွက် သားကြိုးစားခဲ့ပါတယ်။
အမေ့ရင်ခွင်မှာ နေခွင့်မသာခဲ့ပေမဲ့..
သား..အမေ့ကျေးဇူး၊ အမေ့မေတ္တာတွေကို ဘယ်နေရာရောက်ရောက် မမေ့ခဲ့ပါဘူး။
သား..ရောက်လေရာ ရပ်ခြားမြေခြားတွေမှာ သားအတွက်တင် မဟုတ်ဘဲ အမေ့အတွက်ပါ..သားဦးစားပေးကြိုးစားခဲ့ပါတယ်။
သားအတွက်နဲ့ အမေမျက်နှာ မငယ်စေရဘူးဆိုပါတော့။
ရောက်လေရာနေရာမှာ အမေ့မျက်နှာတစ်တချက်မပျက်စေရပါဘူး။
အမေ့ဂုဏ် တစ်ချက်ကလေးမှ မထိခိုက်စေရပါဘူး။
အမေ့ မသိနိုင်ပေမဲ့..အမေ့သားတွေ သိပါတယ်..အမေ။
အမေ့ရင်ခွင်ကနေ ထွက်ခွါခဲ့ပြီဆိုကတဲ့က..
သားလောကဓံဒဏ်တွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာပါ..အမေ။
လောကကြီးနဲ့ လူသားတွေအကြောင်းကိုလဲ ပိုလေ့လာခွင့်ရခဲ့ပါတယ်..အမေ။
အမေ့ရင်ခွင်မှာတုန်းကတော့ အမေ့အကြောင်း အမေ့ဝန်းကျင်လောက်ပဲ သားလေ့လာခွင့်ရခဲ့တာပါ..အမေ။
အမေ့ရင်ခွင်အပြင်ဘက်ကိုရောက်ပြီဆိုတာနဲ့..
သားဘ၀က ပိုမိုခက်ထန်ကြမ်းတမ်းလာခဲ့ပါတယ်။
ပိုပြီးလဲ သားကြိုးစားလှော်ခတ်ခဲ့ရပါတယ်..အမေ။
အမေ့ရင်ခွင်မှာ အေးချမ်းသလောက်။
အပြင်ကမ္ဘာမှာက သိပ်ကို ပူပြင်းလှပါတယ်..အမေ။
တကယ်တော့..အမေရယ်..
သားဘ၀က အမေ့ရင်ခွင်မှာတုန်းကတော့ ကလေးအထာပေါ့။
အပြင်ဘက်ကမ္ဘာကိုလဲ ရောက်ရော သားက လူကြီးဖြစ်သွားတယ်လေ။
သားရောက်နေတဲ့ ၀န်းကျင်က သားကိုလူကြီးလို့သတ်မှတ်လိုက်လို့သာ သားလူကြီးတာဝန်တွေ လုပ်နေရတာ..တကယ်တော့ မလွယ်ဘူးဗျာ့။
သားဝန်းကျင်က လူတွေက သားကိုလူကြီးနေရာထားတော့ သားလဲ အမေ့ဂုဏ်ကိုကြည့်ပြီး တာဝန်တွေကျေပွန်အောင် တတ်စွမ်းသမျှ ထမ်းဆောင်ပေးခဲ့ပါတယ်။
အမေ့အတွက် သား တောင်တန်းဒေသမှာရော၊ သားရဲ့ငယ်ဇာတိမှာရော၊ နောက်ပြည်ပမှာရော သားအားအင်အပြည့်နဲ့ကြိုးစားခဲ့ပါတယ်...အမေ။
အခု...အမေ့ရင်ခွင်ကနေ ထွက်ခဲ့တဲ့ သုံးနှစ်တာမြောက်ခရီးမှာ ခဏတာအမေ့နားကို ပြန်ကပ်ရင်း
အမေ့ရင်ခွင်ဆီကို ခဏတာ ပြန်လာခဲ့ပြီဆိုပါတော့..အမေ။
အမေ့သားတွေက သားကိုလာကြိုမှာ မဟုတ်ပေမဲ့..
သားကတော့ အမေ့ရင်ခွင်ကို ၀င်ဖြစ်အုံးမှာ အမေ။
(မိခင်နပသတက္ကသီလာကို ရည်ရွယ်ပါသည်)
တက္ကသီလာ ဘီအေ-အမ်အေသားကောင်းရတနာများ မိခင်နပသကျေးဇူးကို ဆပ်နိုင်ပါစေလို့...
အမေ့မေတ္တာရှင်..ခေတ္တ-သီဟိုဠ်..

Friday, February 22, 2013

အရှင်နှင့် ဒါနပါရမီ

  ဒါနပါရမီ-ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း ကောင်းမှုကုသိုလ်အကျင့်လေးကို
အရှင်အနေနဲ့ က-ခ-ဂ မြန်မာ့အက္ခရာစာကိုမျှ မဖတ်တတ်ခင်၊ မိမိနာမည်ကိုမျှ မရေး တတ်ခင်၊ စာလေးတစ်ကြောင်းကိုမျှ မရေးတတ်ခင်ကတဲ့က အလေ့အကျင့်ဖြစ် နေခဲ့တာပါ။ ပြောရမယ်ဆိုရင်တော့ ပေတေတေကလေးလေး ဘ၀ကတဲ့ကဆိုပါတော့။ မိဘကသင်ပေလို့လဲ မဟုတ်ပါဘူး။ စာပေတွေဖတ်ရလို့လဲ မဟုတ်ပါဘူး။ ဆရာတော် သံဃာတော်တွေ ဟောကြားထားတဲ့ မြတ်ဗုဒ္ဓဓမ္မတွေကို နာကြားရလို့လဲ မဟုတ်ပါဘူး။ မွေးရာပါဗီဇအကျင့်တစ်ခုသာပါ။
        ဘာဖြစ်လို့လဲဆိုတော့ အရှင်ရဲ့ ငယ်ဘ၀က သူများတွေဘ၀တွေနဲ့ အတော်လေး ကိုကွာခြားခဲ့ပါတယ်။ လူလားမြောက်လို့ ကိုးနှစ်သားအရွယ်ထိ စာပေကိုသင်ကြားခွင့် မရခဲ့ပါဘူး။ ကျောင်းနေခွင့်မရခဲ့ပါဘူး။ တရားနာခွင့်ဆိုတာပိုဝေးပေါ့။ ၇-၈-၉ နှစ်သား အရွယ်တွေမှာတော့ အရှင်ဟာ မနက်မိုးချုပ် နွားတစ်အုပ်နဲ့ တောင်ယာလယ်ကွင်းမှာပဲ အချိန်ကုန်လွန်ခဲ့ရတာပါ။ ဒီတော့ ကျောင်းစိမ်းဝတ်စုံကိုဝတ် လွယ်အိတ်လွယ်ခွင့်တွေ။ ရွာဦးကျောင်းကဆရာတော်ထံမှာ ဘာသာရေးစာပေသင်ကြားခွင့်တွေ၊ မြင့်မြတ်တဲ့ နေ့ရက်ဥပုသ်ကာလတွေမှာ သီလယူဥပုသ်စောင့်ခွင့်တွေ၊ မြတ်ဓမ္မတွေကို နာကြား ခွင့်တွေ၊ အမေ-အဖေတွေရဲ့ ဆုံးမစကားတွေကို နားထောင်ခွင့်တွေကို မရခဲ့ဘူးဆိုပါ တော့။
