Saturday, March 31, 2012

Myanmar New Year! မြန်မာနှစ်သစ်ကူး!



Myanmar New Year!
မြန်မာနှစ်သစ်ကူး!
          လာမယ့် ဧပြီလ ၁၃ ရက်နေဆို မြန်မာနှစ်သစ်ကူး အတာသင်္ကြန်း  ရေသဘင်ပွဲ တော်ကို ကျရောက်ပါတော့မယ်။ လွမ်းမောစရာ ရင်ခုန်စရာ ပျာ်ရွှင်စရာတွေနဲ့ အတူ ဘ၀သံသရာအတွက် ကောင်းမှုတွေပြုလုပ်ခြင်းဖြင့် နှစ်သစ်တစ်ခု ရင်ဆိုင်ကျော်ဖြတ်ဖို့ အားလုံးက စောင့်မျှော်နေကြပါပြီ။
       မြန်မာ့နှစ်သစ်ကူးဟာ ဧပြီလရဲ့ ဒုတိယအပတ်ထဲမှာ ကျရောက်ပါတယ်။ နှစ်သစ်ကူးကာလကို သုံးရက်တာ အတာသင်္ကြန်ရေကစားခြင်းဖြင့် ကြိုဆိုကြပါသည်။ ရှေ့အစဉ်အလာရ သိကြားမင်းကြီးက လူပြည်ကို သုံးရက်တိုင်တိုင် ဆင်းသက်အလည်လာတယ်လို့ ဆိုလေ့ရှိကြပါတယ်။
   မြန်မာနိုင်ငံမှာ နှစ်အတော်ကြာ နေထိုင်တည်းခိုသူမှန်သမျှ သိကြားမင်း အကြောင်းကို မကြာခဏကြားရမှာပါ။ အချိုသော ပညာရှင်တွေအဆိုအရ သိကြားမင်းသည် ဟိန္ဒူ ဒဏ္ဍာရီပုံပြင်မှ မွေးစားလာခဲ့သော နတ်တစ်ဦးလို့လဲ ဆိုလေ့ရှိကြပါတယ်။ ဒါက အဓိကပြဿနာတော့ မဟုတ်ပါဘူး။
       သိကြားမင်းရဲ့အမည်က နေ့စဉ်လူတွေရဲ့ နုတ်ဖြားမှာရေပန်းစားနေခဲ့ပါတယ်။ သိကြားမင်းကြီးက “ငါ-အမှန်ကိုပြောနေတယ်၊ လုပ်နေတယ်ဆိုတာကို သိတယ်။ ငါ့ကို ကူညီစောင့်ရှောက်လိမ့်မယ်” လို့ လူတွေကယုံကြည်လေ့ရှိကြပါတယ်။ သိကြားမင်းရဲ့ ဇာတ်ကြောင်းက ဒဏ္ဍာရီဆန်နေသော်လည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ အတွေးအခေါ်၊ နေ့စဉ်ဘ၀တွေမှာတော့ များစွာပါဝင်ပက်သက်နေပါတယ်။ နောက်- သိကြားမင်းဆိုတာ ဂရိနတ်တွေလို မသေတဲ့ သူတော့ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်အရ လောကမှာ မသေတဲ့သူ၊ မပျက်ဆီးတဲ့အရာဆိုတာ မရှိပါဘူး။ သို့သော်လည်း သိကြားမင်းက နတ်သား၊နတ်သ္မီးတွေလိုပဲ လူသားတွေထက် နှစ်ပေါင်းများစွာ သက်တမ်းပိုရှည်ပါတယ်။ သို့သော် သိကြားမင်းကြီးရော နတ်သား- သမီးတွေရော လူသားတွေလိုပဲ သံသရာကျင်လည်ရပါတယ်။
      သိကြားမင်းဆိုတာလဲ သာမှန်လူသားတစ်ဦးက စခဲ့တာပါ။ အတိတ်လူ့ ဘ၀များစွာက ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုတွေရဲ့ အစွမ်းကြောင့် သိကြားမင်းဖြစ်လာခဲ့ရတာပါ။ လူပြည်က လူသားတွေလည်း ကုသိုလ်ကောင်းမှုပြု လုပ်ပါက မြင့်မားသောဘုံဌာန၊ ဘုံဘ၀တွေကို ရောက်ရှိနိုင်တယ်လို့ ယုံကြည်ကြတဲ့ အတွက်ကြောင့် ကုသိုလ်ကောင်းမှုများစွာကို ပြုလုပ်လေ့ရှိကြပါတယ်။
  သိကြားမင်း၊ နတ်သား၊ နတ်သမီးတွေဖြစ်လာရခြင်းနှင့် ပက်သက်လို့ ဇာတ်တော်မှာ မြတ်ဗုဒ္ဓရဲ့ အတိတ်ဘ၀တွေမှာ သိကြားမင်း ဘယ်လိုစဖြစ်ပေါ်လာခဲ့တယ် ဆိုတာကို ဖော်ပြထားပါတယ်။ ဟိုတုန်းက မာဃသတိုးသား တစ်ဦးရှိခဲ့ပါတယ်။ သူက လမ်းပြင်ခြင်း၊ တံတားခင်းခြင်း၊ ရေတွင်းတူးခြင်းစသော ကုသိုလ်ကောင်းမှု များစွာကိုပြုလုပ်ခဲ့ပါတယ်။ ဘ၀သံသရာ အတွက်လုပ်သင့်၊ လုပ်နိုင်တာတွေ အားလုံးကို ပြုလုပ်ခဲ့ပါတယ်။ လူ့ဘ၀ သေဆုံးသောအခါ နတ်ပြည်မှာ သိကြားမင်းသွားဖြစ်ပါတယ်။ သိကြာင်းမင်းရဲ့ ပုံပြင်ဇာတ်လမ်းက မြန်မာ ဗုဒ္ဓဘာသာဝင်တွေအတွက် လမ်းညွန်တစ်ခုဖြစ်နေပါတယ်။ သိကြားမင်းဖြစ်ချင်တယ်ဆိုရင် လမ်းပြင်၊ တံတားခင်း၊ ရေတွင်းတူး။ တစ်နေ့နေ့တော့ သိကြားမင်းဖြစ်နိုင်ပါတယ်။
 တကယ်တော့ သိကြားမင်းရဲ့ဘ၀ကလဲ အားကျစရာ ပျော်ရွှင်စရာ၊ ကျေနပ်စရာပါ။ နတ်မိဖုရားကြီးက လေးယောက်၊ နတ်သ္မီးလေးတွေကလဲ များလှပါတယ်။ ဘ၀သက်တမ်းကလဲ အတော်လေးကို ရှည်ကြာပါတယ်။ ဒါပေမဲ့ နတ်စည်းစိမ်၊ သိကြားမင်းစည်းစိမ်တွေကို အရမ်းပျော်ရွှင်ခံစားရင်း သတိတွေမေ့လျော့ကာ သံသရာလည်ကြရပါတယ်။ သို့သော် သိကြားမင်းမှာ ကောင်းသော ခွင့်အရေးတွေလဲ ရှိနေပါတယ်။ ဘာလဲဆို- ဘုရားပရိနိဗ္ဗာန် မစံမှီဟောကြားခဲ့တဲ့ဇာတ်တော်မှာမြတ်စွာဘုရားက သိကြားမင်းကို ဘုရားဟောခဲ့တဲ့ ဒေသနာတော်တွေကို တိုးပွားရှည်ကြာအောင် စောင့်ရှောက်ဖို့ တာဝန်ပေးခဲ့ပါတယ်။ သိကြားမင်းက မြတ်စွာဘုရားရဲ့ နည်းလမ်းအတိုင်း လူသားတွေ နေထိုင်ဖို့ကြည့်ရှု့ရပါတယ်။ ဒီတာဝန်ရှိနေတော့ သူကိုယ်တိုင်က ကုသိုလ်ကောင်းမှုတွေကို မေ့လို့မဖြစ်နိုင်လို့ပါ။
    မြန်မာအတာ သင်္ကြန်ပွဲတော်သည် အတာရေပက်ဖြန်းခြင်း၊ သင်္ကြန်ကျခြင်းဖြင့် နှစ်သစ်ကူး မည်သည်နှင့် အညီ ဆန်းကြယ်သောပျော်စရာ၊ ရှေ့ရိုးရာအစဉ်လာတွေ လွှမ်းနေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့ ဘာသာရေး အနှစ်သာရပါ။ သိကြားမင်းက လူသားတွေ မြတ်ဗုဒ္ဓရဲ့နည်းလမ်းတွေကို ကျင့်သုံးနေထိုင်သလား၊ မနေထိုင်ဘူးလားဆိုတာကို ကြည့်ရှု့စုံစမ်းဖို့ လူ့ပြည်ကို ဆင်းသက်လာပါလိမ့်မယ်။ ဒါကြောင့် ဒီအချိန်ဟာ ကုသိုလ်ကောင်း မှုတွေပြုလုပ်ဖို့အကောင်းဆုံးအချိန်ပါ။ သတိ မေ့လျော့နေသူတွေ ကုသိုလ်ကောင်းမှုပြုလုပ်လေ့ မရှိသူတွေ၊ အပြစ်ကျူးလွန် ထားသူ တွေအတွက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ဖို့ အကောင်းဆုံးအချိန်ပါ။ တကယ်တော့ နှစ်သစ်ကို ကုသိုလ်ကောင်းမှု  ပြုလုပ်ခြင်းဖြင့် ကျော်ဖြတ်တာ ပိုပြီးမွန်မြတ်ပါတယ်။
       အတာသင်္ကြန်နှစ်သစ်ကူးမှာ များစွာသောလူသားတွေက ဥပုသ်သီလ စောင့်ခြင်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း စသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်လေ့ရှိကြပါတယ်။ တစ်ချို့က သောက်ရေဖြည့်ခြင်း၊ ရှေ့ရိုးစဉ်လားအတိုင်း သက်ကြီးရွယ်အို အဘိုးအဘွား များကိုမျက်နှာသစ်ပေးခြင်း၊ ရေချိုးပေးခြင်း စသည်ကိုလည်း ပြုလုပ်ပေးကြပါသည်။ အဲ့ဒီအချိန်တွင် လူသားအားလုံးရဲ့ရင်ထဲမှာ မေတ္တာတရားတွေ၊ အကြင်နာတရားတွေ ကိန်းဝပ်နေပါတယ်။ ကျက်သရေမင်္ဂလာရှိသော နည်းလမ်းအပြုအမူများဖြင့် နှစ်သစ်ကို စတင်လေ့ရှိကြပါသည်။
  နောက်- အတာသင်္ကြန်ပွဲတော် နှစ်သစ်ကူးကာလမှာ စစ်မှန်သော၊ အနှစ်သာရရှိသော သင်္ကြန်ပွဲတော်ဖြစ်ဖို့ တစ်ယောက်နဲ့တစ်ယောက် ရေ-ရေမွှေး ပက်ဖြန်းခြင်းဖြင့် ကောင်းကောင်းမွန်မွန်၊ သန့်သန့်ရှင်းရှင်း၊ အေးအေးဆေးဆေး ပျော်ရွှင်ကြပါသည်။ သူငယ်ချင်း၊ မိတ်ဆွေတွေကြားမှာလဲ ဆခြင်း၊ နောက်ပြောင်ခြင်း၊ ဟာသပြုလုပ်ခြင်းဖြင့် ရာသီနှစ်သစ်ကို ဖြတ်ကျော်ကြပါသည်။ သင်္ကြန်နှစ်သစ်ကူး ပွဲတော်ကို နှစ်ငံအနှံ့အပြား ကျင်းပပြုလုပ်ကြပါသည်။ မြို့ကြီးတွေ၊ မြို့နယ်တွေ၊ ရွာတွေပါမကျန် ပျော်ကြရွှင်ကြ၊ သီးချင်ဆိုကြ၊ ကခုန်ကြ၊ ရေပက်ဖြန်း ဆော့ကစားကြပါသည်။ သင်္ကြန်အတွင်းကာလမှာ ဘုရားကျောင်းတွေမှာ လူငယ် လူကြီးအားလုံး ကုသိုလ်ကောင်းမှုပြုလုပ်လိုသော ရည်ရွယ်ချက်ဖြင့် သွားရောက်လေ့ ရှိကြပါသည်။ လူငယ်လေးများက ဘုရားကျောင်းဝင်းများကို တမြက်ဆီးလှည်းခြင်း၊ အဆောက်အဦး ဘုရားဆင်းတုတော်များကို ရေးဆေးခြင်း၊ ရေသပ္ပါယ်ခြင်း၊ ရဟန်းသံဃာရှင်သာမဏေ ကိုရင်၊ သီလရှင်၊ ဥပုသ်သီတင်းသည်၊ တရားအားထုတ်နေသော ယောဂီများကို ဆွမ်းကပ်၊ ကျွေးမွေးရန် ချက်ပြုတ်နေသော လူကြီး သူမများကို ၀ိုင်းဝန်းပြုလုပ်ပေးခြင်းဖြင့် သင်္ကြန်နှစ်သစ်ကူးကာလကို စိတ်ကြည်ဖြူစွာဖြင့် ပျော်ရွှင်တက်ကြွနေကြပါသည်။
       ဧပြီလရဲ့ အတာသင်္ကြန်းမှာဖြင့် လေထဲမှာ ဂီတသံ၊ သီချင်းသံများက လွင့်ပြန့်နေပါတယ်။ နောက်- ဘယ်ကိုပဲသွားသွား ယာယီမဏ္ဍာပ်များကို တွေ့မြင်နိုင်ပါတယ်။ မဏ္ဍာပ်အတွင်းမှာ သင်္ကန်း၊ သပိတ်၊ ထီး၊ ဖိနပ် များကို ခင်းကျင်းပြသထားပါသည်။ အ၀င်ပေါက်မှာလဲ - သင်္ကြန်းကာလအတွင်းမှာ ရှင်ပြုပွဲ ရဟန်းခံပွဲကြီးကျင်းပပါလိမ့်မယ်။စေတနာသဒ္ဓါတတ်အားသရွေ့ ပါဝင်လှူဒါန်းနိုင်ပါတယ် လှူဒါန်းမှုအတွက် သာဓုပါ၊ ကျေးဇူးပါလို့လဲ ရေးသားထားလေ့ ရှိပါသည်။ ဒီလိုမဏ္ဍာပ်များက သင်္ကြန်းကာလ အတွင်းမှာပြုလုပ်လေ့ရှိသော အဖွဲ့ အစည်းများဖြစ်ပါသည်။ အလုပ်တူ၊ စည်းပွားတူ၊ နေရာတူ၊ ၀ါသနာတူသော လူများပါဝင်လေ့ရှိပါတယ်။ သူတို့ရဲ့အားထားရာက ရှင်သာမဏေပြုခြင်း၊ ရဟန်းဝတ်ခြင်း စသော ကုသိုလ်ကောင်းမှုကို ပြုလုပ်ဖို့ပါ။
   နောက်- ရှင်ပြုအလှူပွဲသည် ဗုဒ္ဓဘာသာ မိသားစုများအတွက်အလွန် အရေးကြီးပါသည်။ သားရှင်လောင်းများကို ရက်သတ္တပတ် နှစ်ပတ်စသည် ဘုန်းကြီးကျောင်းကို ပို့ရပါသည်။ ခေါင်းရိတ် ဆံချရပါသည်၊သင်္ကန်းဝတ်ရပါသည်၊သပိတ်ကိုပိုက်ပြီးဆွမ်းခံကြွရပါသည်။ဆယ်ပါးသီလကို စောင့်ထိန်းရပါသည်။ ရှင့် မိဘများက သူတို့ရဲ့ သားတွေကို ရှင်ရဟန်းပြုပေးရခြင်းအားဖြင့် ကြီးမားသော အခွင့်ထူးလို့ သတ်မှတ်ကြပါသည်။ သူတို့ရဲ့ သားများကို ရှင်ရဟန်းပြုပေးရခြင်းဟာ သူတို့ရဲ့ အသား အသွေးများကို မြတ်ဗုဒ္ဓသာသနာ့ဘောင်သို့ သွတ်သွင်းခြင်းဖြစ်တယ်လို့ အောက်မေ့ဆင်ခြင်ကြပါသည်။
သားယောင်္ကျားလေး မမွေးဖွားကြသော မိဘများကသူ တစ်ပါးရဲ့ သား ယောင်္ကျား လေး များကိုရှင်ရဟန်း  ပြုကေခြင်းဖြင့် ကြီးမားသော ကုသိုလ် ကောင်းမှုမျိုးကို အလွဲခံလေ့မရှိကြပါ။  တစ်ချို့က မိမိကိုယ်တိုင်ရှင်ရဟန်ပြုခြင်းဖြင့် ကြီးမားသော ကုသိုလ်ကောင်းမှုကို ရယူကြပါသည်။ ရှင်ရဟန်းပြုသောသူသည် လောကီစည်းစိမ်ချမ်းသာများကို ပယ်စွန့်ရပါသည်။ မြတ်ဗုဒ္ဓ၏ သာသနာ့ဘောင်မှာ ခဏပဲနေနေ တစ်သက်လုံးပဲနေနေ ခြို့ခြံသော အကျင့်ကိုကျင့်ပြီး ၀ိနည်းတော်နှင့်အညီ နေထိုင် သီတင်းသုံးရပါသည်။ တကယ်တော့ သင်္ကြန်ကာလမှာ ရှင်ပြု ရဟန်းခံပွဲများစွာ ကျင်းပလေ့ရှိကြပါသည်။ ဒါကလဲ အတာ သင်္ကြန်း နှစ်သစ်ကူး ရေသဘင် ပွဲတော်ကာလရဲ့ အစိတ်အပိုင်း တစ်ခုပင် မဟုတ်ပါလား။
အားလုံးနှစ် သစ်မှာ သာယာပျော်ရွှင် ချမ်းမြေ့နိုင်ပါစေ။ လိုရာ ဆန္ဒပြည့်ဝပါစေ။ ဘေးဘယာ ကင်းကြပါစေ။ ဘာသာအကျိုး သာသနာအကျိုး နိုင်ငံအကျိုးကို ဆောင်ရွက်နိုင်ကြပါစေ။ လောကတ္ထစရိယ၊ ဥာတတ္ထစရိယနှင့်အညီ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ သံသရာလွတ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ-လို့။ အားလုံးရဲ့-အမေ့မေတ္တာ အရှင်။

