နာဂတောင်တန်းဒေသဆိုတာကလဲ ချင်းတောင်တန်းနှင့်မခြားပေါ့။
ဝေးလံခေါင်းပါး ခရီးကကြမ်းတမ်း၊ ရာသီဥတုက ထန်ထန်၊ ဖွံ့ဖြိုးမှုက နည်းနည်း
ဆင်းဆင်းရဲရဲပါပဲ။ နာဂတိုင်းရင်းသား၊ သူလေးများ သည်လည်း ချင်းတိုင်းရင်းသား၊
သူလေးများလို ဖြူစင်ရိုးသား၊ ချစ်စရာ၊ သနားစ ရာကောင်းကြပါတယ်။ တကယ်တော့
တောင်တန်းဒေသအများစုဟာ ကြမ်းတမ်း ဝေးလံခေါင်းပါး ဆင်းရဲကြပါတယ်။
တိုင်းရင်းသား အားလုံး သည်လည်း ဖြူစင်ရိုးသား ချစ်စရာ၊
သနားစ ရာကောင်း ကြပါ တယ်။ တောင်တန်းဒေသများဆီကို တာဝန်ထမ်းဆောင်ဖူးသူတိုင်း
သိကြ မှာပါ။ တောင်တန်းဒေ သတွေမှာ ခဏတာပဲဖြစ်ဖြစ်၊ တစ်သက်တာ ပဲဖြစ်ဖြစ်
ဘ၀ကိုမြုပ် နံလို့ ပေးဆပ် သူတိုင်းရဲ့ ဘ၀တွေကလဲ ခက်ခဲကြမ်းတမ်းခဲ့ကြတာပါပဲ။
ဒီခက်ခဲ့တဲ့ တောင်တန်းဒေသများဆီကို အားလုံးအရောက်သွားခဲ့ကြတာပါပဲ။
မိမိလည်းအပါဝင်ပေါ့။ တကယ်တော့ တောင်တန်းဒေသများနဲ့ တောင်တန်းဒေသက
တိုင်းရင်းသား၊ သူတွေရဲ့ ဘ၀တွေကို တောင်တန်းဒေသများကို ရောက်ဖူးကြသူတွေသာ
နားလည်းပေးနိုင်၊ သိမြင်နိုင်၊ စာနာပေးနိုင် လိမ့်မည်လို့ ထင်မိပါတယ်။
အဘယ်ကြောင့်ဆိုသော် သူတို့တစ်တွေကား ကိုယ်တိုင် သွားရောက်ပြီး
တောင်တန်းဒေသက တိုင်းရင်းသား၊ သူများရဲ့ဘ၀တွေကို စွန့်လွတ်ပေးဆပ်သော
ရင်ဘတ်တစ်စုံဖြင့်အကြင်နာလက်များနှင့် ပြုစုပျိုးထောင်
ပေးခဲ့သောကြောင့်ပါ။ ပြောရမယ်ဆိုရင် တောင်တန်းဒေသများသည် ချောက်သွေ့သော
ကန္တာရ လွင်တီးခေါင်းအလားပါပဲ။ သိပ်ကိုကြမ်းတမ်းခက်ထန်လွန်းပါတယ်။
သူတို့လေးေ တွရဲ့ဘ ၀တွေကလည်း ချောက်သွေ့တဲ့ ကန္တာရတောကြမ်းမှာ
ပေါက်ဖွာင်းရှင်သန်ခဲ့ရတဲ့ အရိုင်းပန်းေ လးတွေနဲ့တူနေပါတယ်။
ဒီအရိုင်းပန်းဆိုတဲ့ တောင်တန်းဒေသအရပ်ဝန်းက တိုင်းရင်းသား၊ သူလေးများကို
ကိုယ်တိုင်သွားရောက် ပေးဆပ်ပြုစုပျိုးထောင်ပေးမဲ့ အနှိုင်းမဲ့
ဥယာဉ်မှူးကြီးများကို ထိုတောင်တ န်းဒေသတွေမှာ နေထိုင်နေတဲ့ တိုင်းရင်းသား၊
သူလေးများက စောင့်မျှော်နေဆဲ၊ တမ်းတနေဆဲဆိုတာကို
အားလုံးသဘောပေါက်မိမှာပါ။
ချင်းတောင်တန်းက
