Never crush the beautiful flowers!
My dear mom said "you, my dear son,
never crush the beautiful flowers and girls when I was in youth-hood,
about 10/11 years old." to me. My dear mom always admonish me to be kind
and compassion to all girls, and not to destroy and deceive, and pay
respect and admire to any girls and women in your whole life.
You should know, my dear son, the most girls will be mothers in age
life. So, you love, like, kind and admire to all girls and women,
regarding as me. You must to obey to me until to die. Hence at that
time, I understand and kind to girls' live till now. I always keep and
control my mind and wish up on girls cause of my dear mom's instruction
which is admonishing before my dear mom died.
ဒီ "Never crush the beautiful flowers" ဆောင်းပါးလေးက အမေ့မေတ္တာအရှင်ရဲ့
တတိယမြောက် ခြေ လှမ်းဆိုပါတော့ အမေ့ကိုဂုဏ်ပြုသော အားဖြင့်သော်လည်းကောင်း၊
အမေ့ကို ကျေးဇူးဆပ်သော အားဖြင့်လည်းကောင်း၊ အမေ့ကိုသတိယတမ်းတသော
အားဖြင့်သော်လည်းကောင်းမွေးမေမေ ဆိုဆုံးမခဲ့သော အဆုံးအမတွေကို ပြန်လည်
ဖော်ကြူးခြင်းရယ်ပါ။
တကယ်တော့
အမေတို့မည်သည် သား သမီးတွေအပေါ်မှာ မေတ္တာ၊ကရုဏာ၊ စေတနာ၊ အကြင်နာ၊မုဒိတာ
တရားတို့ဖြင်ဆိုဆုံးမခဲ့ပါသည်။ မိဘတိုင်း အမေတိုင်းက သား သမီးတွေကို
ပညာတတ်ကြီးတွေ ဖြစ်စေချင်ကြသည်။ ဒါကြောင့် ငွေကုန်ကြေးကျ ခံကာ ကျောင်းတွေ
တက္ကသိုလ်တွေကို ထားခဲ့ကြသသည်။ အမေတိုင်းက သားသမီးတွေကို ဘေးကင်းစေလိုကြသည်
ဒါကြောင့် အမြဲတမ်း သွန်သင်ဆုံးမ တားမြစ်ခဲ့ကြသည်။ အမေတိုင်းက
သားသမီးတွေကို ကျန်းမာလိုကြသည် ဒါကြောင့်လဲ အမေ့နို့ကိုသာ
တိုက်ကျွေးခဲ့သည်။
"မကောင်းမေတ္တာ၊ကောင်းရာညွန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်း" ဆိုတဲ့ ကျင့်ဝတ်ငါးပါးနှင့်အညီိ ဆုံးမလမ်းပြခဲ့သည် မဟုတ်ပါလား။ ဒါကြောင့်လည်း ပုဗ္ဗစရိယ မိနှင့်ဖလို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့တာပဲလေ။
အမေတိုင်းက သားသမီးတိုင်းကို ဆင်စီးပြီး မြင်းရံတာပဲ မြင်လိုကြသည်။ ဆင်နင်းပြီး မြင်းကန်တာကို ဘယ်တော့မှ မမြင်လိုကြဘူး။ ဒါကြောင့်လဲ အမြဲတမ်း အမေက အရှင်ကို သွန်သင်ဆုံးမ လမ်းပြခဲ့ပါသည်။ နောက် --မွေးမေမေက ငါ့သား လူလေး "လောကမှာ လက်ညိုးထိုး ခိုင်နိုင်သူ မဖြစ်နိုင်ရင်တောင် ၊လက်ညိုးညွန်နိုင်သူ ဖြစ်အောင်တော့ ကြိုးစားပါလို့" အမြဲတမ်းလိုလို အိပ်ရာဝင်တိုင်း သတိပေးလေ့ရှိပါသည်။
နောက်--သားရေ "
ခေတ်ကြီးကတိုးတက်၊ ငွေကို တအားတက်မက်၊ မြေနိမ့်ရာ လှံဆိုက်နေကြတဲ့
ခေတ်ပျက်ကာလမှာ ၊ငွေကို ကိုးကွယ် သူ့ကျွန်ငယ်ဘ၀သို့ မရောက်ရအောင်
