Monday, February 27, 2012
The Triple Gems!
    The Buddha, Dhamma and the Sangha are called the Triple Gems because they represent qualities excellent and precious like a gem. Once we recognize these-unique qualities after  careful consideration, and are confident that the Triple Gem can lead us towards True Happiness and Enlightenment. We take refuge in it. Therefore, it is not out of mere faith, but with an open-minded attitude and inquiring spirit that we begin practicing the Buddha's Teaching.
    The Buddha as a Doctor. 
Refuge is likened to the doctor, medicine and nurse a sick person relies upon to be cured. We are like a sick person as we are afflicted with the illness of having many unsatisfactory situations in life. Seeking a solution, we consult a qualified doctor, the Buddha, who diagnoses the causes of our illness, the disturbing attitudes and the confused actions we have done under their influence. Then He prescribes the medicine of the Dharma, the teachings, on how to gain the realizations leading to Enlightenment.(1)
    The Dharma as Medicine.
We must practice the Dharma, which is like the medicine the Buddha gave us, to attain Enlightenment. It is not enough just to hear the Dharma. We have to actively apply it in our daily lives and in our relationships with others. This means we try to be mindful and notice when disturbing attitudes arise. Then, we apply the remedies enabling us to perceive the situation clearly. If sick people have medicine but take it, they never get cured. Similarly, we may have an elaborate shrine at home and a huge library of Dharma books but if we, for example, do not apply patience when we meet a person who annoys us, we miss an immediate opportunity to practice the Dharma.(1)
   The Sangha as Nurses.
Members of the SaNgha are like nurses who help us take the medicine of Dharma. The nurses remind us when we forget which pills to take. If we have difficulty swallowing huge pills, the nurses break them into smaller pieces for us. Similarly, the SaNgha helps us practice the Dharma correctly when we are confused. Any fellow practitioner who is more advanced than us can be our spiritual friend who can help us.(2)
Wednesday, February 22, 2012
နှစ် လေး လုံး
 ဒီနေ့ နှစ်လေးလုံး နေ့လေးပါ။၂၂-၂-၂၀၁၂ဆိုပါတော့။ ကေလင်နိယတက္ကသိုလ်ကြီး၏ ပထမဦးဆုံးသော ခြေလှမ်းပါ။ သိပ်ကို ကြမ်းတမ်းခဲ့ပါတယ်။ လက်ချာ စသင်တဲ့နေ့ဆိုတော့ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ဘယ်လိုများ သင်မလဲ? ဘာတွေများ သင်မလဲ? ဘယ်လောက်ကွာခြားသလဲ? ဘယ်လိုတော်ကြတာလဲ? စသည်ပေါ့။
  အမှန်တော့စဖွင့်သည့်ရက်က၂၀ ရက်နေ့ဆိုပါတော့။ သို့သော်လည်း အဲ့ဒီနေ့က တမီးလွတ်လပ်ရေးနေ့တဲ့လေ။ သူတို့ဓလေ့က အတော်လေးကို ကောင်းပါလား။ လွတ်လပ်ရေးနေ့နှင့် အညီ တကယ်ကို လွတ်လပ်ပါပေတဲ့။ အမိမြေမှာ ကြတော့---တစ်ခါတစ်လေ လွတ်လပ်ရေးနေ့မှန်းတောင် မသိလိုက်ရဘူးလေ။ ကိုက Monk ဆိုတော့။ ကိုယ့်တို့အမိမြေမှာတော့ လွတ်လပ်ရေးနေ့လဲ-တကယ်မလွတ်လပ်ပါဘူး။ သမိုင်းထဲ ထည့်ထားယုံ သက်သက်ပါပဲ။
  ၂၁ ရက်နေ့ကြပြန်တော့လဲ ဥပုသ်နေ့တဲ့လေ။ သူတို့က အထွဋ်အမြတ်ထားတဲ့နေ့တွေမှာ အကုန်းလုံး လိုလိုကို ပိတ်တာပါ။ ဘာသာရေးအတွက် ကျေးဇူးပြုနေသော အထင်ကရ ဖြစ်တဲ့ ကေလင်နိယ တက္ကသိုလ်ကြီးတောင် ပိတ်တယ်နော်။ ဒါကလဲ အမိမြေနဲ့ ကွာခြားတာပဲ မဟုတ်လား။
  ဒါကြောင့် ဒီ ၂၂ ရက်နေ့မှ စတက်ရတယ်ဆိုပါတော့။ မိုးလင်းကတဲ့က လှုပ်ရှားနေတဲ့ စိတ်တွေဟာ လက်ချာပြီးချိန်ထိ မငြိမ်ခဲ့ဘူးဆိုပါတော့။ တက္ကသိုလ်ကို ဟန်တပြင်ပြင်လုပ်နေတဲ့ ခြေလှမ်းတွေဟာ ဒီခြားထဲ မိခင် မကုဋကျောင်းတော်ကြီးဆီ ရောက်သွားသေးတယ်။ ဆွမ်းကပ်ရှိလို့လေ။ စင်္ကာပူက မြန်မာဒကာ/ဒကာမ မိသားစုတွေက ဒေါ်လာ တစ်ရာ လှမ်းလှူလိုက်လေ။ ဒီလိုကြပြန်တော့လဲ မကုဋကို အရမ်းကို ချစ်စရာကောင်းပါတယ်။ အရှင်တို့လို အလင်္ကာမြေက ပညာသင် ကိုယ်တော်လေးတွေကလဲ ဒီလို ဆွမ်းကပ်လေးရှိမှ --ဟဲဟဲ ကောင်းကောင်းဘုဉ်းပေးရတယ်ဆိုပါတော့။ ကုသိုလ်ရှင်တွေကို ကျေးဇူးတင်မဆုံး သာဓုသုံးကြိမ်ခေါ်ကာ မေတ္တာတွေ အထပ်ထပ် ပို့သလျှက်ပါ။ အဝေးမှာ ပညာသင်နေတာဆိုတော့လဲ ဒီလောာက်တော့ ဆင်းရဲခံရမှာပေါ့။
   အော်--သတိရလို့ပြောရလိုက်အုံးမယ်နော်။ နားနဲ့မနာ ဖ၀ါးနဲ့နာ ပေါ့လေ။ မိခင်မကုဋမှာလဲ ဘုဉ်းပေးလို့ကောင်းတာက --ကိုရွှေးထီးတို့ အဖွဲ့ဆိုလား-မသိ။ သူတို့အဖွဲ့အလှည့် ဆိုရင်တော့ စေတနာကလဲ ကောင်း လက်ရာကလဲကောင်း။ အကုန်ကို ကောင်းနေတာတဲ့လေ။ ဟုတ်လဲဟုတ်ပါတယ် ။ ဒီနေ့ပဲ့နမူနာပဲလေ။ အင်း--သူကြီးက ပြန်တော့မယ်ဆိုတော့ အိမ်ရှင်မ မဟုတ်တဲ့ အိမ်ရှင်ထီးကို လွမ်းရအုံးမှာပေါ့လေ။ သတိရလို့တော့ မဟုတ်ပါဘူး။ ဟင်းကောင်းကောင်းမစားရမှာ စိုးလို့ပါ။
   မကုဋမှာ ဆွမ်းစားပြီး တက္ကသိုလ်ကို လှမ်းမယ်လုပ်တုန်း သူငယ်ချင်းတွေက အဆောင်ပြောင်းတာကို လိုက်ပို့ခိုင်းလို့ လမ်းကြောင်းပြောင်းလိုက်ရတယ်ဆိုပါတော့။ အဆောင်မှာနေပြီးကျောင်းတက်ရတဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိပြန်တယ်လေ။ သူတို့လေးတွေ မလွယ်ဘူး။တကယ်ကို မလွယ်တာပါ။ အဆောင်ကြေး၊ အသုံးအဆောင်ကြေး၊ စားဖို့ သောက်ဖို့ကြေးတွေနဲ့လေ။ တွေးမိပါတယ်။ အမိမြေမှာ များ ဒီလို တက္ကသိုလ်ကြီးတွေ ရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ။ တက်ခွင့်ရမယ်ဆိုရင်လေ ။ အမိမြေက ဒေါ်လာတွေ ဘာလို့ အပြင်ကို ထုတ်ပစ်မှာလဲ မဟုတ်ဘူးလားဗျာ။
  သူတို့ဆီကမှ ကော်ဖီတစ်ခွက်သောက်ပြီး တက္ကသိုလ်ကို သွားလိုက်တယ်။ ရောက်တော့လဲ ကျေးဇူးရှင်တစ်ယောက်ဆီက Apple လေးတစ်စိပ် ၀ါးလိုက်သေးတယ်။ စေတနာကို အသိအမှတ်ပြုတဲ့သဘောပါ။
