Wednesday, December 5, 2012

Mother


အမေကို အရမ်းချစ်တဲ့သူများအတွက် ( M.O.T.H.E.R )

အမေနေရာကိုအစားထိုးလို့ ရတဲသူမရှိပါဘူး။
There is no substitute for you,our beloved mother.

အမေ့ကျေးဇူးကို ပန်ဆပ်နိုင်မယ့်လောကီနည်းလမ်း ဆိုတာလဲမရှိပါဘူး။
There is no one mundane way by which we can repay the gratitude that we owe dear mother.

ဒါတွေကိုသက်ဝင်နားလည်ကြတဲ့သူတွေက.......................

ပညာရှင်တို့ရဲ့ နှလုံးသားထဲကစကားသံလေးတွေကို အမေတွေကိုချစ်ကြ တဲ့သားသမီးတွေနားဆင်နိုင်ဖို့မျှဝေလိုက်ပါတယ်ဗျာ။မွေးနေ့ကိုသတိတရ ရှိကြ၊အလေးဂရုပြုကြပေမယ့် မွေးနေ့ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်း အစစ်အမှန်ကိုတော့ သတိတရမရှိကြ၊အရေးမစိုက်ကြပါဘူး။မွေးနေ့ဆိုတာ အမေမွေးပေးခဲ့တဲ့နေ့ကိုအစွဲပြုပြီးခေါ်ဆိုတာပါ။မေ့းနေ့ကိုသတိတရရှိကြ
တယ်ဆိုရင်မွေးနေ့ကိုဖြစ်ပေါ်စေခဲ့တဲ့အမေ့ကို အလေးထားကြဖို့လိုပါ တယ်ဗျာ။

မွေးစတုန်းကအမေ့နားမှာရှိကြသလိုဘဲ၊မိမိရဲ့မွေးနေ့မှာ ကိုယ့်ကိုမွေးခဲ့တဲ့ အမေ့ရဲ့အနားမှာ ရှိနေသင့်ပါတယ်ဗျာ။ မိဘတွေဘေးမှာနေပြီး မိဘတွေ ရဲ့ကြီးမားလှတဲံကျေးဇူးတွေကို နက်နက်ရှိုင်းရှိုင်း ဆင်ခြင်သုံးသပ်ကြမယ်။ အပြစ်တွေရှိရင်လဲ ခွှင့်လွှတ်ကြဖို့ငယ်ငယ်ကလိုမိဘတွေရဲ့ရင်ခွင်ထံတိုးဝင်ပြီး
တောင်းပန်ကြမယ်ဆိုရင်.......................................

အမေမွေးပေးခဲ့တဲ့ နေ့ကိုအစွဲပြုပြီး အမှတ်တရပြုကြတဲ့ မွေးနေ့မှာ အမေဆို တဲ့ အင်္ဂလိပ်စာလုံးအဖွင့်နဲ့အမေ့အကြောင်းမှတ်မှတ်ရရဖြစ်အောင် မျှဝေချင် တဲ့ဆန္ဒနဲ့ ဒီစာလေးရေးဖြစ်တယ်ဗျာ။ဒီအဖွင့်ကိုရေးခဲ့သူက "ဟောင်းဝါဒ်ဂျွန်ဆင်" ပါဗျာ
ရေးခဲ့တဲ့နှစ်က (၁၉၁၅)ခုနှစ်မှာပါ။ကြာမြင့်နေပြီဖြစ်ပေမယ့် အမြဲတမ်းသစ်နေ
တဲ့ အမေ့အကြောင်းမို့လို့ ပြန်လည်ခံစားကြည့်ကြရအောင်ဗျာ။

(M-O-T-H-E-R)

"M" is for the million things she gave me,
"O" mean only that she's growing old,
"T" is for the tears she shed to save me
"H" is for her heart of purest gold;
"E" is for the eyes, with love-light shining.
"R" means right,and right she'll always be,

Put than all together, they spell
"MOTHER"
A words that means the world to me
Howard Johnson(c.1915)

