ဇိတံမေ-အောင်ပြီ၊ နိဌိတံမေ-ပြီးဆုံးလေပြီလို့ ရှင်တော်မြတ်ဗုဒ္ဓဟာ
တစ်ခုခုကို အောင်မြင်ပြီးသောအခါ၊ မာရ်နတ်စစ်သည်ကို အောင်မြင်ပြီးသောအခါ၊ ကိလေသာ တဏှာကို
အပြီးသတ်ချေမှုန်းပြီးသောအခါ ဒီပါဠိစကားလေးကို ဥဒါန်းကျူး ရင့်လေ့ ရှိပါ တယ်။
အခုလဲ ဘာမှမဟုတ်တဲ့ အမေ့မေတ္တာအရှင်ကလဲ ဘာမှမဟုတ်တဲ့ ကိစ္စလေး တစ်ခုနဲ့ ပက် သက်ပြီး
ဇိတံမေ-အောင်ပြီ၊ နိဌိတံမေ -ပြီးဆုံးခြင်းသို့ ရောက်ခဲ့ လေပြီလို့ ကြွေးကြော် ရမှာပါ။
ဘာမှ မဟုတ်တဲ့ ကိစ္စလေးတစ်ခုဆိုတာတော့ ကျောင်းသားသစ်တွေအတွက် အိမ်ငှါးကိစ္စပါ။
ဘာမှမဟုတ်ဘူးလို့ သာပြောရတယ်။ လွယ်တော့ မလွယ်ဘူးဗျာ။ အိမ်တစ်လုံး၊ ကျောင်းတစ်ဆောင်ဆောက်တာ
မဟုတ်ပေမဲ့ အိမ်တစ်လုံးရဖို့ ရှာရတာ တစ်ပတ်ကျော်လောက်ကို ကြာတယ်။ လူကသိပ်မပန်းပေမဲ့
ငွေကြေးတော့ အတော် ကုန်သားဗျာ့။
ဒီနေ့တော့ အိမ်ငှါးကိစ္စအတွက် နိဌိတံ-ဇိတံလို့ပြောလို့ရပါပြီ။ ဒီနေ့ည
၇ နာရီ မှာပဲ ကျောင်းသားကိုးယောက်အတွက် တစ်နှစ်စာ တစ်လကို ရူပီးသုံးသောင်းကျပ်-တစ်နှစ်စာ
ရူပီးသုံးသိန်းခြောက်သောင်းကျပ်တန် စာချုပ်ကို ရှေ့နေနဲ့ ချုပ်ခဲ့ပြီး ပြီဆိုပါ တော့။
အိမ်ငှါးကိစ္စစာချုပ်လေးပြီးတော့ နားရပြီထင်ေ နတာ ဘယ်ဟုတ်မလဲ။ မနက်ဖန် အသုံးအဆောင် ပစ္စည်းလေးေ တွအတွက်
ဈေးတန်းတိုးရအုံးမယ်ဆိုပါလား။ ဘာပဲ ဖြစ်ဖြစ်ကူညီပေးရမှာပါ။ ကိုယ်က ဘာမှတော့ မဟုတ်ပေမဲ့
စီနီယာကျနေတာကိုး။ ကိုယ်ကလဲ အနာဂတ်မျိုးဆက်သစ်လေးတွေကို ကူညီပေးဖို့ အသင့်ပါ။ မတောက်တစ်
ခေါက် အီးပညာလေးနဲ့ လိုက်ပြီး ဈေးစစ်ပေးရအုံးမယ်ဆိုပါတော့။
တကယ်တော့ ဒီအိမ်ငှါးကိစ္စတာဝန်က အရှင်အိန္ဒိယကို ရောက်နေစဉ်မှာကတဲ့က
ပုခုံးပေါ်ကိုရောက်နေတာပါ။ လူကအိန္ဒိယမှာရှိသေးတယ်။ သီရိလင်္ကာက အိမ်ငှါး ကိစ္စတာဝန်က စောင့်မျှော်နေလေရဲ့။
အသစ်ရောက်လာတဲ့ ကျောင်းသားတွေကလဲ ကိုယ်နဲ့ အတော်လေးကို ရင်းနီးနေတဲ့ သူတွေဆိုတော့ သူတို့ကလဲ
ကိုယ်ကို အားကိုး ရှာတယ်လေ။ သူတို့မလာခင်ကတဲ့က မိမိကို လှမ်းပြီးကြိုပြောထားကြတာလေ။
နေစရာ ဘာဘာညာညာစသသည်ပေါ့။ အင်းကိုယ်ကလဲ စိတ်ချဖြစ်ချင်တာကို ဖြစ်စေရမယ်လို့ သာ ပြောလိုက်ရတယ်။
