သီဟိုဠ်ကနေ သူငယ်ချင်းများဖြစ်ကြသော ကိုနတ်၊ ကိုသောမတို့နဲ့အတူ ၂၇
ရက် နေ့ နံနက် ၇-၂၅ Flight ဖြင့် မလေးကိုထွက်ခဲ့ကြပါတယ်။ အလည်အပတ်
ဆိုပါတော့။ မလေးဆိုတဲ့အတိုင်းပါပဲ လေယာဉ်ထွက်ချိန်ကိုစောင့်နေတဲ့ Waiting
Roomထဲလဲ ရောက်ရော တကယ်ကိုအံ့သြစရာမြင်ကွင်းကို တွေ့လိုက်ရတယ်။ စောင့်နေတဲ့
အခန်း ထဲမှာ ခရီးသည်တော်တော်လေးကိုများပါတယ်။ လေးငါးရာလောက်ထိရှိမယ်ထင်
တယ်။ အားလုံးနီးပါးက ဘာသာခြားမွတ်ဆလင်တွေပဲ ဖြစ်နေတာလေ။ ကျန်တာဆိုလို့
ကိုယ်တွေနဲ့ သီရိလင်္ကာ ဘုန်းတော်ကြီး သုံးပါးလောက်ပဲရှိမယ်ထင်တယ်။ တကယ်ကို
အံ့သြမိတာလေးပါ။
သူတို့တစ်တွေက နေရာအပြည့်ထိုင်နေတော့
ကိုယ်တွေအတွက် ထိုင်စရာနေရာ မရှိဘူးဆိုပါတော့။ ဒီလိုဖြစ်ချိန်မှာ
ချစ်စရာကောင်းပြီး အတုယူစရာကောင်းတဲ့ ဘာသာ ရေးကိုအလေးထား
ရဟန်းသံဃာတော်များကို ဦးစားပေးလေ့ရှိတဲ့သီဟိုဠ်ရဲ့ လေယာဉ်
ဝန်ထမ်းလေးများက အရင်ထိုင်နေတဲ့ ဘာသာခြား မွတ်ဆလင်ခရီးသည် များကို နေရာ
ရွှေ့ခိုင်းကာ အရှင်တို့ကို နေရာပေးပါတယ်။ အရှင်ကတော့ အားနာတတ် စာနာ
တတ်တဲ့လူဆိုတော့ မိမိရဲ့ဝါသနာအတိုင်း If no seat, no matter for us, let
take a seat. လို့ပြောလိုက်မိသေးတယ်။
ဒီတော့ သူငယ်ချင်းဖြစ်သူ
မစ္စတာကိုနတ်က လက်ညိုးညွန်ပြတယ် နံရံကစာတမ်းလေးကို။ for only Reverence and
Clergy. တဲ့။ ဒီတော့မှ သြော် ဟုတ်သားပဲလို့ ပြန်ပြောလိုက်တယ်။ ဒါလေးတွေကလဲ
ဗုဒ္ဓဘာသာ ၀င်တွေအတွက် အတုယူကျင့်သုံးစရာတစ်ချက်ပဲပါပဲ။
နောက်လေယာဉ်ပေါ်က
အဖြစ်ပျက်လေးတွေလဲ ရှိသေးနေပါသေးတယ်။ လေယာဉ်ပေါ်ရောက်လို့
သူ့နေရာကိုယ့်နေရာ ထိုင်ကြတဲ့အခါ သူငယ်ချင်းသုံးပါး
တစ်ပါးတစ်နေရာဆီဆိုပါတော့။ အရှင်ကတော့ ကုလားဒကာ နှစ်ယောက်ကြား ရောက်ပြီး
ကိုသောမကတော့ ရှေ့ရောက်သွားတယ်။ အင်း ကိုနတ်ကတော့ အစတော့ တစ်ယောက်တည်းဖြ
စ်နေတယ်လေ။ နောက်ဆုံးတန်းကဆိုပါတော့။ ခရီးသည်တွေ စုံပြီလဲဆိုရော
မွတ်ဆလင်စုံတွဲ ကိုနတ်နားကိုရောက်လာတယ်။ အမျိုးသားက “ငါ
ငါ့ဇနီးသည်နဲ့အတူထိုင်ချင်တယ်။ မင်းနေရာလဲပေးလို့ရမလား”တဲ့။ တကယ်တော့