        ဒီတော့…ဒါနဆိုတဲ့အဓိပ္ပါယ်တွေ၊ လှူဒါန်းခြင်းရဲ့အကျိုးတွေ၊ စွန့်ကြဲပေး ကမ်းခြင်းရဲ့ အနှစ်သာရတွေ ဘာဆိုဘာကိုမှ နားမလည်ခဲ့ပါဘူး။ ဒီအသက်ရွယ်မှာ ဒါတွေကို နားလည်ဖို့ဆိုတာ အသာထား ကိုယ့်နာမည်လေးကိုတောင် မရေးတတ် မဖတ်တတ်ခဲ့တာပါ။ ဒါဆို..ဘယ်လိုလုပ်ပြီး ဒါနပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း အကျင့်ကို ဘာမှနာမလည်ဘဲ စာမတတ်ဘဲ ကလေးဘ၀မှာ ရရှိခဲ့တာလဲလို့ မေးစရာရှိပါတယ်။ အဖြေကတော့ ရိုးရှင်းလှပါတယ်။ မွေးရာပါဗီဇ ကြောင့်သာ ဖြစ်ပါတယ်။
        ကဲ- ဒါနပါရမီကို မွေးရာပါဗီဇကြောင့် ဘာမှနားမလည်တဲ့ ကလေးဘ၀ကတဲ့က ပါခဲ့ရှိခဲ့ ပြုလုပ်ခဲ့တာတော့ ဟုတ်ပါပြီ။ ဘယ်ကမှ ၀င်ငွေမရှိဘဲ အခကြေးငွေမရဘဲ ဘယ်လိုလုပ်ပြီး ဒါနပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း ကောင်းမှုကုသိုလ်ကို ပြုလုပ်နိုင် ခဲ့တာလဲလို့ မေးစရာရှိလာပါတယ်။ ဒီအဖြေကလဲ ရှင်းရှင်းလေးလေးပါပဲ။ တကယ် တော့ ဒါန-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်းဆိုတာ ၀င်ငွေရှိမှ အခကြေးငွေရမှ ပြုလုပ်နိုင်တဲ့ အကျင့်ပါရမီတော့ မဟုတ်ပါဘူး။ ၀င်ငွေမရှိ အခကြေးငွေမရှိလဲ ဖြည့်ကျင့်နိုင်တဲ့ အကျင့်ပါရမီတစ်ခုပါ။ ငွေကြေးမကုန်ဘဲ ဖြည့်ကျင့်လို့ရတဲ့ နည်းလမ်းတွေများစွာ ရှိနေပါတယ်။ အားလုံးလဲ သိပြီးဖြစ်မှာပါ။ အရှင်ကတော့ ဘာဝင်ငွေ အခကြေးငွေမှ မရှိတဲ့ ကလေးဘ၀ကစပြီး ယနေ့အချိန်ထိ ဒါနပါရမီဆိုတဲ့ ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း ကောင်းမှုကုသိုလ်လေးကို ဒီလိုဖြည့်ကျင့်ခဲ့ပါတယ်။
        ကလေးဘ၀ ငယ်ရွယ်စဉ်တုန်းကတော့ အရှင်ဟာ ညီငယ်ညီမငယ်လေးများကို မွေးမေမေ အိမ်မှာမရှိခိုက် ထိမ်းရပါတယ်။ အငိုတိတ်အောင်ချော့ရပါတယ်။ ဒီတုန်းက အမေက ကလေးတွေအတွက် အတိုင်းတာတစ်ခုအနေနဲ့ ထမင်းဟင်းနဲ့ မုန့်ပဲသရီစာကို ပေးခဲ့တာပါ။ အမေပေးခဲ့တဲ့ ထမင်းဟင်းနဲ့ မုန့်ပဲသရီစာကို မိမိမစားဘဲ ညီငယ်ညီမ ငယ်တွေကိုပဲ ကျွေးခဲ့ပေးခဲ့တာပါ။ တကယ်တော့ မိမိအတွက်ဝေစုကို မိမိမစားပဲ ညီငယ်ညီမငယ်လေးတွေကို ပေးခြင်း ကျွေးခြင်းကလဲ ဒါနပါရမီပင် မဟုတ်ပါလား။ ဒီအချိန်မှာ အရှင်ဟာ စာမဖတ်တတ်သလို ၀င်ငွေလဲ မရှိသေးပါဘူး။
        နောက်…မိမိ နွားကျောင်းသားလေးဘ၀ကဆိုပါတော့။ ကိုယ်ပိုင်အိမ်ကနွား ကျောင်းရတာတော့ မဟုတ်ပါဘူး။ သူများအိမ်ကနွားကို လခစားနဲ့ထိမ်းကျောင်းရတာ ပါ။ မှတ်မှတ်ရရ ဒီတုန်းက တစ်လကို မြန်မာကျပ်ငွေသုံးရာရပါတယ်။ ဒီနွားကျောင်း သားဘ၀မှာတော့ အရှင်ဟာ ၈-၉နှစ်သားအရွယ်သာရှိပါသေးတယ်။ စာသင်ခွင့် ကျောင်းနေခွင့်မရသေးပါဘူး။ နွားကျောင်းခ တစ်လကိုသုံးရာ ရတယ်ဆိုပေမဲ့။ မိမိမသုံး ရပါဘူး။ အိမ်ကစည်းပွားရေးကြပ်တည်းနေချိန်မို့ အမေက တစ်လမပြည့် သေးဘူးလခ ကြိုထုတ်လေ့ရှိပါတယ်။ တစ်ခါတစ်လေဆို သုံးလေးလစာ မွေးမေမေက ကြိုထုတ် လေ့ရှိပါတယ်။ ဒီတော့.. လခငွေကို မိမိမထိရမကိုင်ရပါဘူး။ ဒါပေမဲ့.. အရှင်ရဲ့ ဒါန ပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း အကျင့်လေးကတော့ မပျက်ခဲ့ပါဘူး။