ကိုယ်မှာဖြင့် ကပ်ပြီး နေထိုင်နေတဲ့ ကုလားကျောင်း ဆောင် လေးကိုတောင် မြန်မာပြည်မပြန်ခင်
ကိုယ့်ထက်ခက်ခဲနေတဲ့ သူငယ်ချင်းများကို ပေးထားရလေရဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ဖျိုသလစ်နေတတ်နေပြီလေ။
ဒီတော့ မိမိကိုယ်က နေထိုင်ဖို့နေရာ ကြိုပြောထားတဲ့ သူငယ်ချင်းများက
များနေ တော့ ရင်းတာဖျားတာမခွဲခြားတော့ပဲ ဦးသူစနစ်ဖြင့် မိမိစွမ်းနို င်တဲ့ နေရာလေးတွေကို
အရင်ရောက်လာသူ သူငယ်ချင်း များအား ပေးလိုက်ရတယ်လေ။ အများကြီးတော့ မဟုတ်ပါဘူး။ ကောလုနာဝနဲ့
ဝဇိရလောက်ပါပဲ။
ဒီတော့ နောက်ရောက်လာတဲ့ သူငယ်ချင်းများကိုတော့ အိမ်ငှါးပဲ စဉ်းစားရ
တယ်လေ။ အိမ်ငှါးရတာ အခက်ကြီးတော့မဟုတ်ပေမဲ့၊ အိမ်ရှင်တွေက ဈေးကွက်ကို သိလာပြီး ဈေးတွေမတန်တဆတောင်းလာတော့
အရင်ကလိုငှါးရတာ မလွယ်တော့ ဘူး။ ကိုယ့်ဘက်က မျက်နှာတင်းလို့မရတော့ဘူးဆိုပါတော့။နောက်ဆို
ဒီထက်ဈေး တွေကြီးလာမှာ အမှန်ပဲလေ။ အိမ်ရှင်တွေတောင်းတိုင်းသာ ကိုယ်တွေက လိုက်ပေး နေရမယ်ဆိုလဲ
အခက်သား။ ကိုယ်တွေက အဝေးကနေ ပညာလာရှာတဲ့ ပညာ သင်ကျောင်းသားတွေလေ၊ စီးပွားရေး လုပ်ငန်းရှင်တွေမှ
မဟုတ်တာ။ ဘယ်လွယ် ပါ့မလဲ။
တကယ်တော့ ပညာသင်နှစ်သစ်ကိုရောက်တိုင်း ဒီပြဿနာကို တွေ့ကြုံခံစား
ရတာ နှစ်စဉ်လိုပါပဲ။ မိမိအလင်္ကာကို စရောက်စဉ်ကလဲ ဒီအတိုင်းပါပဲ။ နေစရာပြဿနာ အခက်အခဲကို
တွေ့ကြုံခဲ့ရပါတယ်။ ဒါကြောင့်လဲ မိမိအနေနဲ့ ဒီပြဿနာအခက်ခဲကို ဖြေရှင်းနိုင်မဲ့နည်းလမ်းကို
အမြဲတမ်းစဉ်းစားခဲ့ပါတယ်။ ခဏတာ တစ်နှစ်တာ ဖြေရှင်း နည်း မဟုတ်ဘဲ။ နှစ်ရှည်ဖြေရှင်းနည်းဆိုပါတော့။
ဒါမှ..နောင်အနာဂတ် ကျောင်းသား သစ်တွေ ဒီဒုက္ခပြဿနာကို မခံစားရမှာမဟုတ်လား။
ဖြေရှင်းနိုင်မဲ့နည်းလမ်း နှစ်ခုကိုစဉ်းစားမိ၊ တွေ့ရှိခဲ့ပါတယ်။
အဲ့ဒါကတော့ အလ င်္ကာမှာ မြန်မာကျောင်းသားရဟန်းတော်များအတွက် နေထိုင်စရာ ၀ိဟာရအနေနဲ့ စိုးရိမ်
ကြောင့်ကြမှုမရှိဘဲ ပညာသင်ယူနိုင်ဖို့အတွက် အလင်္ကာဘုန်းတော်ကြီး ကျောင်း ၀င်းများတွင်းမှာ
ကျောင်းဆောင်သစ်များဆောက်လုပ်ခြင်း။ သို့မဟုတ် မိခင် မကုဋ ကျောင်းတိုက်တော်ကြီးမှာ
ကျောင်းဆောင်သစ်များ တိုးချဲ့ဆောက်လုပ်ခြင်း ဆိုတဲ့ နည်းလမ်းနှစ်သွယ်ပါ။
