Saturday, July 21, 2012
ကြိုးကြာတောင်ပံခတ်သံ သို့ သာသနာ့အားမာန် အပိုင်း (၄)
တောင်တန်းကို အရောက်လှမ်းဖို့..လေးနှစ်တာ ခိုလုံခဲ့ရတဲ့ အမေ့ရင်ခွင်ကြီးပါ။
    နောက် မြေပြန့်ကနေ တာဝန်ကျလာတဲ့ ဆရာ၊ ဆရာမလေးတွေဆိုလဲ သနားစရာပါ။ မိမိကျခဲ့တဲ့ နာဂရွာလေးသုံးရွာမှာ လာဝယ်ဆိုတဲ့ရွာလေးကတော့ တာဝန်ကျဆရာ၊ ဆရာမများကို ရွာကနေ စပါးထောက်ပံ့ပေးပါတယ်။ ဆရာ၊ ဆရာမတွေအတွက်ပူစရာ မရှိသလောက်ပါပဲ။ တောထဲ့က အသားတွေ ဘာတွေ ရလာရင်လဲ ပို့ပေးပါတယ်။ လာဝယ်ဆိုတဲ့ ခန္တီးအကျဉ်းထောင် နားကရွာေ လးကို ရောက်လာတဲ့ ဆရာ၊ ဆရာမလေးတွေအတွက်တော့ သိပ်ကိုကံကောင်းပါတယ်။ တစ်ရွာလုံး က၀ိုင်းပြီး သူတို့ကို ချစ်ခင်ကြတာပါ။ လာဝယ်ကျေးရွာလေးက နာဂတိုင်းရင်းသူလေးတွေရဲ့ လော်ဝမ်း -လော်ဝမ်းဆိုတဲ့ အရှင့်ကို ခေါ်တဲ့ ချစ်စရာ စကားသံဝဲ၀ဲလေးတွေကို ကြားယောင်နေဆဲပါပဲ။ ကျန်ရွာလေး နှစ်ရွာကတော့ ဘာထောက်ပံ့မှုမှ မရှိပါဘူး။ ကိုယ့်အားကိုကိုးလို့ ကိုယ်ဝမ်းကို ကိုယ်ကျောင်း ရတာပါ။ ဆရာ၊ ဆရာမတွေဟာ မိမိတို့နေထိုင်စရာ တဲအိမ်ကိုတောင် ကိုယ်တိုင်ဆောက် လုပ်ကြရတဲ့ အနေထားပါ။ အဲဒီနာဂရွာလေးတွေမှာ ကျောင်းဆရာ၊ ဆရာမတွေရဲ့ ဘ၀ခက်ခဲ ကြမ်းတမ်းမှုကို စာနာမိ ခဲ့ပါတယ်။ နိုင်ငံတော်က ချမှတ်ပေးလိုက်တဲ့ ပညာရေးတာ ၀န်တွေကို ကျေပွန်အောင် ရုန်းကန်နေ ကြရတာ မဟုတ်လား။ သာသနာပြုအရှင်တို့နဲ့ ဘ၀တူေ တွမို့ တောင်တန်းမြေဒေသက ကျောင်းဆရာ၊ ဆရာမတွေကိုလဲ တန်းဖိုးထားလေးစာမိပါတယ်။
          ကျန်းမာရေးခေါင်းစဉ်အောက်မှာတော့ မိမိသည်ရွာသူ ၊သားများ နေမကောင်းမကျန်း မာဖြစ် လာတဲ့ အခါ ဆေးပေး ရပါတယ်။ ဆေးပေးဆိုပေမဲ့ နာစေး၊ ချောင်းဆိုး၊ အဖျား၊ ငှက်ဖျား၊ ဗိုက်အောင့် ဗိုက်နာ၊ ခေါင်းကို ခေါင်းမှူး၊ ထိခိုက်ဒဏ်ရာဆိုတဲ့ အသေးစားရောဂါများအတွက်သာဖြစ်ပါတယ်။ ရွာမှာက ဆေးခန်း၊ ဆေးဆိုင်၊ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးလုပ်သား ဘာဆိုဘာမှ မရှိပါ။ ဒီတော့ ဖြစ်ပြီဆို သူတို့အားထားရာ သာသနာပြု ဘုန်းကြီးထံကိုပဲ လာကြရတာပါ။ ဒီတော့ မိမိက သင့်တော်တဲ့ အင်္ဂလိပ်ဆေး၊ မြန်မာဆေးများကို ရောစပ်ပေးရပါတယ်။
                 သူတို့အတွက်ဆေးများကိုတော့ မိမိသည် မြေပြန့်မှာရှိစဉ် တောင်တန်းကို မလာခင်ကတဲ့က ကြိုတင် စုဆောင်းဝယ် ထားရတာပါ။ နိုင်ငံတော်က ထောက်ပံ့ပေးတာမဟုတ်ပါဘူး။ မိမိသည် မန်းလေးက ဆိုတော့ မန်းလေးက ဒကာ၊ဒကာမများနှင့် ၀ါခင်းကု န်းဗြဟ္မစိုရ်နာရေးလူမှုကူညီရေး အသင်း ကိုသွားပြီး အလှူခံရ ပါသည်။ ၀ယ်သင့်တာကိုလဲ ၀ယ်ရပါသည်။ ဒီလူမှုကူညီရေးအသင်းကြီးကို ဆရာတော် ဘုရားကြီး ဦးတိက္ခ တည်ထောင် ထား တာပါ။ ဆေးဝယ်၊ ဆေးပေးတဲ့နေရာမှာလည်း မြန်မာဆေးအတွက် အခက်မရှိပေမဲ့ အင်္ဂလိပ်ဆေး အတွ က်တော့ မိမိမှာ အခက်တွေ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာ့တိုင်းရင်းဆေးပညာ အခြေခံ သဘော တရားများကို နိုင်ငံတော်ပရိယတ္တိ သာသနတက္က သိုလ်ဆိုတဲ့ အမိရင်ခွင်မှာပဲ ဖိုင်းနယ်ကျောင်း သားဘ၀မှာ သင်ကြားခွင့် ရခဲ့ပါတယ်။ မန်းလေးတိုင်း ရင်းဆေးတက္ကသိုလ်မှ ဆရာကြီးများကိုယ်တိုင် သင်ကြား ပြသပေးခဲ့တာပါ။ ဒါကြောင့် မိမိသည် ဒီဆရာ ကြီးများ၏ ကျေးဇူး တရားကြောင့် တောင်တန်းဒေသမှာ လူတွေ အသက်ကို မြန်မာ့ဆေးဖြင့် ကုသ ကယ်တင်ေ ပးနိုင်ခဲ့ပါတယ်။ ဆရာကြီးများကိုလဲ ကျေးဇူးအထူး တင်ပါတယ်။
          ခက်တာက အင်္ဂလိပ်ဆေးပါ။ အင်္ဂလိပ်ဆေးပညာကို လေ့လာသင်ကြားခွင့်မရခဲ့ပါဘူး။ ဆရာကြီး များကလဲ မြန်မာတိုင်း ရင်းဆေးရဲ့အခြေခံကိုပဲ ပြသပေးခဲ့တာပါ။ ဒီတော့ အင်္ဂလိပ်ဆေးအတွက် မိမိမှာ အခက်ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် မိမိ သိကျွမ်းရင်းနီးတဲ့ မန်းေ လးက ဒေါက်တာဖြူဖြူလင်း (ဘုတ်ဘုတ်) ဆီမှာပဲ လိုအပ်တဲ့ဆေးဝါးများကို အလှူခံပြီး သူညွန်ကြားေ ပးတဲ့အ တိုင်း တောင်တန်းဒေသက နာဂ တိုင်းရင်သား လူနာများကို ကုသ ကယ်တင်ပေးခဲ့ရပါတယ်။ ဒီတော့ ဒေါက်တာဖြူဖြူ လင်းကိုလဲ ကျေးဇူးတင်မိပါတယ်။ ဒီအခက်ခဲဖြေရှင်းဖို့ မန်းလေးနပသ တက္ကသိုလ် ကြီးမှာ ဖိုင်းန ယ်ကျောင်းသား ရဟန်းတော် များကို မြန်မာတိုင်းရင်းဆေးနဲ့ တွဲဖက်၍ အနောက်တိုင်း အင်္ဂလိပ်ဆေး ပညာကိုပါ သင်ကြားပြသပေးဖို့ မိမိရဲ့ သာသနာ ပြုအတွေ့အကြုံစာတမ်းမှာ ဖော်ပြအကြံပြုပြီး အထက်ကို တင်သွင်းပေးခဲ့ပြီးပါပြီ။ ရောက် မရောက်၊ လုပ် မလုပ်၊ လက်ခံမခံဆို တာတော့ မသိဘူးပေါ့။
         တောင်တန်းဒေသမှာ ဗဟုသုတ နည်းပါး တာက တစ်ကြောင်း၊ ဆင်းရဲတာကတစ်ကြောင်း၊ မြို့ကို သွားဖို့ခက်ခဲ တာကတစ်ကြောင်း စသော အကြောင်းတရာ များကြောင့် မိမိသည် မြေပြန်က ပါလာေ သာ ဆေးဝါးများဖြင့် မလုံလောက်ပါ။ ဒီတော့ ခန္တီး မြို့ ပေါ်ကို ရောက်တိုင်း ဆေးများကို အလျဉ် မှီအောင် ၀ယ်ရ ပါတယ်။ ငှက်ဖျားေ ဆးတွေက ဈေးကြီးတယ်လေ။ နိုင်ငံတော် ကပေးတဲ့ ထောက်ပံ့ကြေး တစ်လ တစ်သောင်း ခွဲလဲ အိတ်ကပ်ထဲကို မရောက်ရရှာဘူးဆိုပါတော့။
          ဆေးကုခြင်းဆိုတာ လူ့အသက်ကို ကယ်တင်ခြင်းဆိုသော်လည်း မိမိအတွက်တော့ မလွယ်တာ အမှန်ပါပဲ။ အဘယ်ကြောင့်ဆိုသော် ခဏတာလေး လပိုင်းအတွင်းမှာပဲ လေ့လာသင်ကြားခဲ့ရတဲ့ တိုင်းရင်း ဆေး ပညာအတတ်မျှဖြင့် ဆေးပေးဖို့၊ ရောဂါကုဖို့ဆိုတာ မခက်ပေ ဘူးလား။ အထူးသဖြင့် ကလေးတွေဆို ပိုဆေးပေးရ၊ ကုရခက်ပါတယ်။ နောက်…. တစ်ခါတစ်လေ ရွာထဲကို ဆင်းပြီး ကော်ဖီထုပ်ေ လးယူပြီး ကျောင်းသား ကိုရင်တစ်ပါးနှစ်ပါး ခေါ်ကာ လူနာအိမ်ကိုသွားရပါတယ်။ သူတို့ကို ဆေးတစ်ခွက် တိုက်ဖို့ စကားတွေ အမျိုးမျိုးပြော၊ ကော်ဖီကိုဖျော်တိုက်ပြီးမှ “ သြနူ၊ သြသေ= အဘွား၊ အဘိုး ဒါလေးကိုသောက်လိုက်ပါ အဖိုး၊ အဘွားသက် သာသွားမှာ။ မနက်ဖန်ဆို တောင်ယာသွားလို့ရပြီ စသည်ဖြင့် ပြောဆိုကာ”  ဆေးတိုက်ရပါတယ်။
                      ရံဖန်ရံခါလဲ ညကြီးမိုးချုပ်လဲ ထသွားရပါတယ်။ လျပ်စစ်မီးမရှိတော့ ဓာတ်မီး သို့မဟုတ် ဖယောင် တိုင်မီးကို လက်ကကိုင်ပြီးသွားရပါတယ်။ အိမ်ကိုရောက်ပြီးဆိုရင်တော့ မီးအလင်းရောင် ကို ကောင်းကောင်း ရပါတယ်။ ရဆို မီးဖိုမှာ မီးရဲ့ရဲတော က်နေတာကို၊ တောက်ဆို သူတို့က မီးဖိုကိုပဲ အားကိုးပြီးညတွေကို ကျော်ဖြတ်ရတာပါ။ မီးအလင်းရောင်က တစ်ယောက်မျက်နှာ တစ်ယောက် ရှင်းရှင်း လင်းလင်းကို မြင်နိုင်ပါတယ်။ မီးဖိုကို အိမ်အလည်၊ သို့မဟုတ် အိမ်ဦးခန်းမှာ ထားလေ့ရှိကြပါတယ်။ ဘုရားစင် ရှိပေမဲ့ အများစုက ဘုရားမီးမထွန်းကြပါဘူး။ မီးဖိုက မီးဖြင့်ပဲ ဗုဒ္ဓဘုရားရှင်ကို မီးပူဇော် တယ် လို့ပဲ ပြောရမှာပါ။ မီး ဖိုပေါ်မှာ ရေနွေးအိုးလေးတည်ပြီး၊ ရေနွေးသောက်၊ စကားပြော ၊ ဆေးပေး၊ ဆေးတိုက်ပြီးမှ ကျောင်းကိုပြန် ကြွရပါတယ်။ အင်း.. အပြန်မှာတော့ ကိုရင်လေးတွေ ကို ခြောက်လန့်ရင်း ခပ်သွက်သွက်လေး ကျောင်းကိုရောက်သွားပါတော့တယ်။
              တစ်ခါတစ်လေ ရောဂါပြင်းသူများကို မြို့ပေါ်ခန္တီးဆေးရုံကို လိုက်ပို့ပေးရတယ်။ မြို့ဆေးရုံကို သွားဖို့ဆိုတာကလဲ တကယ်တော့ မလွယ်ပါဘူး။ လာဝယ်ရွာလေးကတော့ ခန္တီးကနေ သုံးမိုင်ခွဲ လောက်ဝေးပါတယ်။ သို့သော်လည်း ခန္တီးအကျဉ်းေ ထာင်ရှိနေတာမို့ လမ်းပန်းဆက်သွယ်မှု မဆိုး ဘူးလို့ ပြောလို့ရပါတယ်။ နောက်… .ဖားကန့်၊ နန်စီဗွန်စသော ရတနာထွက်ရာေ ဒသများဆီကို သွားတဲ့ လမ်းကြောဖြစ် နေတာမို့ လာဝယ်ရွားလေးက ကံကောင်းတယ်ပြောရမှာပါ။ ဒီတော့ အရေးဆို သွားလို့လာလို့ မဆိုးဘူးပေါ့။ နန့်ဖာရွာ လေးကတော့ ကံအဆိုးဆုံးပါ။ ကားလမ်း၊ ခြေလမ်း မရှိပါဘူး။ ရေလမ်းတစ်ခုတည်းပါ။ ဒီတော့ မော်တော်ရှာရတာ။ လှေရှာရတာ၊ ဟွန်ဒါစက်ရှာရတာ မလွယ်ပါဘူး။ နန့်ဖာရွာလေးကတော့ တံခါး-တနိုင်း ဒေသများဆီသို့ သွားရာချင်းတွင်းမြစ်ဘေးမှာ တည်ရှိတာပါ။ အတော်တော့ဝေးပါတယ်။ မော်တော်နဲ့ ၁နာရီခွဲ  ၂နာရီနီးနီးတော့ စီးရပါတယ်။
           အောင်မြေရွာလေးကတော့ အဆိုးကြီးလဲမဟုတ် အတော်ကြီးလဲ မဟုတ်ပေါ့။ ခန္တီးအကျဉ်းေ ထာင်နဲ့လဲ နီးသလို၊ လာဝယ်ရွာလေးနဲ့လဲ နီးပါတယ်။ ပြေးကြည့်မှ.. လာဝယ်- အောင်မြေရွာလေးနဲ့ ခန္တီး အကျဉ်း ထောင်ကြီးပဲ ရှိတာပါ။ ၾတိဂံပုံစံရွိေ နတာပါ။ အောင်မြေရွာလေးသို့လဲ ကားလမ်းမရှိ။ လူသွား လို့ရတဲ့ တောလမ်းတောင်လမ်းတော့ ရှိပါတယ်။ ရေလမ်းကတော့ မိုးရာသီမှပဲ သွားလို့လာ လို့ရပါတယ်။ အင်း ဒီထက်ဆိုတဲ့ သာသနာပြုနောင်တော် ညီတော်တွေတာဝန်ကျတဲ့ လဟယ်ဒေသ လောက်တော့ မဆိုးပါဘူး။ တောင်တန်းဆိုတဲ့ အတိုင်း ဘ၀တွေလဲ တကယ်ကို ဗြောင်းဆန် သွားတာပါပဲ။ သွေးလိုအပ်လာရင် လှူပေးရ ပါတယ် ။ ငွေလိုအပ် လာရင် ထောက်ပံ့ ပေးရတယ်။ နောက်ဆုံးမွေး လူနာကိုတောင် သွားရောက် ၾကည့္ရွဳေ ထာက္ပံ့ေ ပးရပါ တယ်။ ငွေကြေးမတတ်နိုင်တဲ့ ဆင်းရဲလူနာများအတွက် ဆေးပဒေသာ ပင်မှာလည်း ထည့်ပေး ထားရပါတယ်။
          မှတ်မှတ်ရရပါ။ တစ်နေ့ အရှင်က နန့်ဖာဆိုတဲ့ နာဂရွာလေးကို ရောက်နေစဉ်၊ နန့်ဖာ ရွာလေးက ကောင်းလေးတစ်ယောက် အပြင်းဖျားပြီး ဆေးရုံကို ရောက်နေတယ်ကြားလို့ ခန္တီကို လိုက်သွားတယ်။ ဟိုရောက်တော့ သင့်တော်မယ့် စားစရာ သောက်စရာလေးဝယ်ပြီး ဆေးရုံကို သွားတယ်။ ဖြစ်ချင်တော့ ဆေးရုံအ၀င်မှာပဲ လာဝယ်က အမျိုးသမီး တစ်ယောက်လဲ ဆေးရုံတက်နေတာကို သိလိုက်ရတယ်။ ဒီတော့ နန့်ဖာရွာက လူနာကောင်းလေးကို မရှာရသေးခင် လာဝယ်ရွာက လူနာအမျိုးသမီး ဆီလိုက်သွားလိုက်ရတယ်။ ပါလာတဲ့လက်ထဲက အထုပ်လေးလဲ ထားခဲ့လိုက် ရတယ်လေ။ နောက် လူနာကောင်လေးဆီရောက်တော့ ပေးစရာက ဘာမှမရှိတော့ဘူးလေ။ ဒီတော့ ခဏဆိုပြီး အပြင်ကို အမြန်ပြေးထွက်ပြီး မြို့ထဲကိုသွား ၀ယ်လိုက် ရတယ်။ တစ်ခါတစ်လေ သုံးလေးယောက် ဆုံနေရင် ပိုတောင်အခက်ကြုံရသေးတယ်။ ဟို..အရင်ပေးမကောင်း၊ ဒီအရင်ပေး မကောင်း မဟုတ်လား။ ဒီအဖြစ်ပျက်လေးတွေကလဲ အမှတ်ရစရာလေးတွေပါပဲ။