"M" is for the million things she gave me,
အမေ.....အမေပေးခဲ့တဲ့ မေတ္တာတွေယအမေပေးခဲ့တဲ့အရာတွေယအမေရင်းနှီးပေးဆပ်ခဲ့တာတွေကို ရေတွက်ကြည့်မယ်ဆိုရင် ရေတွက်ဖို့မစွမ်းသာပါ ဘူးအမေရယ်။အမေပေးခဲ့တာတွေသိပ်များလွန်းတာတွေ ကိုအကြောင်းပြုပြီး million ဆိုတဲ့ အတိုင်းအဆကြီးမားတဲ့စကားလုံးကိုကိုယ်စားပြုတဲ့ "M"ကို အစပြုခဲ့တာပေါ့ဗျာ။

"O" mean only that she's growing old,
ရင်းနှီးပေးဆပ်ခဲ့တဲ့ဘ၀ပိုင်ရှင်အမေ.......၊ပင်ပန်းခဲ့ရတဲ့ဘ၀ပိုင်ရှင်အမေ...
၊နောက်ဆုံးတော့အမေ ရလာဒ်တစ်ခုဖြစ်တည်လာတယ်လေ။ အိုမင်းခြင်း ဆိုတဲ့အရာပေါ့လေ။ကြီးပြင်းလာအောင် အမေစောင့်ရှောက်ခဲ့လို့ လောက အလယ်မှာလူတစ်လုံး၊သူတစ်လုံးအရွယ်ရောက်လာတဲ့အချိန်မှာအမေဆိုသွားပါပေါ့လား။ဒီအရင်းအနှီးဟာအမေ့အတွက် နောက်ဆုံးရလာဒ်လားဗျာ။ ဒါကို အကြောင်းပြုပြီး အိုမင်းရင့်ရော်ခြင်းအဓိပ္ပါယ်ရှိတဲ့ Old ဆိုတဲ့စကားလုံးလေး ထည့်သွင်းခဲ့တယ်။

့"T" is for the tears she shed to save me
သားသမီးတွေကိုအကြောင်းပြုပြီး ၀မ်းသာလို့ကျခဲ့ရတဲ့မျက်ရည်တွေ သား သမီးတွေကိုအကြောင်းပြုပြီး ၀မ်းနဲလို့ကျခဲ့ရတဲ့မျက်ရည်တွေ သားသမီးတွေ ဘ၀ ရှင်သန်စေဖို့ကြိုးစားရုန်းကန်ခဲ့တဲ့ ဘ၀ကြမ်းကြီးမှာ ကျခဲ့တဲ့မျက် ရည်တွေအမေတိုင်းမှာ ကိုယ်စီရှိနေကြတယ်။ မိခင်တွေရဲ့ နှလုံးသားငိုရှိုက် သံလို့ ခေါ်ရသလို သားသမီးတွေအတွက် ရင်းနှီးခဲ့ရတဲ့ မျက်ရည်တွေပေါ့ဗျာ။ ဒီ ပုလဲမျက်ရည်တွေ အရင်းအနှီးနဲ့မိဘဖြစ်နေသူရဲ့ ဂုဏ်ပုဒ်ကိုဖော်ကျူးတဲ့ အနေနဲ့ "Tear" ကိုထည့်သွင်းခဲ့ပါတယ်ဗျာ။

"H" is for her heart of purest gold;
သန့်ရှင်းတဲ့မေတ္တာ၊အရောင်အသွေးကင်းတဲ့မေတ္တာရှင်ကို လောကထဲရှာကြတော့မယ်ဆိုရင် အမေ့ရဲ့မေတ္တာကိုဘဲ အသန့်ရှင်းဆုံး အရောင်အသွေးအကင်း ဆုံး အအေးမြဆုံးမေတ္တာ အဖြစ်တွေ့မြင်ပါတယ်။ ဒီအရေအသွေးတွေရှိ တဲ့ နှလုံးသားပိုင်ရှင် ဖြစ်တယ်လို့ဖော်ကျူးတဲ့ "H" ဆိုတဲ့စာလုံးလေးထည့် သွင်းရေးသားပါတယ်ဗျာ။

