Friday, June 29, 2012
အိုမင်းရင့်ရော်တော့ အမေ့မေ့အလျော့လျော့နဲ့ပါ
ရေးသူ- လူထုဒေါ်အမာ
ဒါပေမယ့် အမေက စာကို မနေနိုင်သေးလို့သာ ရေးနေတာပါ။ စာက လူချင်းတူတူ၊ သူချင်းမျှမျှ ထိုက်ထိုက်တန်တန် စာမျိုး မထွက်တော့ပါဘူး။ အမေက အသက်ကြီးလှပြီ ဟုတ်လား။ အဲဒီတော့ မေ့တာ လျော့တာတွေက သိတ်များလာပြီပေါ့။
အမေ ဒီဇင်ဘာလထဲတုန်းက သေကောင်ပေါင်းလဲဖြစ်လို့ ဆေးရုံတက်ခဲ့ရတဲ့အခ အမေ့အသက်ကို သေမင်းလက်က ၀ိုင်းလုရတယ်။ ဆရာဝန်ကြီးတွေကို အမေက ကျေးဇူးတင်စကား ရေးသားခဲ့တယ်။ အဲဒီအထဲမှာ အမေဆေးရုံပေါ်တုန်းက ချောင်းကလည်း ဆိုးနေလို့ ရင်ခေါင်းအထူးကု ဆရာဝန်ကြီး ဦးဝင်းနိုင်လည်း ကုပေးရရှာတယ်။ ဒါကို အမေက သူ့နာမည်မေ့ထားခဲ့မိလို့ အမေ့မှာ စိတ်မကောင်းလိုက်တာ။ အားနာလိုက်တာ။
သူက တခြားဆရာဝန်ဆိုရင်လည်း တော်သေးရဲ့။ ခုတော့ အိမ်ချင်းကပ်နေတဲ့ ဆရာဝန်ဖြစ်ပြီး၊ သူ့သားလေးနှစ်ယောက်က အမေတို့အိမ်ကို မိုးလင်းတာနဲ့ လာကစားကြတာ။ သူ့ဇနီးကဆိုရင် (မန္တလေးသူ၊ မန္တလေးသားများ) ဆိုတဲ့ အမေရေးသားတဲ့ စာအုပ်ထဲမှာပါတဲ့ မိုက်သူကြီးဦးမောင်ကြီးရဲ့ မြေးပါ။ ကိုယ်နဲ့ ဒီလောက်နီးစပ် ရင်းနှီးနေတာ ဖြစ်ပေမယ့် သူ့ကို မေ့ထားခဲ့တယ်လေ။
အဲဒီတော့ အမေပြောချင်တာကတော့ ငါ့သားတို့ သမီးတို့ လုပ်ချင်တာရှိရင် ငယ်ရွယ်တုန်းမှာ ပြီးမြောက်အောင် လုပ်ကြ။ အသက်ကြီးလာပြီဆိုရင် ၆၀ ကျော်လောက်က စပြီး ဇရာက ဖိစီးလာတယ်။ ငြင်းမရလောက်အောင် သိသာလာတာတွေက ဆံပင် စဖြူလာတယ်။ မျက်စိမှုန်လာတာတွေ ဖြစ်လာတယ် မဟုတ်လား။ နို့ပေမယ့် ကိုယ်က ဆံပင်လေးဆိုးလို့ မျက်မှန်လေးတပ်လို့ဇရာကို အံတုပါတယ်။ အဲဒီလို တုသာတုတယ် ဇရာကတော့ မှန်မှန်ကြီး ၀င်လာတာပါပဲ။
မျက်စိတို့ ဆံပင်တို့သာမက နားကပါ အကြားချို့တဲ့လာတယ်။ လူရဲ့ သတိ၊ အမှတ်အသားကလဲ နည်းနည်းချင်း လျော့ပါးပျက်စီးလာတယ်။ အဲဒီချို့ယွင်းချက်တွေဟာ ရပ်တယ်မရှိ၊ နားတယ်မရှိ ကိုယ့်ခန္ဓာကိုယ်ထဲ မှန်မှန်ကြီး ၀င်လာတာပါပဲ။
လူက လူအိုလူမင်း ဖြစ်လာတာနဲ့အမျှ လွှင့်မပစ်ရသေးတာကလွဲလို့ ဘာကမှ ဟုတ်တိပတ်တိ မကောင်းတော့ပါဘူး။ ဒါကြောင့် အမေက သားတို့ သမီးတို့ကို လုပ်စရာရှိတာ အရွယ်ကောင်းတုန်း အရွယ်ရှိတုန်း မအိုမင်းခင် လုပ်ကြဖို့ ပြောရတာပါ။
လူဆိုတာ စကားပီနားကြား လူတယောက်ရယ်လို့ ဖြစ်လာတယ်ဆိုရင် ပညာရှာတဲ့အရွယ်မှာ ပညာကို မရ အရရှာတယ်။ ပြီးတော့ ဒီလူ့လောကမှာ ငါကြီးလာရင် ငါဘာဖြစ်ချင်တယ်။ ငါဘာလုပ်ချင်တယ်ဆိုတဲ့ စိတ်ကူးရည်မှန်းချက် ရှိရမယ်။ အဲဒီအတိုင်းလည်း မဖြစ်မနေ ကြိုးစား လုပ်ရတယ်။
လုပ်တဲ့အခါမှာ အခက်အခဲတွေတော့ ရှိမှာပေါ့။ ဒါပေမယ့် ဒီအခက်အခဲတွေကို ရင်ဆိုင်ရတယ်။ ကျော်လွှားရတယ်။ တိုက်ပွဲဝင်ရတယ်။ ရှုံးတဲံအခါလဲ ရှုံးတယ်။ ကိုယ်က နိုင်တဲ့အခါလဲ နိုင်တယ်။ နိုပေမယ့် ဘ၀ဆိုတာ ဒါပဲ။ ကိုယ်သွားချင်တဲ့ဆီ ရောက်အောင် ဒီလို ဒရွတ်သီနဲ့ သွားရတာပါပဲ။
ဘ၀ဆိုတာ တိုက်ပွဲလို့ ကြီးတဲ့လူတွေက ပြောလေ့ရှိတယ်။ သိပ်ဟုတ်တာပေါ့။ အမေတို့များ အသက်က ကြီးလို့ ထင်ပါရဲ့။ တိုက်ပွဲပေါင်းလဲ မရေမတွက်နိုင်ခဲ့ဘူး။ ကိုယ်ရှုံးနိမ့်ခဲ့တာတွေလဲ အများကြီးမှ အများကြီးပါ။ အခုနေ ပြန်စဉ်းစားရင် မှတ်တမ်းတင်လို့တောင် ကုန်မယ်မထင်ဘူး။ အမေအ့ကို တချို့က ခေါင်းမာတယ်လို့ ဆိုတယ်။ ဟုတ်လေသလားလို့ မပြောတတ်ဘူး။ နို့ပေမယ့် ခေါင်းမမာရင် ဖတ်ကနဲ ဖတ်ကနဲ လန်ကျတဲ့အခါ ပြန်မထနိုင်ရင် လူတကာက နင်းချေသွားလို့ လူ့နင်းပြားဘ၀နဲ့ပဲ ရှိတော့မှာပေါ့။
ငါ့သားတို့ သမီးတို့ အမေ ပြောချင်တာက ဘ၀ကို ရင်ဆိုင်တဲ့အခါ အဲဒီ တိုက်ပွဲကိုလည်း မင်းတို့ တွေ့ကြ ကြုံကြမှာ အမှန်ပဲ။ တိုက်ပွဲမှာ ကိုယ်က ရှုံးရရင်၊ ရှုံးရလေခြင်း မအောက်မေ့ပါနဲ့။ ငါလိုလူတွေ အများကြီး ဒီလိုရှုံးရာက လူလဲထရတာပဲလို့ သိလိုက်ပါ။ ပြီးတော့ ဆက်လျှောက်ပါ။ အမေဖြင့် အသက်ရှည်လွန်းလို့ တိုက်ပွဲတွေက ပိုများသလား။ ငါက ခေါင်းမာလို့ပဲ ပိုခံရသလားလို့ အောက်မေ့မိပါရဲ့။ ဒါပေမယ့်လည်း အဲဒါလည်း မဟုတ်ပါဘူး။ အမေ့လောက် အသက်မကြီးပေမယ့် အမေ့ထက်ပိုများတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်နေရ၊ ကျော်လွှားနေရတဲ့လူတွေ အများကြီး ရှိတာပါ။ ဒါဟာ လူ့ဘ၀ပါပဲ။ ဒါ့ကြောင့် အမေက နောက်ဆုံးစကားအနေနဲ့ လုပ်စရာရှိတာတွေကို သတ္တိနဲ့ပဲ လုပ်ကြ။ ကိုယ်ကရှုံးရင်လဲ ပြန်ထကြ၊ ငယ်တုန်းရွယ်တုန်း ကိုယ့်မှာ အားမာန် အပြည့်ရှိတုန်း လူ့ဘ၀ရဲ့ အခက်အခဲမှန်သမျှကို ရင်ဆိုင်ကြ၊ ကျော်လွှားကြပါ။ ဒါဟာ ဘာမှ မဆန်းပါဘူး။ လူတိုင်းလူတိုင်းဟာ တမျိုးမဟုတ်တမျိုး ကြုံတွေ့နေကြရတာချည်းပါပဲ။ အဲ.... အိုလာရင် လူစွမ်းလူစ ပိုပိုပြီး တုံးလာတယ်။ နောက်ဆုံးကျတော့ အားလုံးကို လက်မြှောက်လိုက်ရတဲ့ဘ၀ ရောက်လာလိမ့်မယ်။ ဒါ့ကြောင့် အချိန်အရွယ်ရှိတုန်း လုပ်စရာရှိတာတွေကို လုပ်ကြပေရော့လို့ အမေပြောလိုက်ပါရစေ။
ဒေါ်အမာ။
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၂၈၊ နိုဝင်ဘာ၊ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]
အမေ
အမေ...တဲ့ တော်တော်ကောင်းတဲ့ဝတ္တုတိုလေးဘဲ။ဖတ်ကြည့်လိုက်ကြပါခင်ဗျာ....
“ချမ်းလိုက်တာ…..”
ခမောက် အမိုးထဲကို ဝင်နိုင်သမျှ ဝင်အောင် ကိုယ်ကိုကျုံ့ ဝင်ရင်း ညီးတွားမိပါတယ်…
အဝေးကကြည့်ရင် လူကိုတွေ့ရမယ် မထင်ပါ ခမောက် အကြီးကြီး
တစ်ခုကိုပဲတွေ့နိုင်ပါလိမ့်မယ် ကျနော့် အတွက် ဒီခမောက် က မိုးကာလဲ
ဟုတ်..ထီးလဲ ဟုတ်ပါတယ်…မိုးတွင်းအဆက်ဆက်တိုင်းကို ဒီ ခမောက်လေးနဲ့ပဲ
ဖြတ်ကျော်ခဲ့ပါတယ်…အခုလဲ မိုးဖွဲဖွဲလေး ကျနေပါတယ်…ကျနော့်ခြေထောက်တွေ လဲ
အေးစက်နေပါပြီ…ဒါပေမယ့် ကျနော် အိမ်မပြန်ချင်သေးပါ.. ။ ကျနော့် အမေ
နေမကောင်း ဖြစ်တာ တပါတ်လောက်ရှိပါပြီ အခုမှ အဖျား ပျောက်ကာစဆိုတော့
အားနည်နေပါတယ် .. အမေ့ကို ငါးဟင်းစွတ်ပြုတ်လေး ပြုတ်တိုက်ချင်လို့
မိုးရွာကြီးထဲမှာ ကျနော် ငါးထွက်မျှားနေတာပါ…။
“ဟာ…တွတ်ပြီ…”
ဒေါင်းမှီးနဲ့လုပ်ထားတဲ့ ဖော့တံလေးက လှုပ်လာပါတယ် ပေါ်ချီ မြုပ်ချီမဟုတ်ပဲ
လှုပ်ရုံတင် လှုပ်တာဆိုတော့ ငါးကြီးဖြစ်ဖို့ များပါတယ်…
“ငါးရံ့ ရရင်ကောင်းမယ် …”
ဖော့မြုပ်သွားပါပြီ..ဘူစီပေါင်းတွေ ပလုံစီအောင်တတ်လာတာ
ကိုကြည့်ခြင်းအားဖြင့် ငါးခူဖြစ်မယ် ထင်ပါတယ်..
ဖော့မြုပ်တဲ့ဖက်နှင့်ဆန့်ကျင်ဖက်ကို ခပ်ဆပ်ဆပ်လေး ရိုက် ဆွဲတင်လိုက်ပါတယ်…။
ထီးရိုးဝါးဖြင့်လုပ်ထားတော့ ငါးမျှားတံ ကညွှတ် ပြီးပါလာပါတယ်…
“အာ.. အကြီးကြီး ပဲဟ…”
ဟုတ်ပါတယ် ငါးခူ ကြီးက နှုတ်ခမ်းမွှေး အ၀ါနဲ့ ကျနော့်လက် တတောင်
ကျော်ထိအောင်ကိုကြီး လှပါတယ်…ငါးခူ အစွယ်က အဆိပ်ရှိပါတယ်
သတိကြီးစွာထားပြီးတော့ သူ့ရဲ့ အစွယ်နှစ်ဖက်အောက်ကို လက်ညှိုး
လက်သန်းထည့်..အောက်မေးရိုးကို လက်မနှင့် လှန်ချ ပြီးတော့
ချိတ်ကိုဖြုတ်လိုက်ပါ..အဲ့လိုဖြုတ်တတ်ဖို့ ငါမျှားတတ်တဲ့ဦးလေး ကြီးဆီမှာ
အချိန်တော်တော်ကြာ သင်ခဲ့ရတာပါ..။ငါးကိုသေချာကြည့်လိုက်တော့ ဗိုက်
ဝိုင်းကြီးပါ ဖြူလဲ ဖြူနေပါတယ်..ဒါ ငါးခူအထီး ကြီးပါ..ငါးခူ
အကောင်ကြီးတွေက အဖော်နဲ့ နေတတ်ပါတယ် ဒီအချိန်က ငါးတွေ သား ကျချိန်ဆိုတော့
ငါးအမကြီး ရှိနိုင်ပါတယ်..ကျနော်လဲ ဘေးပါတ်ဝန်းကျင် တလျောက်
လိုက်လေ့လာကြည့်လိုက်ပါတယ်…
“ဟာ”
တွေ့ပါပြီ ငါးသားအုပ်ကြီးပါ..ငါးခူအုပ်ဆိုတာ ကြည့်တာနဲ့ သိပါတယ် မည်းမည်း
နဲ့ ငါးသားလေးတွေ လဲ အများကြီးပါ... အဲ့ဒီအောက်မှာ ငါးမကြီး
ရှိပါတယ်..ငါးအမ များဟာ အထီးများထက် အကောင်ကြီးကြပါတယ်...သားချ ထားလို့
ပိန်တော့ ပိန်တတ်ပါတယ်…
“အင်း ငါးသားလေးတွေ ကကြီးတော့ တီနဲ့ ချလို့ကတော့ သူတို့ ၀ိုင်းစား
ကြတာနဲ့ ကုန်မှာ ပဲ ပိုးဟပ်နဲ့ မျှားမှ”
ကျနော့် စိတ်ကူးနဲ့ ကျနော် အစာချလိုက်ပါတယ်…ငါး အမေ ကြီးဟာ သူတို့
သားအုပ်ပေါ် ဖြတ်ပြေးတဲ့ မွေက အစ ဟပ်ပါတယ် ..။ သားသမီးကို ကာကွယ်တတ်သော
မိဘ တွေရဲ့ ပုံစံ အမှန်ပါ..။ကျနော့် အစာကိုလဲ တန်းပြီးဟပ်ပါတယ်..။
ကျနော် ငါးအမေ ကြီးကိုဆွဲတင်လိုက်ပါတယ်..
အားပါးပါး ဒီတစ်ကောင်က ပိုတောင်ကြီးပါသေးတယ်..
ကျနော် ရဖူးတဲ့ ငါးခူတွေ ထဲမှာ ဒီအကောင်လောက်ကြီးတာတော့ မတွေ့ဖူးပါ
တကောင်တည်း နဲ့တင် ၅၀ သားကျော်လောက်ရှိပါတယ်…။
ကျနော် ငါးတွေကို ကြေးနန်းကြိုးနဲ့ သီပြီး ပြန်ဖို့ပြင်လိုက်ပါတယ်…။
ငါးအုပ်ကို ပြန်ကြည့်မိတယ်…သူတို့ အရင်လို မိခင်နောက်ကို
အုံခဲပြီးလိုက်နေ သလိုမျိုး တစုတဝေးထဲ ဖြစ်မနေတော့ပါ..ဦးတည်ရာမဲ့
လျောက်သွားနေပါတော့တယ်…ဒီထဲမှာ တချို့က ကံကောင်းပြီး အသက်ရှင်နိုင်သလို
တချိုကျတော့လဲ ငါးအကြီးကြီး တွေရဲ့ အစာ ဖြစ်သွားမှာပါ…အော် သူတို့ မိဘ
မဲ့ဖြစ်သွားပြီကိုး…။
“အမေရေ အမေ အမေ..”
"ဟဲ့ သားလေး ဘယ်တွေ လျောက်သွားနေတာလဲ မိုးရွာနေတာကို "
“အမေ သားငါးခူ ဖမ်းလားတယ်”
“ဟယ်ကြည့်စမ်း သား အမေဘာပြောထားလဲ သူများအသတ် မသတ်ရဘူးလို့ ပြောထားတယ်လေ
အမေ့စကား ကိုနားမထောင်ဘူးပေါ့ …ဟုတ်လား ကိုဇင်”
“သားက အမေ့ကို စွတ်ပြုတ်လုပ်တိုက်ချင်လို့ပါ..အမေ နေကောင်းကာစ ဆိုတော့
အားရှိအောင်ပါ..”
အမေက ကျနော့်ကိုကြည့်ရင်း မျက်ရည်ဝဲလာပါတယ်…
“လာ သားလေး ခေါင်းတွေ သုတ်စမ်း ဖျားတော့မှာပဲ ဒီကလေးကတော့…”
အမေ ကျနော့် ကို မဆူ ရက်တော့ ပါ...။
“အမေ ငါးခူကို ရဲယိုရွက်နဲ့ ချက်စားရအောင်နော် ..ပိုတာကို အမေ့အတွက်
စွတ်ပြုတ်လုပ်ပေးမယ်..”
“အမယ် နင့်ငါးခူ ကဘယ်လောက် ကြီးလို့လဲ..”
ကျနော်လဲ အိမ်ဘေးက စဉ်းအိုးဘေးမှာ ချထားတဲ့ ငါးခူနှစ်ကောင်တွဲ
ကိုလက်ညိုးထိုးပြလိုက်ပါတယ်..
“ဟိုမှာလေ..”
“ဟယ်တော့ အကြီးကြီး ပဲ…သားလေး အိမ်မှာ ထမင်းချက်ထား ဒီအချိန် ဆို
ဈေးမကွဲသေးဘူး အမေး ဈေးမှာ သွားရောင်းလိုက်မယ်…”
“အမေ့…..ငါးခူနဲ့ ရဲယိုရွက် လေ….”
“သားလေး အိမ်မှာဆန်ကုန်နေပြီလေ..ဒါလေးရောင်းရရင် အဆင်ပြေမှာ..သားကလိမ္မာ
ပါတယ် နောက်မှ အမေအဆင်ပြေရင် သား စားချင်တာချက်ကျွေးမယ်လေ..အော်
နောက်တစ်ခါတော့ အဲ့လိုငါးထွက်မျှားတာ အမေခွင့်မပြုဘူးနော် သားလေး…ကို့
ရဲ့အခက်ခဲ အတွက် သူများ အသက်ကို သတ်တာ သိပ်အောက်တန်းကျတယ် နော်သား”
“ဟုတ် ကဲ့ပါ အမေရဲ့..အမေ မြန်မြန်ပြန်လာနော် နေကောင်းသေးတာလဲ မဟုတ်ဘူး”
“အေးပါသားရဲ့ အမေ နေကောင်းနေပါပြီ..ထမင်းချက်ထားနော်..”