အပိုင်း (၅) ဆက်လက်ပါအုံးမည်။ အားလုံးသာယာရွှင်လန်းပြီး ဆင်းရဲသူ၊ အားငယ်သူ များအပေါ် မေတ္တာထား၊ စာနာထား၊ ကူညီစောင့်ရှောက်နိုင်ကြပါစေလို့… အမေ့မေတ္တာအရှင်…
မွတ်စလင်တယောက်၏ ... ရင်တွင်းစကား . . . မှ . . အစ္စလာဟ်ဘာသာဝင် အကြမ်းဖက်သူများထံသို့
ကျွန်တော်ဟာ ကျွန်တော့် ယုံကြည်ချက်နဲ့ မွတ်စလင်တစ်ယောက် ဖြစ်ပါတယ်။ စိတ်ဆန္ဒအရဆိုရင်တော့ ကျွန်တော်ဟာ ခရစ်ယာန်တစ်ယောက်ပေါ့။ နှလုံးသားအရတော့ ဂျူးတစ်ယောက် ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင်တော့ ကျွန်တော်ဟာ လူသားတစ်ယောက်ပါ။ ဒေါက်တာ ဟာမစ်ဆိုတာ တယူသန် မွတ်စလင်တွေကို ဆန့်ကျင်တဲ့ စာရေးဆရာ၊ အီဂျစ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်အနေနဲ့ မွေးလာတယ်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး အစ္စလာဟ်ဘာသာဝင် တစ်ဦးလိုပဲ နေခဲ့တယ်။ ရက်စက်ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်နဲ့ဘ၀တူ မွတ်စလင်တွေက ကမ္ဘာ့အနေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာကို တွေ့ပြီးနောက်မှာ၊ ပြီးတော့ ကမ္ဘာအနှံ့အပြားက အစ္စလာဟ်ဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုများကို တွေ့မြင်ရဖန်များလာပြီးတဲ့နောက်မှာ ကျွန်တော့်မှာ ခံစားချက်လေးတစ်ခု ပေါက်ဖွားလာခဲ့တယ်။
ဒါကတော့ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ဖြစ်သလို လူသားတစ်ဦးလည်းဖြစ်တဲ့အတွက် အမှန်တရားကို ထုတ်ဖော်ပြောကြားဖို့ တာဝန်ရှိတယ်ဆိုတဲ့ ခံစားချက်ပါ။ ဒီခံစားချက်က အစ္စလာဟ်ဘာသာနဲ့ ကမ္ဘာကြီးကို ကပ်ဘေးတွေနဲ့ ယဉ်ကျေးမှုတိုက်ပွဲတွေကနေ ကာကွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်။
ကျွန်တော် ၀န်ခံပါတယ်။ လက်ရှိ အစ္စလာဟ်တရားတွေဟာ မွတ်စလင်မဟုတ်သူတွေအပေါ် အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကို ဖန်တီးပေးနေတယ်ဆိုတာကိုပေါ့။
ကျွန်တော်တို့ မွတ်စလင်တွေဟာ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ ဒီနေ့အချိန်အထိ မိန်းမအများကြီးယူတဲ့စနစ်ကို လက်ခံကျင့်သုံးနေကြဆဲဖြစ်တယ်။ နောက်ပြီး မွတ်စလင်ကနေ အခြားဘာသာပြောင်းသွားသူတွေကို သတ်ဖြတ်တဲ့အကျင့်တွေက ရှိနေဆဲဖြစ်တယ်။
အထူးသဖြင့် ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်စနစ်နဲ့ စစ်ပွဲတွေကို ဆန့်ကျင်တဲ့နေရာမှာ ပြတ်သားတဲ့ ရပ်တည်ချက် မရှိသေးတာပဲဖြစ်တယ်။ ဆန့်ကျင့်ကန့်ကွက်တာတွေ မလုပ်တဲ့အပြင် အဲဒီကျွန်စနစ်နဲ့ စစ်ပွဲတွေကို ဖန်တီးပြီး အစ္စလာဟ်သာသနာပြန့်ပွားအောင်၊ အခြားဘာသာဝင်တွေကို မွတ်စလင်ဖြစ်လာအောင် လုပ်နေကြပါတယ်။ နောက်ပြီးတော့ ဂျိဇီယာ (Jizia)လို့ခေါ်တဲ့ မတရားအခွန်ငွေတွေ ကောက်ခံနေကြပါတယ်။ (မလေးရှားမှာ တရုတ်လူမျိုးများကို နှိမ်ထားသလိုမျိုး ဖြစ်မည်ဟု ထင်ပါတယ်…စာရေးသူ)
ကျွန်တော်တို့ မွတ်စလင်တွေဟာ “အစ္စလာဟ်ဘာသာကို လေးစားကြပါ” လို့ ကမ္ဘာ့လူသားတွေကို တောင်းဆိုနေကြတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ဗလီတွေမှာ ကြာသပတေးနေ့တိုင်း အခြားအစ္စလာဟ်ဘာသာဝင် မဟုတ်သူတွေကို (အာရဗီဘာသာစကားနဲ့) ဆဲရေးတိုင်းထွာနေကြပါတယ်။
ကျွန်တော်တို့ အစ္စလာဟ်ဘာသာဝင်တွေဟာ ဂျူးတွေကို ၀က်နဲ့မျောက်ကနေဆင်းသက်သူများလို့ ဆဲရေးတိုင်းထွာကြတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ မွတ်စလင်ဘာသာဝင်ကလေးငယ်တွေကို ဘယ်လို မက်ဆေ့တွေ (သင်ကြားချက်တွေ) ပေးချင်တာပါလဲ။ ဒါဟာ မေတ္တာတရားနဲ့ငြိမ်းချမ်းရေး လက်ဆောင်တွေလား။ အမုန်းတရားလက်ဆောင်တွေလား။
ကျွန်တော် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ဂျူးဘုရားကျောင်းတွေကို ရောက်ဖူးတယ်။ သူတို့က ကျွန်တော်တို့ မွတ်စလင်တွေအတွက် ဆုတောင်းပေးနေကြတယ်ဗျ။
ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်ခေါင်းဆောင်တွေက သူတို့ကို ဆဲရေးတိုင်းထွာနေကြတယ်။ ကျွန်တော်တို့ရဲ့ မွတ်စလင်မျိုးဆက်တွေကိုလည်း သူတို့ (အခြားဘာသာဝင်တွေ)ကို မုန်းတီးရွံရှာဖို့နဲ့ မိစ္ဆာဒိဋ္ဌိများအဖြစ် ခေါ်ကြဖို့ သင်ကြားပေးနေကြပါတယ်။
ကျွန်တော်တို့ မွတ်စလင်တွေဟာ တစ်စုံတစ်ယောက်က “မိုဟာမက်ဆိုတာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်လေးတွေအပေါ်မှာ ကာမစပ်ယှက်သူ” လို့ စွပ်စွဲတဲ့အခါ မိုဟာမက်ကို ကာကွယ်ဖို့ ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းကန့်ကွက်ကြပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မွတ်စလင်တွေဟာ အစ္စလာဟ်ကျမ်းစာမှာလာတဲ့ “တမန်တော် မိုဟာမက် အသက် ၅၀ ကျော်သောအခါ အသက် ၇-နှစ်မျှသာရှိသေးသော အမျိုးသမီးငယ်လေးကို လက်ထပ်တော်မူတယ်” ဆိုတဲ့အကြောင်းကိုတော့ ဂုဏ်ယူပြောဆိုနေကြပြန်ပါတယ်။
ပြောရမှာတော့ ၀မ်းနည်းပါတယ်။ မွတ်စလင်များစွာဟာ (အားလုံးတော့ မဟုတ်ပါဘူး) အမေရိကန်က ဝေါထရိစင်တာကို ၀င်တိုက်တဲ့ စက်တင်ဘာ ၁၁-ရက် အဖြစ်အပျက်နဲ့ ကမ္ဘာအနှံ့အပြားက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြားရတိုင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။
ကမ္ဘာ့မီဒီယာရှေ့မှာတော့ ကျွန်တော်တို့ မွတ်စလင်တွေဟာ ဒီလို အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာကြပါတယ်။ ဒါပေမယ့် မွတ်စလင်အကြမ်းဖက်သမားတွေကို မွတ်စလင်တွေဟာ သဘောခွေ့နေကြပါတယ်။ လျစ်လျူရှုထားကြပါတယ်။ သူတို့ အကြမ်းဖက်ရခြင်းအကြောင်းကိုတောင် ရှာကြံပြီး အကြမ်းဖက်သမားတွေကို သနားနေကြပါတယ်။
ဥပမာအနေနဲ့ ဘယ်အစ္စလာဟ်အဖွဲ့အစည်းက အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို “ဘာသာရေးသွေဖီသူ၊ အစ္စလာဟ်တရားတော်ကို ချိုးဖောက်သူ” လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ပါသလဲ။ ရှေ့နောက်မညီတာတစ်ခုက စာရေးဆရာ ရပ်ခ်ျဒိုင်း (Rushdie)ကိုတော့ အစ္စလာဟ်ကို ဆန့်ကျင်တဲ့စာအုပ် ရေးသားမှုနဲ့ သေဒဏ်ပေးသင့်ကြောင်း ကြေညာပေးခဲ့တယ်။
ကျွန်တော်တို့ မွတ်စလင်တွေဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ ပိုရဖို့ ကမ္ဘာအနှံ့အပြားမှာ တောင်းဆိုနေကြတယ်။ ဥပမာ ပြင်သစ်မှာ ခေါင်းမြီးခြုံခွင့် ပိတ်ပင်ခြင်းကိစ္စကို ပယ်ဖျက်ဖို့ တောင်းဆိုနေကြတယ်။
ကျွန်တော်တို့ တကယ်လုပ်သင့်တာက ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပျက်နေတဲ့ အစ္စလာဟ်အစွန်းရောက် လူသတ်သမားတွေကို ဆန့်ကျင်ကြဖို့ အားပေးအားမြှောက် မပြုကြဖို့နဲ့ အစွဲအလန်းတွေ သိပ်မကြီးကြဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်တွေဟာ အခုထိ ဒါတွေကို ဆန့်ကျင်ကြောင်း၊ အားပေးအားမြှောက် မပြုပါကြောင်းဆိုတဲ့ ဆန္ဒတွေ မဖော်ထုတ်ပေးနိုင်ကြပါဘူး။
ကျွန်တော်တို့ရဲ့ သဘောထားကို မဖော်ပြဘဲ တိတ်တိတ်ကလေး နေနေကြတာဟာ အစ္စလာဟ်အကြမ်းဖက်သမားတွေကို သတ်ဖြတ်ခြင်းလုပ်ငန်းတွေ ဆက်လုပ်ဖို့၊ အကြမ်းဖက်မှုတွေ ဆက်လုပ်ဖို့ အားပေးနေတာ၊ တိုက်တွန်းနေတာ၊ စွမ်းအင်တွေ ဖြည့်ပေးနေတာနဲ့ အတူတူပါပဲ။
ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်တော်တို့ ကံမကောင်းအကြောင်းမလှတာတွေအတွက် အစ္စရေးလူမျိုးတွေနဲ့ အခြားသူများအပေါ်ကို အပြစ်တင်၊ လက်ညှိုးထိုးနေကြတာကို ရပ်တန့်ပစ်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော် မွတ်စလင်တစ်ယောက်အနေနဲ့ ရိုးရိုးသားသား ပြောရရင် အစ္စရေးနိုင်ငံဆိုတာ အရှေ့အလယ်ပိုင်းဒေသမှာ ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်တစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှုရဲံ့ အလင်းရောင် ဖြစ်ပါတယ်။ လူ့အခွင့်အရေးများရဲ့စံထားရာနိုင်ငံတစ်ခု ဖြစ်ပါတယ်။
မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေဟာ ကရုဏာတရားမဲ့စွာနဲ့ ဘာနစ်နာကြေးမှမပေးဘဲ ဂျူးလူမျိုးတွေကို ပထုတ်နေကြတယ်။ “လွတ်လပ်သောဂျူးနိုင်ငံတော်” ကို ခွင့်မပြုကြဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အစ္စရေးလူမျိုးတွေကတော့ အာရပ်လူမျိုး သန်းပေါင်းများစွာကို သူတို့နိုင်ငံသားအဖြစ် သူတို့မြေပေါ်မှာ လက်ခံပေးထားပါတယ်။ ဂျူးလူမျိုးတွေနဲ့ အခွင့်အရေးတန်းတူ ခံစားခွင့်ပေးထားပါတယ်။
အစ္စရေးမှာ အမျိုးသားက အမျိုးသမီးတွေကို တရားဝင် ရိုက်နှက်ခွင့်မပြုပါဘူး။ လူတိုင်းလူတိုင်း ဘာသာတစ်ခုကနေ ဘာသာတစ်ခုကို လွတ်လွတ်လပ်လပ် ပြောင်းနိုင်ခွင့် ရှိပါတယ်။ အစ္စလာဟ်မှာလို ဘာသာပြောင်းလဲခြင်းဥပဒေအရ သတ်ဖြတ်ခံရမှာကိုလည်း ကြောက်စရာ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ အစ္စလာဟ်နိုင်ငံတွေမှာ ဒီလို အခွင့်အရေးမျိုးကို ရနိုင်လို့လား။ ဒီအခွင့်အရေးမျိုးကို ခံစားကြရလို့လား။ (ဒါဆိုရင် ခင်ဗျားက အစ္စရေးဘက်တော်သား မွတ်စလင်လားလို့ ကျွန်တော့်ကို မေးလိမ့်မယ်)။