ဒီးနည်းလမ်းနှစ်ခုကို မိမိကသူငယ်ချင်းများကို ချပြသောအခါ သူတို့တစ်တွေက
ကုလား ဘုန်းတော်ကြီးကျောင်းမြေဆိုတာ သိပ်တော့မလွယ်ဘူး။ ဆောက်ပြီးခါမှ စိတ်ပြောင်းလဲသွားရင်
အခက်တွေ့မယ်။ ပြီးတော့ နှစ်ရှည်များစွာ အလင်္ကာ ဘုန်းကြီး များနဲ့ အဆင်ပြေအောင်နေဖို့ဆိုတာ
သိပ်တော့မလွယ်ဘူးလို့ ပြောဆိုအကြံပြု လာကြ ပါတယ်။
နောက်… သူတို့တစ်တွေက ဘာအကြံပြုလာလဲဆိုတော့ ကျောင်းဆောင် သစ် ဆောက်မယ်ဆို
ဘာပဲဖြစ်ဖြစ် မိမိတို့မြန်မာဘုန်းကြီးတွေ ပိုင်ဆိုင်တဲ့မိခင် မကုဋ ကျောင်းတော်ကြီးအတွင်းမှာပဲ
အသစ်ဆောက်လုပ်တာ ကောင်းပါတယ်။ မိခင်မြန်မာ ကျောင်းဆိုတော့ သူပိုင်ကိုယ်ပိုင်သတ်မှတ်ခွဲခြားမှု
ပြဿနာတွေဖြစ်လာမှာ မဟုတ် တော့ဘူး။ ဒီတော့ ဘာပဲဖြစ်ဖြစ် သူငယ်ချင်း မင်းစွမ်းနိုင်လို့
ကျောင်းဆောင်သစ် ဆောက်လုပ်မယ်ဆိုလဲ မိခင်မ ကုဋမှာပဲ ဆောက်လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်.. လို့
ပြောဆိုအကြံ ပုလာကြပါတယ်။
ဒီစိတ်ကူး အတွေးများဟာ အစမှာတော့ တကယ်စိတ်ကူးသက်သက်ပါပဲ။ ဘယ်လိုပြောရမလဲ
On the Air လို့ပြောရမလိုပါပဲ။ ဘာလို့လဲဆိုတော့ မိမိကိုယ် တိုင်က ဘာမှမဟုတ်တဲ့ သာမာန်ကျောင်းသားတစ်ယောက်သာပါ။
နာမည်ကျော်နေတဲ့ ဓမ္မကထိက မဟုတ်သလို၊ ကျော်ကြားနေတဲ့ စာရေးဆရာတစ်ယောက်လဲ မဟုတ်ပါဘူး။
အောင်မြင်နေတဲ့ စီးပွားရေးပညာရှင်တစ်ယောက် မဟုတ်သလို။ စာပေအရာမှာ မြင့်မား တဲ့ ဒေါက်တာလောင်းတစ်ယောက်လဲ
မဟုတ်ပါဘူး။ ဒီတော့ မိမိရဲ့ ကျောင်း ဆောင်သစ် ဆောက်လုပ်မည့်အတွေးများဟာ စိတ်ကူးသက်သက်ရယ်သာ
ဖြစ်နေ ပါတော့တယ်။
လှံထမ်းလာတာကို မြင်ရပေမဲ့ ကံထမ်းလာတာကို မမြင်ရဘူးဆိုတဲ့အတိုင်းပဲ
နောက်.. သိပ်မကြာဘူး။ ကောလုနာဝက
အိမ်ဖြူတော်ကျောင်းဆောင် အဟောင်း လေးရဲ့ ပြုပြင်မှုကိုအကြောင်းပြုပြီး။ မိခင်မ ကုဋမှာ
ကျောင်းဆောင်သစ် ဆောက်လုပ် ချင်တဲ့ မိမိရဲ့စိတ်ကူးတွေ အမှန်တကယ်ြ ဖစ်လာတော့တာပါပဲ။ ကံအကြောင်းတရား
ပေါ်လာတာက ဒီလိုပါ။ ကောလုနာဝက ကျောင်းဟောင်းကလေးရဲ့ ပို့စ်လေးကို အင်တာနက်စာမျက်နှာမှာ
ဖတ်မိပြီး စေတနာ သဒ္ဓါတရားသိပ်ကောင်းပြီး သာသနာ ကိုကြည်ညိုလေးစား ထောက်ပံ့ပေးနေတဲ့
