Monday, February 25, 2013

အမေ

Photo: အမေ့ရယ်...
သားလေ..ဒီလိုမျိုးပုံစံနဲ့ ကမ္ဘာ့အမေများကိုတွေ့လိုက်တိုင်း သားရင်မှာ ကြေကွဲအာင် နာကြင်ခံစားရပါတယ်။
အမေ..သားငယ်ငယ်က အမြဲတမ်းပြောပြောနေတဲ့..
မိခင်တစ်ယောက်က သားသမီးဆယ်ယောက်ကို ကျွေးမွေးစောင့်ရှောက်နိုင်ပေမဲ့..
သားသမီးဆယ်ယောက် မိခင်တစ်ယောက် ပြန်မစောင့်ရှောက်နိုင်ဘူးဆိုတာလေ...
သိပ်မှန်တာပဲ..အမေရယ်။
ခုနေ..အမေများရှိနေသေးရင်..
ငါ့သား..ဟိုမှာမြင်နေရတဲ့ အဖွားကို သွားတွဲလို့ အိမ်ဦးခန်းမှာ လိုအပ်တာလေးပြုစုပေးရအောင်လို့...သားကိုခိုင်းမှာ အသေချာပဲ...အမေ။
အခု..အမေမရှိတော့ပဲ အမေပေးခဲ့တဲ့ မေတ္တာကရုဏာတွေနဲ့ပဲ သားတတ်စွမ်းသမျှ ကမ္ဘာ့အမေများကို စောင့်ရှောက်နေပါတယ်....အမေ။
အမေ..ရောက်ရာဌာနေကနေ...သာဓုခေါ်နိုင်ပါစေလို့..
အမေ့ကိုချစ်တဲ့ အမေ့သား...မောင်မေတ္တာ။
အမေ့ရယ်...

No comments:

Post a Comment