အမေက ပြောရင်းနဲ့ ဇလုံထဲကို ချိန်ခွင်တွေ ဓါးတွေ ၊ ငါးတွေ ထည့်ပြီး
ခါးစောင်းတင်ရွေ့ ထွက်သွား ပါတော့သည်..။
“ငါးခူတွေ ရမယ် ငါးခူတွေ လတ်တယ်နော်…လတ်တယ်…”
သူမအသံမှာ အားလုံးဝ မရှိပါ…သူမဘေးမှ အသံစာစာဖြင့်
အော်ရောင်းနေသောတခြားငါးသည် တွေရဲ့ အသံကို ဖုံးသွားအောင်လဲ သူမ
မအော်နိုင်ပါ…ဒါပေမယ့်သူမ အဆက်မပြတ် အော်နေပါတယ်...။
“ငါးခူတွေ ရမယ် ငါးခူတွေ”
“အမကြီးဈေးကောက်…”
“အဲတော့ မောင်လေးရယ် အမမှာ တစ်ကျပ်မှ ကိုမရှိတာပါ…”
“ခင်ဗျားတို့ ကလဲ ပြောလိုက်ရင်အဲ့လို ကြီးပဲ ကျူပ်တို့ကလဲ
ကောက်ချင်လို့ကောက်နေတာ မဟုတ်ဘူးဗျ ကောက်ခိုင်းသလောက် မရရင်
အိပ်စိုက်ရမှာဗျ”
“အေးပါ ကွယ် အမ ငါးရောင်းရရင် ပေးပါ့မယ် ပြန်လာခဲ့ နော်…”
ဈေးကောက် ကောင်လေးမှာ မကျေမနပ်ဖြင့် ထွက်သွားပါတော့တယ်..အော်သူလဲ
သူ့ဒုက္ခနဲ့ သူပဲလေ..
“အမေ သမီး ငါးခူ ကြော်စားချင်တယ်…”
“ဟုတ်လား သမီးစားချင်ရင် အမေကြော်ကျွေးမှာပေါ့ ဒီအချိန်က ငါခူ
ရပါ့မလားတောင် မသိဘူး…”
“အမေ အကြီးကြီး ကိုကြော်စားချင်တာနော်…”
“အေးပါ တွေ့ရင် အမေ ၀ယ်ပါ့မယ် သမီးကလဲ..”
“မေမေ ဟိုမှာ နှုတ်ခမ်းမွေးကြီးနဲ့ …ဟိုမှာ ငါးခူတွေ..”
“ဘယ်မှာလဲ သမီးရဲ့ အော် ဟိုမှာ လာလာ သမီး..”
ပျံကျဈေးပေမယ့် လဲ ဈေးဝယ်လို့ ကောင်းလို့ ဒီဈေးကိုပဲ လာလာ
ဝယ်ဖြစ်ကြပါတယ်…ဒီနေ့လဲ ဒေါ်သွယ်တယောက် ကိုယ်တိုင်
ဈေးဝယ်ထွက်လာခဲ့ပါတယ်..ဒီမြို့နယ်မှာတော့ ဒေါ်သွယ်တို့က လူချမ်းသာ
စာရင်းဝင်တွေ ပါ..။
“ဟိတ်.. ငါးခူ ဘယ်ဈေးလဲ …”
“၈၀ ပါ အမ…”
“ဟဲ့ ညည်းဟာက များလှချီလား လျော့ပါဦးဟ…”
“အမ ရယ် ငါးခူဈေးက ၁၀၀ ပါ ညီမက ခေါင်းရွက်ဗျက်ထိုးဈေးသည်မို့လို့
လျော့ရောင်းတာပါ..”
“နင့်ငါးခူတွေ ကလဲ ကြီးလှ ချီလား ဘုရားငါးခူတွေ ဖြစ်နေမယ်နော်…”
“မဟုတ်ပါဘူး အမရယ်…ကျမသားလေးကိုယ်တိုင် အိမ်ရှေ့ ကန်ကြီးထဲက မျှားလာတာပါ..”
“အမလေးနော် လိုက်လဲ လိုက်တဲ့သားအမိပဲ ကဲကဲ
နှစ်ကောင်လုံးချိန်လိုက်…အလေးမခိုးနဲ့နော်…”
“စိတ်ချပါ အမရဲ့… အားလုံး ၉၅ ကျပ် သားပါ အမ ၉၀ သားပဲ ထားလိုက်ပါ့မယ် ရ၂၀ ပါ..”
“၇၀၀ ပဲထားလိုက် ရော့ ..ကိုင်ပေးဦးနော်…”
“ဟုတ်ကဲ့အမ ..”
သူမ ငါးကိုအချွဲ ချွတ် ပြီး ဆူးတောင်တွေ ခုတ်ပေးလိုက်ပါတယ်…။ကုန်ပြီ ပြန်ရုံပါပဲ..
သူမပါလာသော ပစ္စည်းများကို အလျင်အမြန် ကောက်သိမ်းလိုက်ပါတယ်..။သူမရဲ့
လှုပ်ရှားမှု မှာ ပေါ့ပါးလွန်းလှပါတယ်…။လက်ချိုးခြေခတ် ခပ်သွက်သွက်ဖြင့်
ကခတ် နေသော ကချေသည် မလေးနှင့်ပင်တူနေပါတော့သည်..။
“သားလေးတော့ ဆာနေတော့ မှာပဲ..”
သူမ ကုန်စုံဆိုင် ကို အပြေးလေး သွားရင်း ပဲနဲ့ ဆန်ဆီ
အနည်းငယ်ဝယ်လိုက်ပါတယ် ဈေးထဲ ကို ပြန်ပြေးပြီး ဘူးသီးတစ်လုံးလဲ
ဝယ်လိုက်ပါသေးသည်…ညနေစာအတွက် ကတော့ လမ်းထိပ်ထမင်း ဆိုင်မှာ ပဲ ၀က်နံရိုး
တစ်ရာဖိုးနဲ့ ငါးပိရည်တို့စရာ များဝယ်လာလိုက်ပါတယ်..
“အင်း သားလေး ကျေးဇူးနဲ့ နက်ဖြန်တော့ ဘူးသီးကြော်နဲ့ ဘယာကြော်လေး
ပြန်ထွက်နိုင်မယ်ထင်တယ်..”
သူမ နေမကောင်းဖြစ်တဲ့ တပတ်မှာ အိမ်စရိတ် ဆေးဖိုးနဲ့ သူမရဲ့ လက်လုပ်
အကြော်ဆိုင်လေး အရင်းပြုတ်သွားခဲ့တာပါ..
“ဆရာမ ..”
“ဆရာမ”
ဒုတိယ မြောက် ခေါ်သံနဲ့အတူ မည်သည့်စာရင်းတွေ လုပ်နေသလဲ မသိသော
ကျနော့်၏အတန်း ပိုင် ဆရာမ မျက်လွှာပင့်ပြီးတော့
ကျနော့်ကိုကြည့်ပါတယ်..ပြီးတော့ မှ ကျနော့်ရဲ့ ဟောင်းနွမ်းနေသော
ကျောင်းဝတ်စုံနဲ့ ပုံစံခပ်မှိုင်းမှိုင်းကို မြင်မိပြီး ရွံ သလို ကိုယ် ကို
ရို့ သွားပါတယ်..
“ပြော ဘာလဲ..”
“ဆရာမ ကျနော့် အင်္ဂလိပ်စာ အမှတ်တွေ က ပေါင်းတာ မှားနေလို့…”
“ပြစမ်း ဘယ်နားမှားလို့လဲ ဆရာမ သေချာပေါင်းထားတာပဲ”
“ဒီမှာ ဆရာမ (၇) မှတ်တန် နှစ်ပုဒ်နဲ့ (၆ )မှတ် တန် တစ်ပုဒ် လေ
သားအကုန်မှန်တဲ့ဟာကို ဆရာမက ၁၀ မှတ်ပဲရေးထား ပြီးတော့ ပေါင်းထားလို့…”
“အာ ဟုတ်သားပဲ ကြည့်ဦး ဆရာမ ကလဲ အလုပ်တွေ ရှုပ်နေတာနဲ့ သေချာတောင်
မကြည့်မိဘူး..သားကလဲ အခုမှ လာပြောရလား အမှတ်တွေ ကရီပို့ ကတ်တွေ ထဲတောင်
ရောက်နေပြီ..”
“သားတို့ အဖြေလွှာစာအုပ်က မနက်ကမှရလို့ပါ ဆရာမ…”
“အော် အေးအေး သားနာမည်က ဘယ်သူ ဇင်ယော် နော်..သားက တော်သားပဲ
အဆင့်လေးတဲ့…တော်ရောပေါ့သားရယ် အဆင့်လေးဆို ရှေ့ဆုံးတန်းမှာ
ထိုင်ရမှာနော်…”
“ဆရာမ ဒီတစ်ပါတ် အဆင့် တစ်က ဘယ်သူလဲ ဟင် “
“အော် ဒီတစ်ပါတ် က ကျော့ကေသွယ်ရတာ..”
သြော် ကျောင်းဆင်းရင် ကားဖြင့်လာလာကြို တတ်သော သဌေးမကြီး ဒေါ်သွယ်ရဲ့ သမီး
ကိုး..အဲ့ဒီကားဖြင့် ကျောင်းဆင်းတိုင်း ဆရာမလဲ ပါပါ သွားတတ်တာ ကို
တွေ့ဖူးပါတယ်..
“အကယ်ရွေ့ အခုလိုနေတဲ့ ၁၀ မှတ်ကို ထည့်ပေါင်းရင် သားအဆင့်ဘယ်လောက်ရမလဲ ဟင်..”
“အင်း သားက တစ်ပေါ့ ဒါပေမယ့် ပေါင်းလို့ မရတော့ ဘူးသားရဲ့ နောက်တစ်ပါတ်
မှ အဆင့် တစ်ယူတော့နော်…”
“ဟုတ်…”
ဟုတ်လို့သာ ပြောရတာ သိပ်တော့ မကျေနပ်ချင်လှပါ ..ကျနော်က အရင် လပါတ်လေးတွေ
မှာ အမြဲတမ်း အဆင့်တစ်ရခဲ့တာပါ ဒါပေမယ့် ကျနော့်နေရာက တတိယတန်း
ပြတင်းပေါက် အစွန်ကနေ လုံး ၀မတတ်ပါဘူး ကျနော့်ပုံစံ နဲ့
ရှေ့ဆုံးတန်းထိုင်ရင် A ခန်းဂုဏ်ငယ်မယ်လို့ ထင်လို့
နေမှာပါ..ဒီတစ်ခါဖြေထားတဲ့ စာမေးပွဲက ပထမ အစမ်း စာမေးပွဲ ကြီးပါ ..ဒီ
စာမေးပွဲ မှာ အဆင့် (၁) ရတဲ့ လူတိုင်းကို ကျောင်းအုပ်ကြီးက ဆုချ မြဲပါ
ဒါကြောင့်ကျနော် လိုချင်ခဲ့တာ ပါ ခုတော့ မရနိုင်တော့ ပါတဲ့လေ..ဘာလို့
မရနိုင်ပါလိမ့်လို့ တွေးနေရုံကလွဲရွေ့လဲ ကျနော် ဘာမှ မတတ်နိုင်ပါ..။
“အမေ့..”
“ဟဲ့ ပလုပ်တုတ် အမလေး လန့်လိုက်တာနော် သားလေး ကျောင်းကပြန်လာပြီလား…”
“အမေရောင်းကောင်းလား …”
“ကောင်းပါ့တော် အခု ဘယာကြော်လေး နည်းနည်းကျန်နေလို့ စောင့်နေတာ
တယောက်စာပဲ ကျန်တော့တယ်..သားလေးဗိုက်ဆာရင် ထမင်းစား လေ အမေ
ချဉ်ပေါင်ကြော်ထားတယ်..”
“ဟာရှယ်ပဲ အမေ ပုဇွန်နဲ့ရောကြော်ထားတာ လား ၀က်သားနဲ့ ရောထားတာလား"
အမေက ပြန်မဖြေပါ ကျနော့်ကို မျက်လုံးပြူးပြီး အံကြိတ်ပြပါတယ်…”
“ဟုတ်ပါတယ်ဗျာ
ထမင်းစားဖို့ အသက်ရှင်တာ မဟုတ်ပါဘူး အသက်ရှင်ဖို့
ထမင်းစားတာပါ ချဉ်ပေါင်ရွက် ရိုးရိုးနဲ့စားလဲ မသေနိုင်ပါဘူးလေ…”
“ဟွန်း လေသံကတော့ သူ့ အဖေ လေသံ အတိုင်း ပဲ..”
“ဟဲဟဲ အမေ သားမကူတော့ဘူးနော် ထမင်းစားပြီး၇င် သား စာသွားကျက်တော့မယ်
…အမေလဲ အဖေ့ကိုသတိ ရမနေနဲ့ဦး..နော်”
“ကြည့်စမ်း ဒီကောင်လေး အမေကို ..”
“ဟားဟ …”
ကျနော်အမေ့ ပါးကိုတစ်ချက်နမ်းရင်း အိမ်ပေါ် ကိုပြေးတက်လိုက်ပါတော့တယ်..။
ကျနော်တို့ ကအမေတစ်ခုသားတစ်ခုပါ.. ကနော့်အဖေ ကတော့ လွန်ခဲ့တဲ့ ၃ နှစ်က
ဌက်ဖျားရောဂါ နဲ့ ဆေးရုံမှာ အသက် ဆုံးပါးခဲ့ ရပါတယ် ။ ကျနော်
ကအလယ်တန်းကျောင်းသားပဲ ရှိပါသေးတယ်.. သူများကျောင်းသားတွေလို လဲ
ကျုရှင်မယူနိုင်ပါဘူး .. အမေ့ရဲ့
အကြော်ဆိုင်ဝင်ငွေ အိမ်လခ ဖိုး စားသောက် စရိတ်နဲ့ ကျနော့် ရဲ့
ပညာသင်စရိတ်ကို မနည်း ကျားကန်ထားရတာပါ..ဒါတောင် အမေက ကျနော့်ကို
မြို့နယ်ရှိ အကောင်းဆုံး ကျောင်းမှာ မရမက ကျောင်းထားလို့
ပါတ်ဝန်းကျင်ကတောင် မေးငေါ့ကြရပါတယ်..
ထမင်းကြမ်းနဲ့ ချဉ်ပေါင်ကြော် ကိုအစာပြေစားပြီးတာနဲ့ ခေါင်းရင်းအိမ် က
အမကြီးဆီကို ပြေးရပါမယ်…သူက ကျနော့်ကို စေတနာနဲ့ စာပြပေးပါတယ်..
သူကိုယ်တိုင်ကလဲ ပထမနှစ် တက္ကသိုလ်ကျောင်းသူပါ.ကျနော်နားမလည်တဲ့
စာများကို မေးလို့ရပါတယ်.. သူ့မောင်လေးကလဲ ကျနော်တို့နဲ့ အတန်းတူပါတယ်
.နောက်တစ်ခု က သူတို့ အိမ်က မီးရပါတယ် မီးမလာတဲ့ နေ့ဆိုရင်လဲ သူတို့
ကဘက်ထရီအိုးနဲ့ ကြည့်ကြတာပါ ကျတော်တို့ သားအမိမှာက ရေနံဆီ မီးခွက်လေး
တစ်ခွက်ပဲ ရှိပါတယ် အဆင်မပြေ လှပါ.. အမေယပ်ခပ်တာကို ခံပြီး
စာကျက်ချင်တဲ့ဆန္ဒကတော့ ဆန္ဒ အဖြစ်ပဲ ရှိနေခဲ့ပါတယ်…ကျနော် စာကျက်ပြီးလို့
အိမ်ပြန် ပြီး အမေနဲ့ ညနေစာစား မနက်ဖြန်အတွက် အမေ ပြင်ဆင်တာကို ကူ
..အလုပ်တွေအားလုံး ပြီးရင်တော့ အမေက ကျနော့်ကိုရင်ခွင်ထဲ ထားပြီးတော့
စကားတွေ ပြောကြပါတယ် အမေက တစ်ခါတစ်လေ ပုံပြောပြပါတယ်
သီချင်းဆိုပြပါတယ်…ကျနော့် ဘ၀မှာ အဲ့ဒီ အချိန် ကိုအရမ်း သဘောကျတာပါ..။
တနေကုန်ဘယ်လောက် ပဲ စိတ်ပင်ပန်းတဲ့ဟာတွေ ကြုံ ရပါစေ ကျနော်ရဲ့ အမေ့ရင်ခွင်
ဗိမာန် ကို မှာ အားလုံးဖွင့်ချ ပြီးတော့ ညတွေတိုင်း ကို ကျနော်
အေးချမ်းစွာ အိပ်စက်ခဲ့ရတာပါ..။
“အမေ…”
“ရှင့်…”
“အမေ သင်္ချာတတ်လား ဟင်…”
“အမေက ၄ တန်းထိပဲ ကျောင်းနေဖူးတာ သားရဲ့..သားလောက်တော့ ဘယ်တတ်မလဲ..”
အမေ (၇) ရယ် (၇) ရယ် (၆) ရယ်ပေါင်းရင် ဘယ်လောက်ရလဲ …”
“အမယ် အမေက ဈေးသည်ပါနော် အဲ့လောက်တော့ သိပါတယ်..၂၀ ပေါ့သားရဲ့…”
“ဟာ အမေက တော်လိုက်တာ သားတို့ အတန်းပိုင်ဆရာမ က အမေ့လောက်တောင် သင်္ချာ မတတ်ဘူး…”
“ဟိတ် ကို့ ဆရာသမား ကိုအဲ့လိုမပြောရဘူးလေ…”
“အမေသိလား သားဒီတစ်ပါတ် စာမေးပွဲမှာ အမှတ်အများဆုံးရတာ သိလား ဒါပေမယ့်
သား အဆင့်က ၄ ပဲ ရတာ ဆရာမ က အမှတ်မှားပေါင်းတာလေ…”
“အော် သားလေးရယ် ဘာဖြစ်လဲ အဆင့် ၄ ရတော့ရော..သားက စာမေးပွဲမှာ အဆင့်
ကောင်း ဖို့ စာသင်တာလား ..စာတတ်ချင်လို့ စာသင်တာလား….”
အမေ့စကားကိုကျနော် ဥာဏ်မှီသလောက် တွေးလိုက်ပါတယ်..
“ဟုတ်တယ်နော် အမေ ကျောင်းတတ်တယ်ဆိုတာ တကယ်တန်းတော့ စာတတ်ဖို့ပဲ နော်…”
“ဟုတ်တယ် သားလေးရဲ့ စာကိုပဲ တတ်အော်သင်နော်..ငါ့သားလေးကို အမေက အဲ့ဒီ
ကျောင်းမှာထားတာ စာတတ်စေချင်လို့ အဆင့်ကောင်းစေချင်လို့ မဟုတ်ဘူး..”
“ဟုတ် ..”
ထိုကဲ့သို့ အမေ သည် ကျနော့် အား ကျောင်းမှ သင်ပေးသော ကျောင်းစာများထက်
ပိုရွေ့ ခက်ခဲပြီး နားလည်ရန်လဲ ခက်ခဲသော ဘ၀ သင်ခန်းစား များအား ညစဉ်
ညတိုင်း ပို့ချ ခဲ့ပါတယ်..။
ဝါတွင်းကာလဥပုဒ် နေ့မို့ အိမ်တိုင်းမှ အဖိုးအဖွားများနှင့်
အိမ်ရှင်မများဥပုဒ် သီလယူရန် ရက်ကွက်ဓမ္မာရုံ သို့ သွားနေကြပါတယ်..ကျနော့်
အမေကတော့ ချွေးတစ်လုံးလုံးနဲ့ အကြော်တဲလေး ထဲမှာ အလုပ်များနေပါတယ်…
“အမေ ဥပုဒ် သွား မစောင့်ဘူးလား…”
“သားလေးရယ် အမေ တို့ တနေ့လုပ်မှ တနေ့စားရတာ ..”
“ဟာ အမေကလဲ သားလဲ အကြော်ကြော်တတ်နေတာ ပဲကို ပြီးတော့ ဥပုဒ်နေ့ဆို
ကျောင်းပိတ်နေကြ ပဲလေ..သား အမေ့ကို ကုသိုလ် ပြုပြီးတော့
အကြော်ကြော်ပေးမယ် လေ နော်အမေ…”
အမေက ကျနော့်ကို တွေတွေလေး ကြည့်လို့ ပြုံးနေပါတယ်..
“သား ရယ် အမေ့လဲ ဥပုဒ်ယူပြီး တနေကုန် စေတီလေးမှာ တရားမှတ်ချင်တာ ပေါ့..
ဒါပေမယ့် အမေ့မှာ မှာ ယောဂီ ထည်လေးတောင် မှမရှိတာ အကြော်ဆီတွေ ပေနေတဲ့
အင်းကျီနဲ့ ဆို အမေ့ကို နှာခေါင်းရှုံ့ ကြမှာပေါ့ ကလေးရဲ့…အမေ့ဘာသာ
အိမ်မှာ ဘုရားရှိခိုး တရားထိုင်လဲ အဆင်ပြေပါတယ် ငါ့သားလေးက
ကုသိုလ်လိုချင်တယ် ဆိုရင် စာကိုကြိုးစား သင့်ပေါ့ နော်…အမေကလေ ဘယ်လောက်
ပဲ ပင်ပန်းပင်ပန်း ငါ့သားလေးကို သားသူငယ်ချင်းတွေ က စာလာမေးတဲ့ အချိန်ဆို
သြော် ငါ့သားလေးက သူတို့ထက် စာကို ကောင်းကောင်း သင်ယူတာပဲ ဆိုပြီး
ပိတိနဲ့ အမောတွေ ပြေသွားရော..”
