Sunday, May 27, 2012

အငိုနဲ့အပြုံး အားပြိုင်ပွဲ


                                 
အမေ..မွေးမေမေ ငိုနေသည်...
မယ်တော် ရဟန်းမယ်တော်ပြုံးနေသည်။
နေရာ ရဟန်းလောင်းတက်ရာ ဇာတိချက်ခြွေ ရွာကျောင်းမြေက ခဏ္ဍသိမ်အတွင်း။
အချိန် ကမ္မ၀ါဖတ်...သြ၀ါဒပေးပြီး ရဟန်းဖြစ်စအချိန်။
ရဟန်းမယ်တော်အတွေး...သာသနာ့အမွေ အမြတ်ဆုံးအမွေကို ခံယူခွင့်ရတဲ့ ကုသိုလ်ပီတိ။
မွေးမေမေ....ရင်ထဲမှာ....ငါ့သားလေး မြင့်မြတ်တဲ့ ရဟန်းဘောင်တက်ပြီ...ငါတို့ ရဟန်းအစ်မလေးတောင် လုပ်ခွင့်မရ...ငါ့သားကို...ပရိက္ခရာလေးတောင် အစုံ လှူခွင့်မရ....မွဲလှတဲ့ ကံကြမ္မာဆိုး ဆိုပြီး..မျက်ရည်ကျနေသည်။
သားရဟန်း...မွေးမေမေကို ရဟန်းဒကာမကြီးလုပ်စေချင်သည်၊ မွန်မြတ်တဲ့ သာသနာ့အမွေကို ခံယူစေချင်သည်။. သို့သော် မေမေနဲ့ဖေဖေက ဆင်းရဲသည်၊ ဘာမှ မထောက်ပံ့နိုင်ခဲ့ဘူး၊ ရဟန်းတစ်ပါးရဲ့ အနာဂတ်တာဝန်တွေကလဲ မသေးဘူး။ သား..အခါပေါင်းများစွာ စဉ်းစားခဲ့ရတယ်။ တွေးတောခဲ့ရတယ်။ ဆုံးဖြတ်ရခက်ခဲ့ပါသည်...နောက်ဆုံးတော့ အရှုံးပေလိုက်ရသည်။
သား.......လည်း မျက်ရည်ကျ...မေမေလည်း ငိုခဲ့ရသည်။ ရဟန်းအမေနဲ့ သားရဟန်း အပြိုင်ငိုခဲ့ရတာကို...သားမှတ်မိနေပါတယ်....မေမေ..မေမေပြုလုပ်ခဲ့သမျှနဲ့ သားမေမေအတွက်ရည်စူး..ပြုလုပ်ခဲ့သမျှ..ကောင်းမှုတွေကို...မျှဝေလိုက်ပါသည်...မေမေ..ကောင်းရာသုဂတိ စံမြန်းနိုင်ပါစေ...မေမေရဲ့..သားရဟန်း..

Wednesday, May 23, 2012

Buddha's daily duties.


မတ်စွာဘုရားရှင်၏ နေ့စဉ်ဆောင်ရွက်မှုများ
(က) နံနက်ခင်း လုပ်ငန်းစဉ် = ဆွမ်းခံကြွတော်မူခြင်း။ ဒါယကာ၊ ဒါယိကာမတို့နှင့် သင့်လျော်သော အနုမောဒနာတရားများ ဟောကြားခြင်း။
(ခ) နေ့လယ်ခင်း လုပ်ငန်းစဉ် = ဒုလ္လဘတရားငါးပါး ဟောကြားခြင်း။ ကမ္မဋ္ဌာန်းပေးတော်မူခြင်း။ ကျွတ်ထိုက်သော သတ္တ၀ါများကို ဆင်ခြင်ကြည့်တော်မူခြင်း။ ဒါယကာ၊ ဒါယိကာမတို့အား တရားဟောကြားခြင်း။
(ဂ) ညဥ့်ဦးယံ လုပ်ငန်းစဉ် = ရဟန်းတော်များ မေးမြန်းလျှောက်ထားသည်ကို ဖြေရှင်းဟောကြားတော်မူခြင်း။
(ဃ) သန်းခေါင်ယံ လုပ်ငန်းစဉ် = နတ်၊ ဗြဟ္မာတို့ မေးမြန်းလျှောက်ထားသည်များကို ဖြေရှင်းဟောကြားတော်မူခြင်း။
(င) မိုးသောက်ယံ လုပ်ငန်းစဉ် = ပထမပိုင်းတွင် စင်္ကြံကြွတော်မူုခြင်း။
ဒုတိယပိုင်းတွင် ခေတ္တအနားယူ လျောင်းစက်တော်မူသည်။ တတိယပိုင်းတွင် တလောကလုံးကို ခြုံငုံ၍ ကုသိုလ်ပါရမီအထူး ရှိသူများကို ကြည့်ရှုဆင်ခြင်တော်မူသည်။(ကျွတ်
ထိုက်သော သတ္တ၀ါဝေနေယျတို့အား မနက်တကြိမ်၊ နေ့လည်တကြိမ် ကြည့်ရှုတော်မူပြီး မည်မျှခရီးဝေးစေကာမူ ကြွရောက်ဟောပြော ချွတ်တော်မူမြဲဖြစ်ပါသည်။ ဤသို့ဖြင့် ၄၅-၀ါပတ်လုံး နေ့မနား၊ ညမနား၊ အများသတ္တ၀ါတို့အကျိုး သယ်ပိုးဆောင်ရွက်တော်မူပါသည်။)

သူငယ်ချင်း.

သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။ "သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။

သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။

လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ "သူငယ်ချင်း"ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။

ဒီလိုဆိုရင် ဘယ်လိုအရာမျိုးကို သူငယ်ချင်းအစစ်အမှန်လို့ ခေါ်သလဲ? လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှယောက်လိုသလဲ?

အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့ ဆိုထားတယ်။ အမေရိကန်စာရေးဆရာ Tom Rathက လူတစ်ယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။

(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း

သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။

(၂) ဖေးမကူညီတဲ့သူငယ်ချင်း

သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။

(၃) စိတ်တူကိုယ်တူ သူငယ်ချင်း

သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။

(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း

ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။

(၅) အားပေးဖော် သူငယ်ချင်း

ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ
သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။

(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း

သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်
။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။

(၇) လမ်းပြသူ သူငယ်ချင်း

သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။

(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း

ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။

ဒီစာလေးကိုဖတ်ပြီးတော့ ကိုယ့်ရဲ့ သူငယ်ချင်းတွေကို ဆန်းစစ်ကြည့်လို့ ရတာပေါ့နော်။ သူငယ်ချင်းတို့ အားလုံး ဘ၀မှာ အကောင်းဆုံးသူငယ်ချင်းတွေနဲ့  အမြဲ ဆုံစည်းနိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ
တယ်

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်း



 ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်း

ဆီးကျောက် (Renal Calculi) ဆိုတာ မာကျောတဲ့ အရာဝတ္ထုတစ်မျိုးဖြစ်ပြီး ဆီးလမ်းကြောင်းတစ်လျှောက် ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်ကာ နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးလမ်းကြောင်း ပိတ်ခြင်းနှင့် ရောဂါပိုးဝင်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်...

Stones in the Urinary Tract

- သေးငယ်လှတဲ့ ကျောက်တွေဟာ ရောဂါလက္ခဏာ မပြဘဲ ရှိနေတတ်ပါတယ်... ကြီးမားတဲ့ အရွယ်အစားရှိတဲ့ ဆီးကျောက်တွေကတော့ ကျောပြင်နံရိုးနဲ့ တင်ပဆုံရိုးတို့ နှစ်ခုကြားမှာ နာကျင်တဲ့ဝေဒနာကို ဖြစ်ပေါ်စေတတ်ပါတယ်...

- ပုံမှန်အားဖြင့် ရောဂါကို အတိအကျ နာမည်တပ်နိုင်ဖို့ ဓါတ်မှန်ရိုက်ခြင်း၊ Ultra Sound ရိုက်ခြင်း၊ ဆီးစစ်ကြည့်ခြင်းစတဲ့ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်..

- အစားအစာကို ဆင်ခြင်ခြင်းဟာ ဆီးကျောက်တည်ခြင်းကို တစိတ်တဒေသအထိ ကာကွယ်နိုင်ပါတယ်..

- ဆီးကျောက် အရွယ်အစားကြီးလို့ သူ့ဘာသာသူ ပြင်ပကိုမရောက်ရှိနိုင်တဲ့ ကျောက်တွေကို ပြင်ပကနေ ဓါတ်ရောင်ခြည်နဲ့ ချေဖျက်ခြင်း၊ မှန်ပြောင်းဖြင့် ကြည့်၍ သေးငယ်သော ခွဲစိတ်မှု ဖြင့် ထုတ်ယူခြင်း၊ ပုံမှန် ခွဲစိတ်မှုဖြင့် ထုတ်ယူခြင်း စတဲ့ ကုသမှုတွေ လိုအပ်ပါတယ်...

ဆီးကျောက်ဟာ ကျောက်ကပ်၊ ဆီးပြွန်နဲ့ ဆီးအိမ်စတဲ့ နေရာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်.. ဒီလိုဖြစ်ပွားတဲ့ နေရာပေါ်မှာ မူတည်ပြီး Kidney stone, Ureteral stone နဲ့ Bladder stone စသဖြင့် သတ်မှတ်ခေါ်ဝေါ်ကြပါတယ်... အမေရိကားနိုင်ငံမှာ ဆိုရင် တစ်နှစ်မှာ အရွယ်ရောက်ပြီး အမျိုးသားအမျိုးသမီး ၁၀၀၀ မှာ ၁ ယောက်နှုန်းဟာ ဆီးလမ်းကြောင်း ကျောက်တည်မှုကြောင့် ဆေးရုံတက်ပြီး ကုသမှုခံယူရတယ်လို့ စစ်တမ်းများအရ သိရပါတယ်... အဓိကအားဖြင့် ဆီးကျောက်တည်ခြင်း ရောဂါဟာ လူလတ်ပိုင်း အသက်အရွယ်တွေမှာ ပိုအဖြစ်များပြီး အသက်ကြီးပိုင်းမှာတော့ အမျိုးသားများက ပိုမိုဖြစ်တတ်ပါတယ်...

ဒီလိုဆီးကျောက်တည်တဲ့ လူနာတွေမှာ တကယ်လို့ ဆီးလမ်းကြောင်းကို အနည်းငယ်ပိတ်စေပြီး ဆီးကျန်မှု ဖြစ်စေခဲ့ရင် ရောဂါပိုးမွှားများ ပေါက်ဖွားပြီး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်.. ဒါ့အပြင် ဒီလိုဆီးလမ်းကြောင်း တစ်ဘက်ဘက်ကို ပိတ်ထားမှု ကာလရှည်ကြာခဲ့ရင် ဆီးတွေများလာပြီး Hydronephrosis လို့ခေါ်တဲ့ ကျောက်ကပ်ဝေဒနာကိုပါ ခံစားရနိုင်ပြီး ကျောက်ကပ်ပျက်ဆီးတတ်ပါတယ်...


ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းများ

ကျောက်တည်ရခြင်းရဲ့ အကြောင်းရင်းများကတော့ ခန္ဒာကိုယ်တွင်း ကျောက်ဖြစ်ပွားမှုကို ဟန့်တားပေးတတ်သော ဓါတ်များချို့ယွင်းခြင်း (ဥပမာ- Citrate သည် ခန္ဒာကိုယ်တွင်းသို့ ရောက်ရှိလာသော calcium (ကယ်လဆီယမ်) ဖြင့် ပေါင်းခြင်းဖြင့် ကျောက်ဖြစ်တည်မှုကို တားဆီးပေးသည်..)၊ ဆီးအတွင်း ဓါတ်ဆားဓါတ် များပြားစွာ ပါဝင်နေတတ်ခြင်း စသည်တို့ ဖြစ်ပါတယ်.. ဆီးကျောက်တွေရဲ့ ၈၀% ခန့်ဟာ ကယ်လဆီယမ်နဲ့သာ ဖြစ်တည်လာကြတာ ဖြစ်ပါတယ်.. နေ့စဉ်စားသုံးတဲ့ အစာ အာဟာရထဲမှာ ဗီတာမင် စီဓါတ်၊ ပရိုတင်းဓါတ်၊ ကယ်လဆီယမ်ဓါတ် များပြားစွာ ပါဝင်နေသူများနဲ့ ရေကို လုံလောက်အောင် မသောက်သုံးတတ်သူများ၊ မိမိရဲ့ မိသားစုထဲမှာ ရောဂါဖြစ်ပွားတဲ့သူရှိတဲ့ သူများမှာ ဒီလို ကျောက်တည်တဲ့ ရောဂါ ပိုမိုဖြစ်ပွားတတ်ပါတယ်...

Struvite stones လို့ခေါ်တဲ့ ကျောက်အမျိုးအစားကတော့ ရောဂါပိုးဝင်ထားတဲ့ အခြေအနေမျိုးမှာသာ ဖြစ်ပွားတတ်ပါတယ်...ဒါကြောင့် ဒီကျောက်အမျိုးအစားကို Infection stones လို့လည်း ခေါ်ဝေါ်ကြပါတယ်...


