Saturday, September 15, 2012

ကောင်းလိုက်တဲ့ဒဿန..


ချမ်းသာအောင် ဘယ်လိုလုပ်မယ် ချမ်းသာရင် ဘာတွေလုပ်မယ် ”
ချစ်လို့ ပြောတယ်လိုလည်း မှတ်ချင်မှတ်။ အားမရလို့ပြောတာလို့လည်း ဆိုချင်ဆို မလိုဘူးဆိုရင် လွင့်ပစ်လိုက် အသုံးဝင်ရင် ဖြန့်ဝေလိုက်။ လိုမယ်ထင်လို့ ရေးလိုက်တယ် ပိုနေတယ်ထင်ရင် ပိတ်ပစ်လိုက်။ မြန်မာပြည်အနေအထားက သယံဇာတကိုကြည့်မလား ရေမြေအနေအထားကို ကြည့်မလား ဘာကိုကြည့်ကြည့် ပြည့်စုံနေတယ်။ တွင်းထွက်ပစ္စည်းဆိုလည်း ပုံနေတယ်။ ရေထွက်ပစ္စည်းဆိုလည်း လျှံနေတယ်။ ကုန်းထွက် ပစ္စည်းဆိုလည်း ပိုနေတယ်။ ဒီလိုပေါများနေလို့လည်း ကမ္ဘာ့နိုင်ငံအများစုက မျက်စိကျလွန်လွန်းလို့ လာလာပြီး တော့ချဉ်းကပ်နေကြတာပေါ့။ တူးချင်တဲ့နေရာကိုတူး ရေချိုထွက်တယ်။ ရွှေထွက်တယ်။ ဒီလို ရေချို၊ရွှေထွက်တဲ့ နေရာမျိုး ကမ္ဘာမှာ လက်ချိုးရေရင် လက်ဆယ်ချောင်းတောင် မပြည့်ဘူး။ စားပြီးသားအစေ့ကို ခြေနဲ့ကန်ခဲ့ရင်လည်း အစေ့ကျရာ မြေကြီးပေါ်မှာ အပင်ပေါက်နိုင်တယ်။ ဒီလို ရေခံမြေခံကောင်းတဲ့ နေရာဒေသမှာ ပေါက်ဖွားလာရဲ့သားနဲ့ မြန်မာတိုင်းရင်းသားတွေ ဘာကြောင့်မချမ်းသာနိုင်ပဲ စားဖို့အတွက်လည်း အနိုင်နိုင် သုံးဖို့အတွက်လည်း တမှိုင်မှိုင် ပညာသင်ရမဲ့အရွယ်မှာတောင် ၀မ်းရေးအတွက် ပုဂံဆေးနေရတယ်။ ရေသန့်ဗူးကောက်နေရတယ်။ အမှိုက်သိမ်းနေရတယ်။ တောင်းစားနေကြရတယ်။ စားပွဲထိုးလုပ်နေရတယ်။ ရေရောင်းစားနေရတယ်။ ဒီနိုင်ငံက ဘွဲ့ယူထားပြီး အခြားနိုင်ငံတွေမှာ တစ်မနက်စာ နတ်မှန်ဖို့အတွက် ကျွန်ခံနေရတဲ့ တိုင်းရင်းသားတွေ တစ်ပုံကြီးဖြစ်လို့နေပြီ။ သူတို့တွေ သိပ်ပျော်နေတယ်လို့ ထင်နေကြလား။ ဒါတွေဟာ ဘာကြောင့်လည်း လူကြီးတွေကြောင့်လား၊ လူငယ်တွေကြောင့်လား၊ အဖွဲ့အစည်းတွေကြောင့်လား၊ အသင်းအဖွဲ့တွေကြောင့်လား၊ ပညာရေးတွေညံ့လို့လား၊ ဥာဏ်ရည်ဥာဏ်သွေးတွေ မထက်လို့လား၊ ဖြစ်နိုင်ရင် တစ်ခဏလောက် စဉ်းစားပေးကြပါ။ သူ့ကြောင့်ပါ ငါကြောင့်ပါဆိုပြီး ၀ိုင်းလက်ညှိုးထိုးတဲ့ အမူအကျင့်တွေကို မဖျောက်ကြတော့ဘူးလား။ ကမ္ဘာမှာ မြန်မာဟေ့ဆိုပြီး ကြွေးကြော်သံတွေ ခဏခဏကြားနေရတယ်။ စာအုပ်ထူထူကြီးတွေထဲမှာ ခဏခဏဖတ်နေရတယ်။ အခုထက်ထိတော့ အဓိပါယ်ကို ဖော်မပြကြဖူး။ ဖြစ်နိုင်ရင် ပြောပေးကြပါ မြန်မာရေးတဲ့ မြန်မာစာ မြန်မာတွေ နားလည်နိုင်ဖို့အတွက် ဘယ်သူတွေမှာ တာဝန်ရှိလည်း။ ကျုပ်ဆင်းရဲတာ ခင်များနဲ့မဆိုင်ဘူး ခင်များဆင်းရဲတာ ကျုပ်နဲ့မဆိုင်ဘူး အားလုံးဆင်းရဲနေပြီဆိုရင်တော့ ကျုပ်တို့အားလုံးနဲ့ ဆိုင်လို့နေပြီ။ ဒါဆိုရင် ကျုပ်တို့ဘာလုပ်ကြမှာလည်း ထိုင်နေရင်းနဲ့ တွေးနေမှာလား၊ တွေးတောရင်းနဲ့ ထိုင်နေမှာလား၊ ဆွေးနေလို့ရောပြီးမှာလား၊ ငေးနေလို့ရောပြီးမှာလား၊လက်ဖက်ရည်ဆိုင်ထိုင်နေရင်း၊ ကွမ်းဆိုင်ထိုင်နေရင်း၊ ဂိမ်းဆိုင်ထိုင်နေရင်းနဲ့ အချိန်တွေကို ဖြုန်းနေတော့မှာလား၊ အချိန်ဆိုတာ အစားပြန် မရနိုင်ဘူး၊ သူများစားတာ ထိုင်မျှော်နေပြီး တံတွေးမျိုချပြီးတော့ နေမှာလား။ ဟစ်တလာဝါဒ လက်ကိုင်ထားပြီး ကိုယ့်ထက်ချမ်းသာသူကို လည်ဖြတ်သတ်တဲ့ ၀ါဒဆိုးကို ကျုပ်လက်မခံဘူး။ တို့ကိုးကွယ်တဲ့ဘုရားရှင်လည်း မကြိုက်ဘူး။ ချမ်းသာသူလည်းလူပဲ၊ ဆင်းရဲသူလည်းလူပဲ၊ အင်္ဂလိပ်တွေလည်းလူပဲ၊ ဂျပန်တွေလည်းလူပဲ၊ တရုပ်တွေလည်းလူပဲ၊ မြန်မာတွေလည်းလူပဲ၊ ကရင်တွေလည်း လူပဲ၊ ရခိုင်တွေလည်းလူပဲ၊ ရှမ်းတွေဆိုလည်းလူပ၊ဲ နာမည်သာကွဲပြီး လူချင်းကတူတယ်။ ဒါပေမယ့် တိုင်းတစ်ပါးသားတွေက အပျင်းပြေဖို့ ကမ္ဘာပတ်နေတယ်။ ကျုပ်တို့တစ်တွေက ထမင်းနပ်မှန်ဖို့ ကူလီထမ်းနေကြရတယ်။ မမြင်ရတဲ့ ကံတရားကိုတော့ ဘာမှမလုပ်ပဲ ထိုင်အပြစ်တင်မနေစမ်းပါနဲ့ ၀ီရိယအားကိုးရင် ၀ီရိယအကျိုးလေးတော့ ခံစားရပါတယ်။ ဒါဆိုရင် လူလူချင်း ဘာတွေကွာနေလို့လည်း၊ အရပ်အမောင်း တွေကွာတာလား၊ အသားအရေတွေကွာတာလား၊ ရေမြေတွေကွာတာလား၊ ဥာဏ်ရည်တွေကွာတာလား၊ ၀ီရိယတွေကွာတာလား၊ စည်းကမ်းတွေ ကွာတာလား၊ လေးစားမှုတွေကွာတာလား၊ တန်ဖိုးထားမှုတွေကွာတာလား၊ အချိန်တွေကွာတာလား၊ အလုပ်တွေကွာတာလား၊ ဘယ်လိုကွာခြားမှုတွေ များနေလို့ ဆင်းရဲတွင်းတွေ နက်နေ ရတာလည်း၊ ဒီထက်ပိုနက်ရင် အ၀ီစိမှာ ရေဆင်းချိုးဖို့ပဲ ကျန်တော့တယ်။ ကွာခြားမှုတွေ များနေပြီ လုပ်ဆောင်မှုတွေမှားနေပြီ တစ်နာရီခံတဲ့ ၀ီရိယကတော့ ချမ်းသာဖို့တော့ မစဉ်းစားနဲ့ ကူလီထမ်းဖို့ပဲ ချန်ထားလိုက်။ ကျုပ်တို့တစ်တွေက ဆင်းဆင်းရဲရဲနေမှာလား၊ ဆင်းဆင်းရဲရဲသေမှာလား၊ ဘာမှမလုပ်ပဲ ချမ်းသာ ချင်ရင်တော့ ကမ္ဘာဝင်ရိုးအစွန်က ရေခဲတောင်မှာ သွားနေလိုက်။ အအေးပတ်ပြီး သေလိမ့်မယ်။ ထိုင်နေလို့တော့ ဘာမှမဖြစ်လာဘူး ဆရာဝန်ဖြစ်ချင်လား ပိုက်ဆံရှိမှဖြစ်နိုင်တယ်။ အင်ဂျင်နီယာဖြစ်ချင်လား ပိုက်ဆံရှိမှဖြစ်နိုင်မယ်။ စစ်ဗိုလ်ဖြစ်ချင်လား ပိုက်ဆံရှိမှ ဖြစ်နိုင်မယ်။ ပိုက်ဆံဆိုပြီး တံဆိပ်ရိုက်ထားတဲ့ ဒီစက္ကူကြီးကို ဒုတိယဘုရားသခင်ဆိုပြီး တင်စားနေကြပြီ။ သူရှိမှလိုတာရမယ် သူရှိမှကြင်ယာ လှမယ်။ သူရှိရင် ကမ္ဘာ့တစ်ပတ်မဟုတ်ဘူး လပေါ်ကိုတောင် အလည်သွားနိုင်တယ်။ သူမရှိရင် ကမ္ဘာမပြောနဲ့ ရွာထဲပတ်လည်း ကုလားမတောင် လှည့်မကြည့်ဘူး။ သူမရှိပဲ သွားလို့ရတာဆိုလို့ သေမင်းနိုင်ငံတစ်ခုပဲရှိတော့တယ်။ ငွေဟာတန်ဖိုးရှိနေပြီ ဒါပေမယ့် နေရာတိုင်းတော့မဟုတ်ဘူး ငွေဟာအရေးကြီးနေပြီ ဒါပေမယ့် ခံစားချက်တိုင်းတော့မဟုတ်ဘူး။ တစ်ခုမှတ်ထားရမှာက သူသာမရှိဘူးဆိုရင် အခေါင်းတောင် ၀ယ်မထည့်နိုင်ဘူး။ ခင်များအပျင်းထူပြီး မွဲသေသွားတာ အရေးမကြီးဘူး ခင်များယူထားတဲ့မိန်းမ ခင်များမွေးထားတဲ့သားသမီး ခင်များကိုမှီခိုနေတဲ့မိဘ ခင်များနေခဲတဲ့ကျေးရွာ မြို့နယ် နိုင်ငံကို ကျေးဇူးမဆပ်ပဲ လစ်ထွက်ချင်လို့လား ဒါဆိုရင်တော့ မိုက်ရာကျနေပြီ ခင်များသာပျင်းနေရင် ခင်များကိုချစ်တဲ့မိန်းမ ဘာဖြစ်သွားမလဲ။ ခင်များချစ်တဲ့ ရင်သွေးတွေ ဘာဖြစ်ကုန်မလည်း သူတောင်းစားဖြစ်တာ မြင်ချင်တာလား ပညာမဲ့ပြီး စားပွဲထိုးအလုပ်ကို ခိုင်းရက်တယ်ပေါ့ ဒါဆိုရင်ဘယ်မှာလည်း မိဘတစ်ယောက်ရဲ့ဝတ္တရား မိဘတစ်ယောက်ရဲ့တာဝန် မိဘတစ်ယောက်ရဲ့မေတ္တာ မိဘတစ်ယောက်ရဲ့ကရုဏာ ခင်များဘယ်လို့သက်သေပြမှာလည်း။ မွေးပေးယုံနဲ့ တာဝန်ကျေရင် လူစကားမပြောတတ်တဲ့ သတ္တ၀ါတွေလို ဖြစ်ကုန်လိမ့်မယ်။ ခင်များအချိုးမကျတာနဲ့ ခင်များကိုမှီခိုနေတဲ့ အသိုင်းအ၀ိုင်း သူတောင်းစားအဖေတွေ ဖြစ်ကုန်ကြပြီ။ ရန်ရှာနေတာမဟုတ်ဘူး ရန်စနေတာမဟုတ်ဘူး ကျုပ်ကဒီမြေမှာမွေးတယ် ဒီမြေမှာကြီးတယ် ဒီမြေကိုချစ်တယ် ဒီမြေကိုတန်ဖိုးထားတယ် ဒီလူမျိုးကို မြတ်နိုးတယ် ဒီလူမျိုးကိုချစ်တယ် ခင်များကိုလည်းချစ်တယ် ကိုယ့်ကိုယ်ကိုလည်းချစ်တယ် ခင်များမထုံစမ်းပါနဲ့ ခင်များမှာဥာဏ်ရည်ဥာဏ်သွေး မနိမ့်ပါဘူး လူတောင်ဖြစ်လာပြီပဲ ဘာတွေကိုစောင့်မျှော်နေတာလည်း ကျုပ်ပြောတာတွေအတွက် ဟာကွက် ချောင်းပြီး ပြန်ဖိုက်မယ်ဆိုပြီးစဉ်းနေတာလား ဒါဆို၇င်ကျုပ်စေတနာကို ခြေနဲ့ကန်ပစ်လိုက်သလို ဖြစ်နေပြီ။ ကျုပ်လူမျိုးတွေ ငက်နေတာကို မမြင်ချင်ဘူး။ ကျုပ်လူမျိုးတွေ မွဲနေတာကို မမြင်ချင်ဘူး။ ရင်သွေးငယ်တွေ လမ်းပျောက်နေတာ မတွေ့ချင်ဘူး။ ရင်သွေးငယ်တွေ တောင်းစားနေရတာကို မမြင်ရက်ဘူး ကိုယ့်မြေ ကိုယ်ရေပေါ်မှာနေပြီး ကိုယ့်မြေ ကိုယ်ရေပေါ်ကိုအလည်လာတဲ့ တိုင်းတစ်ပါးသားတွေထံမှာ ကျွန်ခံနေတဲ့ ဘ၀မျိုးက ချိုမြိန်လို့လား။ ခင်များဇိမ်ခံချင်လို့မရဘူး ခင်များမှာ ဘုရားလောင်းဇာတာမျိုး မပါလာဘူးဆိုတာ မှတ်ထားလိုက်။ ဒါဆိုရင် တို့မြန်မာတွေ ချမ်းသာဖို့အတွက် ဘာတွေလုပ်မှာလည်း ဘယ်တော့လုပ်မှာ လည်း ဘယ်အချိန်လုပ်မှာလည်း မနက်တိုင်းဟာ တို့ကိုယ်ပိုင်တွေမဟုတ်ဘူးနော်။ ထိုင်အော်ရုံနဲ့ ပြီးမှာလား ထိုင်တွေးရုံနဲ့ပြီးမှာလား မကျေနပ်ရုံနဲ့ ဖြစ်လာမလား လုပ်ဆောင်မှုတွေမရှိရင် သက်ရောက်မှုတွေ ဘယ်မှာလည်း။ ဒါဆိုရင် တို့တစ်တွေ သူများတွေချမ်းသာသလို ချမ်းသာလာအောင် ဘာတွေလုပ်ကြမလည်း ဘယ်လိုလုပ်ကြမလည်း ဘာတွေလုပ်ရမယ်ဆိုတာကိုတော့ မပြောလို့ဘူး။ ဘယ်လို လုပ်ရမယ်ဆိုတာကိုတော့ ညွန်ပြပေးလိုက်မယ်။ ကျုပ်တို့ကမြတ်စွာဘုရားရှင်ရဲ့ အဆုံးအမနဲ့ နေခဲ့ကြတာပဲ။ ဘုရားရှင်ကလည်း လူသားတွေ ချမ်းသာစေနိုင်တဲ့ နည်းလမ်းတွေကို ညွှန်ပြထားတာပဲ။ ချမ်းသာချင်တယ်ဆိုရင် ဆန္ဒကလည်း ထက်သန်ရမယ်။ ၀ီရိယကလည်းပြင်းထန်ရမယ်။ စိတ်ဓာတ်ကလည်း ခိုင်မာရမယ်။ ဒါတွေပဲလားဆိုရင် မဟုတ်သေးဘူးဗျ ပညာကလည်းရှိရမယ်။ ဒါကချမ်းသာချင်သူများအတွက် အရာအားလုံးကို စိုးမိုးနိုင်သော အဓိပတိလေးပါးလို့ မှတ်ထားလိုက်။ ခင်များတို့ တခြားတွေကို မတွေးနဲ့အုံး ဒါတွေဟာ ဘုရားဟောထဲမှာ ပါလာပြီးသား။ ဘေးနားမှာ စာရွက်ရှိရင် ထပ်မှတ်လိုက်ဦး မြန်မာလိုပဲ ရေးပြလိုက်မယ်။ လုပ်ရမယ်အချက်တွေကို ၁။မပျင်းမရိထကြွလုံ့လ၀ီရိယနှင့်ပြည့်စုံရမယ်။ ၂။ရရှိလာတဲ့ ပစ္စည်းဥစ္စာတို့ကို လိမ္မာကျွမ်းကျင်စွာ စောက်ရှောက်