“သားက အိုအေစစ် လေးပေါ့နော် ဟုတ်လား အမေ..”
“ဘာလဲ အိုအေစစ်..”
ဟိုဟာလေ ရေသန့်ဗူး ကိုပြောတာ..
“ဒါပေါ့ ငါ့သားလေးက အမေ ကို အမောပြေစေတာပေါ့..”
ဟေးးးး…ဟားဟား
ကျနော် နှင့် အမေ့ရဲ့ ရယ်သံများ အကြော် တဲလေးထဲမှာ ဆူညံနေခဲ့ပါတယ်..
“အဒေါ် အဲ့ဒီ ယောဂီထမီလေးက ဘယ်လောက်လဲ ဟင်…”
“အဲ့တာက အစုံလိုက်အပ်မှ ချုပ်ပေးတာ ကောင်လေးရဲ့ အင်္ကျီရော တဘက်ရောလေ ၃၅၀၀ ..”
“၃၅၀၀ တောင်လား .. ဟုတ် နောက်မှ ၀ယ်တော့မယ် နော်…”
“အေးပါအေးပါ…”
အထည်ဆိုင်မှ အမကြီးက ကျနော့်ကိုမယုံသလိုနှင့် ပြုံး စစပြောပါတယ်…ကျနော့်
စိတ်ထဲမှာတော့ အမေ့ကို ယောဂီထည်လေး မရမက ၀ယ်ပေးချင်နေခဲ့ပါတယ်…
စာသင်ခန်းထဲ ရောက်တာတောင် စိတ်ကူးထဲက ယောဂီဝတ်စုံ လေးနဲ့ အမေ့ကို
မျက်စီထဲက မထွက်ပါ..
“ဒီနေ့ ဆရာမကြီးက ဆုတွေ လိုက်ပေးမယ်တဲ့ ဟိုမှာ ကျော့်ကေသွယ်တို့ အိမ်က
ဓါတ်ပုံဆရာတောင် ခေါ်လာတယ် တွေ့လား…”
ဘေးနားမှ ကျနော့် သူငယ်ချင်းတယောက်ရဲ့ အသံကြောင့် လက်ရှိအခြေနေကို
ပိုစိတ် ၀င်စား မိပါတယ်..
“ဘာလို့ဖို့လဲဟ ဓါတ်ပုံဆရာ…”
“အာ မင်းကလဲ အဲ့တာ သူ့သမီးဘယ်လောက်တော်လဲ ဆိုတာ ကို ဓါတ်ပုံရိုက် အိမ်မှာ
အကြီးချဲ့ ပြီးချိတ်ထား မှာပေါ့ ဧည့်သည်လာတော့ ကြွားလို့ရတာပေါ့..ကွ…”
“အော် အဲ့လိုလား…”
ကျောင်းအုပ်ဆရာမကြီးက ကျော့ကေသွယ် ကို ကျောင်းသုံးဗလာစာအုပ် ဘောပင် ခဲတံ
နှင့် တခြားကျောင်းသုံး ပစ္စည်းများကို ဆုချ ပါတယ်…။ အခန်းထဲ မှာ
ကျော့ကေသွယ် တို့က ပိုက်ဆံရှိအသိုင်းအ၀ိုင်းမို့ ကျောင်းသုံးပစ္စည်းတွေ
ဆိုလျှင် အသစ်အဆန်း နောက်ဆုံးပေါ်တွေ သုံးတတ်လွန်းလို့ ကျနော်တို့ ငေးကြရ
စမြဲပါ..။
အကောင်းဆုံးနဲ့ အချော့မွေ့ဆုံး စာအုပ်တွေကိုသာ သုံးတတ်တဲ့ ကျော့်ကေသွယ်
တယောက်.. ကျောင်းအုပ်ဆရာ မကြီး ဆုချတဲ့ ကျောင်းသုံး ဗလာစာအုပ် များကို
ဘာလိုအသုံးချမလဲ ဆိုတာကို အနားလိပ်နေပြီဖြစ်သောကုန်ခါနီး
ကျနော့်သင်္ချာစာအုပ်
၏ အနားစများကို ပြန်ဖြန့်ရင်း တွေးမိပါတော့ သည်..။
“အမေ..”
“ပြော သားလေး…”
“လူတွေ ကလေ ပိုက်ဆံ ရှိမှ အထင်ကြီးကြတာလားဟင် … သားတို့ အခန်းထဲ
ကကောင်မလေး တယောက်ဆို သူ့မိဘတွေ ပိုက်ဆံ ရှိတော့ သူ့ကိုဆို လူတိုင်းက
အားကျ အထင်ကြီးကြတယ် …”
“သား က လူအထင်ကြီးတာ လိုချင်လို့လား…”
“အဲ့တာ မကောင်းဘူးလား အမေ ရဲ့…”
“သားရဲ့ လူ့ဘ၀မှာ လေ လူတွေအထင်ကြီးတယ်ဆိုတာ က အပေါ်ယံပဲ သားရဲ့
ပိုက်ဆံရှိရင် အထင်ကြီးတယ် ဂုဏ်ရှိန်တွေ ရှိနေရင် အထင်ကြီးတယ်…အဲ့တာတွေ
ကတကယ်တော့ ဘာမှ အနှစ်သာရ မရှိဘူးသားလေးရဲ့…လူ့ဘ၀မှာ သူများက ကို့ကို
အထင်ကြီးဖို့ ထက် ကို့ကိုကို အထင်ကြီးဖို့က အရေးကြီးတယ်ကွယ့်…”
“ကို့ကို ကို အထင်ကြီးဖို့ ဟုတ်လား အဲ့တာ ဘယ်လိုမျိုးလဲ…”
“လူတိုင်းက ကို့ရဲ့ လုပ်ဆောင်ချက် မှားလား မှန်လားဆိုတာကို ကိုယ်ကိုတိုင်
ပဲ သိတာလေ ကို့ အကြောင်းကို ကိုပဲ အသိကြဆုံးလေ…အဲ့ဒီတော့ ကို့ရဲ့
လုပ်ဆောင်ချက်ဟာ အထင်ကြီးဖို့ ကောင်းလား မကောင်းဘူးလား ဆိုတာလဲ
ကိုယ်ကိုယ်တိုင် ထက် ဘယ်သူမှ မသိနိုင်ကြဖူးလေ အဲ့ဒီ တော့ သားလေး ဘာပဲ
လုပ်လုပ် ကို့ကိုကို အထင်ကြီး နိုင်မဲ့ အလုပ်တွေ ပဲဖြစ်ရမယ် သူများတွေ
အထင်ကြီးတာ အထင်သေးတာတွေ ကြည့်မနေနဲ့ ဟုတ်ပြီလား..”
“ဒါဆို သား သူများတွေ အထင်ကြီးအောင် မနေတော့ ဘူး.. ကို့ကိုကို
အထင်ကြီးအောင် ပဲနေတော့မယ် …”
“ဒါပေါ့ သားလေးရဲ့ …”
“အော် အမေ ဒီနေ့ အမေ အကြော်တွေ အစောကြီးကုန်သွားတာလား…”
“မဟုတ်ဘူး သားလေးရဲ့ အမေ အကြော်တွေ ကို လိုက်ရောင်းလိုက်တာ…”
“ဟာ အမေ ကလဲ ပင်ပန်းမှာပေါ့ ကို့ဘာသာ ဆိုင်မှာ ထိုင်ရောင်းပါ လား အမေရဲ့…”
“အမေလဲ အဲ့လိုပဲ ရောင်းချင်တာပေါ့ သားလေးရယ် နေ့လည်က
စည်ပင်က လာပြောတယ်
အမေ့ အကြော်တဲက သူတို့ နယ်မြေထဲ ရောက်နေလို့တဲ့…မနက်ဖြန် ကျရင် အကြော်တဲ
ဖျက်ရမှာ …”
“ဟင် ဒါဆို အမေနေ့တိုင်း အကြော်ဗန်း ရွက်နေရမှာပေါ့..အမေရယ်…”
“ရပါတယ် သားရယ် အမေ အရင်ကလဲ အဲ့လို ရောင်းဖူးပါတယ်…”
ကျနော် တကယ် စိတ်မကောင်းဖြစ်မိပါတယ် အမေ အစောကြီးထ အကြော်တွေ ကြော်
ပြီးတော့ ဗန်းထဲ ထည့် ပြီး အကြော်တွေ မကုန်မချင်း အသံတွေ နာအောင် အော်
ပြီးရောင်းရမှာ…။
“ အဲ့ဒီ စည်ပင် နယ်မြေ တွေ ကလဲ နေရာ တကာပဲနော်..သူတို့ ၀ယ်ထားတာ
ကြနေတာပဲ…
သူတို့နယ်မြေတွေလို့သာ ပြောတာပါ လမ်းထိပ်က ဘီယာ ဆိုင် ကြီး
ကျတော့ စည်ပင်သာယာ နယ်မြေဆိုတဲ့ ဆိုင်းဘုတ် ကြီး ကို ခွဆောက်ထားတာ
အဲ့ဒီဆိုင်ကိုကျတော့ မဖျက်ခိုင်းဘူး … ဟွန်း တော်တော် တရားတယ်နော် အမေ..”
“သားလေး ကလဲလေ … လောကမှာ က အမှန်တရား ဆိုတာ နေရာတိုင်းမှာ
ရှိနေပါတယ်သားလေးရဲ့ မတရားမှုဆိုတာ ရှိသလို တရားမှု ဆိုတာလဲရှိတာပဲလေ …
သားလေးက
လောကမှာ ဘယ်ဟာက အမှန်တရား ဆိုတာ သိသွားတဲ့တနေ့ အမှန်တရား ဘက်မှာ
ရပ်တည်ရဲတဲ့ တနေ့ အမေ့သားလေး လူပီသတဲ့ နေ့ပဲ..အမှန်တရားကို မသိချင်ဆောင်
ဆောင်နေသရွေ့တော့ ငါ့သားလေး လူနုံ လေး တယောက် ဖြစ်နေမှာပဲ..”
“ဟာ အမေကလဲ သား လူနုံလူအလေး တော့ အဖြစ် မခံနိုင်ပါဘူး အမှန်တရားကို
သိအောင်လုပ်မှာ..”
“ဒါပေါ့ သားလေးရဲ့ သားလေး အမှန်တရားကိုသိအောင်လို့ အမေက ကူညီပေးမှာပေါ့…”
“ဟုတ် ..”
ကျနော် အမေ့ ရင်ခွင် ထဲကို တိုးဝင်ရင်း စိတ်ကျေနပ်စွာ
မှေးစက်လိုက်ပါတော့တယ်
“ပညာရေးမှုး လာ မယ်တဲ့…”
“ဟုတ်လား…”
ကျနော် အံ့သြစွာ မေးမိပါတယ်… ကျနော်တို့ အလယ်တန်း ကျောင်းသား ဘ၀ ရောက်တဲ့
အထိ ပညာရေးမှုးဆိုတာကို မတွေ့ ဖူး စကား မပြောဖူးပါ..
ပညာရေးမှုးတွေ ဟာ ကျောင်းအုပ်ကြီးလိုက်ပြတဲ့ အခန်းတွေကိုပဲ လိုက်ကြည့်ပြီး
ပြန်သွားကြတာလား မသိပါ..
“ကျော့်ကေသွယ် က ပညာရေးမှုးကို အင်္ဂလိပ်နှုတ်ဆက် ရမှာ လေ ငါ့တို့ အခန်းကို
လာစစ်ခဲ့ရင်ပေါ့..လာမယ်လဲ မထင်ပါဘူး …”
ကျနော့် သူငယ်ချင်းက ဝေဖန်လိုက်ပါတယ်..။
ဟရောင် ဇင်ယော် မင်း အင်းကျီက ကျောင်းစိမ်း ရော ဟုတ်ရဲ့လား
ကျောင်းဘက်တောင် မပါဘူး ..ဒီနေ့ ပညာရေးမှု လာပါမယ်ဆိုမှ …”
“ အေးကွာ ငါ့အင်းကျီ ကလျှော်ထားလို့ မနှစ်က အင်းကျီ ကိုပြန်ဝတ်လာတာ
ကျောင်း တံဆိပ် က ဘယ်ကတည်း က ပြုတ်နေမှန်းတောင် မသိတော့ဘူး…နေပါဦးဟ
ငါမသိလို့ကျော့ကေသွယ် က အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်လို့လားဟ…”
“မနေ့က ဆရာမ နှုတ်တိုက် သင်ပေးထားတယ်လေ … ဟိုမှာတွေ့လား ဗီဒီယို ကင်မရာ
သူစကားပြောနေတာကို ရိုက်ဖို့တဲ့ …”
ကျနော် ပြုံး လိုက်မိပါတယ် အမေပြောတဲ့ လူတွေ အထင်ကြီးအောင်ထက် ကို့ကိုကို
အထင်ကြီးအောင် နေဆိုတဲ့ စကား ကိုလဲ ပြန်အမှတ်ရမိပြန်ပါတယ်…။
ပညာရေးမှုးက တကယ်ပဲ အခန်းကို ရောက်လာပါတယ်…ပညာရေးမှုး ကိုကြောက်လို့
ကျောင်းသားတွေလဲ အသံတိတ်နေတာမှ အပ်ကျသံ တောင် ကြားရလောက်ပါတယ်…
ကျော့ကေသွယ် ကတော့ အင်္ဂလိပ် နှုတ်တိုက် သင်ထားသော နှုတ်ဆက်ပုံ
နှုတ်ဆက်နည်းတွေ နဲ့ ရွှန်းရွှန်းဝေအောင် ပြောနေပါတော့သည်..
ပညာရေးမှုးဆိုတဲ့ ဆရာကြီးကလဲ ပြုံးလျက်နားထောင်နေပါတယ်…
“သမီးက ဒီအခန်းထဲမှာ စံပြ ကျောင်းသူထင်တယ်..”
“ဟုတ်ပါတယ် ရှင့် …”
အတန်းပိုင်ဆရာမက ၀င်ပြောတာပါ…
ပညာရေးမှုး ကခေါင်းညှိတ်လျက်..
“အင်း ဒါဆို အဘကို သမီးတို့ အတန်းမှာ သင်ခဲ့ရတဲ့ The Last Leave ဆိုတဲ့
အင်္ဂလိပ် ဇာတ်လမ်းလေး အကြောင်းကို သမီးခုနက အဘကို နှုတ်ဆက် သွားသလို ပဲ
အင်္ဂလိပ်လို သမီးမှတ်မိသလောက် ရှင်းပြ ပါလား…”
သွားပြီ ကျော့ကေသွယ် တယောက် မှိုင်သွားပါသည်..တော်တော်လဲ ကြောက်နေပုံ
ရပါတယ် အတန်းပိုင် ဆရာမကို အားကိုးသလိုကြည့် နေပါသည်..။ဆရာမလဲ မျက်နှာ
အလွန့်အလွန် ကိုငယ်နေပါသည်..။ပညာရေးမှု က အခြေနေ ကိုချက်ချင်း
သဘောပေါက်သွားပုံပါ..
“ကဲ ဒါဆို သားတို့ သမီးတို့ ထဲ က ဘယ်သူ အဘ ကိုပြောနိုင်မလဲ …”
ရုတ်တရက် ကျနော် လက်ထောင်မလို့ ဟန်ပြင်လိုက်ပြီးတော့မှ ကျနော့်ရဲ့
ကျောင်းဝတ်စုံကို သတိပြုမိပြီး ဒီတိုင်းလေးပဲ နေလိုက်ပါတော့တယ်…
“ဘယ်သူမှ မရှိကြဘူးလား .. ကဲကဲ ကလေး တွေ အဘ ကိုမကြောက်နဲ့ နော်
ပြောတတ်ရင် ထွက်ပြောကြ…ကလေးတွေ ထဲ က အဲ့ဒီ အကြောင်းကို အင်္ဂလိပ်
လိုပြောနိုင်တဲ့ သူကို အဘ က ဆုချမယ်ဗျာ…”
“ကဲကဲ ဘယ်သူပြောမလဲ ဆုတော်ငွေ ၃၀၀၀ ပေးမယ်ကွာ ၃၀၀၀ ..ချက်ချင်းဆုချမှာ …”
ဟင် ၃၀၀၀ ဆိုပါလား.. ကျနော် အားတတ်သွားပါသည်.. ဟာ အမေ့ အတွက်ကျနော်
ဝယ်ပေးချင်တဲ့ယောဂီ ၀တ်စုံလေးက ၃၅၀၀ ဆိုတော့ သိပ်တောင်
မလိုတော့ပါလား…ကျနော် ဘာမှ မစဉ်းစား တော့ပဲ …လက်ထောင် လိုက်ပါတယ်..
“ဟော ဟုတ်ပြီ တယောက်တော့ လက်ထောင်ပြီ လာလာ အရှေ့ကိုလာပါ…”
“မင်္ဂလာပါ…”
ကျနော် မြန်မာလိုပဲ နှုတ်ဆက်လိုက်ပါတယ်..
“အေးအေး မင်္ဂလာပါ…”
ပညာရေးမှုး က ပြုံးရွှင်စွာ ပြောပါသည်..။
“ကဲ သား အဘကို ပြောပြပါ..”
အဘ ကျနော် ပြောနိုင်ရင် ကျနော့် ကို ၃၅၀၀ ပေးပါ..”
“ဟေ…”
“ဟင်….”
ပညာရေးမှုး ရော ကျောင်း အုပ်ကြီး နဲ့ ဆရာမ များပါ အသံမျိုးစုံ ထွက် လာကြပါတယ်.
ပညာရေးမှုးက အေးချမ်းစွာ ပြန်ပြောပါတယ်..
“ကောင်းပါပြီ ကွာ သားပြောနိုင်ရင် သားကို အဘက ၅၀၀၀ ပေးမယ်..”
“ဟင့် အင်း အဘ ကျနော် ၃၅၀၀ ပဲ လိုချင်ပါတယ်…”
ပညာရေး မှုးလဲ ဆုကြေးငွေ ကိုဈေးဆစ်နေသော ကျနော့်ကို အထူးအဆန်း တယောက်လို
ကြည့်နေပါတယ်..
“အေးပါကွာ..သား သဘောပါ..”
“ကျေးဇူးတင်ပါတယ်ခင်ဗျ…”
ပညာရေးမှုးအား ရိုသေစွာဦးညွတ်လိုက်ပြီး ကျနော် စပြော လိုက်ပါတယ်
“Su and John were artists. They live with Mr.Barman in NewYork city…”
ကျနော် ပြောသမျှ ကို အဘ နားထောင်ရုံ သက်သက်မဟုတ်ပဲ
တစ်ပိုဒ်ပြောပြီးတိုင်း အင်္ဂလိပ်လို မေးခွန်း ပြန်ထုတ်ပါတယ်..ကျနော်
ကပြန်ဖြေရပါတယ်..အဘ မေးတော့ မရှင်းလျှင် ကျနော် ကပြန်မေးပါရန် မေတ္တာ
ရပ်ခံ ပါတယ်..ကျနော်နဲ့ အဘ ရဲ့ စကား ပြောနေတာကို အားလုံးငြိမ် ပြီး
နားထောင်နေပါတယ်..အဘ က မေးခွန်း လှည့်မေးရင်လဲ ကျနော်က မရမက အဖြေရအောင်
ဖြေပါတယ်..နောက်ဆုံးတော့ ကျနော် အောင်မြင်သွားတယ်..။ ကျနော်လဲ တော်တော်
မောသွားပါတယ်
အဘ ကကျနော့်ကို ချီးကျုးစကား မပြောပါ..အိပ်ကပ်ထဲမှ ၅၀၀ တန် အထပ်လိုက်
ကိုထုတ်ပြီးတော့ ၃၅၀၀ ရီပြီးတော့ ကျနော့်ကို ထုတ်ပေးပါတယ် ကျနော်လဲ
လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ယူလိုက်ပါတယ်…ပြီးတော့ ကို့နေရာကို ပြန်ရန်
လှည့်အထွက်..
သား နေပါဦး..အဘ မသိလို့ သားက အဲ့ဒီပိုက်ဆံ ၃၅၀၀ ကို ဘာလုပ်ဖို့လဲ သားရဲ့..”
“ကျနော့် အမေ အတွက် ယောဂီ ထည် ၀ယ်ပေးချင်လို့ပါ…
၃၅၀၀ ကုန်မှာ မို့လို ပါ…
ကျနော် ပြောတာကို ပညာရေးမှုး က အဓိပါယ် ပေါင်းများစွာ ပါသော မျက်လုံးဖြင့်
ကြည့်နေပါတယ်…ကျနော်တော့ အဓိပါယ် မဖော်တတ် ပါ… ညကျမှ အမေ့ကို အဲ့ဒီ
အဖြစ်ပျက်လေးကို ပြောပြဆွေးနွေးရပါမယ်…။ အပိုင်း - ၂ ကို ဆက်ဖတ် ပေးကြပါ သူငယ်ချင်းတို့  .. :)
Wednesday, June 27, 2012
ကျေးဇူးပေးဆပ် သားသမီးမြတ်!