        လခငွေကိုလဲ မရရှိ မသုံးရဘဲ ဘယ်လိုလုပ်ဒါနပါရမီ-ပေးကမ်းလှူဒါန်းခြင်း အကျင့်ကိုပြုလုပ်နိုင်သလဲဆိုရင်တော့… မိမိဟာ နေ့စဉ်မနက် ၈နာရီခွဲလောက်မှာ သခင်အိမ်ကနေ နွားအုပ်ကြီးကို မောင်းထုတ်ပြီး ကျယ်ပြန့်တဲ့စားကျက်မှာ ထိမ်း ကျောင်းပါတယ်။ ညနေ ၅နာရီကျော်မှ တောကနေအိမ်ခြံကို ပြန်သွင်းရပါတယ်။ မနက် ၈ခွဲမှာတောထဲကိုသွား ညနေ၅နာရီမှာ ပြန်သွင်းဆိုပေမဲ့ သူများတွေလို ၀တ္တရာကျေ နွားတွေကိုထိမ်းကျောင်းတာမျိုး မဟုတ်ခဲ့ပါဘူး။ တကယ်ကိုတိရစ္ဆာန်ဖြစ်တဲ့ နွားတွေကို သက်ရှိလူသားဖြစ်တဲ့ မိမိလိုပဲ တန်ဖိုးထား သနားစိတ်နဲ့ အစာပေါတဲ့နေရာ-လယ်ကွင်း၊ မြက်နုနုလေးတွေရှိတဲ့နေရာ-လယ်ကွင်းနဲ့ ကန်စင်းရိုးတွေ၊ အခင်းဘေးတွေမှာ ဂရုတ စိုက်နဲ့ ထိမ်းကျောင်းကျွေးမွေးခဲ့တာပါ။ ဒါတင်ဘယ်ကမလဲ… နေ့လည်တစ်ကြိမ်း ညနေတစ်ကြိမ် နွားတွေကို ရေပေါတဲ့ ချောင်းအင်းအိုင်တွေမှာ မောင်းပြီးရေ တိုက်ပေးပါတယ်။ တကယ်တော့..ဒါကလဲ ဒါနပါရမီ-အကျင့်ပဲ မဟုတ်ပါလား။ ဘယ်မှာ အခကြေးငွေရှိလို့လဲ မရှိပါဘူး။
        ဒီလိုမျိုး မိမိက နွားတွေကို သေချာဂရုစိုက်ပြီး ထိမ်းကျောင်းပေးတဲ့အတွက် နွားတွေဟာ အသားရေ၀ဖြိုးပြီး တသားမွေးတသွေးလှလာကြပါတယ်။ နွားကောင်ရေ တွေလဲ တိုးပွားလာပါတယ်။ ဒီတော့..အိမ်ရှင်တွေက မိမိကို ဘောက်ဆူးအဖြစ် အ၀တ်ပုဆိုးတွေ၊ အစားအစာတွေ၊ မုန့်ဖိုးပဲဖိုးအဖြစ်ငွေအသပြာလေးတွေကို ပေးလေ့ ရှိပါတယ်။ အိမ်ရှင်တွေက မိမိရဲ့တာဝန်ကျေမှု၊ စိတ်စေတနာမှန်မှုကိုအကြောင်းပြုပြီး ပေးလာတဲ့ ဒီအ၀တ်စား၊ အစားအစာ၊ ငွေအသပြာလေးတွေကို မိမိကမသုံးစွဲပဲ မိဘညီကိုယ်မောင်နှမတွေ သုံးဖို့စားဖို့ဝတ်ဖို့ ယူသွားလေ့ရှိပါတယ်။ ဒါလဲ ဒါနပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း မဟုတ်ပါလား။ လက်ထဲမှာ ငွေအသပြာမရှိပေမဲ့ ဒါနပါရမီ ဆိုတာ ယူတတ်ရင်ရပါတယ်။    
        နောက်…. မိမိအနေနဲ့ တောထဲလယ်ထဲမှာ တစ်နေကုန်နွားတွေနဲ့ အချိန် ကုန်လွန်ခဲ့ရတယ်ဆိုပေမဲ့လဲ အိမ်အတွက် လယ်တောထဲ ချောင်းထဲမြောင်းထဲမှာ သဘာဝအရအလိုလိုပေါက်နေတဲ့ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မန်းကျည်းရွက်စသည် ကိုလဲ အိမ်အတွက် ခူးသွားလေ့ရှိပါတယ်။ ဒါလဲ ဒါနပါရမီအကျင့်တစ်ခုပါပဲ။
        နောက်… ၁၀နှစ်သားအရွယ်မှာတော့ ရွာဦးကျောင်းက ဆရာတော်အထံမှာ ဘုန်းကြီးကျောင်းဖြစ်ခဲ့ပါတယ်။ အစမှာတော့ မနက်ပိုင်းနေ့လည်ပိုင်းစာသင်ပြီး အိမ်ပြန်အိပ်ရပါတယ်။ နောက်တော့လဲ ကျောင်းမှာအိပ်ကျောင်းမှာစားတဲ့ ညအိပ် ကျောင်းသားအဖြစ်နဲ့နေခဲ့ပါတယ်။ ညအိပ်ကျောင်းသားဖြစ်လာတဲ့အခါမှာတော့ မနက် စောစောထပြီး ဟင်းပေါင်းအိုးနွေးခြင်း၊ ရေနွေးအိုးတည်ခြင်း၊ ဆရာသမား ဘုန်းကြီးများ အတွက် မျက်နှာသစ်ရေခပ်ခြင်း၊ ရဟန်းသာမဏေများ သုံးစွဲဖို့ ဘုန်ဘိုင်တွင်းရေ နှိတ်ခြင်း၊ တံမြက်စည်းလည်း၊အမိုက်ကျုံး၊ သစ်ပင်ရေလောင်း၊ မြက်ထွင်၊ ဆွမ်းခွထွက်၊ မရှိဆင်းရဲသားတောင်းစားသူများကို ဝေငှ၊ ကြောင်ခွေးကျီးကန်းခိုများကိုအစာကျွေး စသည်များကိုလုပ်ရပါတယ်။ ဒါတွေကလဲ ဒါနပါရမီ-စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းပင် ဖြစ်ပါသည်။ ဒီဘုန်းကြီးကျောင်းသားဘ၀မှာလဲ အခကြေးငွေမရှိခဲ့ပါဘူး။ ငယ်စဉ် ကလေးဘ၀မှာတော့ အမေ့ကအရှင်အတွက် သီးသန့်မုန့်ဖိုးဆိုတာ ပေးရိုးထုံးစံ မရှိခဲ့ ပါဘူး။ သို့သော်လဲ အရှင်အနေနဲ့ မွေးရာပါဗီဇဖြစ်တဲ့ ဒါနပါရမီအကျင့်လေးကတော့ မရပ်တန့်ပဲ တည်မြဲခဲ့ပါတယ်။
