Saturday, September 1, 2012

ကိုးကြာတောင်ပံခတ်သံ သို့ သာသနာ့အားမာန် အပိုင်း (၅)

  ဒီနေရာမှ ချင်းတောင်တန်းက စေတနာဆရာဝန်လေးရဲ့ ဆေးရုံမှာတော့ အခမဲ့ကုပေးတာလား၊ စရိတ်မျှပေး ဆိုတဲ့ခေါင်းစဉ်အောက်က ကုပေးတာလားဆိုတာ မသိရဘူး။ နောက် လူနာေ တွက ငွေကြေးမ တတ်နိုင်တဲ့အခါ ဆရာဝန်ကိုယ်တိုင် ငွေကြေးစိုက်ထုတ်ပြီး ကုသပေး၊ မပေးဆို တာကိုလဲ မတွေ့ရဘူး။ အတုယူစရာတွေများလှတဲ့ ချင်းတောင် တန်းက စေတနာဆရာဝန်တစ်ယောက်ရဲ့ အရည်အချင်း တွေမှာ ဒီအချက်လက်လေးတွေ ကျန်နေခဲ့တာကို တွေ့လိုက်ရတယ်။ ယနေ့မျက်ေ မှာက်ခေတ်မှာ တစ်ချို့ ဆရာဝန်တွေ၊ ဆေးရုံအုပ်ကြီးတွေက တကယ် ဆင်းရဲပြီး သေရေးတမျှ အရေးကြီးနေတဲ့ ခွဲစိပ်လူနာေ တွကို မိမိရဲ့အိတ်ကပ်ထဲက အရင်းနီးငွေကို စိုက်ထုတ်ပြီး ကုသခွဲစိပ်ေ ပးတာကို တွေ့ရတတ်ပါတယ်။ ရှားတော့ အတော်လေး ကို ရှားလှပါတယ်။ ဒါကြောင့် ဒီနေရာမှာ ချင်းတောင်တန်းက ဆရာဝန်အတွက် ဒီအချက် အလက်တွေသာ ရှိခဲ့ ဖော်ပြခဲ့ မယ်ဆိုရင် သိပ်ကိုလှပ သွားမှာပါ။ ဒါက..တွေးမိတာလေးကို ချပြခြင်းရယ်ပါ။
          ဘာသာရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတော့…..အရှင်ဟာ သာသနာပြု ၂နှစ်တာကာလပတ်လုံး နားရ တယ်ဆိုတာ မရှိခဲ့ပါဘူး။ မိမိတို့ကို အမိနပသတက္ကသိုလ်ကြီးက စေလွတ်လိုက်သည့် အဓိက ရည်ရွယ် ချက်သည် သာသနာပြုဖြစ်နေသောကြောင့် ဘာသာရေးကို ပိုပြီး လုပ်ဆောင်ခဲ့ရပါတယ်။
   ပထမဦးဆုံး တာဝန်ကျတဲ့ ခန္တီးအကျဉ်းထောင်ဘေးက လာဝယ်ဆိုတဲ့ ယောင်ကွန်နာဂ ရွာလေး မှာတော့ ရှေ့ဦးစွာ နာဂတိုင်းရင်းသားကလေးငယ်များကို ချော့မော့ကာကျောင်းမှာ ကိုရင်ဝတ်ေ ပးရပါ တယ်။ သူတို့လေး တွေကို ဘုရားရှိခိုး ပရိတ်ကြီး ဆုံမစာလေးများကို သင်ပေးရပါတယ်။ ကိုရင်ေ လးတွေ ဆယ်ပါးနဲ့ လာဝယ်ရွာ လေးမှာ အတော်လေးကို အေးချမ်းပျော်ရွှင်ေ နခဲ့ပါတယ်။