  ဒါနဲ့သူငယ်ချင်းတစ်ဦးဆီက ကျောင်းအပ်ဖို့ ဖောင်အသစ်ဝယ်ခိုင်းတာကြောင့် လက်ချာမစခင် ရုံးခန်းကို ပြေးလိုက်ရသေးတယ်။ ပြီးမှ စာသင်ခန်းကို ၀င်လိုက်ရတယ်။ မကြာလိုက်ဘူး ဆရာက တန်းတွယ်တော့တာပဲလေ။ ရီကောဒါးလေးကိုတောင် အမြန်ဖွင့်လိုက်ရတယ်။ မလွယ်ပါလား။ ဆရာကလဲ " Origin and nature of society"ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြောသွားတာ မြန်လိုက်တာ အတော်လေးကို နားထောင်ယူရတယ်။ တော်ပါသေးတယ်လေ။ ကိုယ်ကလဲ အမိမြေက အင်္ဂလိပ်စာလေး အတော်ပါခဲ့လို့။ ဒါလဲ ၀ါကျတစ်ရာမှ ဆယ်ကြောင်းလောက်ပဲ နားလည်မယ်ထင်ပါတယ်။ ဘယ်လွယ်မလဲလေ။ ဟိုတုန်းက လေ့လာသင်ယူခဲ့တာက By heart လေ။ ဒီမှာ ကြတော့ Research and philosophy လေ။ ဘာပဲဖြစ်ဖြစ်မေးခွန်းလေးတော့ မေးလိုက်သေးတယ်။ ဆရာကိုလေ တော်ကြာ ဘရူးမယ်တွေကို ညံ့တယ်ထင်မှာ စိုးလို့ပါ။ သိလို့ တတ်လို့ မဟုတ်ဘူး။ အမိသွေး အမိစိတ်ဓာတ်ကတော့ ရှိပါသေးတယ်လေ။
   နောက်တစ်ချိန်ကြ-" The Buddhist Vinaya and the Monastic Organization"ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆရာအလင်္ကာဘုန်းဘုန်းကလဲ ဆော်လိုက်တာ အတော်လေး ခေါင်းနောက်သွားတယ်။ မြန်ကလဲမြန် ကုလားသံကလဲ ပါဆိုတော့လေ။ အလင်္ကာဘုန်းကြီးဆရာသာဆိုတာ ၀ိဂြိုဟ်တွေကြတော့လဲ ရတာပါလား။ ရယ်တော့ရယ်ရတယ် သွားလေးတွေကို ဖွေးနေတာပဲ။
  နောက်ဆုံးအချိန်မှာတော့--ပထမဆရာ Dr. Wasantha Priyadarsana က "Buddhist Psychotherapy " ဆိုတဲ့ခေါင်းစဉ်အောက်နေ လှော်လိုက်ပြန်ရော။ ကောင်းပါတယ် ဆရာတွေသင်တာက ကိုယ်က ကို ဥာဏ်အားနည်းတာလေ။ သူကဆို Medical Doctor နဲ့ Mental Doctor ကို နှိုင်းယှဉ်ပြသွားတယ်လေ။ ဗုဒ္ဓကို စိတ်ကို ကုသပေးသော ဆရာဝန်လို့ တင်စားသွားတာပဲလေ။ ဘာပဲဖြစ်ဖြစ် အတော်လေးတော့ အီသွားတယ် ။ ပထမခြေလှမ်းက ကြမ်းတယ်ဆိုပါတော့။ 
  မနက်ဖန်လက်ချာတွေကိုလဲ ဆက်လက် လေ့လာကြတာပေါ့လေ။
Tuesday, February 21, 2012
The fourth step!
The Duke And The Farmer
  The Duke of Wellington owned a large estate in Berk-shire. Berk-shire is a very beautiful part of England. Next to his estate was a farm surrounded by fields. the Duke wanted to buy this farm and add it to estate. He said to his agent,"Go and see Farmer Jackson. Try to buy his farm for me." Someone weeks later the agent came to see the Duke.
  "I have bought the farm for you". he said.
 "How much did you pay?" asked the Duke.
  "I got it for 3000 pounds"  said the agent, "and it was a great bargain. The farm is worth 4000 pounds."
  "Then why could you get it for 3000 pounds?" asked the Duke.
  "Because Farmer Jackson is in difficulties and needed money immediately", said the agent.
  "Go at once to Farmer Jackson", said the Duke, "and give him the other 1000 pounds. I don't want any bargain that was gained because a man is in difficulties."
 "မြို့စားကြီးအတွက် ကျွန်တော် လယ်မြေကို ၀ယ်ပြီးပါပြီ" ဟု ကိုယ်စားလှယ်က ပြောသည်။ "မင်း ဘယ်လောက်ပေးခဲ့ရသလဲ" ဟု မြို့စားကြီးက မေးသည်။ " ကျွန်တော် ပေါင် ၃၀၀၀ ပေးခဲ့ရပါတယ်။ ဈေးအများကြီးသက်သာပါတယ်။လယ်မြေကတော့ ပေါင် ၄၀၀၀ ခန့် တန်ပါတယ်။" ဟု ကိုယ်စားလှယ်ကပြောသည်။
 " မင်း ဘာကြောင့် ဒီမြေကို ပေါင် ၃၀၀၀ နဲ့ ရနိုင်ခဲ့သလဲ" ဟု မြို့စားကြီးကမေးသည်။ "လယ်သမားဂျက်ဆန်ဟာ အခက်အခဲ ကြုံတွေ့နေပြီး ငွေလည်း လိုအပ်နေတာကြောင့် ဖြစ်ပါတယ်" ဟု ကိုယ်စားလှယ်က ပြန်ပြောသည်။
 "လယ်သမားဂျက်ဆင်ဆီကို အခုချက်ချင်းသွားပြီး သူ့ကို နောက်ထပ် ပေါင် ၁၀၀၀ ပေးပါ။ လူတစ်ယောက် အခက်တွေ့နေလို့ အချောင်ရတာမျိုးကို ကျုပ်မလိုချင်ဘူး" ဟု မြို့စားကြီးက ပြောလေသည်။
  ဒီ ဆောင်းပါးလေးက အတော်လေးကို မှတ်သားထိုက်ပါတယ်။ ဒီဇာတ်လေးကို ဘရိုက်တား ဂရမ္မာကို လေ့လာရင်း တွေ့ရှိခဲ့လို့ အမေ့မေတ္တာ ရဲ့ စထုတ္ထမြောက် ခြေလှမ်းအဖြစ် တင်ပြလိုက်ခြင်းပါ။ မြို့စားကြီးက ပြောခဲ့တာလေးကို ပြန်ကောက်ကြည့်မယ်ဆိုရင်" လူတစ်ယောက် အခက်တွေ့နေလို့ အချောင်ရတာ မျိုးကို ကျုပ်မလိုချင်ဘူး" ဆိုတဲ့ စကားကိုပါ။ အားလုံးသော လူသားတွေ မှတ်သား အတုယူသင့်ပါတယ်။ အရာရာပြောင်းလဲနေတဲ့ ခေတ်ပျက်ကာလမှာ လူသားတွေအားလုံးက မြေနိမ့်ရာကို လှံစိုက်နေကြတာမို့ ၊ အနိုင်ကျင့်နေကြတာမို့၊ မတရားနှိပ်စက်နေကြတာမို့ ဒီဆောင်းပါလေးကို ရေးသားရခြင်းရယ်ပါ။
  ပြောချင်တာက အားငယ်နေသူကို အားပေးပါ။ နိမ့်ကျနေသူကို မြင့်တင်ပေးပါ။ ငိုနေသူကို ပြုံးပြပေးပါ။ လဲနေသူကို ထူပေးပါ။ ဒုက္ခရောက်နေသူကို ကူညီပေးပါ။ ဒုက္ခရောက်နေသူကို မီးမရှို့ပေးပါနဲ့။ ရေငတ်နေသူကို နေပူထဲမှာ လှောင်မထားပါနဲ့။ အမှောင်ကျနေသူကို အလင်းပေးပါ။ 
  အားလုံးသော စာဖတ်ပရိတ်သတ်ကြီး မြို့စားကြီးလို့ ကျင့်နိုင်ကြပါစေ။ သူလို စိတ်ထားမျိုး ၊ နှလုံးသားမျိုးရှိကြပါစေလို့ ဆန္ဒပြုရင်း။ အမေ့မေတ္တာ အရှင်။
အမေ့မေတ္တာ၏ တတိယမြောက် ခြေလှမ်း
Never crush the beautiful flowers!
   My dear mom said "you, my dear son, never crush the beautiful flowers and girls when I was in youth-hood, about 10/11 years old." to me. My dear mom always admonish me to be kind and compassion to all girls, and not to destroy and deceive, and pay respect and admire to any girls and women in your whole life. 
   You should know, my dear son, the most girls will be mothers in age life. So, you love, like, kind and admire to all girls and women, regarding as me. You must to obey to me until to die. Hence at that time, I understand and kind to girls' live till now. I always keep and control my mind and wish up on girls cause of my dear mom's instruction which is admonishing before my dear mom died.