ရောဂါ လက္ခဏာများ

သေးငယ်တဲ့ အရွယ်အစားရှိတဲ့ ကျောက်ဆိုရင် ရောဂါလက္ခဏာ လုံးဝ မပြသတာမျိုး ဖြစ်နိုင်ပါတယ်... ဆီးအိမ်ထဲမှာ တည်တဲ့ ကျောက်အမျိုးအစားကတော့ ဝမ်းဗိုက်ရဲ့ အောက်ပိုင်း (ဆီးခုံနားမှာ) နာကျင်တဲ့ ဝေဒနာ ခံစားရတတ်ပါတယ်.... ဒါမှမဟုတ် ဒီထက်ဆိုးတဲ့ ဆီးလမ်းကြောင်း ပိတ်စေတဲ့အထိ ဖြစ်လာပြီဆိုရင်တော့ ခါးနာခြင်းနဲ့ ကျောပြင် တစ်လျှောက်(နံရိုးနှင့် တင်ပဆုံရိုးတို့ကြား) ပြင်းထန်စွာ နာကျင်ခြင်းတို့ ခံစားရတတ်ပါတယ်...

အခြားသော ရောဂါလက္ခဏာများအနေနဲ့ မူးဝေ အော့အန်ခြင်း၊ ချွေးစေးပြန်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်းနှင့် ဆီးထဲတွင် သွေးပါခြင်းစသည့် လက္ခဏာများအပြင် နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဆီးလမ်းကြောင်းပိုးဝင်လာရင်တော့ ဆီးမကြာခဏ သွားရခြင်း၊ ချမ်းတုန်၍ ဖျားခြင်း၊ ဆီးသွားစဉ် အနည်ပါခြင်း စသည်တို့ကိုလည်း တွေ့ရနိုင်ပါတယ်..


ကာကွယ်ခြင်း

ဆီးကျောက်တည်ခြင်းကို တစိတ်တဒေသ ထိ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်...

- ရေများများသောက်ခြင်း- လေ့လာမှုများအရ တစ်နေ့ကို အနည်းဆုံး ရေ ၃၀၀ မီလီလီတာပါဝင်တဲ့ ရေခွက်ပေါင်း ၈ခွက်ကနေ ၁၀ ခွက် (၂၄၀၀ ကနေ ၃၀၀၀ မီလီလီတာ/ ၁ လီတာပါဝင်သော ရေသန့်ဘူးကြီး ၃ ဘူးခန့်) သောက်သုံးရင် ဆီးကျောက်ဖြစ်ပွားမှုကို(မည်သည့် ကျောက်အမျိုးအစားမဆို) အထိုက်အလျှောက် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်...
- ကယ်လ်ဆီယမ် ဓါတ်ကြောင့် ဖြစ်တဲ့ ကျောက်တည်တဲ့ ဝေဒနာရှင်တွေအတွက်တော့ အစားအစာထဲမှာ ကယ်လ်ဆီယမ်ဓါတ် များစွာ ပါဝင်တဲ့ အစားအစာများ(ဥပမာ- နွားနို့၊ ကွေကာ စသဖြင့်) ကို လိုအပ်သည်ထက် ပိုမိုစားသုံးခြင်းကို ရှောင်ရှားရပါမယ်...( လိုအပ်သော ပမာဏ တစ်နေ့လျှင် ၁၀၀၀- ၁၅၀၀ မီလီဂရမ်)...
- Uric acid ဓါတ် ပါဝင်တဲ့ကျောက် အမျိုးအစားကြောင့် ဖြစ်တဲ့ ဝေဒနာရှင်တွေ အတွက် အနီရောင်ရင့်တဲ့ အသားများကို လျော့ချစားသုံးဖို့ လိုပါတယ်... ဘာလို့လဲဆိုတော့ ဒီလို အနီရင့်ရောင် အသားတွေဟာ ဆီးထဲမှာ uric acid ဓါတ်ပါဝင်မှုနှုန်းကို များစေလို့ဖြစ်ပါတယ်..


ကုသခြင်း

သေးငယ်တဲ့ အရွယ်အစားသာရှိတဲ့ ဆီးကျောက်အမျိုးအစားဖြစ်ပြီး ရောဂါလက္ခဏာလည်း မပြခဲ့ဘူး၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်း ပိတ်ခြင်း စတဲ့ ပြဿနာတွေလည်း မရှိခဲ့တဲ့ ကျောက်တွေကို မကုသဘဲ ထားလို့ရပါတယ်.. ဒီလို ဝေဒနာရှင်များအနေနဲ့ ရေများများသောက်ခြင်း၊ သွေးပြန်ကြောထဲမှ တဆင့် ဆေးရည်များစွာ သွင်းခြင်း ( receiving large amounts of fluids intravenously) စတဲ့နည်းတွေနဲ့ ဆီးနဲ့အတူ ကျောက်ကျသွားအောင် ပြုလုပ်နိုင်တယ် လို့ ဆိုပါတယ် (ဒါပေမယ့် ဒီနည်းလမ်းဟာ ကျောက်ကျအောင်လုပ်ဖို့ အထောက်အကူဖြစ်တယ်ဆိုတာ သက်သေတော့ မပြနိုင်ကြသေးပါဘူး)... ဒါ့အပြင် ရောဂါ ပေါ်မူတည်ပြီး သင့်တော်တဲ့ ဆေးဝါးများနဲ့လည်း သက်သာပျောက်ကင်းအောင် ကုသနိုင်ပါတယ်...

ကျောက်ကပ်ရဲ့ ဗဟိုနေရာ (renal pelvis) ဒါမှမဟုတ် ဆီးပြွန်ရဲ့ အပေါ်ဆုံး ½ လက်မ အပိုင်းမှာ တည်နေတဲ့ ကျောက်တွေကို အပြင်ကနေ sound wave generator ကနေထုတ်လွှတ်တဲ့ shock waves တွေနဲ့ ကျေပျက်အောင် ချေဖျက်နိုင်ပါတယ်... ဒီလိုချေဖျက်လိုက်ခြင်းဖြင့် ကျောက်ဟာ အပိုင်းစလေးတွေဖြစ်ပြီး ဆီးနဲ့အတူ ပါဝင်သွားနိုင်ပါတယ်...


သေးငယ်တဲ့ အပေါက်ငယ်လေးကနေ မှန်ပြောင်းနဲ့ကြည့်ပြီး ကျောက်ကို ထုတ်တဲ့ကုသမှု (grasping forceps using an endoscope) ကိုလည်း အသုံးပြုကုသနိုင်ပါတယ်...

ဆီးပြွန်ရဲ့ အောက်ပိုင်းကိုရောက်နေတဲ့ သေးငယ်တဲ့ ကျောက်ဆိုရင်တော့ ureteroscope လို့ခေါ်တဲ့ ပိုက်ပျော့ scope ကိုအသုံးပြုပြီး ဆီးကျောက်ကို ချေဖျက်၍ဖြစ်စေ၊ ဖယ်ထုတ်၍ဖြစ်စေ ကုသနိုင်ပါတယ်..


အရွယ်အစား ကြီးတဲ့ ကျောက်အမျိုးအစားတွေကိုတော့ ခွဲစိတ်ကုသခြင်းဖြင့်သာ ထုတ်ယူ နိုင်ပါတယ်...


(၂၆.၁၀.၂၀၀၉)
Last Updated at 2009-10-26 on 05:02:59 Written by : လီယိုဒေါက်တာ Mutdfan.com

Monday, May 21, 2012

Healthy is Wealthy! “ကျေးဇူးတင်လွှာနှင့် ခံစားချက်”

                                      Healthy is Wealthy!
                                  “ကျေးဇူးတင်လွှာနှင့် ခံစားချက်”
       လောကမှာ အရေးကြီးဆုံးသော အရာတစ်ခုကို ခံစားချက်အတိုင်း ပြောရမယ်ဆိုရင် ကျန်းမာနေဖို့ပါပဲ။ အရေးကြီးလွန်းလို့ မြတ်ဗုဒ္ဓကတောင် “အာရောဂျာ ပရမာ လာဘာ” လို့ ဟောကြားခဲ့ပါတယ်။ ဒါကိုပဲ Healthy is Wealthy. လို့ ပြောဆိုနေကြတယ် မဟုတ်လား။
    တကယ်တော့ လူလောကကြီးကို ရောက်လာပြီဆိုကတဲ့က ဒီခန္ဓာကိုယ်ကြီးက ပေးသမျှ ဒုက္ခတွေကို ခံရတော့မယ်ဆိုတာ လူသားတိုင်း အသိပါပဲ။ သံသရာက မလွတ်သရွေ့တော့ ဒီ ဇာတိ- မွေးဖွားခြင်း။ ဇရာ-အိုမင်ရင့်ရော်ခြင်း။ ဗျာဓိ-နာကြင်ခြင်း။ မရဏ-သေဆုံးခြင်းဆိုတဲ့ သဘာဝ တရားတွေက အမြဲတမ်း လူကို ဒုက္ခပေးနေတာပါ။ သို့သော်လည်း ဒါကို ဒုက္ခပါလို့ တကယ် သိမြင် သဘောပေါက်တဲ့လူက နည်းတယ်လေ။ ပုထုဇဉ်များပီပီ ဒီဒုက္ခလေးတွေကို တွယ်တာတက်မက်နေတာပဲ မဟုတ်လား။
   ဘယ်လောက်ပဲ ဒီဒုက္ခသဘောတရားတွေကို နားလည်နားလည် တကယ်လက်တွေ့ဖြစ်လာပြီလဲဆိုရော မခံစားနိုင်တော့ဘူးလေ။ ရုပ္ပတီတိ ရူပံ ဆိုတဲ့အတိုင်း ရုပ်တရားကြီး တကယ်ဖောက်ပြန်လာပြီဆိုရော ဘယ်သူကများခံစားနိုင်လို့လဲ။ ခံစားနိုင်သည်ပဲ ထားပါတော့ အတော်လေးကို ဓမ္မပါရမီ ရင့်သန်နေမှပါ။ တကယ်ခန္ဓာကိုယ်ကြီး ဖောက်ပြန်လာပြီဆိုပါက အတော်လေးကို ဆင်းရဲခြင်းဖြစ်ရပါတယ်။ အဘိဓမ္မာမှ ဆိုရိုးစကားလေး ရှိပါတယ်။ ဘာတဲ့..စိတ်ထောင်းတော့ ကိုယ်ကြေ..တဲ့။ ဒါက တကယ်အမှန်သဘောပါ။ သို့သော်လည်း စိတ်ထောင်းလို့ ကိုယ်ကြေတာထက်။ ကိုယ်ထောင်းလို့ စိတ်နာတာက ပိုပြီး ခံစားရခက်ပါတယ်။ စိတ်ထောင်းတဲ့အခါ ခန္ဓာကိုယ်ကြီးက ကြေယုံပဲ ကြေတာပါ။ ကိုယ်ထောင်းပြီ ဆိုရင်တော့ ကိုယ်ရော စိတ်ရော ကြေလဲကြေ..နာလည်းနာ တကယ်ကို အီလည်ေ အာင်ခံစားရတာပါ။
   ဒါတင်ဘယ်ကမလဲ..ခန္ဓာကိုယ်ကြီး ဖောက်ပြန်လာလို့ ကျန်းမာရေး မကောင်းဖြစ်ပြီဆိုပါက ..အလုပ်ပျက်၊ အစားပျက်၊ အားလုံးလိုလိုပျက်တော့တာပါပဲ။ ကျန်းမာရေး မကောင်းဘူး ဆိုတာ နဲ့ ဆေးခန်း ဆေးရုံကို သွားရတယ်။ ဆေးရုံကို ရောက်ပြီဆိုကတဲ့က ..လူလည်နာ. .စိတ် လည်းပန်း၊ ငွေလည်း ကုန်ပြီလေ။ လူနာရတာက ဆေးထိုးခံရမယ်။ ဒီလောက်နဲ့မရရင် ခွဲစိပ်ခန်း ၀င်ရမယ်။ ဘယ်မှာ မနာပဲ ရှိပါ့မလား။ စိတ်ပင်ပန်းရတာက စားချင်တာကို မစားရ၊ လုပ်ချင်တာကို မလုပ်ရ၊ သွားချင်တာကို မသွားရ။ နောက်ဆုံး အပေါ့အပါးလေးတောင် ကောင်းကောင်း မသွားနိုင်ဘူး မဟုတ်လား။ ငွေကုန်ရတာက ဆေးဖိုးဝါးခတွေ ပေးရမယ်။ အလုပ်ကိုင်ပျက်တော့ ၀င်ငွေ မရှိဘူးလေ။ ဒါကြောင့် ကိုယ်ထောင်လို့ စိတ်နာတာက ပိုပြီး ခံစားရ၊ ဆင်းရဲဒုက္ခများတယ်လို့ဆိုလိုက်ခြင်းရယ်ပါ။
     တစ်ခုတော့ ကောင်းပါတယ်..ပုထုဇဉ်လူသားများပီပီ တကယ် ရုပ်နာတရားများရဲ့ ဆင်းရဲခြင်း ဒုက္ခ ဝေဒနာတွေကို ခံစားရပြီဆိုမှ တရားသဘောလေး နည်းနည်းပါးပါး ပေါက်လာကြတယ်။ တရား သဘောလေးကို ဆင်ခြင်မိလာတယ်။ သတိရလာကြတယ်။ သြော်..ဘုရားဟောတာများ မှန်လိုက်တာ။ လူ့ဘ၀ဆိုတာ တကယ်ကို တိုတိုလေးပါလား။ တကယ်လဲ ဒုက္ခကြီးပါလား.။ နောက်ဆုံးတော့ ဓမ္မပီတိက လွဲရင် အားလုံးက ဆင်းရဲခြင်းေ တွပါလား။ လူ့ဘ၀ ပျော်ရွှင်ခြင်းဆိုတာ အနိမ့်ဆုံး ဘာမှ မပြောေ လာက်သေးတဲ့ ပီတိပါလား။ ငါ့မှာ …ဒီလက်ရှိ ဘ၀အတွက် ပညာရေး၊ စီးပွားရေး၊ လူုမှုရေး၊ ကျန်းမာရေး၊ မိသားစုရေးတွေ လုပ်ကိုင်နေရတာနဲ့ သံသရာ အတွက် ဘာမှ မလုပ်ရသေးပါလား။ ကိုယ်နောက်ကိုပါမဲ့ ကုသိုလ်တွေက နည်းနေပါ့လား။
  မဖြစ်သေးဘူး..ဒီအချိန်မှာ သေများသွားရင် မတွေးဝံစရာပါလား။ ဘုရားက မိမိပြုလုပ် အားထု တ်တဲ့ ကောင်းကံ ၊မကောင်းကံတွေက လွဲရင် သေရာနောက်ကို ဘာမှ မပါဘူးတဲ့။ မိဘ.. ပစ္စည်းဥစ္စာ ဘာဆိုဘာမှ မပါဘူးဆိုပါလား။ အင်း..တွေးကြည့်ရင် အခုချိန်မှာ ငါမသေရဲသေးပါလား။ မသေးရဲဆို သံသရာ ရိက္ခာထုပ်တွေကို ထုပ်မှ မထုပ်ရသေးတာကို။ တကယ်တော့ Man is mortal ဆိုတဲ့အတိုင်း ငါသည်..တစ်နေ့ အဟုတ်ကို သေရမှာပါလား။ ဒီတော့ ကောင်းမှုကုသိုလ်တွေကို တတ်အားသမျှ လုပ်မှပဲ။ လောကီင်္အာရုံတွေနဲ့ပဲ အချိန်တွေကုန်နေလို့ မဖြစ်ေ တာ့ဘူး။ ဖြစ်နိုင် သမျှ အေးမြတဲ့ တရားအရိပ်မှာ ခိုလှုံပြီး ..သံသရာ အတွက် ကောင်း ကျိုးပြုမဲ့ ကောင်း ကံတွေဖြစ်တဲ့ ဒါန. .သီလ. .ဘာဝနာပါရမီတွေကို အားထုတ်မှ ဖြစ်ေ တာ့မယ်. .ဆိုတဲ့ သတိ သံဝေဂေ လးကို ရလာကြပါတယ်။
    ဘာပဲဖြစ်ဖြစ် အကောင်းဆဲုံးက Protecting is better than Curing. ဆိုတဲ့အတိုင်း အားလုံး မဖြစ်ခင်က ကြိုတင် ကာကွယ်တာ။ လေ့ကျင့်တာ။ အားထုတ်တာ။ ပြင်ဆင်တာ အကောင်းဆုံးပါပဲ။ ဒါကြောင့် အားလုံးသော ကျေးဇူးရှင်များနဲ့ မိတ်ဆွေအပေါင်းသင်းများကို ဒီပို့စ်လေးနဲ့ ကျေးဇူးဆပ် လိုက်ပါရစေ။ အထူးသဖြင့်တော့ မိမိကျန်းမာရေး မကောင်းစဉ် …ဆေးရုံ တက်စဉ်က ကူညီဆောင် ရွက်ပေးခဲ့သော သူငယ်ချင်းများ။ ထောက်ပံ့ပေးခဲ့ကြသော သူငယ်ချင်း အပေါင်းသင်း စာသင်ဖော်များ။ သက်သာပါကြောင်း မေးမြန်းပေးကြသော သူငယ်ချင်း မိတ်ဆွေ များ။ ကိုယ်တိုင် လာရောက် ပြုစု စော င့်ရှောက် မေးမြန်းကြသော မိတ်ဆွေ သူငယ်ချင်းများ။ အဝေးမှ တစ်ဆင့်သော် လည်းကောင်း။ စာဖြင့်သော်လည်းကောင်း။ မေးလ်ဖြင့်သော်လ ည်းကောင်း မေးမြန်ကြသော သူငယ်ချ င်း မိတ်ဆွေ အပေါင်း သင်းများ အားလုံး. .အားလုံးကို ဒီပိုစ်လေးဖြင့် ကျေးဇူးစကားဆိုရင်း ကျေးဇူး ဆပ် လိုက် ပါတယ်။
           ကျန်းမာရေး ၀ိုင်းဝန်ကူညီ ပါရမီဖြည့်ခဲ့ကြသော List ကို အောက်တွင် ဖော်ပြပေးထားပါသည်။
ဝမ်းသာပီတိနှင့် သတိသံဝေဂ ရကြစေရန် ရည်ရွယ်ပါသည်…
အရှင်၏ ကျန်းမာရေးအတွက် လှူဒါန်းမှုစာရင်းနှင့်ကုန်ကျစရိတ်တို့ကိုလျှောက်ထားခြင်း