ထိန်းသိမ်းတတ်မှုနှင့် ပြည့်စုံရမယ်။
၃။မှီခိုအားထားလောက်သည့်မိတ်ဆွေကောင်းလည်းရှိရမယ်။ ၄။စနစ်တကျမျှတစွာသုံးစွဲနေထိုင်တတ်မှုနှင့် ပြည့်စုံခြင်း။ ၅။ အောင်မြင်တိုးတက်နိုင်သော အရပ်ဒေသတို့၌ အခြေချနေထိုင်ရမယ်။ ၆။သူတော်ကောင်းပညာရှိမိတ်ဆွေများကိုဆည်းကပ်ရမည်။ ၇။မိမိကိုယ်ကိုလူတော်လူကောင်းဖြစ်အောင် ပြုပြင်ပေးရမယ်။ ၈။ဖြည့်ကျင့်ဖူးသော ကောင်းမှုရှိရမည်။ ဒါတွေက အောင်မြင်ခြင်တယ် ချမ်းသာချင်တယ် တိုးတတ်ချင်တယ်ဆိုသူတွေ ပြုလုပ်ရမယ့် အမှု့ကိစ္စတွေပဲ အရေးကြီးတာထပ်ပြောဦးမယ် ရရှိလာတဲ့စည်းစိမ်ဥစ္စာတွေကို စည်းစနစ်ကျကျ သုံးစွဲတတ်ဖို့ ညွန်ပြထားတာ ရှိသေးတယ်။ မှတ်လိုက်ဦး တကယ်ချမ်းသာချင်ရင် တကယ်လုပ်ရတယ်ဆိုတဲ့ အဆိုအမိန့်ကိုလည်း မမေ့လိုက်နဲ့ဦး ထားပါ ဒါလေးကို မှတ်လိုက်ဦး ရလာစည်းစိမ်ဥစ္စာကို လေးပုံပုံပြီး တစ်ပုံကို နောင်ရေးအတွက် စုဆောင်းထားရမယ်။ (ဒီတစ်ပုံက ပျောက်သွားလို့မရဘူး ကျန်းမာရေးမကောင်းရင် ဒီထဲကသုံးရမှာ ဆေးကုဖို့ငွေမရှိရင် ကျော်သူဆီကို အခေါင်းသယ်လာဖို့သာ လှမ်းပြောလိုက်တော့ ) နှစ်ပုံကိုအရင်းအနှီးပြုလုပ်ရမယ်။ ကျန်တဲ့တစ်ပုံကို စားလည်းစား လှူလည်းလှူရမယ်။ ဒါတွေကို ဘုရားကဟောခဲ့တယ်။ ဘယ်ကမ္ဘာမှာ ပတ်ပြီး ရှာချင်နေတာ လည်း တကယ်ချမ်းသာချင်ရင် တကယ်လုပ်ဖို့ပဲ လိုအပ်တယ်။ အချက်အလက်က လက်တစ်ဆုပ်စာတောင် မပြည့်ချင်ဘူး အငတ်ခံပြီး လူပြိတ္တာအဖြစ်နဲ့ပဲ နေတော့မယ်ဆိုရင်တော့ ဒါတွေဟာ သင့်အတွက်အရေးမကြီး ဘူး။ ချမ်းသာချင်တယ်ဆိုရင်တော့ မဖြစ်မနေ ကျင့်ဆောင်ရမယ့် အချက်အလက်တွေပဲ တစ်ခုသတိပေးဦးမယ်။ ကျုပ်တို့မြန်မာတွေက နည်းနည်းလေး ချမ်းသာလာပြီဆိုရင် ခေတ်မှီအောင်ဆိုပြီး အရက်လေးလည်း သောက်ချင်လာတယ် မိန်းမဆိုလည်း ရှုပ်ချင်လာတယ်။ ဖဲရိုက်ချင်လာတယ်။ အလုပ်အပေါ်မှာ လေးစားမှုမရှိတော့ဘူး အလုပ်သမားတွေကို ထမင်းရှင်လို့ သဘောမထားပဲ ကျွန်လို့ဆက်ဆံလာတယ်။ စိတ်ဓာတ်တွေက မောက်မာလာတယ် မြန်မာအများစုမှာ ဒီစိတ်ဓာတ်တွေ ကိန်းအောင်းနေတတ်တယ်။ ဒါတွေဟာ ဆင်းရဲ့တွင်းနက်ယုံတွင်မကဘူး အ၀ီစိတိုင်အောင် ဇောက်ထိုးဆင်းမယ့် အမူအကျင့်တွေပဲ ကျုပ်ဖက်က ဆောင်ထားရမယ့် အချက်အလက်တွေကို ပြောပြီးသွားပြီ နောက်ထပ်ရှောင်ရမယ့် အချက်အလက်တွေကို ဆက်ပြောပြမယ် ဒါတွေက တစ်ဘ၀လုံးရှောင်ကြဉ်ရမယ့် အကြောင်းအရာတွေပဲ ဒီတရားတွေကို ဆုတ်ယုတ်ပျက်စီးကြောင်းတရားများလို့ အမည်တပ်ချင်တပ်လို့ရတယ်။ အပန်းမကြီးဘူးဆိုရင် ခင်များခေါင်းအုံးအပေါ်မှာကပ်ထား တစ်နေ့ကိုသက်စေ့ရွက်ပြီး လိုက်နာနိုင်အောင် ကြိုးစား ၁။သေရည်အရက်စသော မူးယစ်ဆေးဝါး သုံးစွဲခြင်း။ ၂။အချိန်အခါမဲ့ ခရီးသွားခြင်း။ ၃။ပွဲသဘင်တို့၌ ၀ါသနာထုံခြင်း။ ၄။လောင်းကစား၌ ၀ါသနာထုံခြင်း။`၅။မကောင်းသော အဆွေခင်မွန်းတို့နှင့်ပေါင်းသင်းခြင်း။ ၆။ပျင်းရိခြင်းဆိုပြီး ၆ပါးရှိတယ်။ ဒီအချက်တွေက ရှောင်ဖို့အတွက် ကျုပ်ဘက်ကပြောပြီးပြီ ခင်များဘက်က