သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ဒုက္ခာ၊ အနတ္တာ..တဲ့
လောကမှာ ရှိသမျှ၊ ဖြစ်သမျှ သက်မဲ့ သက်ရှိ အရာ မှန်သမျှအားလုံး အမြဲမရှိ၊
ဆင်းရဲ၏၊ အစိုးမရ မပိုင်ဘူးတဲ့။ ဗုဒ္ဓဘုရားရှင် ဟောကြားတရားတော်များကား
အစစ်အမှန်ဖြစ်ပါတယ်။ ရုပ်နာမ် တရားဆိုတာ ဖောက်ပြန်ခြင်း
သဘောရှိသည်ဆိုတဲ့အတိုင်း မိမိလည်း ရုပ်နာမ် တရားများရဲ့
ဖောက်ပြန်ယိုယွင်းမှုကြောင့် ကျန်းမာရေး မကောင်းဖြစ်နေတာနဲ့
ပုံမှန်တာဝန်တွေ မလုပ်နိုင်ပဲ ဖြစ်နေခဲ့တာ ကြာပြီဆိုပါတော့။ နောက်ဆုံး Post
ရေးတာတွေ၊ Comment ပေးတာတွေတောင် ခပ်ကျဲကျဲဖြစ်နေခဲ့တယ်လေ။
ဒီနေ့တော့ ပုံမှန်ဆေးလေး သောက်နေလို့ နည်းနည်းလေး သက်သာလာတာနဲ့ စာလေးတော့
ရေးအုံးမှပဲဆိုပြီးတွေးလိုက်တာ လောကဓံအကြောင်း ပေါ်လာတာနဲ့
နည်းနည်းရေး လိုက်တယ်ဆိုပါတော့။
လောကဓံတရားကလဲ ရှစ်ပါးဆိုပါလား။ လူတိုင်းသိနေတာပဲ။ ဒါပေမဲ့ နိန္နံ ပသန္နံ=
ကဲ့ရဲ့ရှုတ်ချခြင်း၊ ချီးမွှမ်းခြင်းဆိုတဲ့လောကဓံနှစ်ပါးကိုတော့
ပြောလိုက်မိတယ်။ လောကရှိ သက်ရှိလူ သားတော်တော်များများဟာ ချီးမွှမ်းခြင်းထက်
ကဲ့ရဲ့ခြင်းကို စိတ်အားထက်သန်ကြတယ်။ သူတစ်ပါးကို ချီးမွှမ်းဖို့ထက်၊ ဘယ်လို
အပြစ်ပြောရမလဲ။ ရှုတ်ချရမလဲ။ ကဲ့ရဲ့ရမလဲ ဆိုတာကိုပဲ တွေးတတ်ကြတယ်။
ကဲ့ရဲ့စကားပြောတဲ့ အခါမှာလဲ မှားလား၊ မှန်လားဆိုတာကို ကိုယ်ပိုင်မတွေး
မလေ့လာပဲ၊ သူများ ပါးစပ်ဖျားက Hearsay နဲ့ပဲ
ပြောဆိုတတ်ကြတယ်။ သူများဆီက တစ်ဆင့်ကြားတာလေးနဲ့ပဲ သူတစ်ပါးကို အပြစ်ဆိုမယ်
ပြောမယ်။ ကဲ့ရဲ့မယ်ဆိုရင် ဒါဟာ သဘာဝမကျပါဘူး။ တစ်ဖက် လူကလဲ
စေတနာနဲ့ ပြောသည်ပဲဖြစ်ဖြစ်၊ ဝေဒနာနဲ့ပြောသည်ပဲဖြစ်ဖြစ်၊
မကောင်းမြင်နဲ့ ပြောသည် ပဲဖြစ်ဖြစ် သူ့ဘက်က မှန်နေရင် နားလည်ပေးဖို့
ခွင့်လွတ်ပေးဖို့ သိပ်ခက်ခဲပါတယ်။
မိမိသည်လည်း Normal and mundane person
သာမန်ပုထုဇဉ် လူသားတစ်ဦးပါ။ မိမိမှာလည်း ဒီလောကဓံတရားတွေနဲ့ မကင်းပါဘူး။
ပြောမိဆိုမိမှာ အမှန်ပါပဲ။ သို့သော်လည်း သူတစ်ဖက်သားကို Hearsay ဖြင့်
မကဲ့ရဲ့ မရှုတ်ချပါ။ စိတ်ဆန္ဒလဲ မပါပါ။ တစ်ဆင့်စကားကြားယုံမျှဖြင့်
သူတစ်ဖက်သားကို ဝေဖန်အပြစ်တင်ဖို့ဆိုတာက မိမိအတွက်တော့
သိပ်ကိုခက်လွန်းပါတယ်။ အမှန်တော့ သူတစ်ဖက်သားကို မချီးမွှမ်း၊
ကောင်းသတင်းမပြောချင်နေပါ။ ပါးစပ်ဖျားက လွင့်လာတဲ့ လေလုံးများဖြင့် မကဲ့ရဲ့
မရှုတ်ချ၊ အပြစ်တင် မစောမိပါစေနဲ့။
သတိထားဆင်ခြင်သုံးသပ်ပါ..လောကလူသားတို့။
သြော်….တကယ်တော့ လူ့လောကဆိုတာ မိမိကပြုံးနေပေမဲ့ တစ်ခါတစ်ရံ ငိုပြရတယ်။
မိမိက ငိုနေပေမဲ့ တစ်ခါတစ်လေ ပြုံးပြပေးရတဲ့ လောကကြီးမဟုတ်လား။ ဒီတော့
ဒီလောကဓံတရားတွေကို ခံနေရတာ သဘာဝတစ်ခုပါပဲ။ သံသရာမှာကျင်လည်နေရတဲ့
သတ္တ၀ါအားလုံးဟာ “The human life is ends with destruction like a Water-Pot.” ရေအိုးလေလို ပျက်ဆီးခြင်းဖြင့်သာ အဆုံးသတ်ရ၏တဲ့။
ဗုဒ္ဓဟောခဲ့တဲ့ ပုထုဇ္ဇနော ဥမ္မတ္တကော- ပုထုဇဉ်တွေဟာ အရူးတွေပဲဆိုသည့်အတိုင်းပဲ မှတ်ယူရမှာပေါ့။ ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းထဲက “ ငါလိုမနေ မြန်မြန်သေ။ ငါလိုနေမှ ချမ်းသာရ။ ငါနေတာက ဒီလိုပါ” ဆိုတဲ့ အရူးမကြီးပြောသလို ဒီလောကဓံတွေကို တွန်းလှန်ဖို့၊ ခဏတာမေ့ထားဖို့ သူလိုများ နေရမလား……
အားလုံး ရွှင်းလန်းချမ်းမြေ့ကျပါစေ!
အမေ့မေတ္တာအရှင်!
No comments:
Post a Comment