Wednesday, March 28, 2012

psychotherapy!

    Psychotherapy!
  ဒီစကားလုံးလေးက ပညာရှင်တွေရဲ့ သုံးလေ့သုံးထရှိတဲ့ စကားလေးတစ်လုံးဆို မမှားပါဘူး။ ဆိုက်ကိုသရဖီတဲ့-ဆိုလိုတာက ဆေးဝါးနှင့်အခြားဆေးကုသမှုအစား စိတ်ဝေဒနာ၏သဘောကို နားလည်နိုင်အောင် ဆွေးနွေးခြင်းအားဖြင့်ကုသနည်းဖြစ်ပါတယ်။ အရင်တုန်းက ကြားဖူးတဲ့ဆိုပေမဲ့ တစ်ခါမှ မလေ့လာ-မစဉ်းစားခဲ့မိပါဘူး။ အပေါ်ယံ စကားလုံးလောက်မျှကိုသာ ကြားဖူးခဲ့ခြင်းရယ်ပါ။ ခုတော့ အလင်္ကာမြေက-ကေလင်နိယတက္ကသိုလ်-အမ်အေလက်ချာခန်းထဲရောက်မှ လေ့လာခွင့်ရခဲ့ပါတယ်။ အတော်လေးလဲ နားလည်ဖို့ခက်ပါတယ်။ ကိုယ်လဲ မန်းလေး နပသ တက္ကသိုလ်က ဘီအေ ကျောင်းဆင်းတစ်ယောက်ပါပဲ။ ဒါပေမဲ့ ဘီအေ တက်စဉ်က ဒီအတွေးအခေါ်-ပညာရပ်တွေကို သင်ကြားခွင့်-လေ့လာခွင့် မရခဲ့ပါဘူး။ ဒီမှာကတော့ ဒီဂီမျိုးစုံမှာ ဒီအတွေး အခေါ်တွေကို ခေါင်းထဲရောက်အောင် လက်ချာရိုက်နေတယ်ဆိုပါတော့။
   ခု--ဒေါက်တာ ၀ါသန္ထ ပို့ချပေးခဲ့တဲ့ The Buddhist Psychotherapy ဆိုတာလေးကို နည်းနည်းပါးပါး မိမိလက်လှမ်းမှီသလောက် ပြန်လည် ရေးချလိုက်ရခြင်းရယ်ပါ။ ဘာမှတော့ မတတ်ပါဘူး။ ဘာမှလည်း မကျွမ်းကျင်ပါဘူး။ သာမန် စာသင်သားတစ်ယောက်ပါ။ သို့သော်-မိမိစာသင်ခန်းထဲမှာ ပင်ပန်းမှုရဲ့ ရလာဒ်ကို မျှဝေပေးခြင်းရယ်ပါ။
    ဒေါက်တာက--ဆိုက်ကိုသရဖီဆိုတဲ့စကားလုံးက ဆိုက်ကစ်ဆိုတဲ့ စကားလုံးက ဆင်းသက်လာတာပါ။ ဆိုက်ကစ်-Psychic ဆိုတာက ရုပ်ပိုင်းထက် စိတ်ပိုင်းနှင့်ပိုပြီးသက်ဆိုင်-ပက်သက်သော လို့ အဓိပ္ပာယ်ရှိပါတယ်။ ဆိုက်ကိုသရဖီဆိုတာကလဲ စိတ်ဖောက်ပြန်ခြင်း-စိတ်ရောဂါဖြစ်ခြင်း တို့ကိုဖြေရှင်းပေးသော အနောက်တိုင်း ဆေးပညာရပ်မှ ခွဲထွက်လာပါတယ်။ စိတ်ရောဂါကုသမှု-ဆိုက်ကိုသရဖီအရ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ သဘောလက္ခဏာ (physical aspects)နှင့် စိတ်ပညာ သဘောလက္ခဏာ (psychological aspects) တို့ ပါဝင်-သက်ဆိုင်သော စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတွေနဲ့ သက်ဆိုင်နေပါတယ်။ ဒီနေရာမှာ ဆိုက်ကိုသရဖီဆိုတာ စိတ်ပိုင်းဆိုင်ရာဖောက်ပြန်မှုတွေနှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းလို့ ဆိုလိုပါတယ်။
    ဗုဒ္ဓဘာသာ မှာတော့- စိတ်ပိုင်ဆိုင်ရာ ဖောက်ပြန်မှုအားလုံးကို လောဘ-ဒေါသ-မောဟူသော ကိလေသာသုံးပါးလို့ခေါ်ပါသည်။ တစ်ဖန်-ဗုဒ္ဓဘာသာမှာ အရှေ့တိုင်း-အနောက်တိုင်း ရိုးရာ ဓလေ့ နှစ်မျိုးလုံးနဲ့ ခြားနားသော ခွဲခြမ်းစိတ်ဖြာလေ့လာမှုတွေရှိပါတယ်။ လူ့ဘုံအပါအ၀င် (ကာမ)စိတ် ငါးဆယ့်လေးပါးဖြစ်ပေါ်လေ့ရှိသော နတ်ပြည် ခုနှစ်ဘုံရှိပါတယ်။ အဲ့ဒီထဲမှာ-နှစ်ဆယ့်သုံးပါးကတော့ စိတ် ၀ိညာဉ်ရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ နှစ်ဆယ်ကတော့ ကုသိုလ်-အကုသိုလ်နှင့်သက်ဆိုင်ပြီး။ ဆယ့်တစ်ပါးကတော့ လက်တွေ့ကျသော-အခြေခံကျသော စိတ်များဖြစ်ပါတယ်။ အမှန်တကယ်တော့ ဗုဒ္ဓဘာသာရဲ့ စိတ်အယူအဆသည် လူ့ကျင့်ဝတ်နှင့်သာ ဆိုင်ပါသည်။နောက်ထပ် ရုပ်ပိုင်းဆိုင်ရာမှ များစွာသော ခြားနားမှုတွေရှိပါသေးတယ်။
   ဒါအပြင်-ကောင်းမှု-မကောင်းမှု၊ ကုသိုလ်-အကုသိုလ်တွေကို ဖော်ပြဖို့အတွက် ဘောဘ-ဒေါသ-မောဟ- အလောဘ-အဒေါသ-အမောဟ- ခြောက်ပါးသော သဘောလက္ခဏာတွေလဲ ရှိပါသေးတယ်။ မကောင်းမှုများကို ပယ်ရှားခြင်းအားဖြင့် မိမိတို့ရဲ့ နေ့စဉ်ဘ၀တွေမှာ လူ့မှုညီညွတ်ရေး၊ ပျော်ရွှင်မှု၊ ကျန်းမာရေးကောင်းမှု စသည့် လောကီအကျိုးများနှင့် လောကုတ္တရာအကျိုးများကို ရရှိစေပါတယ်။ နောက်-စိတ်က လူသားတွေရဲ့ အကျင့်စရိုက်များကိုလဲ လွှမ်းမိုးနေပါတယ်။ ဒါကြောင့် ဓမ္မပဒမှာ-မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဌာ မနောမယာ- စိတ်သည် ကုသိုလ်-အကုသိုလ်တရားတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်ပါသည်-လို့ ဆိုပါသည်။ ဒါကြောင့် မိမိသည် မိမိရဲ့စိတ်ကို ကောင်းစွာ ထိန်းကျောင်းသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ စိတ်သည် တအား ထက်သန်နေပါက ကိုယ်ခန္ဓာကို လေးနက်စွာဖြစ်စေသောကြောင့်ဖြစ်သည်။ ဗုဒ္ဓဘာသာမှာ စိတ်ကျန်းမာမှုအတွက် အပြင်ပိုင်းဆိုင်ရာ သဘောတရားများကို ထိန်းချုပ်နေမဲ့ အစားလူသားတွေရဲ့ စိတ်စွမ်းရည်များကို တိုးတက်မြင့်မားစေခြင်းက လူ့လောက သံသရာ-လောကဓံတရားများကို ကောင်းစွာရင်ဆိုင် ခြင်းဖြစ်ပါသည်။
   နောက်ထပ်-စိတ်ပြဿနာတွေကို တွေးတော ဖြေရှင်းဖို့ အဆင့် သုံးခုရှိပါသေးတယ်။ ပထမ- သဘောကျခြင်း-မကျခြင်းကို ဆင်ခြင်သုံးသပ်နိုင်ပါတယ်။ ဒုတိယ-လောဘ-ဒေါသ-မောဟ။ တတိယ-အဘိဇ္ဇာ-ဗျာပါဒ-မိစ္ဆာဒိဌိ တရားများကို သုံးသပ်နိုင်ပါတယ်။ အဲ့ဒီထဲမှာ--ပထမအဆင့်က အကုသိုလ် ကံတရားများ။ ဒုတိယအဆင့်က အကုသိုလ်တရားတို့၏ အရင်းအမြစ် မူလ။ တတိယအဆင့်က-ကြီးထွားလာမှုပါ။ အခု -နောက်ဆုံးအဆင့်က လူ့အဖွဲ့အစည်းမှာ ပြုလုပ်မယ်ဆိုပါက လူ့အဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေပါတယ်။ လူသားတွေရဲ့ အသက်တွေ ဆက်လက်ရှင်သန်နိုင်ဖို့ သဘောကျမှု-မကျမှု-ကောင်း-မကောင်းကို ကြိုက်နှစ်သက်-ယူသင့်ပါတယ်။
    လောကသဘောတရားက မမြဲသောကြောင့် လူသားတွေဟာ မိမိတို့ကြိုက်နှစ်သက်မှု အရာအားလုံးကို မရနိုင်သလို ၊ မနှစ်သက်တာတွေအားလုံးကိုလဲ မပယ်ရှားနိုင်ပါဘူး။ ဒါကြောင့် လူသားတွေဟာ အမြဲတမ်း စိတ်သောက-တုန်လှုပ်မှုတွေဖြစ်ကြရပါသည်။ ဒီမှာ- လူသားတွေရဲ့ ပြဿနာက သဘောကျမှု-မကျမှု၊ လိုချင်မှု-မလိုချင်မှုတွေကို မကန့်သတ်နိုင်ခြင်း-မထိန်းချုပ်နိုင်ခြင်းပါ။ ဆေးကုစားခြင်းအနေနဲ့-လူသားတွေဟာ ကိုယ်ကျင့်သီလဖြင့် သဘောကျမှု-မကျမှု တွေကို ပထမ ပယ်သတ်သင့်ပါတယ်၊ ရပ်ပစ်သင့်ပါတယ်။ နောက်--လောဘ-ဒေါသ-မောဟ တရားများကို ပယ်သတ်ဖို့ သမာဓိ ရှိလာပါလိမ့်မယ်။ လူသားတွေဟာ သီလ-သမာဓိ-ပညာဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာများကို တစ်ဆင့်ခြင်း ကုစားရပါလိမ့်မယ်။ နောက်ဆုံးတော့-ကျန်းမာခြင်းသည် ကြီးမားသော လာဒ်ကြီးအနေနဲ့ ဗုဒ္ဓဘာသာမှာ လောကီ အကျိုးတရားများကို ရရှိနိုင်ပါတယ်။
  သို့သော်လည်း- လောဘ-ဒေါသ-မောဟ အကုသိုလ်တရားများကို ပယ်သတ်ပြီးသော်လည်း စိတ်ကျန်းမာမှု-ချမ်းသာမှု-ငြိမ်းချမ်းမှုကို အပြည့်အ၀ မရရှိနိုင်ပါ။ ဒါကြောင့်-တကယ်စစ်မှန်သော စိတ်ကျန်းမာမှု-ချမ်းသာမှု-ငြိမ်းချမ်းမှုသည် နိဗ္ဗာန်သာဖြစ်သည်-လို့ ဒေါက်တာ ၀ါသန္ထက လက်ချာပေးခဲ့ပါသည်။
  အထက်ပါ ဆောင်းပါးသည် အမ်အေ စာသင်ခန်းထဲက လက်ချာ သဘေားတရားမျှသာ ဖြစ်ပါသည်။ ပြည့်စုံမည်မဟုတ်-ကျေနပ်နိုင်မည် မဟုတ်- အမှားကင်းနိုင်မည် မဟုတ်။ သိသူဖော်စား -မသိသူကျော်သွား -ဝေဖန်ထောက်ရှု့ ကာ ကိုယ်ကျန်းမာမှု-စိတ်ချမ်းသာမှုများကို ရရှိနိုင်ကြပါစေလို့--မေတ္တာများစွာဖြင့်-အမေ့မေတ္တာ အရှင်--

Tuesday, March 27, 2012

The Meaning of Bodhisatta

    The Meaning of Bodhisatta
   One who aspires to attain Samma Samboddhihood, the perfectly self-enlightened one is called a Bodhisatta. Bodhisatta is PaLi word. The word itself is derived from Bodhi   and Satta. Bodhi is maggañana, the fourfold insight knowledge of the path with   accompaniment of omniscience Sabbannutañana). Satta is living beings. Therefore, one   who  aspires to attain Bodhi is called Bodhisatta. These are three kinds of Bodhisatta  known  as Samma Sambodhi, Paccekabodhi and Savakabodhi. Sammasambodhi is the one who had an enlightenment consisting of the fourfold insight-knowledge of the path, understanding the four noble Truths by his own intellect.
      
