ဘယ်လိုနေရှာမလဲ
သို့
မာကြ,သာကြရဲ့လား
မြတ်ဘုရားက ရဟန်းတော်တွေကို "ကစ္စိ ခမနီယံ၊ ကစ္စိ ယာပနီယံ..ချစ်သားတို့
ကျန်းမာကြသလား။ သပ္ပါယဖြစ်ကြရဲ့လား၊ ကျန်းခန့်မာလို့ သာပါရဲ့လား" လို့
ရဟန်းတော်တွေ နဲ့တွေ့တိုင်း မေးမြန်းလေ့ ရှိပါတယ်။ မြတ်ဗုဒ္ဓဆိုတာ ဗုဒ္ဓဘာသာကို တည်ထောင်မွေး ဖွားပေး ခဲ့သူ။ ခေါင်းဆောင်တစ်ဦးဖြစ်သလို။
လောကကြီးကိုလဲ အလင်းပြပေးခဲ့သူတစ်ဦး၊ သတ္တ၀ါတွေကို အမှန်းတရား
ရှာဖွေးပေးခဲ့သူတစ်ဦးဖြစ်တဲ့။ သူတည်ထောင်ထားတဲ့သာသနာဘောင့်ကို
ဝင်ရောက်လာသော ရဟန်းသံဃာအားလုံးကိုလဲ အမြဲတမ်းသာယာမှုကို ရရှိစေချင်သူ။
ဘယ်တော့မှ ရဟန်းသံဃာတော်တွေကို မျက်ကွယ်မပြုခဲ့ဘူး။ ဒါကြောင့်လဲ- မြတ်ဗုဒ္ဓက
ရဟန်းတော်တွေကို ချစ်သားတို့ နေရထိုင်ရ သီတင်းသုံးရတာ အဆင်ပြေကြရဲ့လား။
ကျန်းမာကြရဲ့လား။ သပ္ပါယဖြစ်ကြရဲ့လား လို့
အမြဲတမ်းလိုလိုမေးမြန်းလေ့ရှိပါတယ်။ မေးဆို--မြတ်ဗုဒ္ဓက
သာသနာ့ခေါင်းဆောင်တစ်ဦးပါ။
ဒီလိုပါပဲ..
နေရာတိုင်းမှာ ခေါင်းဆောင်ဆိုတာ ရှိပါတယ်။ နိုင်ငံခေါင်းဆောင်တွေကလဲ
မိမိရဲ့လက်အောက် ငယ်သား နိုင်ငံသူ-နိုင်ငံသားများကို အဆင်ပြေရဲ့လား။
သာယာမှုရှိကြရဲ့လားလို့ တွေးမိ စဉ်းစားမိကြမှာပါ။ မိသားစုတစ်စုမှာလဲ
မိဘများကို သားသ္မီးတွေ အဆင်ပြေကြရဲ့လား။ နေကောင်းကျန်းမာကြရဲ့လား။
ဘယ်လိုများနေကြသလဲ ဆိုတာတွေကို စဉ်းစားမိမှာ အမှန်ပါပဲ။
အမြဲတမ်းတွေးနိုင်လေလေ။ စဉ်းစားနိုင်လေလေ ပိုကောင်းကောင်းလေလေပါ။
အခု--အရှင်လဲ စဉ်းစားနေမိတာပါ။ သူတို့လေးတွေ ဘယ်လိုနေရှာမလဲ။
မာကြ-သာကြရဲ့လားလို့ပါ။ အမြဲတမ်းလိုလို တွေးမိ စဉ်းစားမိနေတာပါ။
သူတို့ဆိုတာက--အရှင်လွန်ခဲ့တဲ့နှစ်နှစ်တုန်းက မန်းလေး မိခင်တက္ကသိုလ်ကြီးက
ပေးအပ်လိုက်သော သာသနာပြုတာဝန်တွေကို ထမ်းဆောင်ဖို့ကြွရောက်စဉ်က ကျခဲ့ဆုံခဲ့
ပြုစုစောင့်ရှောက်ခဲ့သော ခန္တီး နာဂတောင်တန်းဒေသက
နာဂတိုင်းရင်သား-သူလေးများကို ဆိုလိုတာပါ။
အားလုံးသိတဲ့အတိုင်းပဲလေ..အရှင်တို့တစ်တွေဟာ အမိတက္ကသိုလ်ကြီးမှာ
လေးနှစ်တာပညာရပ်တွေ သင်ယူပြီး နှစ်နှစ်တာ မြန်မာနိုင်ငံအနှံ့အပြားရှိ
နယ်စပ်နှင့်တောင်းတန်းဒေသများဆီသို့ သာသနာပြုခရီး ထွက်ခဲ့ကြရပါတယ်။
ရန်ကုန်-မန်းလေး အမိတက္ကသိုလ်ကြီး ရင်ခွင်နှစ်ခု မှ
ပညာရည်နို့သောက်စို့ခဲ့ကြသော ညီတော်နောင်တော် ရဟန်းတော်များဟာ မိမိတို့ကျရာ
ဒေသ အသီးသီးသို့ ထွက်ခွါချီ တက်ခဲ့ကြရပါတယ်။ ဝေးလံခေါင်း ပါးသော
တောင်တန်းဒေသများရှိသလို။ ချောမွေ့ နီးသော မြေပြန့်များလဲ ရှပါတယ်။
ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်လောက်ပဲ ကြမ်းတမ်းကြမ်းတမ်း၊ ဘယ်လောက်ပဲ
ခက်ထန်ခက်ထန်၊ ဘယ်လောက်ပဲ ခေါင်းပါး ခေါင်းပါး-- အရှင်တို့ တစ်တွေဟာ
ငြင်းဆိုခွင့်မရှိ မိမိတို့ကြရာ ဒေသများဆီသို့ သာသနာပြုစိတ် ဓာတ်အပြည့်၊
တောင်တန်းဒေသက တိုင်းရင်း သားလေးတွေကို
ပြုစြု ပုထောင်ပေးလိုသော စိတ်ဓာတ်အပြည့်နဲ့ ကြွရောက် ချီတက် ကြပါတယ်။
အရှင်ကတော့--စစ်ကိုင်းတိုင်းဒေသထဲက ခန္တီးမြို့နယ် အတွင်းက လာဝယ်ဆိုတဲ့
နာဂရွာလေးတစ်ရွာကို တာဝန်ကျပါတယ်။ ခန္တီးကို မန်းလေးကနေ လေယျာဉ်နဲ့
သူငယ်ချင်းလေးပါး (အရှင်လက္ခဏ၊ သုမန၊ ဇောတိကတို့နှင့်) အတူ
ကြွရောက်ခဲ့ကြပါတယ်။ ခန်းတီးက လေယျာဉ်က ၁ နာရီ လေးဆယ့်ငါးမိနစ်
လောက်စီးရပါတယ်။ ခန္တီးမြို့လေး ဟိုအရင် တစ်ချိန်က ရတနာ -ကျောက်စိမ်းမြို့ေ
တ်ာလေးပါ။ ခုတော့လဲ တောရွာလေးသာသာပါ။ ခန္တှီးမြို့ပေါ်မှာ
ရှမ်း-မြန်မာ-နာဂတိုင်းရင်းသားအများစုနေထိုင်ကြပါတယ်။ ခရစ်ယာန်
နဲ့ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတယ်။ စီးပွားရေးကတော့ ရွှေ၊ ကျောက်စိမ်း၊
တောင်ယာ၊ တံငါ၊ ဈေးရောင်း လုပ်ငန်းများကို အဓိက လုပ်ကိုင်စားသောက်ကြပါတယ်။
လမ်းပန်း ဆက်သွယ်ရေးကတော့ ကားလမ်း မပေါက်ပါဘူး။
ရေလမ်းနဲ့လေကြောင်းပဲရှိပါတယ်။ လေကြောင်းကတော့ ခန်းတီးကို
တိုက်ရိုက်ရောက်ပါတယ်။ ရေကြောင်းကတော့ နှစ်ညအိပ်ကြာပါတယ်။ မုံရွာ