ရက်စွဲ ။ ။၁၉၊၅၊၂၀၁၂

အရှင့် ကျန်းမာရေးအတွက် ကူညီလှူဒါန်းခဲ့ကြသော နောင်တော် ညီတော်အပေါင်းတို့ဘုရား…….
တပည့်တော်သည် (၁၇၊၅၊၂၀၁၂) အင်္ဂါနေ့တွင်  Central Hospital (PVT) သီရိလင်္ကာနိုင်ငံ မှာ ဆေးကုသမှု ခံယူခဲ့ပါသည်။ သို့ပါ၍ သာမဂ္ဂီ အသီးသီးမှ ဝိုင်းဝန်းပါဝင် လှူဒါန်း ခဲ့ကြပါသည်။ ယင်းပါဝင်လှူဒါန်းမှုအားလုံးကို ဝမ်းမြောက်ဝမ်းသာဖြစ်စေရန် လှူဒါန်းမှုအသီးသီးနှင့် ကုန်ကျစရိတ်မျာကို စာရွက်စာတမ်းနှင့်တကွတပါတည်း လျှောက်ထားအပ်ပါသည်ဘုရား……

ကုန်ကျငွေစုစုပေါင်း    ၁၂၂၉၇၄ (ရူပီး)
စုပေါင်းလှူဒါန်းငွေ        ၈၄၇၅၀  (ရူပီး)
အရှင်၏ ကျန်းမာရေးအတွက် လှူဒါန်းသူများစာရင်း….
၁။ ဆရာလေးဒေါ်သုသီင်္ဂီ                                                Rs.12700   (US  100)
၂။ ဦးဝေပုလ္လ(ချင်းတွင်းမောင်)                                                  Rs  5000
၃။ ဆရာလေးဒေါ်ရူပသီင်္ဂီ                                                             5000
၎။ အရှင်ဇာဂရ                                                                         3000
၅။ အရှင်အာသဘ(အဘ)                                                             3000
၆။ အရှင်ပညာနန္ဒ(မိုးညွတ်ခ)                                                         3000
၇။ အရှင်တိက္ခဥာဏ(ဘိုဘိုကိုကို)                                                   2000
၈။ အရှင်နန္ဒာသီရိ(ရမည်းသင်း)                                                      2000
၉။ အရှင်စန္ဒာဝရ(ဟင်္သာတ)                                                          2000
၁၀။ အရှင်ဇောတိက(မက္ခရာမင်းသား)                                              2000
၁၁။ အရှင်အာစိဏ္ဏ(ရွှေကြာအင်း)                                                    2000
၁၂။ အရှင်ပညာဇောတ(နတ်ကြီး)                                                   2000
၁၃။ အရှင်ဝိသုတ(ပုလဲ)                                                               2000
၁၄။ အရှင်နန္ဒာသီရိ(ရန်ကုန်)                                                        2000
၁၅။ အရှင်ဝိစိတ္တာလင်္ကာရ                                                            2000
၁၆။ အရှင်သာသန(ထီလာမောင်)                                                   1000
၁၇။ အရှင်သောမ                                                                          ။
၁၈။ အရှင်ဓမ္မိဿရ                                                                        ။
၁၉။ အရှင်ပညာသာမီ                                                                     ။
၂၀။ အရှင်ခေမာဝုဓ                                                                        ။
၂၁။ အရှင်ဇဝန                                                                             ။
၂၂။ အရှင်စက္ကိန္ဒ                                                                            ။
၂၃။ အရှင်ကာရုည                                                                         ။ 
၂၄။ အရှင်ခေမာစာရ                                                                       ။  
၂၅။ အရှင်ဇာဂရိယ                                                                         ။
၂၆။ အရှင်ဝဏ္ဏသီရိ(ရခိုင်)                                                                ။
၂၇။ အရှင်တေဇ                                                                            ။
၂၈။ အရှင်ပုည                                                                              ။
၂၉။ အရှင်ရာဇဝံသ                                                                         ။
၃၀။ လင်္ကာရှင်                                                                               ။
၃၁။ အရှင်အရိယဝံသ(အောင်မျိုး)                                                      500
၃၂။ အရှင်ဥာဏိဿရ                                                                         ။
၃၃။ အရှင်ဇာနေယျ                                                                            ။ 
၃၄။ အရှင်တေဇနိယ                                                                           ။ 
၃၅။ အရှင်သောဘိတ                                                                          ။
၃၆။ အရှင်အင်္ကုရ                                                                                ။
၃၈။ အရှင်ဥာဏဝရ(တတ်တိုး)                                                                ။
၃၉။ အရှင်ဝိလာသဂ္ဂ                                                                             ။
၄၀။ အရှင်ဝိလာသ(ဆင်ပေါင်ဝဲ)                                                               ။
၄၁။ အရှင်ဝေပုလ္လ(ပုံလေး)                                                                      ။
၄၃။ အရှင်ဣန္ဒာစရိယ                                                                            ။
၄၄။ အရှင်ဝိစိတ္တ(ဒေါင့်ခန်း)အလှူခံရရှိငွေ                                                 ၁၂၅၅၀
၄၅။  အရှင်ကဉ္စန                                                                                 2000
လှူဒါန်းငွေစုစုပေါင်း                                                                                         ၈၄၇၅၀ (ရူပီ)
    အကြောင်းအမျိုးမျိုးကြောင့် အလှူရှင် စာရင်းတွင် မပါဝင်ဘဲ ကျန်ရှိနေပါက ကုသိုလ်အရှင်အနေဖြင့် နားလည်းပေးပါရန်နှင့် ဒီပို့စ်လေးတွေင် လိုအပ်ချက်များရှိနေခဲ့ပါကလည်း ခွင့်လွတ်ပေးကြပါရန်…..
အားလုံးသော ပါရမီရှင်အပေါင်း ကာယ-စိတ္တ နှစ်ဖြာ ကျန်းမာ ချမ်းသာ ရွှင်လန်းပြီး..ဘေးဘယာ ဝေးကွာနိုင်ပါစေလို့ ရင်ထဲမေတ္တာ ဆန္ဒပြုလျှက်….အမေ့မေတ္တာအရှင်….
http://amaymitter.blogspot.com

Saturday, May 19, 2012

about religions

           Among those which the main and great religions, can’t find the start founder of Hinduism in any books and literatures. And so also no one can know the start founded era. The religion, which is known the start founder and era, exactly, are;
(1) Buddhism,
(2) Christianity and
(3) Islam.
       Those three religions are able to find the start founder and era obviously, cause of describes exactly in their texts, literatures and Bibles. The start discoverer and guider of Buddhism is The Gautama Buddha. The Gautama Buddha is born in the year 623 B.C. He has attained the highest enlightenment in the year 588 B.C. The start founder of Christianity is Jesus Christ. He was born in the year 400 B.C. And he start founded his religion in the year 27 A.D. The start founder of Islam is Mohammad. He was born in the year 571 A.D. And start founded his religion in the year 610 A.D.
              Therefore, amongst these three Great Religions of world which know the start founder and era exactly, Buddhism is the emerged religion so earlier. Christianity is emerges in 623 years after emerging Buddhism. Islam is the religion which emerges 1194 years later after emerging Buddhism and 571 years later after emerging Christianity. Islam is the last emerging religion among the world Great Religion. 
               Taking Refuge To the Gods.
These three religions, Hinduism, Christianity and Islam are the World Great religions which believe and take refuge to the Gods. Although their taking refuge to the Gods are the same, the Gods and the various creator are a little different. The God is has difference of name according to religions. Hindu people called their God Ishwar, Christian people give the name their God Jehovah, and Muslim people denominate their God Allah. Other Hinduism, Christianity, and Islam except Buddhism are the religions of accepted the Gods.