   Furthermore, he could make others realize the things mentioned above and the way to
Nibbana. Paccekabodhi is the one who had enlightenment consisting of the Fourfold Insight knowledge of the path, realizing the Four Noble Truths without being taught. Savakabodhi is the one who serves others but his capacity for the save of others is limited. He practiced the teaching of the Buddha and finally attained Nibbana.

Monday, March 26, 2012

Taking the Truth Refuge

Taking the Truth Refuge!
    In this world, every religion has its own concept of what is regarded to be the goal of spiritual life. For some religions, eternal life in heaven or paradise with the Lord is the final goal. For some the ultimate aim in life is the union of universal consciousness, because it is believed that life is a unit of consciousness and it must return to the same original consciousness. Some religions believe that the ending of suffering or repeated birth and death is the final goal. For others, even heavenly bliss or union with Brahma (creator) is secondary to the uncertainty of existence, no matter, whatever form it takes. And there are even some who believe that the present life itself is more than enough to experience the aim of life.
   To attain the desired goal, every religion offers a method. Some religions ask their followers to surrender to God or depend on God for everything. Others call for stringent asceticism as the means of purging oneself of all evil through self mortification. Some others recommend the performance of animal sacrifices. And many kinds of rises and rituals as well as the recital of mantras for their purification to gain the final goal. There is yet another which upholds diverse methods and devotions, intellectual realization of truth, and concentration of the mind through meditation.
      Each religion has a different concept of punishment for evil deeds. According to some religions, man is doomed forever by God for his transgressions in this one life. Some others say that action and reaction (cause and effect) operate due to natural laws and the effect of a deed will only be experienced for a certain period. Some religions maintain that this life is only one of so many, and a person will always have a chance to reform himself in stages until he finally evolves to attain the goal of Supreme Bliss.
    Given such a wide variety of approaches, interpretations and goals of different religions adopted by mankind, it is useful for people not to hold dogmatic views about their religion but to be open to and tolerate of other religious views.
   The Buddha said: ‘one must not accept my teachings from reverence, but first try them as gold is tried by fire.’ The lord (Buddha) said, concerning with taking refuge to the real truth;
         Yoca buddhanca dhammanca.
         samghanca saranam gato.
         cattari ariyasaccani.
         sammappannaya passati.
         dukkhan dukkhasamuppadam.
         Dukkhassa ca atikkamam.
         ariyam athangammaggam.
         dukkhupa samagaminam: (3)1
   “One who takes refuge in the Buddha, the Dhamma and Samgha, sees with Magga• insight the Four Noble Truths, viz, dukkha, the Cause of Dukkha, the Cessation of Dukkha, and the Noble Path of Eight Constituents which leads to the Cessation of Dukkha.” In fact, taking refuge to the Three Refuges trusty is free from gangers and gets the benefits of both present life and future life. And then, the gods, king of the Devas, the persons with super natural powers, the alchemist who possesses super natural powers will look after, help and protect the persons who take refuge to the Three Gems, cause of they also take refuge to the Three Gems respectively.
  The king of the Devas, frightened extensively, when he realizes he is going to pass away, and he approach to the Buddha, and listen to the discourses of the Buddha, and then, when he is listening to the discourse by the Buddha, pass away, and he was born back in the celestial world as a the king of the Devas immediately.
    Therefore, who make to become a king of the Devas? The answer “The Buddha” is. So, don’t take refuge the king of the Devas beyond the Buddha. Especially, it will be ruined, if you meet with the foolish king of the Devas. I want to tell, here, a story of about a trader’s family. There is a house of two traders’ wife and husband in a village. They have a beautiful and clever daughter. Their daughter died at sixteen years. Then, her mother was very sorrowful cause of her daughter died. After that, mother goes to the cemetery bringing snacks and put on her daughter’s cave, and weeps loudly. In that cemetery, an opium smoker used to smoke opium. He needs some money to buy opium. He gets an idea when he saw crying mother. Therefore, he buy the king of coarse paper made from paper mulberry pulp in Main Kain and he make a Sakka’s cloth, and stick tinsel on the cloth. In the next day, the opium eater goes to the cemetery early, and wears the Sakka’s cloth. After that, he climbs up banyan tree, near the cave of lady daughter. In arrive time, the mother cries at her daughter’s cave, bringing flowers and foods. The opium eater, “Shun Shun” shakes the branches of banyan tree. The mother, “Oh the king of the Devas, where are you from?” asks looking up he head.
  The opium smoker, “The king of the Devas, who govern the Tavatimsa* celestial world, is me,” answer with the vice of form of address. The mother asks with great expectation, “The king of the Devas, don’t you know my little daughter?” “I come down to mundane world from the celestial world, cause of I know about her.” “O dear, what kind of case?” “Like this, you put in only fourth money for the ferriage when your daughter dies. It can not buy a pancake in celestial world. Other goddesses celebrate festivity daily, with ornaments what their parents put in. Your daughter is sitting and crying cause of she has not ornaments. Don’t cry, I will tell your mother about you, and I come down in to the mundane world, cause of I pity her. If so, can I give you my daughter’s ornaments.” “Oh, why not, you can, go and bring the ornaments hurriedly.” “Good.” Mother goes back to home quickly and bring a packed of ornaments in the box. And she goes back to the cemetery hurriedly without closing the box of ornaments. “Oh- king of the Devas, take, take, and my daughter’s ornaments, give my daughter please, in there.” “You are rest assured, your daughter must be happy, okay, go back without worry and care.” When mother go back to, the opium eater can be climb down on the banyan tree. Mother returns to village satisfied. Her husband comes back to house from the village, he saw opening the box and losing the packed of ornaments, and he go to cemetery riding a horse. When he meet his wife, she “O dear, you lost the time going round in the village. I met the king of the Devas. I send the ornaments to the daughter with him indirectly.” “Ah! Ah! Where is he?”  “At the cemetery.”
   The husband goes to the cemetery riding a horse hurriedly. When he arrives in there, he sees the king of the Devas, who entering in to the bush. He descends and follows the opium eater, after ties the rope of bit of a bridle at the banyan tree. The opium smoker skilful about the forest. And he comes back to the banyan tree after running crookedly. And then, he jumps up the house and runs away. The trader man can not follow to catch him. Therefore, he cries out, “Hey, king of the Devas, tell my daughter, please, that father give you a horse as a present.” That, cause of false of worship, lost both the world of nature and the cycle of death and birth.
    Therefore, if men take the true refuge, can get the happiness of man, happiness of gods and happiness of Supreme Being (Brahma)+ after cession of any suffering. In the last life, they realize the Ultimate Reality (Nibbana)*. Therefore, men, steadily, believing that there is nothing other refuge except Three Refuges. And it is very important, to understand and realize the definition of and about Three Refuges, and to take lessons and to makes use of for one’s life until to die.
   Therefore, take the safe of your life. Take refuges only the Three Refuges. Take the develop and noble of your life by keeping the Three Gems forever. May your life be beautiful and elegant from time to time!
                                                                                                                     To go on!

Saturday, March 24, 2012

ရုပ်တရား၏ အလှသဘော!

           ရုပ်တရား၏အလှသဘော!
         အဆန်းတကြယ် ခြယ်သထားသည့် အရုပ်နှင့်တူသော အရိုးတို့အပြည့်ဖြင့် ထောင်းထားအပ်သော, အနာရောဂါတို့ စုဝေးရာဖြစ်သော, နာကျင်တတ်သော, များစွာသောလူတို့ ကြံစည်အပ်သော ခန္ဓာကိုယ်ကို ကြည့်လော့။ အမြဲတစေ တည်မြဲနေခြင်းသည် မရှိချေ။
         "Behold the paired image , a body full of wounds, put together, diseased, the object of thought of many, in which    here is neither permanence nor stability."
              ယဿ စိတ္တကတံ ဗိမ္ဗံ၊ အရုကာယံ သမုဿိတံ။
              အာတုရံ ဗဟုသင်္ကပ္ပံ၊ ယဿ နတ္ထိ ဓုဝံ ဌိတိ။
       ဒီတရားတော်လေးကို မြတ်စွာဘုရားက သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်ကြီးမှာ သီတင်းသုံးစဉ် သီရိမာလို့ခေါ်တဲ့ ပြည်တန်ဆာမလေးကို အကြောင်းပြုပြီး ဟောကြားခဲ့ပါတယ်။ တစ်ခါတုန်းက ရာဇဂြိုဟ်ပြည်မှာ သီရိမာလို့ခေါ်တဲ့ အရမ်းကို ချောမောလှပတဲ့ ပြည်တန်ဆာမလေး နေထိုင်ခဲ့ပါတယ်။ သူမက နေ့တိုင်းရဟန်းရှစ်ပါးကို ဆွမ်းကပ်လေ့ရှိပါတယ်။ သီရိမာအိမ်ကိုဆွမ်းစားကြွဖူးတဲ့ ရဟန်းတော်တစ်ပါးက အခြားသော ရဟန်းတော်များကို သီရိမာရဲ့ လှပပုံ၊ နေ့စဉ်သံဃာတော်တွေကို အရသာရှိသော ဆွမ်းခဲဘွယ်များကို ကပ်လှူပုံကို ပြောပြပါတယ်။
     သီရိမာ အကြောင်းကိုကြားသိတဲ့ ကိုယ်တော်လေးတစ်ပါးက သီရိမာကို မမြင်ဘူးပါဘဲနဲ့ ချစ်မိသွားတယ်။ နောက်နေ့ ဒီကိုယ်တော်လေးက အခြားသော ရဟန်းတော်များနဲ့အတူ သီရိမာ အိမ်မ်ကို ကြွသွားခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီနေ့က သီရိမာလေးက အတော်လေးကို နေမကောင်းဖြစ်နေတာပါ။ ရဟန်းသံဃာတော်တွေကို ရှိခိုးဖို့တောင် သူရဲ့ မောင်းမတွေက သယ်မပေးရတာပါ။ သီရိမာကို မြင်တော့ ကိုယ်တော်လေးက" အော်-သီရိမာရယ် နေမကောင်းဖြစ်နေတာတောင် အရမ်းကို လှပနေပါလား" လို့ တွေးမိခဲ့ပါတယ်။ နောက်-ကိုယ်တော်လေးက သီရိမာအပေါ်မှာ အတော်လေးကို ဆန္ဒတွေက ပြင်းထန်ခဲ့ပါတယ်။ အတော်လေးကို ပိုပြီး တပ်မက်သွားခဲ့တယ်လေ။
     အဲ့ဒီညမှာပဲ-သီရိမာ သေသွားခဲ့တယ်။ ဘုရင် ဗိမ္ဗိသာရက မြတ်ဗုဒ္ဓအထံကို သွား လျှောက်တယ်။ ဇီဝကရဲ့ နှမတော်သီရိမာလေး သေရှာပြီဘုရား လို့။ ဘုရားက ပြန်မိန့်တယ်။ ဒကာတော် မင်းကြီး- အလောင်းကောင်-ခန္ဓာကိုယ်ကို သုဿန်ကို သယ်သွားပါ။ မီးမရှို့ဘဲ သုံးရက်ထားပါ။ ကျီးကန်းတွေ-လင်းတတွေကိုတော့စောင့်ရှောက်ပါလို့။ ဘုရင်က ဘုရား ဆန္ဒအတိုင်း ဆောင်ရွက်ခဲ့ပါတယ်။ လေးရက်မြောက်မှာ- သီရိမာရဲ့ အသေကောင် ကိုယ်ခန္ဓာကြီးဟာ အလှအပတွေ-တပ်မက်စရာတွေ မှရှိတော့ပါဘူး။ ဒွါရကိုးပေါက်မှ ပုတ်ပွ ဖောင်းကားလာပြီး လောက်တွေ တက်နေခဲ့ပါတယ်
    အဲ့ဒီနေ့မှာပဲ မြတ်စွာဘုရားက ရဟန်းတော်တွေကို သီရိမာရဲ့ အလောင်းကောင်ကြီးကို ရှုမှတ်စဉ်ခြင်ဖို့ သုဿန်သို့ ခေါ်လာခဲ့ပါတယ်။ ဘုရင်ကလဲ နောက်လိုက်များစွာနဲ့ သုဿန်သို့ ရောက်လာခဲ့ပါတယ်။ သီရိမာကို စွဲစွဲလန်းလန်း ချစ်ခဲ့သော ရဟန်းတော်လေးက သီရိမာ သေပြီဆိုတာကို မသိခဲ့ပါဘူး။ မြတ်စွာဘုရား နဲ့ သံဃာတော်တွေ သီရိမာဆီကို ကြွမယ်ဆိုတော့မှ သူက ထ လိုက်လာခဲ့ပါတယ်။ သုဿန်အရောက်မှာ မြတ်စွာဘုရားနဲ့သံဃာတော်တွေ၊ ရှင်ဘုရင်နဲ့ မှူးမတ်တွေ ခြံရံပြီး သီရီမာရဲ့ အလောင်ကောင်ကြီးကို ၀ိုင်းရံကြပါတယ်။
     နောက်--မြတ်ဗုဒ္ဓက - သီရိမာကို တစ်ညအသပြာတစ်ထောင်ပေးခြင်းငှါ စွမ်းနိုင်မည်လား လို့ကျေငြာဖို့ ဘုရင်ကို မိန့်ခဲ့ပါတယ်။ သို့သော် တစ်ယောက်မှ အသပြာတစ်ထောင်ဖြင့် သီရိမာကို လိုချင်သူ မရှိခဲ့ပါဘူး။ နောက်-အသပြာ ငါးရာ။ နောက်-အသပြာ နှစ်ရာငါးဆယ်။ နောက်-အခမဲ့တောင် သီရိမာကို လိုချင်သူ မရှိခဲ့ပါဘူး။
     နောက်--ဗုဒ္ဓက " ချစ်သား-ရဟန်းတို့ ! ကြည့်လိုက်စမ်းပါ သီရိမာကို။ သူမ အသက်ရှိစဉ်တုန်းကတော့ သူမနဲ့ အတူ တစ်ညတာပျော်ပါးဖို့ အသပြာတစ်ထောင် ပေးချင်သူတွေ များစွာရှိခဲ့ပါတယ်။ ခုတော့-အလကားပေးတာ-အခမဲ့ဆိုတာတောင် သူမကို ဘယ်သူမှ မလိုချင်ကြတော့ဘူး။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြီးဟာ ဆွေးမြေ့ ယိုယွင်းသွားရတယ်-လို့။
 တရားဒေသနာတော်ရဲ့ အဆုံးမှာတော့ သီရိမာကို စွဲလန်းလို့ အသဲတွေကျွမ်းခဲ့ရတဲ့ကိုယ်တော်လေး သောတာပတ္တိ အဆင့်ကို ရောက်သွားပါတယ်။
      ဒီဒေသနာတော်လေးကို ဖတ်ပြီး အားလုံးသော သက်ရှိသတ္တ၀ါတွေသည် သေရမည်သာ ဖြစ်သည်။ အသက်ရှင်ခြင်းအစ သေဆုံးခြင်းသာ အဆုံးရှိခြေ၏။ ပျိုမြစ် လှပခြင်းအစ အိုမင်း ရင့်ရော်ခြင်းသာ အဆုံးရှိခြေ၏။ ချစ်ခြင်းအစ မုန်းခြင်းသာလျှင် အဆုံးရှိခြေ၏။ပြုံးခြင်း အစ- ငိုခြင်းသာလျှင် အဆုံးရှိခြေ၏။ တွေ့ဆုံခြင်းအစ-ကွေကွင်းခြင်းသာလျှင် အဆုံးရှိခြေ၏။ တရားသဘောကို နားလည်သဘောပေါက်ကာ လိုတာထက် ပိုမချစ်မိဖို့။ ရှိသင့်တာထက် သံယောဇဉ်တွေ ပိုမထားမိကြဖို့။ သတိတရားတွေအမြဲထားကာ-မသေခင် လူ့ဘ၀ခဏတာအချိန်လေးမှာ ဒါန-သီလ-ဘာဝနာတွေကို မမေ့ဖို့။ လူ့ဘ၀ဆိုတာ ရေဗွက်ပမာ ခဏလေးရယ်ပါ။
    နောက်--လှပသူတွေက အလှတရားအပေါ်မှာ ရှိသင့်-ထာသင့်သော မာနထက် ပိုမထားမိကြဖို့။ ချမ်းသာသော သူများကလဲ စည်းစိမ်ဥစ္စာအပေါ်မှာ လိုတာထက်ပိုပြီး မတွယ်တာကြဖို့-အသိလေးဝေငှခြင်းရယ်ပါ။ အားလုံး ကာယ -စိတ္တ နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။ အရှင်--နရိန်။

Taking Refuge to the Imposter!