ချဉ်းတွင်းမြစ်အတိုင်း ဆန်တက်ရပါတယ်။ ခန်းတီးမြို့လေးက
ချဉ်းတွင်းမြစ်ဘေးမှာ တည်ရှိနေပါတယ်။ သာယာတယ်လို့လဲ ပြောနိုင်ပါတယ်။
အရှင်ကြတဲ့လာဝယ်ရွာလေးကတော့ ခန်းတီးကနေ လေးမိုင်လောက်ဝေးပါတယ်။
ကားလမ်း-ရေလမ်း နှစ်မျိုးပေါက်ပါတယ်။ မိုးရာသီမှာတော့ ကိုယ်ပိုင် ဟွန်ဒါ
စက်လှေလေးတွေနဲ့သွားကြလာကြပါတယ်။ ရေရှားချိန်မှာတော့
ကားလမ်းကနေ သွားကြလာကြပါတယ်။ ကားလမ်း ဆိုသော်လည်း ခြေကျင်သာ
သွားလေ့ ရှိကြ ပါတယ်။ လေးမိုင်လောက်ဆိုပေမဲ့
တောင်ဆင်းတောင် တက်လမ်းတွေဖြစ်တာမို့ ပုံမှန်အားဖြင့် ၂ နာရီလောက်
လျှောက်ရပါတယ်။ အရှင်ကတော့ ဗဟိုခေါင်းဆောင်ဆရာတော်။ ခရိုင်သာသနာရေးမှူး၊
မြို့နယ်သာသနာရေးမှူးတို့နဲ့အတူ သုံးဘီးကားနဲ့သွားခဲ့ပါတယ်။ လာဝယ်ရွာ
ဥက္ကဌအဖွဲ့တွေလဲ လာကြိုကြပါတယ်။ အရှင်မှာကလဲ မန်းလေးက ပါလာခဲ့သော အ၀တ်အစား။
လုံခြည်။ ဆပ်ပြာမုန့်။ ချိုချဉ် အထုပ်တွေကလဲ ပါတော့ ကားကို အတော်လေး
မောင်းရပါတယ်။ လမ်းတွေကတော့ မဆိုးပါဘူး။ ဖုန်ပေါပြီး
ကျောက်စရစ်ခဲများပါတယ်။ လမ်းကတော့ အမြင့်ပိုင်းကြပါတယ်။
လမ်းဘေးဝဲယာအောက်မှာတော့ ချောက်တွေပေါပါတယ်၊
တောင်ယာ-တောင်ခင်း-လယ်ယာတွေကိုလဲ တွေရပါတယ်။ ရွာကိုမရောက်ခင်
ပထမဦးဆုံးတွေ့ရတာက ခန်းတီး အကျဉ်းထောင် ပါပဲ။ ထောင်ရဲ့ခေါင်းရင်းမှာ
စေတီတစ်ဆူကို ဖူးတွေ့ရပါတယ်။ ခန်းတီးထောင်ကို ကျော်ပြီး သိပ်မကြာခင်မှာပဲ
လာဝယ်ရွာလေးကို ရောက်ခဲ့ပါတယ်။ တကယ်တော့ လာဝယ်ရွာလေးနဲ့
ခန်းတီးအကျဉ်းထောင်က သိပ်မဝေးပါဘူး။ ဆယ်မိနစ်လောက်ပဲ လျှောက်ရပါတယ်။
ရွာကိုရောက်တာနဲ့ ရွာသူရွာသားတွေက စောင့်ကြိုနေကြပါတယ်။
ကလေးတွေလဲအများကြီးပဲလေ။ သူတို့က ကလေးတွေကို ပိုးတံဘက်နဲ့ အမြဲတမ်းပဲ
ပိုးထားကြပါတယ်။ ချီတယ် ပွေ့တယ်ဆိုတာ မရှိသလောက်ပါပဲ။ အားလုံးကု အရှင်ကို
ဝိုင်းကြည့်ပြီး ပြုံပြကြပါတယ်။ လော်ဝမ်း--လော်ဝမ်း လို့ခေါ်နေတာကိုလဲ
ကြားရပါတယ်။ ဘာပြောမှန်းတော့ မသိဘူးပေါ့။ ရွာလေးက အောက်ချိုင့်လေးထဲမှာ