Monday, May 14, 2012

ခွဲခွါခြင်း ဆုတောင်း


ဘ၀ဟာ အိပ်မက်တစ်ခုဆိုရင် အိပ်မက်ထဲမှာ ကျွန်တော်တို့ တွေ့ခဲ့ကြတယ်။ ပြန်မက်ဖို့ မဖြစ်နိုင်တဲ့ အိပ်မက်တွေကို သတိရမှုတွေနဲ့ဘဲ ဖြေသိမ့်ရမှာပေါ့။ အိပ်မက်ထဲမှာ ကျွန်တော်တို့ ပြန်ဆုံခွင့် ရှိအုံးမှာပါ။ အိပ်မက်ထဲက တက္ကသိုလ်ဇာတ်လမ်းမှာ ကိုယ့်စရိုက် ကိုယ့်အကြိုက်နဲ့ ကပြခဲ့ကြတယ်။ ဇာတ်လမ်းထဲမှာ ကျနော်ဟာ လူဆိုးဖြစ်ခဲ့ရင် ကျနော့်ကို ဇာတ်ပို့တစ်ဦးလို့ သဘောထားပေးပါ။ “အကယ်ဒမီ” ရတဲ့ နေ့တစ်နေ့ကို ရောက်ခဲ့ရင် အပြုံးတွေနဲ့ လက်ဆွဲနှုတ်ဆက်ကြမယ်လေ။ ဒီဇာတ်လမ်းမှာ အားလုံး အားလုံး အကယ်ဒမီ ရကြပါစေ။
     
    အထက်ပါ ရင်းတွင်းဖြစ်ခံစားချက်လေးကို ညီမောင်ဥာဏောဒယက တက္ကသိုလ် ဖိုင်နယ်ကျောင်း သားဘက ရေးစပ်သွားခဲ့တာပါ။ အမိတက္ကသိုလ်ကြီးမှာ လေးနှစ်တာ ပညာရပ်တွေ သင်ကြားပြီး မာစတာတန်းကို တက်ခွင့် မရကြ တဲ့ကျောင်း သားတိုင်း နယ်စပ်နဲ့တောင်တန်းဒေသကို ၂ နှစ်တာ သာသနာပြု တာဝန် တွေကို ထမ်းဆောင်ဖို့ သွားရမယ်ဆိုတာ ဖိုင်နယ်အရှင်များအားလုံး သိကြ ပါတယ်။
          သိကြတဲ့အတိုင်း..နောက်ဆုံးနှစ်မှာ အမှတ်တရ အဖြစ် ရင်တွင်းဖြစ်စ ကားလေးများကို တန်ဆာဆင်ပြီး နေရပ်လိပ်စာများနဲ့အတူ စာအုပ်လေး တစ်အုပ်ဖန် တီးကြ ပါတယ်။ ဒီစာအုပ်လေးမှာ ညီမောင် ဥာဏောဒယက… တကယ်တော့ ဘ၀ဆိုတ တဲ့ခဏတာ အိပ်မက်မှာ ကျနော်တို့အားလုံး တဒင်္ဂလေး တွေ့ဆုံခဲ့ကြ ပါတယ်။ အိပ်မက်ဆိုတာ တကယ်အစစ်အမှန်မဟုတ်တာမို့ ပြန်မက်လို့ မဖြစ်နိုင် တော့ဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် သတိရခြင်းတွေနဲ့ ဖြေသိမ့်ကြ တာပေါ့။ အိပ်မက်ဆိုတဲ့ ခဏတာ ဘ၀မှာ ကျနော်တို့အားလုံး ပြန်ဆုံခွင့်ဆိုတာ ရှိအုံးမှာပါ။
       မန်းလေး နပသဆိုတဲ့ အိပ်မက်ထဲက တက္ကသိုလ်ဇာတ်လမ်းမှာ ကျနော်တို့တစ်တွေဟာ ကိုယ့်စရိုက်၊ ကိုယ့်အကြိုက်၊ ကိုယ့်ပိုင်ဟန်တွေနဲ့ အမျိုးမျိုး ကပြခဲ့ သရုပ်ဆောင်ခဲ့ကြပါတယ်။ တက္ကသိုလ် လေးနှစ်တာ ဇာတ်လမ်းမှာ ကောင်းတာတွေရှိသလို ဆိုးတာတွေလဲ ရှိခဲ့ကြပါတယ်။ ကောင်းသူတွေရှိသလို ဆိုးသူတွေလဲ ရှိခဲ့ကြပါတယ်။ တော်သူတွေရှိသလို ညံ့သူတွေလဲ ရှိခဲ့ကြပါတယ်။ တကယ်လို့ ကျနော်ဟာ ဒီလေးနှစ်တာ တက္ကသိုလ်ဇာတ်လမ်းမှာ လူဆိုးဖြစ်ခဲ့ရင် ကျနော်ကို ဇာတ်ပို့တစ်ဦးလို့သာ ဘောထားပေးပြီး နားလည်ပေးကြပါ။ ဘာပဲဖြစ်ဖြစ် အကယ်ဒမီဆိုတဲ့ အောင်မြင်မှု ရွှေစဉ် ဘီအေ ဘွဲ့ကိုရတဲ့တစ်နေ့ကို ကျနော်တို့ အားလုံး ရောက်အုံးမှာပါ။ အဲ့ဒီအခါ အပြုံးတွေနဲ့ လက်ဆွဲနုတ်ဆက်ဖို့ မမေ့ကြပါနဲ့။
         နောက်..ဒီတက္ကသိုလ် လေးနှစ်တာနဲ့ တောင်တန်း နှစ်နှစ်တာ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်သူ အားလုံး အကယ်ဒမီ ရကြပါစေလို့လဲ ဆုတောင်းပေးခဲ့တာပါ။
           ညီမောင် ဥာဏောဒယက သူရဲ့ရင်တွင်းဖြစ်အမှတ်တရ ဆုတောင်းကို လူသိရှင်ကြား ဟစ်ကြွေးခဲ့ပေမဲ့။ ပထမ အကယ်ဒမီ ရွှေစင်ရုပ်ထုပေးပွဲမှာတော့ အလှမ်းအေ တ်ာလေး ကို ဝေးခဲ့ ပါတယ်။ နောက်ဆုံးအဆင့် ဆန်ခါတင် ဇာတ်ကား ထဲမှာကို မပါဝင်နိုင်ခဲ့တာပါ။ ကံဆိုးချင်တော့ ဖိုင်နယ်မှာ သူကျ ရှုံးနေခဲ့ရပါတယ်။ ဒါကလဲ ဖြစ်တတ်တဲ့ သဘောတရားပါ။ ထင်ကြေးပေး ခံရများဆုံး မင်းသားတွေ ရွှေစင် ရုပ်ထုနဲ့ လွဲခဲ့သလိုပေါ့။ ဒါပေမဲ့ သူရဲ့ရင်တွင်းဖြစ် ဟစ်ကြွေးမှု စကားနဲ့ ညီဖို့ သူ ထပ်မံကြိုးစားခဲ့ပါတယ်။
         နောက်နှစ်အကယ်ဒမီ ရွှေစဉ်ရုပ်ထုပေးပွဲ အတွက်တော့ သူဟာ နောက်ဆုံးဆန်ကာတင် စာရင်းမှာ ပါဝင်ခဲ့ပြီး။ နယ်စပ်နဲ့တောင်တန်းဒေသသို့ ၂ နှစ်တာ သာသနာပြုတာဝန်တွေကို ထပ်ဆောင်ဖို့ သူ ထွက်ခွါခဲ့ရပါတယ်။ ဝေးလှံခေါင်းပါတဲ့ ချင်းပြည်နယ်ဒေသသို့ပါ။ သူတာဝန်ကျရာ ဒေသမှာ သူအတော်ေ လးကို သာသနာပြု လုပ်ငန်းတွေ လုပ်ပေးခဲ့ပါတယ်။ ၀ါသနာ၊ စေတနာ၊ အနွံနာတွေနဲ့ပါ။ ဖြစ်ချင်တော့ ပထမနှစ်မှာပဲ သူမှာငှက်ဖျားရောဂါကို ပြင်းထန်စွာ ခံစားခဲ့ရပါတယ်။ အဲ့ဒီဒဏ်ကြောင့်ပဲ သူစိတ်တွေ ပုံမှန်အနေအထားကနေ တမ်းချော် သွားခဲ့ပါတယ်။ ဒါကြောင့် သူကို မန်းလေးမြှာ ပန်ခေါ်ပြီး ဆေးဝါး ကုသမှုပေးခဲ့ရပါတယ်။ ဆေးဝါးသာ ကုသမှုခံနေတာ သူရဲ့စိတ်အတွေးက သူချစ်တဲ့ ချင်းတောင်တန်းေ ဒသက တိုင်းရင်းသား /သူလေးတွေဆီကိုပဲ ရောက်နေပါတယ်။
 ဒါကြောင့်လဲ သက်သာလာတာနဲ့ အကယ်ဒမီရွှေစင်ရုပ်ထုဆိုတဲ့ ဘီအေဘွဲ့အတွက် ပေးဆပ်စရာ တွေနဲ့ ကျန်နေခဲ့တဲ့ ချင်းတောင်တန်းကို ထပ်သွားခဲ့ပ်ါတယ်။ သာသနာပြု လုပ်ငန်းတွေကို ကြိုးစား ပမ်းစား ပြုလုပ်ရင်း အကယ်ဒမီရွှေစင် ရုပ်ထုပေး ပွဲကြီးကလဲ နည်းကပ်လာခဲ့ပါတယ်။ သူရေးစပ်ခဲ့တဲ့ ရင်တွင်းဖြစ် အမှတ်တရ စကားလေးအတိုင်း ကျနော်တို့တစ်တွေ တကယ် အကယ် ဒမီ ပေးပွဲကြီးရောက်လာခဲ့ပါပြီ။ အကယ်ဒမီ ဆုဆိုတဲ့ ဘီအေဘွဲကို လက်ခံရယူမဲ့ သူတွေကလဲ ပျော်ကြ ရွှင်ကြ၊ ပြင်ဆင်နေကြ ပါတယ်။ ဆုရရှိမည်သူတွေရဲ့ မိသားစု အသိုင်းအ၀ိုင်းတွေလဲ ၀မ်းသာမဆုံး ဂုဏ်ယူမဆုံးဖြစ်နေကြပါပြီ။
       သို့သော်…တကယ်တမ်း အကယ်ဒမီရွှေစင် ရုပ်ထု ပေးပွဲကို တကယ်ကျင်း ပပြီလဲဆိုရော သူခများ အကယ်ဒမီဆင်မြင့်ခုံပေါ်ကို မတက်ရောက်နိုင်ခဲ့ပါဘူး။ သူပြောခဲ့၊ ဆုတောင်းခဲ့တဲ့ ..အကယ်ဒမီဆုကို ရတဲ့တစ်နေ့ရောက်ရင် အပြုံး ကိုယ်စီနဲ့ လက်ဆွဲနုတ်ဆက်ကြမယ်ဆိုတာနဲ့ လွဲချော်ခဲ့ပါတယ်။ အကယ်ဒမီဆိုတဲ့ ဘီအေ ဘွဲ့ထူး ဘွဲ့မြတ်ကို သူခမျာ တက်ရောက် မယူနိုင်ခဲ့ရှာပါဘူး။ တကယ်ပဲ သူပြောခဲ့သလို သူဟာ ဇာတ်ပို့တစ်ဦးမျှသာလေလား ညီမောင် ဥာဏောရေ။
     ငါတို့အားလုံး ညီမောင်ရဲ့ ဆုတောင်းဖြစ်တဲ့” ဒီဇာတ်လမ်းမှာ အားလုံး အားလုံး အကယ်ဒမီ ရကြပါစေ” ဆိုတဲ့ ဆုတောင်းနဲ့ ပြည့်ဝခဲ့ပါတယ်။ ငါတို့အားလုံး ညီမောင်ပြောခဲ့တဲ့ အကယ်ဒ မီရတဲ့နေရောက်ရင် အပြုံးကိုယ်စီနဲ့လဲ အချင်းချင်း လက်ဆွဲနုတ်ဆက်နိုင်ခဲ့ကြပါပြီ။ ငါတို့အား လုံး တောင်တန်းဒေသမှာ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားပြီး သာသနာပြုတာဝန်တွေကို ထမ်းဆော င်နိုင်ခဲ့ပါပြီ။ ညီမောင်လဲ ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့တာပဲ။ တာဝန်တွေကျေပွန်ခဲ့ပါလျှက်။ ၂ နှစ်တာဆိုတဲ့ နိုင်ငံတော်က သတ်မှတ်ပေးလိုက်တဲ့ အချိန်ကာလကိုလဲ ပြည့်အောင် ထမ်ဆောင်နိုင်ခဲ့ ပါလျှက်။ ညီမောင်က ဆင်မြင့်ပေါ်ကို မတက်နိုင်ခဲ့ဘူး။ ငါတို့အားလုံးမင်းကို စောင့်နေတယ်။ ညီမောင်ကို ရှာဖွေနေ ကြတယ်။ ညီမောင်ပြောသလို လက်ဆွဲ နုတ်ဆက်ဖို့ပါ။
      ညီမောင်ရေ..မင်းဘယ်များရောက်နေလဲ။ ဘာတွေဖြစ်နေလဲ။ မင်းဘယ်ပဲ ရောက်နေနေ။ ဘာတွေပဲဖြစ်နေဖြစ်နေ။ မင်းကို ငါတို့အားလုံးက ဂုဏ်ယူလျှက်၊ အားပေးလျှက်၊ နုတ်ဆက်လျှက်ပါ။ သတိရနေလျှက် ဆိုတာ ကို..ညီမောင်သိအောင်..
       “ဘ၀ဟာ အိပ်မက်တစ်ခုဆိုရင် အိပ်မက်ထဲမှာ ကျွန်တော်တို့ တွေ့ခဲ့ကြတယ်။ ပြန်မက်ဖို့ မဖြစ်နိုင်တဲ့ အိပ်မက်တွေကို သတိရမှုတွေနဲ့ဘဲ ဖြေသိမ့်ရမှာပေါ့။ အိပ်မက်ထဲမှာ ကျွန်တော်တို့ ပြန်ဆုံခွင့် ရှိအုံးမှာပါ။ အိပ်မက်ထဲက တက္ကသိုလ်ဇာတ်လမ်းမှာ ကိုယ့်စရိုက် ကိုယ့်အကြိုက်နဲ့ ကပြခဲ့ကြတယ်။ ဇာတ်လမ်းထဲမှာ ကျနော်ဟာ လူဆိုးဖြစ်ခဲ့ရင် ကျနော့်ကို ဇာတ်ပို့တစ်ဦးလို့ သဘောထားပေးပါ။ “အကယ်ဒမီ” ရတဲ့ နေ့တစ်နေ့ကို ရောက်ခဲ့ရင် အပြုံးတွေနဲ့ လက်ဆွဲနှုတ်ဆက်ကြမယ်လေ။ ဒီဇာတ်လမ်းမှာ အားလုံး အားလုံး အကယ်ဒမီ ရကြပါစေ။”
       ညီမောင်ရဲ့ ရင်တွင်းဖြစ်စကားလေနဲ့ပဲ ဂုဏ်ပြု သက်သေပြလိုက်ပါတယ်။
ညီမောင် တစ်ယောက် သာယာပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ…
အမေပေးလိုက်တဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ကလေး ပုံမှန်မအဖြစ် ပြန်လည်ရရှိပါစေ..လို့
ညီမောင်ရဲ့ ဘ၀တူ…….အမေ့မေတ္တာ..အရှင်..