  ဒီ "Never crush the beautiful flowers" ဆောင်းပါးလေးက အမေ့မေတ္တာအရှင်ရဲ့ တတိယမြောက် ခြေ လှမ်းဆိုပါတော့ အမေ့ကိုဂုဏ်ပြုသော အားဖြင့်သော်လည်းကောင်း၊ အမေ့ကို ကျေးဇူးဆပ်သော အားဖြင့်လည်းကောင်း၊ အမေ့ကိုသတိယတမ်းတသော အားဖြင့်သော်လည်းကောင်းမွေးမေမေ ဆိုဆုံးမခဲ့သော အဆုံးအမတွေကို ပြန်လည် ဖော်ကြူးခြင်းရယ်ပါ။
  တကယ်တော့ အမေတို့မည်သည် သား သမီးတွေအပေါ်မှာ မေတ္တာ၊ကရုဏာ၊ စေတနာ၊ အကြင်နာ၊မုဒိတာ တရားတို့ဖြင်ဆိုဆုံးမခဲ့ပါသည်။ မိဘတိုင်း အမေတိုင်းက သား သမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်ကြသည်။ ဒါကြောင့် ငွေကုန်ကြေးကျ ခံကာ ကျောင်းတွေ တက္ကသိုလ်တွေကို ထားခဲ့ကြသသည်။ အမေတိုင်းက သားသမီးတွေကို ဘေးကင်းစေလိုကြသည် ဒါကြောင့် အမြဲတမ်း သွန်သင်ဆုံးမ တားမြစ်ခဲ့ကြသည်။ အမေတိုင်းက သားသမီးတွေကို ကျန်းမာလိုကြသည် ဒါကြောင့်လဲ အမေ့နို့ကိုသာ တိုက်ကျွေးခဲ့သည်။
  "မကောင်းမေတ္တာ၊ကောင်းရာညွန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်း" ဆိုတဲ့ ကျင့်ဝတ်ငါးပါးနှင့်အညီိ ဆုံးမလမ်းပြခဲ့သည် မဟုတ်ပါလား။ ဒါကြောင့်လည်း ပုဗ္ဗစရိယ မိနှင့်ဖလို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့တာပဲလေ။
   အမေတိုင်းက သားသမီးတိုင်းကို ဆင်စီးပြီး မြင်းရံတာပဲ မြင်လိုကြသည်။ ဆင်နင်းပြီး မြင်းကန်တာကို ဘယ်တော့မှ မမြင်လိုကြဘူး။ ဒါကြောင့်လဲ အမြဲတမ်း အမေက အရှင်ကို သွန်သင်ဆုံးမ လမ်းပြခဲ့ပါသည်။ နောက် --မွေးမေမေက ငါ့သား လူလေး "လောကမှာ လက်ညိုးထိုး ခိုင်နိုင်သူ မဖြစ်နိုင်ရင်တောင် ၊လက်ညိုးညွန်နိုင်သူ ဖြစ်အောင်တော့ ကြိုးစားပါလို့" အမြဲတမ်းလိုလို အိပ်ရာဝင်တိုင်း သတိပေးလေ့ရှိပါသည်။
    နောက်--သားရေ " ခေတ်ကြီးကတိုးတက်၊ ငွေကို တအားတက်မက်၊ မြေနိမ့်ရာ လှံဆိုက်နေကြတဲ့ ခေတ်ပျက်ကာလမှာ ၊ငွေကို ကိုးကွယ် သူ့ကျွန်ငယ်ဘ၀သို့ မရောက်ရအောင် ကြိုးစားနော်လို့လဲ" ဆုံးမခဲ့ပါသေးတယ်။ ဟုတ်လဲ ဟုတ်ပါတယ်။ ခေတ်ကြီးကတော့ အတော်လေးကို ပျက်စီးနေပြီလေ။ ဒါကလဲ သဘာဝတရားပဲ မဟုတ်လး။
   နောက်-အမေက ကိုယ်ချင်းစာတတ်ဖို့ကိုတော့ ခဏခဏ ပြောလေ့ရှိပါတယ်။ အထူးသဖြင့်တော့ မိန်းကလေးတွေကိုပါ။ တကယ်တော့ မိန်းကလေးဆိုတာ လှပတဲ့ ပန်းတစ်ပွင့်အလားပါပဲ။ လှပတဲ့ ပန်းလေးတစ်ပွင့်ဟာ တန်ဖိုးကြီးမားတယ်၊ လိုချင်သူ ပန်ချင်သူတွေပေါများတယ်။ ဒါပေမဲ့ ကြွေလွယ်တယ်လေ။ မိုးဒဏ် လေဒဏ် နွေဒဏ်တွေကို မခံဘူး။ ဒါကလဲ ပန်းလေးတွေရဲ့ အလှတရားသဘာဝပဲလေ။
   ဒီလိုပါပဲ မိန်းကလေးတွေ ဆိုတာကလဲ တန်းဖိုးကြီးမားတယ်၊ လောကမှာ တင့်တယ် တယ်၊ မြတ်နိုးသူ လိုချင်သူ ပေါတယ်။ အန္တရာယ်များတယ်၊ ကြွေလွယ်တယ်၊ အမှားမခံဘူး။ အမြဲတမ်း Control လုပ်နေရတယ်။ ပျာ်ရွှင်မှုအတွဘ၀နဲ့ဆန္ဒ ဘ၀ကိုပဲ ဦးစားပေးရတယ်။ နှလုံးသားကို ရှေ့တန်းတင်မိလို့ ဘ၀ပျက်ခဲ့ရတဲ့ မိန်းကလေးတွေ များတယ်။ ခဏတာက်ေနဲ့ တစ်သက်တာ စိတ်ဆင်းရဲနေရတယ်။
  နောက်--အပျိုစင်ဆိုတဲ့ နာမည်တစ်လုံး ရဖို့ ဆယ်စုနှစ်များစွာ စောင့်ခဲ့ရတယ်။ အချိန်ကြာကြာ ပေးဆပ်ပြီးမှ ရလာတဲ့ အပျိုဆိုတဲ့ ဂုဏ် တစ်ခုကို ခဏတာပျော်ရွှင်မှု အတွက်နဲ့ အဆုံးရှုံးခံလိုက်ရမယ်ဆိုရင် မတန်ဘူးလေ။ ဒါကိုတော့ မိန်းကလေးတိုင်း စဉ်းစားရမဲ့ အရေးသော အချက်တစ်ချက်ပါ။
   ဒါကြောင့် ဒီ'Never crush the beautiful flowers" ဆိုတဲ့ ခေါင်းစဉ်ကို ရွေးချယ်ကာ ရေးသားရခြင်းရယ်ပါ။ မှန်ပါတယ် အားလုံးသော ပုရိသတွေက မိန်းကလေးတွေရဲ့ ဘ၀ကို စာနာ ညှာတာ သနား ကြင်နာ ပြီး၊ စောင့်ရှောက်ပေးရမှာပါ။ အမျိုးကို ကာကွယ်စောင့်ရှောက်ရာရတယ်လေ။ မိန်းကလေးတွေရဲ့ ဘ၀ကို ရေလောင်းပေးလိုက်သော ပန်းပျိုးလက် ပိုင်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလဲ ပိုင်ဆိုင်ရမယ်လေ။ ဒီလိုမှ မဟုတ်ရင်တော့ ကိုယ့်အမျိုး ဘာသာကို ဖျက်ဆီးသော ပန်းချိုးလက်ပိုင်ရှင် ပန်းဖျက်မုဆိုးတွေ ဖြစ်ကုန်မှာလေ။ ဒါလေးကို သတိချပ်စေချင်ပါတယ်။
  မိန်းကလေးတွေကလဲ ကိုယ့်ဘ၀ကို ထိန်းသိမ်းပြီး ဆင်ဆင်ခြင်ခြင်နေထိုင်သင့်ပါတယ်။မြန်မာ ဆိုတဲ့ ဂုဏ်ပုဒ်ကို စောင့်ရှောက်ရာရောက်မယ်လေ။ အမျိုးဂုဏ် ဇာတိဂုဏ်ကိုလဲ ထိန်းသိမ်းရာရောက်ပါတယ်။ မိန်းကလေးရဲ့ဘ၀ကိုမြတ်နိုးရာလဲ ရောက်ပါတယ်။အနာဂတ် မျိုးဆက်သစ်လူငယ်တွေကို မွေးထုတ်ပေးမယ့် မိခင်ကောင်းတွေ ပီသပါလိမ့်မယ်။
  တိုးတက် အောင်မြင်သော၊ ချမ်းသာကြွယ်ဝသော၊ အေးချမ်း သာယာသော၊ စည်ပင် ၀ပြောသော နိုင်ငံတော်ကြီး တည်ဆောက်နိုင်ဖို့ မိခင်ကောင်းတွေကလဲ အရေးပါပါတယ်။ ဒါဆို ဒီ" Never crush the beautiful flowers=လှပသော ပန်းလေးများကို ဘယ်တော့ မှ မနင်းခြေ မဖျက်ဆီးပါနဲ့" ဆိုတဲ့ ခေါင်းစဉ်ဆောင်းပါးကို နားလည် သဘောပေါက်လိမ့်မယ်လို့--မျော်လင့်လျက်။--အမေ့မေတ္တာ အရှင်။
Sunday, February 19, 2012
ပူဇော်ထိုက်သူကို ပူဇော်ပါ
  • ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလ မုတ္တမံ!
  • ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာတရားတော်နဲ့ညီ၏ -ဟု မင်္ဂလသုတ်မှာ ဗုဒ္ဓက ဟေားကြားခဲ့ပါသည်။ဗုဒ္ဓက ဟောပြောခဲ့သော်လည် လိုက်နာကျင့်သုံးသူက ရှားပါးလှ၏။ မှန်ပါသည် ဘာသာရေးနယ်ပယ်မှာရော၊ နိုင်ငံရေးနယ်ပယ်၊ ပညာရေးနယ်ပယ်မှာရော ခေါင်းဆောင်တော်တော်များများက ပညာတတ်သူ/ပှူဇော်ထိုက်သူများကို ပူဇော်ဖို့ ၀န်လေးနေတတ်ကြ၏။ များသောအားဖြင့် ကိုယ်ထက်တော်မှာ၊ သာမှာကို ကြောက်ကြ မနာလိုဖြစ်နေကြ၏။ပညာတတ် လူတော်များကို နေရာပေးလေ့မရှိကြပါ။ ဘာဖြစ်လို့ဆိုတာတော့ ---ခက်တယ် ပြောဖို့လေ။
  •     တကယ်တော့ လောကမှာ အသုံးမ၀င်သော အရာဝတ္ထုဆိုတာ မရှိသလောက်ပါပဲ။ အသုံးချတတ်မယ်ဆိုရင် လမ်းဘေးက အမှိုက်၊ သေစေတတ်တဲ့ အဆိပ်တောင် အသုံးဝင် ဆေးဘက်ဖြစ်သေးတာပဲ။ ပညာတတ် လူသားတွေဆို ဘယ်မှာဆိုဘွယ်ရှိပါ့မလဲ။ပညာတတ်တွေ များများရှိမှ တိုးတက်မှာပါ။ ဘယ်နိုင်ငံပဲဖြစ်ဖြစ်လေ ပညာမတတ်ရင် ပညာရှင် မရှိရင် ခေတ်နောက်ကျန်ခဲ့မယ်၊ ဆင်းရဲမယ်၊ မွဲမယ်၊ သူများနိုင်ငံတွေရဲ့ အနိုင်ကျင့်မှုကို ခံရမယ်။ ဒါကြောင့် ပညာတတ် ပညာရှင်တွေ များများမွေးထုတ်ပေးဖို့လိုတယ်။
  •      အရှင်ရဲ့ အတွေ့ကြုံ အရဆိုရင်တော့- ပညာတတ် ပညာရှင်တွေဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် မျက်နာမငယ်ရပါဘူး။ နောက်ဆုံး ထောင်ထဲ့ ရောက်နေတဲ့ သူတောင် သက်သက်သာသာ နေရပါတယ်။ နောက်ဆုံး ၀န်ထမ်းတစ်ဦးလိုပဲ အပြင်ကိုတောင် ထွက်လို့ရပါသေးတယ်။ ကိုယ်တွေ့လေးပါ။ သူက ထောင်အတွက်လဲ အသုံးဝင်တယ်လေ။ ကောင်းကျိုးပြုပေးတယ်လေ။
  •      ဒါဆို ဘာလို့ အရှင်တို့အမိမြေမှာ ပညာတတ် ပညာရှိ လူပုဂ္ဂိုလ်/ပညာတတ် ပညာရှိ ရဟန်းတော်တွေကို မပူဇော် မထောက်ပံ့ အားမပေးကြတာလဲ။ ဘာလို့ လက်မခံချင်ကြတာလဲ။ဘာလို့ အသိမှတ်မပြုချင်တာလဲ၊ ဘာလို့မောင်းထုတ်ချင်ကြတာလဲ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်ကျောင်း ကိုယ့်တက္ကသိုလ် တိုးတက်ဖို့ ပညာတတ် ပညာရှင်တွေကို ဘာလို့ အလိုမရှိကြတာလဲ။သုံးကြည့်လိုက်ပါ အကျိုးရှိမှာပါ။အသုံးချတတ်ဖို့ပဲလိုပါတယ်။
  •      ဒါဆို--ဒီအကျင့်ဆိုးတွေကို ပြင်လိုက်ပါ။ ပညာတတ် ပညာရှင်တွေကို နှိပ်ကွပ်တတ်တဲ့ အမိမြေ၊ အမိသွေး။. အမိအကျင့်တွေကို ပြင်ကျပါ။ သေသည့်တိုင် ဆုပ်ကိုင်မထားကြပါနဲ့။ နှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားတဲ့ အကျင့်ဆိုး အကျင့်ယုတ်တွေကို ပြင်ကြပါစို့။ ပညာတတ် ပညာရှင်တွေကို အားလုံးအတွက် နေရာပေးကြပါစို့။ မသိသူကျော်သွား သိသူဖေါ်စားတဲ့။ အမေ့မေတ္တာ--အရှင်=။
·
အမေ့မေတ္တာ၏ ဒုတိယမြောက် ခြေလှမ်း
  ဒီနေ့တော့ အမေ့မေတ္တာ၏ ဒုတိယမြောက် ခြေလှမ်းကို စနိုင်ခဲ့ပါပြီ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခဲ့တာကို နားလည်ပေးစေချင်ပါတယ်။ ကေလနိယတက္ကသိုလ်ကြီး၏ ၂၀၁၂ အမ်အေ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို တက်ရောက်နေရတာရယ်။ သီိရိလင်္ကာရောက် မြန်မာရဟန်းတော်များအတွက် အားထား အားကိုးပြုရသော။ လေးစားတန်ဖိုးထားရသော မိခင်မကုဋရာမ ကျောင်းတော်ကြီး ရင်ခွင်ထံမှ ကောလုနာဝ သီရိလင်္ကာ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ရတာရယ်။ လိုအပ်သော ကျောင်းသုံးပစ္စည်းများကို ၀ယ်ယူနေရတာရယ်။ အဆောင်ကိုရှင်းလင်းနေရတာရယ်ကြောင့် အမေ့မေတ္တာ၏ ဒုတိယ်မြောက်ခြေလှမ်းကို မစနိုငိခဲ့တာပါ။
  ကောလုနာဝကျောင်းတော်ကြီးကို မနေ့က-၁၈-၂-၂၀၁၂ ညနေ့ပိုင်းမှာ ပြောင်းရွှေ့ဖြစ်ပါတယ်။ ဒီကျောင်းတော်ကြီးကို နောင်တော်ကြီး ဦးသေဋ္ဌိလ-ကိုထီး၏ ကျေးဇူးဖြင့် နေခွင့်ရပါတယ်ဆိုပါတော့လေ။ တကယ်တော့ ကိုထီးက အရှင်ကို စိတ်ကူးထဲ မထည့်ပေမဲ့ သူကို ကျေးဇူးတင်မိပါတယ်။ ဒီကျောင်းတော်ကြီးမှာ နေခွင့်ရဖို့ အရှင်ကိုယ်တိုင် ကျောင်းဘုန်းကြီးထံမှာ လျှောက်ခဲ့ရတာပါ။ ဒီက သီရိလင်္ကာ ဘုန်းကြီးများက သဘောထား အရမ်းကောင်းပါတယ်။ ပွင့်လင်းမှုလဲ ရှိပါတယ်။ မြန်မာရဟန်းတော်များရဲ့အခက်အခဲကိုလဲ နားလည်ပေးပါတယ်။
   အမိမြေက မြန်မာကျောင်းထိုင်ဆရာတော်များနဲ့ သဘောထားကွာခြားလှပါတယ်။ ယနေ့မျက်မှောက်ကာလမှာ အမိမြေမှာ နေရာတစ်နေရာရဖို့ စာသင်သား သံဃာတော်များကို လက်ခံဖို့ သိပ်ကို ခက်ခဲနေပါပြီ။ ရဟန်းတော်များဆို ပိုလို့တောင် ခက်ခဲပါသေးတယ်။ ဘာကြောင်းလဲဆိုရင်တော့ အကြောင်းတွေက များလှပါတယ်။ ဒါတောင် အမိမြေက မြန်မာပြည်က စာသင်သား ရဟန်း ကိုရင်တွေအတွက်နော်။ုပြည်ပ နိုင်ငံခြား ရဟန်းတော်တွေ ဧည့်သည်တွေ အတွက်ဆို နေဖို့မပြောနဲ့ တစ်ညတာတည်းခိုဖို့တောင် သိပ်ကို ခက်ခဲပါတယ်။ လက်မခံရဲတာလဲပါတယ်လေ။ သိပ်ကြောက်နေရတယ်။ ဘာကိုလဲ ဘယ်သူကိုလဲ ဆိုတာတော့ --သိပါတယ်လေ။ အရှင်ကိုယ်တိုင် လက်တွေ့နော်-မယုံမရှိနဲ့။ အရှင်တို့ ရှင်သန်ရာ ပညာရည်နို့သောက်စို့ရာ အလင်္ကာမြေမှာတော့ အလင်္ကာမြေက ဘုန်းကြီးတွေက မြန်မာရဟန်းတော်များကို အခကြေးငွေ မတောင်းဘဲ မယူဘဲ လက်ခံနေပါပြီ။ ဒါက အမိမြေက ကျောင်းထိုင်ဆရာတော်များနဲ့ အလင်္ကာမြေက ကျောင်းထိုင်းဆရာတော်များရဲ့ ကွာခြားချက်လေးတွေပါ။