ကျွန်တော်အနေနဲ့ ပါလက်စတိုင်းက မွတ်စလင်တွေ ဒုက္ခခံစားနေရတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဒီလို ဒုက္ခခံစားနေရတာတွေဟာ အစ္စရေးတွေ(ဂျူးတွေ)ကြောင့် မဟုတ်ပါဘူး။ ပါလက်စတိုင်းက အကျင့်ပျက်ခြစားနေတဲ့ (ပျက်စီးနေတဲ့)ခေါင်းဆောင်တွေကြောင့် ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံမှာနေတဲ့ အာရပ်လူမျိုးတွေ အာရပ်တိုင်းပြည်တွေမှာ နေချင်လို့ဆိုပြီး ထွက်ပြေးတာကို တွေ့မြင်ရဖို့ ခဲယဉ်းပါတယ်။ အခြားတစ်ဖက်မှာတော့ ထောင်သောင်းများစွာသော ပါလက်စတိုင်းလူမျိုး မွတ်စလင်တွေဟာ သူတို့ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ အစ္စရေးမှာ ပျော်ရွှင်စွာ အလုပ်လုပ်ဖို့ အစ္စရေး နယ်မြေထဲကို ၀င်နေကြပါတယ်။
အချို့ပုဂ္ဂိုလ်တွေ ပြောနေကြသလို အစ္စရေးတွေက ဆိုးဆိုးဝါးဝါး လူမဆန်စွာ ဆက်ဆံကြတယ်ဆိုရင် ဆန့်ကျင်ဘက်အခြေအနေ (ပါလက်စတိုင်းတွေက အစ္စရေးနယ်မြေထဲ မ၀င်ဘဲ၊ အစ္စရေးထဲက အာရပ်တွေကသာ ပါလက်စတိုင်းနယ်မြေထဲ ၀င်နေကြမယ်ဆိုတဲ့ ဆန့်ကျင်ဘက်အခြေအနေ… စာရေးသူ) တွေပဲ ကျွန်တော်တို့ တွေ့ရမှာ အသေအချာပါပဲ။
ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ ကိုယ့်ပြဿနာကိုယ်လက်ခံပြီး ကိုယ်ကိုယ်တိုင်ပဲ ဖြေရှင်းကြရပါလိမ့်မယ်။ ဒါမှသာ လူသားထုတစ်ရပ်လုံးနဲ့ ညီညွတ်မျှတစွာနေနိုင်မယ့် ခေတ်သစ်တစ်ခုကို စတင်နိုင်ကြပါလိမ့်မယ်။
ကျွန်တော်တို့ မွတ်စလင်ဘာသာရေးခေါင်းဆောင် များအနေနဲ့
-မယားများစွာယူခြင်း၊
-အရွယ်မရောက်သူများကို လက်ထပ်ခြင်း၊
-ကျွန်စနစ်၊
-အစ္စလာဟ်ဘာသာကို သွေဖီသူများကို သတ်ဖြတ်ခြင်း၊
-အမျိုးသမီးများကို ရိုက်နှက်ခြင်းနဲ့
-အစ္စလာဟ်ဘာသာပြန့်ပွားရေးအတွက် မွတ်စလင်မဟုတ်တဲ့နိုင်ငံများကို စစ်ကြေငြာခြင်း
ဆိုတဲ့ အချက်တွေကို ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ လိုအပ်နေပါပြီ။ ဒီလို လုပ်ဆောင်ပြမှသာလျှင် “ကျွန်တော်တို့ဘာသာကို လေးစားကြပါ”လို့ အခြားသူတွေကို တောင်းဆိုနိုင်ပါလိမ့်မယ်။
ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ “ကျွန်တော်တို့ရဲ့ သူတော်ကောင်းယောင်ဆောင်တတ်တဲ့အကျင့်” တွေကို ရပ်တန့်ဖို့ အချိန်ကျရောက်ပါပြီ။ ပြီးတော့ ဒီအချိန်ဟာ “ကျွန်တော်တို့ မွတ်စလင်တွေ ပြောင်းလဲရမယ်” လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ့်အချိန်ပါပဲ။
------------------------------------------------------ x x x -----------------------------------------------------
Photo by Soe Win Maung Soe
Friday, July 20, 2012
ဒါနပါရမီ >>> ဒါနဥပပါရမီ >>> ဒါနပရမတ္ထပါရမီ (၄) နိဂုံးပိုင်း
အလှူဒါနနှင့်စပ်၍ အားကျမြတ်နိုးဖွယ်ရာလေးများတင်ပြပေးခဲ့တာ ယ္ခုပို့ရောပါဆို လေးခုမြောက်သို့ရောက်လာခဲ့ပါပြီ ။ ဒီပို့ကိုတော့ လှူတတ်တန်းတတ်စေရန် လွတ်လွတ်ကျွတ်ကျွတ်စွန့်ပြီး လှူဒါန်းတဲ့ သပ္ပုရိသဒါနမျိုးကို ဖော်ပြရေးသားပေးပါဦးမယ်။
                                                                * စွန့်လွှတ်၍ လှူဒါန်းခြင်း*
           ဗုဒ္ဓဘာသာဝင်မှန်ရင် အလှူဒါနနှင့်မကင်းနိုင်ကြပါဘူး ၊မိရိုးဖလာအစဉ်အလာကြောင့်ပဲဖြစ်ဖြစ်၊ ဒါနရဲ့အကျိုးတရားတွေကို ကိုယ်တိုင်ကိုယ်ကျ သိရှိနားလည်လို့ပဲဖြစ်ဖြစ် လှူဒါန်းကြသူတွေချည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒါနနှင့်ပတ်သက်၍ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သူတော်ကောင်းဒါနနှင့် သူတော်မှကိုယ်ကောင်းသူ(မသူတော်တို့)၏ ဒါနဟူ၍ နှစ်မျိုးနှစ်စားရှိကြောင်း အင်္ဂုတ္ထိုရ်ပါဠိတော် အသပ္ပုရိသဒါနသုတ်မှာ ခွဲခြားဟောကြားထားတော်မူခဲ့ပေသည်။
            ထိုတရားတော်များအရ နားလည်ရသည်မှာ........
သူတော်ကောင်းများက အလှူဒါနကို ရိုရိုသေသေပေးလှူကြပေမယ့် ၊မသူတော်တွေကတော့ မရိုမသေမလေးမစား စားချင်ရင်ဝင်စားလေ၊
လိုချင်ရင်ယူသွား၊ အားမနာရင်လည်း ၀င်စားပေါ့ စသည်ဖြင့်ပေးလေ့ကျွေးလေ့ရှိကြပါသတဲ့။
      သူတော်ကောင်းတွေက လှူဖွယ်ဝတ္ထုအပေါ်မှာပဲဖြစ်ဖြစ် အလှူခံပုဂ္ဂိုလ်အပေါ်မှာပဲဖြစ်ဖြစ်လေးလေးစားစားပေးလှူလေ့ရှိကြပေမယ့် မသူတော်တို့ကတော့ ဂရုတစိုက်လေးလေးစားစားမပေးလှူကြပါဘူ။ မိမိကချမ်းသာလို့သာထောက်ပံ့နေရတာ စားစရာမရှိလို့သာသနာ့ဘောင်နေနေကြတဲ့ဟာတွေပါလို့ ထင်မြင်ယူဆထားပုံလည်းရမယ်ထင်ပါရဲ့။
          သူတော်စဉ်သူတော်ကောင်းတွေက တကယ်စားစေချင်လို့ မိမိလက်နဲ့ကိုခူးခပ်ကျွေးမွေးလှူဒါန်းကြပေမယ့် မသူတော်တွေကတော့ အိမ်ဖော်ကျွန်မနဲ့လွဲထားတာမျိုးပဲ ပြုလုပ်လေ့ရှိကြပါတယ်။  ဦးဇင်းတို့ငယ်ငယ်က ကြားခဲ့ရဖူးသေးတယ် ကိုရင်တချို့ကိုဆွမ်းလောင်းရမှာပျင်းတဲ့တကာအိမ်တစ်ဦးမှ ဆွမ်းဇလုံထဲ ဆွမ်းနဲ့ဟင်းနဲ့ထည့်ထားလိုက်တယ် မိမိဖာသာပဲ လိုသလောက်ခပ်ယူသွားကြပါလို့ လျှောက်ထားတယ်ဆိုပဲ ။အလုပ်မအားလို့ဆိုလည်းခံသာသေးတယ်။ အရှင်ဘုရားတို့အတွက်အပိုချိန်မကုန်အောင်လို့တဲ့ လျှောက်ထားပုံကမလေးမစားသဘောမျိုးသက်ရောက်နေတယ်လို့ တွေးမိခဲ့သေးတယ်။ လှူရေးတန်းရေးဆိုတာက မိမိသံသရာအတွက်ပါကောင်းကျိုးပေးမှာကို နားမလည်လေစွ ၊၀တ္တရားအရသာလှူဒါန်းနေကြပေမယ့် ပီတိသောမနဿမှာဖြစ်နိုင်ကြပါ့မလားလို့လည်းတွေးမိတယ်လေ။
           သူတော်စဉ်တွေက ရှိလို့လှူတာမဟုတ်ပဲ သိလို့လှူတာဆိုတော့ စွန့်ပစ်ပစ္စည်းကိုပေးသလိုလှူတာမဟုတ်ပါဘူး မိမိစားမည့်ဟင်းလျာများကို သုံးမည့်ပစ္စည်းများကို အဦးအဖျားလှူဒါန်းတဲ့သဘောမျိုးဖြစ်ပေမယ့် မသူတော်တွေကတော့ ပိုလို့လျုံလို့ မစားချင်လို့စွန့်ပစ်လိုက်သလိုမျိုးလည်းလှူလေ့ရှိကြတယ်တဲ့။
      ဒါ့ထက်ပိုအရေးကြီးတာက သူတော်ကောင်းများက ကံနှင့်ကံ၏အကျိုးကိုယုံကြည်ကိုးစားကြတော့ ကောင်းမှူ၏အကျိုးတရားများ တန်ပြန်သက်ရောက်လာမှာပဲလို့ စွန့်ပြီးလွှတ်ပြီးပေးလှူတယ်။ ဆိုလိုတာက အကာလိက-အခါမလင့်အကျိုးပေးတယ်ဆိုတာလို့ မိမိပိုင်ဆိုင်မှုအတ္တနိယ တစ်နည်းအားဖြင့်အတ္တကိုပယ်ခွါပြီးလှူလိုက်တယ် အလှူပေးသူနဲ့အလှူခံဆိုတာလည်း အလှုဒါနမဖြစ်စဉ်ကလည်းမရှိခဲ့ဘူး မလှူခင်မှာအလှူရှင်လို့ခေါ်လို့မရပါဘူး ။လှူပြီးပြန်တော့လည်း အစဉ်အလာအရသာ အလှူရှင်အမည်တပ်လိုက်ရပေမယ့် လှူတဲ့ အက်ရှင်ကပြီးဆုံးသွားပြီဖြစ်လို့ အလှူရှင် သို့မဟုတ်အလှူခံဆိုတာ မရှိတော့ဘူး မမြဲဘူးဆိုတာကို သဘောပေါက်အောင်ဆင်ခြင်ပြီး လက္ခဏာရေးသုံးတန်တင်ပြီးလှူတယ်လေ။ နောက်ပြီး ပစ္စည်းဥစ္စာကိုတွယ်ဖက်ဆုပ်ကိုင်ထားရခြင်းကြောင့် စိုးရိမ်ကြောင့်ကျရမှူတွေကိုပါ အလှူဒါနနှင့်တကွ စွန့်လွှတ်လိုက်ရပြီလို့ အကျိုးတရားများစွာကိုရှူမြင်ပြီးပေးလှူကြပါတယ်။
       ဒါပေမယ့် မသူတော်တွေကတော့ ဒါမျိုးတွေနားမလည်ပါဘူး ။သူငါ့အတွက်ဘာလုပ်ပေးနိုင်မလဲ ။ငါသူရော တချိန်ချိန်ငါများအကူညီလိုခဲ့ရင်ပေးမယ့်လူစားမျိုးလား။ ချက်ချင်းလက်ငင်း ငါဘာကောင်းကျိုးခံစားရမလဲ ဒါမျိုးလောကီရေးရာဖက်ကနေ ရှူမြင်သုံးသပ်ပြီးပေးလှူလေ့ရှိကြတယ်။ ဒါ့ထက်ပိုဆိုးတာက သူတို့တွေကအသံကောင်းတောင်ပိုဟစ်လိုက်သေးတယ်။ ကျုပ်တို့ကအလှူခံမြင်တိုင်းလှူတာမဟုတ်ဘူးဗျို့ သူ့လုပ်ရပ်ကိုကြည့်ရဦးမယ်။ သူက ဘာသာသာသနာအတွက်ဘာများပြန်ပေးဆပ်မှာမို့လို့လဲ …တဲ့ ဒီလိုအယူအဆတွေကြားမှာ ကုလူပဂ လို့ခေါ်တဲ့ လူတွေနဲ့အနေနီးပြီး အရောတ၀င်ရှိလှတဲ့ ရဟန်းတော်အချို့ကိုပဲ သူတို့ချည်းကပ်လှူဖြစ်ကြပါတော့တယ်။
         ကိုယ့်ကိုယ်ကိုချိုးခြံပြီး ရဟန်းတော်တွေထဲက သာမန်ရဟန်းတစ်ပါးအဖြစ်နဲ့ ရဟန်းစစ်ရဟန်းမွန်ဖြစ်အောင်နေထိုင်သီတင်းသုံးကြတဲ့ကိုယ်တော်လေးများခများ မသေရုံတမယ် ၀မ်းဝရုံဆွမ်းရကြပါတော့တယ်။ ယခုမျက်မှောက်ခေတ်ကိုပဲလေ့လာကြည့်လျှင် မိမိအလှူပဲဖြစ်ဖြစ် နေရာတကာမှာ မိမိနှင့်ရင်းနှီးကျွမ်းဝင်ရာ လူပုံအလည်မှာထင်ပေါ်ကြော်ကြားလှတဲ့ဆရာတော်များကိုသာ စုပုံအောကာ မကုန်နိုင်မခန်းနိုင်လှူဒါန်းကြပြီး နေရာအနှံ့အလှူအတန်းက မကျယ်ပြန့်တာကိုတွေ့ရမှာဖြစ်ပါတယ်။
          တကယ်အလုပ်လုပ်လို့လူတွေကြားပြီးထင်ရှားလာတာတို့ ရှေးအတိတ်ဘုဉ်းကံတို့ကြောင့် ခွေးကြောင်ပါမကျန်
ဝလင်ပြီးလျံပယ်နေလို့သွန်ပစ်ရတာကတစ်မျိုးနော် အခုတင်ပြပေးတဲ့သဘောက ဒါယကာတွေသဘောထားက အလှူအတန်းမှာ ချဉ်းကပ်လှူဒါန်းကြပုံလေးကို မြင်သာရုံပြောပြကြတာပါ။
         မိမိစာသင်တိုက်နေခဲ့စဉ်က တောရပ်မှမြို့ကိုစာသင်ကြွလာကြတဲ့ စာသင်သားကိုရင်ငယ်များကို လိုက်လံဆွမ်းရပ်အိမ်ဖိတ်ပေးဖူးပါတယ်။ တချို့အိမ်များကတော့ အမှန်တယ်ကိုသံဃာမျာလို့လက်မခံနိုင်ကြတော့ဘူး။ များဆိုသကောလို့လည်းလှူဒါန်းနိုင်ကြလို့များရတာမဟုတ်ပါဘူးတဲ့ အနယ်နယ်အရပ်ရပ်က အသိမိတ်ဆွေတွေက ကျမကိုယ်တော်လေးလည်းကြည့်ရှူစောင်မပါဦး ဆွမ်းကွမ်းလေးတာဝန်ယူပါဦးနဲ့ ယောက်ျားဖက်က မိန်းမဖက်က ဆွေမျိုးတွေကချိတ်ဆက်ပေးလိုက်လို့ စသည်နဲ့ သံဃာနှစ်ဆယ်ကျော်သုံးဆယ်များသွားရတာတွေရှိတယ်လို့လျှောက်ကြပါတယ်။  
         ဒါလည်းလောကထဲနေတော့လောကီလှူမှူရေးသဘောတွေဆန်သွားရတာပေါ့လေ ဘယ်သူ့မှတော့အပြစ်ပြောလို့မရဘူး
ဒါပေမယ့် ဘုရားညွှန်ပြတဲ့သပ္ပုရိသဒါနမျိုးထဲတော့ပါချင်မှပါတော့မှာလေ မကောင်းတတ်လို့လှူနေရရင်တော့ အကောင်းစားအလှူထဲမှာမပါတော့ပါဘူး။
         ဒါ့ထက်ပိုဆိုးတာက တချို့အိမ်တွေဆို အိမ်အခြေနေကလည်းတိုက်တာအိုးအိမ်ပြည့်စုံတယ်။ ဆွမ်းရပ်တဲ့ကိုယ်တော်တွေဘယ်နှစ်ပါးတုန်းလို့မေးကြည့်ပြန်တော့လည်း တစ်ပါးတဲ့ ဒါဆိုတကာမကြီးရယ် ဒီနောက်ကကိုယ်ရင်လေးအတွက်လည်း ဆွမ်းကွမ်းတာဝန်ယူပေးပါဦး ။တကယ်စစ်မှန်တဲ့ကူညီမှူပေးပြီး သာသနာရေး  အားပေးရာလည်းရောက်ပါတယ်။ နောင်တချိန်ပညာအကျော်ဆရာတော်ကြီးများဖြစ်သွားရင်လည်း သူဟောသမျှပြောသမျှကုသိုလ်တော်တွေ တကာမကြီးနဲ့ဆိုင်ပါလိမ့်မယ် စသည်ဟောပြောလမ်းညွှန်ပြပြီး ဆွမ်းခံတစ်အိမ်မှရရ ကြိုးစားပြောပေးပေမယ့် တပည့်တော်မတို့က တစ်ပါးဆိုတစ်ပါးပဲ ကိုယ့်သားလေးလိုပြုစုစောင့်ရှောက်ချင်ပါတယ်ဘုရား သံဃာများရင်ဗရုတ်သုက္ခတွေပါလာမယ်။ ဆွမ်းခံကိုယ်တော်လည်းရှိပြီးသားမို့ လက်မခံနိုင်ပါဘူးတဲ့။
