ဘ၀ဟာ အိပ်မက်တစ်ခုဆိုရင် အိပ်မက်ထဲမှာ
ကျွန်တော်တို့ တွေ့ခဲ့ကြတယ်။ ပြန်မက်ဖို့ မဖြစ်နိုင်တဲ့ အိပ်မက်တွေကို သတိရမှုတွေနဲ့ဘဲ
ဖြေသိမ့်ရမှာပေါ့။ အိပ်မက်ထဲမှာ ကျွန်တော်တို့ ပြန်ဆုံခွင့် ရှိအုံးမှာပါ။ အိပ်မက်ထဲက
တက္ကသိုလ်ဇာတ်လမ်းမှာ ကိုယ့်စရိုက် ကိုယ့်အကြိုက်နဲ့ ကပြခဲ့ကြတယ်။ ဇာတ်လမ်းထဲမှာ ကျနော်ဟာ
လူဆိုးဖြစ်ခဲ့ရင် ကျနော့်ကို ဇာတ်ပို့တစ်ဦးလို့ သဘောထားပေးပါ။ “အကယ်ဒမီ” ရတဲ့ နေ့တစ်နေ့ကို
ရောက်ခဲ့ရင် အပြုံးတွေနဲ့ လက်ဆွဲနှုတ်ဆက်ကြမယ်လေ။ ဒီဇာတ်လမ်းမှာ အားလုံး အားလုံး အကယ်ဒမီ
ရကြပါစေ။
အထက်ပါ ရင်းတွင်းဖြစ်ခံစားချက်လေးကို ညီမောင်ဥာဏောဒယက တက္ကသိုလ် ဖိုင်နယ်ကျောင်း သားဘက
ရေးစပ်သွားခဲ့တာပါ။ အမိတက္ကသိုလ်ကြီးမှာ လေးနှစ်တာ ပညာရပ်တွေ သင်ကြားပြီး မာစတာတန်းကို
တက်ခွင့် မရကြ တဲ့ကျောင်း သားတိုင်း နယ်စပ်နဲ့တောင်တန်းဒေသကို ၂ နှစ်တာ သာသနာပြု တာဝန်
တွေကို ထမ်းဆောင်ဖို့ သွားရမယ်ဆိုတာ ဖိုင်နယ်အရှင်များအားလုံး သိကြ ပါတယ်။
သိကြတဲ့အတိုင်း..နောက်ဆုံးနှစ်မှာ အမှတ်တရ အဖြစ်
ရင်တွင်းဖြစ်စ ကားလေးများကို တန်ဆာဆင်ပြီး နေရပ်လိပ်စာများနဲ့အတူ စာအုပ်လေး တစ်အုပ်ဖန်
တီးကြ ပါတယ်။ ဒီစာအုပ်လေးမှာ ညီမောင် ဥာဏောဒယက… တကယ်တော့ ဘ၀ဆိုတ တဲ့ခဏတာ အိပ်မက်မှာ
ကျနော်တို့အားလုံး တဒင်္ဂလေး တွေ့ဆုံခဲ့ကြ ပါတယ်။ အိပ်မက်ဆိုတာ တကယ်အစစ်အမှန်မဟုတ်တာမို့
ပြန်မက်လို့ မဖြစ်နိုင် တော့ဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် သတိရခြင်းတွေနဲ့ ဖြေသိမ့်ကြ
တာပေါ့။ အိပ်မက်ဆိုတဲ့ ခဏတာ ဘ၀မှာ ကျနော်တို့အားလုံး ပြန်ဆုံခွင့်ဆိုတာ ရှိအုံးမှာပါ။
မန်းလေး နပသဆိုတဲ့ အိပ်မက်ထဲက တက္ကသိုလ်ဇာတ်လမ်းမှာ
ကျနော်တို့တစ်တွေဟာ ကိုယ့်စရိုက်၊ ကိုယ့်အကြိုက်၊ ကိုယ့်ပိုင်ဟန်တွေနဲ့ အမျိုးမျိုး
ကပြခဲ့ သရုပ်ဆောင်ခဲ့ကြပါတယ်။ တက္ကသိုလ် လေးနှစ်တာ ဇာတ်လမ်းမှာ ကောင်းတာတွေရှိသလို
ဆိုးတာတွေလဲ ရှိခဲ့ကြပါတယ်။ ကောင်းသူတွေရှိသလို ဆိုးသူတွေလဲ ရှိခဲ့ကြပါတယ်။ တော်သူတွေရှိသလို
ညံ့သူတွေလဲ ရှိခဲ့ကြပါတယ်။ တကယ်လို့ ကျနော်ဟာ ဒီလေးနှစ်တာ တက္ကသိုလ်ဇာတ်လမ်းမှာ လူဆိုးဖြစ်ခဲ့ရင်