  နောက်-- ကွာခြားမှုလေးကတော့ သ၀န်တိုမှု အပိုင်းပါ။ ဒီမှာ သီရိလင်္ကာ ဘုန်းကြီးကျောင်းမှာ နေထိုင် တည်ခိုသော မြန်မာ ကျောင်းသားရဟန်းတော်များကို ကျောင်ပိတ်ရက် တနင်္ဂနွေ နေ့များမှာ ဒါနေး လိုက်ခိုင်းပါတယ်။ ဒါနေးဆိုသည်မှာ အလှူဒါန-ဆွမ်းကပ် ပွဲ များကို ဆိုလိုတာပါ။ သူတို့နိုင်ငံသူ နိုင်ငံသားတွေက သူတို့ မိဘများကို ရည်စူးပြီး ပြုလုပ်လေ့ရှိပါတယ်။ များသောအားဖြင့်ဆိုပါတော့။ တစ်နှစ်လည်။ နှစ်နှစ်လည်စသည်ပေါ့။ ဒါနေးရှိတိုင်းလိုက်ရပါတယ်။ သ၀န်တိုမှု လုံးဝမရှိပါဘူး။ အမိမြေမှာတော့ မလွယ်ဘူးလေ။ကိုယ်ထက်သာ မနာလိုများပါတယ်။
   နောက်-- သူတို့တွေက အေးအေးဆေးဆေးနေလေ့ရှိပါတယ်။ မယုံသင်္ကာစိတ်လဲ မထားပါဘူး။ ဘာလုပ်နေတယ် ဘာတွေဖြစ်နေတယ်ဆိုတာကိုလဲ စုံစမ်းလေ့ မေးမြန်းလေ့ မရှိပါဘူး။ သိပ်ကို ကွာခြားလွန်းပါတယ်။ အခု အလင်္ကာမြေမှာ ကျောင်းတက်နေသော မြန်မာ ရဟန်းတော်ပေါင်း နှစ်ရာကျော်လောက်ရှိနေပါပြီ။ မကုဋလို့ခေါ်တဲ့ မြန်မာ ဘုန်းတော်ကြီးကျောင်းမှာတော့ အမြဲနေ သံဃာ ခြောက်ဆယ်ကျော် ရှိပါတယ်။ တစ်ချို့က အဆောင်းငှါးပြီး ကျောင်းတက်ရပါတယ်။ တစ်ချို့က သီရိလင်္ကာ ဘုန်းကြီးကျောင်းများမှာ နေပြီးကျောင်းတက်ရပါတယ်။ အားလုံးက အေးအေးချမ်းချမ်းပါပဲ။ ဘာကိုမှ မပူရပါဘူး။ အမိမြေမှာဆို စိုးရိမ်နေရ ကြောက်နေရအုံးမှာပါ။ သေချာပါတယ်လေ
   နောက်--ဒီမှာ ဈေးကြီးတယ်ဆိုတာကလဲ အမှန်တော့ အမိမြေက ငွေက တန်းဖိုးမရှိလို့ပါ။တန်ဖိုးနည်းနေလို့ပါ။ သူတို့ငွေ ရူပီတစ်ကျပ်ဆို မြန်မာငွေက တစ်ဆယ်လောက်ကျတယ်လေ။ ဒီတော့ သူတို့ငွေနဲ သူတို့ ဈေးက မကြီးပါဘူးလေ။ သူတို့ဆီမှာ နေပြီး အမိမြေက ငွေကြေးနဲ့ တွက်နေ တိုင်းတာနေလို့ကတော့ ဘယ်ဖြစ်ပါ့မလဲ။ မဟုတ်ဘူးလား။ ကိုယ့်ငွေက တန်ဖိုးနိမ့်နေတော့ ဈေးတွေက ကြီးတယ်ဖြစ်သွားတာလေ။ သူတို့ဆီမှာ ဈေးဝယ်ရတာ သူတို့ငွေနဲ့ဆို ဈေးက မကြီးပါဘူးဗျာ။ မကုဋကနေ ကေလနိယ တက္ကသိုလ်ကို လိုင်းကားနဲ့ သွားရင် ကားက ရူပီငွေ ၂၀ ပေးရပါတယ်။ မြန်မာငွေဆို ၂၀၀ နီးပါးလောက်ပါပဲ။ အဝေးကတော့ အမိမြေက မန္တလေး ဈေးချိုကနေ နန်းရှေ့ နိုင်ငံတော် ပရိယတ္တိ သာသနာတက္ကသိုလ်ထက်ကို ဝေးပါသေးတယ်။ စဉ်းစားသာကြည့်ပေတော့ဗျာ။
   အမှန်က ဒီနေ့ အမေ့မေတ္တာရဲူ့ဒုတိယခြေလှမ်းအဖြစ် အလင်္ကာမြေက ဆန်းဒေး စကူးလ်ကျောင်း က ကလေးငယ်တွေရဲ့ အကြောင်း။ သူတို့ရဲ့ ဘာသာရေး ရိုသေ လေးစားမှု အကြောင်း ။ သင်ယူနေတဲ့ ဘာသာရေးအကြောင်း။ သူတို့ဝတ်ဆင်တဲ့ ၀တ်စုံလေးတွေ အကြောင်း စသည်ကို ရေးဖို့ပါ။ သို့သော်လဲ -စပ်မိစပ်ရာလေးတွေ ရေးနေတာနဲ့ မရေးဖြစ်တော့ဘူးဆိုပါတော့။ ဒီတော့ -အမေ့မေတ္တာ၏ ဒုတိယမြောက်ခြေလှမ်းကို ==မနက်ဖန် မှပဲ ရေးသားပါရစေ--နားနိုင်ကြလိမ့်မယ်မလို့ မျော်လင့်မိပါတယ်။ အားလုံး ရွှင်လန်းချမ်းမြေ့ကျပါစေလို့ ဆုတောင်းရင်း--အမေ့မေတ္တာ အရှင်---
Saturday, February 18, 2012
မိခင်များ သားသမီးထံက လိုအပ်သော အရာ
သင့်ဆီက သင့်မေမေ ဘာတွေလိုအပ်နေလဲ သင်သိသလား???
"သား အမေ့ကို ငါးရိုးလေးနွှင်ပေးပါလား အမေ မမြင်ရလို့..."
"ဟာ..အမေကလည်းဗျာ ဒီမှာသားလည်းမနည်းနွှင်စားနေရတာ..အမေစားနေတာလဲကြည့်ပါအုံး ထမင်းလုံးတွေကအောက်ကျလို့ ဂရုစိုက်မှပေါ့အမေရ...."
ထမင်းဝိုင်းမှ အမေအိုကြီး၏ အကူအညီတောင်းသံသည် သားဖြစ်သူ၏
အော်ငေါက်သံနောက်တွင် တိုးလျှိုးပျောက်ကွယ်သွား၏...အသက် ၆၀ ကျော်နေပြီဖြစ်သော သူမအတွက် ထမင်းတလုတ်ကို ပါးစပ်ထဲထည့်ဖို့ လက်တွေက ငယ်ငယ်ကလို သန်သန်မာမာမရှိတော့...ဇရာ၏ နှိပ်စက်မှုသည် သူမတစ်ကိုယ်လုံးကို တုန်တုန်ချိချိ ဖြစ်စေခဲ့သည်.. သူမ၏ အတွေးများသည် လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ဆီသို့တရွေ့ရွေ့ ပြန်ရောက်သွားသည်...
သားငယ်ငယ်က ထမင်းစားသည့်အခါ ထမင်းလုံးများပေပွ၍ ကြမ်းပြင်
ပေါ်တွင်လည်း ပြန့်ကျဲကျလျှက်....ထိုဟာများကို ရှင်းရသည့်အပြင် အရိုးစူးမှာ စိုး၍ အရိုးနွှင်ပေးရသည်....
နွှင်ပေးသည့်ကြားက မတော်တဆ သား အရိုးစူးသည့်အခါ အရိုးမြန်မြန်ကျစေဖို့ ငှက်ပျောသီးချော့ကျွေး၍သား၏ရင်ဘတ်လေးကို ကြင်ကြင်နာနာသပ်ပေးပြီး မိမိ၏ သေချာဂရုမစိုက်မှုအတွက်ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံး
ဖြစ်ခဲ့ရသည်...ခုသူမကိုတော့သားသည်ထိုသို့မဟုတ်ခဲ့....
သားရေချိုးသည့်အခါ ရေဇလုံထဲတွင် ပျော်ပါးမြူးတူးနေသည့် သားကို ချော်လဲမှာစိုး၍ ထိန်းကျောင်းပေးခဲ့ဂရုတစိုက် ရေချိုးပေးခဲ့ရသည့် သူမ.. ခု ရေချိုးခန်းထဲရှိရေညှိများဖြင့် ချောနေသောကြမ်းပြင်ကို အမေချော်လဲမှာစိုး၍ တိုက်ချွတ်ရှင်းလင်းပေးရမှန်း သားသတိမထားမိခဲ့...
ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းတတ်သည့် သူမအတွက် "သားကိုယ်တိုင်သွေးထားတာမေမေလိမ်းဖို့ "ဆိုသည့်
အပြောမျိုး သားပါးစပ်ဖျားကထွက်ကျလာသည်ကို သူမလိုချင်မိသည်...
သို့သော် ငယ်စဉ်က သားကိုပေါင်ပေါ်တင်၍ မိမိသွေးထားသည့် သနပ်ခါးကို သားမျက်နှာပေါ် ကိုယ်တိုင်ကိုယ်ကျ ပါးကွက်ညီညီလိမ်းပေးခဲ့
သည့်အချိန်များကို သားမမှတ်မိတော့....
သားလက်သည်းခြေသည်းလေးတွေကို
တပတ်တခါ ညှပ်ပေးတိုင်း အသားလေးကို ညှပ်မိမှာစိုး၍ ဂရုတစိုက် ညှပ်ပေးခဲ့သည့် သူမမေတ္တာ...
တခါတရံအသားကိုညှပ်မိ၍ သားဆီမှ စူးခနဲထွက်ပေါ်လာသည့် ငိုသံသည် သူမရင်ကိုဗလောင်ဆူအောင် ပြာယာခတ် စေခဲ့မှန်းသားမသိခဲ့.....
