တစ်နေ့ ခရီးသည်တစ်ဦးအနေဖြင့် ကျနုပ်သည် မလေးရှားနိုင်ငံ
ကွာလာလမ်ပူမြို့တော်ကြီးမှ တစ်ချိန် က ကျွန်းစွယ်လေးတစ်ခုကနေ မြန်မာနိုင်ငံ
ရန်ကုန်မြို့တော်ကြီးကိုအတုယူပြီး နိုင်ငံတည်ေ ထာင်ခဲ့တဲ့၊ မြန်မာ
နိုင်ငံအောက် တိုးတက်မှုနောက်ကျခဲ့သောစင်္ကာပူနိုင်ငံ ဘက်ကို
ခရီးထွက်ခဲ့ပါတယ်။
ခရီးသည်ဆိုသည့်အတိုင်း ခရီးတွေတော်တော်များများသွားဖြစ်ခဲ့ပါတယ်။ ခရီးသွားလာရင်း အတွေး စိတ်ကူးတွေကလဲ များစွာပေါ်လာခဲ့ပါတယ်။ ဒီအတွေးစိတ်ကူးလေးတွေကိုပဲ ပေါ်လာတဲ့အတိုင်း ချပြဖြစ်ခဲ့ ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ အတွေးအခေါ်ပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး။ သာမန်ခရီးသွားတစ်ဦးသာဖြစ်ပါတယ်။
စင်္ကာပူကို မလေးမြို့တော်ကွာလာလမ်ပူကနေ ဘတ်စကားဖြင့်နံနက်ပိုင်း ၁၁-၃၀ မှာထွက်လာ ခဲ့ပါတယ်။ လမ်းတစ်လျှောက် ဘေးဘက်ဝဲယာတွေကိုကြည့်ဖြစ်ခဲ့ပါတယ်။ စင်္ကာပူကိုရောက်ဖို့ဆို ကွာလာလမ် ပူကနေ ဂျိုဟိုး-Johorဆိုတဲ့မြို့ကို မဖြစ်မနေဖြတ်ကျော်ရပါတယ်။ ကွာလာလမ်ပူကနေဂျိုဟိုးအထိ မလေး ရှား ရဲ့သယံဇာတတစ်ခုဖြစ်တဲ့ ဆီအုန်းစိုက်ခင်းကြီးတွေကို တွေ့ခဲ့ရပါတယ်။ ဒီစိုက်ခင်းကြီးတွေက မလေးရှားနိုင်ငံ အတွက် ဘီလျံ၊ မီလျံ သန်းပေါင်းများစွာဖြစ်သလားဆိုတာတော့ မိမိလဲအတိကျမသိပါ။ မိမိက စီးပွားရေးပါရဂူ တစ်ယောက်မှမဟုတ်ပဲ ဘယ်သိနိုင်မလဲလေ။
သို့သော် ဒီဆီအုန်းစိုက်ခင်းကြီးတွေဟာ မလေးရှားနိုင်ငံရဲ့ တန်းဖိုးထားရသော သယံဇာတ တစ်ခုဖြစ်တယ်ဆိုတာတော့ ငြင်းနိုင်မည်မဟုတ်ပါ။ အကယ်၍ ဒီစိုက်ခင်းကြီးတွေက မလေးရှားနိုင်ငံအတွက် သန်းပေါင်းများစွာသော ငွေကြေးတွေဖြစ်စေတယ်ဆိုပါက၊ အမိရွှေမြန်မာနိုင်ငံအတွက်တော့ ပြောစရာလိုမယ် မထင်ပါဘူး။ အမိမြန်မာပြည်မှာရှိနေတဲ့ သဘာဝသယံဇာတတွေက အမိမြန်မာနိုင်ငံအတွက် သိန်းသန်းကုဋေ ကုဋာဖြစ်စေမှာပါ။ အမိမြန်မာပြည်မှာက သယံဇာတတွေပေါမှပေါ။ မယုံရင်မြန်မာပြည့်အနှံ့ တစ်ခေါက်လောက် လေ့လာကြည့်လိုက်ပါ။