Taking Refuge to the Imposter
The Buddha made discourse on taking refuge to the imposter and the truth
refuge, analytically, after becoming Buddha.
The Buddha expounded in the text of the paLi canon of Dhammapada;
        Netamkho saranam khemam.
       Netam sarana muttamam.
      Netam sarana mAgamma.
       Sabbadukkha muccati. (2) 3
“Such a refuge is not a safe refuge, not the best refuge. One is not liberated from all evil consequences of existence (dukkha) for having come to such a refuge.” According to above the Buddha’s speech, it is very important not to rely on,
not to worship to the Refuge what is can not give the peace of all suffering. At the present time, the most Buddhists thought and take refuge to the persons, such as the gods, the king of the Devas, the persons with supernatural powers.
   It should not cover the Buddha’s statues and images with the bananas of godsand offertory consisting of hands of bananas and coconut. It should be make therespect and sharing universal love to the persons, who belief one selves, after remembering and missing them, cause of meritorious deeds or good actions. But, it will be happen a danger, if pay respect and refuge the gods, king of the Devas, the person with super natural powers (Vijja), the alchemist who possesses super natural powers, SurassatI, Boetaw and so on, together with the three refuges.
  The Buddha said taking refuge to those persons is not the truth refuge, as is not the refuge what is can not give a peace from all troubles. We can not liberate from the suffering from the round of rebirth of the cycle of death and birth (SaMsarA)∗ by taking refuge to those persons. For the Buddhists or man, taking refuge to those persons can not get benefits on the present life and future life. It causes us the suffering in the present life, and will doom to a state of downfall in future life.
     In the present time, the most Buddhists used to take refuge to those persons. It is not good for the Buddhists who are take refuge to them, because it is not the truth and noble refuge. So, men should take refuge to the truth and noble to get benefits in their daily live.

Friday, March 23, 2012

ဆုတောင်းခြင်း!

          ဆုတောင်းခြင်း!
    ဆုတောင်းဆိုတဲ့ စကားတစ်ခွန်းကို စဉ်းစားမိတာလေးချရေးခြင်းရယ်ပါ။ ဘာရယ်မဟုတ်ပါဘူး။
ဒီနေ့ ကျောင်းကပြန်လာတော့ ဆုတောင်းနေသော ဘာသာဝင်အချို့ကို တွေ့ခဲ့တယ်။ ကျောင်းသွားတိုင်းတွေ့နေတဲ့မြင်ကွင်းတစ်ခုပါ။ တစ်ခါမှ ဒီအတွေးမျိုး မရခဲ့ဘူး။ ဒီနေ့တော့ ဘယ်လိုကနေ အတွေးကရောက်လာတယ် မသိဘူး။ ဒိုင်းဆို ဘတ်စကားပေါ်က ဆင်း ဆင်းချင်း တောင်းဝေါနဲ့ ကပ်ရက်ဖြစ်သော အစ်လာမ်ဗလီတစ်ခုတွေ့တယ်။ အစ်လာမ်ဘာသာဝင်တွေ အတော်လေးကို များပါတယ်။ နေ့တိုင်းလိုလို ဆုတောင်း ၀တ်ပြုနေကြတာပါ။ စည်းလုံးမှုကတော့ မိမိဘာသာဝင်တွေထက်ပိုတယ်လို့ပြောရမှာပါ။
     သူတို့တစ်တွေဟာ သူတို့ဘုရားသခင်ကို ရှိခိုးဆုတောင်းပုံကလဲ အတော်လေးကို သဘောကျလောက်ပါတယ်။ သူတို့ ဘာသာဝင်တွေဟာ ဘုရားဝတ်တတ်သံကို ဘယ်နေရာကနေပဲကြားကြား ကြားတဲ့နေရာကနေ ဗလီိကို လာရင်လဲ လာ၊ မလာရင်လဲ ကြားတဲ့နေရာကနေ့ လက်အုပ်ချီ-မတ်တပ်ရပ် ရှိခိုး-ဆုတောင်းရတယ်ဆိုပဲ။ ဒီလောက်ထိတောင် သူတို့ ဘုရားသခင်ကို ယုံကြည်အားထားကြတာပါ။
     ဒါပေမဲ့ --စိတ်မကောင်းစရာကောင်းတာက များစွာသော အစ်လာမ်ဘာသာဝင်တွေက ဘုရားသခင်ကို ရှိခိုးဆုတောင်း နေကြသော်လည်း။ အဲ့ဒီ ဗလီကြီးဘေးမှာပဲ လူမျိုးစုံကို တွေ့ရ မြင်ရပါတယ်။ တစ်ချို့က ခြေ မသန်-လက်မသန်။ တစ်ချို့က တွန်းလှည်တွေပေါ်မှာ ဝေဒနာတွေကို ခံစားလျှက်။ တစ်ချို့က ကိုယ်ခန္ဓာမှာ အနာများစွာဖြင့်။ တစ်ချို့က လမ်းဘေးမ- ဗလီဘေးမှာ ပို့လို့ပက်လက် အိပ်လျှက်။ တစ်ချို့ကလဲ လက်ဝါးလေးတွေကို မြှောက်မြှောက်ပြီး ဘ၀၀မ်းစာရေးအတွက် တောင်းနေကြလေရဲ့။
      သူတို့တစ်တွေက ဘုရားသခင်ကို ယုံယုံကြည်ကြည် ရှိခိုးဆုတောင်းနေကြပေမဲ့ အစ်လာမ်ဘာသာဝင်တွေ အချို့ ဒုက္ခ တွင်းနက်နေလျှက်ပါပဲ။ သူတို့ဘုရားသခင်က ဆုလာဒ်တွေကို ဘာကြောင့်မပေးပါသလဲ။ သူ့ဘာသာဝင်တွေကို ဘာကြောင့် ပြန်မကြည့်ပါသလဲ။ ဒါက စဉ်းစားစရာပါ။
     နောက် ခရစ်ယာန်ဘာသာဝင်တွေကိုလဲ ကြည့်ကြည့်လိုက်ပါ။ မထူးတာကို တွေ့ရလိမ့်မယ်လေ။ သူတို့တစ်တွေကလဲ ထာဝရ ဘုရားသခင်ကို ရှိခိုး ဆုတောင်းဖို့ ချက်ကျောင်းတွေကို မအားလပ်တဲ့ကြားက တက်ကြရတယ်။ သို့သော်-သူတို့တစ်တွေလည်း ဆင်းရဲ့တဲ့သူက ဆင်းရဲ။ ဒုက္ခရောက်သူက ရောက်။ ငတ်မွတ်သူက ငတ်မွတ်။ ဒါဆို ဘုရားသခင်ကို ရှိခိုးဆုတောင်းပါလျှက်နဲ့ ဘာကြောင့် ဘုရားသခင်က ပြန်မစောင့်ရှောက်သလဲ။ ဘာကြောင့် မျက်နှာလွဲ ပစ်ထားပါသလဲ။ ကောင်းချီ ပြန်မပေးပါသလဲ။ ဒါကလဲ တွေးတေားစရာ တစ်ခုပါပဲ။
      နောက်--ကိုယ့်ဗုဒ္ဓဘာသာဝင်တွေကိုလဲ ပြန်ကြည့်လိုက်ပါအုံးနော်။ ဘာများထူးလို့လဲ။ ဗုဒ္ဓကို ရှိခိုးကြတယ်။ ဆုတောင်းကြတယ်။ ကုသိုလ်ကောင်းမှုတွေလဲ လုပ်ကြတယ်။ သို့သော်-ဆင်းရဲသူတွေ များတယ်။ ငတ်မွတ်နေသူတွေ ပေါတယ်။ ဒုက္ခတွေ အမျိုး ကြုံတွေ့နေရတယ်။ စစ်ဘေးတွေ အခါခါဖြစ်နေရတယ်။ နိုင်ငံရေး ပဋိပက္ခတွေ အကြိမ်ကြိမ် ပေါ်ပေါက်နေတယ်။
      လက်ရှိ အရှင်တို့တည်းခို ပညာသင်ယူနေတဲ့ အလင်္ကာဆိုတဲ့ သီရိလင်္ကာတိုင်းပြည်ကိုပဲ ကြည့်လိုက်ပါ။ သီရိလင်္ကာဆိုတာ ဘုရားရှင်တောင် ကြွရောက်သာသနာပြုခဲ့တဲ့ နေရာလို့တောင် သမိုင်းက အဆိုပြုသလို သူတို့တိုင်းသူ-ပြည်သားတွေကလဲ ယုံကြည်ကြပါတယ်။ အများဆုံးက ဗုဒ္ဓဘာသာဝင်တွေမို့ ဘာသာရေးကိုလဲ သိပ်ကိုလေးစား လိုက်စားကြပါတယ်။ ရဟန်းသံဃာတော်တွေကိုလဲ အတော်လေးကို အရိုသေပေးကြပါတယ်။ အထွဋ်အမြတ်ထားကြပါတယ်။ ဘုရားကျောင်းကံတွေကိုလဲ နေ့တိုင်းလိုလို သွားလေ့ရှိကြပါတယ်။ ဘာသာရေးဆုတောင်းပွဲတွေကိုလဲ မကြာမကြာလုပ်လေ့ရှိပါတယ်။
     သို့သော်လည်း သူတို့နိုင်ငံ အခု အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရပါတယ်။ အားလုံးသော ပြည်သူတွေ စိုးရိမ်ကြောင့်ကြနေရပါတယ်။ အမိမြန်မာပြည်မှာလဲ ထို့အတူပါပဲ။ မြန်မာပြည်သူ-သားတွေ ဆင်းရဲတွင်းနက်နေကြရတယ်။ ငတ်မွတ်သူတွေ ငိုကြွေးနေနရတယ်။ စိုးရိမ်ကြောင့်ကြနေကြရတယ်။ အသက်အသွေးတွေ ပေးဆပ်နေကြရတယ်။ ကျည်ဆံသံတွေလွမ်းမိုးခံနေကြရတယ်။ ဗုဒ္ဓဘုရားကို ရိုသေး ကိုင်းရှိုင်း ရှိခိုးကြပါတယ်။ ဒါဆို ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲဆိုတာကိုလဲ စဉ်းစားစရာပါပဲ။
     ပြောချင်တာက ဘုရားရှင်တွေကို ရှိခိုး ဆုတောင်းနေယုံမျှဖြင့် ဒီဒုက္ခ -ပြဿနာတွေက ငြိမ်းအေးသွားမှာ မဟုတ်ပါဘူး။
ဒါဆို ဘာလုပ်ရမှာလဲ။ ဘယ်လို ပြုကျင့်ရမှာလဲ-လို့ မေးလာရင်တော့ စာသင်ခန်းထဲက ဖရော် ဖက်ဆာ သုမနပါလရဲ့ လက်ချာကို ထုတ်ပြလိုက်ရမှာပဲလေ။ သူကတော့ -သုခ-ဇီဝိတက တစ်စုံ။ နောက် --ဒုက္ခ- မရဏက တစ်ဆုံ ဆိုပါတော့။ လူတွေက ချမ်းသာခြင်း-အသက်ရှင်ခြင်းကိုသာ အလိုရှိကြတယ်။ ဆင်းရဲခြင်း-သေခြင်းကို လုံးဝ အလိုမရှိကြဘူး။ ချမ်းသာခြင်း-အသက်ရှိခြင်းနဲ့တွေ့ကြုံရသောအခါ လူတွေမှာ လောဘဖြစ်ကြရတယ်။ ဆင်းရဲခြင်း-သေဆုံးခြင်းကို တွေ့ကြုံရသောအခါ ဒေါသတွေဖြစ်ကြရတယ်။
        အဲ့ဒီလို လောဘ-ဒေါသတွေ ဖြစ်လာပြီဆိုတော့ မောဟကလဲ နောက်ကလိုက်လာတယ်လေ။ ဒီကြားထဲမှာ အဘိဇ္ဈာ -ဗျာပါဒ တရားတွေကလဲ လိုက်လာတော့ မိစ္ဆာဒိဌိပါဖြစ်ကြရတယ်လေ။ ဒီတော့ လောဘ-ဒေါသ-မောဟ-အဘိဇ္ဈာ-ဗျာပါဒ-မိစ္ဆာဒိဌိ အကုသိုလ်တရားတွေကို နည်းသထက်  နည်းအောင် မပယ်သတ်နိုင်သမျှတော့ ဘုရားရှင်-ဘုရားသခင် အားလုံးကို ရှိခိုး ဆုတောင်းနေယုံမျှဖြင့် ကမ္ဘာလောကကြီး မအေးချမ်းနိုင်သလို-လောကလူသားတွေလဲ ချမ်းသာသုခ-ငြိမ်းချမ်းခြင်းတွေကို ခံစားရမှာ မဟုတ်ပါဘူး။ ဘယ်နိုင်ငံသူ-နိုင်ငံသားမှ ဘုရားရှင်-ဘုရားသခင်များကို ရှိခိုး ဆုတောင်းနေယုံမျှဖြင့် ငြိမ်းအေးခြင်း၊ ချမ်းသာခြင်း။ သာယာလှပခြင်းဆိုတာ ရလာမည်-ဖြစ်လာမည် မဟုတ်ပါ။
    ဒါကြောင့် ကမ္ဘာလောကကြီးနဲ့ လူသားများအားလုံး သာယာ ငြိမ်းချမ်း-ချမ်းသာစေဖို့ ဘုရားရှင်-ဘုရားသခင်များကို ရှိခိုး ဆုတောင်းသလို- လောဘ-ဒေါသ-မောဟ တရားများကိုလဲ ပယ်သတ်ကြပါစို့။--အားလုံးငြိမ်းချမ်းသာယာ ရှိကြပါစေ-လို့။
    
                          ဒုက္ခပတ္တာစ နိဒုက္ခာ၊ ဘယပတ္တာစ နိဗ္ဗယာ။
                         သောကပတ္တာစ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။
    
                       May all beings be free from sufferings!
                          May all beings be free from fears!

                       May all beings be free from grief!
                        May all beings be well and happy!