 သုံးလောကထွဋ်ထား ရှင်တော်ဘုရားသည် မွေးဖွားပြီးစမှာပဲ နတ်ရွာစံသွားခဲ့သော မိခင်ကို ကျေးဇူး ဆပ်ဖို့ ဘုရားဖြစ်ပြီး ၇ ၀ါမြောက်မှာ တာဝတိံသာ နတ်ပြည်ကို ကြွတော်မူ၍ မယ်တော်မိ သန္တုသိတ နတ်သားကို ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောကြား၍ သောတာပန်ဖြစ်စေခြင်းဖြင့် ကျေးဇူးဆပ်ခဲ့ပါသည်။ တဖန် ဘုရားရှင်သည် ဖခင်မင်းကြီးသုဒ္ဓေါဒနအား ဒေသနာတော်များကို ဟောပြ တော်မူကာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ စသည်ဖြစ်ခြင်းဖြင့် ကျေးဇူးဆပ်ခဲ့ပါသည်။
          နောက်..မိဘကို လုပ်ကျွေးနေသော ရဟန်းတစ်ပါးအား သီတင်းသုံးဖော် ရဟန်းများက ” လူဒကာ၊ ဒကာမတို့က သဒ္ဓါတရားနှင့် လှူဒါန်းသော ပစ္စည်းဖြင့် မိဘကို လုပ်ကျွေးရသလား” ဟု ကဲ့ရဲ့ပြစ် တင်ကြ သည်ကို ဘုရားရှင်က မိဘကိုလုပ်ကျွေးသည့်အတွက် သာဓုခေါ်တော်မူကာ ”သင်ချစ်သားသည် ငါဘုရားရဲ့ လမ်းစဉ်ကို လိုက်သူဖြစ်၏။ ငါကိုယ်တိုင်ပင် နုစဉ်ဘ၀က မိဘကိုလုပ်ကျွေးခဲ့သည်။” ဟု မိန့်တော်မူကာ သုဝဏ္ဏသာမ ဇတ်ကြောင်းကို ပြန်ဟောပြတော်မူသည်။
          လကျာ်တော်ရံ အဂ္ဂသာဝက ရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဘ၀နိဂုံးချုပ်ဆုံးခါနီးအချိန်မှာ မိခင် ပုဏ္ဏေးမကြီးအား မိစ္ဆာအယူကင်း၍ ဓမ္မအလင်းရအောင်၊ သောတာပန်ဖြစ်အောင် ဓမ္မဖြင့် ကျေးဇူးဆက် ခဲ့ပါသည်။ သို့ဖြစ်၍ မိဘကိုကျေးဇူးဆပ်ခြင်းသည် မြတ်ဗုဒ္ဓ၏ လမ်းစဉ်နှင့် တပည့်သာဝကတို့၏လမ်းစဉ်ပင် ဖြစ်ပါသည်။
          တကယ်တော့ မိဘများက သားသမီးများကို ‘ငယ်သော်ကသား ကြီးသော်အား။ ငယ်သော်သမီး ကြီးသော်ထီး’ အဖြစ် မျှော်လင့်တတ်ကြ၏။ ထို့ကြောင့် မိဘတို့၏ အားကိုးစရာ သားမျိုးဖြစ်စေချင်ပါသည်။ ထီးသဖွယ် အရိပ်ပေး၍ အေးမြစေသော သမီးမျိုးဖြစ်စေချင်ပါသည်။ “ငယ်သော်ကသား ကြီးသော်ကျား မဖြစ်စေချင်ပါ။ ကျားလိုကြောက်စရာကောင်းသော သားမျိုးဖြစ်ခဲ့လျှင် မိဘများ မျှော်လင့်ရကျိုးမနပ်ပါ။ “ငယ်သော်ကသမီး ကြီးသော် မီး မဖြစ်စေချင်ပါ။ မီးကဲ့သို့ ပူလောင်အောင် ဒုက္ခအမျိုးမျိုးပေးတတ်သော သမီးမျိုးဖြစ်ခဲ့လျှင် မိဘတို့၏ မျှော်လင့်ချက်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းသဖွယ် ဖြစ်နေပါမည်။
          သို့ဖြစ်ပါ၍ သားသမီးတိုင်း မိဘကျေးဇူးကို သိတတ်သော၊ ပြန်လည်ဆပ်သော သားမြတ်သမီးမြတ်များ ဖြစ်ရအောင်..
          -မိဘတို့၏ မေတ္တာအေးရိပ်မှာ မှေးမှိတ်ကာ အနားယူဖူးသူ သားသမီးတိုင်း မေတ္တာကြွေးကို မိဘများအား ပြန်လည်ပေးဆပ်စေချင်ပါသည်။
        -မိဘတို့၏ မေတ္တာရင်ခွင်မှာ ခိုဝင် နားခို ဖူးသူ သားသမီးတိုင်း နွေးထွေးသောမေတ္တာဖြင့် မိဘများကို တုန့်ပြန်စေချင်ပါသည်။
        -မိဘတို့၏ မေတ္တာရေအေးကို သောက်သုံးဖူးသူ သားသမီးတိုင်း မေတ္တာရေအေးကို မိဘများအား ပြန်လည်တိုက်ပေးစေချင်ပါသည်။
 မိဘကိုကျေးဇူးဆပ် သားသမီးမြတ်များ ဖြစ်နိုင်ကြပါစေ!
(ကျေးဇူးရှင်များအားလုံးကို ရည်ရွယ်၍)
                                                                                                                                            အမေ့မေတ္တာအရှင်!
Saturday, June 23, 2012
ကြီးမားလှသော အမေ့မေတ္တာ
မဟာပထ၀ီ ဤမြေသည်လည်း
အမေ့မေတ္တာ နှိုင်းယှ့ဉ်ပါလျှင်
ဝါးရွက်မျှသာ သေးငယ်ပါ၏။
များပြားလှသည်
သမုဒ္ဒရာ ရေဇလာလည်း
အမေ့မေတ္တာ နှိုင်းချိန်ပါလျှင်
မိုးရေစက်မျှ ထင်မှတ်ရ၏။
ကျယ်ပြန့်လှသည့်
အဇဋာပြင် ထက်ကောင်းကင်လည်း
အမေ့မေတ္တာ နှိုင်းဆပါလျှင်
အပ်ပေါက်မျှသာ သေးငယ်ပါ၏။
မြင့်မားလှသည့်
လောကခေါ်ဆို တောင်မြင့်မိုရ်လည်း
အမေ့မေတ္တာ တိုင်းတာပါလျှင်
နွားဦးချိုမျှ သေးငယ်လှ၏။
တုနှိုင်းမရ ကြီးမားလှသည့်
အမေ့မေတ္တာ စေတနာကို
ခါခါလေးမြတ် ပြုပါ၏။
(သက်ရှိမွေးမိခင်-ကျွေးမိခင် နှင့် သက်မဲ့ မိခင်မကုဋ….သို့)
Wednesday, June 20, 2012
ထောက်ပံ့အလှူငွေများအား ပေးအပ်လွဲပြောင်းခြင်း
အလှူငွေများ လွဲပြောင်းပေးအပ်ခြင်း။
မန်းနာယကဆရာတော်နှင့် သံဃာများ အလှူငွေများ စစ်ဆေးနေပုံ။
အကျိုးတော်ဆောင်ဆရာတော်များ။
              ပြည်ထောင်စုမြန်မာနိုင်ငံ  အကြမ်းဖက်မှုဒဏ်သင့် ရခိုင်တိုင်းရင်းသားပြည်သူများအတွက်
လူသားချင်း စာနာထောက်ထားသော အနေအားဖြင့် သီရိလင်္ကာနိုင်ငံရောက် မြန်မာစာသင်သား ရဟန်းတော်များမှ
၁ ဒေါက်တာ ကစ္စာယန ၁၀၀၀
၂ ဦးဇောတိက (နာယက) ၁၁၀၀
၃ ဦးတေဇနိယာလင်္ကာရ(M.Phil) ၁၀၀၀
၎ ဦး ဗြဟ္မစရိယ (M.Phil) ၃၀၀၀ ၅၀
၅ ဦးစန္ဒောဘာသ ၅၀
၆ ဦးစာရိတ္တ ၅၀၀
၇ ဦး ဓမ္မာနန္ဒ ၂၀
၈ ဦး ဇဋိလ ၁၀၀၀
၉ ဦး ဇောတိက(ရေစကြို) ၅၀
၁၀ ဦး စက္ကိန္ဒ(ဂန္ဓာရုံ) ၄၀၀၀
၁၁ ဦး အဂၢေဇယ် ၂၀
၁၂ ဦး က၀ိဓဇ ၂၀
၁၃ ဦး ေ၀ေရာစန ၁၀၀၀
၁၄ ဦး နေႏၵာဘာသ ၅၀၀
၁၅ ဦး ကုမာရ ၁၀၀၀
၁၆ ဦး ၀ိစိတၱ ၁၀၀၀
၁၇ ဦး ဣႏၵဥာဏ ၃၀၀၀
၁၈ ဦး စႏၵနသာရ ၅၀၀
၁၉ ဦး ၾသသဓ (မတၱရာ) ၅၀၀
၂၀ ဦး စကၠိႏၵ ၁၀၀၀
၂၁ ဘုန်းကြီး ဦးအာသဘ ၂၀၀၀
၂၂ ဦး သိရိန္ဒ ၁၀၀၀
၂၃ ဦး သုနန္ဒ ၁၀၀၀
ရူပီး USD စင်ကာပူ မလေး ထိုင်း
၂၄ ဦး ဇ၀န (၀က်လက်) ၁၀၀
၂၅ ဦး စန္ဒာသိရီ ၂၀၀၀
၂၆ ဦး ကာရုညာဓိပတိ ၂၀၀၀
၂၇ ဦး နန္ဒမာလာ ၂၅၀၀
၂၈ ဦး ကုမာရ ၁၀၀၀
၂၉ မရူပသိဂီ င်္ ၅၀
၃၀ မပုည၀တီ
၃၁ မ၀ဏ္ဏသိဂီ င်္
၃၂ မဥပ္ပလနန္ဒီ ၁၃၀၀၀
၃၃ မဥတ္တမေသီ
၃၄ မနန္ဒမာလာ
၃၅ သုသိဂီ င်္ ၁၀၀
၃၆ ဦးခင်အောင် (အမေရိက) ၅၀
၃၇ ဒေါ်စိန်အေး(အမေရိက) ၅၀
၃၈ ဦး ၀ိမလာလင်္ကာရ ၄၀၀
၃၉ ဦး ၀ိသုတ ၅၀၀၀
၄၀ ဦး ပုည၀န္တ(မွန်ပြည်နယ်) ၃၀၀၀
၄၁ ဦး ပညာဝရ ၁၀၀၀
၄၂ ဦး သစ္စ၀ံသ ၃၀၀၀
၄၃ ဦး ဇ၀န(နမ့်ခမ်း) ၁၀၀၀
၄၄ ဦး ရာဇိန္ဒ(နောင်ချို) ၁၀၀၀
၄၅ ဦး ၀ိလာသ(ဆင်ပေါင်ဝဲ) ၁၀၀၀
၄၆ ဦး ပညာဓဇ ၅၀၀၀
၄၇ ဦး ၀ဏ္ဏိဿရဇောတိ ၃၀၀၀
၄၈ ဦး ဇနိတ(မိုးကောင်း) ၂၀၀၀
၄၉ ဦးအရိယ၀ံသ(တောင်သာ) ၁၇၀၀
၅၀ ဦးဝိလာသဂ္ဂ(ပျော်ဘွယ်)(M.Phil) ၁၀၀၀
၅၁ ဦးဣန္ဒာစရိယ ၂၀၀၀
၅၂ ဦး ခေမာစာရ(မြစ်သား) ၁၀၀
၅၃ ဦး နရိန္ဒ(မတ္တရာ) ၁၀၀
၅၄ ဦး တေဇနိယ ၁၀၀
ရူပီး USD စင်ကာပူ မလေး ထိုင်း
၅၅ ဦး ပညာနန္ဒ ၅၀
၅၆ ဦးသောဘိတ ၁၀၀
၅၇ ဦး ဝေပုလ္လ(မုံရွာ) ၅၀
၅၈ ဦး ကောမလ (M.Phil) ၅၀
၅၉ ဦး အာစိဏ္ဏ(ရွှေတံငါ) ၁၀၀
၆၀ ဦး တေဇ(ကော့မှူး) ၅၀
၆၁ ဦး ဇာဂရိယ(ဒီပဲယင်း) ၅၀
၆၂ ဦး ပညာသာမိ(ရမည်းသင်း) ၅၀
၆၃ ဦး သုန္ဒရ(ကျုံပျော်) ၆၀၀၀
၆၄ ဦး တိဿဝံသ(ပန်းတနော်) ၆၀၀၀
၆၅ ဦး ကောသလ္လ(ခင်ဦး) ၅၀
၆၆ ဦး ကောသလ္လ(နေပြည်တော်) ၅၀
၆၇ ဦး ဇယဒိသ ၅၀
၆၈ ဦး အရိယ၀ံသ(မြတောင်) ၅၀
၆၉ ဦး ပညာဇောတ ၃၀၀၀
၇၀ ဦး ပညောဘာသာလင်္ကာရ ၅၀၀၀
၇၁ ဦး သာသန(ကိုသာ-ထီလာမောင်) ၅၀
၇၂ ဦး သောမာစာရ ၅၀
၇၃ ဦး စန္ဒာဝရ(ဟင်္သာတ) ၅၀
၇၄ ဦး နန္ဒာသိရီ(ရမည်းသင်း) ၅၀
၇၅ ဦး ရေ၀တ(ပြည်) ၅၀
၇၆ ဦး ၀ိစာရ ၅၀
၇၇ ဦး ဓမ္မသာမိ ၅၀
၇၈ ဦး ပုည၀ံသ(က၀)(M.Phil) ၅၀
၇၉ ဦး စိန္တိတ ၅၀
၈၀ ဦး မေဓာနန္ဒ(ကသာ) ၅၀
၈၁ ဦး ၀ိစိတ္တာလင်္ကာရ(ဘုတလင်) ၁၀၀
၈၂ ဦး ရာဇ၀ံသ ၁၀၀၀
၈၃ ဦး နေမိန္ဒ ၅၀၀၀
၈၄ ဦး ကုမာရ ၄၀၀၀
၈၅ ဦး ပညာဇောတိ ၂၀၀၀
ရူပီး USD စင်ကာပူ မလေး ထိုင်း
၈၆ ဦး ပညာဓိကာလင်္ကာရ ၂၀၀၀
၈၇ ဦး ပဏ္ဍိတ ၂၀၀၀
၈၈ ဦး ပညာသာရ ၂၀၀၀
၈၉ ဦး သိရောမဏိ ၁၅၀၀
၉၀ ဦး ဃောသိတ ၁၀၀၀
၉၁ ဦး ပညာဓဇ ၁၀၀၀
၉၂ ဦး စန္ဒာသိရီ(ပေလိယဂေါဓ) ၁၀၀၀
၉၃ ဦး ထေရာဝံသ ၁၀၀၀
၉၄ ဦး ပညာဇောတ ၁၀၀၀
၉၅ ဦး ဓမ္မိက ၁၀၀၀
၉၆ ဦး ဥာဏ၀ံသ ၁၀၀၀
၉၇ ဦး သေဋ္ဌိလ ၅၀၀
၉၈ ဦး ဥာဏိဿရ ၃၀၀
၉၉ ဦး ဃောသက ၅၀
၁၀၀ ဦး အရိယ ၅၀
၁၀၁ ဦး ဥတ္တမာနန္ဒ(M.Phil) ၂၀
၁၀၂ ဦး ကောဝိဒ ၂၀
၁၀၃ ဦး နန္ဒမာလာ ၂၀
၁၀၄ ဦး ကောဝိဒ ၁၀၀
၁၀၅ ဦးသြဘာသ ၅၀
၁၀၆ ဒေါက်တာ နန္ဒာစာရ ၅၀
၁၀၇ ဦး ၀ဏ္ဏသာမိ (M.Phil) ၁၀၀
၁၀၈ ဦး ၀ိသာရဒ (M.Phil) ၁၀၀
၁၀၉ ဦး အာစိဏ္ဏ(ရသေ့တောင်) ၇၀
၁၁၀ ဦး ဣန္ဒက(အမ်း) ၁၀၀
၁၁၁ ဦး ပညိန္ဒြိယ(ပုဏ္ဏားကျွန်း) ၁၀၀
၁၁၂ ဦး ပညိန္ဒြိယ(ရမ်းဗြဲ) ၁၀၀
၁၁၃ ဦး ဓမ္မသာရ(ကျောက်ဖြူ) ၁၀၀
၁၁၄ ဒေါက်တာ ဣန္ဒသာရ(ကျောက်ဖြူ) ၁၀၀
၁၁၅ ဦး ဣန္ဒသာမိ(ရမ်းဗြဲ) ၁၀၀
၁၁၆ ဦး စက္က၀ံသ(ရမ်းဗြဲ) ၁၀၀
ရူပီး USD စင်ကာပူ မလေး ထိုင်း
၁၁၇ ဒေါက်တာ ဥာဏုတ္တရ (ရသေ့တောင်) ၅၀
၁၁၈ ဦး ၀ဏ္ဏသိရီ(အမ်း) ၆၀
၁၁၉ ဦး ရဋ္ဌသာရ(ရသေ့တောင်) ၅၀
၁၂၀ ဦး ပညာနန္ဒ(ရခိုင်) ၅၀
၁၂၁ ဦး အာဒိစ္စ (တောင်ကုက်) ၁၀၀
၁၂၂ ဘုန်းကြီးဦးကိတ္တိသာရ(နာယက) ၃၀၀၀
၁၂၃ ဦး ကုသလ(အင်းတော်) ၃၀၀၀
၁၂၄ ဦး ကုဏ္ဍလ ၃၀၀၀
၁၂၅ ဦး နန္ဒိယ ၁၀၀၀
၁၂၆ ဦး ရေ၀တ ၁၀၀၀
၁၂၇ ဥာဏိဿရ ၂၀၀၀
၁၂၈ ဦး က၀ိဓဇ(ကန္ဒီ) ၁၀၀၀
၁၂၉ ဦး စန္ဒိမာ ၂၀၀၀
၁၃၀ ဦး မာနိတ(ကန္ဒီ) ၁၀၀၀
၁၃၁ ဦး ဥတ္တမသာရ ၁၀၀၀
၁၃၂ ဦး ခေမိန္ဒ ၂၀၀၀
၁၃၃ ဦး ဇောတိပါလ ၅၀
၁၃၄ ဦး ဥာဏိန္ဒ (တန့်ဆည်) ၂၀၀၀
၁၃၅ ဦး ၀ိနယ (ဒီပဲယင်း) ၂၀၀၀
၁၃၆ ဘုန်းကြီး ဦးအာလောက ၁၀၀၀
၁၃၇ ဦး ၀ါသေဋ္ဌ ၂၀၀၀
၁၃၈ ဦး ဥတ္တမ ၂၀၀၀
၁၃၉ ဦး ခမာဝုဓ ၂၀၀၀
၁၄၀ ဦး နန္ဒသိရီ ၂၀၀၀
၁၄၁ ဦး သာသန(ဖျာပုံ) (M.Phil) ၅၀၀၀
၁၄၂ ဦး ၀ိသုတ ၅၀၀၀
၁၄၃ ဦး ၀ိလာသဂ္ဂ ၅၀
၁၄၄ ဦး ခေမက ၂၀၀၀
၁၄၅ ဦး ခေမာစာရ ၃၀၀၀
၁၄၆ ဦး ပဏ္ဍိတ ၁၀၀၀
၁၄၇ ဦး နန္ဒသိရီ ၁၀၀၀
ရူပီး USD စင်ကာပူ မလေး ထိုင်း
၁၄၈ ဦး မာဏိတဇောတိ ၃၀၀၀
၁၄၉ ဦး ပညာဝံသ ၂၀၀၀
၁၅၀ ဦး က၀ိဓဇာလင်္ကာရ ၁၀၀၀
၁၅၁ ဦး စရိန္ဒာနန္ဒ ၁၀၀၀
၁၅၂ ဦး စန္ဒိမာ(ဘားအံ) ၅၀
၁၅၃ ဦး ကုသလ ၅၀
၁၅၄ ဦး ၀ိစိတ္တ ၅၀
၁၅၅ ဦး ဝေပုလ္လ ၃၀၀၀
၁၅၆ ဦး ပညာဇောတ (တောင်ကြီး) ၃၀၀၀
၁၅၇ ဦး ဥတ္တမာစာရ ၂၀၀၀
၁၅၈ ဦး သီဟဗလ ၁၀၀၀
၁၅၉ ဦး ဇာနေယျ ၁၀၀၀
၁၆၀ ဦး ၀ိလာသ ၁၀၀၀
၁၆၁ ဦး ခေမိန္ဒ ၁၅၀၀
၁၆၂ ဦး ဇေဋ္ဌသာရ ၁၅၀၀
၁၆၃ ဦး အာစာရ (လားရှိုး) ၁၀၀၀
၁၆၄ ဦး ၀ီရိယ ၅၀၀
၁၆၅ ဦး ရေ၀တ ၅၀၀
၁၆၆ ဦး ကုမာရ (မွန်ပြည်နယ်) ၄၀၀
၁၆၇ ဦး ဇာဂရ (နမ္မတီး) ၅၀
၁၆၈ ဦး တိက္ခ္စဥာဏ(ကျောက်ပန်းတောင်း) ၂၀
၁၆၉ ဦး ၀ိမလ(အင်းလေး) ၁၀၀၀
၁၇၀ ဦး ၀ါသ၀(ကျောက်ပန်းတောင်း) ၂၀၀၀
၁၇၁ ဦး ဝေပုလ္လ(ကျောက်မဲ) ၁၀၀၀
၁၇၂ ဦး မုနိဝရ(လဲချား၊ရှမ်းပြည်) ၁၀၀၀
၁၇၃ ဦး ဇနိန္ဒ(မြင်းမူ) ၁၀၀၀
၁၇၄ ဦး ၀ိလာသ(ကြာရင်းဆိပ်ကြီး) ၁၀၀၀
၁၇၅ ဦး သြသဓ ၁၀၀၀
၁၇၆ ဦး ၀ရသာမိ(လှိုင်းဘွဲ့) ၁၀၀၀
၁၇၇ ဦး ဣန္ဒာစာရ(ရွှေဘို) ၁၀၀၀
၁၇၈ ဒေါ်တင်ကြည်(USA) ၅၀
ရူပီး USD စင်ကာပူ မလေး ထိုင်း
၁၇၉ ဦးဝိနယသာမ (ပန်းတောင်း) ၂၀၀၀
၁၈၀ ဦး ဣန္ဒပါလ (ခရမ်း) ၂၀၀၀
၁၈၁။ ဦးပညာသာမိ(ကွမ်းခြံကုန်း) ၁၀၀၀
၁၈၂ Mr, Sumuda+Daw Ni Mar win-Srilanka ၅၀၀၀
၁၈၃။ ဦးကိုဦး+ဒေါ်လှသော်၊ပုသိမ်မြို့(ကံကြီး) ၁၀၀၀
၁။ ရူပီး= ၁၆၃၀၀၀ (တစ်သိန်းခြောက်သောင်းသုံးထောင်)
၂။ အမေရိကန်ဒေါ်လာ = ၂၉၀၀ ( နှစ်ထောင့်ကိုးရာ)
၃။ စင်္ကာပူဒေါ်လာ= ၁၁၈၀ ( တစ်ထောင့်တစ်ရာရှစ်ဆယ်)
၎။ မလေးရင်းဂစ်= ၆၅၀ ( ခြောက်ရာ့ငါးဆယ်)
၅။ ထိုင်းဘတ်= ၁၅၀၀ ( တစ်ထောင့်ငါးရာ)
မြန်မာငွေပမာဏအားဖြင့်………..(၄၄၈၄၀၀၀)လေးဆယ့်လေးသိန်းရှစ်သောင်းလေးထောင်ကျပ်တိတိကို (18-06-2012)ံနေ့စွဲဖြင့် မကုဋာရာမ မြန်မာကျောင်းတော် ဆွမ်းစားကျောင်းဆောင်တွင် မန်းလေးနာယက ဆရာတော် ဦးဇောတိက ၊ ရန်ကုန်နာယက ဆရာတော် ဦးကိတ္တိသာရတို့နှင့်အတူ ဦးအာသဘ၊ ဦးဥတ္တမ(မြန်အောင်၊ကြံခင်း) အရှင်နရိန္ဒ-အမေ့မေတ္တာအရှင်(မတ္တရာ) စသော အကျိုးတော်ဆောင်ဆရာတော်များမှ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်ဒဏ်သင့် ရခိုင်ပြည်သူ/သားများ လက်ဝယ်သို့ ဆက်လက်အကျိုးဆောင် လွဲပို့ပေးမည်ဖြစ်သော ရခိုင်ဆရာတော် ဦးဝိသာရဒ (ရမ်းဗြဲ)နှင့် ဆရာတော် ဦးဝဏ္ဏသာမိ (ရမ်းဗြဲ) တို့အား လွဲအပ်လှူဒါန်းလိုက်သည်။
          ညီတော်နောင်တော် သံဃာတော်၊ ဆရာလေးများ၊ အခြားသော အဝေးရောက် ကုသိုလ်ရှင်။. ဒါနရှင်၊ ပါရမီရှင်အပေါင်းတို့အား အရှင်တို့အကျိုးတော်ဆောင်အဖွဲ့မှ ရခိုင်ပြည်သူ/သားတို့ကိုယ်စား လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါကြောင်းနှင့် သာဓုခေါ်ဆိုကာ၊ ဆုတောင်းမေတ္တာ ပို့သလိုက် ပါကြောင့် အမေ့မေတ္တာအရှင်မှ ဖွင့်ဟလိုက်ပါသည်။