ခုသူမလက်သည်းခြေသည်းတွေ ရှည်လာတော့ သားကိုယ်တိုင် မိမိကို ဂရုတစိုက်ညှပ်ပေးတာမျိုး တမ်းတမိသည်...သို့သော် "ဒါလေးလုပ်တာများ အမေရယ် ကိုယ်တိုင်ပဲညှပ်လိုက်ပါလား
သားမအားဘူး"ဆိုသော သားအပြောအောက်တွင် သူမ၏စိတ်ကူးလေးများပျောက်ပျက်သွားခဲ့ရသည်.....
ကလေးပီပီ ကစားကွင်းသွားရတာ နှစ်သက်သော သားအတွက် တပတ်တခါ အလုပ်အားရက်သည် သားနှင့်အတူ ကစားကွင်းတွင် အချိန်ကုန်စေဖို့ဖြစ်ခဲ့သည်...ပျော်ရွှင်မြူးတူးနေသောသားကိုကြည့်ရင်း
သူမရင်ထဲတွင် တပတ်လုံး လုပ်ခဲ့သမျှ အလုပ် အမောတွေ အားလုံး ပြေပျောက်ခဲ့ရသည်... ခုချိန်
ဘုရားသွားချင်၍ "သားဘယ်နေ့အားလဲ အမေ့ကိုလိုက်ပို့ပါလား"ဟူသော မျှော်တလင့်လင့်အမေးကို
အလုပ်အားရက်တိုင်းသူငယ်ချင်းများနှင့် Golf သွားကစားတတ်သော သား၏ အချိန်များကသားကိုယ်စားအဖြေပေးခဲ့သည်....
သားငယ်စဉ်ကျောင်းမနေရသေးခင်ကာလ သူတွေ့သမျှ စာများကို "မေမေဒါဘာရေးထားတာလဲဟင် သားကိုဖတ်ပြ " ဟူ၍ တွတ်တီးတွတ်တာ မေးတတ်သည်.... မိမိ အတွက် သားမေးတိုင်း
ကျောင်းမနေရသေးဘူး ငါ့သားက စာတွေစိတ်ဝင်စားနေပြီဟူသော
ပီတိဖြင့် သားကို ဖတ်ပြရ ရှင်းပြရသည်မှာ
အမောတစ်ခုဟု မထင်မှတ်ခဲ့.....ခု သူမ မျက်လုံးများ ဇရာ၏ နှိပ်စက်မှုအောက်တွင် အရာရာကို
ကြည့်ရမြင်ရသည်မှာ မှုန်တ၀ါးဝါး...
သားကို ဘာရေးထားသည်လဲမေးတော့သားနှုတ်ဖျား မှ
ထွက်ကျ လာသည့် " ဒီလောက်စာလုံးကြီးကြီးနဲ့ရေးထားတာ မမြင်ရဘူးလား အမေရာ "ဆိုသောစိတ်မရှည်သောသား၏အော်သံသည်
မာရသွန်ပြေးပြီး ပြန်လာသောကစားသမား တစ်ယောက်ထက် သူမရင်ကို ပို အမောဆို့စေခဲ့သည်....
သားငယ်ငယ်က ညအိပ်ခါနီးတိုင်း မိမိပုံပြင်စာအုပ်လေးတွေဖတ်ပြမှ သားအိပ်ပျော်တတ်သည်...
သူမသည် သားအတွက် ပုံပြောဆရာမတစ်ဦးဖြစ်ခဲ့သည်...သားမေးသမျှကိုစိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်..ခုတရားစာအုပ်လေးဖတ်ချင်သည့်အခါ သားကိုအကူညီတောင်းမိတော့ "အမေကလည်းတရားခွေတွေ ရှိတာပဲ
နားထောင်ပါလား " ဟူသော သား၏အပြောသည် မှုန်ဝါးဝါးဖြစ်နေသော
သူမ၏ မျက်လုံးအစုံကို ခေတ္တခဏ မိုးရွာစေခဲ့သည်.... သားသည် သူငယ်စဉ်ဘ၀မိမိဂရုစိုက်မှုများကိုမေ့လျော့နေခဲ့သည်...
မိမိ၏ လက်ရှိအသက်အရွယ်သည် လူ့ဘ၀၏
နေ၀င်ချိန်ရောက်နေပြီဆိုတာကို သားသတိမထားမိခဲ့...
ဇရာထောင်းလာသော သူမအတွက် အစစအရာရာသည် ငယ်စဉ်ဘ၀လို သူတစ်ပါးအကူအညီမပါဘဲ လုပ်ကိုင်ဖို့ ခဲယဉ်းသည်ဆိုတာ သားမသိ....
အကူအညီပေးသော ထိုသူတစ်ပါးသည် မိမိရင်မှ
မွေးဖွားခဲ့သော တစ်ဦးတည်းသောသားလေး ဖြစ်စေချင်သည်ကို သားမေ့နေခဲ့သည်....
ထိုဆန္ဒသည်အသက်အရွယ်ကြီးရင့်၍ လူပိုတစ်ယောက်လိုဖြစ်နေသော သူမအတွက် သားကိုဒုက္ခပေးလိုခြင်း မဟုတ်...
သားရင်ခွင်ထဲတွင်နေ၍ သား၏ ပြုစုမှုကို တောင့်တမိသည်...ကြင်နာမှုကို လိုချင်မိသည်..
သား၏မေတ္တာကို မျှော်လင့်မိသည်....မိမိဘ၀၏ နောက်ဆုံးအချိန်များကို သား၏ ကြင်နာနွေးထွေးသောဂရုစိုက်မှုများအောက်တွင် ကုန်ဆုံးချင်မိသည့် မိဘတစ်ယာက်၏ စိတ်ဆန္ဒသပ်သပ်သာဖြစ်သည်....
သို့သော် အထီးကျန်ဆန်လှသော သူမ၏ ဘ၀သည် သူမ၏စိတ်ကူးနှင့် လွန်စွာခြားနားလှသည်....မိမိရင်ခွင်ထဲတွင် ပျော်ရွှင်မြူးတူး
ဆော့ကစားနေခဲ့သော သား၏ ငယ်စဉ်ကာလ ပုံရိပ်လေးကို
ပြန်လည်မြင်ယောင်ရင်း သူမ၏ မျက်ရည်တစ်စသည် ထမင်းဝိုင်းပေါ်ရှိ ထမင်းပန်းကန်ထဲသို့ ပေါက်ခနဲ...................
"သင်၏ ကြင်နာနွေးထွေးသောမေတ္တာတရားကို သင်၏မိဘများ မျှော်လင့်နေကြသည်"
Friday, February 17, 2012
မာတိကမာတာလို အမျိုးသ္မီးများသို့!
 မာတိကမာတာလို အမျိုးသ္မီးများသို့!