                      သတ္တ၀ါအားလုံး ဆင်းရဲခြင်း ကင်းပါစေ။
                      သတ္တ၀ါအားလုံး ဘေးဘယာ ကင်းပါစေ။
                      သတ္တ၀ါအားလုံး သောက ကင်းပါစေ။
                       သတ္တ၀ါအားလုံး ပျော်ရွှင် ချမ်းမြေ့ကျပါစေ။

Thursday, March 22, 2012

မွေးမွေးသို့ ရှိခိုးခြင်း!
      မေမေ သားကို ခွင့်လွတ်ပါ။ အမေ့မေတ္တာ လို့ခေါင်းစဉ်တပ်ထားပြီး အမေ့အကြောင်း၊ အမေ့မေတ္တာ၊ အမေ့ကရုဏာ၊ အမေ့ မုဒိတာ၊ အမေ့ ဥပေက္ခာ၊ အမေ့ အကြင်နာတွေကို သားမဖော်ကြူးပဲ အခြားသော အကြောင်းအရာတွေကို ဦးစားပေး ရေးနေတဲ့အတွက်ပါ မေမေ။
   ဒီနေ့တော့ မေမေရယ်- သားတို့တက်နေတဲ့ ကေလင်နိယတက္ကသိုလ် လက်ချာခန်းထဲ့က ဖရော်ဖက်ဆာ ဒေါက်တာ သုမနပါလ သင်ပေးလိုက်တဲ့ psychotherapy ဆိုတဲ့ အတွေး ဒဿနလေးကြောင့် သား အမေ့ကို သတိတရဖြင့် ရှိခိုးလိုက်ရခြင်းဆိုပါတော့-မေမေရယ်။ ဇရော်ဖက်ဆာပြောတာကလေ-လောကမှာရှိနေကြတဲ့ လူသားအားလုံးဟာ-ချမ်းသာခြင်း=သုခ။ အသက်ရှင်ခြင်း=ဇီဝိတ ကိုသာ လိုချင်တောင့်တကြတယ်။--- ဆင်းရဲခြင်း=ဒုက္ခ။ သေခြင်း=မရဏကို ဘယ်သူမှ မလိုချင်ကြဘူး။ မတောင်းတကြဘူးတဲ့။ သုခ-ဇီဝိတကိုသာ လိုချင်ခြင်း။ ဒုက္ခ-မရဏကို မလိုချင်ခြင်းသသည် အကုသိုလ်လား၊ ကုသိုလ်လား။ အပြစ်ရှိသလား၊ မရှိဘူးလား-လို့မေးတယ်။ ဒီတော့ ကျောင်းသားတွေက ထဖြေတယ်-အဲ့ဒါ အကုသိုလ်=အပြစ်ဖြစ်ပါတယ်လို့ပေါ့။
  ဒီတော့ ဖရော်ဖက်ဆာက -နိုးနိုး။ အပြစ်မဖြစ်ပါဘူး။ အကုသိုလ်လဲ မဟုတ်ပါဘူး။ ဒါက လူသားတိုင်လိုချင်တောင့်တကြတဲ့ ရေဘုယျသဘော။ အများသဘော။ သာမှန်သဘောတရားပါတဲ့။ ဘယ်သူက ဆင်းရဲခြင်းမှာလဲ။ ဘယ်သူက သေချင်မှာလဲ။ အားလုံးက ချမ်းသာချင်၊ အသက်ရှည်ချင်ကြတာပဲလေ-တဲ့။ ကဲ -ဘယ်လောက်ကောင်းလိုက်တဲ့ အတွေးလဲ။ သားတို့ မတွေးနိုင်ဘူး -မေမေ။ ဒါကြောင့်လဲ အင်တာနေရှင်နယ် တက္ကသိုလ်မှာ ပါမောက္ခချုပ်ဖြစ်နေတာပေါ့ -မေမေရယ်။
   ဒီအတွေးလေး ခေါင်းထဲရောက်လာတာနဲ့ သားက မေမေကို ပြေးသတိရ တမ်းတမိပါတယ်။မေမေ-ဆုံးမခဲ့တဲ့ စကား-ဘုရားတရားတော်တွေကိုလဲ ကြားယောင်နေမိပါတယ်။ နောက်-သားတွေးမိလိုက်တယ်-ငါ-အမေ့ကို အသက်ရာချီရှည်စေချင်ခဲ့တာပဲလေ။ မေမေ့ကို ကိုယ်-စိတ်နှစ်ပါး ချမ်းသာ-ကျန်းမာစေချင်ခဲ့တာပဲလေ။ဖြစ်နိုင်ရင်-အမေ့ကို အသက်ရှင်လျှက်နဲ့ မြင်ချင်တာပါ။ ဒါ-ဖရော်ဖက်ဆာ သုမနပါလ့အတွေးဆို အပြစ်မရှိပါဘူး မေမေ။
     အော်--မေမေ၊ မေမေ-ပြောခဲ့တာကို သားမမေ့သေးပါဘူး။ လောကမှာ ရတနာဆိုတာ ရှိတယ်။ တန်းဖိုးကြီးမားလို့ -မြင့်မြတ်လို့ရတနာလို့ခေါ်တာ။ ရတနာမှာလဲ- -လောကီရတနာ -လောကုတ္တရာရတနာလို့ နှစ်မျိုးရှိနေပြန်တယ်  ။ လောကီရတနာဆိုတာကတော့ စိန်ရွှေ ၊ကျောက်သံပတ္တမြား ၊ဆင် မြင်း၊ သစ်ကျွန်း စသည်ပေါ့-သားရယ်။ လောကုတ္တရာ ရတနာဆိုတာကတော့ ဘုရား-တရား- သံဃာသုံးပါးလေ။ လောကီရတနာတွေကတော့ ဒီဘ၀မှာ ဘ၀ ၀မ်းစားရေး- အသက်တွေရှင်သန်ဖို့အတွက် အသုံးချရတာပေါ့။ နောက်ပြီး- အနာဂတ်သံသရာ ခရီးအတွက်လဲ ဒါနရိက္ခာအဖြစ် အလှူဒါနတွေလုပ်ကာ ထုတ်သွားရတယ်လေ။ အနာဂတ်သံသရာ ခရီးအတွက်ဆိုပေမဲ့ ဒီဘ၀မှာ လဲ အလှူဒါန အကျိုးတွေကို ခံစားရတယ်-သား။
      ဒါပေမဲ့ သားရယ်-ကံဆိုးတာက အဲ့ဒီလောကီရတနာတွေကို အမေ့တို့ပြည်သူ လူထုတွေ သိပ်မခံစားရဘူး။ မပိုင်ဆိုင်ရဘူး။လုပ်စားပိုင်ခွင့် သိပ်မှရှိဘူး။ နိုင်တော် အစိုးရက အားလုံးလိုလို ချုပ်ကိုင်ထားတယ်-သား။ သား နားလည်အောင် ပြောရမယ်ဆိုရင်- ဒီလောကီရတနာတွေဟာ တကယ်တော့ သူ့အလိုလို မဟာပထ၀ီမြေကြီးကနေ ပေါ်ပေါက်လာတာပါ။ ဒါကို မြန်မာပြည်သူတွေက ပြည့်ပြည့်ဝ မခံစားရဘူးဆိုတော့ ကံဆိုးတာပေါ့-သား။ ဒါကြောင့်လဲ-အမေ့တို့ပြည်သူ-ပြည်သားတွေ အခုချိန်ထိ ဆင်းရဲတွင်းနက်နေတာပဲ။ သားကတော့ ဘယ်နားလည်နိုင်ပါ့မလဲ။ သားကငယ်သေးတယ်လေ။ သားကြီးလာတော့ နားလည်လာမှာပါ-သား။
     နောက် -လောကုတ္တရာရတနာဖြစ်တဲ့ ဘုရား-တရား- သံဃာ ဆိုတာကတော့ သားနားလည်ဖို့ ပိုခက်လိမ့်မယ်။ ခက်လဲ ငါ့သား နားလည်သလောက် ထောင်ပေါ့ ။ မေမေလဲ ပြောနိုင်တုန်းပြောရတာလေ။ သေခြင်းဆိုတာ -ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီတဲ့ ၊ အချိန်မရွေး သေနိုင်တယ်လေ။ သေခြင်းဆိုတာ အချိန်းအချက်မရှိဘူး။ သားတို့ နွားကျောင်းသွားတာကမှ သူငယ်ချင်း တွေ အချိန်းအချက်ရှိသေးတယ်။ သေခြင်းက မရှိဘူး။ ပြောပါ-မေမေ။
     သားနားလည်အောင်ပြောရမယ်ဆိုရင်--
ဘုရားရတနာက လောကလူသားတွေရဲ့ အကျိုးစည်းပွားအတွက်-သံသရာမှ လွတ်ဖို့အတွက် ဒီလောကကြီးမှာ ပွင့်ပေါ်လာခဲ့တယ်။ တရားရတနာကတော့ လောကကြီးနဲ့ ကမ္ဘာ လူသားတွေရဲ့ ချမ်းသားခြင်း -ငြိမ်းချမ်းခြင်း အကျိုးငှါ ဒီလောကကြီးမှာ ပွင့်ပေါ်လာခဲ့တယ်။ သံဃာ့ ရတနာ ဆိုတာကတော့လောကလူသားတွေရဲ့ အနာဂတ်သံသရာအတွက် ကုသိုလ်ကောင်းမှု  ပြုလုပ်ရန်အတွက် ပွင့်ပေါ်လာခဲ့တယ်-သား။
      အော်-မေမေ၊ ဒီအချိန်တုန်းက သားအသက်က ၈ နှစ်သာသာပေါ့ အမေ့ရယ်။ မေမေ့ပြောခဲ့ ဆုံးမခဲ့တာတွေကို သားအကုန်းလုံးမှတ်မိနေပါတယ်။ မှတ်မိဆို မေမေရယ်။ မေမေ့က သားတို့အတွက် မဟာမေမေ-မြင့်မိုရ်မေမေ-ကရုဏာမေမေ-ကျေးဇူးရှင်မေမေ-ကျွေးမေမ-မွေးမေမေပါ။နောက်ပြီး ဒီအချိန်တုန်းက သားတို့နိုင်ရဲ့ ရှစ်လေးလုံး 8888 အရေးခင်းကာလမဟုတ်လား။ စီးပွားရေးတွေကလဲ ကျပ်-အလုပ်တွေကလဲ ခက်- ပြည်သူတွေကလဲ ငက်-ခေတ်ပျက်ကာလပါ-မေမေ။
     အဲ့ဒီတုန်းက အမေ့ပုံရိပ်လေးကို သားမြင်ယောင်မိပါသေးတယ်။ မေမေလေ-ဘာမှ မလုပ်တတ်ဘဲ ဈေးတောင်းကလေး ခေါင်းပေါ်ရွက်ကာ သားတို့ဝမ်းစာရေးအတွက် မရောင်းတက် -ရောင်းတက်။ မလည် တလည်နဲ့ အရှက်သိက္ခာတွေကို ဖလှယ်ပြီး ဖြေရှင်းပေးခဲ့တာလေ။ မေမေ့ တကယ်ကို သနားစရာပါ။ ချစ်စရာလဲကောင်း ။လေးစားစရာလဲကောင်း၊အားထားစရာလဲေ ကာင်းတဲ့ မွေးမေမေပါ။ ကဲ့မေမေ--သား -မေမေ့ဆုံးမစကားတွေကို နားထောင်ခြင်းမှ ခဏတာနားပြီး -မေမေ့ကို ရှိခိုးကန့်တော့ကာ တစ်ညတာအတွက် အိပ်လိုက်ပါအုံးမယ်။  မေမေ-ရောက်လေရာမှာ သာယာ ချမ်းမြေ့ပါစေ- မေမေ့ရဲ့သားလတ်-နရိန်

Tuesday, March 20, 2012

လူပျင်းလေးယောက်!

  ကိုငပျင်းတို့တစ်စု!
     တစ်ခါတုန်းက-အလွန်ဝတဲ့ လူလေးယောက်ဟာ ရွာတစ်ရွာကို ထွက်လာခဲ့ကြတယ်။ လမ်းခရီး တစ်ဝက်ရောက်တဲ့အခါ၊ jamun လို့ခေါ်တဲ့ သစ်ပင်ကြီးအောက်မှာ မောမောနဲ့ကျောခင်း အိပ်လိုက်ကြတယ်။ သစ်ပင်ကြီးမှာက အသီးတွေ မှည့်နေပြီး ကိုင်းတွေကလဲ ဖြာထွက်နေပါတယ်။  သူတို့ဟာ ဗိုက်တွေကလဲ အရမ်းကို ဆာလောင်နေကြပါတယ်။ သို့သော် အလွန်လဲ ပျင်းရိကြပါတယ်။
     ဘယ်လောက်တောင်ပျင်းလဲဆိုရင်-တစ်ယောက်မှ သစ်ပင်ပေါ်ကို မတက်ကြသလို၊တစ်ယောက်မှလဲ အသီးတွေကို မကောက်ကြပါဘူး။ ဒါပေမဲ့-သူတို့ရဲ့ ပါးစပ်တွေကို ဖွင့်ဟထားပြီး "အို--ချိုသော jamun အသီးများ ကျေှးဇူးပြုပြီး ကျနိုပ်တို့ရဲ့ ပါးစပ်များထဲ့ကို ပြုတ်ကျလာပေးပါ" လို့ ပြောဆိုကြတယ်လေ။ ဒီလောက်ထိကို ပျင်းတာပါ။
     
     မကြာပါဘူး။ သူတို့ဆီကို မြင်းသမားတစ်ယောက် ရောက်လာတယ်။ လက်ထဲမှာလဲ တုတ်ကို ကိုင်လျက် လူပျင်းလေးယောက်ဆီကို သွားလိုက်တယ်။ သင်တို့ဒီနေရာမှာ ဘာလုပ်နေတာလဲ လို့ မေးလိုက်တယ်။ ပထမလူပျင်းက " ဆရာ- ကျနုပ် ဗိုက်ဆာနေပါတယ်။ ကျနုပ်က ဒီသစ်ပင်စောင့်နတ်သ္မီးကို ဆုတောင်းနေပါတယ်။ သို့သော်- အသီးတွေက ကျနုပ်ပါးစပ်ထဲကို ကျမလာဘူး" လို့ ဖြေတယ်။
  ဒါနဲ့ မြင်းသမားက-အသင်ဟာ အတော်လေးကို ပျင်းတဲ့ ငတုံးပဲဆိုပြီး တုတ်နဲ့ ရိုက်ပါတယ်။ သစ်ပင်ပေါ်ကိုလဲ တက်ခိုင်းပါတယ်။
  
     ဒုတိယလူပျင်းက-မှန်ပါတယ် ဆရာ။ သူကို ရိုက်ပါ။ သူက အတော်လေးကို ပျင်းပါတယ်။ ကြည့်ပါ့လား ဆရာ! ဟိုမှာ မြေပြင်ပေါ်မှာ ကျွေကြနေတဲ့ jamun အသီးအမှည့်တွေ အများကြီးပါ ဆရာ။ ဒါပေမဲ့ သူက ကျနုပ်ရဲ့ ပါးစပ်ထဲ့ကို တစ်လုံးမှ ကောက်ထည့်မပေးဘူးဆရာ လို့ ထပြောတယ်။
     ဒါနဲ့ မြင်းသမားက။ ဟုတ်တယ်။ သူကပျင်းတယ်။ ဒါပေမဲ့ မင်းက ပိုပျင်းတယ်။ မင်းကိုလဲ တုတ်နဲ့ရိုက်ရမယ်ဆိုပြီး ရိုက်လိုက်ပါတယ်။

      နောက် တတိယ ငပျင်းက- ဆရာ သူတို့နှစ်ယောက်စလုံး ငပျင်းတွေပါ။ သူတို့ကို ရိုက်ပါ။ ကြည့်ပါ့လားဆရာရယ်- ယဉ်ကောင်တွေ ကျနုပ်မျက်နှာကို ကိုက်နေ/ နားနေတာကို မောင်းမထုတ်ကြဘူး ဆရာ။
  မြင်းသမားက-မှန်တယ်။ ဒါပေမဲ့ မင်းက သူတို့နှစ်ယောက်ထက် ပိုပျင်းတယ် ဆိုပြီး သူ့ခေါင်းကို တုတ်နဲ့ ရိုက်ပစ်တယ်။

     နောက်ဆုံးငပျင်းက- ကျေးဇူးပါ ဆရာ။ ဆရာက လူကောင်းတစ်ဦးပါ။ အဲ့ဒီ ငပျင်းသုံးယောက်ရဲ့ ခေါင်းတွေကို ရိုက်ခွဲလိုက်ပါ ဆရာ။ ကြည့်ပါ့လားဆရာ- ခွေးက ကျနုပ် ပါးစပ်ကို လာလျှက်နေတာကို အဲ့ဒီ ငပျင်း သုံးယောက် မမောင်းဘူးလေ။
      ဒါနဲ့ မြင်းသမားက-မင်းမှန်ပါတယ်။ သို့သော် မင်းက ဒီထဲမှာ အပျင်းဆုံးပဲ ဆိုပြီး သူ့ရဲ့ လည်ပင်းကို ရိုက်လိုက်ပါတယ်။
  မြင်းသမားက မြင်းပေါ်ကနေဆင်းပြီး လူပျင်းလေးယောက်ကို ကောင်းစွာရိုက်နှက်ဆုံးမခဲ့ပါတယ်။