        စဉ်းစားမိပါတယ်။ တကယ်လို့ ငွေရှိမှ ပစ္စည်းဥစ္စာရှိမှသာ ဒါနပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း အကျင့်မြတ်ကို ပြုလုပ်ရမယ်ဆိုရင်တော့ အရှင်လို ဆင်းရဲပြီး စာမတတ် ငွေကြေးမရှိတဲ့သူအတွက် ဘယ်မှာဒါနပါရမီကုသိုလ်အကျင့်ကို ပြုလုပ်နိုင်ပါ့မလဲလို့ပါ။ အရှင်အနေနဲ့ ဆင်းရဲပြီးမွဲတေနေသော်လည်း အသေးစာဒါန ပါရမီကုသိုလ်ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘ၀မျိုးစုံနဲ့ ပြုလုပ်ခဲ့ခြင်းပါ။ ကလေးထိမ်းဘ၀၊ နွားကျောင်းသားဘ၀၊ ဘုန်းကြီးကျောင်းသားဘ၀တွေပေါ့ဗျာ။
        နောက်… ဒီစိတ်ကောင်းစေတနာကောင်း ဒါနပါရမီကုသိုလ်လေးတွေကြောင့် ထင်ပါရဲ့ ၁၁နှစ်သားအရွယ်မှာတော့ ရှင်သာမဏေ၀တ်ခွင့် ကိုရင်ဖြစ်ခွင့်ရခဲ့ပါတယ်။ သူများတွေလို နွားယာဉ်ကြီးတွေစီး၊ မြင်းကြီးတွေစီး၊ ဆင်ကြီးတွေစီးလို့ ရှင်လောင်း လှည့်၊ ဘိသိတ်မြောက်ပြီး ဆိုင်းတွေဗုံတွေနဲ့ ကိုရင်ဖြစ်ခဲ့တာတော့ မဟုတ်ဘူးဗျာ့။ ရိုးရိုးလေး အမေနဲ့အဖေကို အသိပေးပြီး ကျောင်းမှာပဲ ဆံချသရဏဂုံတည်၊ အ၀ါရောင် ပိတ်သင်္ကန်းလေကို ဆင်မြန်းပြီး ရှင်သာမဏေကိုရင်လေးဖြစ်ခဲ့တာပါ။ မိဘတွေက ဆင်းရဲတော့ သူများတွေလို အလှူကြီးတွေပေးပြီးတော့ ရှင်သာမဏေဖြစ် ခဲ့တာတော့ မဟုတ်ဘူးပေါ့ဗျာ။ ဘယ်လိုပဲ ကိုရင်ဖြစ်ခဲ့ဖြစ်ခဲ့ ရှင်သာမဏေဖြစ်ခဲ့ဖြစ်ခဲ့ အဲ့ဒီ ကိုရင်လေးက အခုတော့ ပြည်တန်ပတ္တမြားကြီး မဟုတ်ပေမဲ့ စိန်ကောင်းတစ်ပွင့် ကျောက်ကောင်းတစ်ချပ်တော့ ဖြစ်နေပြီမဟုတ်ပါလား။ သာသနာအတွက်၊ ဘာသာ အတွက်၊ တိုင်းပြည်နဲ့လူမျိုးအတွက် သူရဲကောင်းကြီးတစ်ဦးမဟုတ်ပေမဲ့၊ တစ်ထောင့် တစ်နေရာကနေတော့ အကျိုးပြုနိုင်ပြီ မဟုတ်ပါလား။ တန်ဖိုးရှိနေပြီမဟုတ်ပါလား။
        ဒီနေရာလေးမှာ ပြောချင်တာက သားယောက်ျာလေးရလာရင် အလှူပေးပြီး မောင်ရှင်လောင်းပြုပေးရမှ၊ သားအရွယ်မရောက်-အိမ်ထောင်မပြုခင် အလှူ ပေးဖြစ်မှ တော်ကာကျမည်၊ နို့မဟုတ်ရင် ပတ်ဝန်းကျင်က ကဲ့ရဲ့လိမ့်မယ်ဆိုပြီး သူများ ဆီက ချေးငှါးပြီး မနိုင်တနိုင်အလှူပေးလေ့ရှိတဲ့  မြန်မာလူမျိုးတွေ အသိရ၊ သတိရ အမြင် မှန်ရစေချင်ပါတယ်။ အလှူကြီးပေးပြီး မောင်ရှင်လောင်းလုပ်ခွင့်ရမှသာ လူရာဝင်မည်၊ လူဖြစ်ရကျိုးနပ်မည်၊ မိသားစုဂုဏ်သိက္ခာတက်မည်ဆိုပါလျှင် အရှင်ဟာ အခုချိန်မှာ အမေ့မေတ္တာအရှင်, B.A. M.A ရယ်လို့ဖြစ်လာစရာဘယ်ရှိပါ့မလဲ။ စဉ်းသာစဉ်းစား ကြည့်ကြပေတော့..အမိမြန်မာတို့ရယ်။
        နောက်…အရှင်ဟာ ၁၁နှစ်သားအရွယ်မှာ ရှင်သာဏေဖြစ်ဖြစ်ခြင်း မန်းလေး ရွှေမြို့တော်ကြီးကို ပညာသင်ရောက်ရှိလာခဲ့ပါတယ်။ မန်းလေးရွှေမြို့တော်ကြီးမှာ မူငယ်လတ်ကြီး ဘာသာရေးစာမေးပွဲများကိုလေ့လာ သင်ကြားရင်း ကိုရင်ဘ၀တစ် လျှောက်လုံး ဘုံဆွမ်းလောင်းတိုးကာ ဆရာသမားများအား အရုဏ်ဆွမ်းကပ်လှူခြင်း ဆွမ်းအာဟာရဒါန၀တ်ကို မချွတ်ပြုခဲ့ပါတယ်။ နောက်..ရံဖန်ရံခါ ဂိလာနဘတ်ကိုလဲ ပြုလုပ်လေ့ရှိပါတယ်။ မိမိဘုဉ်းပြီးတိုင်း ဆင်းရဲသားများအားလဲ ပေးကမ်းစွန့်ကြဲလေ့ရှိ ပါတယ်။ မိဘများအားလဲ ဘုရားပွဲကထိန်ပွဲမှ ရလာသောမိမိလာဒ်လာဘများကို ခွဲခြမ်း၍ ထောက်ပံ့ပေးလေ့ရှိပါတယ်။ မန်းလေးရွှေမြို့တော်ကြီးဆိုတာ ဘုရားပွဲများ၊ ကထိန်ပွဲများပေါများသောဘာသာရေးမြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။ မန်းလေးမြို့သူ မြို့သားများဟာလည်း သဒ္ဓါတရားသိပ်ကောင်းပြီး သာသနာနဲ့သဃာကိုကြည်ညိုတတ် ထောက်ပံ့တတ်သော ဗုဒ္ဓဘာသာဝင်များလဲ ဖြစ်ပါတယ်။ နောက်.. ပဌာန်းသံ၊ ဓမ္မသံတွေ မဆဲသောမြို့ကြီးတစ်ခု၊ ဘာသာ သာသနာထွန်းကားသော မြို့ကြီးတစ်ခုလဲ ဖြစ်ပါတယ်။ ဒါတွေသည်လည်း ဒါနပါရမီအကျင့်ပင် မဟုတ်ပါလား။