လုပ်ဖို့ပဲ ကျန်တော့တယ်။ ချမ်းသာချင်တယ်ဆိုရင် လူသန်ကြီးဖြစ်မှလို့မထင်နဲ့ လူပိန်လေးလည်းအရေးမကြီးဘူး ၀တာ ရုပ်ဆိုး ရုပ်လှ ဒါတွေက ဘာမှအရေးမကြီးဘူး ပိုက်ဆံရှိရင် သက်မွန်မြင့် နေတိုးထက် သာအောင် လုပ်လို့ရတယ်။ ချမ်းသာအောင် လုပ်မယ်ဆိုရင် ကိုယ့်မိသားစု စားမကုန်နိုင်အောင် အရင်ကြိုးစားရမယ်။ ဒီထက်စွမ်းနိုင်ရင် ကျေးရွာ၊ မြို့နယ်၊ တိုင်း၊ နိုင်ငံအထိတိုင်အောင် ကြိုးစားပြရမယ်။ အရေးမကြီးဘူးလုပ်နဲ့ ကျုပ်တို့တစ်မျိုးသားလုံး ကျွန်ဖြစ်ခဲ့ပြီးပြီ ထပ်ပြီးကျွန်ဖြစ်ဖို့အတွက် ရှေ့မှာဆီးကြိုနေပြီ။ ချမ်းသာချင်တယ်ဆိုရင် အဓိကအရေးကြီးတာက စိတ်ဓာတ်ထက်သန်ဖို့ပဲ ကျုပ်စေတနာတွေကို ထုတ်ပြပေးလိုက်ပြီ။ ခင်များစေတနာတွေကို ပြန်မေးချင်သေးတယ်။ ခင်များသာ လူချမ်းသာတစ်ယောက်ဖြစ်နေပြီဆိုရင် ခင်များ ရှာဖွေလို့ရထားတဲ့ ပိုက်ဆံတွေကို ဘာလုပ်မယ်လို့ စိတ်ကူးထားလည်း ဇိမ်ကျကျနဲ့ အဆီထိုင်ရစ်ဖို့ပဲ စိတ်ကူးထားလား တိုက်ကောင်းကောင်းနဲ့နေမယ် ကားကောင်းကောင်းစီးမယ် လိုချင်တာဝယ်မယ် စားချင်တာ စားမယ် လုပ်ချင်တာလုပ်မယ်။ ဒီလောက်ပဲ မျှော်မှန်းထားတာ ချမ်းသာအောင်လုပ်တာဟာ ဇိမ်ခံဖို့ မဟုတ်ဘူးလို့တော့ ကျုပ်ခံယူထားတယ်။ တိုင်းပြည်အတွက် လူမျိုးအတွက် ဘာတွေလုပ်ပေးမှာလည်း။ ဒီလိုပဲ နေသွားတော့မှာလား တိုက်ကြီးကြီးပေါ်မှာ နေရသော်လည်း ခင်များအတွက် ကျောတစ်နေရာစာပဲ အသုံးဝင်တယ်။ ဟင်းခွက်ပေါင်း တစ်ထောင်နဲ့စားရလည်း ခင်များအတွက် တ၀မ်းစာပဲ အသုံးဝင်မယ်။ ခင်များကြက်ပေါင် ကိုက်နေချိန်မှာ ခင်များဘေးအိမ်ကလူတွေ ထမင်းရည်သောက်နေတာကို မြင်တွေ့ရမယ်။ တောတောင်အလယ်မှာ မျှစ်ချိုးစားနေသူတွေအများကြီး စစ်ဘေးကြောင့် ခြေပြက်နေသူတွေ ပုံနေတယ်။ ထမင်းငက်ပြီး သေတဲ့မသာမရှိဘူးလို့ မပြောနဲ့ အဟာရမပြည့်ဝလို့ အသက်ထွက်သွားသူတွေ ရေလို့မရတော့ ဘူး။ တို့ပြည်ကြီးက အကျယ်ကြီး ဒါပေမယ် နေစရာမရှိလို့ ပလက်ဖောင်းကို ခေါင်းအုံးသူတွေ ပုံနေတယ်။ အရွယ်စုံစွာ တောင်းစားနေရတဲ့သူတွေ တစ်ပုံကြီး။ အင်္ဂါစုံပြီး ပညာငက်နေသူတွေ များနေပြီ။ အဲဒီလူတွေဟာ တို့တိုင်းရင်းသားတွေ တို့ဆွေမျိုးတွေ တို့ညီကိုတွေ ဒီအတိုင်းပစ်ထားရင် သူတို့တွေ လသာညကိုတောင် မြင်နိုင်မှာမဟုတ်တော့ဘူး။ မျက်စိမှိတ်ပြီး ဂုဏ်တော်ပွားချင်ယောင် ဆောင်မနေနဲ့ သင်ရှာလို့ရတဲ့ စည်းစိမ် တွေကို သင်သေသွားရင် ဘယ်သူကမှ ထည့်မပေးကြဘူး။ ခင်များလည်း ပညာဥာဏ်နဲ့ ပြည့်စုံသူပဲ ဘာလုပ်ရမယ်ဆိုတာကို ပြောပြနေစရာ မလိုပါ။ ကဲ့ ကျုပ်ဘက်က တာဝန်ကျေပြီ သင့်ဘက်က တာဝန်ယူဖို့ပဲ ကျန်တော့တယ်။ တစ်ခုပြောလိုက်ဦးမယ် ခင်များမုန်းချင်လည်းမုန်း ကျုပ်စကားပြောတာ နည်းနည်းရိုင်းတယ်။ ဒါပေမယ့် ကျုပ်ကြောင့် လူမပြောနဲ့ တိရစ္ဆာန်တောင် မျက်ရည်မကျစေရဘူး။ ကျုပ်စေတနာက ဖြူစင်တယ်။ ကျုပ်စေတနာရိုးသားတယ်။ ကျုပ်မှားရင်တော့ ခွင့်လွှတ်ပါ ကျုပ်က တောသားတစ်ယောက်ဖြစ်နေလို့ပါ