      ဒီပုံပြင် ဇာတ်လမ်းလေးကို ဖတ်ကြည့်ပြီးတဲ့အခါ- အော် လောကကြီးမှာ ဒီလိုမျိုး လူပျင်းတွေကလဲ ရှိပါသေးလားလို့ တွေးမိပါတယ်။ခရီးသွားတဲ့အခါမှာလဲ အများနဲ့ဆို အမြဲတမ်းသတိ ၀ီရိယ ရှိဖို့လိုပါတယ်။ အများနဲ့ဆို စည်းလုံးဖို့လဲ လိုအပ်ပါတယ်။ စိတ်တု ကိုယ်တူ ဖြစ်ဖို့လဲ လိုပါတယ်။
     ကြည့်လေ-အသီးတွေလိုင်လိုင်ဝေပြီး မှည့်နေတဲ့ အပင်အောက်ကို ရောက်နေတာတောင်မှ သူများကို အားကိုနေကြတယ်လေ။ ဘယ်သူမှ တက်ပြီးခူးမစားသလို ၊ဘယ်သူမှလဲ ကြွေကျနေသော အသီးတွေကို ကောက်မစားကြဘူးလေ။ အတော်လေးကို ပျင်းလိုက်ကြတာလေ။ လက်တကမ်းအလိုက အခွင့်အရေးကို မယူတတ်ကြလိုက်တာ။ ဘာမှ မလုပ်ပဲ အောင်မြင်ချင်၊ ကြီးပွားချင်လို့ ဘယ်ဖြစ်ပါ့မလဲ။ သူများကို အားကိုးနေမယ်ဆိုရင်တော့ ဘ၀ မပြောနဲ့ တိုင်းပြည်တောင် ပျက်သွားလိမ့်အုံးမယ်လေ။ ဒီလိုလူတွေ မိသားစု၊ တိုင်းပြည် မှာ ပေါမယ်ဆိုရင် ဒီမိသားစု။ ဒီနိုင်ငံ-တိုင်းပြည် ဘယ်မှာ တိုးတက်နိုင်ပါ့မလဲ။ အမိမြန်မာပြည်ကြီးမှ ဒီလို လူပျင်းတွေ မရှိပါစေနဲ့ ဆုတောင်းမိပါတယ်။
      ပိုဆိုးတာက-ကိုယ့်မှာ ချေလက်တွေ ရှိနေပါလျှက် သူများကို အားကိုးနေတာပဲ။ ကိုယ့်မှာ ခြေထောက်တွေ ကောင်းနေပါလျှက်နဲ့ လမ်းမလျှောက်ချင်ဘူး။ လက်တွေကောင်းနေပါလျှက် ကိုယ်တိုင် မလှော်ခတ်ပဲ သူများကို အားကိုးနေတာ။ ကိုယ့်မှာ ခေါင်းတွေ ရှိပါလျှက်နဲ့ သူများကို မှီခိုတာ။ ဒီတော့ ဘုရားဟော အတ္တာဟိ အတ္တနော နာထော အတိုင်း နေထိုင်မှ အဆင်ပြေမှာလေ။ကိုယ့်အားကို ကိုးမှ ဘ၀မှာ လှပမှာပါ။
     ပြောရအုံးမယ်- ကိုယ့်ပါးပေါ်မှာ ခြင်ကိုက်နေတာကိုတောင် သူများကို အားကိုးနေတဲ့ ငပျင်းလောက်တော့ မပျင်းကြပါနဲ့လေ။ ကိုယ့်အန္တရာယ်ကို ကိုယ်တိုင်းမဖြေရှင်းပဲ သူများကို အားကိုးနေတယ်ဆိုရင် ပိုပြီး အန္တရာယ်ကိုဖြစ်စေပါတယ်။ မိမိရဲ့ မိသားစု၊ မိမိရဲ့တိုင်းပြည် အခက်အခြ ပဿနာတွေကို မိမိမိသားစု၊ မိမိတိုင်းပြည်ကိုယ်တိုင်ြးေ ဖရှင်းမှအဆင်ပြေမှာလေ။ နို့မဟုတ်ရင်တော့ ကျားကြောက်လို့ ရှင်ကြီးခိုး။ ရှင်ကြီး ကျားထက်ဆိုး လို။ ရှေ့နေငှါးမှ ထောင်သုံးနှစ်ကျ ဆိုသလို ဖြစ်သွားနိုင်ပါတယ်။
     အဆိုးဆုံးကတော့-ကိုယ့်အသားကို နာအောင် လာလုပ်နေတာတောင် သူများကို အားကိုးနေမယ်ဆိုရင် ဘ၀ ဆုံးရှုံးယုံပဲ ရှိမှာပေါ့။ ကိုယ့်အန္တရယ်ကို ကိုယ်တိုင်းဖြေရှင်နိုင်အောင် ကြိုးစားရမှာပါ။ဘာပဲဖြစ်ဖြစ် ကိုယ့်အားကို ကိုးပါ။ ဘယ်အရေးပဲဖြစ်ဖြစ်ပါ။ နိုင်ငံရေး။ ဘာသာရေး။ စီးပွားရေး။ လူမှုရေး။ ပညာရေး စသည်ပေါ့။ နောက်ဆုံး ဘ၀သံသရာခရီးက လွတ်မြောက်ရေးတောင် မိမိကိုယ်တိုင် အားထုတ်ရမယ်လေ။
  ကဲ--အားလုံး ပျင်းရိခြင်းကင်းကာ ကြိုးစားမှု လုံ့လ။ စဉ်းစားတွေးခေါ်ခြင်း ဥာဏ်ပညာဖြင့် မိမိ မိသားစု၊ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဘာသာ၊ မိမိဘ၀ကို တိုးတက် သာယာ လှပ- ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်ပါစေ--။ အမေ့မေတ္တာများကို မှန်းဆလျှက်---အရှင်
  

Sunday, March 18, 2012

ဘုရားဟော ဂါထာနှစ်ပုဒ်!

ဘုရားဟော ဂါထာနှစ်ပုဒ်.

While living at the Jetavana monastery, the Lord Buddha expound these Verses to a number of youths.
   Once, the Buddha was out on an alms-round at Savatthi. He saw a number of youths beating a snake with sticks. When the Buddha questioned, they answered that they were beating the snake because they were afraid that the snake might be bite them. To them the Buddha said, "If you do not want to be harmed, you should also not harm others: if you harm others, you will not find happiness in your next life."
     သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန ၀ိဟိံသတိ။
     အတ္တနော သုခမေသာနော၊ ပေစ္စ သော န လဘတေ သုခံ။
မိမိချမ်းသာခြင်း အကျိုးငှါ ၊ ချမ်းသာခြင်းကို အလိုရှိသော အခြားသတ္တ၀ါတို့ကို တုတ်,ဓား, လက်နက်ဖြင့် ညှဉ်းဆဲ နှိပ်စက်သောသူသည် တမလွန်ဘ၀မှာ ချမ်းသာခြင်းကို မရနိုင်။
 "He who seeks his own happiness by oppressing others, who also desire to have happiness, will not find happiness in his next life."
   
      သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန န ဟိံသတိ။
      အတ္တနော သုခမေသာနော၊ ပစ္စေ သော လဘတေ သုခံ။
မိမိချမ်းသာခြင်းအကျိုးငှါ ခြင်းသာခြင်းကို အလိုရှိကြသော အခြားသတ္တ၀ါတို့ကို တုတ်, ဓား, လက်နက်ဖြင့် မညှဉ်းဆဲ မနှိပ်စက်သော သူသည် တမလွန်ဘ၀မှာ ချမ်းသာခြင်းကို ရနိုင်၏။
  " He who seeks his own happiness by not oppressing others, who also desire to have happiness, will find happiness in his next life."
   
   မြတ်ဗုဒ္ဓက မိမိရဲ့ ချမ်းသာမှုအတွက် တစ်ပါးသော သတ္တ၀ါ တွေကို မညှဉ်းဆဲပါနဲ့။ မနှိပ်စက်ပါနဲ့။ မသတ်ဖြတ်ပါနဲ့။ ဒဏ်မခတ်ပါနဲ့။ အနိုင် မကျင့်ပါနဲ့။ နိုင်ထက်စီးနင်း မလုပ်ပါနဲ့။ မဖျက်စီးပါနဲ့။ မိမိဘ၀ချမ်းသာဖို့အတွက်နဲ့ အခြားသော ပဂ္ဂိုလ်-လူသားတွေ -သတ္တ၀ါတွေကို ညှဉ်းပမ်း နှိပ်စက် သတ်ဖြတ် ဒဏ်ခတ်သော သူသည် နောင်တမလွန်ဘ၀တွင် ချမ်းသာမှုကို မရရှိနိုင်ဘူးလို့-ဟောခဲ့ ပြောခဲ့ပါတယ်။
    သို့သော် လောက လူသားများသည် မိမိဘ၀၊ မိမိ မိသားစု၊ မိမိလူမျိုး၊ မိမိနိုင်ငံ သာယာလှပ၊ ချမ်းသာဖို့ တစ်ပါးသော သူ-တစ်ပါးသော မိသားစု-တစ်ပါးသော လူမျိုး၊ တစ်ပါးသော နိုင်ငံ များကို အနိုင်ယူ ဗိုလ်ကျလိုကြ၏။ လုယက် ဖျက်စီးလိုကြ၏။ မိမိဘ၀ သာယာလှပအတွက် မသမာသောနည်းလမ်းများဖြင့် အခြားသော သူများကို ညှဉ်းပမ်းနှိပ်စက်နေကြ၏။
  အင်းအားနည်းသောသူများက အင်အားကြီးမားသော သူများအတွက် အဖြည့်ခံ ဖြစ်ကြရ၏။ ဆင်းရဲသောသူများက ချမ်းသာသော သူများအတွက် ဘ၀ကို ပေးဆပ်ကြရ၏။ အာဏာမရှိသောသူများက အာဏာရှိသော သူများအတွက် မြေစာပင်ဖြစ်ကြရ၏။ ဒါတွေက တကယ်တော့ လောဘတရား-ဒေါသတရာ-မောဟတရား များအောက်မှာ နစ်မွန်း နေကြပြီး၊ ဗုဒ္ဓဟောခဲ့သော ဒီဂါထာနှစ်ပုဒ်ကို နားမလည်ကြသောကြောင့်သာ ဖြစ်သည်။ 

သို့အတွက်ကြောင့် ကမ္ဘာလောကကြီးနဲ့ လောကလူသားတွေ။ အမိမြန်မာနိုင်ငံတော်ကြီးနဲ့ အမိမြန်မာပြည်သူ/ပြည်သားတွေသောကဒုက္ခကင်းဝေးစေဖို့။သာယာလှပ အေးချမ်းစေဖို့။ ဘေးဘယာ ဝေးကွာစေဖို့။--နောင်အနာဂတ်သံသရာခရီးလမ်းမှာလဲ ချမ်းသာသောဘ၀-ငြိမ်းချမ်းသောဘ၀ပိုင်ရှင်များဖြစ်စေဖို့--သုခမာတာနိ--အစချီသော ဒီတရားဂါထာနှစ်ပုဒ်ကို နေ့စဉ် နှလုံးသွင်းကြပါစို့။

ဒေါ်သီတာဆွေနှင့် ခဏတာပြောဆိုခြင်း အဆက်!

 ဒေါ်သီတာဆွေနှင့် ခဏတာပြောဆိုခြင်း အဆက်!
အလုပ်တွေ များနေတာကြောင့် အခုမှပဲ ဆက်ရေးဖြစ်တာကို နားလည်ပေးစေလိုပါတယ်။ တွန်းအားပေးတဲ့ လင်းဓမ္မသူကိုလဲ ကျေးဇူးတင်ပါတယ်။
  ဒေါ်သီတာဆွေ။---။ အရှင်ဘုရား။ တပည့်တော်ကလဲ သာသနာတော်ကြီးနဲ့ ကြုံခိုက် သာသနာတော်ကြီးကို ထောက်ပံ့သောအားဖြင်လည်းကောင်း၊ သံသရာမှ လွတ်မြောက်လိုသောအားဖြင့်လည်းကောင်း တပည့်တော် တစ်စွမ်းသမျှ လှူဒါန်းခြင်းပါဘုရား။
 အရှင်။-----။ ကောင်းပါတယ်-သာဓုတွေ အကြိမ်ကြိမ်ခေါ်ပါတယ် ဒကာမကြီး။ သာသနာတော်ကြီးတည်တံ့ စည်ပင် ပြန့်ပွားဖို့ဆိုတာ ဆရာ-ဒကာညီမှပါ။ ဥပမာအားဖြင့်ပြောရရင်-ရေနဲ့ -ကြာလိုပါပဲ။ ဒီကံကြီးထဲမှာ ရှင်သန်နေတဲ့ ကြာပန်းလေးတွေ လှပ အသက်ဆက်ဖို့ဆိုတာ ရေရှိမှဖြစ်မှာလေ။ ရေ မရှိရင် ကြာပင်လေးတွေ အသက်ဘယ် ရှင်နိုင်ပါ့မလဲ။ ဒီလိုပါပဲ--သာသနာတော်ကြီး အတွင်းမှာ သီတင်းသုံးပြီး သာသနာတော်ကြီးကို စောင့်ရှောက်- သံသရာမှ လွတ်ကြောင်း အကျင့်တွေကို ကျင့်ကြံအားထုတ်နေတဲ့ ကြာပန်းနဲ့တူသော သံဃာတော် အရှင်သူမြတ်တွေသည်လဲ ရေနဲ့တူသော ဒကာ-ဒကာမတွေက မထောက်ပံ့ပါက-မလှူဒါန်းပါက ဘယ်မှာ သာသနာကို စောင့်ရှောက် ထောက်ပံ့နိုင်ပါ့မလဲ။ ဘယ်လိုလုပ်ပြီး -ပရိယတ္တိ သာသနာတော်ကြီးကို သင်အံလေ့ကျက်နိုင်ပါ့မလဲ။ ပဋိပတ္တိသာသနာတော်ကြီးကို ဘယ်မှာ ကျင့်ကြံအားထုတ်နိုင်ပါ့မလဲ။ ပဋိဝေဓသာသနာတော်ကြီးကို ဘယ်မှာ ဟောပြောပြသ-ဆုံးမနိုင်ပါ့မလဲ။


ဒေါ်သီတာဆွေ။---။  မှန်ပါ့ မှတ်သားထားပါမယ်ဘုရား။ ကြားရ နာရတာလဲ ကျေှးှဇူးများလှပါတယ်ဘုရား။ တပည့်တော် တွေးမိတာလေး တစ်ခုရှိတယ်ဘုရား- တပည့်တော်မလေ ဟို--ရှေ့ဘ၀ အတိတ်က ဒါနပါရမီတွေ နည်းခဲ့လို့နဲု့တူတယ် ဘုရား။ လှူရတာကို အားမရဘူးဖြစ်နေတယ်ဘုရား။ ဒါကြောင့်လဲ တပည့်တော်မ "ငါ အတိတ်ဘ၀က ဒါနပါရမီတွေနည်းခဲ့လို့၊ ပေးကမ်းစွန့်ကြဲ လှူဒါန်းမှုတွေ နည်းခဲ့လို့ ငါ ဒီဘ၀မှာ လှူရတာ အားမရတာ-လှူချင်သလောက် မလှူရတာဆို"ပြီး အခု စေတနာဖြူဖြူ -သဒ္ဓါတရား ထက်ထက်သန်သန်နဲ့ ကြိုးကြိုးစားစား လှူဒါန်း နေပါတယ်ဘုရား။
အရှင်။---။ အော်-ဒီလိုလဲ မတွေးပါနဲ့ ဒကာမကြီး။ ဒကာမကြီး ဘယ်လောက်လှူ လှူ အားမရဘူးဆိုတာကတော့ အတိတ်က ဒါနပါရမီတွေ နည်းခဲ့လို့ မဟုတ်ပါဘူး။ ဒီဘ၀မှာ ဘယ်လောက်လှူလှူ အားမရဘူးဆိုတာ အတိတ်ဘ၀တွေတုန်းက ဒါနပါရမီတွေ များများဖြည့်ကျင့်ခဲ့လို့ပါ။သူတော်ကောင်း ပညာရှိ- ဒါနကုသိုလ်ကောင်းမှုမှာ မွေ့လျော်သော သူများသည် ဒါနကောင်းမှုတွေ ဘယ်လောက် လုပ်လုပ် ကျေနပ် ရောင့်ရဲတယ်ဆိုတာ မရှိပါဘူး။ ဘုရားလောင်းများသည်လည်း စွန်းခြင်းကြီးတွေ ၊ ဒါနပါရမီတွေ ၊ဒါနဥပပါရမီတွေ၊ ဒါနပရမတ္ထပါရမီတွေကို များစွာဖြည့်ကျင့်ခဲ့တာပါပဲ။  ဘုရားရှင်ကိုယ်တိုင်ကလဲ " ချစ်သားတို့ ငါ့ဘုရားဟောသလို ဒါနတရား-ဒါနရဲ့ အကျိုးကျေးဇူးတွေကို လူသားတွေ တကယ်နားလည်သဘောပေါက်မယ်ဆိုရင် မိမိစားမဲ့ ထမင်းလုပ်ကိုတောင် မိမိမစားပဲ သူများကို ကျွေး-လှူဒါန်းလိမ့်မယ်"လို့ ပြောခဲ့-ဟောခဲ့တာပဲလေ။---ဆက်ရန်---ရှိပါသေးသည်။

Wednesday, March 14, 2012

Sweet Dreams!