        နောက်….အရှင်ဟာ ရဟန်းဘ၀မှာတော့ မန်းလေး ဗုဒ္ဓတက္ကသိုလ်- ဆူးခါးနဲ့ မန်းလေးနပသတက္ကသိုလ်ကြီးများမှာ တက္ကသိုလ်ပညာရပ်များကို ဆည်းပူးလေ့လာရင်း မရှိဆင်းရဲသားများအား ထောက်ပံ့ပေးကမ်းခြင်း၊ လူနာများအားသွေးလှူခြင်း၊ စောင့် ရှောက်ပေးခြင်းများကို ပြုလုပ်လေ့ရှိပါတယ်။ ဗုဒ္ဓတက္ကသိုလ်ကိုတက်စဉ် အရှင်ရဲ့ မိခင် ချမ်းသားကြီးကျောင်းတိုက်လေးမှာ မူငယ်လတ်ကြီးစာဝါများကိုပို့ချပေးခဲ့ပါတယ်။ မိခင် ကျောင်းတိုက်လေးမှာလဲ မနက်တိုင်းလိုလို စာချင်သူငယ်ချင်းများအား မန်းလေးထုံးစံ အတိုင်း လ္ဘက်ရည်နဲ့မုန့်အာဟာရကို ဒါနအဖြစ်ပြုလုပ်လေ့ရှိပါတယ်။ မိခင်နပသ တက္ကသိုလ်မှာတော့ ဒုတိယနှစ်မှစ၍ အင်္ဂလိပ်စာအခြေခံ ဂရမ္မာနဲ့ စကားပြော၊ ဓမ္မပဒ၊ What the Buddha taught စာအုပ်များကို ၀ါသနာပါသူများအား ပို့ချ ဖတ်ပြပေးခဲ့ပါတယ်။ အဆောင်ကသူငယ်ချင်းများကိုလဲ မနက်အရုဏ်ဆွမ်းအဖြင့် မြမြင့် မိုရ်မှာ ဒါနပြုလုပ်လေ့ရှိပါတယ်။ ဒီအလေ့အကျင့်များသည်လဲ ဒါနပါရမီကုသိုလ် ပင် ဖြစ်ပါသည်။
        နောက်…အရှင်ဟာ တက္ကသိုလ်မှာ လေးနှစ်တာပညာရပ်များကို သင်ကြားပြီး နာဂတောင်တန်းဒေသကို သာသနာပြု ၂ နှစ်သွားရောက်ခဲ့ပါတယ်။ ထို ၂နှစ်တာကာလ များမှာလဲ နာဂတိုင်းရင်းသားများအား ဘာသာရေးစာပေများသင်ကြားပေးခြင်း၊ အတန်း စာပေများသင်ကြားပေးခြင်း၊ ဘုရားကျောင်းကန်တံတားများ ဆောက်လုပ်ခြင်း၊ ဆွမ်းဆံစိမ်း လောင်းလှူပွဲများပြုလုပ်ပေးခြင်း၊ ကိုရင်သာမဏေများဝတ်ပေးခြင်း၊ ပဌာန်း ပွဲများ ကျင်းပပေးခြင်း၊ ဓမ္မစကြာသင်တန်းများပို့ချ၍ ဓမ္မစကြာအသင်းဖွဲ့ခြင်း၊ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်များပို့ချပေးခြင်း၊ အင်္ဂလိပ်စာ အခြေခံဂရမ္မာနဲ့ စကား ပြောသင်တန်းများ ပို့ချပေးခြင်း၊ ဆယ်ရက်စခန်းများ ပြုလုပ်ပေးခြင်း၊ တရားတော်များ ဟောကြားပေးခြင်း၊ သက်ကြီးပူ ဇော်ပွဲများ ပြုလုပ်ပေးခြင်း၊ ဆေးပဒေသာ ပင်များ ဆိုက်ထူခြင်း၊ ကျောင်းသားကျောင်း သူများအား ပညာသင်စ ရိတ်ထောက်ပံ့ ပေးခြင်း၊ တောင်ယာလုပ်ကိုင်စားသောက်သူ ရွာသားများအား အရင်းအနှီးဆိုက် ထုတ်ပေးခြင်း စသောသာသနာပြုလုပ်ငန်းများကို စေတနာ ၀ါသနာ အနွံနာဖြင့် ဆောက်ရွက် ပေးခဲ့ပါသည်။ ဒါသည်ပင်လည်း ဒါနပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း သည်ပင် ဖြစ်ပါ သည်။
        နောက်… သာသနတက္ကသီလဓမ္မာစရိယ,B.A Buddhism ဘွဲ့ကို ရယူပြီး သီဟိုဠ် ကို ပညာသင်ရောက်ရှိလာခဲ့ပါတယ်။ သီဟိုဠ်မှာ မာစတာတည်းဟူသော ဘွဲ့ဒီဂရီကို လေ့လာနေစဉ်မှာလဲ မိဘမဲ့ကျောင်းများအား သူငယ်ချင်းများနဲ့စုပေါင်း၍ ထောက်ပံ့ခြင်း၊ ဆန်းဒေးစကူးလ်ကျောင်းသားများအား ထောက်ပံ့ခြင်း၊ သူငယ်ချင်းများ စာပေမျှဝေခြင်း၊ ကျောင်းပြင်ခြင်း၊ အတူနေကျောင်းသားများအား ဆွမ်းဆံ၊ ဆီစသည်လှူဒါန်းခြင်း၊ အရုဏ်ဆွမ်း နေ့ဆွမ်းဆက်ကပ်ခြင်း စသောသာသနာပြု ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်ပါသည်။ ဒါသည်ပင် ဒါနပါရမီ-ပေးကမ်း စွန့်ကြဲလှူဒါန်းခြင်းသည် ဖြစ်ပါသည်။