    ကုသိုလ်ရှင်အပေါင်းတို့နှင့်အတူ အရှင်တို့အကျိုးတော်ဆောင် အဖွဲ့သည်လည်း ဖော်မပြ နိုင်သော ပျော်ရွှင်ခြင်းပီတိများစွာဖြင့် တကယ်ကို ၀မ်းမြောက် ၀မ်းသားဖြစ်ရပါကြောင်း ပြောကြား လိုပါသည်။ ကုသိုလ်ရှင်အပေါင်းတို့သည် တကယ်လုပ်သင့် လုပ်ထိုက်သော၊ အမှန်တကယ်လိုအပ် နေသော ကွက်လပ်ကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးခဲ့နိုင်ပြီ ဖြစ်ပါသည်။ အရှင်တို့တတ်နိုင်သော ထောက်ပံ့ခြင်း၊ ကူညီခြင်း၊ အားပေးနှစ်သိမ့်ခြင်းများစွာကို ရခိုင်ပြည်သူ/သားတို့အား ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ရခိုင်ပြည်သူတို့အား တကယ်ချစ်ခင်မှုရှိကြောင်း၊ စာနာမှုရှိကြောင်း၊ ရခိုင်ပြည်သူ/ သားတို့နှင့်အတူ ထပ်တူ ခံစားခဲ့ရပါကြောင်းကို ရင်ဖြင့် ဖော်ကျူးနိုင်ခဲ့ပြီ ဖြစ်သည်ဟု ခံယူမိပါသည်။
        ကုသိုလ်ရှင်အပေါင်းတို့၏ ထောက်ပံ့မှုဒါနကို အကြောင်းပြုကာ ရခိုင်ပြည်သူ/သားတို့အား အန္တရာယ်ဟူသမျှကင်းပနိုင်ကြပါစေ၊ ဘေးဟူသမျှ မခကြပါစေ၊ အကြမ်းဖက်ဒဏ်များမှ ယခုရော နောင်ပါ လွတ်ကင်းနိုင်ကြပါစေ၊ မြန်မာနိုင်ငံတော်အစိုးရ၏ နွေးထွေးသော ကြိုတင်ကာ ကွယ်ပေးမှုများကို ရရှိနိုင်ကြပါစေ၊ သာယာလှပသော မိသားစု ဘ၀လေးများကို ပြန်လည် ရရှိနိုင် ပါစေ၊ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်နိုင်ပါစေ၊ ပစ္စုပ္ပန်ဘ၀ခရီး သာယာဖြောင့်ဖြူးပြီး အနာဂတ်သံသရာခရီးမှ မြန်မြန်လွတ်ကင်းနိုင်ပါစေလို့….အမေ့မေတ္တာ ရင်တွင်းမှ ဆန္ဒပြုလိုက် ပါသည်။
                ကုသိုလ်ရှင်အပေါင်း၊ အကျိုးတော်ဆောင်အဖွဲ့များနှင့်အတူ ရခိုင်ပြည်သူ/သားများ အားလုံး… .ဝေနေယျသတ္တ၀ါအားလုံး တက်သစ်စနေ၀န်း၊ ထွန်းသစ်လမင်း၊ ပွင့်သည့်ပန်းနှယ်သို့ ရွှင်လန်းချမ်း မြေ့နိုင်ကြပါစေလို့……….အမေ့မေတ္တာအရှင်။
Saturday, June 16, 2012
နော်ဝေနိုင်ငံ အော်စလိုမြို့တွင် နိုဘယ် ငြိမ်းချမ်းရေး ဆုလက်ခံရယူပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်း ဘာသာပြန် စဆုံး
ဘုရင်မင်းမြတ်၊ တော်ဝင် အမျိုးအနွယ်ဝင်များ၊ အစိုးရအဖွဲ့ဝင်လူကြီးမင်းများ၊ နှင့် ဂုဏ်သရေရှိ နော်ဝေနိုင်ငံမှ နိုဘယ်ဆုပေးအပ်ရေး အဖွဲ့ဝင်များ လူကြီးမင်းများနှင့် မိတ်ဆွေသင်္ဂဟအပေါင်းတို့ရှင့်….
လွန်ခဲ့တဲ့ နှစ်တော်ကြာတုန်းက ဒါကတစ်ခါတစ်လေလည်း ဟိုးဘ၀ပေါင်းများစွာတုန်းကလို ထင်မိပါတယ်… ကျွန်မ အောက်စဖို့မှာ နေနေတုန်း Desert Island Discs လို့ခေါ်တဲ့ ရေဒီယို အစီအစဉ်လေးကို ကျွန်မရဲ့သားငယ် အလက်ဇန္ဒားနှင့် အတူတူ နားထောင်ခဲ့ဖူးတယ်။ ဒီရေဒီယိုအစီအစဉ်က တော်တော်လေး လူကြိုက်များပြီး ကျွန်မသိသလောက် အခုချိန်ထိ ဆက်လက်ထုတ်လွှင့် နေတယ်ဆိုပါတယ်။ ဒီအစီအစဉ်မှဆိုရင် လူတန်းစားပေါင်းစုံက ကျော်ကြားသူတွေကို ဖိတ်ကြားပြီး ဓါတ်ပြား ရှစ်ချပ်စာလောက် ဆွေးနွေး ပြောကြားကြတယ်။ ဒီအကြောင်းတွေကို ထုတ်ထားတဲ့ စာအုပ်ဟာဆိုရင် သမ္မာကျမ်းစာနှင့် ရှိတ်စပီယား ၀တ္ထုတွေလောက် ရောင်းအားသွက်ခဲ့ပါတယ်ပြီး လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းမှာတစ်ယောက်တည်း ကျန်ခဲ့ရင်တောင် ကိုယ်နှင့်မကွာ ရှိနေစေချင်ကြတဲ့ အမြတ်တနိုးပစ္စည်း အသုံးအဆောင်လို့တောင် ဆိုကြပါတယ်။ ဒီအစီအစဉ်ကိုနားထောင်လို့ အပြီးမှာ သားလေးကကျွန်မကို မေမေ တစ်ချိန်ချိန်မှာ မေ့မေ့ကို Desert Island Discs မှာ ဒီလိုပြောခွင့် ရမယ်လို့ထင်လား လို့မေးပါတယ်။ ဘာလို့မရ မလဲ ဟုကျွန်မက ခပ်အေးအေးပဲ ပြန်ဖြေခဲ့ပါတယ်။ သားလေးက ဒီအစီအစဉ်တွေကို ယေဘုယျအားဖြင့် ထင်ပေါ်ကျော်ကြားတဲ့သူတွေပဲ ပါဝင်နိုင်တယ်ဆိုတာ သိရက်နှင့်ပင် ကျွန်မကို ဘာအတွက်ကြောင့် မေမေ့ကိုဖိတ်မယ်လို့ ထင်တာလဲလို့ ရိုးရိုးတန်းတန်းသိချင်တဲ့ သဘောနဲ့ ဆက်မေးခဲ့ပါတယ်။ ကျွန်မခဏလောက်စဉ်းစားလိုက်တယ် ပြီးမှ မေမေက စာပေဘက်မှာ နိုဘယ်ဆုရခဲ့ရင်ပေါ့ သားရယ်လို့ ပြောပြီး ကျွန်မတို့ ၂ ယောက်စလုံး ရယ်လိုက်ကြပါတယ်။ မှန်းချက်ကတော့ ဟုတ်နေတာပဲ ဒါပေမယ့်တကယ်ဖြစ်လာဖို့သာခက်တာပါ။
အခုတော့ကျွန်မဘာလို့ ဒီလိုဖြေခဲ့လဲဆိုတာ စဉ်းစားလို့ရပြီ အဲဒီအချိန်မတိုင်ခင်က နိုဘယ်ဆုရခဲ့တဲ့ စာအုပ်တစ်အုပ်ဖတ်ခဲ့လို့ ဖြစ်နိုင်သလို Desert Island ရဲ့ပင်တိုင်တွေဟာလည်း ကျော်ကြားတဲ့ စာရေးဆရာတွေ ဖြစ်လို့ပဲဖြစ်မှာပါ။
၁၉၈၉ တုန်းက ကျွန်မရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က ကျွန်မနေအိမ်တွင်း အကျဉ်းကျခံ နေရတုန်းလာတွေ့တယ်။ သူက ဂျွန်ဖန်နစ် လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်ပေးသွင်းထားကြောင်း ပြောပါတယ်။ အဲ့ဒီအချိန်မှာလည်း ကျွန်မရယ်ခဲ့တယ်။ ခဏလောက်တော့ မိုက်ကယ်က အံ့သြသွားတယ်. နောက်မှ ကျွန်မဘာလို့ ရယ်တာလဲ ဆိုတာကို နားလည်သွားပါတယ်။ နိုဘယ်ဆုလေ မှန်းချက်ကသာဟုတ်နေတာလေ ဖြစ်လာဖို့ဆိုတာမှ မလွယ်တာ။ ဒါကြောင့် ကျွန်မတကယ် နိုဘယ်ဆုရတဲ့အခါ ကျွန်မဘယ်လို ခံစားရသလဲ။ ဒီမေးခွန်းက ကျွန်မကို ခဏခဏမေးဘူးတယ် ဒီအချိန်မှာတော့ နိုဘယ်ဆုဆိုတာ ကျွန်မအတွက်ဘာလဲ ငြိမ်းချမ်းရေးဆိုတာ ကျွန်မဘယ်လို အဓိပ္ပာယ်ဖော်လည်းဆိုတာ ကိုပြန်လည်သုံးသပ်ရမယ့် အသင့်တော်ဆုံးအချိန်ဖြစ်နေပါပြီ။
ကျွန်မ အင်တာဗျူးတော်တော်များများမှာ လည်းအကြိမ်ကြိမ်ပြောခဲ့ဘူးပါတယ်… တစ်ညနေမှာရေဒီယိုက ကျွန်မနိုဘယ် ငြိမ်းချမ်းရေးဆုရကြောင်းကြေငြာသွားတာကြားလိုက်ရတယ်။ ကျွန်မ မအံ့သြခဲ့ပါဘူး ဒီမတိုင်ခင် ရသတ္တပါတ်က ကျွန်မဟာ နိုဘယ်ဆုအတွက် စကာတင်ထဲမှာပါတယ်ဆိုတာကို ထုတ်လွှင့်မှုတွေမှာ ဖော်ပြတာကိုကြားခဲ့ရပါတယ်။ အခု ဒီမိန့်ခွန်းတွေအတွက် စာကြမ်းစီနေတုန်းမှာပဲ ကျွန်မ ဆုကိုကြေငြာလိုက် တဲ့အချိန်ပြီးပြီးချင်း ဘယ်လိုဖြစ်သွားလည်းဆိုတာကို ကြိုးကြိုးစားစား တွေးခဲ့ပါသေးတယ်။ ကျွန်မသိပ် မသေချာဘူးလို့ထင်တယ် သြော်သူတို့တွေ ငါ့ကိုဒီဆုပေးဖို့ ဆုံးဖြတ် လိုက်တာကိုဆိုတာမျိုးလောက်ပဲ။ ဒါကလည်း သိပ်ပြီး တကယ်မဟုတ်သလိုပဲ ဘာလို့လည်းဆိုတော့ ကျွန်မကိုယ်တိုင်ကိုယ်က သိပ်ပြီး လက်တွေ့မဆန်သလို၊ တကယ်မဟုတ်သလို ခံစားခဲ့ရပါတယ်။
ကျွန်မနေအိမ်အကျယ်ချုပ်နှင့် နေရစဉ်က မကြာခဏဆိုသလို ကိုယ့်ကိုယ်ကို တကယ့် လောကကြီးနဲ့ တစ်ဆက်တည်း နေရတာမဟုတ်သလို ခံစားရတယ်။ အိမ်ကပဲကျွန်မ ရဲ့ကမ္ဘာ။ တခြားသူတွေရဲ့ မလွတ်လပ်တဲ့ ကမ္ဘာလည်း ရှိသေးတယ် ဒါပေမယ့်သူတို့ဟာ ထောင်ထဲမှာ လူအဖွဲ့အစည်းလေး တစ်ခုအနေနှင့် ရှိကြတယ်။ နောက်ပြီး လွတ်လပ်တဲ့ ကမ္ဘာဆိုတာလည်း ရှိသေးတယ်။ ဒီကမ္ဘာတွေက သူ့လမ်းကြောင်းနဲ့သူ သီးခြားစကြ၀ဠာမှာ လည်ပတ်နေသလိုပဲ။ နိုဘယ်ငြိမ်းချမ်းရေးဆုက ကျွန်မကို ကျွန်မနေတဲ့ သီးခြား ကမ္ဘာလေးထဲကနေ တစ်ဖန်ပြန်ပြီး တခြားလူသားတွေနေတဲ့ နေရာကို ပြန်ဆွဲထုတ် ပေးလိုက်သလိုပဲ၊ ပိုပြီး စစ်မှန်တဲ့ တကယ့်လက်တွေ့ ဘ၀ထဲကို ပြန်ထည့်ပေးလိုက်သလို ခံစားရပါတယ်။ ဒါကလည်း ချက်ခြင်းကြီးဖြစ်လာတာတော့ မဟုတ်သေးပါဘူး၊ ဖြတ်သန်းခဲ့ရတဲ့ နေ့လရက်အချိန်တွေ လေလှိုင်းကြားကနေ ဖြတ်လာကြတဲ့ ဒီဆုကို တုန့်ပြန်မှု သတင်းတွေနှင့် ဒီနိုဘယ်ဆုရဲ့ အရေးပါပုံကို ကျွန်မနားလည်လာ ရပါတယ်။ ဒီဆုဟာကျွန်မကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နှင့်လူ့အခွင့်အရေး အတွက် လှုပ်ရှား ရုန်းကန်ရာမှာ ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရစေပါတယ်။ ကျွန်မတို့ကို မေ့မသွားကြပါဘူး။
မေ့သွားကြမယ်ဆိုရင။် ပြင်သစ်လူမျိုးတွေပြောတာက ခွဲခြားထားခြင်းဟာ နည်းနည်းခြင်း သေဆုံးဖို့တဲ့။ အမေ့ခံရတယ်ဆိုတာကိုယ်တိုင်ကိုက နည်းနည်းလေး သေဆုံးပျက်စီးကြစေပဲတဲ့။ ဒီလိုသာဖြစ်မယ်ဆိုရင် ကျွန်မတို့ကိုတွယ်ဆက်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ ကျန်တဲ့အပိုင်းတွေနဲ့ တွယ်ဆက်ထားတဲ့နေရာ အချို့ ပြတ်တောက်သွားမှာဖြစ်ပါတယ်။ ကျွန်မ ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနှင့် ဒုက္ခသည်တွေ ဆီကို မကြာသေးမီကမှ သွားရောက်တွေ့ဆုံခဲ့ပါတယ် အဲ့ဒီမှာလူအများက ကျွန်တော်တို့ကို မေ့မထားပါနဲ့ လို့အော်ကြတယ်။ သူတို့ဆိုလိုတာက သူတို့ရဲ့ ဒုက္ခတွေကို မေ့မထားပါနဲ့၊ သူတို့ကိုကူညီနိုင်တဲ့ကိစ္စတွေကို မေ့မထားပါနဲ့၊ ကျွန်တော်တို့ကလည်း ခင်ဗျားတို့နဲ့ တစ်ကမ္ဘာတည်းနေနေတာပါဆိုတာမေ့မထားပါနဲ့ပေါ့။ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်တဲ့အခါ ကမ္ဘာက ဖိနှိပ်ခံ၊ သီးသန့်နေထိုင်နေကြတဲ့မြန်မာလူမျိုးတွေကလည်း ဒီကမ္ဘာမြေရဲ့ တစ်စိတ်တပိုင်းပါလား ဆိုတာကိုသတိပြုမိလာကြတယ်။ လူသားတွေအားလုံး အတွက်တစ်ခုတည်းဖြစ်တဲ့ လူသားချင်း စားနာထောက် ထားရမှာတွေကို သတိပြုမိလာကြတယ်။ ဒါကြောင့်ကျွန်မအတွက် နိုဘယ်ငြိမ်းချမ်းရေး ဆုရခြင်းဟာ ကျွန်မရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို မြန်မာနိုင်ငံရဲ့ တစ်ခုတည်း အတွက် မဟုတ်ပဲနိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန် ထွက်သွားစေပါတယ်။ ဒီဆုဟာ ကျွန်မ နှလုံးသား တံခါးကို ပွင့်သွားစေပါတယ်။
မြန်မာတွေရဲ့ ငြိမ်းချမ်းရေးနှင့် ပတ်သက်လို့ ခံယူချက်ကတော့ ဘေးဒုက္ခတွေနဲ့ မကောင်းမှုတွေကနေ ရပ်တန့်သွားတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုခံစားချက်လို့ ဆိုပါတယ်။ ငြိမ်းချမ်းဆိုတဲ့ စကားနှစ်လုံးကပဲ တိုက်ရိုက်ဘာသာပြန်ရင် မီးငြိမ်းသွားတဲ့အခါမှာ ဖြစ်တဲ့ ကောင်းမွန်တဲ့အေးချမ်းမှုလို့ ဆိုပါတယ်။ ဆင်းရဲတဲ့ခံစားမှုနှင့် အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့မီးတွေဟာ ကမ္ဘာမှာ တဟုန်းဟုန်းတောက် လောင်နေပါတယ်။ ကျွန်မရဲ့ နိုင်ငံအတွင်းမှာရော မြောက်ဖက်ပိုင်းက ရန်မီးတွေကလည်း မငြိမ်းသေးသလို အနောက်ဘက်မှာလည်း အကြမ်းဖက်မှုတွေကြောင့် မီးရှို့ဖျက်စီးမှုတွေ၊ လူသတ်မှုတွေ ဟာလည်း ကျွန်မဒီခရီးမထွက်ခင် ရက်အနည်းငယ် အတွင်းကမှ ပေါ်ပေါက်လာခဲ့ပါတယ်။ ကမ္ဘာမြေရဲ့ အခြားနေရာက ရက်စက်မှုတွေရဲ့သတင်း တွေလည်း အများကြီးရှိပါတယ်။ ငတ်ပြတ်မှုသတင်းတွေ၊ ရောဂါဘယတွေ၊ တိုက်ခိုက်အနိုင်ယူတာတွေ၊ အလုပ်လက်မဲ့တွေ၊ ဆင်းရဲမွဲတေမှုတွေ၊ တရားမမျှတမှုတွေ၊ ခွဲခြားဆက်ဆံ ခံရတာတွေ၊ အယူဝါဒအစွဲတွေ၊ ကိုယ့်အယူဝါဒနဲ့မတူရင် နှိပ်ကွပ်တာတွေ ဟာဆိုရင် နေ့စဉ်တွေ့နေရပါတယ်။ နေရာတိုင်းမှာ ငြိမ်းချမ်းမှုကို တိုက်စားပစ်တဲ့ အဖျက်အမှောင့် အင်အားတွေ ဆိုတာရှိပါတယ်။ နေရာတိုင်းမှာ ကမ္ဘာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စည်းချက်ညီညီ ဖွံ့ဖြိုးဖို့ထိမ်းသိမ်းရန်လိုအပ်တဲ့ ပစ္စည်းနဲ့ လူ့စွမ်းအားအရင်း အမြစ်တွေ အလဟသတ်ဆုံးရှုံးနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။
ပထမကမ္ဘာစစ်ဟာဆိုရင် ကမ္ဘာမြေအတွက် ကောင်းတဲ့အင်အားတွေဖြစ်စေမယ့် လူငယ်တွေနဲ့ သူတို့ရဲ့ အလားအလာတွေ ဆိုးဝါးစွား ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ အဲ့ဒီခေတ်က ကဗျာတွေဟာ ဆိုရင် ကျွန်မအတွက် အထူးပဲ အရေးပါလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မစဖတ်တဲ့ အချိန်ဟာဆိုရင် ဒီလို ပွင့်ခါနီးမှာ အညွန့်ချိုးခံလိုက်ရတဲ့ လူငယ်တွေ အရွယ်မို့ပါ။ ပြင်သစ်တပ်တွေနဲ့အတူတိုက်နေရတဲ့ အမေရိကန် လူငယ်လေးတစ်ယောက်ဆိုရင် ၁၉၁၆ တိုက်ပွဲမှာမကျခင် ဒီလိုရေးသားခဲ့ပါတယ် `အငြင်းပွားဖွယ်ရာ ရှေ့တန်းစစ်မျက်နှာ အချို့မှာ´ `ဒဏ်ရာများနဲ့ပြည့်နှက်နေတဲ့ စစ်မျက်နှာပြင် တောင်စောင်းတွေမှာ´ `မီးတွေတဟုန်းဟုန်း တောက်နေတဲ့ မြို့ကြီးတွေဆီမှာ´။ လူငယ်တွေနှင့် ချစ်ခြင်းမေတ္တာနှင့် ဘ၀တွေဟာဆိုရင် အေးစက်တဲ့ အဓိပ္ပာယ်မဲ့ လုပ်ရပ်တွေ အောက်မှာ မထင်မရှား၊ လူမသိ ထာဝရ တိမ်မြုပ်ခဲ့ရတယ်။ ဘာအတွက်လည်း။ ၁၀ စုနှစ်တစ်ခုသာ ကုန်ခဲ့တယ် ကျေနပ်တဲ့ အဖြေမျိုး မရသေးပါဘူး။