Sweet Dreams!
 Thumri was a young milkmaid. She had a big white cow. She milked her cow every morning and sold the milk in the bazaar. She brought the money to her house and gave it to her mother. Her mother never gave any of the money to her.O
  One morning Thumri got up early. She milked her cow and went to her mother. The old woman was asleep. Thumri did not wake her. She put the pail of milk on her head and went out of the house.
   On  the road she said to herself,"I will not give all the money to my mother now. I will save some money for myself everyday. After some time I will have a lot of money. I will buy cows and buffaloes, and  I will build a big house for myself. Then  many handsome young milkmen will come to my house. They will fold their hands and fall at my feet. Each of them will say to me," O beautiful young lady, please be kind to me and marry me." But I will say 'no' to all of them.
   Thumri forgot herself in these dreams. She tossed her head and the pail of milk fell down on the road. That was the end of poor Thumri's sweet dreams!
    ဒီဇာတ်လမ်းလေးကို ဖတ်ပြီးသောအခါ-လူသားတိုင်း စိတ်ကူး(ယဉ်) များစွာဖြင့် အသက်ရှင်သန်နေကြရပါသည်။ စိတ်ကူးမရှိသော သူ/ လူဆိုတာ မရှိပါ။ စိတ်ကူးကို ပုံဖော်ပြီး ဘ၀ကို တည်ငြိမ်အောင်၊လှပအောင် ကြိုးစား ရှာဖွေနေရပါသည်။
     အခုလဲ သုမ်ရီလို့ခေါ်တဲ့ နွားနို့သည်မလေးမှာလဲ စိတ်ကူးယဉ်ခဲ့မိပါတယ်။သူမဟာ လှည့်လည်ပြီး နွားနို့ကို ရောင်းရသော ဆင်းရမလေးဖြစ်သော်လဲ စိတ်ကူးယဉ်မှုလေးကတော့ ရှိနေပါသေးတယ်။ ဒါကပဲ လူသားတိုင်း စိတ်ကူးယဉ်တတ်ကြတယ်ဆိုတာကို လှစ်ဟပြနေပါတယ်။
    သူမရဲ့စိတ်ကူးယဉ်မှုလေးက မှန်-မမှန်ဆိုတာကတော့ အမျိုးမျိုးဝေဖန်နိုင်ကြပါလိမ့်မယ်။ အရှင်ကတော့ မမှားပေမဲ့ နည်းနည်းလေးတော့ လွဲသွားတယ်လို့ပြောချင်ပါတယ်။ "သူမက ရောင်းလို့ရတဲ့ ငွေလေးကို သူမရဲ့မိခင်ကို မပေးပဲ စုမယ်။ နောက် နွားတွေ-ကျွဲတွေ ၀ယ်မယ်။ အိမ်သစ်တစ်လုံးဆောက်မယ်။ အဲ့ဒီအခါကျ သူမအိမ်ကို ချောမောလှပ-ခန့်ညားသော နွားနို့ ကုန်သည် ငယ်ငယ်အမျိုးသားတွေလာလိမ့်မယ်။ သူမကို အရိုအသေပေးကြလိမ့်မယ်။ အို---သိပ်ကို လှပချောမောသော မိန်းမငယ်၊ ကျေးဇူးပြုပြီး အကျွန်ကို ကြင်နာပါ။. လက်ထပ်ပါလို့ပြောကြလိမ့်မယ်။ အဲ့ဒီအခါ ငါက ဟင့်အင်လို့ ပြောလိုက်မယ်။"
  ဒါကသူမရဲ့ စိတ်ကူးယဉ်မှုလေးပါ။ သူမကလဲ စိတ်ကူးဆိုတဲ့အတိုင်း ရှိတာကိုတွေးလိုက်တာပါ။ သို့သော် သူမရဲ့အတွေးမှာ မာနတွေပါနေတယ်။ အမျိုးသားတွေက သူမကို အလုအယက် လက်ထပ်ခွင့်ကို တောင်းကြလိမ့်မယ်လို့ တွေးထင်ထားတယ်။ သူ့ကိုယ်သူ အတွေးစိတ်ကူးထဲမှာတောင် အတော်လေးကို အထင်ကြီးနေတယ်။ ဒါကလဲ မိန်းကလေးတွေရဲ့ စိတ်နေသဘောထားကို ဖော်ပြပေးနေသလိုပါပဲ။
  နောက်ဆုံးသူမဟာ စိတ်ကူးပေါ်မှာပဲ မြောနေပြီး သူ့လက်ရှိဘ၀လေးကိုတောင် မေ့သွားတယ်။ လူတွေဟာ တစ်ခါတစ်လေ မိမိတို့ရဲ့ လက်ရှိဘ၀ကို မေ့နေတတ်ကြတယ်ဆိုတာကို သူမက ပြသသွားတယ်လေ။ လူသားတွေအားလုံး မိမိတို့ရဲံ လက်ရှိဘ၀လေးကို မမေ့ပဲ ဒီထက်ကောင်းအောင် ၊သာယာလှပအောင် ကြိုးစားဖို့လိုပါတယ်။ နောက်-နိုင်ငံခေါင်းဆောင်တွေ-အားလုံးသောခေါင်းဆောင်တွေကလဲ မိမိတို့အုပ်ချုပ်နေသော ပိုင်ဆိုင်ထားသော လက်အောက်အရာတွေအားလုံးကို ဒီထက်တိုးတက်အောင် ဆောင်ရွက်ရမှာပါ။
  နောက်---အရှင်တွေးမိသလောက်ဆို၊ မိဘတွေဟာ သားသမီးတွေကို ပြန်ကြည့်ဖို့လိုပါတယ်။ အလုပ်ကို ကြိုးစားကာ ဆောင်ရွက်နေသော သား သမီးတွေကို ထိုက်တန်သော ဆုလာဒ်တွေကို ပြန်ပေးရမှာပါ။ ဒီလိုမ မလုပ်ရင် နွားနို့သည်မလေးလို အမေမသိအောင် ခိုးပြီး စုမယ်ဆိုတဲ့ အတွေးမျိုး ၀င်လာပါလိမ့်မယ်။ သူမ ဒီလိုအတွေးမျိုး ၀င်လာတာကလဲ မိခင်က သူမကို သုံးဖို့ စွဲဖို့ မုန့်ဖိုးမပေးလို့တွေးမိတယ်လို့ ယုဆမိပါတယ်။
  နောက်-မိခင်က သား သမီးတစ်ယောက်အလုပ်သွားတာကိုတောင် အားပေးမှုလေး၊ နုတ်ဆက်မှုလေး၊ မှာကြားမှုလေး မလုပ်နိုင်လောက်အောင် အိပ်မောကျနေတာကတော့ မကောင်းဘူးထင်တယ်။ ဒီဇာတ်လမ်းကို ဖတ်ရတဲ့အတွက် ရရှိခဲ့သော ။ တွေ့ရှိခဲ့သော။ မှတ်စရာကောင်းသော။ သင်္ခန်းစာ ယူစရာကောင်းသော  အချက်အလက်များစွာကို ရရှိခဲ့ပါတယ်။ အားလုံးသော အရှင်ရဲ့ စာဖတ်ပရိတ်သတ်ကြီးလဲ သင်္ခန်းစာ ယူတတ်ကာ ဘ၀ကို လှပအောင် တည်ဆောက်နိုင်ကြပါစေ--လို့ ။အမေမေတ္တာ အရှင်။

ခဏတာမျှပြောဆိုခြင်း!

 မာတိကမာတာ-ဒေါ်သီတာဆွေနှင့် ခဏတာဆွေးနွေးပြောဆိုခဲ့သော ဓမ္မရေးရာ-ဘာသာရေးရာများ။
ဒေါ်သီတာ==ဦးဇဉ်းဘုရား ဘာကြောင့် မြန်မာသင်္ကန်းကို မ၀တ်ပါသလဲဘုရား။ မြန်မာသင်္ကန်းမရှိလို့လား? ဘာကြောင့်လဲဆိုတာကို သိချင်ပါတယ်ဘုရာ။
  အရှင်==မာတိကမာတာ-ဒကာမကြီးဒေါ်သီတာကို နားလည်အောင် အရှင်ပြောလိုက်ပါ့မယ်။ ကုလား(သီရိလင်္ကာ) သင်္ကန်းအ၀ါကို ၀တ်ရခြင်းအကြောင်းက- ဒီလိုပါ။ မြန်မာပြည်က လာတုန်းက သင်္ကန်း နှစ်စုံပါလာပါတယ်။ တစ်စုံက လိုင်ဖဲလ် အ၀ါရောင်။ တစ်စုံက မာတင် အညိုရောင်ပါ။ သီရိလင်္ကာရောက်တော့ မာတင် အညို သင်ပိုင်းပျောက်သွားပါတယ်။ လိုင်ဖဲလ်အ၀ါကတော့ ရာသီဥတုနဲ့ ဘယ်လိုမှ မညီမျှတာကြောင့် မ၀တ်ဖြစ်ပါ။ ဒီတော့ သူငယ်ချင်းတစ်ပါးနဲ့ မာတင်အညို တစ်စုံ မာလိုက်ပါတယ်။ အခု ကျောင်းတက်တဲ့အခါ၊ အပြင်ကို ထွက်တဲ့အခါ၊ ဒါနေး(ဆွမ်းစား) ကြွတဲ့အခါ မာတင်အညိုကို ၀တ်ပြီး။ ကုလားကျောင်းမှာပဲနေသောအခါတော့ ကုလားသင်္ကန်း အ၀ါကို ၀တ်ပါတယ်။
 ဒေါ်သီတာ===အရှင်ဘုရား။ တပည့်တော်မှ ပါဆယ် နှစ်ထုတ်ပို့လိုက်ပါတယ်ဘုရား။ နောက်နှစ်ပတ်လောက်ဆို ရောက်ပါလိမ့်မယ်ဘုရား။ တစ်ခု အရှင်ဘုရားအတွက် သင်္ကန်းပါဘုရား။ တစ်ခုကတော့ အရှင်ဘုရားတို့ ဘုဉ်းပေးဖို့ ပစ္စည်းအနည်းငယ်ပါဘုရား။ အရှင်ဘုရား နေကောင်းကျန်းမာပါစေဘုရား။
  အရှင်---ကျေးဇူးအနန္တနဲ့အတူ သာဓုတွေ အကြိမ်ကြိမ်ခေါ်ဆိုလိုက်ပါတယ်။ မာတိကမာတာ-ဒကာမကြီး ဒေါ်သီတာလဲ နေကောင်းကျန်းမာ -ဘေးဘယာ ဝေးကွာလို့-သာသနာပြုနိုင်ပါစေလို့!
ဒေါ်သီတာ==အရှင်ဘုရား ဘာတွေလုပ်နေပါသလဲဘုရား။ ကျောင်းမသွားဘူးလားဘုရား?
အရှင်။---။ ဒကာမကြီး-ဒီနေ့က ဒီမှာ တပေါင်းလပြည့်နေ့-သူတို့နိုင်ငံရဲ့ အထွတ်အမြတ်ထားသော ဥပုတ်နေ့ပါ။ ဒါကြောင့် ဒီမှာ ကျောင်းတွေရော၊ရုံးတွေရော၊ ဈေးတွေရော အကုန်နီးပါုးပိတ်ပါတယ်။ ဒါကြောင့်-ဒီနေ့ကျောင်းမသွားပါဘူး။ အခု ဦးဇဉ်းက တောပစ်တွေ ဖတ်နေပါတယ်။ စာမေးပွဲအတွက်ကြိုတင်ပြင်ဆင်ခြင်းပါ။
  အရှင်==ဒကာမကြီးရော အဲ့ဒီမှာ အေးအေးချမ်းချမ်းရှိပါသလား။ ဥပုတ်ကျောင်းမသွားဘူးလား။
 ဒေါ်သီတာ။--။ မှန်းပါ။ တပည့်တော် အေးအေးချမ်းချမ်းပါပဲဘုရား။ ကျောင်းကိုတော့ သွားပြီး ဥပုတ်မစောင့်ဖြစ်ပါဘူဘုရား။ အိမ်မှာပဲ သရဏဂုံ ဆောက်တည်ပြီး ရှစ်ပါးသီလကို ခံယူပါတယ်ဘုရား။ တရားတော်ကိုလဲ နာယူ။ တရားလဲ ထိုင်ဖြစ်ပါတယ်ဘုရား။ မနက်တော့ တပည့်တော် မြန်မာကျောင်းကို စောစောသွားရမယ်ဘုရား။အခု ဒီမှာ ဆရာတော် ဓမ္မဘေရီ -ဦးဝီရီယ ရောက်နေတယ်ဘုရား။ တပည့်တော် အာရုံဆွမ်းကပ်ဖို့ တာဝန်ကုသိုလ်ယူထားတယ်ဘုရား။ တပည့်တော် ဒီမှာတော် မြန်မာနိုင်ငံက ဆရာတော်တွေကြွလာတိုင်းကုသိုလ်လုပ်ဖြစ်ပါတယ်ဘုရား။ ဟိုတလောလေးကပဲ မိုးကုတ် အရှင်သုနန္ဒ ကြွသွားတယ်ဘုရား။
  နောက်နေ့မှ။---။ ဆက်ပါတော့မယ်။

Sunday, March 4, 2012

ရိုးသားမှုကို မြတ်နိုးပါ!