ဘယ်လိုပဲဖြစ်ဖြစ် ပုဂ္ဂိုလ်စွဲနဲ့လှူဒါန်းနေပြန်ရင်လည်းမကောင်းပြန်တော့ဘူး။ အလှူဒါနမှာ စစ်မှန်တဲ့သပ္ပုရိသဒါနဖြစ်အောင် အယူအစွဲကင်းတဲ့အလှူဒါနဖြစ်မှကောင်းမှာလေ။
                                                  *စွန့်ပြီးလွှတ်တဲ့ ဘုရားအလိုတော်ကျအလှူ*
        အထက်ကပြောခဲ့သလို တချို့ဒါနတွေက စွန့်တော့စွန့်လိုက်တယ် မျက်မှောက်လောကီကျိုးတွေပြန်မျှော်နေလို့ မလွှတ်သေးပါဘူး ပြန်ငြိတွယ်နေပြန်တယ်။ ဒီကိုယ်တော်လေးက ငါတို့အတွက်ဘာများပြန်ဆောင်ရွက်ပေးပါလိမ့်လို့ မျှော်လင့်ချက်နဲ့ လှူခြင်းတွေလည်းဖြစ်နေတတ်တယ်လေ။ ဒါနဲ့ပတ်သက်လို့ မဇ္ဈိမနိကာယ် ရထ၀ိနီတသုတ်အဖွင့်အဋ္ဌကထာမှာ ဆရာတကာဆက်ဆံရေးအမျိုးအစားမှာ(၄)မျိုးရှိကြောင်း ဖွင့်ပြထားတော်မူပါတယ်။
၁။ ဂါဟဂါဟက =အပြန်အလှန်ငြိကပ်တွယ်တာကြသော ဆက်ဆံခြင်း
၂။ဂါဟမုတ္တက=တကာဖက်ကမျှော်လင့်ချက်ဖြင့်ဆက်ဆံသော်လည်း ဆရာဖက်ကအငြိကပ်မခံခြင်း
၃။ မုတ္တဂါဟက=တကာဖက်ကသံယောဇဉ်မတတ်ပေမည့် ဆရာဖက်ကကိလေသာဖြင့်နှောင်ဖွဲ့နေခြင်း
၎။မုတ္တမုတ္တက=နှစ်ဦးနှစ်ဖက် ချီနှောင်မှူကင်းစွာဆက်ဆံကြခြင်း
     ဆိုပြီး လေးမျိုးလေးစားပြထားပါတယ်
     ဂါဟဂါဟက-ဆိုတာကတော့ အချို့သောတကာတကာမတို့သည် အဂ္ဂဒက္ခိဏေယျ မြတ်သောအလှူခံဖြစ်သောကြောင့်ပေးလှူကြသည်မဟုတ်ချေ၊ ရဟန်းတော်များဟောကြားပြသမည့် ဒါန သီလ ၀ိပဿနာနှင့်စပ်သောတရားစကားကိုလည်း လက်တွေ့အကျိုးလောက်စိတ်မ၀င်စားကြပဲ
လောလောဆယ် အပေးအယူအကူညီရယူလိုသောစိတ်ထားဖြင့်သာ လှူဒါန်းပေးကမ်းကြလေသည်။ ထိုတကာတကာမမျိုးတို့သည် သံဃာတော်များထံ ပိုက်ဆံလာချေးငှါးကြခြင်း ၊အကူညီတောင်းကြခြင်းစသည့်လောကီကိစ္စရေးရာများနှင့် ဘုရားသားတော်များကိုလှူမှူဆက်ဆံရေးနယ်ပယ်ထဲမှာ ဆွဲထည့်ကြသည်ချည်းပင်။
      မိမိစာသင်တိုက်နေခဲ့စဉ်က ဖြစ်ရပ်တခုအမှတ်ရမိသေး၏။ ဦးကုသလဟုခေါ်သော ဦးဇင်းလေးတစ်ပါးမှာ ဆွမ်းခံအိမ်ကပိုက်ဆံချေးပါသတဲ့ ။ကိုယ့်ဆွမ်းတကာမဆိုတော့လည်း ဆွမ်းတော့လာအလှူခံပြီး အခက်ခဲရှိလို့မကူညီတော့မကောင်းဘူးလေ။ ဒီတော့ချေးပေးလိုက်ရတယ် ။ဒါပေမယ့် သူများတွေစာမေးပွဲပြီးလို့ရွာပြန်ကြတော့ သူ့ခမျာ တကာအိမ်ကလည်းပြန်လာမပေး ၊ဆွမ်းတကာမဆိုတော့လည်းဖွင့်ပြောတောင်းရအခက်နဲ့ ရွာပြန်ရမယ့်ခွင့်ရက်သာစေ့သွားတယ် စိတ်မချမ်းသာစွာနဲ့ ပြန်ခွင့်မရတော့ပါဘူး။
       နောက်တစ်ပါးကတော့ ဆွမ်းခံအိမ်ကချဲအကွက်ကြီးပေါက်ရာ ဒိုင်ကမလျော်ပေးပဲထွက်ပြေးသဖြင့် ဆွမ်းခံကြွတဲ့ကိုယ်တော်ကိုအတူညီတောင်းပါသတဲ့ ဒါနဲ့အဲဒီဒိုင်ခံတဲ့တကာအိမ်သွာြး့ပီး ကျုပ်နောက်မှာကျောပဲရှိတယ် ခင်များမှာသားတွေသမီးတွေနဲ့ ကျုပ်တကာမပေါက်တဲ့ဟာကိုပေးရင်ပေးပေတော့မပေးလို့ကတော့ အသိပဲဆိုပြီး ဓားကြိမ်းသွားကြိမ်းသတဲ့ ။
        မန္တလေးက ကားပွဲစားတစ်ဦးမှ ဆရာတော်ကြီးများဆီကပါမစ်ရဖို့ လာဘ်လာဘနဲ့ ချဉ်းကပ်လာတာ ကိုယ်တွေ့ကြုံခဲ့ရဖူးပါတယ်။ ဖြစ်ပုံကမိမိရဲ့ဆရာသမားကျောင်းဝင်းကလည်းတော်တော်လေးနေရာကျယ်နေတယ်။ကျောင်းမျက်စောင်းထိုးလောက်မှာလည်း ကားပွဲစားသူဋ္ဌေးကြီးတိုက်ကလည်းရှိနေတာပေါ့ ။ဒီတော့ ရောင်းဝယ်တဲ့ကားတွေကို ကျောင်းဝင်းထဲထားချင်တော့ ပထမမုန့်ပုံးလေးလာလှူလိုက် ၊ကောင်းနိုးရာရာပစ္စည်းလေးတွေလှူလိုက်နဲ့ ရင်းနှီးလာတာနဲ့ ကျောင်းဝင်းထဲမှာကားထားခွင့်တောင်းပါတော့တယ်။ အစပထမတစ်စင်း နောက်နှစ်စင်း သုံးလေးစင်းရောက်လာပါတယ်။ နီးစပ်ရာကားပွဲစားတွေများလာထားကြလေသလားတော့မပြောတတ်ဘူး။ ဒီတော့ ဒီလိုအခြေနေတွေမှာ ဆရာတော်ကြီးများလည်း အငိုက်မိသွားရတော့တာပဲ ဆရာဆိုတာလည်း တကာကိုမှီနေရတာလေ ။ တကာလိမ္မာမှ ဆရာအာပတ်လွတ်ဆိုတာလို တကာများဖက်ကလည်း သံဃာတော်များကို စီးပွားရေး၊လှူမှူရေးတွေမှာ ခုတုံးလုပ်အသုံးချဖို့မဟုတ်ပဲ ကုသိုလ်ရေးသံသရာရေး သာသနာရေးးသက်သက်ဖြင့်သာချဉ်းကပ်သင့်ကြတာအမှန်ပါပဲ။ ဒီလိုမှမဟုတ်ပဲ အကျိုးလိုလို့ညောင်ရေလောင်းရင်တော့ မိမိတို့လိုလားတဲ့လောကီအကျိုးကတော့ ချက်ချင်းကိုရမှာပဲ ။ဒါပေမယ့် မိမိရှေ့မှာ စစ်မှန်တဲ့ဘုရာသားတော်ကြီး ၀ိနည်းလေးစားတဲ့ သူတော်စင်ကြိးငုတ်တုတ်ထိုင်နေတာတောင်မှ တကယ့်ရဟန်းကောင်းရဟန်းမြတ်ကိုတွေ့ရမှာမဟုတ်တော့ပါဘူး။ သူတို့ဟောပြမယ့်သံသရာကောင်းကြောင်းတွေလည်းနားထဲမ၀င်ဘူးလေ မိမိကစီးပွားရေးသမီးသားရေးပဲစိတ်ရှိတာကို။
         မိမိကအရက်ဆိုင်ဖွင့်လိုက်ရင် အရက်သမားပဲ ဆိုင်ထဲဝင်လာကြသလိုပဲ အများအားဖြင့်တော့ အဲလိုအကျိုးမျှော်တဲ့တကာအတွက် အဲလိုလောကီကျိုးတွေပေးမယ့်ကိုယ်တော်တွေကတော့ သေချာပေါက်ရောက်လာမှာပါပဲ ချိပ်ချိပ်ခြင်းမှ ချိတ်လို့ရတာကိုး။ ကိုယ်တော်များဖက်ကလည်း မိမိကိုယ်တိုင်ရဟန်းတရားများအားထုတ်ခြင်း၊ တကာတကာမများသံသရာခရီးမှာ ရှောင်ရန်ဆောင်ရန်တွေဟောပြောပြသခြင်းဖြင့် ရဟန်းအလုပ်ကိုမလုပ်ကြပဲ မိမိအားလှူချင်တန်းချင်အောင် ၊မိမိနှင့်ရင်းနှီးခင်မင်အောင် သစ်သီးပေးခြင်း ပန်းပေးခြင်း၊ ငွေချေးခြင်း ၊အစေအပါးလုပ်ခြင်း၊ ဗေဒင်ဟောခြင်း ဆေးကုခြင်းစသည်ဖြင့် လူမှုကိစ္စတွေမှာဆောင်ရွက်ရင်းနဲ့ လူတွေနဲ့ပြန်လည်ငြိကပ်နေကြပြန်တယ်။
     ဒီလိုအတိုင်အဖောက်အတွဲညီနေတဲ့ ဆရာတကာမျိုးကိုတော့ ဂါဟဂါဟက လို့ခေါ်ပါတယ်၊အပြန်ပြန်အလှန်လှန်ငြိကပ်တွယ်တကြသူတွေပေါ့။
      နှစ်နံပါတ် ဂါဟမုတ္တကဆိုတာကတော့ တကာဖက်ကထိုကဲ့သို့အကျိုးလိုလားလို့ချဉ်းကပ်လှူဒါန်းနေပေမယ့် ဆရာကပြန်လည်တွယ်တာမှူ လှူမှုကိစ္စများမှာပါဝင်ဆောင်ရွက်နေမှူမရှိပဲ လွတ်လွတ်ကင်းကင်းပဲနေတတ်ကြပါတယ်။ ကြာတော့လည်း သံဃာစစ်စာရင်းထဲထည့်ကာသာ မကောင်းလို့ဆက်လက်ဆွမ်းလောင်းလှူရတဲ့ကိုယ်တော်မျိုးဖြစ်သွားတယ်။ မိမိအပေါ်ကောင်းပြီး ဆေးရုံဆေးခန်းအထိ ကိုယ်ဖိရင်ဖိလိုက်စောင့်ရှောက်ပေးတဲ့ ဒို့ကိုယ်တော်စာရင်းတော့မ၀င်တော့ဘူးပေါ့။ ဒါပေမယ့် အဲဒီဘာမဟုတ်တဲ့ ဆွမ်းတစ်ဇွန်းလေးက ဒို့ကိုယ်တော်ကိုလှူတဲ့ သိန်းချီသောင်းချီဒါနတွေထက် အဆများသာအကျိုးကြီးနေတယ်ဆိုတာကတော့ သံသရာခရီးကျမှပဲ ရိပ်မိကောင်းရိပ်မိမယ်ထင်ပါရဲ့။
ဒီလိုတကာကလောကီရေးအတွက်ချဉ်းကပ်လှူဒါန်းပြီး ဆရာကသူ့အလုပ်သူလုပ်နေတာကိုတော့ ဂါဟမုတ္တက ဆက်ဆံရေးပေါ့။
           ၃။ နံပါတ်သုံး မုတ္တဂါဟက-ဆိုတဲ့ ဆက်ဆံရေးကတော့ တကာဖက်က သံသရာအတွက်ချဉ်းကပ်လှူဒါန်းတယ် ၊ဆရာဖက်ကမပြည့်ဝတဲ့သူဖြစ်နေလို့ သံသရာကောင်းကြောင်းလမ်းမညွှန်နိုင်ဘူး သူလုပ်နေကျ သစ်သီးပေးခြင်းပန်းပေးခြင်းစတဲ့အလုပ်တွေနဲ့ပဲ လောကီရေးရာချီးမြှောက်တာပေါ့ ။ ဒါပေမယ့်တကာကတော့လှူမြဲတမ်းမြဲပါပဲ အင်းဒီကိုယ်တော်ကိုမျက်မှောက်ဘ၀အတွက် ဆက်ဆံရမယ်။ ဟိုသံဃာတော်တွေဟောတရားကိုလည်းနာယူမှတ်သားပြီး ကျင့်ကြံလိုက်နာမယ်လို့ ဒီလိုခွဲခြားသတ်မှတ်ပြီး ဆည်းကပ်ပါသတဲ့။
     ဒါနဲ့ပတ်သက်လို့ တကာမကြီးတစ်ယောက်လျှောက်ထားခဲ့ဖူးတာ အမှတ်ရမိဖူးတယ်။
ပစ္စုပ္ပန်ဘုန်းကြီးနဲ့ သံသရာဘုန်းကြီးဆိုတာ ဘာကိုပြောတာလဲဘုရား…တဲ့
               ဒါနဲ့ သာလွန်မင်းကြီးအကြောင်းအနည်းငယ်ပြောပြလိုက်ရပါတယ်။
သာလွန်မင်းကြီးအင်းဝသို့ရောက်ပြီး ကုသိုလ်ကောင်းမှုများ ဆောင်ရွက်နေစဉ် ညီတော်အိမ်ရှေ့မင်း မင်းရဲကျော်စွာ ကွယ်လွန်သဖြင့် သားတော် ပင်းတလဲမင်းသားအား အိမ်ရှေ့အရာပေးလိုက်ရာ နန်းရဖို့ မျှော်မှန်းထားသည့် အမြင့်စားရှင်တရုတ်က လူသူစုစောင်းကာ ပုန်ကန်ပါသတဲ့။
သာလွန်မင်းကြီးလည်း အငိုက်မိကာ အားမတန်သဖြင့် လေးထပ်ကျောင်းဆရာတော်ထံ ၀င်ရောက်ပုန်းအောင်းခိုလှုံခွင့်တောင်းရာ လူတစ်ယောက်ကိုဝှက်ထားရတဲ့ ခိုးကြောင်ခိုးဝှက်အလုပ်ဟာ ရဟန်းသီလအတွက်သံသယပွားဖွယ်ရှိတာကြောင့်  လေးထပ်ကျောင်းဆရာတော်ကြီးက ခိုလှုံခွင့်မပေးချေ။
          ထို့ကြောင့် စံကျောင်းသို့သွားရောက်အကူညီတောင်းမှ စံကျောင်းဆရာတော်မှာ လောကီဆန်သည့် ပွဲကျောင်းဆရာတော်ဖြစ်သည့် အတွက်နောက်ပါရဟန်းများကို စုစည်းကာ တုတ်ဓါးလက်နက်များဖြင့် သာလွန်မင်းနှင့် မှုးမတ်များကို စောင့်ရှောက်ပေးသည်။ နောက်မှ ထိုရှင်တရုပ်ကိုနှိမ်နင်းပြီး ထို့နောက်မှ  လေးထပ်ကျောင်းနှင့် စံကျောင်းတို့တွင် အလှုကြီးများပေးကာ
လေးထပ်ကျောင်းဆရာတော်ကို သံသရာဆရာတော် ၊
 စံကျောင်းဆရာတော်ကို ပစ္စုပ္ပန်ဆရာတော်ဟူ၍ ခေါ်ဝေါ်ချီးကျူးခဲ့ကြောင်း ရှင်းပြခဲ့ရပေသည်။
    ထို့ကြောင့် အသိညာဏ်ကြီးမားသောတကာများသည် သံဃာအားလုံးကိုကြည်ညိုနိုင်ကြသည့်ထုံးကိုနှလုံးမူကာ အလှူဒါကကိုကား သံဃာအမှတ်ဖြင့်သာ အားလုံးပေးလှူကြရမည်ဖြစ်၏။ တကာကတကာအလုပ်လုပ်၍ ဆရာကလောကီဆန်နေလျှင်တော့ မုတ္တဂါဟက ဆက်ဆံနည်းဟု မှတ်သားနားလည်ရမည်ဖြစ်၏။
       နောက်ဆုံးလိုက်နာမှတ်သားးသင့်ကြသည့် ဘုရားအလိုတော်ကျ ဆက်ဆံနည်းသည်ကား မုတ္တမတ္တကဆက်ဆံနည်းဖြစ်ပေ၏။ မုတ္တမုတ္တကဆိုသည်မှာ တကာကလည်းတကာအလုပ်လုပ်၍ ကုသိုလ်အရေး သံသရာအရေး သာသနာအရေးအတွက် လှူဒါန်းထောက်ပံ့သလို ဆရာကလည်း မိမိကိုယ်တိုင်လူတို့နှင့်မငြိကပ်အောင်ကျင့်ကြံနေထိုင်ပြီး ဒါယကားများကုသိုလ်တိုးပွားကြောင်းကိုသာ လမ်းညွှန်ပြသဆုံးမရမည်ဖြစ်၏။
      ထိုဆက်ဆံရေးမျိုးကို ဘုရားရှင်ကိုယ်တော်တိုင်ပင် ကဿပသံယုတ် စန္ဒူပမသုတ်တော်မှာ..  