ကျွန်မတို့ရဲ့ လူ့ဘောင်ကြီးနှင့် အနာဂတ်ကို အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ၊ မရေရာမှုတွေ ကနည်းအောင်မလုပ်နိုင်ရင် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့မခံစားရဘူးလား။ စစ်ဆိုတာ ငြိမ်းချမ်းရေး အသတ်ခံလိုက်ရတဲ့ ကြိုးဝိုင်းတစ်ခုပါပဲ။ ဘယ်လိုပဲ ဒီဒုက္ခ သုက္ခတွေ လျစ်လျူရှုခံရပါစေ ဒီလိုခံရတာတွေအတွက် အငြင်းပွားမှုတွေ၊ ခွဲခြားခံရတယ်လို့မြင်လာတာတွေ၊ မတရားခံရမှုအတွက် ဖြစ်ပေါ်လာတဲ့ မကျေနပ်ချက်တွေ၊ ဒေါသတွေ ကတော့ တစ်ချိန်ချိန်မှာ အညောင့်ပေါက်လာကြမှာပါ။
အကျယ်ချုပ် နေလိုက်ရတဲ့ ကောင်းတဲ့အချက်တစ်ခုကတော့ ကျွန်မဘ၀မှာ သိလာ ခံယူလာတဲ့အမြင်တွေ၊ နဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းတွေးဆဖို့ အချိန်အလုံ အလောက်ရခဲ့တာပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဒုက္ခဆိုတဲ့ စကားလုံးကို ငယ်ငယ်တည်းက ရင်းနှီးခဲ့ပါတယ် ယေဘုယျဒုက္ခဆိုတာ ခံစားရခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ နေ့တိုင်းလိုလို ကျွန်မနားက လူကြီးတွေနဲ့ တစ်ချို့သိပ်မကြီးသေးတဲ့ သူတွေပါ သူတို့နည်းနည်း နာတာကျင်တာခံစားရတဲ့ အခါမှာဖြစ်ဖြစ်၊ အသေးအဖွဲ စိတ်ညစ်စရာလေးတွေ ကြုံရင်ပဲဖြစ်ဖြစ် ဒုက္ခ ဒုက္ခ ဆိုပြီး ညည်းနေကြတယ်။ ဒါပေမယ့် ကျွန်မ နေအိမ် အကျယ်ချုပ်နဲ့ နေရတဲ့အချိန်မှာမှာ ဒုက္ခဆင်းရဲခြောက်မျိုး အကြောင်းကို သေချာလေ့လာခွင့်ရခဲ့တာပါ။ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်ခင်သူနှင့်ခွဲခွာရခြင်း၊ မချစ်ခင်သူနဲ့ အတူတကွနေရခြင်း တို့ဖြစ်ပါတယ်။ ကျွန်မဟာ ဒီခြောက်ချက်ကို နေ့စဉ်ဘ၀မှာ ဘာသာရေးအမြင်နဲ့မဟုတ်ပဲ လောကီအမြင်နဲ့ လေ့လာပါတယ်။ ဒီဒုက္ခတွေဟာ ကျွန်မတို့ ရဲ့ဘ၀မှာ ရှောင်လို့မရနိုင်ရင်၊ လက်တွေ့ကျကျ လျော့နည်းနိုင်သမျှ နည်းအောင်လုပ်ရမယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးပြီးချိန်မှာ မိခင်နှင့်ကလေး စောင့်ရှောက်မှုအတွက် အစီအစဉ်တွေကိုပိုပြီး ထိထိရောက်ရောက် ဖြစ်အောင်လုပ်ပေးရမယ်၊ သက်ကြီးရွယ်အိုတွေ အတွက် လိုအပ်တဲ့ ၀န်ဆောင်မှုတွေကိုပေးနိုင်ရမယ်၊
ကျန်းမာရေးအခြေခံစောင့်ရှောက်မှု တွေ၊ မေတ္တာစေတနာနှင့်သုနာပြုစုမှုတွေ၊ နောက်ဆုံးနေ၀င်ချိန်မှာ စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းတွေကို ကောင်းကောင်း ဖြည့်ဆည်းပေးရမယ်။ နောက်ကကျန်တဲ့ ချစ်သောသူနှင့် ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနှင့် အတူနေရခြင်းဆိုတဲ့ဒုက္ခ နှစ်မျိုးကို ကျွန်မပိုပြီး စိတ်ဝင်စား အလေးပေးမိပါတယ်။ ကျွန်မတို့ရဲ့ ဗုဒ္ဓဘုရားရှင်ဟာသူကိုယ်တိုင် ဘာလို့ဒီနှစ်မျိုးကို သူဘာတွေ ကြုံတွေ့ခဲ့ဘူးလို့ ဒုက္ခထဲမှာ ထည့်ခဲ့တာပါလိမ့်။ ကျွန်မကတော့ အကျဉ်းသားတွေ၊ ဒုက္ခသည်တွေ၊ ရွေ့ပြောင်း အလုပ်သမားတွေ၊ လူကုန်ကူးခံရတာ သူတွေဟာဆိုရင် အစုလိုက်အပြုံလိုက်ကို သူတို့ရဲ့နေရာဒေသ၊ အိမ်တွေ၊ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဆီ ကနေပြီး လိုလိုလားလားမရှိတဲ့ တစိမ်းတရံစာ ကြားတွေထဲမှာနေဖို့ ဆွဲနှုတ်ပြောင်းရွေ့ ခံခဲ့ရသလိုပါပဲ။
ကျွန်မတို့ဟာ လူ့အခွင့်အရေးအပြည့်နှင့် အထောက်အကူ ကောင်းကောင်းနှင့် အသက်အရွယ် ကြီးသည်အထိ မိမိတို့ဆန္ဒအလျောက် ဒါမှမဟုတ် လိုအပ်ချက်အလျောက် နေရနေရမယ်ဆိုရင်ကံကောင်းပါတယ်။ ကျွန်မဟာလည်း ဒီအသက်အရွယ်ထိ ဒီလိုအကျဉ်းသားတွေရဲ့ အရေးကို နေရာတိုင်းမှာ လူတိုင်းစိတ်ဝင်စား တဲ့အချိန်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေကို တစ်ကမ္ဘာလုံး မဟုတ်တောင် တော်တော်များများက လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဆိုပြီး လက်ခံလာတဲ့ အချိန်ထိနေရတာ ကံကောင်းပါတယ်။
နေအိမ်အကျဉ်းကျနေတဲ့ အချိန်တော်တော်များများမှာ ကျွန်မဟာ လူအခွင့်အရေး ကြေငြာစာတမ်းက အကြိုက်ဆုံး စာပိုဒ်တွေကနေပြီးတော့ အားအင်တွေ မွေးယူခဲ့ရပါတယ်။
……….လူသားတွေ ရသင့်တဲ့အခွင့်အရေးကို မရတာ မျက်ကွယ်ပြုတာဟာ ဆိုရင် ရိုင်းစိုင်းပြီး လူမဆန်တဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ လူသားတိုင်း လွတ်လပ်စွာ ပြောဆိုယုံကြည်ခွင့်တွေရလာမယ့် အချိန်၊ အကြောက်တရားတွေ ကင်းပြီး လူသားတိုင်း ရသင့်တဲ့အမြင့်ဆုံးအခွင့်အရေးတွေ လိုအပ်ချက်တွေကို ရလာမယ့်အချိန်………
…… လူသားတွေဟာ အနန္တရာယ်ရှိတဲ့ အလုပ်မျိုးကို အဓမ္မ ခိုင်းစေခံရတာမျိုးကို ကြံရာမရလို့ဖြစ်စေ၊ အာဏာသုံး၍ မတရားခိုင်းစေတာမျိုး၊ ဖိနှိပ်တာမျိုး မဖြစ်အောင် လူ့အခွင့်အရေးကို တရားဥပဒေနဲ့ ကာကွယ်သင့် ပါတယ်….
ကျွန်မကို မြန်မာနိုင်ငံမှာ လူအခွင့်အရေး လှုပ်ရှားမှုတွေဘာကြောင့် လုပ်နေရသလဲလို့ မေးလာရင် အပေါ်က စာပိုဒ်တွေဟာအဖြေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကဒီမိုကရေစီဆန်တဲ့ အဖွဲအစည်းနှင့် လုပ်ဆောင်မှုတွေဟာ လူ့အခွင့်အရေးကို အာမခံချက်ပေးဖို့အတွက်လိုအပ်တယ်ဆိုတာကိုယုံတယ်။
ပြီးခဲ့တဲ့နှစ်တွေကဆိုရင် မြန်မာနိုင်ငံက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေဟာ ယုံကြည်သူတွေ အတွက်ဆိုရင် စတင်ပြီး အသီးအပွင့်တွေခံစားရမယ့် လက္ခဏာမျိုးတွေ့လာရပါပြီ။ ကောင်းတဲ့ဘက်ကို ပြောင်းလဲမှုမျိုးကိုမြင်နေ ရပြီ၊ ဒီမိုကရေစီစနစ်ဖြစ်ဖို့အတွက် ခြေလှမ်းတွေစတင်နေပြီလို့မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဟာသတိကြီးကြီးနဲ့ အကောင်းအမြင် ၀ါဒကို လုပ်ဆောင်နေတယ် ပြောလို့ရပါတယ် ဒါဟာ ကျွန်မ နောက်အနာဂါတ်ကို မယုံလို့မဟုတ်ပါဘူး ဒါဟာကျွန်မ မျက်ကန်းမြင် ယုံကြည်မှုမျိုး မဖြစ်စေချင်လို့ သတိကြီးကြီးနဲ့ လုပ်ဆောင်နေတာပါ။ အနာဂါတ်ကို မယုံပဲနှင့်၊ ဒီမိုကရေစီ စံနှုန်းတွေအပေါ် ခိုင်မာတဲ့ ယုံကြည်ချက်မျိုးမရှိပဲနှင့် လူအခွင့်အရေး အခြေခံအချက်တွေဟာ ကျွန်မတို့လူ့အဖွဲ့အစည်းမှာ တကယ်လိုအပ်တာမက ဖြစ်နိုင်ခြေတယ် ဆိုတာမျိုးပါ မယုံပဲနှင့် ကျွန်မတို့လှုပ်ရှားမှု ဟာဒီလို ခက်ခဲကြမ်းတမ်း တဲ့နှစ်တွေမှာ ကြံ့ကြံ့ခံတည်တံ့ လာဖို့မလွယ်ပါဘူး။ တချို့တချို့သောကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေ သူတို့ရဲ့ရပ်တည်ချက်တွေကနေ ပြိုလဲခဲ့တယ်၊ ကျွန်မတို့ကိုစွန့်ခွာခဲ့တယ်၊ တကယ့်ကို စိတ်ဓါတ်ခိုင်မာတဲ့ အမာခံတွေပဲ ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်နှင့် ကျန်ခဲ့ပါတယ်။ ကုန်ခဲ့တဲ့နှစ်တွေကိုပြန်ကြည့်မယ်ဆိုရင် ဒီလိုခက်ခက်ခဲခဲ ကျိုးစားလုပ်ဆောင်ရတဲ့ အချိန်တွေမှာ သစ္စာရှိရှိ ကျန်ခဲ့တဲ့သူတွေ တော်တော်များတယ် ဆိုတာကျွန်မ အံ့သြမိတယ်။ ကျွန်မတို့ရဲ့လမ်းကြောင်းအပေါ် သူတို့က မျက်ကန်းယုံတာမျိုး မဟုတ်ဖူး၊ သေချာမျက်လုံးဖွင့် လေ့လာပြီး၊ သူတို့ကိုယ်ပိုင်စွမ်းအားနဲ့ ကြံ့ကြံ့ခံပြီးမှ ကျွန်မတို့ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုကို လေးစားတဲ့အနေနှင့် ကျန်ခဲ့တာပါ။
အခုကျွန်မ ရှင်တို့နဲ့ စကားပြောနေနိုင်တာကလဲ ကျွန်မတို့နိုင်ငံရဲ့မကြာခင်ကပြောင်လဲခဲ့မှုတွေကြောင့်ပါ။ ဒီပြောင်းလဲမှု တွေကလည်း သင်တို့ကြောင့်နှင့် တခြားသော လွတ်လပ်ရေးနှင့် တရားဥပဒေကို မြတ်နိုးသူတွေ ကနေပြီးတော့ ကျွန်မတို့အခြေအနေကို တစ်ကမ္ဘာလုံး သတိထား မိလာအောင် လုပ်ဆောင်နိုင်မှု တို့ကြောင့်ပါပဲ။
ကျွန်မနိုင်ငံ အကြောင်းဆက်မပြောခင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကိစ္စ နည်းနည်းပြောချင်ပါတယ် ဒီလိုအကျဉ်းသားတွေ မြန်မာနိုင်ငံမှာရှိနေသေးပါတယ်။ လူသိများတဲ့ ယုံကြည်ချက်အကျဉ်းသားတွေ လွတ်လာသော်လည်း လူသိမများတဲ့ သူတွေကျန်ပါသေးတယ် သူတို့အမေ့ခံ နေရမှာကို ကြောက်မိပါတယ်။ ကျွန်မဟာအခုဒီမှာရပ်နေရတာဟာလည်း တစ်ချိန်က ကျွန်မကိုယ်တိုင် ယုံကြည်ချက် အကျဉ်းသား တစ်ယောက်ပါ။ ကျွန်မကိုကြည့်နေတုန်း ကျွန်မပြောတာ နားထောင်နေတုန်း မှာ ယုံကြည်ချက်အကျဉ်းသားဟာ တစ်ယောက်ပင်ဖြစ်ပါစေ များလွန်းတယ်ဆိုတဲ့ ဘယ်အခါမှမပြောင်းလဲတဲ့ အမှန်တရားကို သတိရကြပါ။ ကျွန်မတို့နိုင်ငံမှာ မလွတ်ကြသေးတဲ့သူတွေ၊ တရားဥပဒေ စိုးမိုးမှုမခံရသေးတဲ့ သူတွေဟာ တစ်ယောက်မက များပါတယ်။ ကျေးဇူးပြု၍ သူတို့ကိုမမေ့ပါနှင့်၊ သူတို့ကိုမြန်မြန်နှင့် ချွင်းချက်မရှိ လွတ်ပေးနိုင်ရန် သက်ရောက်စေမဲ့ မည်သည့်လုပ်ရပ်ကို မဆိုလုပ်ဆောင်ပေးကြပါ။
မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားတာဖြစ်ပါတယ် နိုင်ငံရဲ့ အနာဂါတ်ကို ယုံကြည်စွာနဲ့ တည်ဆောက်ဖို့ရန် တစ်ခုတည်းသောအရာမှာ စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓါတ်ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ထဲက လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် တစ်နိုင်ငံလုံးအေးချမ်းတည်ငြိမ်မှုရှိခဲ့တယ်ဆိုတဲ့ အချိန်မျိုးမရှိခဲ့ပါဘူး။ ပြသနာတွေရဲ့အရင်းမြစ်ကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ယုံကြည်မှုနှင့် နားလည်းမှုကို မတည်ဆောက်နိုင်ခဲ့ပါဘူး.။ ၁၉၉၀ မှ ၂၀၁၀ ကြားအပစ်အခတ်ရပ်ဆဲရေးကြောင့် တောက်ပလာတဲ့ မျော်လင့်ချက်တွေဟာ ဆိုရင် ပြီးခဲ့တဲ့ လတွေက ဖြစ်ရပ်တွေကြောင့် ပြိုလဲခဲ့ရပါတယ်။ တစ်ချက်တည်းသော မဆင်မခြင် လုပ်ရပ်တွေဟာဆိုရင် နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ အပစ်အခတ်ရပ်စဲရေး ကိုတစ်ခါတည်း ရပ်တန့်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့လတွေကဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ တိုးတက်အောင်မြင်တာကို တွေ့ရပါတယ်။ ကျွန်မယုံကြည်တာက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ဟာ လူတွေရဲ့ လိုလားချက်နဲ့ ပြည်ထောင်စု စိတ်ဓါတ်အပေါ်မှာ မူတည်ပြီး နိုင်ငံရေး တည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေမှာပါ။
ကျွန်မရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျွန်မဟာ တိုင်းရင်းသား ပြန်လည် သွေးစည်းညီညွတ်ဖို့ အတွက် ကျရာကဏ္ဍမှ ပါဝင်ရန် အသင့်ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုများဟာဆိုရင် သမ္မတကြီး ဦးသိန်းစိန် အစိုးရရဲ့စတင်ပေးခဲ့ပြီး အမြဲတမ်း အကောင်အထည်ပေါ် ခိုင်မြဲနေစေဖို့ကတော့ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ မီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေ နှင့် အရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးက ပါးပါးနပ်နပ် ပါဝင် ဆောင်ရွက်ကြဖို့လိုပါတယ်။