သူ့အမျိုးသမီးနဲ့ မစ္စတာကိုနတ်နဲ့က ထိုင်ခုံအတူဖြစ်သွားပြီး အမျိုးသားက
တစ်နေရာ ဖြစ်နေတော့ သူကလာပြီး ကိုနတ်ကို တောင်းဆိုတာပါ။ နောက်တော့
သီရိလင်ကန် အဲယားလိုင်းက ၀န်းထမ်းတွေက ပြေလည်အောင်လုပ်ပေးလိုက်ပါတယ်။
ဒီတော့ ကိုနတ်နဲ့ အရှင်နဲ့က တူတူဖြစ်သွားတာပေါ့။
စဉ်းစားမိလိုက်တယ်…သြော်..လူတွေ..လူတွေ
ကိုယ်ချစ်တဲ့သူနဲ့ ခဏတာ လေးတောင် ခွဲမနေချင်ကြဘူးကို။ နောက်ကျ
အပြီးပိုင်ခွဲရမှာဆိုတာကို မေ့ပြီး သွားတူ လာတူစားတူ
အမြဲတမ်းနေချင်နေတာပါလားလို့ပေါ့။ နောက်…. ဒီမွတ်ဆလင်ဘာသာ ခြားကုလားတွေ
သူတို့အမျိုးသမီးတွေကိုတော့ သူများနဲ့ခဏလေး ပေးထိုင်ရမှာကို
ကြောက်လိုက်ကြတာ သူများသ္မီးပျို- မိန်းမပျိုလေးတွေကျ ဖျက်ဆီးချင်လိုက်ကြတာ
လို့။ ဒါလဲ သတိထားရမှာပါ။
နောက်….
လေယာဉ်ပြန်သန်းချိန်အတော်လေးလဲ ကြာလာရော ရာသီဥတု မသာယာမှုကြောင့်
လေယာဉ်တစ်ဆင်းလုံး ကျလိုက်တက်လိုက်နဲ့ လှုပ်ခါရမ်းနေတယ်။
အတော်လေးကိုကြမ်းပါတယ်။ တစ်ခါမှဒီလိုမျိုးမကြုံဖူးဘူးဆိုပါတော့။ လေယာဉ်မယ်
လေးတွေတောင် လွတ်နေတဲ့နေရာအချို့ကို ၀င်ထိုင်ပေးနေရတယ်။ ရင်တော့နည်း
နည်းလေးထိတ်သွားတယ်။ ခေါင်းမူးသွားလို့ လေယာဉ်က ကပ်တဲ့နံနက် စာတောင်
မဘုဉ်းလိုက်ရဘူးဆိုပါတော့။ Kl လေဆိပ်ကိုရောက်သည်ထိ ခေါင်းမူးကပြေဘူးလေ။
လေဆိပ်ရောက်တော့
Immigration ၀င်ပေါ့။ တစ်ယောက်တစ်နေရာဆီ ၀င်လိုက်ကြတယ်။ ပတ်စ်ပို့ပြ
လေယာဉ်လက်မှတ်ပြပေါ့။ ဖြစ်ချင်တော့ ဘာကြောင့်ရယ် တော့မသိဘူး။
အရှင်နဲ့ကိုသောမကို ရုံးခန်းထဲထိသွားခိုင်းလို့ ခပ်တည်တည်နဲ့ ဒိုးလိုက်ရ
သေးတယ်။ ခေါင်းမူးခြုံထားတဲ့ ရုံးအရာရှိထင်ပါရဲ့ အရှင်ကိုထိုင်တဲ့။
ဒီကလဲခပ် တန်းတန်းပဲ ထိုင်ပစ်လိုက်တယ်။ တည်းမည့်ကျောင်းလိပ်စာနဲ့
ဘယ်လောက်နေမလဲ၊ ဘယ်ကိုပြန်မှာလဲ မေးတယ်။ ဒီကကောင်ကလဲ
လိပ်စာကိုလွတ်တန်းရွတ်ပြလိုက်တယ်။ သီဟိုဠ်ကလာတဲ့ကျောင်းသားဖြစ်ကြောင်း
မြန်မာကိုပြန်မှာဖြစ်ကြောင်း ပြောလိုက် တယ်။ ဒါကို…သူက
သီဟိုဠ်ကိုမပြန်ဘူးလားတဲ့ ထပ်မေးနေလို့ မင်းလက်မှတ်ကို သေချာကြည့်လေ..လို့