  “   ရဟန်းတို့ လနှင့်တူစွာ ကိုယ်စိတ်ကို ထိန်းချုပ် ၍သာလျှင် အချင်းခပ်သိမ်း ဧည့်သည်ပမာ ဖြစ်ကုန်လျက် ဒါယကာတို့၌ (ကိုယ် နှုတ် စိတ်တို့ဖြင့်) ကြမ်း ကြုတ်မှု မရှိကုန်ဘဲ ဒါယကာတို့သို့ ချဉ်းကပ်ကြကုန်လော့။
      ရဟန်းတို့ ဥပမာသော်ကား ''ယောက်ျား သည် ရေတွင်းဟောင်းကိုလည်းကောင်း၊ မညီညွတ်သော တောင်ကိုလည်းကောင်း၊ မြစ်ကမ်းပါးပြတ်ကိုလည်းကောင်း ကြည့်သည်ရှိသော် ကိုယ်စိတ်ကို ထိန်းချုပ်၍သာလျှင် ကြည့်ရာသကဲ့သို့'' ရဟန်းတို့ ဤ ဥပမာအတူ လနှင့်တူစွာ ကိုယ်စိတ်ကို ထိန်းချုပ်၍သာလျှင် အချင်းခပ်သိမ်း ဧည့်သည်ပမာ ဖြစ်ကုန်လျက် (ကိုယ် နှုတ် စိတ်တို့ဖြင့်) ကြမ်းကြုတ်မှု မရှိကုန်ဘဲ ဒါယကာတို့ကို ချဉ်းကပ်ကြကုန်လော့” ဟူ၍အတိကျညွှန်းကြားဆုံးမထားတော်မူခဲ့ပေသည်။
ထိုသုတ်တော်မှာပင် တရားဟောတော်မူရင်းလက်ကိုကောင်းကင်ထက်၌ ဝှေ့ယမ်းပြတော်မူကာ
'' ဝှေ့ယမ်းအပ် သော ဤလက်သည် ကောင်းကင်၌ မငြိကပ်မစွဲလမ်း မဖွဲ့ယှက်သကဲ့သို့'' ဤအတူသာလျှင် ဒါယကာတို့သို့ ချဉ်းကပ်သော တစ်စုံတစ်ယောက်သော ရဟန်း၏ စိတ်သည် ''လာဘ်ကို အလိုရှိသော သူတို့သည် လာဘ်ရစေကုန်သတည်း၊ ကောင်းမှုကို အလိုရှိသော သူတို့သည် ကောင်းမှုကို ပြုစေကုန်သတည်း''ဟု ဒါယကာတို့၌ မငြိကပ်မစွဲလမ်း မဖွဲ့ယှက်ဘဲ ''မိမိ လာဘ်ရခြင်းဖြင့် ဝမ်းမြောက်နှစ်သက်သော စိတ်ရှိ သကဲ့သို့'' ဤအတူ သူတစ်ပါးတို့ လာဘ်ရခြင်းဖြင့် ဝမ်းမြောက် နှစ်သက်သော စိတ်ရှိ၏။ ရဟန်းတို့ ဤသို့သဘောရှိသော ရဟန်းသည် ဒါယကာတို့သို့ ချဉ်းကပ်ခြင်းငှါ ထိုက်၏”ဟုမိန့်တော်မူခဲ့လေသည်။
        ထို့ကြောင့် ဆရာဖက်ကရော တကာဖက်ကပါ အနှောင်အဖွဲ့မရှိမူ၍ ပေးလှူကြခံယူကြမှသာ ဘုရားရှင်အလိုတော်ကျ မုတ္တမုတ္တက ဆက်ဆံနည်းမျိုးဖြင့် တကာများဖက်မှလည်း မြတ်သော သပ္ပုရိသဒါနကို လှူဒါန်းခွင့်ရနိုင်ကြမည်ဖြစ်၏။
http://lankarashin-monywa.blogspot.com/2012/03/blog-post_3331.html
                            * သီရိလင်္ကာမှ မြတ်သောအလှူရှင်နှင့် မြတ်သောအလှူခံပုဂ္ဂိုလ်*
        စာဖတ်သူတို့ ကြည်ညိုလေးစားအားကျဖွယ် သီရိလင်္ကာမှ စူဠပိဏ္ဍပါတိယတိဿမထေရ်ဆိုတဲ့ သံဃာတော်တစ်ပါးနှင့် ဆွမ်းဒါယိကာမကြီးတို့ဝတ္ထုကို တင်ပြပေးပါဦးမယ်။
    သီရိလင်္ကာက ဥပါသိကာမကြီးတစ်ဦးသည် သံဃာတော်လေးတစ်ပါးအား နေ့စဉ်ဆွမ်းဝတ်ပြုစုခဲ့သည်မှာ (၁၂)နှစ်တိုင်တိုင်ပင်ကြာညောင်းခဲ့ပါသတဲ့။ဒီလောက်နေ့စဉ်မပြတ်ဆွမ်းခံကြွနေတာတောင်မှ ဥပါသိကာမကြီးကလည်း အကူအညီတစုံတရာမတောင်းခံဖူးဘူးတဲ့ ။ဟုတ်တယ်လေ ကိုယ်ကသူ့ဆီကမျှော်လင့်ချက်တစုံတစ်ရာနဲ့ လှူဒါန်းနေတာမှမဟုတ်တာပဲ ။
၁။ ဒါနံ သဂ္ဂဿ သောပါနံ = ဒါနကုသိုလ်ဟာနတ်ပြည်ရောက်ကြောင်း စောင်းတန်းကြီးသဖွယ်ဖြစ်တယ်။
၂။ ဒါနံ ပါထေယျ မုတ္တမံ = ဒါနကုသိုလ် ပြုတဲ့သူဟာ သူရောက်ရာ လူ့ဘဝ နတ်ဘဝမှာ အကောင်းဆုံး အမြတ်ဆုံးဖြစ်တဲ့ 
    အသုံးအဆောင်  စားနပ်ရိက္ခာတွေ သုံးစားပေးလှူလို့ မကုန်နိုင်အောင် ပေါများကြွယ်ဝ ချမ်းသာရပါလိမ့်မယ်။
၃။ ဒါနံ ဥဇုဂတံ မဂ္ဂံ = ဒါနကုသိုလ်ဟာ ချမ်းချမ်းသာသာနဲ့ နိဗ္ဗာန်သွားကြောင်း အကောင်းဆုံး အဖြောင့်ဆုံး
    လမ်းမကြီးလည်း ဖြစ်ပါတယ်။
၎။ ဒါနံ မောက္ခ ပဒံ ဝရံ = ဒါနကုသိုလ်ဟာ အမြတ်ဆုံးဖြစ်တဲ့ မဂ် ဖိုလ် နိဗ္ဗာန်ကို ရယူခံစားနိုင်တဲ့ အကြောင်းထဲမှာဖြင့်
    မုခ်ဦးလမ်းကြောင်းကြီးဖြစ်တယ်ဆိုတဲ့အတိုင်းပါပဲ ထိုတကာမကြီးကလည်း ကံကံ၏အကျိုးကိုယုံကြည်ပြီး 
       ဒါပေမယ့် ဒါနကထာတို့ သီလကထာတို့ ကြည်နူးဝမ်းမြောက်ဖွယ်ရာတို့အနည်းအကျဉ်းဟောပြတယ်။ နောက်ပြီး သီလဆိုတာက မီးတွေကူးမလားအောင် မီးတားပေးတာ၊ ဘာဝနာက မီးကိုနိုင်အောင်ငြိမ်းသတ်တာ။ ဒါနဆိုတာက မီးလောင်အိမ်ထဲက ရရာပစ္စည်းဆွဲထုတ်ရတာလို့လည်း ဒါနသီလဘာဝနာသုံးဖြာစုံဖို့ ဟောပြတော်မူခဲ့တာတွေလည်းပါဝင်တာပေါ့။
           မှန်ပါတယ် ဘ၀ဆိုတာကလည်း
(၁) ရာဂမီး - တပ်မက်ရသဖြင့် ပူလောင်ခြင်း။ 
(၂) ဒေါသမီး - စိတ်ဆိုး အမျက်ထွက်ရသဖြင့် ပူလောင်ခြင်း။ 
(၃) မောဟမီး - အမြင်မှန်ကို မသိရသဖြင့် ပူလောင်ခြင်း။ 
(၄) ဇာတိမီး - ပဋိသန္ဓေ နေရပြီး ဘ၀အသစ်ဖြစ်ရသဖြင့် ပူလောင်ခြင်း။ 
(၅) ဇရာမီး - အိုမင်းရင့်ရော်ရသဖြင့် ပူလောင်ခြင်း။
  (၆) မရဏမီး - သေကျေပျက်စီးရသဖြင့် ပူလောင်ခြင်း။
  (၇) သောကမီး - ပူဆွေးမှု၊ စိုးရိမ်ကြောင့်ကြမှု များရသဖြင့် ပူလောင်ခြင်း။
  (၈) ပရိဒေ၀မီး - ငိုကြွေးရသဖြင့် ပူလောင်ခြင်း။ 
(၉) ဒုက္ခမီး - ကိုယ်ဆင်းရဲခြင်းကြောင့် ပူလောင်ခြင်း။ 
(၁၀) ဒေါမနဿမီး - စိတ်ဆင်းရဲ ရခြင်းကြောင့် ပူလောင်ခြင်း။ 
(၁၁) ဥပါယာသမီး - သက်ကြီး ရှိုက်ငင်ဖြစ်ရခြင်းကြောင့် ပူလောင်ခြင်း
                ဆိုတဲ့မီးဆယ့်တစ်ပါးက မရပ်မနားလောင်နေတာလေ၊
       အဲဒီမီးတွေငြိမ်းသွားဖို့ တရားဘာဝနာကိုလည်းပွားရမယ်။မီးတောက်ကြီးမလာအောင် မီးလောင်ရာလေမပင့်မိစေဖို့ သီလနဲ့လည်းကာကွယ်ရမယ်။ မီးလောင်ပြင်ထဲကနေ ရသမျှလေးလည်းဆွဲထုတ်ရဦးမှာပဲ ဆွဲမထုတ်ပဲ မီးပဲငြှိမ်းနေရင် မီးနိုင်အောင်ငြှိမ်းနိုင်ရင်တော်ရဲ့ မနိုင်ရင်အကုန်ပြာကျမှာ။သူခိုးခိုးတာကမှ အ၀တ်စုတ်ကျန်အုံးမယ်။ မီးလောင်သွားရင် ဘာမှကျန်မှာမဟုတ်တော့ဘူးလေ။ ဒီတော့ ပစ္စည်းလေးတွေလည်း ရသမျှဆွဲထုတ်ရတာမလား။  အခုခန္ဓာမီးပုံကြီးထဲကနေလည်း ဒါနထုတ်လေးတွေရအောင်ဆွဲထုတ်ရမှာပဲ ဒါမှသံသရာမှာ သူများစားချိန်သောက်ချိန်မျှော်ကြည့်မနေရမှာ။ ချမ်းသာသုခအတိပြီးတဲ့ အိမ်ကြီးရခိုင်ဆောက်ပြီးလည်းစိတ်အေးလက်အေးနေနိုင်မှာလေ။
          ဒီလိုတရားမျိုးတွေနာကြားရတဲ့ဥပါသိကာမကြီးကလည်း သံသရာအေးရာအေးကြောင်းသာ တရားဘာဝနာလည်းလုပ်သီလလည်းမြဲ ဒါနလည်းစွဲပြီးလှူဒါန်းနေတာပေါ့။    ဒါပေမယ့်တစ်နေ့ကျ ထိုမီးဆယ့်တစ်ပါးတရားထဲကအတိုင်း သူတို့နေတဲ့ရပ်ကွက်ကိုမီးထလောင်ရာ အိမ်ခြေတော်တော်များများပါသွားခဲ့ပါတယ်။
ထိုရပ်ကွက်မှာဆွမ်းခံကြွကြတဲ့ သံဃာတော်အားလုံးဝိုင်းဝန်းကူညီကြဖို့ အားပေးကြဖို့ တပြိုင်နက်ရောက်လာကြတယ်။ ကူညီပေးကြတယ် ။သူတို့ဆွမ်းလောင်းလှူခဲ့တဲ့ကိုယ်တော်များက ဒီအချိန်မှာအားထားရပြီလေ။
       အဲဒီမီးထဲမှာ ထိုဆွမ်းဝတ်ပြုနေတဲ့ဒါယိကာမကြီးအိမ်လည်းမီးထဲပါသွားတာ အုပ်နံရံလေးမျှသာကျန်တော့သတဲ့လေ။ ရသမျှအတွင်းပစ္စည်းလေးအနည်းအကျဉ်းပဲ ဆွဲထုတ်ရယူနိုင်ခဲ့တယ်။ ဒါပေမယ့် ဆယ့်နှစ်နှစ်တောင်ဆွမ်းခံနေ့စဉ်ကြွနေတဲ့ကိုယ်တော်လေးကတော့ ဥပါသိကာမကြီးအိမ်ရှေ့ယောင်လို့တောင်လာရပ်ပြီး သတင်းမမေးခဲ့ပါဘူး။ဥပါသိကာမကြီးမျက်နှာတချက်မညှိးမှိန်သွားပါဘူး၊
           ဒီလိုလာမေးဖော်မရတာကို ငါ့မှာအရတော်လေစွာ ရဟန်းသိက္ခာနဲ့အညီ ဘုရားအဆုံးအမအတိုင်းနေတော်မူတဲ့ကိုယ်တော်ကလေးရလိုက်ပေပြီလို့ ၀မ်းသာနေရှာသတဲ့ ။  
        အခြားအိမ်နီးချင်းတွေကလာလာမေးကြတယ် “အဖွား ဘာပစ္စည်းတွေများရလိုက်ပါသလဲ  “ ဆိုတော့  “ငါ့သမီးတို့ရယ် အဖွားကမီးမလောင်ခင်ထဲက ပစ္စည်းဥစ္စာဆိုတာ ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံနေတာ အဖွားတွက်ပြီးသားပါ ဒါ့ကြောင့် မီးထဲမပါခင် လှူဒါန်းပေးကမ်းစွန့်ကြဲပြီး သံသရာပါအောင်ထုတ်ပြီးပါပြီကွယ်။ ယခုလောလောဆယ် စားရသောက်ရဖို့လည်း ဆီလေးဆန်လေးအနည်းကျဉ်းတော့ အရဆွဲထုတ်လိုက်ရတာပေါ့။
      "ဟင်…အဖွားအိမ်နေ့စဉ်ဆွမ်းခံကြွနေတဲ့ ကိုယ်တော်လေးက အဖွားကိုဘာမှလာမပေးဘူးလား"
"ငါ့သားတော်လေးက ရဟန်းတရားပဲပွားများနေတာပါသမီးရယ်။ ရွာထဲမီးလောင်တာ ကျောင်းကန်ဘုရားပါ မီးသွားမဟပ်မိအောင်သတိထားနေရမယ်လေ။ သားတော်လေးစိတ်ချမ်းသာဖို့ကအရေးကြီးပါတယ်"
      “အဖွားပြောတာလည်းဟုတ်ပါရဲ့ ဒါပေမယ့် အဖွားဆီကို ဆွမ်းခံချိန်ကျ သပိတ်ပိုက်ပြီးလာဦးမှာနော် ၊အဖွားဆွမ်းလောင်းဖို့သာပြင်ထားပေတော့ “ဟုခနဲ့တဲ့တဲ့ပြောကာ ပြန်သွားကြသတဲ့။
      ဟုတ်လည်းဟုတ်တာပဲ ဆွမ်းခံချိန်ရောက်တော့မှ ထိုကိုယ်တော်လေးလည်း သင်္ကန်းသပ္ပါယ်စွာရုံပြီး မီးလောင်ပြင်နံရံခြေမှာ ဆွမ်းချက်နေတဲ့ဥပါသိကာမကြီးထံ ဆွမ်းခံကြွလာပါတော့တယ်။
     ဥပါသိကာမကြီးကလည်း ချက်ပြုတ်ထားတာလေး လောင်းမြဲလောင်းလှူပေးလိုက်တယ်။ ထိုကိုယ်တော်လေးကလည်း “သုခီ ဟောတု”ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ ဒါယိကာမကြီး”ဆုတောင်းမေတ္တာပို့သပြီး ပြန်ကြွသွားပါတော့တယ် ။မီးလောင်းခြင်းနှင့်ပတ်သက်ပြီး ဘာသတင်းမှမမေးဘူးတဲ့လေ။
       ကိုယ်တော်လေးလည်းပြန်ကြွသွားရော ဘေးနားအိမ်နီးချင်းတသိုက်က
"အဖွားရယ် ဒီလောက်တောင်အသိတရားခေါင်းပါးတဲ့ကိုယ်တော် တွေ့ပြီမဟုတ်လား ။သူလိုတာရတော့ပြန်သွားတယ် ။ ကျမတို့ကိုယ်တော်လေးတွေကမှ ဆွမ်းလောင်းရကျိုးနပ်တယ် အရေးကြုံတော့ တတ်နိုင်သမျှလာရောက်ထောက်ပံ့ပေးသွားကြတယ်”လို့ လာပြောကြသတဲ့လေ။ ဒီတင်ထိုဥပါသိကာမကြီး ပြန်ပြောလိုက်ပုံက အလွန်မှတ်သားစရာကောင်းလှပါတယ်။