စဉ်းစားကြည့်ကြပါလေ...အမေ့မေတ္တာအရှင်..
 

ဘ၀ကိုပုံဖော်ခြင်း....


လူတွေက ဘ၀ကို အဓိပ္ပါယ်ရှာကြတဲ့နေရာ
  

တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။

အချို့က ဘ၀ကို ငွေကြေး..ဥစ္စာတွေနဲ့ အဓိပ္ပါယ်ဖော်ကြတယ်။

အချို့က ဘ၀ကို ပညာဂုဏ် ဘွဲ့ဒီဂရီတွေနဲ့ အဓိပ္ပါယ် ဖော်ပြကြတယ်။

အချို့က ဘ၀ကို ကိုယ်..စိတ်ချမ်းသာမှုနဲ့ အဓိပ္ပါယ် ဖော်ပြကြတယ်။

အရှင်ကို မေးရင်တော့.....ရှင်းပါတယ်။ ဘာလို့လဲ ဆိုတော့...

ကိုယ်က စိတ်ချမ်းသာ..ကိုယ်ချမ်းသာ နေချင်သူလေ။

ဘာဖြစ်လို့လဲဆိုတော့ ..ဘ၀ဆိုတာ တိုတိုလေးမို့ပါ။။

အားလုံးရွှင်လန်းချမ်းမြေ့ကျပါစေ.....

ဘ၀ခန္ဓာဆိုသည်မှာ...


ရေအိုးလေးနဲ့ခန္ဓာ......
အားလုံးတွယ်တာမက်မောနေကြတဲ့ လှပပါတယ်ဆိုတဲ့ ဒီရုပ်တရားကြီးဟာ..ခဏလေးမှာပဲ ပျက်ဆီးသွားတတ်တဲ့ ရေမြုပ်လေးလိုပါပဲ။
နောက်...အလှအပ..အကောင်းအာရုံတွေကို တွေ့ကြုံတဲ့အခါ ကျေနပ်စွာ ခံစားနေကြတဲ့ ဒီဝေဒနာကလဲ..ရေမြုပ်လေးအပေါ်မှာ ဖောင်းကြွလာတဲ့ ပူဗောင်းလေးလိုပါပဲ။
ဒီတော့..လူ့ဘ၀ဆိုတာ...လက်မှုပညာအတတ်နဲ့ ပြုလုပ်ဖန်တီးထားတဲ့ မြေအိုးလေးတစ်လုံးလိုပဲ..နောက်ဆုံးမှာ..ပြိုကွဲ ပျက်ဆီးခြင်းဖြင့်သာ..အဆုံးသတ်ရတယ်..
တကယ်တော့....ဘာများတွယ်တာမက်မောနေစရာ ရှိမှာလဲ?..
ဒီတော့....လူဘ၀ဆိုတာ...ကြိုက်နှစ်သတ်တာတွေကို အကုန်လုံးမရနိုင်သလို...
မကြိုက်နှစ်သတ်တာတွေကိုလဲ အကုန်လုံး မပယ်သတ်နိုင်ဘူးမဟုတ်လား...
ဒါဆို...သတိတရားအမြဲထားပြီး...နှလုံးသွင်းရမယ်...
အားလုံး အေးချမ်းကြပါစေ...အမေ့မေတ္တာအရှင်..

ရှိသင့်သောအချက်များ...


လောကကြီးနဲ့ လူသားတွေ..မိမိရဲ့ ပစ္စုပ္ပန်ဘ၀နဲ့ သံသရာကောင်းကျိုးအတွက်...လူတစ်ယောက်မှာ ထားရှိရမည့် အတွေးများကို လက်ဆောင်ပါးလိုက်ပါတယ်...
၁။ ဇွဲလုံ့လ၀ီရိယရှိခြင်း။
၂။ ရိုးသားဖြောင့်မတ်ခြင်း။
၃။ အမှန်တရားအကြောင်းအကျိုးကို လက်ခံနိုင်ခြင်း။
၎။စိတ်နှလုံး နှုညံ့သိမ့်မွေ့ခြင်း။
၅။မာန်မာနကင်းခြင်း။
၆။ကျေနပ်ရောင်ရဲတတ်ခြင်း။
၇။ အလိုလောဘနည်းခြင်း။
၈။လိုအပ်တာထက်ပို၍ ပစ္စည်းများကို ထားရှိခြင်း။
၉။ ပျာယာမခတ်ခြင်း။

၁၀။ဆင်ခြင်တုံတရားရှိခြင်း။
၁၁။ရုန့်ရင်းကြမ်းတမ်းမှုကင်းခြင်း။
၁၂။ လူတွေကို တစ်သားတည်းမြင်ခြင်း (ကွဲခြားမှုကင်းခြင်း)။
၁၃။လောကဓမ္မကဲ့ရဲ့လွတ်အောင် နေထိုင်ကျင့်သုံးခြင်း။
သိသူဖော်စား..မသိသူကျော်သွား...လိုလျှင်ခူးစား..မလိုလျှင်ချန်ထားပေါ့...
အားလုံး သောကကင်းနိုင်ပါစေ..အမေ့မေတ္တာအရှင်..