Friday, May 11, 2012

ရာစုသစ်" ရဲ့ ......" ခေတ် တရားပွဲ"

ရာစုသစ်" ရဲ့ ......" ခေတ် တရားပွဲ"

အနာ ဂါတ် ရဲ့ 

မှတ်သား ဖွယ် ရာ

ဒေ ဿနာ ကြား

"ခေတ် တ ရား" ပွဲ

အမှား ထဲ က

အ မှား ပြ တဲ့

အဓမ္မ က

ကျကျ န န

ဆို ဆုံး မ ထား

အား မနာ လျှာ မကျိုး

အဆိုး ကို အ ကောင်း

အကောင်း ကို အ ဆိုး

"ကြော် ငြာ" ထိုး သူ များ အ တွက် ၄င်း.......၊


ပမာ ဆို က

ဘယ် လို နေ နေ

ရေ ထဲ ထိုးကျ

ကျိုး ကျ နေ တဲ့ တံ တား

"မ ဆိုးလှ" ပါ တကား ဟု ပြောသူ များ အား ၄င်း.....၊

အ မြင် မ လှ

တက် မ က ကျိုး

လှေ အ မိုး ပျက်

ကျိုး ပဲ့ ရွတ် တိုင်

မျက် နှာ ချင်း ဆိုင် လှော် တဲ့

"သမိုင်း အ ကျော် အ မော်" များ အား၎င်း.......၊


အိမ် ဦးဝ

မျက် နှစာ ဆွေး

နံ ရံ ဆေးကွက်

ပျက် ကျ ကြမ်းပြင်

အသွင် ပြင် ဆိုး

အိမ် အ မိုး ပေါက် အား

"မဆိုး လောက်" ပါ တကား ဟု..... ပြောသူ များ အား၎င်း.......၊


ဗြုတ် စ ဗျင်း တောင်း

ဘ၀ ကျောင်း မှာ

ကောင်း ကွက် မရှိ

"င ဖယ်" သိ နှင့်

အရှိ ကို ဖုံး

မိလ္လာ ပုံး သို့ 

ရင် ဆို့  အော့ အန်

"သင်" "ညာ" ဥာဏ် အား

"မှန် လှပါ ဖုရား" ဟု.... ပြောသူ များ အား ၄င်း........၊


မျော် လင့် ချက် ပျောက်

ရေ ကြည် နောက် ထဲ

သဲ သဲ မဲ မဲ

ဆွဲ မိရာ ဆွဲ

တို့ လက် ထဲ မှ

တစ် ခါ ရ ဘူး

မ ထူး လက် မှတ်

ဆုပ် ကိုင် ရပ် လို့ 

စက် သတ် နာရီ

မ မည် နိုင် လည်း

"ကောင်း ဆဲ ပါ" ဟု...... ပြောသူ များ အား ၄င်း........၊


ရေး လို့ မ ရ

ခါး လည် က ကျိုး

ပိုး ထိုး ဖောင် တိန်

အရောင် မှိန် ပျောက်

မှင် ခန်း ခြောက် လဲ

ဇွဲ န ဘဲ နဲ့ 

"ကောင်း ဆဲ ပါ" ဟု ...... စာ စီ ပြ သူများ အား ၄င်း........၊


ရှေး အစဉ်က

အောင်မြင်ကြ တဲ့

တို့  အာရှ မှာ

ဘာ ကွ ညာ ကွ

ငါ ဟ လာကြ

ဘာ ညာ ကွိ ကွ

ပြသ တဲ့ ဇတ် ဟောင်း

အပ် ကြောင်း လဲ ထပ်

တရ စပ်

လေတပ် ရဲ့ ပြပွဲ

နှစ် ပေါင်း လဲ မနည်း တော့

ဒါ လည်း ပဲ ငါ ကွ

တစက် မှ မလျှော့ နိုင်

"ဟစ် တိုင်" လု ပွဲ ၀င် နေ သူများ အား ၄င်း.....၊


ကဲ....... ဒါ တင် မက

နောက် တ ယောက် က

မရ မ က

ဒုခိ တ္တ ကြား

တအား ထ ခိုင်း....

ထ ကြ လော့... ထိုင် ကြ လော့

xxx လော့ ....xxx လော့

နောက် ဆုံး တော့........

ငေးကြ လော့ ... ဆွေး ကြ လော့

ငိုင် ကြ လော့ .. မှိုင် ကြ လော့

ငို ကြ လော့ .... ယို ကြ လော့

တွေကြ လော့ .... ဝေ ကြ လော့

သေကြ လော့ .... ကြေ ကြ လော့

ကောင်း ကြ ပေါ့ ... နှောင်း လှ ပေါ့..... စ တဲ့

ကောင်း သယောင် စာ သား နဲ့ 

"အဟောင်း ပြစား" သူများ အား ၄င်း...........၊


ကလေး တယောက်ရဲ့

တောက် ပ တဲ့ အနာဂါတ်

စက် ရပ် တဲ့ နာရီ

သွေဖီ တဲ့ ကျင့် ထုံး

ကျက်မှတ် အုံး မြင် မြင် သမျှ

သင် လာကြ စဆုံး

အရ ဆုံး က သွေး န ထင်

တွေး မ မြင် ဥာဏ် တုံး

အရ ရှူံး တဲ့ ခေတ် မှာ

အနှစ် က မ ပါ

အကာ က သုံး မရ

အဆုံး မှာ ရ သွား ခဲ့

ကျိုး ပဲ့ တဲ့အနာ ဂါတ်

မညှာ မ တာ ထပ် လို့ 

"သော့ ခတ် ထား" သူ များ အား ၄င်း..........၊


လောက သစ္စာ

ထို ထို မှာ မှ

"နာ" လူ တ ယောက်

ဆေးရုံ ရောက် သော်

ဟောပြ ဒေသနာ

ဝေ ဒ နာ လို လို

စေ တနာ လို လို

ဂရု ဏာ လို လို

အနစ် နာ လို လို

ဘာ လို လို .....ညာ လို လို

အ၀ှာ လို လို နဲ့ 

မဆို ခဲ့ သစ္စာ

အို ဘယ့် ခေတ်မှာ

လူမ မာ ရဲ့ အသက် တချာင်း

အလောင်း အစား ပြု တာ လား

တောင်း စား ကု ကာ ပေး သွား သော

မနှေး အ မျော် မြင် ကြီး တဲ့

အ တွေး ချော် ရှင် ကြီး များ ရဲ့

သွေး မတော် သား

အလျှော် ကား မရှိ

အစားနဲ့ ပြည့် နေ တဲ့

တို့ များရဲ့ အ ဂတိ

"ပါဏာ တိ" ကုသိုလ် ရှင် များ အား ၄င်း........၊



"ပြေး" ကြည့် ပါ လှည့်

ဘ၀ ရဲ့ ကာမ ဂုဏ်

"လာ" အ ကုန် ရယ် ၀ါး မဲ့

ဆုံ လည် ထိုင်ခုံ များ..... န့ဲ

ပုံ သေကားချပ်

အသာ ရပ် နေ လို့ 

မခို့  တရို့  နဲ့ 

ပို့  ပေး မဲ့ စား ပွဲ တ လုံး

မင်း ကို ပြုံး ပြ

သုံး လို့  မရ

"အ" တ တ အ ကောင် ရာ တဲ့ ...

ဒါ အမှောင် အလုပ်

မရှောင် တခင် မဟုတ်

လျှင် သလို အုပ်

ဖြုတ်ထုပ် ခုတ် ကြ

သရုပ်ပြ ပွဲ

တခဲ ခဲ ယင် အုံ

"မဲမဲ မစင် ပုံ" အား .... ၀ိုင်းဆွဲ နေ သူ များ အား ၄င်း.....၊



အသိ တော့ ရှိ သေး

တကယ် ဘေး တွေ့  က

ပြေး ပင့် ကြ သံ ဃာ

ဘေး ဘယာ ပြေ ကြောင်း

ထပ် လောင်း လို့ ဆရာ လုပ်

ထုပ်ပြ တဲ့ ဇတ်ကြောင်း

ဒီ အ ကြောင်း လေး အား

ဟောကြား ပါ ဘုရား

အား ..လား လား....