      “သမီးတို့ကအကူညီလိုတော့ သမီးတို့ကိုယ်တော်တွေက သမီးတို့ကို အကူညီတွေပေးကြတာကောင်းပါတယ်ကွယ် ။ အဖွားသားတော်လေးကလည်း အမေ့ကိုစိတ်ချမ်းသာမှူတွေ အများကြီးပေးခဲ့ပြီးပါပြီ။ အမေတို့သမီးတို့ဟာ ကိုယ်လိုအပ်တဲ့အရာအတိုင်းရပြီး ကိုယ်နဲ့ထိုက်တဲ့ကိုယ်တော်ကို ကိုးကွယ်ဆည်းကပ်ခွင့်ရနေကြတာပါပဲကွယ်”တဲ့လေ ။
              ဒီဝတ္ထုလေးက မဇ္ဈိမနိကာယ် ရထ၀ိနီတသုတ္တာန်အဖွင့် မုတ္တမုတ္တကဆိုတဲ့ မှန်ကန်မွန်မြတ်တဲ့ ဆရာတကာဆက်ဆံရေးအကြောင်းမှာ လာရှိပါတယ်။
             စာရှူသူ ဓမ္မမိတ်ဆွေများလည်း အလှူဒါနပြုရာ သံဃာတော်များကို ကိုးကွယ်ဆည်းကပ်ရာမှာ မှန်ကန်စွာပြုလုပ်နိုင်ကြပြီး ကိုးကွယ်ရာမှ ဘေးမဖြစ်အောင် သတိဆောင်ကြစေရန် ရည်သန်ဖော်ပြပေးလိုက်ရပါတယ်။  ဤမျှဖြင့် ဒါနပါရမီ+ဒါနဥပပါရမီ+ဒါနပရမတ္ထပါရမီ ဆိုတဲ့ အလှူဒါနရေးရာနဲ့ဆက်စပ်တဲ့ ပို့လေးကို နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရပါတယ်။
                                                                        နေတတ်ထိုင်တတ် လှူတတ်တန်းတတ်ကြပါစေ
                                                                                        လင်္ကာအရှင်(မုံရွာ)
Monday, July 16, 2012
ကြိုးကြာတောင်ပံခတ်သံ သို့ သာသနာ့အားမာန် အပိုင်း (၃)
  ပညာရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ မိမိသည် တာဝန်ကျရာ နန့်ဖာ၊ အောင်မြေဆိုတဲ့ နာဂရွာနှစ် ရွာက အခြေခံမူလတန်းကျောင်းမှာ ဆရာ၊ ဆရာမများနဲ့အတူ လက်တွဲလို့ ကလေးတွေကို စာသင်ပေး ရပါတယ်။ အရှင်ကတော့ တစ်တန်းမှ လေးတန်းထိ အင်္ဂလိပ်စာကို တာဝန်ယူရပါတယ်။ လာဝယ်ဆိုတဲ့ ခန္တီးအကျဉ်းထောင်နားက ရွာလေးမှာတော့ မူလတန်းကျောင်းမှာ သင်ပေးစရာမလိုပါဘူး။ ကိုရင် ဆယ်ပါး ၀တ်ပေးထားတဲ့အတွက် ဒီကိုရင်တွေကိုပဲ ပရိတ်ကြီး၊ ဘုရားရှိခိုး သင်ပေးရပါတယ်။ ညပိုင်းမှာတော့ ဖယောင်းတိုင်ကို အားကိုးလို့ သူတို့လေးတွေကို စာဖတ်ခိုင်းရပါတယ်။ ကျောင်းစာရော ဘာသာရေး စာရောဆိုပါတော့။
          လိုအပ်တဲ့ စာအုပ်စာတမ်း၊ ကျောင်းစိမ်းများကိုလည်း ရှာဖွေကာထောက်ပံ့ပေးခဲ့ရပါတယ်။ သူတို့ လေးတွေကို နောက်ဆုံး ကစားစရာ၊ စားစရာကစ မြို့ကိုတက်ပြီး ၀ယ်ပေးခဲ့ရတာပါ။ မလွယ်ပါဘူး။ ရိုက်လို့မရ။ ငေါက်လို့မရဆိုပါတော့။ တစ်ချို့ရွာမှာတော့ မိဘများက သူတို့သား၊ သမီးကိုပြော တာဆို တာ ငေါက်တာရိုက်တာ မကြိုက်ကြဘူးလေ။ ဆဲဖို့ဆို ဝေလာဝေးပေါ့။
        နွေရာသီကျောင်းပိတ်ရက်ကာလမှတော့ အခြေခံအင်္ဂလိပ်စာအတွက် ဂရမ္မာနဲ့ စကားပြောကို ဗုဒ္ဓဘာသာစာပေ ယဉ်ကျေးမှုသင်းတန်းနဲ့တွဲဖက်ပြီး ခန္တီးမြို့ပေါ်ရှိ ထေရ၀ါဒဗုဒ္ဓဘာသာ တောင်တန်း သာသနပြု ခန္တီးဗဟိုရ်ကျောင်းမှာ တစ်လခွဲတိတိ သင်ကြားပေးခဲ့ရပါတယ်။ သူတို့လေးတွေ အင်္ဂလိပ်စာကို တကယ်စိတ်ဝင်စားတာကို တွေ့ခဲ့ရတဲ့အတွက် တကယ်လဲ ၀မ်းသာမိပါတယ်။ စကားပြော သင်တန်းကို မုံရွာမှာ တက္ကသိုလ်တက်နေကြတဲ့ ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသူလေးတွေလဲ လာတက်ကြပါတယ်။ နောက်.. စာမေးပွဲပြီးတဲ့အခါ ဆုပေးသဘင် အတွက်လဲ ပြုလုပ်ပေး ခဲ့ပါတ ယ်။ မြို့ပေါ်ကကလေး များကတော့ မိဘ အသိုင်းဝိုင်းက ပြေလည်သလို၊ ဥာဏ်ရည်ဥာဏ်သွေးလဲ မဆိုးပါ ဘူး။ တော်ကြပါတယ်။ တော်ဆို သူတို့ လေးတွေက နာဂတိုင်းရင်း သားစစ်စစ်က နည်းပါတယ်။ မုံရွာ၊ မန်းလေး၊ ဟုမ္မလင်း၊ စသော မြေပြန့် ဒေသကနေ စီးပွားရေး အခြေအနေရ ပြောင်းရွှေ့နေ ထိုင်လာကြသော မိဘများ၏ သား၊ သမီးများ ဖြစ်ကြပါသည်။
      နောက်…အရှင်အနေနဲ့ ခန္တီးမြို့ကို တာဝန်အမျိုးမျိုးနဲ့ရောက်လာကြတဲ့ အစိုးရဌာနတော်တော်များက ၀န်ထမ်းတွေကိုလဲ Spoken English  အလွယ်ဆုံးနည်းဖြင့် ခန္တီးမြန်မာလေကြောင်း မန်နေဂျာရုံးခန်းမှာ တစ်ပတ်ကို ငါးရက် ညစဉ် ၇ နာရီကနေ ၉ နာရီထိ သင်ကြားပေးခဲ့ရပါတယ်။ ခန္တီးခရိုင် သာသနာရေး မှူး၊ ပြန်ဆက်ရေးမှူး၊ ခရိုင်တိကု ဆရာဝန် ၊လေယာဉ် မန်နေဂျာနှင့် ကျောင်းဆရာအချို့ လာရောက်တက် ကြပါတယ်။
       ဒီနွေရာသီကာလ ယဉ်ကျေးမှုနဲ့ အင်္ဂလိပ်စာသင်တန်း မပြီးဆုံးသေးခင် နေ့ရက်တွေမှာတော့ မိမိကျရာ သာသနာပြုဌာနကို တစ်ပတ်တစ်ရက်ပဲ ပြန်နိုင်ပါတယ်။ မနက်ပိုင်းကိုပြန်ကြွပြီး တစ်ည ကျိန်းကာ နောက်နေ့မနက်ပဲ မြို့ပေါ်ကို ပြန်လာရပါတယ်။ ရွာက နာဂတိုင်းရင်း သားလေးေ တွကတော့ နန်းတေကို မျှော်နေကြလေရဲ့။ နန်းတေဆိုတာ အောင်မြေနာဂရွာက လိုင်းနောင်အနွယ် နာဂတိုင်း ရင်းသားတွေက ခေါ်တဲ့ ဘုန်းကြီးကိုပြောတာပါ။ သူတို့လေးတွေဟာ နန်းတေပြန်လာမဲ့ရက်၊ အချိန်ကို မျှော်မှန်းပြီး ပျော်နေကြပါတယ်။
         နန်းတေဆိုတဲ့အရှင်ကလဲ ရွာကို တစ်ခါပြန်တိုင်း ပြန်တိုင်း စားစရာများ၊ ဆော့စရာများကို အနည်းဆုံး တစ်သောင်းဖိုးလောက် ၀ယ်ဝယ်သွားရပါတယ်။ ဒီတော့ မြို့ပေါ်က ဈေးဆိုင်တွေနဲ့လဲ အတော်လေးကို ရင်းနှီးခင်မင်ခဲ့ရပါတယ်။ သူတို့ကလဲ တတ်နိုင် သလောက်ပါရ မီဖြည့်စွက်ကာ ဈေးေ လျှာ့ပေးပါတယ်။ တစ်ခါတစ်လေ ကော်ဖီ၊ နို့ဆီများကိုလဲ လှူဒါန်းလိုက်ပါသေးတယ်။
       အရှင်ရဲ့ ဒီဈေးဝယ်ခြင်း ကိစ္စက ရွာတိုင်း အပေါ်မှာ ထားရှိတဲ့ ကျင့်ဝတ်ပါရမီဆိုတော့ မသိတဲ့ေ ဈးဆိုင် မရှိ သလောက် ပါပဲ။ မြို့ပေါ်နဲ့ အောင်မြေ ရွာလေးက သိပ်မဝေးလှပေမဲ့၊ ကားလမ်း မရှိပါဘူး။ နွေရာသီဆိုတော့ ချောင်းရေကျနေတာမို့ ဟွန်ဒါဆိုတဲ့ စက်လှေနဲ့လဲ သွားလို့မရပါဘူး။ ဒီတော့ ညနေသင်တန်းပြီးတာနဲ့ ၀ယ်ထားတဲ့ အထုပ်အပိုးကို မ လို့ ရွာကို ခြေကုန်သုတ် ရပါတော့ တယ်။ တောင်ဆင်းတောင်တတ်လမ်း၊ တောလမ်းဆိုတော့လဲ တစ်နာရီ ကျော်လောက်တော့ လျှောက် ရပါတယ်။ မောတော့မောတယ်၊ ဒါပေမဲ့ မမောဘူးဆိုပါတော့
      ရွာရောက်တဲ့အခါမှာတော့ နန်းတေကိုချစ်ရှာတဲ့ နာဂကလေးများက စောင့်ကြိုနေပါတယ်။ နန်းတေပြန်လာပြီ၊ နန်းတေပြန် လာပြီးအော်က အရှင်ဆီကိုပြေးလာကြပါတယ်။ သူတို့လေးတွေက 
နန်းတေမောလားလို့လဲ မေးကြပါတယ်။ မမောပါဘူး ကွာလို့ပြောေ နပေမဲ့ ရင်မှာတော့ တဟိုက်ဟိုက် ပါပဲ။ ရွာကတောင်အမြင့်မှာဆိုတော့ ကျောင်းကိုရောက်ဖို့ ၁၀ မိနစ်လောက် တက်ရသေး တယ်လေ။ အိမ်မျက် နှာပြင်ရှိဝါးခင်းပေါ်ကနေ ချက်ရင်းပြုတ်ရင်း” နန်းတေပြန်လာပြီးလား၊ နန်းတေကလဲ ကြာလိုက်တာ၊ တပည့် တော်တို့ကို ပစ်ထားတယ်၊ မခင်တော့ဘူးလား၊” ဆိုတဲ့ နာဂတိုင်းရင်းသူ အဖွား၊ အမေ၊ အစ်မ၊ ညီမလေးများရဲ့ စကားသံဝဲ၀ဲလေးကို အခုချိန်တိုင်း ပြန်ကြားေ ယာင်နေ ဆဲပါ။ ကျောင်း မရောက်မချင်း လက်ပြ နုတ်ဆက်ရလို့အမောတွေတောင် ဘယ်ရောက်ကုန်မှန်း မသိလော က်အောင်ပါပဲ။
     ကျောင်းရောက်တဲ့အခါမှာတော့ ခြေလက်ဆေးပြီး ကျောင်းပေါ်တက်၊ ဘုရားဦးချပြီးတာနဲ့ နောက်က ကပ်ပါလာတဲ့ ကလေးေ တွကို နေကြာစေ့၊ ချိုချဉ်၊ ပူဗောင်း များကို ဝေငှပေးရပါတယ်။ နောက်.. အရွယ်ရောက်နေတဲ့ မိန်းမပျိုလေးတွေကိုတော့ အချဉ်ပေါင်း၊ ပီကယ်၊ ကော်ဖီ၊ မုန့်များကို ကျွေးရပါတယ်။ အဘိုးအဘွားများနှင့် လူပျိုလေးများကိုတော့ ဆေးလိပ်၊ ကွမ်းယာ၊ ကော်ဖီနဲ့ ပေါင်မုန့် စသည် ကို ကျွေးရပါတယ်။ ကျောင်းသာ၊ ကိုရင်များအတွက်လဲ ခြင်း၊ ဘောလုံးစသည်ကို လဲဝယ်ပေး ရပါတယ်။
        ဒီလိုနဲ့ သူတို့လေးတွေရဲ့ဘ၀ကို ပျော်ရွှင်အောင်၊ ငြိမ်းချမ်းအောင်ဖန်းတီး ပေးခဲ့ ရပါတယ်။ ဒါက ပညာရေး ဆိုတဲ့ ခေါင်းစဉ်အောက်က အရှင်ရဲ့ ခန္တီနာဂတောင်တန်းမြေက သနားရ၊ ချစ်ရလွန်းတဲ့ နာဂတိုင်းရင်းသား၊ သူလေးတွေ အပေါ်မှာ ပြုကျင့်ခဲ့တဲ့ ပါရမီတစ်စိပ်တစ်ဒေသဆိုပါတော့။
အပိုင်း ၄ ကို ဆက်ပါအုံးမည်…အားလုံးရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ။ အမေ့မေတ္တာအရှင်။
Thursday, July 12, 2012
ကြိုးကြာတောင်ပံ ခတ်သံ သို့ သာသနာ့အားမာန် အပိုင်း (၂)
   နာဂတောင်တန်းဒေသဆိုတာကလဲ ချင်းတောင်တန်းနှင့်မခြားပေါ့။ ဝေးလံခေါင်းပါး ခရီးကကြမ်းတမ်း၊ ရာသီဥတုက ထန်ထန်၊ ဖွံ့ဖြိုးမှုက နည်းနည်း ဆင်းဆင်းရဲရဲပါပဲ။ နာဂတိုင်းရင်းသား၊ သူလေးများ သည်လည်း ချင်းတိုင်းရင်းသား၊ သူလေးများလို ဖြူစင်ရိုးသား၊ ချစ်စရာ၊ သနားစ ရာကောင်းကြပါတယ်။ တကယ်တော့ တောင်တန်းဒေသအများစုဟာ ကြမ်းတမ်း ဝေးလံခေါင်းပါး ဆင်းရဲကြပါတယ်။ တိုင်းရင်းသား အားလုံး သည်လည်း ဖြူစင်ရိုးသား ချစ်စရာ၊ သနားစ ရာကောင်း ကြပါ တယ်။ တောင်တန်းဒေသများဆီကို တာဝန်ထမ်းဆောင်ဖူးသူတိုင်း သိကြ မှာပါ။ တောင်တန်းဒေ သတွေမှာ ခဏတာပဲဖြစ်ဖြစ်၊ တစ်သက်တာ ပဲဖြစ်ဖြစ် ဘ၀ကိုမြုပ် နံလို့ ပေးဆပ် သူတိုင်းရဲ့ ဘ၀တွေကလဲ ခက်ခဲကြမ်းတမ်းခဲ့ကြတာပါပဲ။