သူလိုအမျိုးသမီးမျိုးက လောက သာသနာမှာ ရှိသင့် ရှိထိုက်၊ ချီးကျူးသင့် ချီးကျူးထိုက်ပါတယ်။ အတော်လေးလဲ ရှားပါတယ်။ သာသနာအတွက်လဲ အားကိုးထိုက် အားကိုးသင့်၊စံပြုသင့် စံပြုထိုက်သော အမျိုးသမီးကြီးပါ။ မာတိကမာတာအမျိုးသမီးကြီးဆိုတာ ဘုရားရှင်လက်ထက်တော်ကပေါ့။
   မြတ်ဗုဒ္ဓအထံမှာ ကမ္မဌာန်းတရားများကို နာယူ သင်ကြားပြီး။သင်တင့်သောအရပ်ဒေသများသို့ သွားရောက်၊ကြွရောက်ကြပြီး ကမ္မဌာန်းတရားများကို အားထုတ်တော်မူကြ၏။ မာတိကမာတာ အမျိုးသမီးကြီးသည် သူ့အရပ်ဒေသသို့ ရောက်လာပြီး တရားအားထုတ်တော်မူကြသော ရဟန်းသံဃာတော်များအား ဆွမ်း. သင်္ကန်း.ကျောင်း. ဆေး ပစ္စည်းလေးပါးကို အမြဲ မပြတ် ထောက်ပံ့လှူဒါန်းလေ့ရှိသည်။ သပ္ပါယဖြစ်အောင်လဲ လှူဒါန်းသည်။ သံဃာတော်တွေအားလုံး အေးအေးချမ်းချမ်း တရားအားထုတ်တော် မူနိုင်ကြသည်။ ရဟန်းသံဃာတော်တွေဟာ စိုးရိမ်ကြောင့်မှုကင်းကင်း တရားနှလုံးလဲ သွင်းနိုင်ကြသည်။
   နောက်--မာတိကမာတာသည် ရဟန်းတော်တွေကို တရားထူးရအောင် အာမိသ ဒါနဖြင့် ထောက်ပံ့သလို၊ ဓမ္မဒါန-အဆုံးအမဖြင့်လဲ လမ်းပြ ပြုပပြင်ပေးပါသည်။ မာတိကမာတာ သည် ပါရမီပြည့်ဝခဲ့သော အနာဂါမ်တစ်ဦးဖြစ်သောကြောင့် ရဟန်းတော်တွေနဲ့ တရားဓမ္မကို ဆွေးနွေးပါသည်။
  အထူးအားဖြင့် မာတိကမာတာ သည် သံဃာအားလုံးကိုပင် ကြည်ညို လေးစား ကိုးကွယ် ဆည်းကပ် လှူဒါန်းပါသည်။ကာမရာဂ သံယောဇဉ်လဲ ကင်းပါသည်။ ပုဂ္ဂိုလ်စွဲလဲ ကင်းပါသည်။ ရဟန်းတော်တွေကို တဏှာရာဂ ကင်းကင်း ဖြင့် ၊စေတနာ သဒ္ဓါတရားသက်သက်ဖြင့် ကိုးကွယ်ဆည်းကပ်ပါသည်။ ငါ့သံဃာ၊ငါ့ဦးဇဉ်း၊ ငါ့ဘုန်းကြီး၊ငါ့ကိုယ့်တော်လို့ တပ်မက်ခြင်း စွဲလမ်းခြင်း ကင်းပါသည်။ အထူးလေးစား အတုယူ အားကျစရာ ကောင်းသောအကျင့်လေးပါ။
  အရှင်တို့ ဒီဘက်ခေတ်၊ ဒီဘက်သာသနာမှာလည်း မာတိကမာတာလို အမျိုးသမီးကြီးများ တော်တော်များများရှိကြပါသည်။ ပစ္စည်းလေးပါးကိုလဲ စေတနာ သုံးတန်၊ သဒ္ဓါတရားကောင်းကောင်းဖြင့် လှူဒါန်း ပူဇော်ကြပါသည်။ ကိုးကွယ် ဆည်းကပ် ကြပါသည်။ သာသနာတော်ကြီးကိုလဲ ထောက်ပံ့ကြပါသည်။ စာသင်သံဃာတော်များ၊ တရားအားထုတ်တော်မူကြသော သံဃာတော်များ၊ ဓမ္မကထိက သံဃာတော်များ အေးချမ်းစွာဖြင့် သာသနာပြုနိုင်ကြပါသည်။
   ရေနှင့်ကြာလို ပမာလဲ အလွန်ကို တင့်တယ်လှပါသည်။ ရေကန်ကြီးထဲက ကြာပဒုမ္မာလေးတွေဟာ ရေရှိမှ တင့်တယ် လှပ လန်းစန်းနိုင်သလို ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာတော် သုံးရပ်ကို ကြိုးစားအားထုတ်တော်မူကြသော ကြာနှင့်တူသော ရဟန်းသံဃာတော်အရှင်သူမြတ်များသည်လည်း ရေနှင့်တူသော ဒါယကာ၊ဒါယိကာမများက ပစ္စည်းလေးပါးထောက်ပံ့ လှူဒါန်းမှသာ မြတ်ဘုရား၏ သာသနာတော်ကြီးကို ကောင်းကောင်းမွန်မွန် စောင့်ရှောက် ထိန်းသိမ်းနိုင်ကြပြီး အို နာ သေ မွေး ကင်းသော နိဗ္ဗာန်ကို ရောက်ရှိနိုင်ကြမည်သာဖြစ်ပါသည်။
  သို့သော်လည်း--သာသနာကို ထောက်ပံ့နေကြသော ဗုဒ္ဓဘာသာဝင် များအနေဖြင့် မာတိကမာတာ အမျိုးသမီးကြီးကဲ့သို့ အတ္တ အစွဲ ကင်းကင်း၊ စေတနာ သန့်သန့်၊ ပုဂ္ဂိုလ်စွဲကင်းကင်း၊ နိဗ္ဗာန်ကို ရည်သန်တောင်းဆု ပြုပြီး လှူဒါန်းမှသာ ထာဝရ အေးငြိမ်းရာဖြစ်သော ဗုဒ္ဓဘာသာဝင်တို့ရဲ့ နောက်ဆုံးပန်တိုင်း နိဗ္ဗာန်ကို ဆရာ-ဒကာ ညီမျစွာ ရရှိနိုင်ကြမည်ဖြစ်ပါကြောင်း။။။အားလုံးရဲ့ အရှင်....
Thursday, February 16, 2012
ဝန်ခံချက်
    ရိုးသားစွာ ၀န်ခံလိုက်ပါတယ်၊ ဘလော့ဆိုတာကို ဒီနေ့မှ သိရတာပါ၊ ကြားတော့ ကြားဖူးနေတာပေါ့ ကိုကလဲ တက္ကသိုလ် ကျောင်းသားတစ်ယောက်ပဲလေ။ ဒါပေမဲ့ ဘယ်လိုသုံးရတယ်၊ ဘယ်လို အကျိုးရှိတယ်ဆိုတာကိုတော့ မသိခဲ့ဘူးလေ၊ အခုလဲ တိတိကျကျ သေသေချာချာ တော့ မသိသေးဘူးလေ။
   ယုံကြည်ပါတယ် လောက လူသားတွေအတွက်၊ ဘ၀အတွက်၊ ဘာသာ သာသနာအတွက်၊ နိုင်ငံနှင့် လူမျိုးအတွက် တစ်ထောင့်တစ်နေရာမှာတော့ အကျိုးပြုမယ်လို့။
    နောက်ဆုံး ဗုဒ္ဓဘာသာဝင်တွေရဲ့နောက်ဆုံးမျှော်လင့်ရာဖြစ်တဲ့ အေးငြိမ်းရာ နိဗ္ဗာန်ကိုတောင် ရောက်ရှိ ရရှိ နိုင်တယ်လို့ပေါ့။ ဒါက မိမိရဲ့ ထင်မြင်ယူဆချက် ခံယူချက်ဆိုပါတော့။
   ဘလော့ရဲ့ နာမည်လေးက အမေ့မေတ္တာဆိုတော့ --ပြေစရာတွေက တပုံကြီးနေမှာပါ။ ဘာပဲဖြစ်ဖြစ်လေ ကိုယ်ကြိုက်တာကိုယ်နှစ်သက်တာကိုယ်ပေးကြတာပဲလေ။ လူဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ၊ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ရှိကြပါတယ်၊ဒါတင် ဘယ်ကမလဲလေ--လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့် တွေလဲ ရှိနေပြန်တယ်လေ။ သဘာဝကျကျတွေးကြည့်ရင်လေ။
    ဒီလိုဆိုတော့--ကြိုက်သလို ဝေဖန် ပြောဆိုနိုင်ကြပါတယ်။ လွတ်လပ်စွာ ချီးမွှမ်းမှု၊ ကဲ့ရဲ့ရှုတ်ချမှုတွေကိုလဲ စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်ဆိုတာ အသိပေးပါ့ရစေ။ အမေ့မေတ္တာ ဘလော့မှာပြောတာနော်၊ ကန့်သတ်မှုလေးတော့ ပြုအုံးမှ-တောကြာမလွဲဘူးနော်။
   ဒီအမေ့မေတ္တာ ခေါင်းစဉ်နဲ့ ဒီဘလော့လေးစတည် မွေးဖွားလာပုံကလဲ တမျိုးလေး ဆန်းကြယ်နေပြန်တယ်လေ။ ဒီလိုပါ--ကိုယ်ကလဲ စာပေလေး ခပ်ပါးပါးလေ ၀ါသနာပါတော့ ဘလော့လေးတ်ခု တည်ဆောက်ချင်တယ်ဆိုပါတော့။ အဓိက ကတော့ အင်္ဂလိပ်စာပေပေါ့ဗျာ။ ကိုကလဲ English က ခရေဆီ လေ။ 
  ဒါနဲ့-ဒီနေ့တော့ ညီမောင် သူငယ်ချင်းများဖြစ်ကြတဲ့ ချင်းတွင်းမောင်နဲ့ မျိုးဆက်သစ်အရှင် တို့ရဲ့ အားပေးကူညီမှုနဲ့ ဒီ အမေ့မေတ္တာ ဘလော့လေးကို စတင် ဖန်တီးနိုင်ခဲ့ပါတယ်။ သူတို့ကို ကျေးဇူးတွေလဲ မတင်ချင်လဲ တင်လိုက်ပါတယ်ဗျာ-နော်။
  ပြောရအုံးမယ်-သိလား။နာမည်လေးရွေးတော့ အသိတစ်ခု ရရှိခဲ့ပုံလေး၊ သင်္ခန်းစာ ယူစရာကောင်းပုံလေး၊