အမိမြန်မာပြည်မှာ သယံဇာတအဖြစ် ရွှေငွေကျောက်သံပတ္တမြား၊ ကြေးနီ၊ သတ္ထုတွင်းတွေရှိတယ်။ ဆန်ဆီဆားပဲကြက်သွန်စတဲ့ လယ်ယာ တောင်ယာတွေရှိတယ်။ အုန်းငှပျော၊ ကွမ်းစတဲ့ စိုက်ခင်းတွေရှိတယ်။ ကျွန်း၊ သစ်ဝါး၊ ရော်ဘာ၊ စတဲ့သစ်စိုက်ခင်းတွေရှိတယ်။ ဖား၊ ငါးစတဲ့ အင်းအိုင်တွေရှိတယ်။ နောက်ဆုံးကုန် ကုန်ပြောရရင် ဘိန်းစတဲ့ မကောင်းတဲ့ မူးယဇ် စိုက်ခင်းတွေ လဲရှိတယ်။ သယံဇာတအနေနဲ့ ဘယ်နိုင်ငံနဲ့ ယှဉ်မလဲ ယှဉ်လိုက်စမ်းပါ။ စိန်ခေါ်နိုင်တဲ့အနေထားပါ။
သို့သော်.. မြန်မာပြည်ကြီး ဘာလို့သူများနိုင်ငံတွေ အောက် တိုးတက်မှုတွေရောက်ေ နသလဲ။ ငွေတန်ဖိုးတွေ ဘာလို့နိမ့်ကျနေတာလဲ။ ပြည်သူတွေ ဘာလို့ဆင်းရဲ နေတာလဲ။ သူများနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ်နဲ့ မြန်မာပြည်သူတွေ ဘာလို့ရှိနေတာလဲ ဆိုတာတော့ သာမန် ခရီးသည်တစ်ဦးအနေဖြင့် ဘယ်ပြောတတ်ပါ့မလဲ။ မြန်မာပြည်သူ/ ပြည်သားအားလုံး ကိုယ်ပိုင်အသိဥာဏ် ဦးနှောက်နဲ့သာ စဉ်းစားတွေးကြပေါ့။
နောက်…ကားပေါ်မှာအတူးစီးခဲ့တဲ့ မြန်မာအလုပ်သမားလေးတစ်ယောက် ပြောပြလို့သိခဲ့ရတာတော့ မလေးရှားမှာ သယံဇာတအဖြစ် ရတနာရွှေကိုလဲတူးဖော်ကြပါတယ်။ ဒီလုပ်ငန်းမှာတော့ သူတို့နိုင်ငံသားအများ စုကိုပဲခိုင်းတယ်ဆိုပဲ။ သိပ်ကျဉ်းမြောင်းတဲ့ ဒီရွှေရတနာတွေက မလေးရှားနိုင်ငံအတွက် သန်းပေါင်းများစွာ ဖန်တီးပေးတယ်ဆိုပါက၊ မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိနေတဲ့ ရွှေတွင်းတွေ၊ ရွှေချောင်းတွေ၊ ရွှေမြစ် တွေက၊ ရွှေတောင်တွေ၊ ရွှေမြေတွေက အမိမြန်မာပြည်ကြီးကို သန်းပေါင်းများစွာ၊ ကုဋေများစွာ ဖန်တီး ပေးမှာ ဧကန်မ လွဲပါပဲ။ အမိမြေမှာ ရတနာတွင်းတွေပေါလိုက်တာ။ မြေရှိရင် ရွှေရှိတယ်လို့ပြောရ လောက်အောင်ကိုပေါများ တာပါ။
မိမိသည်ခရီးသည်တစ်ဦးအနေဖြင့် မြန်မာပြည်တွင်းက ပြည်နယ်တော်တော်များများကို ရောက်ခဲ့ဖူး ပါတယ်။ သွားလာခဲ့ဖူးတဲ့ နေရာတွေထဲက ရတနာရွှေငွေ၊ ကျောက်သံထွက်တဲ့ အထင်ကရမြို့ ကြီးများကို ပြောရမယ်ဆိုရင် ကချင်ပြည်နယ် ရွှေကူ၊ ဗန်မော်၊ မြစ်ကြီးနား၊ ဖားကန့်စတဲ့ ဒေသတွေမှာလဲ ရွှေတွေကျောက်တွေ များစွာထွက်ပါတယ်။ နောက်… စစ်ကိုင်းတိုင်း ခန္တီးနာဂတောင်တန်း၊ ဟုမ္မလင်း၊ မုံရွာ၊ ချင်းတွင်းမြစ်တလျှောက် ရွှေတွေ ကျောက်တွေများစွာ ထွက်ပါတယ်။