Saturday, September 1, 2012

ကိုးကြာတောင်ပံခတ်သံ သို့ သာသနာ့အားမာန် အပိုင်း (၅)

  ဒီနေရာမှ ချင်းတောင်တန်းက စေတနာဆရာဝန်လေးရဲ့ ဆေးရုံမှာတော့ အခမဲ့ကုပေးတာလား၊ စရိတ်မျှပေး ဆိုတဲ့ခေါင်းစဉ်အောက်က ကုပေးတာလားဆိုတာ မသိရဘူး။ နောက် လူနာေ တွက ငွေကြေးမ တတ်နိုင်တဲ့အခါ ဆရာဝန်ကိုယ်တိုင် ငွေကြေးစိုက်ထုတ်ပြီး ကုသပေး၊ မပေးဆို တာကိုလဲ မတွေ့ရဘူး။ အတုယူစရာတွေများလှတဲ့ ချင်းတောင် တန်းက စေတနာဆရာဝန်တစ်ယောက်ရဲ့ အရည်အချင်း တွေမှာ ဒီအချက်လက်လေးတွေ ကျန်နေခဲ့တာကို တွေ့လိုက်ရတယ်။ ယနေ့မျက်ေ မှာက်ခေတ်မှာ တစ်ချို့ ဆရာဝန်တွေ၊ ဆေးရုံအုပ်ကြီးတွေက တကယ် ဆင်းရဲပြီး သေရေးတမျှ အရေးကြီးနေတဲ့ ခွဲစိပ်လူနာေ တွကို မိမိရဲ့အိတ်ကပ်ထဲက အရင်းနီးငွေကို စိုက်ထုတ်ပြီး ကုသခွဲစိပ်ေ ပးတာကို တွေ့ရတတ်ပါတယ်။ ရှားတော့ အတော်လေး ကို ရှားလှပါတယ်။ ဒါကြောင့် ဒီနေရာမှာ ချင်းတောင်တန်းက ဆရာဝန်အတွက် ဒီအချက် အလက်တွေသာ ရှိခဲ့ ဖော်ပြခဲ့ မယ်ဆိုရင် သိပ်ကိုလှပ သွားမှာပါ။ ဒါက..တွေးမိတာလေးကို ချပြခြင်းရယ်ပါ။
          ဘာသာရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတော့…..အရှင်ဟာ သာသနာပြု ၂နှစ်တာကာလပတ်လုံး နားရ တယ်ဆိုတာ မရှိခဲ့ပါဘူး။ မိမိတို့ကို အမိနပသတက္ကသိုလ်ကြီးက စေလွတ်လိုက်သည့် အဓိက ရည်ရွယ် ချက်သည် သာသနာပြုဖြစ်နေသောကြောင့် ဘာသာရေးကို ပိုပြီး လုပ်ဆောင်ခဲ့ရပါတယ်။
   ပထမဦးဆုံး တာဝန်ကျတဲ့ ခန္တီးအကျဉ်းထောင်ဘေးက လာဝယ်ဆိုတဲ့ ယောင်ကွန်နာဂ ရွာလေး မှာတော့ ရှေ့ဦးစွာ နာဂတိုင်းရင်းသားကလေးငယ်များကို ချော့မော့ကာကျောင်းမှာ ကိုရင်ဝတ်ေ ပးရပါ တယ်။ သူတို့လေး တွေကို ဘုရားရှိခိုး ပရိတ်ကြီး ဆုံမစာလေးများကို သင်ပေးရပါတယ်။ ကိုရင်ေ လးတွေ ဆယ်ပါးနဲ့ လာဝယ်ရွာ လေးမှာ အတော်လေးကို အေးချမ်းပျော်ရွှင်ေ နခဲ့ပါတယ်။
       နောက်…ကိုရင်လေးတွေကို (တုမှေသုခိတာဟောထ၊ တုမှေဒုက္ခ မုဉ္ဇထ- ဆွမ်းဒကာ၊ဒကာမတွေ ကျန်းမာကျပါစေ၊ ချမ်းသာကျပါစေ၊ ၀မ်းသာကျပါစေ၊ လမ်းဖြာ ကျပါစေ၊ ဘေးကင်းပါစေ၊ သာသာနြာ  ပုနိုင်ပါစေလို့)မေတ္တာပို့ကို သင်ပေးကာ ရွာထဲကို တန်းဆွမ်းခံ ထွက်ခိုင်းရပါတယ်။ ရွာက လူကြီးများကလဲ ကူညီဆောင်ရွက်ပေးပါတယ်။ ဆွမ်းကို ၈ နာရီလောက်မှ စထွက်ရပါတယ်။ ဒီထက်စောရင် ဟင်းက မကျ က်သေးဘူးလေ။
       ထွက်ခါနီးမှာတော့ ရွာထဲက လူကြီး တစ်ယောက်နှစ်ယောက်က ကြိုတင်ပြီး ရွာထဲမှာ ဆွမ်းခံထွက် လာပြီဖြစ်ေ ကြာင်း နှိုးဆော်ပေးပါတယ်။ အရှင် ကလဲ ကိုရင်လေး ၁၀ပါး ကျောင်းသားလေး ၃ ယောက်နဲ့ ကိုယ်တိုင်ရှေ့ကနေပြီး ကြေးစည်သံ တညံညံပေးလို့ ညရွာတစ်ပတ် ကြွပါ တယ်။ လောင်းသည်ဖြစ်စေ၊ မလောင်းသည်ဖြစ်စေ ရွာတစ်ပတ်တော့ ပြီးအောင်ကြွပါတယ်။ အစရက်တော့ သိပ်မလောင်းကြဘူး။ သူတို့တစ်တွေ ဆွမ်းခံထွက်တယ်ဆိုတာကိုလဲ ရွာမှာ မတွေ့ဖူးဘူး။ ပထဦးဆုံးအြ ကိမ်ဆိုတော့ ခက်ခဲမှုေ တာ့ရှိပါတယ်။ လောင်းရကောင်းမှန်းလဲ မသိကြ ဘူးလေ။ သူတို့တစ်တွေက ဟင်းချက်လဲနာက်ကျ တယ်။ နောက် ဟင်းမကောင်းရင်လဲ မလောင်းချင်ကြဘူး။