တည်ထားမို့ ကားလမ်းပေါ်ကနေ တစ်ရွာလုံးကို မြင်နေရပါတယ်။
နောက်--သာသနာပြုရွာဦးကျောင်းနဲ့ ရွာဦးစေတီကိုလဲ ထင်းထင်းကြီး
ဖူးတွေ့ရပါတယ်။ ရွာသူရွာသားတွေက အထုပ်အပိုးတွေကို ၀ိုင်းသယ်ပေးကြပါတယ်။
ကျောင်းကိုသွားရာလမ်းက ရွာလယ်ခေါင်မှာမို့ အိမ်းတိုင်း ထွက်ပြီး
ကြည့်ကာပြုံးပြနေကြပါတယ်။ ကျောင်းကိုရောက်တော့ ဆရာတော်ကြီးကို ရှိခိုးပြီး
ရွာသူ-သားတွေနဲ့ မိတ်ဆက်ပွဲလေးလုပ်ပါတယ်။
ဒီမှာ--ဆရာတော်ကြီးဆိုတာက နာဂတိုင်းရင်းသား ဘုန်းကြီးတစ်ပါးပါ။
ခန်းတီးဇာတိပဲဆိုပါတော့။ ဒီရွာလေးကို အရင်က
တက္ကသိုလ်ကျောင်းဆင်းရဟန်းတော်တွေကို ချလေ့မရှိပါဘူး။ အရှင်က ပထဦးဆုံး နပသ
ကျောင်းဆင်း သာသနာပြုရဟန်းတော်ဆိုပါတော့။ အပြင် သထပ သာသနာပြု
ရဟန်းတော်အဆက်ဆက် သာသနာပြုခဲ့တာပါ။ အခုတော့ ဆရာတော်ကြီးက အသက်လဲ
ကြီးလာ--စာပေကလဲ သိပ်မတတ်တော့ အရှင်ကို ထပ်ချပေးတယ်ဆိုပါတော့။
ဆရာတော်ကြီးကတော့ ၅၀ ကျော် ၆၀ ဆိုတော့ ဆေးပဲကုပေးနိုင်တယ်လေ။သို့သော်
ဆရာတော်ကြီး ကျေးဇူးတွေက ရွာသူ-သားတွေအပေါ်မှာ မနည်းပါဘူး။ ဆရာတော်ကယ်ခဲ့တဲ့
သူတွေ နည်းမှ မနည်းပဲ။
အရှင်ကတော့ ဆရာတော်ကြီးနဲ့
နေပြီး သာသနာပြုရပါတယ်။ ကံကောင်းတယ်ပဲပြောရမလား။ ကံဆိုးတယ်ပဲပြောရမလား
မသိဘူး။ ကျောင်းက နှစ်ထပ်အသားကျောင်း သွပ်မိုး။ စေတီတစ်ဆူရှိတယ်။
မီးစက်ရှိတယ်။ ရေပြည့်စုံတယ်။ နေဖို့စားဖို့ ပြည့်စုံတယ်ဆိုပါတော့။ ရွာက
ဆွမ်းပို့ပေးပါတယ်။ ပထမ တစ်ရက်နှစ်ရက်တော့ ကြောင်တောင်တောင်ပါပဲ။
ကျောင်းသားကိုရင်မရှိလို့လေ။ ရွာလေးက အိမ်ခြေ ၇၀ကျော်ရှိပါတယ်။ အားလုံးက
ဗုဒ္ဓဘာသာချည်ပဲ။ သူတို့ ရိုးရာဓလေ့စည့်ကမ်းလေးက ကောင်းတယ်။ ရွာမှာ အားလုံး
ဗုဒ္ဓဘာသာဝင်တွေချည်ပဲ ရှိရမယ်။ တခြား ဘာသာခြားတွေလာနေချင်တယ်ဆိုရင်
အားလုံး ဗုဒ္ဓဘာသာကိုပြောင်းရတယ်။ အိမ်ထောင်ပြုတဲ့အခါမှာလဲ
ခရစ်ယာန်ဘာသာဝင်တစ်ဦးကို လက်ထပ်မယ်ဆိုရင် ရွာမှာနေပါက