နောက်… မန္တလေးတိုင်း ရမည်းသင်း၊ မိုးကုတ်စတဲ့ ဒေသတွေမှာလဲ ရွှေတွေကျောက်တွေများစွာထွက်ပါတယ်။
နောက်.. ကြေးနီးထွက်တဲ့ လက်ပန်းတောင်းဆိုတာလဲ ရှိနေသေးပါ တယ်။
ဒါဆို မလေးရှားနိုင်ငံထက် အဆပေါင်းများစွာသာနေသည် မဟုတ်ပါ လား။ သို့သော်လည်း အမိမြန်မာ နိုင်ငံဟာ ဒီလိုရွှေကျောက်ရတနာတွေ ပိဿာနဲ့ချီရနေသော်လည်း ဆင်းရဲမြဲဆင်းရေ နလျှက်ပါ။ ပြည်သူတွေ မွဲမြဲမွဲလျှက်ပါ။ ဒီရတနာတွေကို ပြည်သူတွေမှ ခံစားပိုင်ခွင့်မရှိတာ ဘယ်လိုလုပ်ပြည်သူတွေက ချမ်းသာပါ့မလဲ။ ခေါင်းဆောင်ပိုင်းက တစ်သက်စားဥာဏ်မကြံပဲ၊ တစ်နှပ်စား ဥာဏ်ကြံတယ်လေ။ မျိုးဆက်ပေါင်းများစွာအတွက် မကြံပဲ၊ သူတို့မျိုးဆက်တစ်ခု အတွက်ပဲ ကြံတယ်လေ။ အနာဂတ်အတွက်မကြည့်ပဲ၊လက်ရှိသူတို့ ကောင်းစား ရေးပဲကြံတယ်လေ။
ဒီတော့ မြန်မာနိုင်ငံတော်ကြီးနဲ့ မြန်မာပြည်သူတွေက ဘယ်မှာချမ်းသာနိုင်ပါ့မလဲ၊ ဆင်းရဲမြဲ ဆင်းရဲနေမည်။ မွဲမြဲမွဲနေမည်။ ငတ်မြဲငတ်နေမည်။ နောက်ကျမြဲ နောက်ကျနေမည်သာဖြစ်သည်။ တကယ်လို့ သာ ပြည်သူတွေကို ခံစားပိုင်ခွင့်ပေးခဲ့မည်ဆိုပါလျှင် မြန်မာပြည်သူတွေအနေဖြင့် အခုလိုမျိုး နောက်ကျ အောက်ကျ ဆင်းရဲမွဲတေနေလိမ့်မည် မဟုတ်ပါ။
နောက်… သတိထားမိခဲ့တာ တစ်ခုရှိသေးတယ်။ မိမိပီနန်ဆိုတဲ့ မြို့တော်ကြီးဆီကို လည်ပတ်စဉ်က ဆိုပါတော့။ ပီနန်ကနေ တစ်နာရီကျော်လောက်မောင်းရတဲ့ ရှေ့ဟောင်းအမွေအ နစ်တွေကို တူးဖော်နေတဲ့ Bujampleကို သွားရာလမ်းမှာတော့ လယ်ကွင်းတွေ၊ လယ်ယာတွေ ကိုတွေ့ခဲ့ရပါတယ်။ မလေးရှားနိုင်ငံမှာလဲ ဆန်ထွက်တယ်ဆိုတဲ့သဘောပေါ့။ ဒီမဖြစ်စလောက် လယ်ယာမြေတွေကြောင့် မလေးရှားပြည်သူတွေ ဗိုက်ဝနေ တယ်ဆိုပါက၊ အမိမြန်မာပြည်သူတွေ ဘယ်မှာထမင်းငတ်သူ၊ ဗိုက်မ၀သူ၊ တောင်းစားနေရသူ ရှိပါ့မလဲ။ မြန်မာ ပြည်မှာ လယ်ကွင်းတွေကပေါမှပေါ၊ များမှများ၊ ကျယ်မှကျယ်လိုက်ပလေ။