ပြည်သူတွေရဲ့ ဘ၀တွေတိုးတက်မှုရှိတယ်ဆိုမှ ပြန်လည်သင့်မြတ်ပေါင်းစည်းတာအောင်မြင်တယ် လို့ ကျွန်မတို့ ဆိုနိုင်ပါလိမ့်မယ်၊ ဒီနေရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဖွံ့ဖြိုးမှုနှင့် လူသားခြင်းစာနာထောက်ထားသောကူညီမှုများ၊ နှစ်ဦးနှစ်ဖက် သဘောတူညီမှုများနှင့် ရင်းနှီးမြုပ်နှံမှုများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးပြီး၊ လူမှုဘ၀တိုးတက်စေရန်၊ နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှု ဘက်ညီ၍ ရေရှည်ဖြစ်စေရန် အမြဲတိုင်းတာ စောင့်ကြည့်ထိန်း သိမ်းပေးဖို့လည်းလိုပါသည်။ ကျွန်မတို့ နိုင်ငံဟာ အလားအလာ အလွန်ကောင်းတဲ့ နိုင်ငံဖြစ်တယ်။ ဒီအလားအလာကို ဖော်ထုတ်ပြီး တိုးတက်အောင် လုပ်ယူပြီး တိုးတက်တဲ့နိုင်ငံဖြစ်ယုံသာမက လူအခွင့်အရေး ပြည့်ဝတဲ့နိုင်ငံ ကျွန်မတို့ပြည်သူလူထု ငြိမ်းငြိမ်းချမ်းချမ်း၊ လွတ်လွတ်လပ်လပ်နှင့် လုံခြုံမှုရှိတဲ့ ဒီမိုကရေစီဆန်တဲ့ လူ့အဖွဲ့အစည်းမှာ နေနိုင်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ကျွန်မတို့ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးဟာ ခွဲခြားလို့မရပါဘူး။ ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို မကောင်းတဲ့အား က ကောင်းတဲ့အားထက်သာနေရင် ကျွန်မတို့အားလုံး ဒုက္ခရောက်နိုင်ခြေရှိတယ်။ မကောင်းတဲ့အားတွေ အကုန်လုံးကိုရော ဖယ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ရိုးရှင်းတဲ့အဖြေကတော့ မထုတ်နိုင်ဘူးလို့ ပဲဖြစ်ပါတယ်။ အကောင်းနှင့်အဆိုး တွဲပြီးရှိနေတတ်တာ လူ့သဘာဝပါ။ ဒါပေမယ့် လူရဲ့ စွမ်းအားနဲ့ ကောင်းတဲ့ဘက် ပိုများလာအောင် မကောင်းတဲ့ဘက် နည်းသွားအောင်၊ ပျက်သွားအောင် လုပ်လို့ရပါတယ်။ ရာနှုန်းပြည့် ငြိမ်းချမ်းမှုကတော့ ဒီကမ္ဘာမှာ မရနိုင်တဲ့ရည်မှန်းချက်ပါ။ ဒါပေမယ့် ကျွန်မတို့ဟာ ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီး ခရီးဆက်သွားရမှာဖြစ်သလို၊ မျက်လုံးတွေကလည်း ကန္တာရခရီးသွား လမ်းပြကြယ်တွေကို လမ်းမပျောက်အောင် မမှိတ်မသုန်ကြည့်နေသလို ငြိမ်းချမ်းရေးကိုဦးတည်ပြီး ကြည့်နေရပါမယ်။ ပြစ်မျိုးမှဲ့မထင် ငြိမ်းချမ်းရေးမျိုး ကဒီကမ္ဘာမှာမရှိလို့ မရနိုင်ရင်တောင် ငြိမ်းချမ်းရေးရဲ့ ရဖို့အခြေခံ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေနှင့် လူတစ်ဦးချင်း၊ နိုင်ငံတစ်ခုချင်းစီကို ယုံကြည်မှုနှင့် မိတ်ဖွဲ့နေကြမယ်ဆိုရင်၊ လုံခြုံပြီး မေတ္တာတရားနှင့် ပို၍ကြင်နာတက်သော လူ့ဘောင်အဖွဲ့အစည်းကြီး တည်ဆောက် နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။
ကျွန်မ ပို၍ကြင်နာတက်သော ဆိုတဲ့စကားလုံးကို သေချာစဉ်းစားပြီးမှ သုံးခဲ့တာပါ စဉ်းစားတာ နှစ်ပေါင်းများစွာ ကြာတယ်လို့တောင် ဆိုနိုင်ပါတယ်။ ချိုတယ်ဆိုတဲ့ အရသာအမျိုးမျိုး ရှိတဲ့အထဲက၊ ကျွန်မကို ဒီအရသာ အများကြီး မရှိဘူးလို့တောင် ပြောခွင့်ပေးပါ၊ ကျွန်မ အချိုမြိန်ဆုံးသော အရာကိုတွေ့ရှိခဲ့ပါတယ်….။ အားလုံထဲမှာမှ တန်ဖိုးလည်း အရှိဆုံး ဖြစ်တဲ့ ကျွန်မသိခဲ့ရတာကတော့ အကြင်နာ မေတ္တာတရားရဲ့တန်ဖိုးကို သိခဲ့ရတာပဲဖြစ်ပါတယ် တွေပဲဖြစ်ပါတယ်။ ကျွန်မရခဲ့သမျှ အကြင်နာမေတ္တာတွေဟာ ကြီးကြီးဖြစ်ဖြစ်၊ သေးသေးဖြစ်ဖြစ် သေချာစေတာကတော့ ဒီကမ္ဘာကြီးမှာ အကြင်နာမေတ္တာ တရားပိုသွားတယ်ဆိုတာ မရှိပါဘူး။ ကြင်နာတက်ဖို့ဆိုတာကတော့ သူုတပါး မျှော်လင့်ချက်နဲ့ လိုအပ်ချက်တွေကို စာနာနားလည်ပြီး လူသားဆန်တဲ့နွေးထွေးမှု နဲ့တုန့်ပြန်ပေးရမှာ ဖြစ်ပါတယ်။ အကြင်နာတရားနှင့် ခဏလေး ထိတွေ့ကိုင်တွယ်လိုက် တာလေးသည်ပင် နှလုံးသားကို အင်အားဖြစ်စေပါတယ်။ အကြင်နာမေတ္တာတရားက လူသားတွေရဲ့ဘ၀ကို ပြောင်းလဲစေနိုင်ပါတယ်။ နော်ဝေ နိုင်ငံဟာဆိုရင် အကြင်နာ တရားရဲ့ ပြယုဒ်တစ်ခုပါပဲ ကမ္ဘာမြေရဲ့ တစ်နေရာက အဖယ်ခံလိုက်ရတယ် သူတွေအတွက် နေစရာပေးတယ်။ သူတို့နိုင်ငံက မလွတ်လပ်လို့ မလုံခြုံလို့ တိမ်းရှောင်လာတဲ့ သူတွေကို ပုန်းအောင်းစရာ နေရာပေးတယ်။
ကမ္ဘာရဲ့ဘယ်နေရာမှာမဆို ဒုက္ခသည်ဆိုတာရှိတာပဲ. ကျွန်မ ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည် စခန်းမှာတုန်းက တကယ့်ကိုပဲ ကိုယ့်လိုသူတွေရဲ့ဒုက္ခတွေ ပင်ပန်းဆင်းရဲမှုတွေကနေ ကင်းလွတ်အောင်လို့ နေ့တိုင်း အားကြိုးမာန်တက် လုပ်ဆောင်နေတာ တွေ့ရတယ်။ သူတို့ စိုးရိမ်တာက အလှူရှင်တွေ မရတော့မှာ သေအချာပြောရရင် စာနာထောက်ထားမှုတွေ လျော့လာမှာ။ အလှူရှင်တွေ လျော့ရင် တော့ ရန်ပုံငွေတွေ လျော့ မယ်။ နောက်တစ်ခုက ပထမတစ်ခုရဲ့ရလာဒ်ပါ စာနာထောက်ထားမှု လျော့တာ ကတော့ ဂရုစိုက်မှုတွေလျော့ကုန် တာပေါ့။ ဒါကိုကျွန်မတို့ တားနိုင်မလား။ ဒုက္ခသည်တွေရဲ့လိုအပ်ချက်က များလာပြီး မျက်လုံးကန်းတာမဟုတ်ရင် ဒုက္ခရောက်နေတာတွေကို မမြင်ခြင်ယောင်ပဲဆောင်လိုက်တာများလား။ ကမ္ဘာပေါ်မှာရှိတယ် အလှူရှင်တွေကို ကျွန်မ မေတ္တာရပ်ခံလိုတာက ခိုလှုံဖို့အတွက် မရေမရာ ရှာနေတဲ့ သူတို့ရဲ့ လိုအပ်ချက်လေးတွေကို ဖြည့်ပေးဖို့ပါ။
မယ်လမှာတုန်းကဆိုရင် ဒီစခန်းနဲ့ တခြားသော ဒုက္ခသည်စခန်းတွေရှိတဲ့ တပ်ဒေသက ထိုင်းအာဏာပိုင်တွေနှင့် အဖိုးမဖြတ်နိုင်တဲ့ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ သူတို့က ဒုက္ခသည်စခန်းနှင့် ပတ်သတ်တဲ့ အရေးကြီးတဲ့ပြသနာတွေ ပြောပြတယ်။ သစ်တောဥပဒေ ချိုးဖောက်တာတွေ တရားမ၀င် ဆေးဝါးသုံးစွဲမှုတွေ၊ ချက်အရက်တွေ၊ ငှက်ဖျားရောဂါပြသနာတွေ၊ သွေးလွန်တုပ်ကွေးနှင့် ၀မ်းရောဂါတွေပေါ့။ အာဏာပိုင်တွေ ပူပန်တာကလည်း ဒုက္ခသည် တွေပူပန်တာလိုမျိုးပဲ။ လက်ခံတဲ့နိုင်ငံက လည်း သူတို့ရဲ့ တာဝန်ဝတ္တရားတွေနှင့် ကြုံတွေ့ရတဲ့အခက် အခဲတွေကို ဖြေရှင်းဖို့ စဉ်းစားဖို့နှင့် လက်တွေ့ကျကျ ကူညီနိုင်ဖို့လည်း လိုပါတယ်။
နောက်ပိုင်း ကျွန်မတို့ရဲ့ရည်ရွယ်ချက်က ထွက်ပြေးခိုလှုံလာတဲ့သူတွေ၊ အိမ်ရာမဲ့တွေ၊ ရည်မှန်းချက်မဲ့တွေ မရှိတော့တဲ့ ကမ္ဘာရဲ့ နေရာတိုင်းဟာ နေထိုင်သူတွေဟာ လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် နေရာတွေဖြစ်လာဖို့ပါ။ အတွေးတိုင်း၊ စကားတိုင်း၊ အလုပ်တိုင်းဟာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ ဘက်က၊ ကုသိုလ်ဘက်က ထည့်ဝင်တဲ့အားတွေဖြစ်ဖို့ လိုပါတယ်။ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီဟာ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ကျွန်မတို့အေးချမ်းစွာ အိပ်စက်ပြီး အေးချမ်းစွာ  နိုးထနိုင်မဲ့ ကမ္ဘာကြီးဖြစ်အောင် ကျွန်မတို့လက်တွေ ခိုင်မြဲစွာတွဲထားပြီး ကြိုးစားကြပါစို့…..။
(အထက်ပါတို့မှာ ဒေါ်အောင်ဆန်းစုကြည်၏ အလွန်ကောင်းသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုယူ မိန့်ခွန်းကို တတ်နိုင်သမျှ  ဘာသာပြန်ထားခြင်း ဖြစ်ပါသည်…. ဘယ်လောက်ပဲ ကြိုးစားပြန်သော်လည်း လူထုခေါင်းဆောင်၏ မူရင်းအဓိပ္ပာယ်နှင့် ပါတိတ်စ အတွင်းနှင့် အပြင်လို ကွာပါသည်…… တုပ်ကွေးမိရက် တန်းလန်းနှင့် live မကြည့်နိုင်သော မြန်မာနိုင်ငံသားများအတွက် မည်သူမှ ဘာသာ မပြန်သေးသောကြောင့် နံနက် ၂း၃၀ အထိ ကြိုးစားပြန်ထားခြင်း ဖြစ်ပါသည်။ အမှားနှင့် အလွဲများရှိခဲ့ပါက ကျွန်တော့် တာဝန်သာ ဖြစ်ပါသည်။ သည်းခံကြပါ။
အများသိရှိနိုင်ရန် ကြိုးစားဘာသာ ပြန်ပေးသော  (Dr ကောင်းမြတ်ကျော်)အား ကျေးဇူးတင်ပါသည်။။
http://www.demowaiyan.org/2012/06/dr.html မှ တဆင့်ကူးယူဖေါ်ပြပါသည်။
နော်ဝေမိဖုရားကြီးSonja၊ နော်ဝေဘုရင်ကြီးHarald၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုဘယ်ဆုကော်မတီဝင်များဖြစ်သော Thobjoern Jagland, Kaci Kullmann Five, Inger-Marie Ytterhorn၊ နော်ဝေအိမ်ရှေ့မင်းသားHaakon နှင့် နော်ဝေအင်စတီကျူအလုပ်အမှုဆောင် ဥက္ကဌGeir Lundestad ။
ဝီရသူ သဘောထား (၆/၇၄)
သင်္ကန်းပြန်လည် ဝတ်ခွင့်ပြုပါရန် လျှောက်ထားလွှာ။
၁၃၇၄-ခု၊ နယုန်လ္ဆုတ်(၁၁)ရက်။ ၁၅.၆.၂၀၁၂-သောကြာနေ့။
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက၊ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ အရှင်ဝီရသူ(မစိုးရိမ်)အပေါ် လူမှုရေးပုဒ်မတပ်၍ တားမြစ်လာခြင်းနှင့် ပတ်သက်၍ အရှင်ဝီရသူ၏ သဘောထား မှန်ကို ထုတ်ပြန်ကြေညာ အပ်ပါသည်။
(က)   အရှင်ဝီရသူ ဦးစီး၍ အကျဉ်းသားများ လွတ်မြောက်ရေးအတွက် မဟာမြတ်မုနိဘုရားကြီးမှာ ဆုတောင်းပွဲ ကျင်းပစဉ်က အရှင်ဝီရသူအား နိုင်ငံရေးပုဒ်မတပ်၍ တားမြစ်ခဲ့ကြပေသည်။
          ရခိုင်ပြည်နယ် အရေးအခင်းနှင့် ပတ်သက်၍ အရှင်ဝီရသူက မိမိ၏ သဘောထားများကို ထုတ်ပြန်ခဲ့သည့် အခါ၌မူ အရှင်ဝီရသူအား လူမှုရေးပုဒ်မတပ်၍ တားမြစ်နိုင်ရေး အတွက် အာဏာသုံး၍ မတရားအမိန့်များ ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရပေသည်။
(ခ)     အမိန့်အာဏာများကို ခွဲခြမ်းဝေဖန် ကြည့်ပါက လိုက်နာနိုင်သည့် အပိုင်းနှင့် အလိုက်နာနိုင်သည့် အပိုင်းဟူ၍ နှစ်ပိုင်းရှိပါသည်။
          အရှင်ဝီရသူသည် “ခွင့်တောင်းပြီးမှ သင်္ကန်းဝတ်ရေး”အမိန့်ကို မတရားမှန်း သိသော်လည်း လိုက်နာနိုင်သည့် အပိုင်းဖြစ်၍ လိုက်နာခဲ့ပေသည်။
          ယခုအမိန့်ကား မတရားသော အမိန့် ဖြစ်နေ၍ လိုက်နာနိုင်မည် မဟုတ်ပေ။
(ဂ)    ၎င်းတို့ စွပ်စွဲသော လူမှုရေးပုဒ်မသည်လည်း ယုတ္တိမဲ့ နေသည်ကို တွေ့ရပေသည်။ အရှင်ဝီရသူ၏ သဘောထားများတွင် လူမှုရေးများ မပါဝင်ခဲ့ပါ။ အမျိုးသားရေး သဘောထားများသာ ဖြစ်ပါသည်။
          အမိန့်ထုတ်ပြန်သော တိုင်းသံဃနာယက ကိုယ်တိုင်က လူမှုရေးနှင့် အမျိုးသားရေး ခွဲခြားတတ်ပုံ မပေါ်ပါ။
(ဃ)   အမျိုးသားရေးဟူသည် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ကိုယ်စားမပြုဘဲ လူမျိုးနွယ်စုပင် ဖြစ်စေ၊ တိရစ္ဆာန်မျိုးနွယ်စုပင် ဖြစ်စေ၊ဲ အမျိုးသားထုကို ကိုယ်စားပြုသည့် လုပ်ငန်းများကို ခေါ်ဆိုပေသည်။
          အမျိုးသားရေးသည် လောကတ္ထစရိယ၊ ဉာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယဟူသော စရိယသုံးပါးတွင် ဉာတတ္ထစရိယတွင် ပါဝင်ပေသည်။ ဉာတတ္ထစရိယဟူသည် ဘုရားလောင်းတို့ လျှောက်လှမ်းသော ပါရမီလမ်းစဉ် ဖြစ်ပြီး မြတ်စွာဘုရား ကိုယ်တိုင်လည်း ကျင့်သုံးတော်မူခဲ့သော လမ်းစဉ်တစ်ရပ် ဖြစ်ပေသည်။
          ဉာတတ္ထစရိယနှင့် ပတ်သက်၍ ဟောကြားတော်မူသော ဇာတ်တော်များလည်း များစွာရှိပေသည်။ ကျီးမင်းဇာတ်၊ ဝက်မင်းဇာတ်၊ ကြွက်မင်းဇာတ်တို့မှာ ထင်ရှားပေသည်။
          သာကီဝင်မင်းမျိုးကို ဝိဍဍူဘက လူမျိုးတုံး သတ်ဖြတ်မည့် အရေးမှာ ဘုရားကိုယ်တိုင် သုံးကြိမ်သုံးခါ ကြွတော်မူ၍ ကာကွယ်ပေးခဲ့ ဖူးပေသည်။
(င)    မဟန-၏ ညွှန်ကြားချက်များသည်သာ ထေရဝါဒ ပိဋကတ်တော်လာ ဓမ္မဝိနယနှင့် ညီညွတ်မည်ဆိုလျှင် မြန်မာ့ပြည်သူရော ကမ္ဘာ့ပြည်သူကပါ လေးစားကြည်ညိုမည် ဖြစ်ပေသည်။ မြန်မာပြည်သူတို့သည်လည်း မဟနကို အကြောင်းပြု၍ ကမ္ဘာမှာ ဝင့်ကြွားနိုင်မည် ဖြစ်ပေသည်။
          မဟန၏ ညွှန်ကြားချက်များအနက် ဓမ္မဝိနယနှင့် မညီညွတ်သည့် စစ်အစိုးရလက်ထက်မှ ဓားမိုးရေဆွဲခဲ့သော အဓမ္မ အဝိနယ ညွှန်ကြားချက်များကို ဆက်လက်ကျင့်သုံးမှု မပြုခြင်း၊ လုံးဝဖျက်သိမ်းခြင်းများ ပြုလုပ်ဖို့အတွက် အလေးအနက် စဉ်းစားစီစဉ်ကြဖို့လိုပေသည်။
          ဥပမာ= သိက္ခာမချသေးသည့် လွတ်မြောက်ရဟန်းတော်များ သင်္ကန်းဝတ်ခွင့်တောင်းခံရမည့် ညွှန်ကြားချက်သည် ဝိနယဘောင်ကို ကျော်လွန်နေပါသည်။ မဟနက ဘုရားထက်ပို၍ ဝိနည်းဓိုရ်သည်လား၊ ဘုရားဟောဝိနည်းကို မလေးစားသည်လား မေးစရာပင်။
          ရခိုင်အမျိုးသား အရေးသည် တိုင်းရင်းသားများ အရေးဖြစ်၍ အနိုင်ကျင့်ခံ တိုင်းရင်းသားတို့အား ကာကွယ်စောင့်ရှောက်ခြင်းကို ဉာတတ္ထစရိယမှန်း မသိခြင်းလော၊ ဘုရားလောင်း လမ်းစဉ်၊ ဘုရားရှင်လမ်းစဉ်ကို မျက်ကွယ်ပြုခြင်းလော၊ စောကြောဖို့ရန် လိုအပ်လာပေသည်။
(စ)     ထို့ကြောင့် အမျိုးသားရေးနှင့် လူမှုရေးကွဲပြားအောင် လေ့လာရမည်။ “ဘုရားထက်တစ်လကြီး အဖွဲ့စည်းမျိုး” မဖြစ်အောင် ရှောင်ကြဉ်ရမည်။ အာဏာရှင်လက်ထက်က ဓားမိုးရေးစွဲထားသော မတရားသည့် ဥပဒေများကို ပြုပြင်ရမည်။ သာသနာတော်တစ်ရပ်လုံး၊ သံဃာထုတစ်ရပ်လုံး၊ ပြည်သူတစ်ရပ်လုံးက လေးစားကြည်ညိုမှုကို ခံယူနိုင်သည့် သံဃာ့အဖွဲ့စည်း ကြီး ဖြစ်အောင် ဆောင်ရွက်ဖို့သာ အရေးတကြီး လိုအပ်မည် ဖြစ်ကြောင်း သိစေအပ်ပါသည်။
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း
မစိုးရိမ်တိုက်သစ်
မန္တလေး။
၁၅-၆-၂၀၁၂
Email.wirathu2012@gmail.com
Friday, June 15, 2012
ကာလသုံးပါနဲ့ အရှင်!
