Sunday, February 19, 2012

အမေ့မေတ္တာ၏ ဒုတိယမြောက် ခြေလှမ်း

  ဒီနေ့တော့ အမေ့မေတ္တာ၏ ဒုတိယမြောက် ခြေလှမ်းကို စနိုင်ခဲ့ပါပြီ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခဲ့တာကို နားလည်ပေးစေချင်ပါတယ်။ ကေလနိယတက္ကသိုလ်ကြီး၏ ၂၀၁၂ အမ်အေ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို တက်ရောက်နေရတာရယ်။ သီိရိလင်္ကာရောက် မြန်မာရဟန်းတော်များအတွက် အားထား အားကိုးပြုရသော။ လေးစားတန်ဖိုးထားရသော မိခင်မကုဋရာမ ကျောင်းတော်ကြီး ရင်ခွင်ထံမှ ကောလုနာဝ သီရိလင်္ကာ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ရတာရယ်။ လိုအပ်သော ကျောင်းသုံးပစ္စည်းများကို ၀ယ်ယူနေရတာရယ်။ အဆောင်ကိုရှင်းလင်းနေရတာရယ်ကြောင့် အမေ့မေတ္တာ၏ ဒုတိယ်မြောက်ခြေလှမ်းကို မစနိုငိခဲ့တာပါ။
  ကောလုနာဝကျောင်းတော်ကြီးကို မနေ့က-၁၈-၂-၂၀၁၂ ညနေ့ပိုင်းမှာ ပြောင်းရွှေ့ဖြစ်ပါတယ်။ ဒီကျောင်းတော်ကြီးကို နောင်တော်ကြီး ဦးသေဋ္ဌိလ-ကိုထီး၏ ကျေးဇူးဖြင့် နေခွင့်ရပါတယ်ဆိုပါတော့လေ။ တကယ်တော့ ကိုထီးက အရှင်ကို စိတ်ကူးထဲ မထည့်ပေမဲ့ သူကို ကျေးဇူးတင်မိပါတယ်။ ဒီကျောင်းတော်ကြီးမှာ နေခွင့်ရဖို့ အရှင်ကိုယ်တိုင် ကျောင်းဘုန်းကြီးထံမှာ လျှောက်ခဲ့ရတာပါ။ ဒီက သီရိလင်္ကာ ဘုန်းကြီးများက သဘောထား အရမ်းကောင်းပါတယ်။ ပွင့်လင်းမှုလဲ ရှိပါတယ်။ မြန်မာရဟန်းတော်များရဲ့အခက်အခဲကိုလဲ နားလည်ပေးပါတယ်။
   အမိမြေက မြန်မာကျောင်းထိုင်ဆရာတော်များနဲ့ သဘောထားကွာခြားလှပါတယ်။ ယနေ့မျက်မှောက်ကာလမှာ အမိမြေမှာ နေရာတစ်နေရာရဖို့ စာသင်သား သံဃာတော်များကို လက်ခံဖို့ သိပ်ကို ခက်ခဲနေပါပြီ။ ရဟန်းတော်များဆို ပိုလို့တောင် ခက်ခဲပါသေးတယ်။ ဘာကြောင်းလဲဆိုရင်တော့ အကြောင်းတွေက များလှပါတယ်။ ဒါတောင် အမိမြေက မြန်မာပြည်က စာသင်သား ရဟန်း ကိုရင်တွေအတွက်နော်။ုပြည်ပ နိုင်ငံခြား ရဟန်းတော်တွေ ဧည့်သည်တွေ အတွက်ဆို နေဖို့မပြောနဲ့ တစ်ညတာတည်းခိုဖို့တောင် သိပ်ကို ခက်ခဲပါတယ်။ လက်မခံရဲတာလဲပါတယ်လေ။ သိပ်ကြောက်နေရတယ်။ ဘာကိုလဲ ဘယ်သူကိုလဲ ဆိုတာတော့ --သိပါတယ်လေ။ အရှင်ကိုယ်တိုင် လက်တွေ့နော်-မယုံမရှိနဲ့။ အရှင်တို့ ရှင်သန်ရာ ပညာရည်နို့သောက်စို့ရာ အလင်္ကာမြေမှာတော့ အလင်္ကာမြေက ဘုန်းကြီးတွေက မြန်မာရဟန်းတော်များကို အခကြေးငွေ မတောင်းဘဲ မယူဘဲ လက်ခံနေပါပြီ။ ဒါက အမိမြေက ကျောင်းထိုင်ဆရာတော်များနဲ့ အလင်္ကာမြေက ကျောင်းထိုင်းဆရာတော်များရဲ့ ကွာခြားချက်လေးတွေပါ။