မိမိသည် ခရီးသည်တစ်ဦးအနေဖြင့် ကလေးဘ၀ကတဲ့က တောတောင်လယ်ယာတောင်ယာ ဒေသ တွေဆီကို သွားလာကျင်လည်ခဲ့ ဖူးပါတယ်။ အမိမြန်မာပြည်ကြီးဟာ ဆန်စပါးတွေပေါများတယ်ဆိုတာ ကလေး ဘ၀ကတဲ့က မိမိသိခဲ့တာပါ။ ရိတ်လို့မနိုင်သိမ်းလို့ မနိုင်လောက်အောင်ပါပဲ။ မိမိကလေးဘ၀ကဆို လယ်ပိုင်ရှင်တွေ ရိတ်သိမ်းပြီးလို့ ကျကျန်နေတဲ့ စပါးနှံတွေကို လိုက်ကောင်တာတောင် များစွာရရှိခဲ့ပါတယ်။ တစ်ချို့များဆို ပိုနေလို့ထမင်းခဲတောင် ခွေးနွားဝက်စသည် ကိုကျွေးပစ်ကြပါတယ်။ တစ်ချို့ကြတော့လဲ အခြောက်လှမ်းထားကြပြန် တယ်လေ။ မြန်မာပြည်မှာက ဒီလောက်ထိကိုဆန်စပါးပေါတာပါ။
သို့သော်လည်း မြန်မာပြည်သူတွေ ဘာလို့ဝမ်းစာခက်ခဲနေတယ်၊ တစ်ချို့ဘာလို့ စားစရာမရှိုဖြစ် နေတယ်။ တစ်ချို့ ဘာလို့ခွက်လက်စွဲပြီး တောင်းစားနေတယ်။ တစ်ချို့ဘာလို့ ပေးပါကမ်းပါ တစာစာအော် နေရတယ်ဆိုတာတော့ မိမိလည်းပြောပြနိုင်မည် မဟုတ်ပါ။ မိမိကမနုဿဗေဒ ပညာရှင်မှမဟုတ်တာပဲ။
အင်း….စီးလာတဲ့ဘတ်စကားကလဲ ကြားကားဆိုတော့ အတွေးတွေလဲ တစ်ခါတစ်ခါဘေးကို လွင့်စင် သွားရတယ်လေ။ အခုမှသတိရတယ်။ လမ်းဘေးမှာ ကျွန်းပင်သေးသေးလေးတွေကို စိုက်ပျိုးထားတာကိုလဲ တွေ့ခဲ့ရသေးတယ်။ အပင်လေးတွေသေးလိုက်တာမှ ပြောမနေနဲ့၊ မိမိတို့တောအရပ်က ကျွဲနွားဝက်ခြံတိုင် လေးတွေလောက်ပဲ ရှိပါသေးတယ်။ ဒီကျွန်းပင်လေးတွေက မလေးရှားနိုင်ငံအတွက် သယံဇာတတစ်ခုအဖြစ် စိုက်ပျိုးတယ်ဆိုပါက။ မြန်မာနိုင်ငံအနေနဲ့ ရယ်စရာသာဖြစ်နေပါလိမ့်မယ်။ အမိမြန်မာပြည်မှာက အလိုလိုပေါက် နေတဲ့ ကျွန်းသစ်တွေပေါ မှပေါ။ မြန်မာ့ခေါင်းဆောင်တွေ သုံးမကုန်လို့တောင် တရုတ်ပြည်ကြီးကို ပို့ပေးနေ ပါသေးတယ်။ ကျွန်းသစ်ကလဲ ရတနာလို့ပြောရမလိုပါပဲ။ တရုတ်ပြည်ကိုပို့တာ ငွေတွေတအားရလွန်းလို့ အခုဆို ခေါင်းဆောင်တွေက ခွဲတမ်းကျတောင် စိုက်ခိုင်းနေလေ့ရဲ့။ ဒီလောက်ပေါများတဲ့ ကျွန်းသစ်တွေ၊ သိပ်ဝင်ငွေကောင်းတွေ ကျွန်းသစ်တွေဟာ မြန်မာပြည်သူတွေအတွက်တော့ အားကိုးစရာဖြစ်ခဲ့မယ် မထင် ပါဘူး။ ပြည်သူတွေမှ ခံစားပိုင်ခွင့်မရှိခဲ့တာ။ တစ်ခါတစ်ခါ ကိုယ်ပိုင်တဲ့လယ်ကွင်း၊ မြေယာတောင် ယာတွေထဲက ကျွန်းသစ်တွေ၊ ရွှေငွေတွေေ တာင် မြန်မာပြည်သူတွေ မပိုင်ဘူး၊ မဆိုင်ဘူး ထင်ပါရဲ့။ မြန်မာ နိုင်ငံသားဖြစ်ရတာ ဂုဏ်ယူစရာကောင်းပေမဲ့လဲ ခေါင်းဆောင်ေ တွရဲ့ညံ့ဖျင်းမှုကြောင်း ရင်နာစရာတော့ကောင်းသား။