ပြောလိုက်တယ်။ တကယ်တော့ ဘာမှမဟုတ်ပါဘူး အဆင်ပြေ သွားပါတယ်။ သက်သက်ရစ်တာပါ။
သတိထားမိတာလေးတစ်ချက်တွေ့ခဲ့တယ်…
မလေးရှားဆိုတာ မွတ်ဆလင်တွေရဲ့နိုင်ငံဆိုတဲ့အတိုင်း သီဟိုဠ်လေယာဉ်ပေါ်က
ဆင်းလိုက်တာနဲ့ အကုန်းလုံးခေါင်းခြုံတွေချည်ပဲ။ နှမြောစရာကောင်းလိုက်တာ။
အင်း အသားဖြူပြီး မြန်မာနဲ့တော့ နည်းနည်းဆင်သားဗျ။
ဗီဇာထု
အိတ်ရွေး ကားငှါးဓမ္မဂါးဒင်းကျောင်းသို့သွား ကျောင်းရောက်။ ဆရာ တော်နဲ့
သူငယ်ချင်းဖြစ်သူ အိန္ဒာဝုဓ, ဒကာတော်ကျောင်းသားထွက်လာ။ ဆရာတော်
ဒေါက်တာအိန္ဒကကို ဦးချ နုတ်ဆက် စကားပြောပေါ့။ ဒေါက်တာဆရာတော်ဆိုပေမဲ့
လူလတ်ပိုင်းအရွယ် သဘော မနောကောင်းပွင့်လင်းပါတယ်။ ဓမ္မဂါးဒင်းဆိုသော နာမည်
ကိုသုံးပြီး ပြည်ပကို ပညာသင်ထွက်လာခဲ့ပေမဲ့ တစ်ခါမှမမြင်ဖူးပါဘူး။ ပုံတွေ
အင်တာ နက်တွေမှာတော့ တွေ့နေမြင်နေရပါတယ်။ ပုံတွေအရတော့ ဥပဓိရုပ် ကောင်း
ကောင်း ခန့်ခန့် ညားညားဖြစ်ပြီး မာနကြီးမယ်ထင်ထားတာ။ အခုလိုနဖူးတွေ့ဒူး
တွေ့ တွေ့ရ တော့မှ ပုံထဲကနဲ့ မတူပဲ အသားဖြူပြီး မာန်မာနမရှိတာ လူငယ်တွေနဲ့
ဆက်ဆံ ပေါင်းသင်း တတ်တာတွေကို တွေ့ခဲ့ရပါတယ်။ ဒါကလဲ အထင်နဲ့ လက်တွေ့ဟာ
အမြဲတမ်း မမှန်နိုင်ဘူး တစ်ထပ်တည်းမကျနိုင်ဘူးဆိုတဲ့ သဘောလက္ခဏာတစ်ခုပါ။
ဆရာတော်က
“ဦးဇင်းတို့ နောက်ကျလှပါလား။ နေ့ဆွမ်းချိန်မ်ီမယ်ထင်နေတာ။
ဘာဖြစ်နေလို့လဲ” လို့ စိတ်ပူပန်ခြင်းတွေနဲ့ မေးပါတယ်။ အရှင်တို့ကလဲ
immigration မှာ ၀င်နေရပုံကိုပြောပြလိုက်တယ်။ ဒီတော့မှ အော်…တပည့်တော်က
ဘာများဖြစ်နေလဲ တစ်ခုခုများဖြစ်နေလား ဆိုပြီး ပူနေတာတဲ့။ တစ်ခါတစ်လေဆို
ဒီမှာက အသွား အပြန်လက်မှတ်မဟုတ်ရင် သူတို့သံသယရှိရင် ငွေးတောင်းပြီး လေယာဉ်
ပေါ်ပြန်တင် ပေးလိုက်တာလို့ ဆရာတော်က မိန့်သေးတယ်။
နောက်ပြီး…
ဦးကေလ၀လာတုန်းကတော့ သူတစ်ပါးတည်းမို့ ဒီကကျောင်းသား ကို
သွားကြိုခိုင်းတယ်။ ဦးဇင်းတို့ကျ သုံးပါးဆိုတော့ စိတ်ချရတာမို့
မကြိုခိုင်းလိုက်ဘူး လို့လဲ ပြောပါသေးတယ်။ ဒီမှာက သုံးပါးဆိုရင်တော့
မလုပ်ရဲဘူး။ တစ်ပါးတည်းဆို ကားသမား တွေက သိပ်စိတ်မချရဘူးတဲ့။