        အရှင်သည် ဘယ်နေရာဘယ်ဒေသရောက်ရောက် ဒါနပါရမီကို ဖြည့်ကျင့်လေ့ ရှိပါသည်။ ရှိလို့လှူသည်လဲ မဟုတ်သလို နာမည်ရခြင်း ဂုဏ်လိုချင်လို့လဲ မဟုတ်ပါဘူး။ မွေးရာပါဗီဇနဲ့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမဓမ္မများက လမ်းညွန်ပေးနေသောကြောင့်သာ ဖြစ်ပါသည်။ ဟိုတစ်ချိန် ကလေးဘ၀စာမတတ်ခင် နွားကျောင်းသားဘ၀ သံဃေဒိန္နံ မဟပ္ဖလံဆိုတာလဲ နားမလည်၊ ဒါနံသဂ္ဂဿ သောပါဏံဆိုတာလဲ မသိ၊ ငွေးကြေး ဥစ္စာဆိုတာလဲ မရှိခဲ့ပေမဲ့၊ အခုတော့ မြတ်ဗုဒ္ဓ၏ ဒါနပါရမီကို ချီးမွှမ်းပုံကိုလဲ နားလည်ခဲ့ပါပြီ၊ ငါ့ဘုရားဟောတဲ့ ဒါနအကျိုးကိုနားလည်မယ်ဆိုရင် ပါးစပ်ဖြားက ထမင်းလုပ်တောင် စွန့်ကြဲပေးကမ်းလိမ့်မယ်ဆိုတဲ့ မြတ်ဗုဒ္ဓ၏ အဆုံးအမစကားတွေလဲ ခံစားတတ်ခဲ့ပါပြီ၊ ဒါနနည်းတော့ မွဲ၊ သီလနည်းတော့ ရောဂါကြွယ်၊ ဘာဝနာနည်းတော့ သံသရာလည်ဆိုတာကို သဘောပေါက်ခဲ့ပါပြီ၊ ရှေ့ဘ၀က ဒါနပါရမီနည်းခဲ့လို့ ဒီဘ၀မှာ ဆင်းဆင်းရဲရနေရတယ်ဆိုတာကိုလဲ လက်ခံခဲ့ပါပြီ။ ရှေ့ကကောင်းလို့ အခုကောင်း သည်၊ အခုကောင်း နောင်ကောင်းပါလိမ့်မည်။ ရှေ့ကမကောင်းလို့ အခုမကောင်းသည် အခုမကောင်း နောင်မကောင်းပါလိမ့်မည် ဆိုတာကိုလဲ တွေးတတ်ခဲ့ပါပြီ။ နောက်.. ဆိုးပင်ပျိုးက ဆိုးကျိုးရ၊ ကောင်းပင်ပျိုးက ကောင်းကျိုးရ လောကဓမ္မတာဆိုတာကိုလဲ ဖွင့်ဆိုတတ်ခဲ့ပါပြီ။
        ဒီတော့.. မရှိလို့မလှူ၊ မလှူလို့မရှိတဲ့။ လူ့ဘ၀ဆိုတာ တကယ်ကိုတိုတိုလေးပါ၊ ခဏတာပွက်တဲ့ ရေဗွက်ပမာ၊ ရွှံ့နဲ့လုပ်ထားတဲ့ အရုပ်ပမာ ကြေလွယ်ကွဲလွယ် ပျက်စီး လွယ်တတ်တယ်။ အသက်ဝိညာဉ်ကင်းတဲ့တစ်နေ့ ထင်းတုံးပမာ အသုံးမ၀င် တော့တဲ့ ဒီခန္ဓာကိုယ်ကြီး တွယ်တာတပ်မက်မနေဘဲ လူ့လောကအတွက် သာသနာအတွက် သံသရာအတွက် နာနာလေးခိုင်းပေးမှသာ တော်ကာကျမည်…..။
အားလုံးဒါန-သီလ-ဘာဝနာဖြင့် ပျော်မွေ့တတ်ပါစေ။
အမေ့မေတ္တာအရှင်…

ဇိတံမေ-နိဌိတံမေ

        ဇိတံမေ-အောင်ပြီ၊ နိဌိတံမေ-ပြီးဆုံးလေပြီလို့ ရှင်တော်မြတ်ဗုဒ္ဓဟာ တစ်ခုခုကို အောင်မြင်ပြီးသောအခါ၊ မာရ်နတ်စစ်သည်ကို အောင်မြင်ပြီးသောအခါ၊ ကိလေသာ တဏှာကို အပြီးသတ်ချေမှုန်းပြီးသောအခါ ဒီပါဠိစကားလေးကို ဥဒါန်းကျူးရင့်လေ့ ရှိပါ တယ်။
        အခုလဲ ဘာမှမဟုတ်တဲ့ အမေ့မေတ္တာအရှင်ကလဲ ဘာမှမဟုတ်တဲ့ ကိစ္စလေး တစ်ခုနဲ့ပက်သက်ပြီး ဇိတံမေ-အောင်ပြီ၊ နိဌိတံမေ-ပြီးဆုံးခြင်းသို့ရောက်ခဲ့ လေပြီလို့ ကြွေးကြော်ရမှာပါ။
        ဘာမှ မဟုတ်တဲ့ ကိစ္စလေးတစ်ခုဆိုတာတော့ ကျောင်းသားသစ်တွေအတွက် အိမ်ငှါးကိစ္စပါ။ ဘာမှမဟုတ်ဘူးလို့ သာပြောရတယ်။ လွယ်တော့ မလွယ်ဘူးဗျာ။ အိမ်တစ်လုံး၊ ကျောင်းတစ်ဆောင်ဆောက်တာ မဟုတ်ပေမဲ့ အိမ်တစ်လုံးရဖို့ ရှာရတာ တစ်ပတ်ကျော်လောက်ကို ကြာတယ်။ လူကသိပ်မပန်းပေမဲ့ ငွေကြေးတော့ အတော် ကုန်သားဗျာ့။
        ဒီနေ့တော့ အိမ်ငှါးကိစ္စအတွက် နိဌိတံ-ဇိတံလို့ပြောလို့ရပါပြီ။ ဒီနေ့ည ၇ နာရီ မှာပဲ ကျောင်းသားကိုးယောက်အတွက် တစ်နှစ်စာ တစ်လကို ရူပီးသုံးသောင်းကျပ်-တစ်နှစ်စာ ရူပီးသုံးသိန်းခြောက်သောင်းကျပ်တန် စာချုပ်ကို ရှေ့နေနဲ့ချုပ်ခဲ့ပြီး ပြီဆိုပါ တော့။ အိမ်ငှါးကိစ္စစာချုပ်လေးပြီးတော့ နားရပြီထင်နေတာ ဘယ်ဟုတ်မလဲ။ မနက်ဖန် အသုံးအဆောင်ပစ္စည်းလေးတွေအတွက် ဈေးတန်းတိုးရအုံးမယ်ဆိုပါလား။ ဘာပဲ ဖြစ်ဖြစ်ကူညီပေးရမှာပါ။ ကိုယ်က ဘာမှတော့ မဟုတ်ပေမဲ့ စီနီယာကျနေတာကိုး။ ကိုယ်ကလဲ အနာဂတ်မျိုးဆက်သစ်လေးတွေကို ကူညီပေးဖို့ အသင့်ပါ။ မတောက်တစ် ခေါက် အီးပညာလေးနဲ့ လိုက်ပြီး ဈေးစစ်ပေးရအုံးမယ်ဆိုပါတော့။