စေတနာဆရာဝန်လေးကား နှစ်ပေါင်းများစွာသူရဲ့ဘ၀ကို ချင်းတိုင်းရင်းသား၊
သူလေးများထံမှာပဲ မြုပ်နံခဲ့တာပါ။ သူကိုအတော်လေးကိုလေးစားအားကျမိပါတယ်။
ကျေးဇူးလဲ ကြီးမား လှပါတယ်။ လူမျိုးနဲ့ နိုင်ငံအတွက် ဒီလိုမျိုး
ဆရာဝန်လောင်း တစ်ယောက်ကို မွေးထုတ်ေ ပးခဲ့တဲ့ ဆေးတက္ကသိုလ်ကြီးများကိုလဲ
ကျေးဇူးတင်မိပါတယ်။ သူလိုလူကား ရှားလှပါ၏။ သူလိုပါပဲ တောင်တန်း ဒေသတွေမှာ
ဘ၀တွေကိုမြုပ်နံပြီး တိုင်းရင်းသား၊ သူလေးတွေကို ပြုစုပျိုးထောင်ပေးနေတဲ့
ဘာသာရေး နယ်ပယ်က သာသနာ့အာဇာနည် မျိုးဆက်သစ် ရဟန်းတော်များလည်း
ရှိနေပါသေးတယ်။ တစ်ချို့များဆို အရိုးပြာကျ၊ မြေခသည်တိုင်
တောင်တန်းေ ဒသမှာပဲ နေထိုင်သွားသည့် သာသနာပြု သူတော်ကောင်း
ရဟန်းတော် များကို တွေ့ရ မြင်ရပါသည်။ တကယ့် သာသနာ့ အာဇာနည်ကြီးတွေပါ။
မိမိသည်လည်း တောင်တန်းဒေသမှာ သာသနာပြုတာဝန်ကို ထမ်းဆောင်ခဲ့ပေမဲ့ ၂
နှစ်တာဆိုတဲ့ ခဏတာ အချိန်မျှသာပါ။
သာသနာပြုဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ တောင်တန်းဒေသက တိုင်းရင်းသား၊
သူလေးတွေရဲ့ ဘ၀အဆင့်အတန်းမြင့်မားလာဖို့၊ သာယာလှပလာဖို့၊ ခေတ်နှင့်အညီ
ရင်ဘောင်တန်း နိုင်လာဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ စီးပွားရေး၊
လူမှုရေးစသည့် အရေးပေါင်းများစွာကို သာသနာပြု ရဟန်းတော်တိုင်း အစွမ်းကုန်
ကြိုးစား ပြုစု ပျိုးထောင်ပေးရပါတယ်။ မိမိသည်လည်း ခန္တီးနာဂတောင်တန်း
ဒေသမှာ သာသနာပြုတာဝန်းများကို ၂ နှစ်တာ ပြုခဲ့ရပါတယ်။ မိမိသည် ဒီ၂
နှစ်တာအတွင်းမှာပင် နာဂ ကျေးရွာပေါင်း သုံးရွာကို
ပြုစုပျိုးထောင်စောင့်ရှောက်ခဲ့ရပါတယ်။ လာဝယ်၊ နန့်ဖာ၊ အောင်မြေဆိုတဲ့
နာဂရွာလေးတွေမှာပါ။ နာဂရွာဆိုပေမဲ့ အမျိုးမတူပြန်ဘူး။ စကားမတူပြန်ဘူးလေ။
နာဂမှာလည်း အမျိုးက များသကို။ နာဂတိုင်းရင်းသူ၊ သားလေးတွေဟာ ဖြူစင်ရိုးသား၊
ချစ်စရာကောင်းကြပါတယ်။....
အပိုင်း (၃) ကို
ဆက်.....အားလုံး တောင်တန်းဒေသအရပ်ဝန်းက ဆင်းရဲနွမ်းပါး
တိုင်းရင်းသားများကို စာနာ နိုင်ကြပါစေလို့..အမေ့မေတ္တာ အရှင်..
No comments:
Post a Comment