ကျနော်ကို ဇာတ်ပို့တစ်ဦးလို့သာ ဘောထားပေးပြီး နားလည်ပေးကြပါ။ ဘာပဲဖြစ်ဖြစ် အကယ်ဒမီဆိုတဲ့
အောင်မြင်မှု ရွှေစဉ် ဘီအေ ဘွဲ့ကိုရတဲ့တစ်နေ့ကို ကျနော်တို့ အားလုံး ရောက်အုံးမှာပါ။
အဲ့ဒီအခါ အပြုံးတွေနဲ့ လက်ဆွဲနုတ်ဆက်ဖို့ မမေ့ကြပါနဲ့။
နောက်..ဒီတက္ကသိုလ် လေးနှစ်တာနဲ့ တောင်တန်း
နှစ်နှစ်တာ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်သူ အားလုံး အကယ်ဒမီ ရကြပါစေလို့လဲ ဆုတောင်းပေးခဲ့တာပါ။
ညီမောင် ဥာဏောဒယက သူရဲ့ရင်တွင်းဖြစ်အမှတ်တရ
ဆုတောင်းကို လူသိရှင်ကြား ဟစ်ကြွေးခဲ့ပေမဲ့။ ပထမ အကယ်ဒမီ ရွှေစင်ရုပ်ထုပေးပွဲမှာတော့
အလှမ်းအေ တ်ာလေး ကို ဝေးခဲ့ ပါတယ်။ နောက်ဆုံးအဆင့် ဆန်ခါတင် ဇာတ်ကား ထဲမှာကို မပါဝင်နိုင်ခဲ့တာပါ။
ကံဆိုးချင်တော့ ဖိုင်နယ်မှာ သူကျ ရှုံးနေခဲ့ရပါတယ်။ ဒါကလဲ ဖြစ်တတ်တဲ့ သဘောတရားပါ။ ထင်ကြေးပေး
ခံရများဆုံး မင်းသားတွေ ရွှေစင် ရုပ်ထုနဲ့ လွဲခဲ့သလိုပေါ့။ ဒါပေမဲ့ သူရဲ့ရင်တွင်းဖြစ်
ဟစ်ကြွေးမှု စကားနဲ့ ညီဖို့ သူ ထပ်မံကြိုးစားခဲ့ပါတယ်။
နောက်နှစ်အကယ်ဒမီ ရွှေစဉ်ရုပ်ထုပေးပွဲ အတွက်တော့
သူဟာ နောက်ဆုံးဆန်ကာတင် စာရင်းမှာ ပါဝင်ခဲ့ပြီး။ နယ်စပ်နဲ့တောင်တန်းဒေသသို့ ၂ နှစ်တာ
သာသနာပြုတာဝန်တွေကို ထပ်ဆောင်ဖို့ သူ ထွက်ခွါခဲ့ရပါတယ်။ ဝေးလှံခေါင်းပါတဲ့ ချင်းပြည်နယ်ဒေသသို့ပါ။
သူတာဝန်ကျရာ ဒေသမှာ သူအတော်ေ လးကို သာသနာပြု လုပ်ငန်းတွေ လုပ်ပေးခဲ့ပါတယ်။ ၀ါသနာ၊ စေတနာ၊
အနွံနာတွေနဲ့ပါ။ ဖြစ်ချင်တော့ ပထမနှစ်မှာပဲ သူမှာငှက်ဖျားရောဂါကို ပြင်းထန်စွာ ခံစားခဲ့ရပါတယ်။
အဲ့ဒီဒဏ်ကြောင့်ပဲ သူစိတ်တွေ ပုံမှန်အနေအထားကနေ တမ်းချော် သွားခဲ့ပါတယ်။ ဒါကြောင့် သူကို
မန်းလေးမြှာ ပန်ခေါ်ပြီး ဆေးဝါး ကုသမှုပေးခဲ့ရပါတယ်။ ဆေးဝါးသာ ကုသမှုခံနေတာ သူရဲ့စိတ်အတွေးက
သူချစ်တဲ့ ချင်းတောင်တန်းေ ဒသက တိုင်းရင်းသား /သူလေးတွေဆီကိုပဲ ရောက်နေပါတယ်။
ဒါကြောင့်လဲ သက်သာလာတာနဲ့ အကယ်ဒမီရွှေစင်ရုပ်ထုဆိုတဲ့
ဘီအေဘွဲ့အတွက် ပေးဆပ်စရာ တွေနဲ့ ကျန်နေခဲ့တဲ့ ချင်းတောင်တန်းကို ထပ်သွားခဲ့ပ်ါတယ်။
သာသနာပြု လုပ်ငန်းတွေကို ကြိုးစား ပမ်းစား ပြုလုပ်ရင်း အကယ်ဒမီရွှေစင် ရုပ်ထုပေး ပွဲကြီးကလဲ