မမြင်ဖူး မသိဖူးသော ဒကာမ တစ်ယောက် က အင်တာနက် စာမျက်နှာ ကတစ်ဆင့် ဆက်သွယ်မေးမြန်း လျှောက်ထား
လာပါတယ်။
“အရှင်ဘုရား ကျောင်းလေးပြင်မဲ့ ကိစ္စအဆင်ပြေပါသလား။ လှူဒါန်းသူရော
ပေါ်ပြီလား၊ တပည့်တော်လဲ လိုအပ်ပါက ကျောင်းဒကာမအဖြစ်ခံယူချင်လို့ပါ” ဘုရားလို့ မေးမြန်းလျှောက် ထားလာပါတယ်။
အရှင်လဲ အစတော့ အတော်လေးကို အံ့သြမိပြီး မယုံချင်သလို ဖြစ်သွားမိပါသေးတယ်။ မိမိဘ၀မှာ
တစ်ခါမှလဲ မတွေ့ကြုံဖူးတော့ သူငယ်ချင်းတွေကများ နောက်နေ တာလား၊ ဘာလားလို့လဲ တွေးမိပါသေးတယ်။
တကယ်တော့ ဒီအတွေးလေးက စေတနာရှင်ကို စော်ကားမိ သလိုဖြစ်သွားတဲ့အတွက်လဲ မိမိက စိတ်ထဲမှာ
တောင်းပန်မိ ပါသေးတယ်။
နောက်တော့… အင်တာနက်စာမျက်နှာက တစ်ဆင့် သဒ္ဓါတရားအားကောင်း မှုတွေနဲ့အတူ
လှူဒါန်းလိုတဲ့ ဒကာမနဲ့အတူ Australia က ဒကာမကြီး ဒေါ်သီတာဆွေ တို့ရဲ့ ကောင်းမှုတွေနဲ့
ကောလုနာဝ ကျောင်းဆောင် ငယ်လေးကို ပြုပြင်နိုင်ခဲ့သလို၊ ထို.. အင်တာနက်စာမျက်နှာကနေတစ်ဆင့်
လှူဒါန်းလာတဲ့ ဒကာမကပဲ မိခင်မကုဋမှာ ကျောင်းဆောင်သစ်ကြီးပေါ်ပေါက်လာဖို့ လမ်းခင်းပေးခဲ့ပါတယ်။
မိခင်မကုဋမှာ ကျောင်းဆောင်သစ်ဆောက်ဖို့ ဖောင်းဒေးရှင်းအတွက် သိန်းတစ်ရာ့ငါးဆယ် မတည်
လှူဒါန်းပြီးသားဖြစ်ပါတယ်။ ဒီကျောင်းဆောင်သစ်ဖောင်ဒေးရှင်းအတွက် မိမိသည်လဲ အင်နဲ့အားနဲ့
ကြိုးစားနေဆဲဖြစ်ပါတယ်။ ဖောင်ဒေးရှင်းချနိုင်ဖို့လဲ စိတ်ဆန္ဒတွေက ပြင်းပြနေပါတယ်။
သို့သော်လည်း… မိမိတစ်ယောက်တည်း မပြီးနိုင်တဲ့ ကိစ္စကြီးမို့ အခုချိန်ထိ
ဖောင်ဒေးရှင်း မစနိုင်သေးတဲ့အတွက် On the Air လို့ ပြောမယ်ဆိုလဲ ခံရအုံးမှာပါပဲ။ ဘာပဲဖြစ်ဖြစ်
ဘယ်ရက်ဘယ်နေ့ပါလို့ အတိကျမပြောနို င်သေးပေးမဲ့ ဖြစ်မြောက် အောင်တော့ အစွမ်းကုန်ကြိုးစားဖို့
ဆုံးဖြတ်ချက်သန္ဒိဌာန်တွေ ချထားပါတယ်။
အင်း… ကျောင်းဆောင်သစ်အတွက် ဇိတံမေ၊ နိဌိတံမေ လို့ မပြောနိုင် သေး
သော်လည်း အိမ်ငှါးကိစ္စအတွက်တော့ ဇိတံမေ-အောင်ပြီ၊ နိဌိတံမေ-ပြီးဆုံးခြင်းသို့ ရောက်ခဲ့လေပြီလို့
ဥဒါန်းကြူးရင့်ရင်း…
အားလုံးချမ်းမြေ့နိုင်ပါစေလို့…
အမေ့မေတ္တာအရှင်-ခေတ္တမကုဋ
No comments:
Post a Comment