       နောက်…ကိုရင်လေးတွေကို (တုမှေသုခိတာဟောထ၊ တုမှေဒုက္ခ မုဉ္ဇထ- ဆွမ်းဒကာ၊ဒကာမတွေ ကျန်းမာကျပါစေ၊ ချမ်းသာကျပါစေ၊ ၀မ်းသာကျပါစေ၊ လမ်းဖြာ ကျပါစေ၊ ဘေးကင်းပါစေ၊ သာသာနြာ  ပုနိုင်ပါစေလို့)မေတ္တာပို့ကို သင်ပေးကာ ရွာထဲကို တန်းဆွမ်းခံ ထွက်ခိုင်းရပါတယ်။ ရွာက လူကြီးများကလဲ ကူညီဆောင်ရွက်ပေးပါတယ်။ ဆွမ်းကို ၈ နာရီလောက်မှ စထွက်ရပါတယ်။ ဒီထက်စောရင် ဟင်းက မကျ က်သေးဘူးလေ။
       ထွက်ခါနီးမှာတော့ ရွာထဲက လူကြီး တစ်ယောက်နှစ်ယောက်က ကြိုတင်ပြီး ရွာထဲမှာ ဆွမ်းခံထွက် လာပြီဖြစ်ေ ကြာင်း နှိုးဆော်ပေးပါတယ်။ အရှင် ကလဲ ကိုရင်လေး ၁၀ပါး ကျောင်းသားလေး ၃ ယောက်နဲ့ ကိုယ်တိုင်ရှေ့ကနေပြီး ကြေးစည်သံ တညံညံပေးလို့ ညရွာတစ်ပတ် ကြွပါ တယ်။ လောင်းသည်ဖြစ်စေ၊ မလောင်းသည်ဖြစ်စေ ရွာတစ်ပတ်တော့ ပြီးအောင်ကြွပါတယ်။ အစရက်တော့ သိပ်မလောင်းကြဘူး။ သူတို့တစ်တွေ ဆွမ်းခံထွက်တယ်ဆိုတာကိုလဲ ရွာမှာ မတွေ့ဖူးဘူး။ ပထဦးဆုံးအြ ကိမ်ဆိုတော့ ခက်ခဲမှုေ တာ့ရှိပါတယ်။ လောင်းရကောင်းမှန်းလဲ မသိကြ ဘူးလေ။ သူတို့တစ်တွေက ဟင်းချက်လဲနာက်ကျ တယ်။ နောက် ဟင်းမကောင်းရင်လဲ မလောင်းချင်ကြဘူး။
          မှတ်မိနေပါသေးတယ် နာဂတိုင်းရင်းသူ-တိုင်းရင်းသားလေးတွေ အရှင်တို့ဆွမ်းခံကြွလာပြီဆို ထွက်ထွက်ပြေး ကြတာလေ။ ကြောက်ကြတာကိုး။ ပြီးတော့..လှော်ဝမ်း.. ”ငါတို့အိမ်က ဟင်းမကောင်း ဘူးနော်။ စားလား မစားလားလဲ မသိဘူး။ လှော်ဝမ်းတို့က မြို့ကြီးက လာတာဆိုတော့လေ အားနာတယ်။ ဒါကြောင့် ဟင်းမကောင်းရင် မလှောင်ချင်ဘူး” ဆိုတဲ့ နာဂတိုင်းရင်သူလေးများရဲ့ အားနာသံလေးတွေကိုလဲ ယနေ့ ထိတိုင်မမေ့နိုင်ခဲ့ပါဘူး။ ရိုးသားဖြူစင်ပြီး အပြစ်ကင်းနေတဲ့ သူတို့လေးတွေကို တကယ်လဲ မေတ္တာ -ကရု ဏာတွေ ကြီးခဲ့ရတာပါ။ ဆွမ်းခံထွက်ခြင်းကြောင့် ကိုရင်တွေ ကျောင်းသားလေးေ တွလဲ ဖောဖော သီသီ ဘုဉ်းပေးရပါတယ်။ ရွာထဲက ကျောင်းလာတဲ့ သူတွေကိုလဲ ကျွေးမွေးနိုင် ပါတယ် ။ နောက်.. တိရစ္ဆာန် လေးတွေ ကိုလဲ ကျွေးနိုင်ပါတယ်။        