တရား တောင် ဆရာ မွေး

တကယ် ရွေး နာ ရ တဲ့

ငပွေး တို့ ရွာ က ဇတ် ကြောင်း

ဘာ အကြောင်း ဘဲ ဖြစ် နေ

"ငါ့ ကောင်း ကြောင်း" ဖြစ် စေ သတည်း ...... ဆို သူ များ အား ၄င်း......၊



ရှေ့  က လူမှာ

အနာ တရ

ဒဏ် ရာ ရ လဲ

မကျဲ လောဘ

မြဲ မော ဟ စုံ

ပုံ စံ တ ကျ

စား မ၀ လို့ 

ပြိတ္တ သခင်

ဟိုအ ရင် တိုင်း

ခိုင်း တိုင်း လုပ် ပြ

အဟုတ် က နဲ နဲ

မဟုတ် က မြဲ မြဲ

ကျွဲ ပုခုံး ထ

အဆုံး ကျ တော့

မ၀ စည်း စိမ်

ကျန် အိမ် မျိုးဆက်

"မင်းတို့  တွက်" ဟု.....ပြော ရက်သူ များ အား ၄င်း.......၊



လေ ပြေဗွက် ထ

ရှူ ရှိုက် ရ လဲ

မပြန့်  သတင်း

စိတ် ဖြေ ခြင်း နဲ့ 

ပြင်းပြင်း ပ် ပ်

ဆိုးရွား လှ သော

သီလ ပျက် စီး

ဘ၀ မီး လောင်

စိတ်အ မှောင် ကျ

ဒ ဿ ဂုဏ် ရှိန်

အနာ ရှိန် မြင့်

အ ဆင့် ဆင့် နွဲ

မင်းတို့  လည်း ပါ

ငါ လဲ မလွတ်

ဝဂ် မကျွတ် ကြေး

ဇွတ် ဆက် ပြေး လို့ 

မ နှေး အ မြန်

နိဗ္ဗာန် ရောက် ကြောင်း

ထိုး လိုက် ခေါင်း လောင်း

အကြောင်း စစ် က

အ မြစ်က မြေ

ဖြစ် ကြ မှန် စေ

အမျှ ဝေရန်

ကုသိုလ် မကျန် လို့ 

အဖို့ ဝေငှ

"အကုသိုလ် ရ" သွား သူများ အား ၄င်း........၊


ရာစု သစ် ရဲ့

ခေတ် တရား ပွဲ

အမှား မနည်း

အမှန် ကျဲ လဲ

စွဲစွဲ မြဲမြဲ

နာ ယူ ဆဲ မို့ 

မမြဲ ဘဲ အ မြဲ မြင်

စွဲယူ ချင် "ငါ"တလုံး

ယတြာသုံး အ တိတ် ဆောင်

စိတ် အမှောင် လွန် ကဲ

ဒွန် တွဲ တဲ့ ဒုဂ် သီလ

ကျုပ် ဒီ က ဆု တောင်း

"ငါ" "မပြောင်း နိုင်" သူ များ အား ၄င်း....၊


အဆုံး ကျ

သုံးမရ ကျန်ရစ်

ရာ စု သစ် တခု

ပြု စု တဲ့ တရား ပွဲ

ဘာတွေ ပဲ ဖြစ်ဖြစ်

နည်းစနစ် တခု ပေါ့

သု တေသီ ပြု ရစ်

အသစ် အသစ် သော တွေး များ

တွေးထား ကာ ကြံ ဆ

ရေးသား ကာ ဟန်ပြ ပြင် ကာ

"ငါ"မမြင် တဲ့ မျက် လုံး နဲ့ 

ဆက် လက် သုံး သပ် ရ ရင် ဖြင့်

ဒီ ကဗျာ ဒီ မှာ ဆုံး

"ငါ" မ မုန်း တဲ့.... ငါ့ ရဲ့ 

ပြသ ခဲ့ အမှိုက် ပုံး ထဲ က

လုံး ချေထား သော စက္ကူ စ များ စွာ...........။

Wednesday, May 9, 2012

အစ္ဆရိယံ ၀တ

        အစ္ဆရိယံ ၀တ..ဆိုတာဘုရားဟော ပါဠိပါ။ အဓိပ္ပါယ်က သြော်..အံ့သြဖွယ်ဖြစ်လေစွ လို့ ဆိုလိုပါတယ်။ ခက်ခဲမှုတွေကို အောင်မြင်ပြီးသောအခါ၊ သူများထက် လုပ်နိုင်သော အခါ၊ ထူးခြားမှုတွေ ဖြစ်ပေါ်လာသောအခါ အစ္ဆရိယံ ၀တ= သြော်..အံ့သြဖွယ် ဖြစ်လေစွ။ အံ့သြဖွယ် ရှိလေစွလို့ ပြောဆိုလေ့ ရှိကြပါတယ်။
    အခုလည်း..ဒီဘုရားဟောပါဠိတော်ကို ပြန်ကြားခွင့်ရခဲ့ပါတယ်။ မေ့နေခဲ့တာတောင် အတော်လေးကြာပြီလို့ပြောရမှာပါ။ စာသင်သား ဘ၀တုန်းကတော့ ပါရာဇိကန် ပါဠိတော် မှာ နေ့စဉ် လိုလို တွေ့ရ ကျက်ရ၊ ဖတ်ရ၊ မှတ်ရ၊ အံခဲ့ရပါတယ်။ ခုတော့..ဘိုဘိုကိုကိုရဲ့ ရုတ်တ ရက် နုတ်ထွက် စကားကြောင့် ပြန်လည် ကြားခဲ့ရတာပါ။
    သူကလဲ အကြောင်းမဲ့ ထွက်ဆိုခဲ့တာ မဟုတ်ပါဘူး။ အရှင်တို့တစ်တွေ သီရိလင်္ကာနိုင်ငံအတွင်း ထင်းရှား ထူးခြားသော ရှေ့ဟောင်းမြို့တော်များနဲ့ စေတီပုထိုးတော်များသို့ သြစထြေးလျနိုင်ငံ တွင်နေထိုင်သော ဒကာမကြီးဒေါ် သီတာဆွေ၏ ကောင်းမှုကုသိုလ်ဖြင့် ဘုရားဖူးထွက်ခဲ့ကြပါတယ်။ ဒီဘုရားဖူးခရီးစဉ်မှာပဲ ဒီပါဠိတော်လေးကို ပြန် ကြားခဲ့ရတာပါ။
    အရှင်တို့တစ်တွေ SARIPADA သို့ နောက်ဆုံးခရီးစဉ်အဖြစ် သွားရောက်လေ့လာ ဖူးမော်ခဲ့ကြပါတယ်။ sripada ကို butterfly mountain လို့လဲ ခေါ်ဆိုကြပါတယ်။ နောက်..sacred footprint လို့လဲ နာမည်ကျော်ကြားပါတယ်။ သီရိလင်္ကာနိုင်ငံ၏ အလယ်ပိုင်းလောက်မှာ တည်ရှိပါတယ်။
   အမြင့်အားဖြင့် ပေအမြင့် 2,243 မီတာ (7,359 ft) ရှိပါတယ်။ တောင်ပေါ်မှာ မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာ တည်ရှိပါတယ်။ ဒီတောင်ပေါ်ကို လူတွေများစွာ တက်ရောက်ကြပါတယ်။ ဒီလောက်မြင့် မားတဲ့တောင်ပေါ်ကို တက်ဖို့ဆိုတာ တကယ်ကို မလွယ်တာပါ။ တစ်လမ်းလုံးက အတက် ချည်ပါပဲ။ တောင်ထိပ်နားကိုရောက်လေ ပိုပြီးမက်စောက်လေပါပဲ။ လှေးခါး ဘေးဝဲယာမှာ သံဘောင်တွေ ကာရံထားရပါတယ်။ အောက်ပိုင်း အလည်ပိုင်းကျော်ကျော်လောက်ထိတော့ တက်ရတာ အဆင်ပြေ တယ်ဆိုပါတော့။
     တကယ်တော့ ဒီတောင်ထိပ်ကိုရောက်ဖို့ အနောက်တိုင်း နိုင်ငံခြားသား. အမျိုးသားတွေ ခြေလှမ်းနဲ့ဆို ၃ နာရီကြာပါတယ်။ အရှင်တို့တစ်တွေရဲ့ခြေလှမ်းဆိုရင် ၄/ ၅ နာရီလောက်ကြာပါတယ်။ အမျိုးသမီးတွေခြေလှမ်း ဆိုရင်တော့ တွက်သာ ကြည့်ပေတော့။ ဒီတောင်ထိပ်ကိုရောက်ဖို့ အတော်အတန် သဒ္ဓါတရား၊ ၀ီရိယအားနဲ့ မရပါဘူး။ အဓိဂမသဒ္ဓါတရား၊ အဓိဂမ ၀ီရိယကို ရှိမှပါ။
     အရှင်တို့တစ်တွေ တောင်ထိပ်ကို တစ်ရွေ့ရွေ့နဲ့ ဖြေးဖြေးသထက်ဖြေးကာ တက်ခဲ့ကြပါတယ်။ ဖြေးသထက်ဖြေးဆိုတာကလဲ ဒကာမကြီးဒေါ်သီတာဆွေပါ နေတာမို့ပါ။ ဒကာမကြီးဒေါ်သီတာဆွေရဲ့ သဒ္ဓါတရား၊ ၀ီရိယ အားကလဲ အတော်လေးကို အံ့အားသင့်ခဲ့ရပါတယ်။ ခန္ဓာကိုယ်က ၀၀ဖိုင်းဖိုင်း၊ အသက်ရွယ်ကလဲ ၅၅ ရှိပြီလေ။ ဒီအသက်ရွယ်၊ ဒီခန္ဓာကိုယ်နဲ့ ဒီတောင်ထိပ်ကို တက်တယ်ဆိုတော့လဲ မအံ့သြပဲ ရှိမလား။
    ဒီအသက်ရွယ်၊ ဒီခန္ဓာကိုယ်ကိုနဲ့ ဒီတောင်ထိပ်ကိုကြည့်ပြီး ဘိုဘိုကိုကိုကလဲ ရေရွတ်မိလိုက်တယ် ထင်ပါတယ်…အစ္ဆရိယံ ၀တ=သြော်..အံ့သြဖွယ်ကောင်း ပါလေ စွလို့။ အရှင်က..ဘုရားရဲ့ခြေတော်ရာက အမိမြန်မာပြည်မှာလဲ ရှိနေတာပဲ ဘာလို့ ပင်ပင်ပန်းပန်း တက်နေမှာလဲ လို့ တွေးနေစဉ်မှာပဲ..အသက်ရွယ် ၆၀ ကျော် အဘွားကြီးတက်လာနေတာကို တွေ့လိုက်ရတယ်။
     နောက်…လက်တစ်ဖက်မပါတဲ့ သီရိလင်္ကာနိုင်ငံသားတစ်ယောက်လဲ အမျိုးသ္မီး လက်ကို တွဲပြီး တက်လာတယ်။ ဒါတင်ဘယ်ကမလဲ ..အမျိုးသားတစ်ဦးကလဲ သူ့ရဲ့ ၃ နှစ်အရွယ် သားငယ်လေးကို ကျောပိုးလို့တက်လာခဲ့တယ်။ ဘယ်လောက် အံ့သြဖွယ်ကောင်းသလဲ ဆိုတာကို စဉ်းစားတာကြည့်ပေတော့။ တကယ်ကို အံ့သြစရာပါ။ ဒီတောင်ထိပ်ပေါ်က မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာကို ဖူးဖို့အတွက် မောမောပန်းပန်း တက်နေတဲ့ ဒီလူအလွှာမျိုးစုံရဲ့ သဒ္ဓါတရား၊ ၀ီရိယအားကတော့ တကယ် အံ့မခန်းပါပဲ။
    အစ္ဆရိယံ ၀တဆိုတဲ့ ဒီအံ့သြဖွယ်ကောင်းတာတွေကို ပြန်လည်ကြည့်တဲ့အခါ.. လက်တစ်ဖက်မပါတဲ့ အမျိုးသားရဲ့ ဇနီးမယားအပေါ်ထားရှိတဲ့ မေတ္တာ တရား။ နောက်..သားငယ်လေးကိုကျောပိုးခဲ့တဲ့ အမျိုးသားရဲ့ ဖခင် မေတ္တာတရား။ နောက်..အသက် ၅၀ကျော် ဒကာမကြီး ဒေါ်သီတာဆွေနဲ့ ၆၀ ကျော် အဘွားအိုတွေရဲ့ သဒ္ဓတရား၊ ၀ီရိယအားတွေကိုတွေ့ရှိရပါတယ်။
   နောက်..ဒီ sripada တောင်ပေါ်ရှိ မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာကို ပြည်သူလူသားတွေ ဖူးနိုင်အောင် လမ်းတွေ..လှေခါးတွေ..စေတီတွေ ..အဆောက်အဦးတွေ တည်ဆောက် ပြုလုပ်ပေးတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ဘုရင် သမ္မတနဲ့ ပြည်သူတွေရဲ့ စေတနာ၊ ခွန်အားတွေကလဲ အစ္ဆရိယံ ၀တပါပဲ။ နောက်…ဒကာမကြီးဒေါ်သီတာဆွေနဲ့ အရှင်တို့အားလုံး ဘေးကင်း အောင်မြင်စွာနဲ့ ဘုရားရှင်ရဲ့ခြေတော်ရာကို ရှိခိုးကန်တော့လို့ ဖူးနိုင်ခဲ့ပြီး တောင်အောက်ကို ပြန်လည် ဆင်းသက်နိုင်ခဲ့ တာကလဲ အစ္ဆရိယံ ၀တပါပဲ။
     နောက်ဆုံး…ဒီတောင်ထိပ်ပေါ်မှာ မြတ်ဗုဒ္ဓရဲ့ခြေတော်ရာ တည်ရှိနေခြင်းကလဲ အစ္ဆရိယံ ၀တပဲ မဟုတ်လား။
 အားလုံးရွှင်လန်းချမ်းမြေ့ကျပါစေလို့…
http://en.wikipedia.org/wiki/Sripada

Tuesday, May 8, 2012

မိနှင့်ဖ

အမြဲတိုင်းသတိရ-မိနှင့်ဖ

လူတစ်လုံး သူတစ်လုံး
လူဖြစ်မရှုံးအောင်
ပခုံးလက်နှစ်တစ်
လူဖြစ်အောင်မွေး
လူဖြစ်အောင်ကျွေးခဲ့တဲ့
မိနှင့်ဖကို သတိရပါစ။

သင်ကဒုက္ခ ရောက်နေရလျှင်
ရှေ့ကရပ်ပြီး ကာဆီးပေးတာ
မိနှင့်ဖပါ။

သင်ကဘေးရန် တွေ့နေပြန်လျှင်
ဧကန်လွတ်ရေး ဖန်တီးပေးတာ
မိနှင့်ဖပါ။

ပူအိုက်-ချမ်းအေး ပူဆွေးတဲ့ခါ
မေတ္တာဆင့်ပွား စေတနာထားတာ
မိနှင့်ဖပါ။

သင်ကအလိုမကျ ငိုပြဗိုလ်ကျ
ဆိုးတေပြလည်း အမြဲခွင့်လွှတ်ပေးတာ
မိနှင့်ဖပါ။

သင်ကရန်တိုက် ကမ်းကုန်မိုက်လည်း
ခိုက်ရန်မပွား အညှိုးမထားတာ
မိနှင့်ဖပါ။

တောင်းစုတ်ပလောင်းစုတ်သာ
ပစ်ထုတ်ရိုးထုံးစံရှိတာ
သားဆိုးသမီးဆိုးများကို
ပစ်ရိုးထုံးစံမရှိတာ မိနှင့်ဖပါ။

အမျိုးမျိုးအရာရာ အစားထိုးနိုင်ပါလည်း
ရှာကြံအစားမထိုးနိုင်တာ
မိနှင့်ဖပါ။

လောကမှာအတုမရှိ
နှစ်ခုမရှိတာ မိနှင့်ဖပါ။

အမေနေ့ အဖေနေ့
အမိအဖမွေးနေ့ရောက်မှ
သတိမရကြပါနှင့်။

စက္ကန့်တိုင်း စက္ကန့်တိုင်း
မဆိုင်းမတွ သတိရကြ
အဲဒါမိနှင့်ဖ။

လူဟာသေမျိုးမို့ မသေရိုးမရှိ
အရိုးမြေကျမှ မငိုကြနှင့်
မြေမကျ မသေကြမီ
ကျွေးကြမွေးကြပါ
သေမှ နောင်တရလျှင်
သင်…နောက်ကျပါလေပြီ။

ဘုရားရှင်သော်မှ နို့တစ်လုံးအဖိုးအခ
မကျေဘူးတဲ့ဗျ… သံဝေဂ-ရစရာပါ။

မိဖစုံလင် ခုံမင်သူတိုင်း
မဆိုင်းမတွ မိနှင့်ဖကို
မြင့်မိုရ်တောင်ဦး မကကျူးတဲ့
ကျေးဇူးတော်အနန္ဒကိုပါ ရှိခိုးကြပါ
မာတာပိတု ဂုဏော အနန္တောပါ။

စာတိုပေစများ

“ကိုသစ္စာသို့ပေးစာ”

ကိုသစ္စာရေ ဒီစာလေးကိုဖတ်ပြီး အထက်ကမိမိပြောခဲ့သာ အရာများကို ဟုတ်မဟုတ် မိမိကိုယ်တိုင် ဝေဖန်ဆန်းစစ်ကြည့်ပါအုံး။ မဟုတ်ဘူးဆိုရင်လည်းတိုက်ရိုက်ဖြေရှင်းနိုင်ပါတယ်။ မိမိမှာ လိပ်စာအတိကျပါပါတယ်။ “ငါ့ကို ဘယ်သူမှ မသိဘူး။ မမြင်ရဘူး။ ငါပြောချင်တာ ပြောလိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်ထားက လူတယောက်ဟာ မိမိစိတ်ဓာတ် ဘယ်လောက်ထိ အောက်တန်းကျ သွားသလဲဆိုတာ ဖော်ပြရာရောက်ပါတယ်”။ ကဲ ဆန်းစစ်ကြည့်ကြစို့…