လုယက်မှုတွေလုပ်တယ်တဲ့။ ဒကာတော် ကျောင်းသားက အထုတ်တွေသည်လို့ပြီး
အရှင်တို့လဲ ဆရာတော်ကိုနုတ်ဆက်ဦးချပြီး မိမိတို့နားရမဲ့အခန်းကို
အရှင်အိန္ဒာဝုဓက လိုက်ပို့ပေးခဲ့တယ်။
အခန်းရောက်တော့
ဒုလ္လရဟန်းဝတ်နေတဲ့ ဦးဇင်းနှစ်ပါးနဲ့တွေ့တယ်။ သူတို့နဲ့
စကားလေးဘာလေးပြောပြီး ဒီညတော့ မိမိတို့လဲ လေယာဉ်ပန်းတာကြောင့် စောစော
အနားယူဖြစ်ခဲ့ကြတယ်။
မနက်မိုးလင်းတော့ အာရုဏ်ဆွမ်းဘုဉ်းဖို့
အောက်ကြွတော့ မြန်မာအလုပ်သမားတွေ လေးငါးယောက်ကိုတွေ့ရတယ်။ အရှင်တောင်
အံ့သြမိတယ်။ ပြည်ပဖြစ်တဲ့ မွတ်ဆလင်နိုင်ငံမလေးမှာ မိမိတို့မြန်မာဗုဒ္ဓဘာသာ
ဘုန်းတော်ကြီး ကျောင်းမှာ အခုလိုမြန်မာဗုဒ္ဓဘာသာတွေ ၀င်ထွက်နေတာတွေ့ရတော့
ဂုဏ်ယူပြီး ပီတိဖြစ်မိသလို သူတို့လေးကိုချီးကျူးမိပါတယ်။ ဆရာရော
ဒကာရောတော်ပါပေ တယ်လို့။
ရောက်တဲ့နေ့က အရှင်တို့တစ်တွေ
ဆွမ်းနဲ့ဝေးခဲ့တာမို့ ဗိုက်ကဆန္ဒပြနေပေမဲ့ အရုဏ်ဆွမ်းကပ်မဲ့ အလှူရှင်တွေ
မရောက်သေးလို့ အပြင်မှာခဏတာစောင့်ရင်း သူတို့ အဖွဲ့နဲ့ စကားပြောဖြစ်တယ်။
သူတို့တစ်တွေက ဒီကိုရောက်တာ လေးငါးခြောက် နှစ်ရှိပြီဖြစ်ကြောင်း၊
ညပိုင်းအလုပ်ဆင်းပြီး မနက်ပိုင်း ဒီကျောင်းမှာ ဝေယျာဝစ္စကုသိုလ် လာယူကြောင်း
ပြောပြပါတယ်။ ဒီတော့ အရှင်ကလဲ ၀မ်းသာတဲ့အကြောင်း ပြည်ပ-မွတ်ဆလင်နိုင်ငံမှာ
အလုပ်လုပ်ရင်း ဘာသာရေးကို မျက်ခြေမပြတ်တဲ့အတွက် သာဓုခေါ်ချီးကျူးကြောင်း၊
အတိုင်းမသိဂုဏ်ယူပါကြောင်း၊ ကောင်းတဲ့အကျင့်စရဏလဲ ဖြစ်ကြောင်း
ပြန်ပြောမိပါတယ်။
မကြာလိုက်ဘူး အရုဏ်ဆွမ်းအလှူရှင်
ဇနီးသည်မောင်နှံရောက်လာကြတယ်။ မိမိတို့လဲ အထဲဝင်ပြီး ဘုဉ်းပေးပေါ့။
ဆရာတော်ရဲ့ဆုပေးလေးကလဲ ကောင်းသား။ ဘာတဲ့ သံသရာဝဋ်ဆင်းရဲမှ
ကင်းလွတ်ပါရခြင်းအကျိုးငှါ ဆက်ကပ်လှူဒါန်းပါ၏။ ထိုကောင်းမှုကြောင့်
ဇနီသည်မောင်နှံသည်လည်း သက်ဆုံးတိုင်ပေါင်းရပါစေသားတဲ့။ ဆုပေးလေး လန်းတယ်။
ဒါပေမဲ့ ကိုယ်တွေနဲ့တော့ မဆိုင်ဘူးဖြစ်နေတယ်လေ။
နောက်….ဆွမ်းဘုဉ်းပြီး
စောစောကအလုပ်သမားလေးတွေနဲ့ စကားဆက်ပြောဖြစ်တယ်။ သူတို့တစ်တွေရဲ့