          နောက်ပြီး…ရွာထဲက ကလေးမလေးတွေကို စုကာ ကျောင်းမှာ ဓမ္မစကြာ.ပရိတ်. ၀တ်ရွတ်စဉ်ကိုလဲ သင်ပေးပြီး ဓမ္မစကြာအသင်းဖွဲ့ပေးထားပါတယ်။ အစတော့ သူတို့လေးတွေက ရှက်ကြောက် စိတ်ဝင်နေ တဲ့အတွက် သင်ရတာတော့ အနည်းအငယ် ခက်နေပါတယ်။ နောက်တစ်ရက်နှစ်ရက်ကြာတော့လဲ အဆင်ပြေ သွားပါတယ်။ ဥပုသ်နေ့တိုင်း သူတို့လေးတွေကို ကျောင်းမှာခေါ်ပြီး ရွတ်ခိုင်းပါတယ်။ သူတို့လေး တွေက လိမ်မာရေးခြားရှိပါတယ်။ စာလဲတော်ကြပါတယ်။ တောင်တန်းဒေသ ဖြစ်တဲ့ ဒီကန္တာရလွင်ပြင်မှာ ဘ၀ပေးအ ခြေအနေရ ရှင်သန်းနေကြတဲ့ အရိုင်းပန်းလေးတွေမှာ မြင့်မားပြီး တန်ဖိုးကြီးမားတဲ့ အရည် အသွေးတယ် ရှိနေတယ်ဆိုတာကို ကိုယ်တိုင်သိခဲ့ရပါတယ်။ သူတို့လေးေ တွကို ပြုစုပျိုးထောင်ပေးပြီး သူတို့လေးတေွးဆီက သူတို့ရိုးရာဓလေ့နှင့် စကားကို ပြန်လည်သင်ယူ ခွင့်ရခဲ့ ပါတယ်။
          နောက်…ဒီရွာလေးမှာ ဘုရားစေတီတစ်ဆူရှိပါတယ်။ သိပ်ပြီး နှစ်ပေါင်းမကြာသေးသော်လည်း ပထ၀ီ အနေအထားကြောင့် အက်ကွဲနေပါတယ်။ ဒီတော့ စေတီကိုပြန်လည်ပြုပြင်ပြီး ဗုဒ္ဓပူဇနိယပွဲလေး ကျင်းပပေးဖို့ တာဝန်ရှိလာပါတယ်။ တာဝန်ကသေးသေး မဟုတ်ပါဘူး။ တကယ်တော့ ပြုပြင်ဖို့နဲ့ ဘုရား ပွဲလေး ကျင်းပ ပေးဖို့ဆို သိန်း၂၀ နီးပါးလောက်ကုန်ကျမှာပါ။ မိမိက ဒီခန္တီးနာဂေ တာင်တန်း ကို ရောက်လာတာကမှ သုံးလေး လပဲ ရှိသေးတယ်။ ဘယ်သူကိုမှ ရင်းနှီးသိကျွမ်းတာ မဟုတ်ဘူး။ သိတာ ဆိုလို့ အတူသာသနာ ပြုကျတဲ့ ညီတော်နောင်တော်တွေနဲ့ မိမိသာသနာပြု  တာဝန်ကျတဲ့ ရွာလေးေ လာက်ပဲရှိတာပါ။ ဒီတော့ ခက်ခဲမှု တွေက မိမိကိုစိန်ခေါ်နေလေရဲ့။ ဘာပဲဖြ စ်ဖြစ် ကောင်းပင် ပျိုးက ၊ ကောင်းကျိုးရ၊ လောကဓမ္မတာ .. ဆိုတဲ့ လောကဆောင်ပုဒ်ကို ကိုင်ဆောင်ပြီး အရှင်ကြိုး စားခဲ့ ပါတယ်။
          ဘယ်လိုကြိုးစားဆောင်ရွက်ခဲ့သလဲဆိုတာကိုတော့………………………
အပိုင်း (၆) ဆက်ပါအုံးမည်။ အားလုံးသာယာရွှင်လန်းပြီး ဆင်းရဲသူ၊ အားငယ်သူများ အပေါ် မေတ္တာထား၊ စာနာထား၊ ကူညီစောင့်ရှောက်နိုင်ကြပါစေလို့…အမေ့မေတ္တာအရှင်…





No comments:

Post a Comment