  The Woodman and The Fairy!
One day a poor woodman was cutting a big piece of wood near a wide river. Suddenly his old axe slipped from his hand and fell into the deep water. He sat on the bank and was feeling a very sad man because he had lost his old axe,  when all at once a lovely, bright fairy appeared and asked the woodman what was the matter.
  " I have lost my axe" he said , "It fell into the deep water". The fairy showed him a gold axe and said, "Is this yours?"
"No" said the woodcutter. The fairy then showed him a silver axe and said again in her clear voice, " Is this yours?" "No", again answered the woodcutter. The she showed him a common, iron axe with an old, wooden handle. "Yes, that is mine", said the happy woodcutter. " I know it well enough", said the fairy. "I only wanted to see if you would tell me the truth: and now I will give you the gold axe and the silver axe because you are an honest man".
    ဒီပုံပြင်လေးကို သေချာဖတ်လိုက်တဲ့အခါ ရိုးသားမှု ၏ ရလာဒ်ကို ဖေါ်ကြူးပါသည်။သစ်ခုတ်သမားဟာ အင်မတန်ဆင်းရဲသော်လည် ရိုးသားမှု ရှိသည်။ သူသည် သူဘ၀၊ သူမိသားစု အတွက် အလွန်အရေးပါသော ။ ဘ၀၀မ်းစာရေးအတွက်ဖြေရှင်းပေးနေရသော ဒီပုဆိန်လေး ပျောက်သွားသောအခါ ဘယ်လောက်ကြေကွဲ ၀မ်းနည်းနေရတယ်ဆိုတာ အားလုံးအသိပါပဲလေ။
  ဒီလိုပါပဲလေ ယနေ့ မျက်မောက် အမိမြေမှာလဲ ဆင်းရဲနွမ်းပါးသော ပြည်သူတွေ အများကြီးရှိပါတယ်။ သူတို့သည် ပင်ပန်းခက်ခဲစွာဖြင့် ရုန်းကန်လှုပ်ရှားနေရပါသည်။ သူတို့ဘ၀၊ သူတို့မိသားစုကိုဖြေရှင်းပေးနေသော ၊လုပ်ကိုင်စားသောက်နေသော လယ်ယာ စိုက်ခင်းတွေ။သစ်တော ၀ါးတောတွေ၊ ရတနာ ရွှေတွင်း ငွေတွင်းတွေ ပျောက်ဆုံးသွားရင် သူတို့လေးတွေ ဘယ်လောက် ကြွေကွဲ ၀မ်းနည်းပက်လက်ဖြစ်ရမယ်ဆိုတာကို အားလုံးသော နိုင်ငံတော် အကြီးအကဲတွေနဲ့ အခြားသော ချမ်းသာသောပြည်သူတွေက သိသင့်၊ စာနာသင့်၊ နားလည်သင့်ပါတယ်။
   ရိုးသားသော ပြည်သူတွေကို အနိုင်မကျင့်ဖို့ ၊ ညှင်းပန်းမနှိပ်စက်ဖို့။ မလိမ်ညာ မလှည့်စားဖို့။ အားလုံးဒီပုံပြင်လေးကို ဖတ်ပြီး အတုယုသင့်ပါတယ်။ နတ်သမီးလေးက ရွှေပုဆိန်၊ ငွေပုဆိန်ကို ပြသော်လည်း သစ်ခုတ်သမားလေးက ရိုးသားစွာဖြင့် မဟုတ်ကြောင်းဝန်ခံပါသည်။ အားလုံးသော လူသားတွေ အမိမြေက ပြည်သူ/ ပြည်သားတွေ ဒီသစ်ခုတ်သမားလေးရဲ့စိတ်
ဓာတ်ကို အတုယူရမှာပါ။လူဆင်းရဲသော်လည်း စိတ်ဓာတ်မဆင်းရဲပါ။ လူမွဲသော်လည်း ရိုးသားမှု မမွဲပါ။ နေရာတိုင်းမှာ နိုင်ငံတိုင်းမှာ ဒီသစ်ခုတ်သမားလို ရိုးသားသော စိတ်ဓာတ်ရှိသော သူတွေသာ အုပ်ချုပ်နေမယ်ဆိုရင်ဘယ်မှာ ပြည်သူတွေ၊ နိုင်ငံသူ သားတွေ မအေးချမ်း မသာယာ ၊ မချမ်းသာ မပျော်ရွှင်ပဲ ရှိပါ့မလား။
   လူတိုင်းမှာ ဒီလိုအခွင့်အရေးဆိုတာ တစ်ခါတစ်လေ ကြုံတတ်ကြပါတယ်။ သစ်ခုတ်သမားလေးက သုကြုံလာသော ကြီးမားသော အခွင့်အရေးကို ရိုးသားမှုဖြင့် ထိန်းချုပ်သွားပါသည်။ထိုက်တန်သော အခွင့်အရေးကိုသာ သူ ရယူသွားပါသည်။ မတန်မဆ၊ မထိုက်တန်သော အခွင့်အရေးကို သူ ယူမသွားပါ။ သူ ယူမယ်ဆို ရနိုင်သော်လည် ရိုးသားမှုကိုသာ တန်ဖိုးထားသွားပါသည်။
   ယနေ့မျက်မောက်ခေတ် လူသားတွေ ၊ တိုင်းပြည် အုပ်ချုပ် မင်းလုပ်သူတွေ၊ ပြည်သူ/ ပြည်သားတွေလဲ ထိုက်တန်သော အခွင့်အရေးကိုသာ ယူကြဖို့။ မထိုက်တန်သော ၊မတန်မဆ အခွင့်အရေးများကို မယူမိစေဖို့ အသိရှိသင့်ပါတယ်။ နိုင်ငံခေါင်းဆောင်တွေကလဲ ပြည်သူတွေကို ထိုက်တန်သော အခွင့်အရေးများ၊ ပေးထိုက်သော အခွင့်အရေးများကို ပေးကို ပေးရမှာပါ။ နောက်--မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ သခင်နဲ့ ကျေးကျွန်၊ မင်းနဲ့ ပြည်သူ၊ သာသနာပြုသူနဲ့ ထောက်ပံ့သူ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ နောက်လိုက်ပုဂ္ဂိုလ်တွေဟာ ရသင့်ရထိုက်သော ၊ယူသင့်ယူထိုက်သော အခွင့်အရေးကို ယူကြ၊ ပေးကြမယ်ဆိုရင် အားလုံးသာယာ လှပလာမှာပါ။ ဒီအကျင့်မျိုးကို ကျင့်မယ်ဆိုရင် မိဘနဲ့ သား သမီး၊ ဆရာနဲ့ တပည့်၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ သခင်နဲ့ ကျေးကျွန်၊ မင်းနဲ့ပြည်သူ ဘယ်မှာ မတည့်စရာ။ ခိုက်ရန်ဖြစ်စရာ ရှိမှာလဲ။ အားလုံး အေးချမ်းသာယာစေဖို့ ရိုးသားမှုကို မွေးယူကြစို့။
   ရိုးသားမှု မှာ ကြီးမားသော အကျိုးရလာဒ်တွေ ရှိသည်။ ဥပမာ--သစ်ခုတ်သမားလေ--ပုဆိန်ပျောက်သွားသော်လည်း သူရဲ့ ရိုးသားမှုကြောင့် ရွှေပုဆိန်၊ ငွေပုဆိန် တို့ကို မြင့်ခွင့်ရှိခဲ့ပါသည်။ သူသာ ရိုးသားမှုဖြင့် လဲလိုက်မယ်ဆိုရင် အားလုံးကို သူပိုင်ဆိုင်နိုင်ပါသည်။ သို့သော်လည်း သူသည် ရိုးသားမှုဖြင့် သူထိုကတန်သော သူ၏ မူလ သံပုဆိန်ကိုသာ ယူခဲ့ပါသည်။ ဘာပဲယူယူ သူ၏ ရိုးသားမှုဖြင့် သူ ပျော်ရွှင်နိုင်ခဲ့ပါသည်။
   အားလုံးသော လူသားတွေ ။ အားလုံးသော အမိမြေက ပြည်သူတွေ ဆင်းရဲခြင်းလွတ်ကင်းစေဖို့၊ သောကကင်းစေဖို့၊ မတရားမှုတွေကင်းစေဖို့၊ လာဘ်ပေးမှုတွေ ကင်းစေဖို့။ သာယာလှပစေဖို့ ပျော်ရွှင်ချမ်းမြေ့စေဖို့၊ စစ်ဘေးတွေ ကင်းဝေးစေဖို့၊ သွေးဆက်ယိုမှုတွေ ပပျောက်စေဖို့။ နိုင်ငံခေါင်းဆောင်။ ဘာသာရေးခေါင်းဆောင်---အားလုံးသော ခေါင်းဆောင်တွေ သိအောင် ရေးလိုက်ပါသည်။ အားလုံး ဆန္ဒပြည့်ပါစေ။ အမေ့မေတ္တာ အရှင်။

Friday, March 2, 2012

သင်္ခန်းစာ ယူတတ်ဖို့!

The cunning fox and the silly goat!
   It was a dark night. The moon was not in the sky and the stars were not there either. A fox was running in the wood. He fell into a ditch and could not get out of it. After some time a wild goat came that way. She heard a  noise and stopped.
  Goat: Who is there? Fox: Your cousin Fox. Can't you see me in this ditch, dear cousin? Goat: Yes, I can see you now. But what are you doing there? Fox: There is sweet green grass in this ditch. I am eating it. Goat: But, cousin Fox, you don't eat grass. Fox: That is true, but this grass is soft and sweet and fresh. Won't you come down and taste it? Ah! It is sweet and juicy. Goat: Oh yes, I will.
   The silly goat jumped into the ditch and stood there. The cunning fox jumped on to her head and said, " I am going out now. You can eat all the green juicy grass." He jumped out of the ditch from the goat's head and ran away.
    ဒီပုံပြင်လေးကို သေချာဖတ်စေချင်ပါတယ်။ တကယ်ကို သင်္ခန်းစာယူစရာကောင်းပါတယ်။ ဒီပုံပြင်လေးက အလင်္ကာမြေက ပေါက်ဖွားလာတဲ့ပုံပြင်လေးဆိုပါတော့။ ဒါကြောင့်များအလင်္ကာမြေက လူတွေ အလိမ်ညာတွေ ၊ကောက်ကျစ်မှုတွေ သိပ်မတွေ့ရ မကြားရဘူးလားလို့။ ထားပါတော့လေ-ဒီမှာပြောချင်တာကအမှောင်ထဲမှာလမ်းလျှောက်ရင်စမ်းတ၀ါးဝါးမို့ အောက်ကို ပြုတ်ကျတတ်တယ်ဆိုတာကို ကောက်ကျစ်သော မြေခွေးက လောကလူသားတွေကို ပြောပြသွားပါတယ်။ ဒါကြောင့် အမှောင်ထဲမှာ လမ်းလျှောက်တော့မယ်ဆိုရင် အလင်းရောင် သို့မဟုတ် မှီစရာ တုတ်ချောင်းလေးတစ်ချောင်းလောက်တော့ လက်ထဲမှာ ရှိနေဖို့လိုတယ်လေ။ အမိမြန်မာပြည်ကြီး အလင်ရောင် မြန်မြန်ရပါစေ။ အမိမြန်မာပြည်သူတွေ အမှောင်လှမ်းမြန်မြန်လွတ်ပါစေ။ နက်လွန်းတဲ့ အမှောင်ကျင်းထဲကို ပြုတ်မကျပါစေနဲ့။
  နောက်--တောဆိတ်က မေးသောအခါ ကောက်ကျစ်သော မြေခွေးသည် ချိုသာစွာ Cousin လို့ ပြန်ဖြေတယ်။ ဒါက လောကလူသားတွေဟာ သူတစ်ပါးကို လိမ်ညာ လှည့်စားတော့မယ်ဆိုရင် စကားကို ချိုသာစွာပြောတတ်တယ်ဆိုတာကို ပြတယ်။ ဒီတော့ စကားချိုသာတိုင်းလဲ မကောင်းဘူး။ သတိထားရမှာပါ။ သူပြုံးနေသည် သူ ညာတော့မယ်ဆိုတာမျိုးလိုပေါ့။ လူသားတွေဟာ ကိုယ့်ဘ၀၊ ကိုယ်မိသားစု၊ကိုယ်နိုင်ငံ ကိုယ့်လူမျိုး ၊ ကိုယ့်ဘာသာ ကောင်းစားဖို့ တိုးတက်ဖို့ သူတစ်ပါး မိသားစု နိုင်ငံ လူမျိုး ဘာသာကို ချိုသာသောစကားလုံးများနဲ့ လိမ်ညာတတ်ကြတယ်လေ။ အားလုံးကို ဒါကို သတိထားရမှာပါ။
   နောက်--အသိဥာဏ်မရှိသော တောဆိတ်က ကောက်ကျစ်သောမြေခွေးစကားကို ယုံပြီး ခုန်ချလို်က်တယ်။ ဒါကတော့ အသိဥာဏ်မရှိတဲ့လူတွေဟာ သူများပြောတာကို ယုံစားတတ်ကြတယ်။ ယုံစားမိလို့ ဒုက္ခတွေ ပင်လယ်ဝေပြီး မျက်ရည်တွေ ကြွေခဲ့ရတယ်။ အထူးသဖြင့်တော့ အမိမြန်မာ မိန်းကလေးတွေက အယုံလွယ်တတ်ကြတယ်။ ဘာဆိုဘာမှ မတွေးတတ်ကြဘူး။ ဒါကြောင့်လဲ သူများစော်ကားတာကို မကြာမကြာခံနေရတာလေ။ အယုံလွယ်ရင် ဘ၀ပျက်တတ်တယ်ဆိုတာကို အသိရှိဖို့လိုတယ်။ အယုံလွယ်ခဲ့လို့လဲ အမိမြန်မာနိုင်ငံတော်ကြီး သူများနောက်ပါသွားသေးတာပဲ မဟုတ်လား။ အခုလဲ သိပ်တော့ မကောင်းသေးဘူးထင်တာပဲလေ။
    နောက်ဆုံး မြေခွေးက တောဆိတ်ရဲ့ခေါင်းပေါ်ကနေ ကျင်းအပေါ်ကို ခုန်တက်သွားပြီး လွတ်မြောက်သွားတယ်။ ဒီမှာလဲ လူတွေဟာ မိမိဒုက္ခ ရောက်နေချိန်မှာ၊ ဆင်းရဲငတ်မွတ်နေချိန်မှာ သူတစ်ပါးကို အသုံးချတတ်ကြတယ်။မိမိဘ၀ သာယာလှပဖို့ သူတစ်ပါးကို နင်းခြေတတ်ကြတယ်။ ခုတုံးလုပ်တတ်ကြတယ်။ မိမိအာသာ ဆန္ဒတွေပြည့်ဝဖို့ သူတစ်ပါးရဲ့ဘ၀ကို ဖျက်ဆီးတတ်ကြတယ်။ အမိမြေမှာဆို ပိုဆိုးပေါ့။ မိမိဘ၀ မိမိ မိသားစု သာယာလှပဖို့အတွက် ပြည်သူတွေကို အသုံးချတတ်ကြတယ်။သူတို့သားသမီးတွေ ပညာတတ်ဖို့ ဆင်းရဲတဲ့ပြည်သူ့ ကလေးတွေက အကန်းဖြစ်ကြရတယ်။ သူတို့ကလေးတွေ အစာစားရဖို့ ဆင်းရဲတဲ့ပြည်သူ့သားသမီးတွေက အစာငတ်ကြရတယ်။ သူတို့ အာဏာနေရာ တည်မြဲဖို့ ပြည် သူတွေက အသက်တွေ သွေးတွေ ပေးဆပ်ကြရတယ်။ ဒီတော့ လူတွေဟာ ဘယ်သူပဲဖြစ်ဖြစ် မိမိဘ၀၊ မိသားစု ကောင်းစား ပျော်ရွှင်စေဖို့၊ လှပသာယာဖို့အတွက် သူတစ်ပါးတွေကို ဒုက္ခပေးတတ်ကြတယ်။
  ကဲ--ဒီတော့ အားလုံးသော လူသားတွေ ၊အမိမြေက ညီကို မောင်နှမတွေ၊ အမေ အဖေတွေ၊ ဘိုးဘိုးဘွားဘွားတွေ၊ ဦးဦး ဒေါ်ဒေါ်တွေ၊ သားသား မီးမီးတွေ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိဘ၀ကို သာယာလှပအောင် ဖန်းတီးနိုင်ကြပါစေလို့ ---အမေ့မေတ္တာ-အရှင်.