        ဒီခက်ခဲ့တဲ့ တောင်တန်းဒေသများဆီကို အားလုံးအရောက်သွားခဲ့ကြတာပါပဲ။ မိမိလည်းအပါဝင်ပေါ့။ တကယ်တော့ တောင်တန်းဒေသများနဲ့ တောင်တန်းဒေသက တိုင်းရင်းသား၊ သူတွေရဲ့ ဘ၀တွေကို တောင်တန်းဒေသများကို ရောက်ဖူးကြသူတွေသာ နားလည်းပေးနိုင်၊ သိမြင်နိုင်၊ စာနာပေးနိုင် လိမ့်မည်လို့ ထင်မိပါတယ်။ အဘယ်ကြောင့်ဆိုသော် သူတို့တစ်တွေကား ကိုယ်တိုင် သွားရောက်ပြီး တောင်တန်းဒေသက တိုင်းရင်းသား၊ သူများရဲ့ဘ၀တွေကို စွန့်လွတ်ပေးဆပ်သော ရင်ဘတ်တစ်စုံဖြင့်အကြင်နာလက်များနှင့် ပြုစုပျိုးထောင် ပေးခဲ့သောကြောင့်ပါ။ ပြောရမယ်ဆိုရင် တောင်တန်းဒေသများသည် ချောက်သွေ့သော ကန္တာရ လွင်တီးခေါင်းအလားပါပဲ။ သိပ်ကိုကြမ်းတမ်းခက်ထန်လွန်းပါတယ်။ သူတို့လေးေ တွရဲ့ဘ ၀တွေကလည်း ချောက်သွေ့တဲ့ ကန္တာရတောကြမ်းမှာ ပေါက်ဖွာင်းရှင်သန်ခဲ့ရတဲ့ အရိုင်းပန်းေ လးတွေနဲ့တူနေပါတယ်။ ဒီအရိုင်းပန်းဆိုတဲ့ တောင်တန်းဒေသအရပ်ဝန်းက တိုင်းရင်းသား၊ သူလေးများကို ကိုယ်တိုင်သွားရောက် ပေးဆပ်ပြုစုပျိုးထောင်ပေးမဲ့ အနှိုင်းမဲ့ ဥယာဉ်မှူးကြီးများကို ထိုတောင်တ န်းဒေသတွေမှာ နေထိုင်နေတဲ့ တိုင်းရင်းသား၊ သူလေးများက စောင့်မျှော်နေဆဲ၊ တမ်းတနေဆဲဆိုတာကို အားလုံးသဘောပေါက်မိမှာပါ။
          ချင်းတောင်တန်းက စေတနာဆရာဝန်လေးကား  နှစ်ပေါင်းများစွာသူရဲ့ဘ၀ကို ချင်းတိုင်းရင်းသား၊ သူလေးများထံမှာပဲ မြုပ်နံခဲ့တာပါ။ သူကိုအတော်လေးကိုလေးစားအားကျမိပါတယ်။ ကျေးဇူးလဲ ကြီးမား လှပါတယ်။ လူမျိုးနဲ့ နိုင်ငံအတွက် ဒီလိုမျိုး ဆရာဝန်လောင်း တစ်ယောက်ကို မွေးထုတ်ေ ပးခဲ့တဲ့ ဆေးတက္ကသိုလ်ကြီးများကိုလဲ ကျေးဇူးတင်မိပါတယ်။ သူလိုလူကား ရှားလှပါ၏။ သူလိုပါပဲ တောင်တန်း ဒေသတွေမှာ ဘ၀တွေကိုမြုပ်နံပြီး တိုင်းရင်းသား၊ သူလေးတွေကို ပြုစုပျိုးထောင်ပေးနေတဲ့ ဘာသာရေး နယ်ပယ်က သာသနာ့အာဇာနည် မျိုးဆက်သစ် ရဟန်းတော်များလည်း ရှိနေပါသေးတယ်။ တစ်ချို့များဆို အရိုးပြာကျ၊ မြေခသည်တိုင် တောင်တန်းေ ဒသမှာပဲ နေထိုင်သွားသည့် သာသနာပြု သူတော်ကောင်း ရဟန်းတော် များကို တွေ့ရ မြင်ရပါသည်။ တကယ့် သာသနာ့ အာဇာနည်ကြီးတွေပါ။ မိမိသည်လည်း တောင်တန်းဒေသမှာ သာသနာပြုတာဝန်ကို ထမ်းဆောင်ခဲ့ပေမဲ့ ၂ နှစ်တာဆိုတဲ့ ခဏတာ အချိန်မျှသာပါ။
          သာသနာပြုဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ တောင်တန်းဒေသက တိုင်းရင်းသား၊ သူလေးတွေရဲ့ ဘ၀အဆင့်အတန်းမြင့်မားလာဖို့၊ သာယာလှပလာဖို့၊ ခေတ်နှင့်အညီ ရင်ဘောင်တန်း နိုင်လာဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အရေးပေါင်းများစွာကို သာသနာပြု ရဟန်းတော်တိုင်း အစွမ်းကုန် ကြိုးစား ပြုစု ပျိုးထောင်ပေးရပါတယ်။ မိမိသည်လည်း ခန္တီးနာဂတောင်တန်း ဒေသမှာ သာသနာပြုတာဝန်းများကို ၂ နှစ်တာ ပြုခဲ့ရပါတယ်။ မိမိသည် ဒီ၂ နှစ်တာအတွင်းမှာပင် နာဂ ကျေးရွာပေါင်း သုံးရွာကို ပြုစုပျိုးထောင်စောင့်ရှောက်ခဲ့ရပါတယ်။ လာဝယ်၊ နန့်ဖာ၊ အောင်မြေဆိုတဲ့ နာဂရွာလေးတွေမှာပါ။ နာဂရွာဆိုပေမဲ့ အမျိုးမတူပြန်ဘူး။ စကားမတူပြန်ဘူးလေ။ နာဂမှာလည်း အမျိုးက များသကို။ နာဂတိုင်းရင်းသူ၊ သားလေးတွေဟာ ဖြူစင်ရိုးသား၊ ချစ်စရာကောင်းကြပါတယ်။....
အပိုင်း (၃) ကို ဆက်.....အားလုံး တောင်တန်းဒေသအရပ်ဝန်းက ဆင်းရဲနွမ်းပါး တိုင်းရင်းသားများကို စာနာ နိုင်ကြပါစေလို့..အမေ့မေတ္တာ အရှင်..
Monday, July 9, 2012
ကြိုးကြာတောင်ပံခတ်သံ သို့ သာသနာ့အားမာန် အပိုင်း (၁)
                          ဆူးနဲ့နှင်းဆီ
                               ပန်ခြင်းသည်သာ
                                    အနီရင့်ရင့်
                                       အပွင့်ရဲရဲ
                                          အောင်ပွဲနိမိတ်
                                              စိတ်ဓာတ်ကြံ့ခိုင်
                                                    ပိုင်ပိုင်ဆိုင်ဆိုင်
                                                       အလွမ်းဖြတ်မည်။
          ဒီအားမာန်ကဗျာလေးကို ကြားမိ၊ ဖတ်မိလိုက်တော့ နာဂတောင်တန်းမှာ ဖြူစင်ရိုးသား ပွင့်လင်းပြီး ချစ်စရာ သနားစရာကောင်းတဲ့ နာဂတိုင်းရင်းသား၊ သူလေးများအလယ်မှာ မိမိရဲ့ဘ၀ကို မြုပ်နှံလို့အကောင်းဆုံး ပေးဆပ်ခွင့်ရခဲ့တဲ့အချိန်၊ အေးချမ်းပျော်ရွှင်ခဲ့ရတဲ့ ဘ၀ရဲ့နေ့ရက်လေးများကို ပြန်လည်မြင်ယောင်မိလာတယ်။ မိမိသည်သာ မဟုတ်ပါဘူး အားလုံးသော တောင်တန်းမြေမှာမိမိရဲ့ဘ၀ကိုမြုပ်နှံပြီး ပေးဆပ်ကာ နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ဖူးကြသူတိုင်း ဒီကဗျာလေးကို ဖတ်မိ၊ ကြားမိလိုက်ရင် ရင်မှာ ခံစားမှုတွေ တသီကြီး ဖြစ်ပေါ်လာမှာပါ။ တကယ်တော့ နယ်စပ်နှင့် တောင်တန်းဒေသတွေမှာ နယ်ပယ်အမျိုးမျိုနဲ့ အလွှာပေါင်းစုံ၊ ဌာနအသီးသီးက လူသားတွေဟာ နိုင်ငံနှင့်လူမျိုး၊ အမျိုးဘာသာ သာသနာအတွက် ဘ၀တွေကို ပေးဆပ်ခဲ့ကြတာပါ။ တစ်ချို့က ကျန်းမာရေးလုပ်သား အဖြစ်၊ တစ်ချို့က ပညာရေးလုပ်သား အဖြစ်၊ တစ်ချို့ ကာကွယ်တိုက်ခိုက်ရေးလုပ်သား အဖြစ်၊ တစ်ချို့က သာသနာပြု လုပ်သားအဖြစ် စုံလို့ပါပဲ။
          တကယ်တော့ ဒီကဗျာလေးက “ကြိုးကြာတောင်ပံခတ်သံ” ဆိုတဲ့ ၀တ္ထုဇာတ်လမ်းတဲ့က ဘ၀ရဲ့အားမာန်အတွက်၊ ဆိုးရွားလွန်းတဲ့ လောကဓံတွေအတွက်၊ ရင်နင့်စရာ အဖြစ်အပျက်တွေအတွက် ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကျော်ဖြတ်ကာ လှပတဲ့အနာဂတ်လမ်းကို ကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့ နှင်းဆီကို ပမာပြုပြီး အားပေးနှစ်သိမ့်ခဲ့တဲ့ အားမာန်ကဗျာလေးပါ။ တကယ်ကို ဖတ်လိုက်တိုင်း ကြားလိုက်တိုင်း ခွန်အားတွေ၊ အားမာန်တွေ ဖြစ်ခဲ့ရတာပါ။ စိတ်ဓာတ်တွေ တက်ကြွလန်းစန်းခဲ့ရတာပါ။
          ဒီ-ကြိုးကြာတောင်ပံခတ်သံ ဇာတ်လမ်းဟာ ဝေးလံကြမ်းတမ်းလှတဲ့ ချင်းတောင်တန်းမြေက ဖြူစင်ရိုးသားပွင့်လင်းပြီး သနားစရာကောင်း၊ ချစ်စရာကောင်းလှတဲ့ ချင်းတိုင်းရင်းသား၊ သူလေးတွေအလယ်မှာ အရာရာကိုမေ့၊ မိဘအသိုင်းဝိုင်း ခင်သူမင်သူ ချစ်သူအားလုံးကို စွန့်လွတ်ကာ “ လူသားတွေ-လူနာတွေကို ကုသပေးခြင်းသည် လူ့အသက်ကို ကယ်တင်ခြင်း=Curing is Saving. ဆိုတဲ့ အတွေးကို ရင်မှာပိုက်လို့” ဘ၀ကိုမြုပ်နှံခဲ့တဲ့ ဒေါက်တာဆရာဝန်တစ်ယောက်ရဲ့ အတုယူစရာ၊ သနားစရာ၊ ၀မ်းနည်းစရာ၊ ချီးကျူးစရာ ရသမျိုးစုံကို ဖော်ကြူးထားခြင်းရယ်ပါ။
          တကယ်တော့ ဒီဇာတ်အိမ်ထဲက ဆရာဝန်ဟာ ရန်ကုန်ဆေးတက္ကသိုလ်ကြီးမှာ  ဆေးပညာတွေကို ဆည်းပူးလေ့လာပြီး အလုပ်သင်ဆရာဝန်အဖြစ်နဲ့ နယ်စပ်နှင့်တောင်တန်းဒေသတွေမှာ လူနာတွေကို ကုသပေးကာ အသက်တွေကို ကယ်တင်ပေးခဲ့ရတာပါ။ သူလို ဆရာဝန်က ရှိတော့ ရှိတယ် ရှားလွန်းပါတယ်။ ဆေးကျောင်းသားတစ်ယောက်ပဲ မိဘအသိုင်းဝိုင်းက ငွေကျေးချမ်းသာကြပါတယ်။ ဒါပေမဲ့ သူက သူကျတဲ့ မဖွံ့ဖြိုးသေးတဲ့ ဝေးလံခေါင်းပါး ကြမ်းတမ်း၊ ဆင်းရဲလှတဲ့ ချင်းတောင်တန်းကို အရောက်သွားခဲ့ပါတယ်။ အတုယူစရာကောင်းတာက သူအနေနဲ့ နှစ်အတော်ကြာ သင်ကြားခဲ့တဲ့ အမိ ရန်ကုန်ဆေးတက္ကသိုလ်ကြီးဆီက လွမ်းစရာ နှလုံးသားရေးရာတွေကို အတတ်နိုင်ဆုံး မေ့ထားပြီး သူဝါသနာပါတဲ့ ဆေးကုခြင်း၊ လူနာတွေကို စောင့်ရှောက်ခြင်း၊ စားချိန်၊နားချိန်ဆိုတာ မထား မရှိပဲ အချိန်မရွေး ဘယ်လောက်ဝေးဝေး ကြမ်းတမ်းကြမ်းတမ်း တောလမ်းတောင်လမ်းတွေကို ခြေလျင်ဖြင့်သာ လိုက်လံကုသပေးခြင်း၊ သူကိုယ်တိုင် သွေးလှူခြင်း၊ ကိုယ်တိုင် လူနာတွေကို သယ်ပိုး ပွေ့ချီပေးခြင်း၊ ခွဲစိပ်လူနာတွေကို သွေးလဲ လှူ၊ ကိုယ်တိုင်လဲ ခွဲစိပ်ပေးခြင်းများဖြင့်သာ ပျော်မွေ့နေထိုင်ရှင်သန်နေခဲ့တာပါ။
          ချင်းတောင်တန်းက စေတနာ၊ ၀ါသနာ၊ အနွံနာတွေနဲ့ မိမိဘ၀ကို မြုပ်နှံကာ လူနာတွေကို ကုသကယ်တင်ပေးခဲ့တဲ့ ဆရာဝန်ကောင်းတစ်ဦးလို မိမိသည်လည်း မန်းလေး နပသ မိခင်တက္ကသိုလ်ကြီးမှာ လေးနှစ်တာ ဘာသာရေးစာပေတွေကို သင်ကြားဆည်းပူးလေ့လာပြီး လက်တွေ့သာသနာပြုတာဝန်များကို ၂ နှစ်တာ ထမ်းဆောင်ဖို့ ခန္တီး နာဂတောင်တန်းဒေသကိုကြွရောက်ခဲ့ရပြီး နာဂတိုင်းရင်းသား၊သူလေးများကို ဘ၀ကိုမြုပ်နှံလို့  သူတို့လေးတွေရဲ့ဘ၀အခက်ခဲတွေကို ဖြေရှင်းပေးခဲ့ရပါတယ်။ ဒါပေမဲ့ ချင်းတောင်တန်းက ဆရာဝန်ကောင်းလိုတော့ ချမ်းသာကြွယ်ဝတဲ့ မိဘအသိုင်းဝိုင်းနယ်ပယ်က မဟုတ်ခဲ့ပါဘူး။ မန်းလေးအမိ တက္ကသိုလ်ကြီးမှာ လေးနှစ်တာ ခိုလုံခဲ့ရပေမဲ့ ဆရာဝန်လေးလို အချစ်အလွမ်းဇာတ်တော့ မရှိခဲ့ပါဘူး။ ရှိစရာလား မိမိက….တူမှ မတူတာလေ။ သို့သော်လည်း လေးနှစ်တာအတူနေခဲ့ကြ၊ တွေ့ဆုံခဲ့ကြတဲ့ ချစ်သူငယ်ချင်းများနဲ့ အမိတက္ကသိုလ်ကြီးကို လွမ်းခဲ့ပါတယ်။ သူငယ်များနဲ့စုပေါင်းပြီး ဖိုင်နယ်မှာ အမှတ်တရ အလွမ်းတမ်းချင်း ရင်တွင်းဖြစ် စာအုပ်လေးတောင် ရေးသားထုတ်ဝေခဲ့ကြသေးတယ်။ ရိုးရိုးလေးအလွမ်းပေါ့။ ရင်နင့်စရာ အလွမ်းမဖြစ်ခဲ့ဘူးလေ။
အပိုင်း (၂)ကို ဆက်ရန်...အားလုံးရွှင်လန်းကြည်နူးနိုင်ကြပါစေ...အမေ့မေတ္တာအရှင်..