  နောက်-- ကွာခြားမှုလေးကတော့ သ၀န်တိုမှု အပိုင်းပါ။ ဒီမှာ သီရိလင်္ကာ ဘုန်းကြီးကျောင်းမှာ နေထိုင် တည်ခိုသော မြန်မာ ကျောင်းသားရဟန်းတော်များကို ကျောင်ပိတ်ရက် တနင်္ဂနွေ နေ့များမှာ ဒါနေး လိုက်ခိုင်းပါတယ်။ ဒါနေးဆိုသည်မှာ အလှူဒါန-ဆွမ်းကပ် ပွဲ များကို ဆိုလိုတာပါ။ သူတို့နိုင်ငံသူ နိုင်ငံသားတွေက သူတို့ မိဘများကို ရည်စူးပြီး ပြုလုပ်လေ့ရှိပါတယ်။ များသောအားဖြင့်ဆိုပါတော့။ တစ်နှစ်လည်။ နှစ်နှစ်လည်စသည်ပေါ့။ ဒါနေးရှိတိုင်းလိုက်ရပါတယ်။ သ၀န်တိုမှု လုံးဝမရှိပါဘူး။ အမိမြေမှာတော့ မလွယ်ဘူးလေ။ကိုယ်ထက်သာ မနာလိုများပါတယ်။
   နောက်-- သူတို့တွေက အေးအေးဆေးဆေးနေလေ့ရှိပါတယ်။ မယုံသင်္ကာစိတ်လဲ မထားပါဘူး။ ဘာလုပ်နေတယ် ဘာတွေဖြစ်နေတယ်ဆိုတာကိုလဲ စုံစမ်းလေ့ မေးမြန်းလေ့ မရှိပါဘူး။ သိပ်ကို ကွာခြားလွန်းပါတယ်။ အခု အလင်္ကာမြေမှာ ကျောင်းတက်နေသော မြန်မာ ရဟန်းတော်ပေါင်း နှစ်ရာကျော်လောက်ရှိနေပါပြီ။ မကုဋလို့ခေါ်တဲ့ မြန်မာ ဘုန်းတော်ကြီးကျောင်းမှာတော့ အမြဲနေ သံဃာ ခြောက်ဆယ်ကျော် ရှိပါတယ်။ တစ်ချို့က အဆောင်းငှါးပြီး ကျောင်းတက်ရပါတယ်။ တစ်ချို့က သီရိလင်္ကာ ဘုန်းကြီးကျောင်းများမှာ နေပြီးကျောင်းတက်ရပါတယ်။ အားလုံးက အေးအေးချမ်းချမ်းပါပဲ။ ဘာကိုမှ မပူရပါဘူး။ အမိမြေမှာဆို စိုးရိမ်နေရ ကြောက်နေရအုံးမှာပါ။ သေချာပါတယ်လေ
   နောက်--ဒီမှာ ဈေးကြီးတယ်ဆိုတာကလဲ အမှန်တော့ အမိမြေက ငွေက တန်းဖိုးမရှိလို့ပါ။တန်ဖိုးနည်းနေလို့ပါ။ သူတို့ငွေ ရူပီတစ်ကျပ်ဆို မြန်မာငွေက တစ်ဆယ်လောက်ကျတယ်လေ။ ဒီတော့ သူတို့ငွေနဲ သူတို့ ဈေးက မကြီးပါဘူးလေ။ သူတို့ဆီမှာ နေပြီး အမိမြေက ငွေကြေးနဲ့ တွက်နေ တိုင်းတာနေလို့ကတော့ ဘယ်ဖြစ်ပါ့မလဲ။ မဟုတ်ဘူးလား။ ကိုယ့်ငွေက တန်ဖိုးနိမ့်နေတော့ ဈေးတွေက ကြီးတယ်ဖြစ်သွားတာလေ။ သူတို့ဆီမှာ ဈေးဝယ်ရတာ သူတို့ငွေနဲ့ဆို ဈေးက မကြီးပါဘူးဗျာ။ မကုဋကနေ ကေလနိယ တက္ကသိုလ်ကို လိုင်းကားနဲ့ သွားရင် ကားက ရူပီငွေ ၂၀ ပေးရပါတယ်။ မြန်မာငွေဆို ၂၀၀ နီးပါးလောက်ပါပဲ။ အဝေးကတော့ အမိမြေက မန္တလေး ဈေးချိုကနေ နန်းရှေ့ နိုင်ငံတော် ပရိယတ္တိ သာသနာတက္ကသိုလ်ထက်ကို ဝေးပါသေးတယ်။ စဉ်းစားသာကြည့်ပေတော့ဗျာ။
   အမှန်က ဒီနေ့ အမေ့မေတ္တာရဲူ့ဒုတိယခြေလှမ်းအဖြစ် အလင်္ကာမြေက ဆန်းဒေး စကူးလ်ကျောင်း က ကလေးငယ်တွေရဲ့ အကြောင်း။ သူတို့ရဲ့ ဘာသာရေး ရိုသေ လေးစားမှု အကြောင်း ။ သင်ယူနေတဲ့ ဘာသာရေးအကြောင်း။ သူတို့ဝတ်ဆင်တဲ့ ၀တ်စုံလေးတွေ အကြောင်း စသည်ကို ရေးဖို့ပါ။ သို့သော်လဲ -စပ်မိစပ်ရာလေးတွေ ရေးနေတာနဲ့ မရေးဖြစ်တော့ဘူးဆိုပါတော့။ ဒီတော့ -အမေ့မေတ္တာ၏ ဒုတိယမြောက်ခြေလှမ်းကို ==မနက်ဖန် မှပဲ ရေးသားပါရစေ--နားနိုင်ကြလိမ့်မယ်မလို့ မျော်လင့်မိပါတယ်။ အားလုံး ရွှင်လန်းချမ်းမြေ့ကျပါစေလို့ ဆုတောင်းရင်း--အမေ့မေတ္တာ အရှင်---

No comments:

Post a Comment