စဉ်းစားစရာ ဆင်ခြင်စရာကောင်းပုံလေးပေါ့ဗျာ။ အကျွန်က နာမည်ကို ပေးကြည့်တယ်(ပရဟိတ အရှင်)လို့ပေါ့။ ဒီတော့ ချင်းတွင်းမောင်က ထပြောတယ် ခင်ဗျားက ဘာတွေ များ လူမှုရေးတွေ ပရဟိတတွေ လုပ်နေလို့လဲတဲ့။ ဟုတ်ပါတယ် သူပြောတာမလွန်ပါဘူး ၊မှန်ပါတယ်နော၊ လွန်တယ်ပြောလဲ သူက ဂရုစိုက်မှာ မဟုတ်ပါဘူး။
   တကယ်တော့- ဒါစဉ်းစားစရာပါ၊ ဂုဏ်နဲ့ဒြပ်လိုက်တော့ ပိုကောင်းတာပေါ့။အပြောနဲ့အလုပ် ကိုက်ညီနေတော့ ပိုကောင်းတာပေါ့။ကိုယ့်အတွက်တော့ အသိတစ်ခု တကယ်ကို တိုးခဲ့တာပါ။ လူတိုင်း သတိထားရမဲ့အချက်တစ်ခုပါ။ အများအတွက် ၊ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ဘာသာ သာသနာအတွက် လုပ်နေတဲ့သူတွေဆိုတော့ ပိုလို့တောင် သတိပြုရမာပါ။ ကျေှးဇူးလဲ တင်မိပါတယ်-ချင်းတွင်းမောင်ကိုလေ။
  ဒါနဲ့ အမေ့မေတ္တာ ဆိုတဲ့ခေါင်းစဉ်းလေးကို ရွေးချယ်ဖြစ်သွားတယ်ဆိုပါတော့။ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုပေမဲ့ ဂုဏ်နဲ့ ဒြပ်၊ အပြောနဲ့အလုပ် ကိုက်ညီတော့ ပိုကောင်းတာပေါ့။ ကိုကတော့ --ဒီလိုတွေးမိပါသေးတယ်၊ ကိုယ်ရွေးထားတဲ့ ခေါင်းစဉ်အောက်ကနေ တဖြည်းဖြည်း တည်ဆောက်မယ်ပေါ့။ ကိုယ်ရွေးထားတဲ့ ခေါင်းစဉ်လေးကို စံနမူနာထားပြီး ကိုယ်ကိုကိုယ် ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ အတွေးပေါ့လေ။ အတွေးချင်းမတူညီပေမဲ့ ချင်းတွင်းမောင်ပြောတာက ပိုသဘာဝကျပါတယ်။ အပြောဆိုတာက မသေချာဘူးလေ၊ လက်တွေ့အလုပ်ကမှ ပိုသေချာတာလေ။
   ကဲ့--အမေ့မေတ္တာ အကြောင်းလေး ဆက်ကြရအောင်လား။ အမေ့မေတ္တာကို ဖော်ကြူးခြင်းရယ်ပါ။ အမေ့မေတ္တာကို အရောင်ခြယ်သခြင်းရယ်ပါ။ အမေ့ရဲ့ စေတနာ၊ အကြင်နာ၊ ကရုဏာ၊ မုဒိတာတွေကို ထုတ်ဖော်ခြင်းရယ်ပါ။ အမေ့ရဲ့ တာဝန်ကျေပွန်မှု၊ အမေ့ရဲ့ ပင်ပန်းနွမ်းနွယ်မှုတွေကို ခံစားတတ် နားလည်တတ်အောင် ချပြခြင်းရယ်ပါ။
  ဒါဆို အဖေ့မေတ္တာ၊ ကရုဏာ၊ တာဝန်ကျေပွန်မှု၊ ဆင်းရဲမှုတွေကရော မေးကြပါလိမ့်မယ်။ အဖေက ကြည့်တော့လဲ မှန်ပါတယ်လေ။ သူလဲ တာဝန်ကို ကျေပွန်ခဲ့တာပဲလေ။ အဖေကလဲ အနန္တဂိုဏ်းဝင်ဆိုတာ သိပါတယ်။ အမေ့ကျေးဇူးရော အဖေ့ကျေးဇူးတွေရော ကျေအောင်ဆပ်ဖို့ ခဲ့ယင်းတယ်ဆိုတာ လူတိုင်းအသိပါပဲ။
ဒါပေမဲ--အမေ့မေတ္တာရှင်ကတော့ မယ်တော်မာယာ၊ ယသောဓယာ၊ ဒေါ်စု(ဗိုလ်ချုပ်အောင်ဆန်း၏ အမေ)၊ မိမိရဲ့ မွေးမေမေတို့ကို စံနမူနာပြုပြီး ခေါင်းစဉ်းပေးလိုက်ခြင်းရယ်ပါ။ ကဲ--ဒါက အမေ့မေတ္တာရှင်ရဲ့ ပထမဦးဆုံးသော ခြေလှမ်းတစ်ခုဆိုပါတော့ဗျာ-နော်။
Wednesday, February 15, 2012
Instructing by the Buddha!
         မြတ်ဗုဒ္ဓက သားတော်ရာဟုလာကို ဆုံးမဟောညွန်ပြသော(အမ္ဗလဌိက ရာဟုလောဝါဒသုတ္တ/မဇ္ဈိမနိကာယသုတ္တ ၆၁) အဆုံးအများဖြစ်ပါသည်။
    "မြတ်စွာဘုရားက ချစ်သားရာဟုလာ ချစ်သားပြုတော့မယ် အလုပ်တွေ,ကာယကံမှု၊၀စီကံမှု၊ မနောကံမှု တွေကို သတိထားပြီး ဒီအပြုအမူတွေက မိမိ သူတစ်ပါး ကို ထိခိုက်မှု၊နာကျင်မှုတွေ ဖြစ်-မဖြစ်ဆိုတာကို တွေးတောဆင်ခြင်ပါ။ အဲ့ဒီလို တွေးတောဆင်ခြင်လိုက်လို့ မိမိရော သူတစ်ပါးတွေရော အန္တရာယ်ဖြစ်စေတယ်ဆိုရင် အဲ့ဒီအမှုကို သင်ချစ်သား မလုပ်ရဘူး။ တကယ်လို့ မိမိ သူတစ်ပါးကို အန္တရာယ် အကျိုးဆိုးယုတ်မှု မဖြစ်စေဘူးဆိုရင်တော့ လုပ်နိုင်ပါတယ်။
   ဒီနည်းလမ်းဖြင့် မြတ်ဗုဒ္ဓက ဘာလုပ်ရမယ်ဆိုတာကို တွေးတော့ဖို့၊ ဘာလုပ်နေတယ်ဆိုတာကို သတိပြုဖို့၊ ဘာလုပ်ပြီးပြီလဲဆိုတာကို ပြန်ဆင်ခြင်သုံးသပ်ဖို့ ရာဟုလာကို ညွန်ကြားဆုံးမတော်မူခဲ့ပါသည်။
   မှန်ပါသည် လူတော်တော်များများသည် မိမိအတွက် သူတစ်ပါးကို ခုတုံးလုပ်လိုကြသည်။ မိမိ ဘ၀ သာယာလှပဖို့ သူတစ်ပါးကို ဒုက္ခပေးချင်ကြသည်။မိမိ မိသားစု ချမ်းသာဖို့ သူတစ်ပါး အသိုက်အမြုံကို ဖျက်ဆီးလိုကြသည်၊ မိမိနာမည်ကျော်ကြားဖို့ သူတစ်ပါးကို အပြစ်ပြောချင်ကြသည်။ နောက်ဆုံး မိမိ နိုင်ငံ ကောင်းစားဖို့ သူတစ်ပါးနိုင်ငံကို တိုက်ခိုက်လုယက်လိုကြသည်၊     မိမိလုပ်လိုက်သောအလုပ်၊ ပြောလိုက်သောစကား၊ တွေးလိုက်သောအတွေးသည် မှန် မမှန်၊ အကျိုးရှိ မရှိ၊ သူတစ်ပါးကို အကျိုးယုတ် မယုတ်ကို မတွေးတော မဆင်ခြင် မသုံးသပ်ကြပါ။ ဘယ်သူသေသေ ငတေမာ ပြီးရော၊ ငါမြင်းငါဆိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လေငါထိုး ပုခိုးရောက်ရောက် လူမိုက်ဆန်ဆန် လုပ်တတ်ကြသည်၊
     ဒီကဲ့သို့ လုပ်ခြင်းဖြင့် ပျော်ရွှင်သောဘ၀၊ ငြိမ်းချမ်းသောဘ၀ကို ဘယ်လိုနည်းနှင့်မျ မရရှိနိုင်ကြပါ။. ဘ၀ သံသရာနှစ်ဖြာလုံး ဒုက္ခ သောကတွေသာ ဝေပြီး သံသရာဝဲကြီးထဲမှာ ကျင်လည်နေရအုံးမည်သာဖြစ်ပါသည်။ ပစ္စုပ္ပန်-သံသရာနှစ်ဖြာလုံး ပျော်ရွှင် အေးချမ်းစေလိုသော သူများသည် ရှင်တော်ဘုရား သားတော်ရာဟုလာကို ညွန်ကြား ဆုံးမတော်မူခဲ့သော "ဘာလုပ်ရမယ်ဆိုတာကို တွေးတော့ဖို့၊ ဘာလုပ်နေတယ်ဆိုတာကို သတိပြုဖို့၊ ဘာလုပ်ပြီးပြီလဲဆိုတာကို ပြန်ဆင်ခြင်သုံးသပ်ဖို့" ဟူသော အဆုံးအမ သုံးရပ်ကို လိုက်နာ ကျင့်သုံးခြင်းဖြင့် ဒီဘ၀မှာရော နောင်ဘ၀မှာရော ပျော်ရွှင်သောဘ၀ အေးချမ်းသောဘ၀ကို ရရှိနိုင်ကြမည်သာဖြစ်ပါကြောင်း---ဆန္ဒဖြင့် အားလုံးရဲ့ အရှင်။
    " Rahula,you must be mindful of what you are going to do and consider whether this deed will be harmful to yourself or to others. By considering thus, if you find that this deed will be harmful to yourself or to others, you must not do it. But if this deed will not be harmful to yourself or to others, you may do it."
        In this way, the Buddha instructed Rahula to consider what is to be done , to be aware of what is being done and to reflect on what has been done. In here, we can get a happy and peaceful life by listening and practicing the Buddha's taught in this life as well as next life.