        တကယ်တော့ ဒီအိမ်ငှါးကိစ္စတာဝန်က အရှင်အိန္ဒိယကို ရောက်နေစဉ်မှာကတဲ့က ပုခုံးပေါ်ကိုရောက်နေတာပါ။ လူကအိန္ဒိယမှာရှိသေးတယ်။ သီရိလင်္ကာက အိမ်ငှါး ကိစ္စတာဝန်က စောင့်မျှော်နေလေရဲ့။ အသစ်ရောက်လာတဲ့ ကျောင်းသားတွေကလဲ ကိုယ်နဲ့ အတော်လေးကို ရင်းနီးနေတဲ့ သူတွေဆိုတော့ သူတို့ကလဲ ကိုယ်ကို အားကိုး ရှာတယ်လေ။ သူတို့မလာခင်ကတဲ့က မိမိကို လှမ်းပြီးကြိုပြောထားကြတာလေ။ နေစရာ ဘာဘာညာညာစသသည်ပေါ့။ အင်းကိုယ်ကလဲ စိတ်ချဖြစ်ချင်တာကို ဖြစ်စေရမယ်လို့ သာ ပြောလိုက်ရတယ်။ ကိုယ်မှာဖြင့် ကပ်ပြီး နေထိုင်နေတဲ့ ကုလားကျောင်း ဆောင် လေးကိုတောင် မြန်မာပြည်မပြန်ခင် ကိုယ့်ထက်ခက်ခဲနေတဲ့ သူငယ်ချင်းများကို ပေးထားရလေရဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ဖျိုသလစ်နေတတ်နေပြီလေ။
        ဒီတော့ မိမိကိုယ်က နေထိုင်ဖို့နေရာ ကြိုပြောထားတဲ့ သူငယ်ချင်းများက များနေ တော့ ရင်းတာဖျားတာမခွဲခြားတော့ပဲ ဦးသူစနစ်ဖြင့် မိမိစွမ်းနိုင်တဲ့ နေရာလေးတွေကို အရင်ရောက်လာသူ သူငယ်ချင်းများအား ပေးလိုက်ရတယ်လေ။ အများကြီးတော့ မဟုတ်ပါဘူး။ ကောလုနာဝနဲ့ ၀ဇိရလောက်ပါပဲ။
        ဒီတော့ နောက်ရောက်လာတဲ့ သူငယ်ချင်းများကိုတော့ အိမ်ငှါးပဲ စဉ်းစားရ တယ်လေ။ အိမ်ငှါးရတာ အခက်ကြီးတော့မဟုတ်ပေမဲ့၊ အိမ်ရှင်တွေက ဈေးကွက်ကို သိလာပြီး ဈေးတွေမတန်တဆတောင်းလာတော့ အရင်ကလိုငှါးရတာ မလွယ်တော့ ဘူး။ ကိုယ့်ဘက်က မျက်နှာတင်းလို့မရတော့ဘူးဆိုပါတော့။နောက်ဆို ဒီထက်ဈေး တွေကြီးလာမှာ အမှန်ပဲလေ။ အိမ်ရှင်တွေတောင်းတိုင်းသာ ကိုယ်တွေက လိုက်ပေး နေရမယ်ဆိုလဲ အခက်သား။ ကိုယ်တွေက အဝေးကနေ ပညာလာရှာတဲ့ ပညာ သင်ကျောင်းသားတွေလေ၊ စီးပွားရေး လုပ်ငန်းရှင်တွေမှ မဟုတ်တာ။ ဘယ်လွယ် ပါ့မလဲ။
        တကယ်တော့ ပညာသင်နှစ်သစ်ကိုရောက်တိုင်း ဒီပြဿနာကို တွေ့ကြုံခံစား ရတာ နှစ်စဉ်လိုပါပဲ။ မိမိအလင်္ကာကို စရောက်စဉ်ကလဲ ဒီအတိုင်းပါပဲ။ နေစရာပြဿနာ အခက်အခဲကို တွေ့ကြုံခဲ့ရပါတယ်။ ဒါကြောင့်လဲ မိမိအနေနဲ့ ဒီပြဿနာအခက်ခဲကို ဖြေရှင်းနိုင်မဲ့နည်းလမ်းကို အမြဲတမ်းစဉ်းစားခဲ့ပါတယ်။ ခဏတာ တစ်နှစ်တာ ဖြေရှင်း နည်း မဟုတ်ဘဲ။ နှစ်ရှည်ဖြေရှင်းနည်းဆိုပါတော့။ ဒါမှ..နောင်အနာဂတ် ကျောင်းသား သစ်တွေ ဒီဒုက္ခပြဿနာကို မခံစားရမှာမဟုတ်လား။
        ဖြေရှင်းနိုင်မဲ့နည်းလမ်း နှစ်ခုကိုစဉ်းစားမိ၊ တွေ့ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ အလ င်္ကာမှာ မြန်မာကျောင်းသားရဟန်းတော်များအတွက် နေထိုင်စရာ ၀ိဟာရအနေနဲ့ စိုးရိမ် ကြောင့်ကြမှုမရှိဘဲ ပညာသင်ယူနိုင်ဖို့အတွက် အလင်္ကာဘုန်းတော်ကြီး ကျောင်း ၀င်းများတွင်းမှာ ကျောင်းဆောင်သစ်များဆောက်လုပ်ခြင်း။ သို့မဟုတ် မိခင် မကုဋ ကျောင်းတိုက်တော်ကြီးမှာ ကျောင်းဆောင်သစ်များ တိုးချဲ့ဆောက်လုပ်ခြင်း ဆိုတဲ့ နည်းလမ်းနှစ်သွယ်ပါ။
        ဒီးနည်းလမ်းနှစ်ခုကို မိမိကသူငယ်ချင်းများကို ချပြသောအခါ သူတို့တစ်တွေက ကုလား ဘုန်းတော်ကြီးကျောင်းမြေဆိုတာ သိပ်တော့မလွယ်ဘူး။ ဆောက်ပြီးခါမှ စိတ်ပြောင်းလဲသွားရင် အခက်တွေ့မယ်။ ပြီးတော့ နှစ်ရှည်များစွာ အလင်္ကာ ဘုန်းကြီး များနဲ့ အဆင်ပြေအောင်နေဖို့ဆိုတာ သိပ်တော့မလွယ်ဘူးလို့ ပြောဆိုအကြံပြု လာကြ ပါတယ်။
        နောက်… သူတို့တစ်တွေက ဘာအကြံပြုလာလဲဆိုတော့ ကျောင်းဆောင် သစ် ဆောက်မယ်ဆို ဘာပဲဖြစ်ဖြစ် မိမိတို့မြန်မာဘုန်းကြီးတွေ ပိုင်ဆိုင်တဲ့မိခင် မကုဋ ကျောင်းတော်ကြီးအတွင်းမှာပဲ အသစ်ဆောက်လုပ်တာ ကောင်းပါတယ်။ မိခင်မြန်မာ ကျောင်းဆိုတော့ သူပိုင်ကိုယ်ပိုင်သတ်မှတ်ခွဲခြားမှု ပြဿနာတွေဖြစ်လာမှာ မဟုတ် တော့ဘူး။ ဒီတော့ ဘာပဲဖြစ်ဖြစ် သူငယ်ချင်း မင်းစွမ်းနိုင်လို့ ကျောင်းဆောင်သစ် ဆောက်လုပ်မယ်ဆိုလဲ မိခင်မကုဋမှာပဲ ဆောက်လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်..လို့ ပြောဆိုအကြံပြုလာကြပါတယ်။