(၁ ) ဒီလောက်ကြီးကျယ်ပြီး ခန်းနားထည်ဝါတဲ့ အလုပ်တွေကို မြန်မာဘုန်းတော်ကြီးများ လုပ်နိုင်စွမ်းမရှိပါ။>>>မြန်မာနိုင်ငံမှာ သီတဂူဆရာတော်ဦးစီးကျင်းပခဲ့သော ကမ္ဘာဗုဒ္ဓဘာသာ ထိပ်သီးညီလာခံကိုတကယ်မသိတာလား။ နိုင်ငံပေါင်းများ စွာတတ်ရောက် ခဲ့တယ်ဆိုတာ မသိလေေ လျာ့သလား။(အားလုံးသိပြီးသားကို အနီးစပ်ဆုံးညွန်းလိုက်တာပါ။)

(၂) ဟိုတရားမှားတယ် ဒီတရားမှာတယ်လို့ပြောတွေ ရပ်စဲလော့…..>>>ဘုရားရှင်ဟောကြားခဲ့သော တရားတော်တွေကို အတွင်းဖျတ်ခြစားထိုး သွင်းလာသောအတွက်ကြောင့်သာ သင်္ဂါယနာ အကြိမ်ကြိမ်တင်ခဲ့တာ မသိလေလျော့သလား။

(၃) ဘုရားတရားတွေကို အမှားအမှန် ဆုံးဖြတ်ရအောင် ဆုံးဖြတ်သူကိုယ်တိုင် အရိယာလော့>>> အရှင်မဟာကဿပစတဲ့ ရဟန္တာမထေရ်မြတ်များ၊့ ထေရ၀ါဒသံဃာအဆက်ဆက်များထိန်းသိမ်းခဲ့ခြင်း၊ သဲပြင်ပေါ်မှာ ဗိုက်ဆာလွန်းလို့ ၀မ်းလျားမှောက်ပြီး ပိဋကတ်စာပေတွေကို နှုတ်ငုံဆောင်ခဲ့ခြင်း၊ ယခုလက်ရှိတည်တံ့အောင်ဖြန့်နေခြင်းဟာ အရိယာအစဉ်ဆက်မဟုတ်ဘူးလို့ ဘယ်ကျမ်းဂန်ကိုေ ထာက်၍ပြောဆိုပါသလဲ။ အရိယာစဉ်ဆက်သိချင်ရင် ပါရာဇိကဏ္ဍပါဠိ အဋ္ဌကထာနိဒါန်း၊ သီလက္ခန်ပါဠိ အဋ္ဌကထာနိဒါန်း၊ ဓမ္မသင်္ဂဏီပါဠိ အဋ္ဌကထာနိဒါန်းများမှာ ကြည့်ရှုနိုင်ပါတယ်။ယခု စာရေးသူ ကိုသစ္စာပဲ ထေရ၀ါဒစာပေမနှံ့စပ်လို့လား။

(၄) ဝိပဿနာနဲပါတ်သတ်ရင်လဲ ဦးဂိုအင်ပဲသိတယ်။>>>၀ိပဿနာနဲ့ပတ်သတ်လျင် မိုးကုတ်ဆရာတော်၊ လယ်တီဆရာတော်၊ ရွေဥမင်ဆရာတော်၊ မဟာစည်ဆရာတော်၊ ပဏ္ဍိတာရာမဆရာတော်၊ ချမ်းမြေ့ဆရာတော်တို့ကို ကမ္ဘာကမသိဘူးလို့ ဘယ်သူပြောပါသလဲ။ အထက်ဆရာတော်ကြီးများကို သိလျက် မသိကျိုးနွံပြုတာများလား။

(၅) မြန်မာဘုန်းကြီး ပညာရေးတွေ ညံ့ဖျင်းလွန်းတဲ့အတွက် ငွေတက်နိုင်သော ရဟန်းအချို့သည် သီရီလင်္ကာ။ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေမှာသွားပြီး တပည့်ခံနေရပါသည်။>>>အောက်စဖို့စ်ဆရာတော် ဒေါက်တာဓမ္မသာမိဟာ မိမိတို့ဒေါက်တာအတွက် သီရိလင်္ကာမှာ အကဲဖြတ်အကြီးကဲ၊ အခြားသောနိုင်ငံခြား သားတွေဒေါက်တာဖြစ်ဖို့ သူအကြံညာဏ်ယူရခြင်း၊ အောက်စဖို့စ်မှာ ဆရာကြီးတပါးဆိုတာ မသိတာလား။(အများသိသောဆရာတော်ကိုသာညွှန်ပြခြင်းဖြစ်ပါသည်။)

(၆) ဘုရားက ငါ့ဝါဒကို ဆန့်ကျင်ရင် ထောင်ချ သတ်ဖြတ်စေလို့ မဟောကြားပေ။ မြတ်စွာဘုရားအဆူဆူတို့သည် တကယ် ဂရုဏာရှင်ဖြစ်တော်မူ၏။>>>ဘုရားရှင်မဟောကြားသည်ကားမှန်ပါ၏။သို့သော်ထေရ၀ါဒအဆက်ဆက် ဆရာ၊ ဒကာလက်တွဲညီညာစွာ မင်းအာဏာစက်၊ ရဟန်းတို့ရဲဓမ္မစက်နဲ့မိစ္ဆာရန်သူကိုကာကွယ်ခဲ့တာမသိလေလျော့သလား။ အများသိတဲ့ကျေးကုလားပေါင်းများစွာကိုတိုက်ခိုက်ခဲ့တဲ့ဒုဋ္ဌဂါမဏိမင်း၊ အသောကမင်း၊ အဇာတသက်မင်း စတဲ့မင်းတွေအကြောင်းကိုမသိလို့များလား။ ထို့နောက် သီလမစင်ကြယ်သော ရဟန်းတပါးဟာ သံဃာ့ပရိတ်သတ်တွင်းဝင်နေသည့်အတွက်ကြောင့် ဘုရားရှင်သြဒါပါတိမောက်မပြခဲ့လို့ အရှင်မောဂ္ဂလာန် ကိုယ်တော်တိုင် သံဃာ့ပရိတ်သတ်မှ ဆွဲထုတ်ခဲ့တာမသိလေလျော့သလား

(၇) တကယ်လို့ အယူလွဲချော်နေတဲ့ ရဟန်းကို အယူမှန်အောင် ဟောနိုင်စွမ်းမရှိပါက သာသနာပြုသူ၏ ညံဖျင်းမှုသာဖြစ်ပေသည်။>>>အရှင်ဒေ၀ဒတ်အယူလွဲတာ ဘုရားရှင်ညံ့ဖျင်းလို့လား။ အရှင်မေဃိယ အယူလွဲတာ ဘုရားရှင်ညံ့ဖျင်းလို့လား။

(၈) မြန်မာဘုန်းကြီးတွေကို ကမ္ဘာက တကယ်ကိုမသိတာပါ။ သိအောင်လဲ ဘယ်သူမှမကြိုး စားကြဘူးဆိုတာပဲ။>>>မသိဘူးလို့ ဘယ်အရာ ကိုထောက် ၍ပြောပါလဲ။ မြန်မာဝိပဿနာစာ အုပ်ပေါင်းများစွာကို နိုင်ငံခြားပညာရှင်တွေက အင်္ဂလိပ်လို ဘာသာပြန်ခဲ့တဲ့ စာအုပ်တွေကိုမဖတ်ဖူးလို့လား။ လယ်တီဆရာတော်၊ နိုင်ငံခြားသားတွေတောင် အားကျခဲ့သောမဟာဂန္ဓာရုံဆရာတော်၊ ဂင်းနစ်မှတ်တမ်းမှာ စိုက်ထူခဲ့သော မင်းကွန်းဆရာတော်၊ အရှင်သေဋ္ဌိလ၊ သီတဂူ ဆရာတော်၊ အောက်စဖိုစ့် ဆရာတော် ဒေါက်တာ အရှင်ဓမ္မသာမိ တို့အကြောင်းကိုကော ကြားဖူးပါရဲ့လား။

(၉) လူတစ်ယောက် အယူမှားနေတယ်ဆိုတာ ။ အယူမှားနေတဲ့သူများ မှာ အပြစ်မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ လူဆိုတာ အမြဲတမ်းမှားနေသောကြောင့်ဖြစ်ပါတယ်။>>>ဘုရားရှင်တောင် ချွတ်မရတဲ့ ပူရဏကဿစတဲ့တိတ္ထိဆရာကြီးတွေရှိခဲ့ဖူးတယ်။ ဒါကိုမသိလိုလား။ ထေရ၀ါဒကိုပဲ သတ်သတ်အပုတ်ချချင်လို့လား။ သို့တည်းမဟုတ် ထေရ၀ါဒစာပေပဲမနှံ့စပ်လေလျော့သလား။

ကိုသစ္စာရေ ကမ္ဘာမှာ ဘယ်နိုင်ငံတွေများရောက်ဖူးပါသလဲ။ ဥရောပ၊ အာရှတွေပေါ့။ ယခုခေတ်... ချမ်းမြေ့ဆရာတော်၊ ရွေတောင်ကုန်း ပဏ္ဍိတာရာမဆရာတော်.၊အမေရိကန်က ဒေါက်တာ သီလာနန္ဒာဘိဝံသ (ပျံလွန်တော်မူ)၊ သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ၊ အောက်စဖို့စ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ၊ အမေရိကန်ဆရာတော် ဒေါက်တာဓမ္မပီယ စတဲ့သူတွေကို ကမ္ဘာကမသိဘူးထင်နေလား။ ကမ္ဘာမှာမြန်မာဆရာတော်တွေ သာသနာမဖြန့်နို င်ဘူးလို့ဘယ်သူပြောလဲ။ ဒီသီရိလင်္ကာကော လာကြည့်အုံးမလား။ မဟာယနဘုန်းတော်ကြီး ဒလိုင်းလားမားသာ သနာပြုနိုင်တယ်လို့ဆိုချင်တာလား။ သူတရားတွေ ဘာတွေများနာဖူးပါသလဲ။ ငါးပါသီလနဲ့ လူကျင့်ဝတ်ပဲဟောသွားတာ မသိဘူးမို့လား။ ၀ိပဿနာဆိုတာ မြန်မာကအခြေခံ လူတန်းစားလောက်သိတာ ဟောပြောခဲ့တာမသိလေလျော့သလား။(ဒလိုင်းလားမားကိုပုတ်ခတ်ခြင်းမဟုတ်ပါ။ အဖြစ်မှန်တခုကို သိစေလိုခြင်းသာဖြစ်ပါသည်။) ကမ္ဘာသိခြင်း မသိခြင်းထက် ထေရ၀ါဒအစစ်မှန်ကိုဟောပြောခြင်းဟာ အဓိကဆိုတာမသိလေလျော့သလား။ အရေတွက်က အဓိကမကျပဲ အရည်းချင်းကအဓိကကျတယ်ဆိုတာနားမလည်လို့လား။ သို့တည်းမဟုတ် တန်ဖိုးရှိသော ကျောက်သံပတ္တမြားဟာ ရှားပါးတယ်ဆိုတာ မသိလို့လား။ ကိုသစ္စာရေ သူများပြောတာနဲ့လမ်းမဆုံးပါစေပါနဲ့။ ကိုယ်တိုင်ထွက်ကြည့်ပါ။ ကမ္ဘာမြှာ မန်မာဟေ့ဆိုတာ မြင်လာပါလိမ့်မယ်။ သူတပါးပုတ်ခတ်ေ ၀ဖန်နေမဲ့အစား ငါကိုယ်တိုင်ကော (လူဆိုလျင်)ငါးပါးသီလေ တာင်လုံအောင်စောင့်ထိန်းရဲ့လား။ မိမိမိသားစုအတွက်၊ ပတ်ဝန်းကျင်ေ ကာင်းကျိုးအတွက် ငါဘာတွေလုပ်ပီးပီလဲ။ ဘာတွေလုပ်နေသလဲ။ ဝေဖန်ပါ။ ဆန်းစစ်ပါ။ သုံးသပ်ပါ။ တနေ့တာရဲ့ကုန်ဆုံးသွားတဲ့အချိန်မှာ ငါဒီနေ့ ကုသိုလ်၊ အကုသိုလ်မှာ ကုသိုလ်တွေ ဘယ်လောက်ယူသွားလဲ။ အကုသိုလ်တွေဘယ်လောက်သယ်သွားလဲဆိုတာပြန်လည်သုံးသပ်သင့်ပါတယ်။ လူလောကရောက်လာတဲ့တခဏတာလေးမှာ အချို့က ရတနာတွေသယ်သွားလို့၊ အချို့က အမှိုက်တွေသယ်သွားလို့ပြန်ထွက်သွားကြတယ်။ ငါကော တခဏတာရလာတဲ့လူဘ၀မှာ ဘာတွေသယ်သွားမလဲ။ အမှိုက်တွေပဲ သယ်သွားမလားဆိုတာ စဉ်းစားသုံးသပ်စေချင်ပါတယ်။ ကိုသစ္စာရေ “ပညာမဲ့တွေက လုပ်ပီးမှ စဉ်းစားတယ်။ ပညာရှိတွေကတော့ မလုပ်ခင်စဉ်းစားပြီးမှပြောတယ်”တဲ့။ 

Tuesday, May 1, 2012

အကြွေစောခဲ့ရှာသော တောင်တန်းပြာက .သာသနာ့အာဇာနည်!