နောက်ဆုံး မလေးရှားနိုင်ငံဟာ သယံဇာတတွေများများစားစားလဲ မရှိပါပဲ၊ ဘာကြောင်းများ တိုးတက်အောင်မြင်နေရတာလဲလို့ တွေးကြည့်လိုက်တယ်။ တွေးသာတွေးရတာ သာမန်ခရီးသည်တစ်ဦးရဲ့ အတွေးဆိုတော့လဲ သိပ်တော့ပြောင်မြှောက်မယ် မထင်ပါဘူး။
တွေးမိတဲ့အတိုင်းသာပြောရမယ်ဆိုရင်တော့။ တကယ်တော့ မလေးရှားနိုင်ငံဟာ တိုင်းတစ်ပါးသားတွေကို ခိုင်းစားပြီးတိုးတက်အောင်မြင်နေတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ မလေးရှားနိုင်ငံဟာ လွတ်လပ်ရေးတွေရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေရပြီးတာနဲ့ ဒီမိုကရေစီ ဆန်ဆန်လျှောက်လှမ်းခဲ့တယ်။ ပြည်ပ၊ နိုင်ငံခြားတိုင်းတစ်ပါးက ပညာရှင်တွေ၊ စီးပွားရေးရင်းနှီးမြု ပ်နှံသူတွေ ကိုဖိတ်ခေါ်လက်ခံခဲ့တယ်။ ဒီလူတွေကိုစီးပွားရေးလုပ်ပိုင်ခွင်တွေပေးခဲ့တယ်။ ရင်းနှီးမြုပ်နှံမှုတွေပေးခဲ့တယ်။ သူတို့ဆီက နိုင်ငံအတွက်အကျိုးခံစားခွင့်တွေ ပြန်တောင်းတယ်။ ဖက်စပ်တွေလုပ်တယ်။ မြေနေရာတွေပေးပြီး အကျိုးမြတ်ကိုအရယူတယ်။
နောက်… ဒီစီးပွားရေးသမားတွေရဲ့ လုပ်ငန်းတွေ၊ စီမံကိန်းတွေအောင်မြင်ဖို့ ပြည်ပကဆင်းရဲတဲ့ နိုင်ငံ တွေက အလုပ်သမားတွေကိုခေါ်ယူတယ်။ သူတို့ဆီက နိုင်ငံဝင်ကြေးတွေ၊ အလုပ်ပါမစ်ကြေးတွေ တောင်း တယ်။ ဒီတော့ မလေးရှားနိုင်ငံဟာ စီးပွားပိုင်ရှင်တွေဆီကရော အလုပ်သမားတွေဆီကရော အခကြေးငွေများ စွာကိုရနေတယ်။ ဒါကြောင့်တိုးတက်နေတယ်လို့လဲ မြင်တယ်။
နောက်…. မလေးရှားနိုင်ငံဟာ စည်းကမ်း သို့ လောဥပေဒေတွေ တင်းကြပ်တယ်။ ပြည်ပနိုင်ငံသား တွေကိုအလေးမပေးဘူး။ တိုင်းတစ်ပါးသားေ တွကို ပြတ်ပြတ်သားသားပြစ်ဒဏ်ပေးလေ့ရှိတယ်။ မလေးနိုင်ငံ သားနဲ့ ပြည်ပနိုင်ငံခြားသားေ တွနဲ့ ပြဿနာဖြစ်လျှင် ပြည်ပကလူတွေကိုပဲ နာနာနှိပ်ကွပ်လေ့ရှိတယ်။ ဒီတော့ တိုင်းတစ်ပါးသားေ တွဟာ သိပ်ပြီးပြစ်မှုကို မကျူးလွန်ရဲဘူး။