ဘ၀အကြောင်း၊ ဒီကျောင်းမှာ ဘာသာရေးဆို သတို့လက်မနှေး တဲ့အကြောင်း၊ သူတို့
အဖွဲ့လေးစုပေါင်းပြီး ကြွေပြားခင်းမဲ့အကြောင်း၊
သင်္ကြန်းပွဲလေးလုပ်မှာဖြစ်တဲ့အကြောင်း၊ ဆရာတော်ဦးကေလ၀-
စာရိုက်ရအောင်ဆိုပြီး ကွန်ပျူတာလပ်တော့လေးတစ်လုံး စုပြီးလှူလိုက်ကြောင်း၊
အသံကောင်းပြီးတရားဟောကောင်းကြောင်း ပြောပြကြပါတယ်။
နောက်…
မကြာပါဘူး။ ခြေထောက်မှာ ကျောက်ပတ်တီးစီးထားတဲ့ ဒုက္ခိတ
ကောင်းလေးတစ်ယောက်ကို တွေ့ရပါတယ်။ ဒါနဲ့ သူကိုအင်တာဗျူးဝင်လိုက်တယ်။
ကိုယ်နိုင်ငံသားတစ်ယောက်ပဲ မဟုတ်လား။ ဘာဖြစ်တာလဲ မေးတော့၊ ဆိုင်ကယ်
မှောက်တာတဲ့။ ငါးရက်နေ့မြန်မာပြည်ကို ပြန်မာဖြစ်ကြောင်း၊ ဒီကဆရာဝန်က နောက်
ငါးလနေမှ ပြန်လာပြဆိုလို့ အဆင်မပြေကျောင်း၊ ခြေထောက်က ပိုပိုပြီးယောင်
လာကြောင်း၊ ဖြစ်တာက ၁၉ ရက် ၂ လပိုင်းကဖြစ်တာ ပြန်လာပြရမှာက ငါးလပိုင်းမှ
ဆိုတော့ ဘယ်ဟုတ်တော့မလဲ။ သူရောက်တာက တစ်နှစ်ပဲ ရှိသေးတယ်။
ဒီလိုမျိုးမကျန်းမာဘူးဆိုတော့ မလွယ်ဘူးပေါ့။
ဒီတော့
ခန္ဓာရှိရင် ရောဂါဖြစ်တာ ရှိတာ သဘာဝဆိုပေမဲ့။ ကျန်းမာရေးတော့
အထူးဂရုစိုက်ဖို့လိုပါတယ်။ ဘာပဲလုပ်လုပ် ကျန်းမာရေးကောင်းနေမှပါ။
အလုပ်ပဲလုပ်လုပ်၊ ပညာပဲသင်သင်၊ တရားပဲအားထုတ် အားထုတ်၊ စစ်ပဲတိုက်တိုက်
ကျန်းမာနေမှပါ။ ဒါကြောင့်လဲ မြတ်ဗုဒ္ဓက “အာရောဂျံ ပရမံ လာဘံ-ကျန်းမာခြင်းသည်
လာဒ်ကြီးတစ်ခုပဲ”လို့ မိန့်ခဲ့တာပဲ မဟုတ်လား။ အခုလို ပြည်ပမှာဆိုတော့
ပိုပြီးတော့ ကျန်းမာရေးကို ဂရုစိုက်ရမှာပါ။ ကိုယ့်မြေကိုယ့်ရေ
ကိုယ်အမေ့အိမ်မှ မဟုတ်တာ ဒါကို သိရမှာပါ။ ကဲ..ပြောစရာတွေတော့ အများကြီးပဲ
သင့်အတွက် မနက်ဖန်ဆက်ရန်ပေါ့။
အားလုံးကျန်းမာ-လန်းဖြာ-၀မ်းသာ-ချမ်းသာ-ဘာသာစိတ်-သာသနာစိတ်ရင်မှာ ကိန်းပါစေလို့..အမေ့မေတ္တာရှင်-ခေတ္တ
Samnak Sambodhi Buddhist Temple
Jalan 38, Taman Desa Jaya, 52100 Kuala Lumpur, Federal Territory of Kuala Lumpur, Malaysia
အမေ့မေတ္တာရှင် ဆရာတော်ဘုရား
ReplyDeleteဘာသာ သာသနာအကျိုးကို စိတ်သွားတိုင်းကိုယ်ပါ
လိုအပ်သလို ထမ်းဆောင်နိုင်ပါစေ...........
ချမ်းမြေ့ပါစေ...။ ။