"E" is for the eyes, with love-light shining.
သားသမီးတွေက်ုအရိပ်တကြည့်ကြည့်နဲပ ကြည့်နေတတ်တဲ့ အမေ့မျက် ၀န်းတွေကိုပြန်ပြောင်း အောက်မေ့သတိရတယ်အမေ၊အမေ့မျက်လုံးအိမ်တွေတောက်ပနေတယ်။သားသမီးတွေရဲ့အကျိုကိုလိုလားတဲ့ ၊အပြစ်ဖြစ်မှာကို မလိုလားတဲ့၊မေတ္တာအရောင်တွေတောက်ပနေတဲ့မျက်ဝန်းတွေ အမေ့မှာ ရှိတယ်။လောကမှာအလှဆုံးမျက်ဝန်းပိုင်ရှင်ဟာအမေပါဘဲဗျာ။ ဒီလိုမျက် ၀န်းတွေရှိတဲ့ အမေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ "E"ဆိုတဲ့စာလုံးလေးကို ထည့် သွင်းရေးသားပါတယ်။

"R" means right,and right she'll always be,
များလှတဲ့ ဗဟုသုတရှိသလို၊ ခေတ်ကိုအမှီလိုက်နိုင်လို့(ဒါမှမဟုတ်) နည်းသော ဗဟုသုတရှိတဲ့အပြင် ခေတ်နဲ့ရင်ဘောင်တန်းမလိုက်နိုင်တော့လို့
(သို့မဟုတ်) အကြောင်းအမျိုးမျိုးကြောင့် တားမြစ်ခဲ့တာတွေ၊ ခွင့်မပြုဘဲ ပိတ်ပင်တားမြစ်ခဲ့တာတွေ ထဲမှာ အမှားဆိုတဲ့အရာတွေ ရှိကောင်းရှိနိုင် မယ်နော်။ဒါပေမယ့်အမေဘယ်တော့မှမမှားပါဘူးဗျာ။အမေအမြဲမှန်ပါတယ်။ အမေံမှာမှန်ကန်တဲ့တရားအမြဲရှိနေပါတယ်၊ဒါတွေဟာအမေံရဲ့စေတနာပါ၊
အမေဟာ သားသမီးတွေနဲ့ပက်သက်လာရင်ဘယ်တော့မှမမှားဘူး။ မှန်ကန် တဲ့စေတနာ၊မေတ္တာ တွေရှိတယ်၊ သားသမီးတေံအကျိုးမဲ့အောင်ပြုမယ်
ဆိုတဲ့စေတနာအမှားအမေ့မှာမ၇ှိခဲ့ဘူး။ဒီလိုမှန်ကန်မှု့တွေအမြဲရှိတဲ့ အမေ့အ တွက် Right ဆိုတဲ့ "R" ကိုထည့်ရေးပါတယ်ဗျာ။

အားလုံးပေါင်းစပ်လိုက်တော့( MOTHER) အမေဆိုတဲ့ စကားလုံးလေးဖြစ်ပေါ်လာပါတယ်။

"The heart of a mother is a deep abyss at the bottom of which you will always find forgiveness."
နက်ရှိုင်းကျယ်ပြန့်တဲ့မိခင်တွေ ရဲ့နှလုံးသားအောက်ခြေမှာခွင့်လွှတ်ခြင်းဆိုတဲ့ တရား သင်အမြဲတွေ့နေမယ်။
(အော်နော်ရေး ဒီဘာလ်ဇာ(ခ်) )

"A Mother is she who can take the place of all other but;whose place no one else can take."
မိခင်ဆိုတဲ့သူတွေဟာ မည်သူ့နေရာကိုမဆိုအစားဝင်နိုင်ပေမယ့်၊ သူ့နေရာ ကိုတော့ဘယ်သူမှအစားဝင်လို့မရပါဘူး။
(ကာဒီနယ် မာမီလော့)

"My mother was the most beautiful woman i ever saw."
မြင်ဖူးသမျှအမျိုးသမီးတွေထဲမှာအမေဟာအချောဆုံးပါဘဲ။
(ဂျော့ဝါရှင်တန်)

"Mother is the bank where we deposit all our hurts and worries."
အမေဆိုတာ ကျွန်တော်တို့ရဲ့ ဘ၀ဒါဏ်ရာတွေ၊စိုးရိမ်ပူပန်မှု့တွေကို ဖေး မစောင့်ရှောက်ပေးဖို့ အပ်နှံခံနေရတဲ့ ဘဏ်တိုက်ကြီးတစ်ခုပါဗျာ။

အမေတွေရဲ့နှလုံးသားကိုမြင်တတ်၊ခံစားနားလည်တတ်တဲ့ သားကောင်း၊ သမီးကောင်းတွေဖြစ်ကြပါစေဗျာ။

No comments:

Post a Comment