Sunday, July 8, 2012
လောကဓံ!
သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ဒုက္ခာ၊ အနတ္တာ..တဲ့ လောကမှာ ရှိသမျှ၊ ဖြစ်သမျှ သက်မဲ့ သက်ရှိ အရာ မှန်သမျှအားလုံး အမြဲမရှိ၊ ဆင်းရဲ၏၊ အစိုးမရ မပိုင်ဘူးတဲ့။ ဗုဒ္ဓဘုရားရှင် ဟောကြားတရားတော်များကား အစစ်အမှန်ဖြစ်ပါတယ်။ ရုပ်နာမ် တရားဆိုတာ ဖောက်ပြန်ခြင်း သဘောရှိသည်ဆိုတဲ့အတိုင်း မိမိလည်း ရုပ်နာမ် တရားများရဲ့ ဖောက်ပြန်ယိုယွင်းမှုကြောင့် ကျန်းမာရေး မကောင်းဖြစ်နေတာနဲ့ ပုံမှန်တာဝန်တွေ မလုပ်နိုင်ပဲ ဖြစ်နေခဲ့တာ ကြာပြီဆိုပါတော့။ နောက်ဆုံး Post ရေးတာတွေ၊ Comment ပေးတာတွေတောင် ခပ်ကျဲကျဲဖြစ်နေခဲ့တယ်လေ။
   ဒီနေ့တော့ ပုံမှန်ဆေးလေး သောက်နေလို့ နည်းနည်းလေး သက်သာလာတာနဲ့ စာလေးတော့ ရေးအုံးမှပဲဆိုပြီးတွေးလိုက်တာ လောကဓံအကြောင်း ပေါ်လာတာနဲ့ နည်းနည်းရေး လိုက်တယ်ဆိုပါတော့။
          လောကဓံတရားကလဲ  ရှစ်ပါးဆိုပါလား။ လူတိုင်းသိနေတာပဲ။ ဒါပေမဲ့ နိန္နံ ပသန္နံ= ကဲ့ရဲ့ရှုတ်ချခြင်း၊ ချီးမွှမ်းခြင်းဆိုတဲ့လောကဓံနှစ်ပါးကိုတော့ ပြောလိုက်မိတယ်။ လောကရှိ သက်ရှိလူ သားတော်တော်များများဟာ ချီးမွှမ်းခြင်းထက် ကဲ့ရဲ့ခြင်းကို စိတ်အားထက်သန်ကြတယ်။ သူတစ်ပါးကို ချီးမွှမ်းဖို့ထက်၊ ဘယ်လို အပြစ်ပြောရမလဲ။ ရှုတ်ချရမလဲ။ ကဲ့ရဲ့ရမလဲ ဆိုတာကိုပဲ တွေးတတ်ကြတယ်။ ကဲ့ရဲ့စကားပြောတဲ့ အခါမှာလဲ မှားလား၊ မှန်လားဆိုတာကို ကိုယ်ပိုင်မတွေး မလေ့လာပဲ၊ သူများ ပါးစပ်ဖျားက Hearsay နဲ့ပဲ ပြောဆိုတတ်ကြတယ်။ သူများဆီက တစ်ဆင့်ကြားတာလေးနဲ့ပဲ သူတစ်ပါးကို အပြစ်ဆိုမယ် ပြောမယ်။ ကဲ့ရဲ့မယ်ဆိုရင် ဒါဟာ သဘာဝမကျပါဘူး။ တစ်ဖက် လူကလဲ စေတနာနဲ့ ပြောသည်ပဲဖြစ်ဖြစ်၊ ဝေဒနာနဲ့ပြောသည်ပဲဖြစ်ဖြစ်၊ မကောင်းမြင်နဲ့ ပြောသည် ပဲဖြစ်ဖြစ် သူ့ဘက်က မှန်နေရင် နားလည်ပေးဖို့ ခွင့်လွတ်ပေးဖို့ သိပ်ခက်ခဲပါတယ်။
            မိမိသည်လည်း Normal and mundane person သာမန်ပုထုဇဉ် လူသားတစ်ဦးပါ။ မိမိမှာလည်း ဒီလောကဓံတရားတွေနဲ့ မကင်းပါဘူး။ ပြောမိဆိုမိမှာ အမှန်ပါပဲ။ သို့သော်လည်း သူတစ်ဖက်သားကို Hearsay ဖြင့် မကဲ့ရဲ့ မရှုတ်ချပါ။ စိတ်ဆန္ဒလဲ မပါပါ။ တစ်ဆင့်စကားကြားယုံမျှဖြင့် သူတစ်ဖက်သားကို ဝေဖန်အပြစ်တင်ဖို့ဆိုတာက မိမိအတွက်တော့ သိပ်ကိုခက်လွန်းပါတယ်။ အမှန်တော့ သူတစ်ဖက်သားကို မချီးမွှမ်း၊ ကောင်းသတင်းမပြောချင်နေပါ။ ပါးစပ်ဖျားက လွင့်လာတဲ့ လေလုံးများဖြင့် မကဲ့ရဲ့ မရှုတ်ချ၊ အပြစ်တင် မစောမိပါစေနဲ့။ သတိထားဆင်ခြင်သုံးသပ်ပါ..လောကလူသားတို့။
          သြော်….တကယ်တော့ လူ့လောကဆိုတာ မိမိကပြုံးနေပေမဲ့ တစ်ခါတစ်ရံ ငိုပြရတယ်။ မိမိက ငိုနေပေမဲ့ တစ်ခါတစ်လေ ပြုံးပြပေးရတဲ့ လောကကြီးမဟုတ်လား။ ဒီတော့ ဒီလောကဓံတရားတွေကို ခံနေရတာ သဘာဝတစ်ခုပါပဲ။ သံသရာမှာကျင်လည်နေရတဲ့ သတ္တ၀ါအားလုံးဟာ “The human life is ends with destruction like a Water-Pot.” ရေအိုးလေလို ပျက်ဆီးခြင်းဖြင့်သာ အဆုံးသတ်ရ၏တဲ့။
          ဗုဒ္ဓဟောခဲ့တဲ့ ပုထုဇ္ဇနော ဥမ္မတ္တကော- ပုထုဇဉ်တွေဟာ အရူးတွေပဲဆိုသည့်အတိုင်းပဲ မှတ်ယူရမှာပေါ့။ ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းထဲက “ ငါလိုမနေ မြန်မြန်သေ။ ငါလိုနေမှ ချမ်းသာရ။ ငါနေတာက ဒီလိုပါ ဆိုတဲ့ အရူးမကြီးပြောသလို ဒီလောကဓံတွေကို တွန်းလှန်ဖို့၊ ခဏတာမေ့ထားဖို့ သူလိုများ နေရမလား……
အားလုံး ရွှင်းလန်းချမ်းမြေ့ကျပါစေ!
အမေ့မေတ္တာအရှင်!
Monday, July 2, 2012
"ငရဲ ကျ သာသာနာပြု နည်း"
တရားရိပ်ပြဟန် .......................... မတရား ဣဿ မာန်တွေနဲ့ 
အချိန်တန် သဘာဝ.......................နွားပိန်ကန် ပြခဲ့ပြီပေါ့ 
မသတီ ဒီအပြုံးမှ...........................မျက်နှာဖုံး ကွာကျပါလို့ 
လှူကာပြ တစ်ကျပ်.......................သတ် တာက တစ်ရာ
အရပ်မှာ ဟန်ရေးထုတ်...................လိုက်မလုပ်ရင် ရန်သူတဲ့လား
ပြန်ယူတော့ ဒေသနာရယ်................သွေဖယ်ခွာ အမှန်လမ်း
ဇာတ်ကြမ်းတိုက်ကာမိုက်................ လူ့ စရိုက်ကြော်ငြာ
"အော်-ဘာတဲ့ "ရဲရဲဖြေကာပြ ........... "ငရဲကျ သာသနာပြု နည်း" တဲ့
ဘယ် အရီးကြီးဆီ မှာသင်ခဲ့ သနည်း...........................။
နည်မျိုးစုံနဲ့ မငြီး...........................အနှီအဖြီးတုတ် ပါလို့ 
ကီးဘုတ်မှ အားမနာကြ.................. အပုပ်ချ ဒီလက်ကွက်
သူတို့ ထိုးနှက်ဖို့ ပြင်ကာပြ...............မျှတတဲ့ သူတော် စင် တစ်ဦး ကို
မနူးမနပ် ဟန်ပို ..........................အပူး သပ်ကြံ လို
မမှန် အပုပ် ကိုချ ခဲ့...................... ယုတ်နေကြ အရင်တိုင်း
လူတိုင်း ကိုစည်းရုံး လို့ ...................အတင်းမုန်း ကြပါဟဲ့
ဘ၀မှာ နေမထူးတဲ့ .......................သေမထူး တွေရဲ့ နောက်လိုက်
အောက်လမ်းနဲ့ ကြံ ကြပြန်................ငဖန်းမ တို့  လေသံ ပြု
ယခုမြင်ယခု ဖျက်.........................ရှက်စရာလူ သိတဲ့ ပို့ စ်
သင်တို့ ရဲ့ ဒေသနာကြောင်............... တရား တောင် ရွေးနာ တာလား
ငါ မပါ တဲ့ ကောင်းခန်း....................ဇာတ် လမ်းထဲက ထုတ်
ခပ်သုတ်သုတ် အမှောင်ချရစ် လို့ .........သင် လစ် လို့ ရမတဲ့ လား
သနားဖို့ ကောင်းရဲ့......................... တရားမှား ကျောင်းထွက်တွေ......။
ခြစားတဲ့ အရပ်က ......................... တစ်နပ်စား အတွေးနဲ့ 
မရပ်မနား ဘေးတီးသံစုံ................ . ခရုခုန် ပြိုင်ပွဲဝင်ကာ
သံဃာ စင်ပါဖြိုချ .......................... မစ္ဆာရိယ ဒီ အပူ
ဒေါသကူမီးစွဲ............................... အလူးအလဲ ခံစားနေလည်း
ကူးစွဲ စေပြန့် ပွား .......................... အများလည်း ငါ့အတူ
ထို အပူ တူစေရငြား....................... ခန့် ငြားတဲ့ အတ္တဒိဋ္ဌိ
မောဟ၏ သားကောင်..................... ခပ်ပြောင်ပြာင် အမှောင်ချ
ရှောင်ကြလော့ ဤ လူမျိုး................. သည်ဖုန်းဆိုး မရောက်မီ
ဆောက်တည်ကြ ၀ဇီ သီလ..................။
ဘေးနားက ၀ါးကျဉ်တောက်တောင်........ မဖြောင့်နိုင်တဲ့ ဒီပစ္စည်း
ဘယ်နည်းနဲ့ မှ မကယ်နိုင်................... နဂို ယိုင် ပျက်သုန်း
အမုန်း နဲ့ စ.......................... ........ ဗျာပါဒ အဆုံး
တသက်လုံးသွားကြပေါ့..................... ဒီကဗျာ မဆုံးခင်
မရှုံး ခင် ဒီဘ၀............................... ပြင်ကာပြ အဓိဋ္ဌါန်
မျိုးစေ့မှန် ပြန်ရစေကြောင်း................. ဆုတောင်းရုံ နဲ့ တော့မရ
လက်ဆော့တဲ့ စိတ်ဓါတ်.................... ကြပ်မတ်လို့ ပြု ပြင်
ဥယာဉ်မှန် ဆရာကောင်း.................... မြက်ပေါင်း တို့ သုတ်သင်
ရုပ်အသွင်ပြောင်း........................... အဟုတ် အမြင်ကောင်း ဖို့ 
ညစ်ဟောင်းတဲ့ စိတ်ဓါတ်................... ရပ်တန်းကရပ်လော့
တရပ်စပ် မရပ်မနား........................ သွားနေတဲ့ သုဿန်
အဟုတ်အမြန် မရောက်ခင်................ အချိန်မီ သတိပေးချင်ပြန်
ပစ္စုပ္ပန်ကံမ္မ၀ါဒီ ထက် (ပိုမို ဆိုးရွားသော)... ညစ်စုတ်ကြံ ဟန်ပြ၀ါဒီ တို့  ။
(ရဲနောင်- ခေတ္တာ ကဗျာစာစု များမှ ခွက့်ပြု ချက် ယူ၍ကူးယူဖေါ်ပြ သည်)