ဗုဒ္ဓဘာသာပြောင်းရတယ်။ မပြောင်းဘူးဆိုရင်တော့ ရွာမှာနေလို့မရဘူး။ တရွာလုံး
အခုချိန်ထိ ဒီစည်းကမ်းကို လိုက်နာကြတယ်။ ကျိုးဖောက်တဲ့သူမရှိသေးဘူး။
ပထမတစ်ရက်နှစ်ရက်တော့ အရှင်လဲ ရွာသူ ရွာသားတွေနဲ့ ရင်းနှီးမှုရအောင်
ဆိုပြီး ရွာထဲကို လမ်းလျှောက်ထွက်တယ်။ အိမ်တွေကို လိုက်လည်တယ်။ ကလေးတွေကို
မုန့်ကျွေးပြီး ကျောင်းကိုခေါ်တယ်။ တန်းကျောင်းသားလေးတွေ လေးငါးဆယ်ယောက်
ကျောင်းကို လာအိပ်ကြတယ်။ သူတို့လေးတွေကို ညမှာ ဘုရားရှိခိုး။
ဆုံးမစာလေးတွေကို သင်ပေးပါတယ်။ တန်းကျောင်းက စာတွေကို ပြန်သင်ပေးတယ်။
ပုံပြင်ပြောပြပေးတယ်။ ကလေးတွေကလဲ နားထောင်ကြပါတယ်။ အရှင်ကိုလဲ
ခင်ကြမင်ကြပါတယ်။ သူတို့လေးတွေကို မနက်တစ်ချိန် ၊ ညတစ်ချိန်
ဘုရားရှိခိုးတက်ခိုင်းတယ်။ စောစောထခိုင်းပြီး ဘုရားရှိခိုးတက်ခိုင်းပြီး
ရေနွေးအိုးတည်သူကိုတည်ခိုင်း၊ တံမြက်စည်းလည်း ကြမ်းတိုက်ခိုင်းသူကို
ခိုင်း၊ သောက်ရေအိုးဖြည့်ခိုင်းသူကို ခိုင်း ရပါတယ်။ အရှင်ကလဲ သူတို့ဆီကနေ့
နာဂစာလေး ပြန်လည်သင်ရပါတယ်။
နောက်--သူတို့လေးတွေပျော်အောင် ညနေပိုင်းမှာဆို ဘောလုံးကန်ခိုင်းရတယ်။
တစ်ခါတစ်လေလဲ ကိုယ်တိုင်ကန်ပေးရပါတယ်။ ဘောလုံးကန်ပြီးတာနဲ့ ခဏနားပြီး
ချောင်းကိုသွားပြီး သူတို့လေးတွေနဲ့အတူ ရေးချိုးရပါတယ်။ ပြန်လာတာနဲ့
သူတို့လေးတွေကို မီးဖိုချောင်ဝင်ပြီး ညနေစာ စီမံပေးရပါတယ်။ နေ့လည်က
ချန်ထားတဲ့ဟင်းလေးတွေကို ပြန်နွေးပြီး အရှင်ဝယ်ထားတဲ့
ပဲကြမ်းကြော်--ငပိဖူးလေးတွေကို ဝေပေးရပါတယ်။ သူတို့စားပြီးတာနဲ့
ဘုရားရှိခိုးတက်ခိုင်းပြီး စာကျက်ခိုင်းရပါတယ်။ ၈ နာရီလောက်ဆို
နားခိုင်းပြီး အနားမှာ ခေါ်ကာ ပုံပြင်ပြောပြ--ဆုံးမစကားပြောပြပါတယ်။
ကိုးနာရီလောက် အိပ်ခိုင်းလိုက်ပါတယ်။ မိးက ဖုယောင်းတိုင်ဆိုတော့လေ။
မီးးစက်က ဆရာတော်ကြီးက မမောင်းချင်တော့--မမောင်းဖြစ်ဘူးလေ။----ဆက်ပါမည်။
အားလုံးရွှ့င်လန်းချမ်းမြေ့သာယာရှိပါစေ! အမေ့မေတ္တာ အရှင်..။
No comments:
Post a Comment