        ဒီစိတ်ကူး အတွေးများဟာ အစမှာတော့ တကယ်စိတ်ကူးသက်သက်ပါပဲ။ ဘယ်လိုပြောရမလဲ On the Air လို့ပြောရမလိုပါပဲ။ ဘာလို့လဲဆိုတော့ မိမိကိုယ် တိုင်က ဘာမှမဟုတ်တဲ့ သာမာန်ကျောင်းသားတစ်ယောက်သာပါ။ နာမည်ကျော်နေတဲ့ ဓမ္မကထိက မဟုတ်သလို၊ ကျော်ကြားနေတဲ့ စာရေးဆရာတစ်ယောက်လဲ မဟုတ်ပါဘူး။ အောင်မြင်နေတဲ့ စီးပွားရေးပညာရှင်တစ်ယောက် မဟုတ်သလို။ စာပေအရာမှာ မြင့်မား တဲ့ ဒေါက်တာလောင်းတစ်ယောက်လဲ မဟုတ်ပါဘူး။ ဒီတော့ မိမိရဲ့ ကျောင်း ဆောင်သစ် ဆောက်လုပ်မည့်အတွေးများဟာ စိတ်ကူးသက်သက်ရယ်သာ ဖြစ်နေ ပါတော့တယ်။
        လှံထမ်းလာတာကို မြင်ရပေမဲ့ ကံထမ်းလာတာကို မမြင်ရဘူးဆိုတဲ့အတိုင်းပဲ
နောက်.. သိပ်မကြာဘူး။ ကောလုနာဝက အိမ်ဖြူတော်ကျောင်းဆောင် အဟောင်း လေးရဲ့ ပြုပြင်မှုကိုအကြောင်းပြုပြီး။ မိခင်မကုဋမှာ ကျောင်းဆောင်သစ် ဆောက်လုပ် ချင်တဲ့ မိမိရဲ့စိတ်ကူးတွေ အမှန်တကယ်ဖြစ်လာတော့တာပါပဲ။ ကံအကြောင်းတရား ပေါ်လာတာက ဒီလိုပါ။ ကောလုနာဝက ကျောင်းဟောင်းကလေးရဲ့ ပို့စ်လေးကို အင်တာနက်စာမျက်နှာမှာ ဖတ်မိပြီး စေတနာ သဒ္ဓါတရားသိပ်ကောင်းပြီး သာသနာ ကိုကြည်ညိုလေးစား ထောက်ပံ့ပေးနေတဲ့ မမြင်ဖူး မသိဖူးသော ဒကာမ တစ်ယောက် က အင်တာနက်စာမျက်နှာကတစ်ဆင့် ဆက်သွယ်မေးမြန်း လျှောက်ထား လာပါတယ်။
        “အရှင်ဘုရား ကျောင်းလေးပြင်မဲ့ ကိစ္စအဆင်ပြေပါသလား။ လှူဒါန်းသူရော ပေါ်ပြီလား၊ တပည့်တော်လဲ လိုအပ်ပါက ကျောင်းဒကာမအဖြစ်ခံယူချင်လို့ပါ” ဘုရားလို့ မေးမြန်းလျှောက်ထားလာပါတယ်။ အရှင်လဲ အစတော့ အတော်လေးကို အံ့သြမိပြီး မယုံချင်သလို ဖြစ်သွားမိပါသေးတယ်။ မိမိဘ၀မှာ တစ်ခါမှလဲ မတွေ့ကြုံဖူးတော့ သူငယ်ချင်းတွေကများ နောက်နေ တာလား၊ ဘာလားလို့လဲ တွေးမိပါသေးတယ်။ တကယ်တော့ ဒီအတွေးလေးက စေတနာရှင်ကို စော်ကားမိ သလိုဖြစ်သွားတဲ့အတွက်လဲ မိမိက စိတ်ထဲမှာ တောင်းပန်မိ ပါသေးတယ်။
        နောက်တော့… အင်တာနက်စာမျက်နှာက တစ်ဆင့် သဒ္ဓါတရားအားကောင်း မှုတွေနဲ့အတူ လှူဒါန်းလိုတဲ့ ဒကာမနဲ့အတူ Australia က ဒကာမကြီး ဒေါ်သီတာဆွေ တို့ရဲ့ ကောင်းမှုတွေနဲ့ ကောလုနာဝ ကျောင်းဆောင် ငယ်လေးကို ပြုပြင်နိုင်ခဲ့သလို၊ ထို.. အင်တာနက်စာမျက်နှာကနေတစ်ဆင့် လှူဒါန်းလာတဲ့ ဒကာမကပဲ မိခင်မကုဋမှာ ကျောင်းဆောင်သစ်ကြီးပေါ်ပေါက်လာဖို့ လမ်းခင်းပေးခဲ့ပါတယ်။ မိခင်မကုဋမှာ ကျောင်းဆောင်သစ်ဆောက်ဖို့ ဖောင်းဒေးရှင်းအတွက် သိန်းတစ်ရာ့ငါးဆယ် မတည် လှူဒါန်းပြီးသားဖြစ်ပါတယ်။ ဒီကျောင်းဆောင်သစ်ဖောင်ဒေးရှင်းအတွက် မိမိသည်လဲ အင်နဲ့အားနဲ့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ဖောင်ဒေးရှင်းချနိုင်ဖို့လဲ စိတ်ဆန္ဒတွေက ပြင်းပြနေပါတယ်။
        သို့သော်လည်း… မိမိတစ်ယောက်တည်း မပြီးနိုင်တဲ့ ကိစ္စကြီးမို့ အခုချိန်ထိ ဖောင်ဒေးရှင်း မစနိုင်သေးတဲ့အတွက် On the Air လို့ ပြောမယ်ဆိုလဲ ခံရအုံးမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ဘယ်ရက်ဘယ်နေ့ပါလို့ အတိကျမပြောနိုင်သေးပေးမဲ့ ဖြစ်မြောက် အောင်တော့ အစွမ်းကုန်ကြိုးစားဖို့ ဆုံးဖြတ်ချက်သန္ဒိဌာန်တွေ ချထားပါတယ်။
        အင်း… ကျောင်းဆောင်သစ်အတွက် ဇိတံမေ၊ နိဌိတံမေ လို့ မပြောနိုင် သေး သော်လည်း အိမ်ငှါးကိစ္စအတွက်တော့ ဇိတံမေ-အောင်ပြီ၊ နိဌိတံမေ-ပြီးဆုံးခြင်းသို့ ရောက်ခဲ့လေပြီလို့ ဥဒါန်းကြူးရင့်ရင်း…
အားလုံးချမ်းမြေ့နိုင်ပါစေလို့…
အမေ့မေတ္တာအရှင်-ခေတ္တမကုဋ