နောက်…မွတ်ဆလင်နိုင်ငံဖြစ်သည့်အတိုင်း ဘာသာရေးနဲ့ပက်သက်လာလျှင် အထိမခံဘူး၊ ထိပါးလာရင်ပြတ်သားစွာစီရင်လေ့ရှိတယ်။ ဒီတော့.. သူ့နိုင်ငံ အတွင်းမှာ တိုင်းတစ်ပါးက ဘယ်ဘာသာခြားတွေမှ သူတို့မွတ်ဆလင်လူမျိုး၊ အစ်စလမ်ဘာသာကို လာပြီး မစော်ကားရဲ ဘူး။ နောက်ဆုံး… မွတ်ဆလင်ကောင်းမလေးကို ရည်းစားထားတောင် သိပ်မလွယ်ဘူး ဆိုပါတော့။ ဒါကြောင့်လဲ မလေးရှားနိုင်ငံတွင်းမှာ ဘာသာရေးပြဿနာတွေ သိပ်ဖြစ်လေ့ဖြစ်ထ မရှိဘူး။ ပြည်ပက တိုင်းတစ်ပါးသားတွေ၊ ဘာသာခြားတွေ မလေးနိုင်ငံတွင်းမှာ များစွာရှိနေပေမဲ့၊ သူ့နိုင်ငံ၊ သူ့လူမျိုး၊ သူ့ဘာသာကို ဘယ်သူမှမ၀ါးမျိုးနိုင်၊ ရန်မစနိုင်ဘူး။ ကျန်တဲ့ဘာသာခြားတိုင်း တစ်ပါးသားတွေသာ မွတ်ဆလင် တွေဖြစ် ကုန်မယ်။ သူတို့ကတော့ဗိုလ်နေမြဲကျားနေမြဲပါပဲ။
ဒီလို့စည်းကမ်းတွေ၊ နိုင်ငံရေးဥပဒေတွေ၊ ဘာသာရေးဝါဒတွေ တင်းကြပ်ထားတဲ့အတွက် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ နိုင်ငံပေါင်းစုံနဲ့ စီးပွားရေးလုပ်ကိုင်နိုင်ပြီး၊ လူမျိုးရေးပြဿနာ၊ ဘာသာရေးပြဿနာတွေ သိပ်မ ရှိပဲ စီးပွားရေးတွေ ဖြစ်ထွန်းအောင်၊ နိုင်ငံတိုးတက်အောင်၊ ဘာသာရေးပြန့်ပွားအောင်၊ ပြည်သူတွေအေးချမ်း အောင် မလေးရှားခေါင်းဆောင်တွေက ဆောင်ရွက်နိုင်တယ်လို့ ဆိုရမှာပါ။
ဒါဆို… မြန်မာနိုင်ငံက သယံဇာတတွေပေါများပြီး၊ ဗုဒ္ဓဘာသာနိုင်ငံလဲဖြစ်ပါလျှက် ဘာလို့မတိုး တက်တာလဲ၊ ဘာသာရေးပြဿနာတွေ ပြင်းထန်စွာဖြစ်ပေါ်နေတာလဲ၊ ပြည်သူတွေက ဘာလို့ဆန္ဒ တွေပြနေ တာလဲ၊ သံဃာတော်တွေနဲ့ ဘာလို့ပဋိပက္ခတွေ ခဏခဏဖြစ်ပေါ်နေတာလဲ။ ပြည်သူတွေဘာလို့ ဆင်းရဲမွဲ တေနေတာလဲ။ ပညာရေးတွေ ဘာလို့နောက်ကျနေတာလဲ။ မြန်မာပြည်သူတွေ ဘာလို့ခေတ်နောက်ကျ နေတာ လဲဆိုရင်တော့….

"ခေါင်းမကောင်းလို့ ကိုယ်စောင်းတာ၊
ဦးမခိုင်လို့ ပဲ့ယိုင်တာ၊
ခေါင်မလုံလို့ မိုးယိုတာ၊
ခေါင်းဆောင်ညံ့လို့ ပြည်သူဆင်းရဲတာက လွဲရင်၊
သယံဇာတတွေ ပေါများ၊
ယဉ်ကျေးမှုတွေ ထုံလွှမ်း၊
ဗုဒ္ဓအဆုံးအမတွေ လွှမ်းခြုံထားတဲ့
မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်ရတာ
ဂုဏ်ယူလိုက်စမ်းပါ----လို့ပဲပြောလိုက်ပါရစေ"။

အားလုံးရွှင်လန်းချမ်းမြေ့ပါစေ!
အမေ့မေတ္တာရှင်-ခေတ္တ-စင်္ကာပူ။
အမေ့မေတ္တာရှင်-ခေတ္တ-စင်္ကာပူ။
No comments:
Post a Comment