ကြိုးစားနော်လို့လဲ" ဆုံးမခဲ့ပါသေးတယ်။ ဟုတ်လဲ ဟုတ်ပါတယ်။ ခေတ်ကြီးကတော့ အတော်လေးကို ပျက်စီးနေပြီလေ။ ဒါကလဲ သဘာဝတရားပဲ မဟုတ်လး။
နောက်-အမေက ကိုယ်ချင်းစာတတ်ဖို့ကိုတော့ ခဏခဏ ပြောလေ့ရှိပါတယ်။ အထူးသဖြင့်တော့ မိန်းကလေးတွေကိုပါ။ တကယ်တော့ မိန်းကလေးဆိုတာ လှပတဲ့ ပန်းတစ်ပွင့်အလားပါပဲ။
လှပတဲ့ ပန်းလေးတစ်ပွင့်ဟာ တန်ဖိုးကြီးမားတယ်၊ လိုချင်သူ
ပန်ချင်သူတွေပေါများတယ်။ ဒါပေမဲ့ ကြွေလွယ်တယ်လေ။ မိုးဒဏ် လေဒဏ်
နွေဒဏ်တွေကို မခံဘူး။ ဒါကလဲ ပန်းလေးတွေရဲ့ အလှတရားသဘာဝပဲလေ။
ဒီလိုပါပဲ မိန်းကလေးတွေ ဆိုတာကလဲ တန်းဖိုးကြီးမားတယ်၊ လောကမှာ တင့်တယ် တယ်၊ မြတ်နိုးသူ လိုချင်သူ ပေါတယ်။ အန္တရာယ်များတယ်၊ ကြွေလွယ်တယ်၊ အမှားမခံဘူး။ အမြဲတမ်း Control လုပ်နေရတယ်။ ပျာ်ရွှင်မှုအတွဘ၀နဲ့ဆန္ဒ ဘ၀ကိုပဲ ဦးစားပေးရတယ်။ နှလုံးသားကို ရှေ့တန်းတင်မိလို့ ဘ၀ပျက်ခဲ့ရတဲ့ မိန်းကလေးတွေ များတယ်။ ခဏတာက်ေနဲ့ တစ်သက်တာ စိတ်ဆင်းရဲနေရတယ်။
နောက်--အပျိုစင်ဆိုတဲ့
နာမည်တစ်လုံး ရဖို့ ဆယ်စုနှစ်များစွာ စောင့်ခဲ့ရတယ်။ အချိန်ကြာကြာ
ပေးဆပ်ပြီးမှ ရလာတဲ့ အပျိုဆိုတဲ့ ဂုဏ် တစ်ခုကို ခဏတာပျော်ရွှင်မှု အတွက်နဲ့
အဆုံးရှုံးခံလိုက်ရမယ်ဆိုရင် မတန်ဘူးလေ။ ဒါကိုတော့ မိန်းကလေးတိုင်း စဉ်းစားရမဲ့ အရေးသော အချက်တစ်ချက်ပါ။
ဒါကြောင့် ဒီ'Never crush the beautiful flowers" ဆိုတဲ့
ခေါင်းစဉ်ကို ရွေးချယ်ကာ ရေးသားရခြင်းရယ်ပါ။ မှန်ပါတယ် အားလုံးသော
ပုရိသတွေက မိန်းကလေးတွေရဲ့ ဘ၀ကို စာနာ ညှာတာ သနား ကြင်နာ ပြီး၊
စောင့်ရှောက်ပေးရမှာပါ။ အမျိုးကို ကာကွယ်စောင့်ရှောက်ရာရတယ်လေ။ မိန်းကလေးတွေရဲ့ ဘ၀ကို ရေလောင်းပေးလိုက်သော ပန်းပျိုးလက် ပိုင်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလဲ ပိုင်ဆိုင်ရမယ်လေ။ ဒီလိုမှ မဟုတ်ရင်တော့ ကိုယ့်အမျိုး ဘာသာကို ဖျက်ဆီးသော ပန်းချိုးလက်ပိုင်ရှင် ပန်းဖျက်မုဆိုးတွေ ဖြစ်ကုန်မှာလေ။ ဒါလေးကို သတိချပ်စေချင်ပါတယ်။
မိန်းကလေးတွေကလဲ ကိုယ့်ဘ၀ကို ထိန်းသိမ်းပြီး ဆင်ဆင်ခြင်ခြင်နေထိုင်သင့်ပါတယ်။မြန်မာ ဆိုတဲ့ ဂုဏ်ပုဒ်ကို စောင့်ရှောက်ရာရောက်မယ်လေ။ အမျိုးဂုဏ် ဇာတိဂုဏ်ကိုလဲ ထိန်းသိမ်းရာရောက်ပါတယ်။ မိန်းကလေးရဲ့ဘ၀ကိုမြတ်နိုးရာလဲ ရောက်ပါတယ်။အနာဂတ် မျိုးဆက်သစ်လူငယ်တွေကို မွေးထုတ်ပေးမယ့် မိခင်ကောင်းတွေ ပီသပါလိမ့်မယ်။
တိုးတက် အောင်မြင်သော၊ ချမ်းသာကြွယ်ဝသော၊ အေးချမ်း သာယာသော၊ စည်ပင် ၀ပြောသော နိုင်ငံတော်ကြီး တည်ဆောက်နိုင်ဖို့ မိခင်ကောင်းတွေကလဲ အရေးပါပါတယ်။ ဒါဆို ဒီ" Never crush the beautiful flowers=လှပသော ပန်းလေးများကို ဘယ်တော့ မှ မနင်းခြေ မဖျက်ဆီးပါနဲ့" ဆိုတဲ့ ခေါင်းစဉ်ဆောင်းပါးကို နားလည် သဘောပေါက်လိမ့်မယ်လို့--မျော်လင့်လျက်။--အမေ့မေတ္တာ အရှင်။
No comments:
Post a Comment