  အကြွေစောခဲ့ရှာသော တောင်တန်းပြာက .သာသနာ့အာဇာနည်!
  ယနေ့ မထင်မှတ်ပဲ ကြားလိုက်ရတဲ့ သတင်းစကားကြောင့် ရင်မှာ ၀မ်းနည်းခြင်းများ ဖြစ်ခဲ့ရပါတယ်။ ဦးပဏ္ဍ၀ံကြီး ပျံလွန်တော်  မူပြီတဲ့..ကြား. .ကြားချင်း တကယ်ကို စိတ်မကောင်ြး ဖစ်မိတယ်။။ ဒေါသလဲ ဖြစ် ခဲ့မိပါတယ် ။နောက်ဆုံးတော့.. ဇာပနပြီး..ပြီးသွား တာ ပဲလားလို့ မေးမိလိုက်တယ်။
        ဦးပဏ္ဍ၀ံသဆိုတာ အရှင်နဲ့အတူ မန်းလေး နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ကျောင်းဆင်း ပါ။ လေးနှစ်တိုင်တိုင် အတူ ပညာ ရည်နို့သောက် ခဲ့ကြပါတယ်။ သို့သော်လည်း သူက ဖိုင်နယ်မှာ တစ်နှစ်ကျခဲ့သောကြောင့် အရှင်တို့နောက် တစ်နှစ်ကျန်ေ နခဲ့ ရပါတယ်။ အရှင်တို့ နပသကျောင်းဆင်း အားလုံး တောင်တန်းဒေသ များသို့ သာသနာပြု နှစ်နှစ်ကြွရောက် ရတယ် ဆိုတာ အားလုံး အသိပါ။ အရှင်က..တော့ ၂၀၀၉..၂၀၁၁ အထိ နှစ်နှစ်တာ သာသနာပြုတာဝန်များကို ခန္တီးနာဂတောင်တ န်းဒေသ မှာ  ထမ်းေ ဆာင်နို င်ခဲ့ပြီး နိုင်ငံေ တ်ာပ ရိယတ္တိ သာသနာ့တက္ကသိုလ်မှ ချီးမြင့်လိုက်သော သာသနတက္ကသီလ ဓမ္မာစရိယ. .B.A ဘွဲ့ကို ခူးဆွတ်နိုင်ခဲ့ပါတယ်။
  အရှင်တို့တစ်တွေဟာ ဒီတက္ကသိုလ်မှ ဘီအေ ဘွဲ့ကိုရရှိဖို့ နှစ်ပေါင်း ၆ နှစ်ကြာကြာ ပေးဆပ်ခဲ့ရပါတယ်။ လွယ်လွယ်လေးတော့ မဟုတ်ဘူး။ တောင်တန်းဒေသမှာ ပေးဆပ်ရတာတွေများတယ်။ ခက်ခဲ့တယ်။ ကိုယ့်အားကို ကိုးရတယ်။ ကိုယ့်အိတ်ထဲကစိုက်ပြီး တောင်တန်းဒေသက တိုင်းရင်သားလေးများကို ဘာသာရေးအသိပညာ၊ ခေတ်ပညာ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အားလုံး ဖန်တီးပေးခဲ့ရပါတယ်။
    အခု..အရှင်ပဏ္ဍ၀ံသသည်လည်း ဘီအေဗုဒ္ဓဇင်,B.A Buddhism ဆိုတဲ့ ဒီတက္ကသိုလ်ဘွဲ့ကိုရရှိဖို့ သာသနာ့တက္ကသိုလ်မှာ လေးနှစ်တာ ပညာရပ်တွေကို သင်ကြားပြီး နှစ်နှစ်တာ သာသနာပြုတာဝန်များကို အရှင်တို့လိုပဲ ချင်းတောင်တန်း..ပလပ်ဝဒေသမှာ သာသနာပြုေ  နသော သာသ နာ့ အာဇာနည် သူရဲ့ကောင်းတစ်ဦးပါ။ အရှင်ပဏ္ဍ၀ံသ သည် သာသနာပြုတာဝန်များကို ချင်းတောင်တန်း ပလပ်ဝဒေသမှာ ထမ်းဆောင်နေတာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ အရှင်ပဏ္ဍ၀ံသ သည် လာမည့်နှစ် ၂၀၁၃ ..၁၂ လပိုင်းဆို သာသနာ့တက္ကသိုလ်မှချီးမြင့်သော သာသန တက္ကသီလဓမ္မာစရိယ.B.A Buddhism ဘွဲ့တော်မြတ်ကြီးကို မန်းလေး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသို်လ် ဘွဲ့နင်းခ န်းမ ကြီးတွင် ဘွဲ့တံဆိပ်ခံယူရန် လက်တစ်ကမ်းသာလိုတော့သည်။
  ခက်ခဲကြမ်းတမ်းသော ချင်းတောင်တန်းမှာ ပင်ပန်း ဆင်းရဲစွာ။ငက်တလှည့်..ြ ပတ်တစ် လှည့်ဖြင့် လေဒဏ်၊မိုးဒဏ်၊ ရာသီဥတု ကြမ်းတမ်း ဒဏ်တွေကို ကြံ့ကြံ့ခံကာ သာသနြာ ပု တာဝန်ကို တစ်နှစ်တာ အောင်မြင်ပြီး ဆုံးခဲ့ပြီမို့. .အရှင်ရဲ့ရင်ထဲမှာ ကြိုတင် ရင်ခုန်ကာ ပျော်ရွှင်နေမိမှာ အသေအချာပါပဲ။ အော်..ဘာလိုလိုနဲ့ ငါတောင် လာမဲ့နှစ်ဆို ဘွဲ့ယူရတော့မှာပါလား။ မိဘကျေးဇူး၊ ရွာသူ..ရွာသားတွေကျေးဇူး။ လှူဒါန်းထောက်ပံ့နေသူ ဒကာ. .ဒကာမများ။ ရဟန်းဒကာ.. ဒကာမများ..ဆရာသမားကျေးဇူးတွေကို ငါဆပ်ခွင့် ရတော့မှာပါလား ဆိုတဲ့အတွေပီတိများက ရင်မှာ ပြည့်နေ မယ်ဆိုတာ ခံစားမိပါတယ်။ အရှင်တို့အခါတုန်းကလဲ ခံစားခဲ့မိတာ ပဲလေ။
        နောက်..ဒီအချိန်ဆို..မိဘ၊ ညီကိုယ်မောင်နှမများ။ ရွာသူ..သားများ။. ဒကာ..ဒကာမအေ ပါင်းရဲ့ရင်ထဲ မှာလဲ မျော်လင့်ေ ပျာ်ရွှင်ြ ခင်းပီတိတွေ ဝေဆာနေမှာပါ။ အော်..ငါ့တို့သားပဇဉ်းလေး ဘွဲ့ရတော့မှာ။ ငါ့တို့ရဟန်းခံထားတဲ့ ဦးဇဉ်းလေး လောကအလယ်မှာ ဂုဏ်တင့်တောမယ်ဆိုတဲ့ အတွေးခံစားမှုတွေက သူတို့ရင်မှာ ကိန်းဝပ်နေမှာ.. ခံစားကြည့်က သိနိုင်ပါတယ်။။ အရှင်ပဗဏ္ဍ၀ံသ ဘွဲ့ရတော့မှာ သိပ်မကြာတော့ဘူးလေ။ မင်း..နောက်နှစ်ဆို ပန်းတိုင်ကိုရောက်ပါပြီကွာလို့ အားပေးသော သူငယ်ချင်းများရဲ့ စကားသံများ မဆိတ်သုဉ်းမီ.......။
        အရှင်ပဏ္ဍ၀ံသ ပျံလွန်တော်မူပြီတဲ့...ပန်းတိုင်းရောက်ခါနီးမှ..ကျရှုံးသွားခဲ့ရတယ်။ ရည်ရွယ်ရာ မရောက်ခင်မှာ အတောင်ကျိုး ခဲ့ရ တယ်။ မျော်လင့်ချက်တွေ ပြည့်ခါနီးမှ..မုန်တိုင်းသင့်ခဲ့ရတယ်။ အားလုံးသော..မျော်လင့်ချက်တွေ တအားထားခဲ့သော မိဘ ဆွေမျိုးအသိုင်းဝိုင်း. .ဒကာ.. ဒကာမအပေါင်းလဲ ရင်မှာစို့နင့်ခဲ့ရတယ်။ မျော်လင့်ချက်တွေ ကုန်ဆုံးခဲ့ရတယ်။ အပျော်တွေ မပြည့်ခ င် မှာ အငို မျက်ရ ည်တွေ ကျခဲ့ရတယ်။
    အခုတော့...အကြွေစောခဲ့ရှာလေပြီ။ ဘွဲ့ဆိုတဲ့ပန်းတိုင်ကို အတောင်ဖြန့်လို့ ပျံသန်းနေစဉ် မရဏဆိုတဲ့ ကံကြမ္မာစိုးကြောင့် အတောင်ကျိုးခဲ့ရှာလေပြီ။ အော်..ေ တာင်တန်းပြာက. .သာသနာ့အာဇာနည် အရှင်သူမြတ်..သူငယ်ချင်းတစ်ပါး အကြွေစောလို့ မြေခခဲ့ရပြီတကယ်တော့ ချင်းတောင်တန်းဆိုတာ..အရှင်တို့သာသနာပြု သူရဲကောင်းအာဇာနည်ေ တွအတွက် သွေးစွန်းသော နယ်မြေတစ်ခုလား။ဒါမှမဟုတ်..အသက်တွေခြွေနေသော နယ်ကြမ်းတစ်ခုရယ်များလား။ သာသနာ့အာဇာ နည်သူရဲကောင်းတွေကို ၀ါးမျိုနေသော နယ်မြေရ ယ် များလား။ အတွေးခက်လို့ ဗျာပါဝေနေရပါပြီ. .ချင်းတောင်တန်းက..ချစ်ရသော ပလပ်ဝရယ်။
     မနှစ်ကလဲ..အရှင်တို့ရဲ့ သာသနာပြုအာဇာနည် သူရဲကောင်းတစ်ဦးကို ပြုစားရက်ခဲ့ပြီ။ ဒါတောင် မကျေနပ်နိုင်သေးဘူးလား။မနှစ်ကလဲ..ကိုယ်မြေ့ကိုယ်ဒေသ..ကိုယ်လူမျိုး..ကိုယ်တိုင်းရင်းသားတွေအတွက် လာပေးဆပ်သော သာသနာ့အာဇာနည် သူရဲကောင်းများကို..ဘယ်အငြိုးနဲ့များ ၀ါးမျိုနေပါသလဲ။ ချင်းတောင်တ န်းကြီးကြောင့်..မနှစ်က အရှင်တစ်ပါးလဲ စိတ်ဖောက်ပြား..ေ ချာက်ချား ကာ ပြန် လာခဲ့ရ တယ်လေ။ သူ့ခများ သာသနာ့ပြုတာဝန်တွေကို ခွန်နဲ့အားနဲ့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း. .စေတနာ.. အကြင်နာ။ ကရုဏာ။ ၀ါသ နာတွေနဲ့ ငတ်တစ်လှည့်  ပြတ်တစ်လှည့် ကျေပွန်စွာထမ်းေ ဆာင်နိုင်ခဲ့ပါလျှက်..ဘွဲ့လေးတောင် တက်မယူနိုင်ရှာဘူး။ အပြန်လမ်းမှာ အမုန်းပန်းတွေ. .ဆူးခင်းလမ်းတွေနဲ့ ဘာလို့ကြိုလင့်နေတာလဲ။. .ချင်းတောင်တန်းကြီးရ ယ်။။
     နောက်နောင်..မရက်စက်ပါတော့နဲ့လား။ မခြွေရက်ပါနဲ့တော့လား။ မမုန်းလိုက် ပါနဲ့တော့လား. .တောင်းပန်ပါရစေ ချင်းတောင်တ န်မြေရ ယ်။ သူရသတ္တိဘွဲ့ဆိုတာလဲ အရှင်တို့မှာ ခံစားခွင့်မရှိပါဘူး။ ဂုဏ်ထူးဆောင်ဘွဲ့ဆိုတာလဲ အရှင်တို့မှာ ပိုင်ဆိုင်ခွင့်မ ရှိပါဘူး။ကျန်ရစ်သူ မိဘတွေကို အသိမှတ်ပြုပေးတဲ့ ဆုဆိုတာလဲ အရှင်တို့မှာ မရှိပါဘူး။ ဒီတော့ အရှင်တို့တောင်တန်းသာသနာပြု အာဇာနည် သူရဲကောင်း ရဟန်းငယ်လေးများဟာ. .မရဏမင်းရဲ့စက်ကွင်းက လွတ်မြောက်မှ ရည်ရွယ်ရာပန်း တိုင်ကိုရောက်မှာပါ။ ကျန်ရစ်သူေ တွအ တွက်လဲ ၀မ်းနည်းဖွယ်သက်သက်မို့.. ညှာတာလှည့် ပါ။စာနာလှည့်ပါ။။ ကြင်နာလှည့်ပါ.. .တောင်တန်းပြာနဲ့ သက်ရှိတွေရယ်...
   ခုတော့..ဘာတက်နိုင်မှာလဲ..ပန်းတိုင်မရောက်ခင် အတောင်ကျိုးကာ အကြွေစောခဲ့ရှာသော ချင်းတောင်တန်းက သာသနာ့အာဇာနည် အရှင်မြတ်ရယ်...အရှင်ပြုလုပ် ပေးဆပ်ခဲ့သော သာသနာ့ပြုနေ့ စဉ်ကေားမှုများဖြင့် ကောင်းရာ နတ်နန်း....သုဂတိလမ်းသို့ စံမြန်းနိုင်ပါစေလို့.....
      ကြာလည်မမေ့.၊ ရှာလည်းမတွေ့၊ ငါလည်တစ်နေ့...တဲ့..
      အားလုံး သတိသံဝေဂ ရရှိုနိုင်ကျပါစေလို့...အမေ့မေတ္တာအရှင်..