          မှတ်မိနေပါသေးတယ် နာဂတိုင်းရင်းသူ-တိုင်းရင်းသားလေးတွေ အရှင်တို့ဆွမ်းခံကြွလာပြီဆို ထွက်ထွက်ပြေး ကြတာလေ။ ကြောက်ကြတာကိုး။ ပြီးတော့..လှော်ဝမ်း.. ”ငါတို့အိမ်က ဟင်းမကောင်း ဘူးနော်။ စားလား မစားလားလဲ မသိဘူး။ လှော်ဝမ်းတို့က မြို့ကြီးက လာတာဆိုတော့လေ အားနာတယ်။ ဒါကြောင့် ဟင်းမကောင်းရင် မလှောင်ချင်ဘူး” ဆိုတဲ့ နာဂတိုင်းရင်သူလေးများရဲ့ အားနာသံလေးတွေကိုလဲ ယနေ့ ထိတိုင်မမေ့နိုင်ခဲ့ပါဘူး။ ရိုးသားဖြူစင်ပြီး အပြစ်ကင်းနေတဲ့ သူတို့လေးတွေကို တကယ်လဲ မေတ္တာ -ကရု ဏာတွေ ကြီးခဲ့ရတာပါ။ ဆွမ်းခံထွက်ခြင်းကြောင့် ကိုရင်တွေ ကျောင်းသားလေးေ တွလဲ ဖောဖော သီသီ ဘုဉ်းပေးရပါတယ်။ ရွာထဲက ကျောင်းလာတဲ့ သူတွေကိုလဲ ကျွေးမွေးနိုင် ပါတယ် ။ နောက်.. တိရစ္ဆာန် လေးတွေ ကိုလဲ ကျွေးနိုင်ပါတယ်။        
          နောက်ပြီး…ရွာထဲက ကလေးမလေးတွေကို စုကာ ကျောင်းမှာ ဓမ္မစကြာ.ပရိတ်. ၀တ်ရွတ်စဉ်ကိုလဲ သင်ပေးပြီး ဓမ္မစကြာအသင်းဖွဲ့ပေးထားပါတယ်။ အစတော့ သူတို့လေးတွေက ရှက်ကြောက် စိတ်ဝင်နေ တဲ့အတွက် သင်ရတာတော့ အနည်းအငယ် ခက်နေပါတယ်။ နောက်တစ်ရက်နှစ်ရက်ကြာတော့လဲ အဆင်ပြေ သွားပါတယ်။ ဥပုသ်နေ့တိုင်း သူတို့လေးတွေကို ကျောင်းမှာခေါ်ပြီး ရွတ်ခိုင်းပါတယ်။ သူတို့လေး တွေက လိမ်မာရေးခြားရှိပါတယ်။ စာလဲတော်ကြပါတယ်။ တောင်တန်းဒေသ ဖြစ်တဲ့ ဒီကန္တာရလွင်ပြင်မှာ ဘ၀ပေးအ ခြေအနေရ ရှင်သန်းနေကြတဲ့ အရိုင်းပန်းလေးတွေမှာ မြင့်မားပြီး တန်ဖိုးကြီးမားတဲ့ အရည် အသွေးတယ် ရှိနေတယ်ဆိုတာကို ကိုယ်တိုင်သိခဲ့ရပါတယ်။ သူတို့လေးေ တွကို ပြုစုပျိုးထောင်ပေးပြီး သူတို့လေးတေွးဆီက သူတို့ရိုးရာဓလေ့နှင့် စကားကို ပြန်လည်သင်ယူ ခွင့်ရခဲ့ ပါတယ်။
          နောက်…ဒီရွာလေးမှာ ဘုရားစေတီတစ်ဆူရှိပါတယ်။ သိပ်ပြီး နှစ်ပေါင်းမကြာသေးသော်လည်း ပထ၀ီ အနေအထားကြောင့် အက်ကွဲနေပါတယ်။ ဒီတော့ စေတီကိုပြန်လည်ပြုပြင်ပြီး ဗုဒ္ဓပူဇနိယပွဲလေး ကျင်းပပေးဖို့ တာဝန်ရှိလာပါတယ်။ တာဝန်ကသေးသေး မဟုတ်ပါဘူး။ တကယ်တော့ ပြုပြင်ဖို့နဲ့ ဘုရား ပွဲလေး ကျင်းပ ပေးဖို့ဆို သိန်း၂၀ နီးပါးလောက်ကုန်ကျမှာပါ။ မိမိက ဒီခန္တီးနာဂေ တာင်တန်း ကို ရောက်လာတာကမှ သုံးလေး လပဲ ရှိသေးတယ်။ ဘယ်သူကိုမှ ရင်းနှီးသိကျွမ်းတာ မဟုတ်ဘူး။ သိတာ ဆိုလို့ အတူသာသနာ ပြုကျတဲ့ ညီတော်နောင်တော်တွေနဲ့ မိမိသာသနာပြု  တာဝန်ကျတဲ့ ရွာလေးေ လာက်ပဲရှိတာပါ။ ဒီတော့ ခက်ခဲမှု တွေက မိမိကိုစိန်ခေါ်နေလေရဲ့။ ဘာပဲဖြ စ်ဖြစ် ကောင်းပင် ပျိုးက ၊ ကောင်းကျိုးရ၊ လောကဓမ္မတာ .. ဆိုတဲ့ လောကဆောင်ပုဒ်ကို ကိုင်ဆောင်ပြီး အရှင်ကြိုး စားခဲ့ ပါတယ်။
          ဘယ်လိုကြိုးစားဆောင်ရွက်ခဲ့သလဲဆိုတာကိုတော့………………………
အပိုင်း (၆) ဆက်ပါအုံးမည်။ အားလုံးသာယာရွှင်လန်းပြီး ဆင်းရဲသူ၊ အားငယ်သူများ အပေါ် မေတ္တာထား၊ စာနာထား၊ ကူညီစောင့်ရှောက်နိုင်ကြပါစေလို့…အမေ့မေတ္တာအရှင်…