ရိုဟင်ဂျာဘင်္ဂါလီ အကြမ်းဖက် နယ်ချဲ့လူယုတ်မာများ၏ ရခိုင်တိုင်းရင်းသားများအပေါ် သတ် ဖြတ်မှု၊ မီးရှို့မှု၊ အကြမ်းဖက်မှု များ နှင့်ပက်သက်၍ အရှင်အတွေးကို ကာလသုံးပါနဲ့ ချပြပေးလိုက်ပါ တယ်။
အတိတ်= ငါ့ရှင် ဖြစ်ခဲ့ပြီးတဲ့ ရိုဟင်ဂျာဘင်္ဂါလီများ၏ ရခိုင်ပြည်သူများအပေါ် အကြမ်းဖက်မှုနဲ့ ပက် သက်လို့ ဘယ်လိုမြင်မိပါ သလဲ?
အရှင်= သြော်…ဖြစ်ခဲ့ပြီးတဲ့ ရိုဟင်ဂျာများ၏ ရခိုင်တိုင်းရင်းသာများအပေါ် အကြမ်းဖက်၊ နယ်မြေ့လု၊ သတ်ဖြတ်၊ မီးရှို့မှုနှင့် ပက်သက်လို့ အရှင်ကတော့ ရခိုင်ပြည်သူတွေကို အရမ်း စာနာမိ ကရု ဏာ ဖြစ်မိပါတယ်။ တကယ်တော့ အစိုးရရဲ့ ညံ့ဖျင်းမှုတွေ အများကြီးပါပါ တယ် ။ နိုင်ငံ့ခေါင်းဆောင် တို့ မည်သည် မိမိတိုင်းသားပြည်သူတွေကို ကာကွယ်ပေးနိုင်ရမှာပါ။ ရခိုင်ပြည် သူတွေဟာ မြန်မာနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာပြည်သူတွေပါ။ ရခိုင်ပြည် သူတွေရဲ့ နယ်မြေကို ကျူးကျော်ဝင်ရောက် ရန်ရှာ ခဲ့သော ရိုဟင်ဂျာ ဘင်္ဂါလီများသည် ကြီးမားသော ရန်သူများဖြစ်သည်။ ထိုရန်သူများ၏ အန္တရာယ်များ ကို မဖြစ်ခင်က ကြိုတင်ကာကွယ်မှုများကို နိုင်ငံခေါင်းဆောင်အနေနဲ့ မဖြစ်မနေ ပြုလုပ်ပေးရမှာ အဓိက တာဝန်ဖြစ်ပါသည်။ ရိုဟင်ဂျာဘင်္ဂါလီများကို အပြစ်မဆိုချင်တော့ပါဘူး။ အရှင်တို့ရဲ့ နိုင်ငံခေါင်း ဆောင်နဲ့ ဘာသာရေးခေါင်းဆောင်တွေကိုပဲ အပြစ်ဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံ အတွင်းမှာ မှီခိုနေထိုင်ပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်နေကြတဲ့ တိုင်းသားပြည်သူတွေကို ခေါင်းဆောင် တွေက ကာကွယ်မှု၊ ငြိမ်းချမ်းမှုတွေ မပေးနိုင်လို့ပါပဲ။ ရန်သူဆို တာကတော့ အချန်မရွေး တိုက်ခိုက် သတ်ဖြတ်နေမှာပါပဲ။ ဒါက ရန်သူတွေရဲ့ သဘောသဘာဝပါ။ ဒီအန္တရာယ်တွေကို ကြိုတင် ကာကွယ် ပေးရမှာက မြန်မာနိုင်ငံခေါင်းဆောင်များနဲ့ ဗုဒ္ဓဘာ သာခေါင်းဆောင်တွေမှာ တာဝန်ပိုရှိ ပါ တယ်။
အနာဂတ်= ရိုဟင်ဂျာ ဘင်္ဂါလီ ရန်သူလူယုတ်မာများ၏ အကြမ်းဖက်ဒဏ်ကို ခံခဲ့ရသော ရခိုင်တိုင်း ရင်းသား မြန်မာပြည်သူတွေနဲ့ အနာဂတ်နဲ့ပက်သက်လို့ ဘယ်လိုမြင်မိပါသလဲ?
အရှင်= ရခိုင်တိုင်းရင်းသား မြန်မာပြည်သူတွေရဲ့ အနာဂတ်ကို ပြောရမယ်ဆိုရင်…စိတ်မအေးစရာ။ ပူပန် စရာပါပဲ။ ဒီရိုဟင်ဂျာ ဘင်္ဂါလီတွေရဲ့ ရန်က ကင်းမှာ။ ငြိမ်းမှာ မဟုတ်သေးပါဘူး။ ရိုဟင်ဂျာတွေ ရခိုင်ဒေ သမှာ ရှိနေသရွေ့ ဒီပြဿနာ အဖြစ်မျိုးတွေက ဖြစ်နေအုံးမှာပါပဲ။ ရှေ့နှစ်ပေါင်းများစွာ ကလည်း ဖြစ်ခဲ့ပါတယ်။ အခုလည်း ဖြစ်နေပါတယ်။ နောင်အနာဂတ်မှာလည်း ဆက်ဖြစ်နေ မယ်လို့ပဲ မြင်ပါတယ်။ အတိတ်က သက္ကရာဇ်တွေတော်တော်များများမှာလည်း ရခိုင်တိုင်းရင်းသားတွေ များစွာ သေခဲ့ပါရတယ်။ သွေးချောင်းစီးခဲ့ရပါတယ်။ အိုးအိမ်များစွာ ဆုံးရှုံးခဲ့ရပါတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ ပါတယ်။ ကိုယ်ပိုင်နေရာဒေသတွေကို စွန့်လွတ်ပေးခဲ့ရပါတယ်။ မိတကွဲ သားတကွဲ ဖြစ်ခဲ့ရပါတယ်။ ဒီလောက်ထိဖြစ်ခဲ့တာတွေကို နိုင်ငံတော်အစိုးရက သတိမမူခဲ့ပါဘူး။ မဖြေရှ င်းနိုင်ခဲ့ပါဘူး။ ကာကွယ် မှုတွေ မပြုလုပ်ပေးနိုင်ခဲ့ပါဘူး။ အခုလည်း ဒီရိုဟင်ဂျာ ပြဿနာက ထပ်ဖြစ် ခဲ့ပြန်ပါပြီ။ မြန်မာနိုင်ငံ အစိုးရအနေနဲ့ ဘာများကာကွယ်ပေးနိုင်ခဲ့ပါသလဲ။ ဘာများထိရောက်တဲ့ ဖြေရှင်း မှုတွေ ပြုလုပ်ပေး နိုင်ခဲ့ပါသလဲ။ ရခိုင်တိုင်းရင်းသားတွေကို ဘာများကျေနပ်ေ လာက်ေ အာင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသ လဲ။ နိုင်ငံခေါင်းဆောင်တွေ အားလုံး ပြန်စဉ်းစားသင့်တဲ့ အချက်ေ တွပါ။
 ဒီတော့ ရခိုင်တိုင်းရင်းသား မြန်မာပြည်သုတွေရဲ့ အနာဂတ်ဘ၀ လှပအောင်၊ သာယာေ အာင်၊ ငြိမ်းချမ်းအောင်၊ ဒီလိုမျိုး ဆိုးရွားတဲ့အန္တရယ် ပြဿနာတွေ၊ ရိုဟင်ဂျာတွေရဲ့ အကြမ်း ဖက်ဒဏ်တွေ မခံရအောင် နိုင်ငံခေါင်းဆောင်အနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာ သဘောေ ပါက်မှာ။ သဘောမပေါ က်ပဲ ယောင်ချာချာ လုပ်နေအုံးမယ်ဆိုရင်တော့ ထပ်ဖြစ်နေအုံးမှာ အသေချာပါပဲ။
ပစ္စုပ္ပန်= ရိုဟင်ဂျာ ဘင်္ဂါလီများ၏ အကြမ်းဖက်ဒဏ်ခံခဲ့ရသော ရခိုင်တိုင်းရင်းသား မြန်မာပြည် သူတွေရဲ့ လက်ရှိအခြေအနေနဲ့ ပက်သက်လို့ ဘယ်လိုမြင်ပါသလဲ?
အရှင်= ဒါက ရှင်းနေပါတယ်။ အခု ရခိုင်ဒေသမှာ ရိုဟင်ဂျာတွေရဲ့ အကြမ်းဖက်မှုတွေက မပြီးသေးပါ ဘူး။ ရခိုင်ပြည်သူတွေလည်း မပျော်နိုင်သေးပါဘူး။ စိတ်မအေးရသေးပါဘူး။ ရိုဟင်ဂျာဘင်္ဂါလီတွေရဲ့ အန္တရယ်က ရှိနေဆဲပါ။ သူတို့ရဲ့အကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသား မြန်မာပြည်သူ၊ သားတွေ အတော်လေးသေ ရပါတယ်။ အိုးအိမ်များစွာ ဆုံးရှုံးရပါတယ်။ ဟိုပြေးဒီပြေး ပြေးလွှားနေရပါတယ်။ လွတ်ထားတဲ့ အစိုးရတပ် မတော်ကလည်း ဟန့်တားယုံအဆင့်ပါပဲ။ ရခိုင်ပြည် သူတွေအတွက် ကျေနပ်စရာကောင်းတဲ့ အနေအထားမဟုတ်ပါဘူး။ အားကိုးလောက်တဲ့အနေထား မဟုတ်ပါဘူး။ အခုချိန်ထိ ရခိုင်တိုင်းရင်း သားတွေအနေနဲ့ စိုးရိမ်ကြောင့်ကြ ပူပန်မှုတွေ၊ သောကတွေ၊ ရှိနေဆဲပါ။ ကြောက်ရွံ့မှုတွေ ကြုံနေဆဲပါ။ ဒီတော့ တပ်မတော်ဆိုတာ ဘာလုပ်ဖို့လဲ။ တိုင်းတစ် ပါးသားတွေ၊ ကိုယ့်မြေကိုယ့်ရေကို ကျူးကျော်ဝင်ရော က်လာသူ၊ ကိုယ့်ပြည် သူတွေကို နှိပ်စက်အကြမ်းဖက်လာသူ၊ နယ်မြေ့ကို လုယက်လာသူ၊ ကိုယ့်ညီကိုယ်မောင်နှ မတွေကို စော်ကားလာသူတွေကို ခုခံတိုက်ခိုက် ကာကွယ်ဖို့လား။ ဒါမှ မဟုတ် ကိုယ့်နိုင်ငံအတွင်းမှာပဲ ကချင်၊ ကရင် စသောတိုင်းရင်းသား အချင်းအချင်း တိုက်ခိုက်ဖို့လား။ ဆိုတဲ့ အချက်ကို တပ်မတော် သားတိုင်း သိသင့်ပါတယ်။
          အခု ရခိုင်ပြည်သူတွေ များစွာဒုက္ခရောက်နေတယ်။ အိုးအိမ်တွေ လိုအပ်နေတယ်။ စားဝတ်နေရေး ကျန်းမာရေးအတွက် အပူတပြင်း လိုအပ်နေတယ်။ အရေးမှန်သမျှ တကယ်လို အပ်နေ ပါတယ်။ ဒါတွေ ကို နိုင်ငံတော်အစိုးရအနေနဲ့ ဘယ်တိုင်းတာထိ ဆောင်ရွက်ပေးမှာလဲ။ ပြည့်စုံအောင်၊ စိတ်ကျေ နပ်အောင် ဆောင်ရွက်ပေးမှာလား။ နောက်…ဒီမိုကရေစီဆိုတဲ့ အမေစုရဲ့ အဖွဲ့အစည်း ကရော ဘာတွေ လုပ်ပေးမှာလဲ။ ဘာတွေ ထောက်ပံ့ပေးမှာလဲ၊ ပြီး..ဗုဒ္ဓဘာသာခေါင်း ဆောင်တွေ ကရော ဘာတွေ ဆောင်ရွက်ပေး မှာလဲ။ ဘယ်လို ငြိမ်းချမ်းမှုတွေ ပေးမှာလဲ။ နောက်….လူတွေ ပြောပြောနေတဲ့ ကုလသမဂ္ဂအဖွဲ့ကရော ဘာတွေလုပ်ပေးမှာလဲ။ နောက်….အွန်လိုင်းပေါ်ကနေ အမေစု ဘာဖြစ်တယ်၊ အစိုးရဘာဖြစ်တယ်ဆိုတဲ့ လူတွေကရော ဘာတွေလုပ်ပေးမှာလဲ။ နောက်… တိုင်းရင်းသားအချင်းချင်း စည်းလုံးပါတယ်ဆိုတဲ့  မြန်မာပြည်သူတွေကရော ဘာလုပ်ပေးမှာလည်း။ အားလုံးစဉ်းစားကြပါ။
တိတ်…နာ…ပန်= နောက်ဆုံးအနေနဲ့ ရခိုင်ပြည်သူတွေနဲ့ ပက်သက်လို့ ဘာပြောချင်ပါသလဲ?
အရှင်= နောက်ဆုံးအနေနဲ့…ဒီအချိန်ဟာ ပါးစပ်ဖျားကနေ ပြောရမဲ့အချိန်မဟုတ်တော့ပါဘူး။ တကယ်လက်တွေ ပြရမဲ့အချိန်ဖြစ်တယ်။ မျိုးချစ်စိတ်ဓာတ် ဘယ်လောက်ရှိတယ်ဆိုတာကို လက်တွေ့ ချပြရမဲ့ ကာလဖြစ်တယ်။ ရခိုင်ပြည်သူတွေဟာ ဘယ်လောက် အကူညီတွေလိုအပ်နေ တယ်ဆိုတာကို တကယ်သိရမဲ့ အခါဖြစ်တယ်။ အားလုံးကိုယ်စီ နိုင်ရာတာဝန်ကို ထမ်းဆောင်ရမဲ့ အချိန်ဖြစ်တယ်။ အချင်းချင်း စည်းလုံးရမဲ့ ကာလဖြစ်တယ်။ နွားကွဲရင် ကျားဆွဲမယ်ဆိုတာကို တကယ် သဘောပေါက် သင့်သော ကာလဖြစ်တယ်။ မြန်မာနိုင်ငံတော် အစိုးရအနေနဲ့လည်း ရခိုင်ပြည်သူတွေကို တကယ်ကာ ကွယ်ပေးရမဲ့အချိန်ဖြစ်တယ်။ ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေအနေ နဲ့လည်း ပရဟိတ..မျိုးချစ်စိတ်ဓာတ် တကယ်ထုတ်ဖော်ပြချိန်ဖြစ်တယ်။ ရခိုင်ပြည်သူ..သားတွေကို ပါးစပ်ဖျားကနေ သနားရမဲ့ အချိန် မဟုတ်တော့ဘူး။ အမှန်တကယ် လက်နဲ့ခွန်နဲ့အားနဲ့ စာနာပြ၊ သနားပြရ၊ ကူညီပေးရမဲ့ အချိန်ဖြစ်တယ်။
   ဘယ်သူက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာတွေ ငြင်းခနေုံရမဲ့အချိန်မဟုတ်ဘူး။ အပြစ်ေ တွကို ဝေဖန်နေရမဲ့ အချိန်မဟုတ်တော့ဘူး။ တကယ်လက်တွေ့ အလုပ်လုပ်ရမဲ့ အချိန်ဖြစ်တယ်။ ဒီတော့ အားလုံး ရခိုင်ပြည်သူ၊ သားတွေအတွက် ခွန်နဲ့အားနဲ့ စောင့်ရှောက် ထိမ်းသိန်း ကာကွယ်ပေး မှု။ ထောက်ပံ့ပေးမှုတွေ လုပ်ကြပါ။ ဆောင်ရွက်ကြပါ။ ရခိုင်ပြည်သူတွေ အတွက်ရလာတဲ့ အထောက် အပံ့မှန်သမျှကို အလေအလွင့်မဖြစ်အောင်။ ရခိုင်ပြည်သူတွေ လက်မှ လွဲ၍ အခြားသော သူတွေလက်ထဲ မရောက်အောင်။ အလွဲသုံးစားပြုလုပ်မှုတွေ မဖြစ်ရအောင် အားလုံးသတိထား၊ ပရဟိတစိတ်ဓာတ် အပြည့်အ၀ဖြင့် ပြုလုပ်ဆောင်ရွက်ပေး ကြပါလို့….အသိပေး တိုက်တွန်းတောင်း ဆိုလိုက်ပါသည်။
အားလုံး ရခိုင်ပြည်သူတွေကို ထောက်ပံ့နိုင်ကြပါစေ..အမေ့မေတ္တာအရှင်….
Wednesday, June 13, 2012
အမေ့--မျက်ဝန်းတွေ
အမေ့မျက်နှာမှာ မျှော်လင့်ခြင်းတွေ ရှိနေမလား
ငါနေခဲ့တဲ့နေရာလေး ဘယ်တော့များမှ ငြိမ်းချမ်းပါ့မလဲ
အခုဆို ရက်တွေအတော်ကြာလာပြီ မီးခိုးငွေ့တွေမရှုချင်တော့ဘူးလို့
အမေတွေးနေမလား
ငါ့သားကလေးရဲ့လုံခြုံရေး ငါ့မြေးကလေးရဲ့လုံခြုံရေး
အမေကိုယ်တိုင် ရော-- ဘာကိုဆက်ပြီးမျှော်လင့်တော့မလဲ
ဒီအဖြစ်ဆိုးတွေ အမြန်ပြီးပါစေတော့ ရယ်လို့
အမေတွေးနေမလား
ငါနေခဲ့တဲ့ မြေယာကလေးတွေပျက်ဆီး
ငါနေခဲ့တဲ့ သဘာဝ အလှတွေပျက်ဆီး
ငါနေခဲ့တဲ့ ---နေ့ရက်ကလေးတွေ
ရှေ့ဆက်ရမယ့်အနာဂါတ်နေ့ရက်တွေအတွက် ဘယ်လိုခြေလှမ်းနဲ့ဆက်ကြမလဲလို့
အမေတွေးနေမလား
အားတင်းသည်းခံပါဦးအမေရယ်
အရာရာဟာ အားတင်းလို့ဖြေရှင်းနေကြပါတယ် --- အမေ
အမေ့မျက်ဝန်းတွေ မျှော်လင့်ခြင်းတွေ ပြည့်ဝနေပါဦး
အမေ့မျက်ဝန်းတွေ လွတ်လပ်ခြင်းတွေပြည့်ဝနေပါဦး
အမေ့မျက်ဝန်းတွေ - - -
အ ေ မ့ မ် က် ၀ န်းေ တွ - - -။
သက်တန့်ချို ( ကျွန်တော် ခံစားမိတဲ့အတိုင်း ချရေးထားတာပါ )
EMG : စစ်တွေမြို့ ဦးရဲကျော်သူကျောင်းတိုက် ဓမ္မာရုံရှိ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်သားများကို ဇွန်လ ၁၃ ရက်နေ့(ယနေ့)က မြင်တွေ့ရစဉ်