နည်းကပ်လာခဲ့ပါတယ်။ သူရေးစပ်ခဲ့တဲ့ ရင်တွင်းဖြစ် အမှတ်တရ စကားလေးအတိုင်း ကျနော်တို့တစ်တွေ
တကယ် အကယ် ဒမီ ပေးပွဲကြီးရောက်လာခဲ့ပါပြီ။ အကယ်ဒမီ ဆုဆိုတဲ့ ဘီအေဘွဲကို လက်ခံရယူမဲ့ သူတွေကလဲ
ပျော်ကြ ရွှင်ကြ၊ ပြင်ဆင်နေကြ ပါတယ်။ ဆုရရှိမည်သူတွေရဲ့ မိသားစု အသိုင်းအ၀ိုင်းတွေလဲ
ဝမ်းသာမဆုံး ဂုဏ်ယူမဆုံးဖြစ်နေကြပါပြီ။
သို့သော်…တကယ်တမ်း အကယ်ဒမီရွှေစင် ရုပ်ထု ပေးပွဲကို
တကယ်ကျင်း ပပြီလဲဆိုရော သူခများ အကယ်ဒမီဆင်မြင့်ခုံပေါ်ကို မတက်ရောက်နိုင်ခဲ့ပါဘူး။
သူပြောခဲ့၊ ဆုတောင်းခဲ့တဲ့ ..အကယ်ဒမီဆုကို ရတဲ့တစ်နေ့ရောက်ရင် အပြုံး ကိုယ်စီနဲ့ လက်ဆွဲနုတ်ဆက်ကြမယ်ဆိုတာနဲ့
လွဲချော်ခဲ့ပါတယ်။ အကယ်ဒမီဆိုတဲ့ ဘီအေ ဘွဲ့ထူး ဘွဲ့မြတ်ကို သူခမျာ တက်ရောက် မယူနိုင်ခဲ့ရှာပါဘူး။
တကယ်ပဲ သူပြောခဲ့သလို သူဟာ ဇာတ်ပို့တစ်ဦးမျှသာလေလား ညီမောင် ဥာဏောရေ။
ငါတို့အားလုံး ညီမောင်ရဲ့ ဆုတောင်းဖြစ်တဲ့” ဒီဇာတ်လမ်းမှာ
အားလုံး အားလုံး အကယ်ဒမီ ရကြပါစေ” ဆိုတဲ့ ဆုတောင်းနဲ့ ပြည့်ဝခဲ့ပါတယ်။ ငါတို့အားလုံး
ညီမောင်ပြောခဲ့တဲ့ အကယ်ဒ မီရတဲ့နေရောက်ရင် အပြုံးကိုယ်စီနဲ့လဲ အချင်းချင်း လက်ဆွဲနုတ်ဆက်နိုင်ခဲ့ကြပါပြီ။
ငါတို့အား လုံး တောင်တန်းဒေသမှာ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားပြီး သာသနာပြုတာဝန်တွေကို
ထမ်းဆော င်နိုင်ခဲ့ပါပြီ။ ညီမောင်လဲ ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့တာပဲ။ တာဝန်တွေကျေပွန်ခဲ့ပါလျှက်။
၂ နှစ်တာဆိုတဲ့ နိုင်ငံတော်က သတ်မှတ်ပေးလိုက်တဲ့ အချိန်ကာလကိုလဲ ပြည့်အောင် ထမ်ဆောင်နိုင်ခဲ့
ပါလျှက်။ ညီမောင်က ဆင်မြင့်ပေါ်ကို မတက်နိုင်ခဲ့ဘူး။ ငါတို့အားလုံးမင်းကို စောင့်နေတယ်။
ညီမောင်ကို ရှာဖွေနေ ကြတယ်။ ညီမောင်ပြောသလို လက်ဆွဲ နုတ်ဆက်ဖို့ပါ။
ညီမောင်ရေ..မင်းဘယ်များရောက်နေလဲ။ ဘာတွေဖြစ်နေလဲ။
မင်းဘယ်ပဲ ရောက်နေနေ။ ဘာတွေပဲဖြစ်နေဖြစ်နေ။ မင်းကို ငါတို့အားလုံးက ဂုဏ်ယူလျှက်၊ အားပေ
းလျှက်၊ နုတ်ဆက်လျှက်ပါ။ သတိရနေလျှက် ဆိုတာ ကို..ညီမောင်သိအောင်..
“ဘ၀ဟာ
အိပ်မက်တစ်ခုဆိုရင် အိပ်မက်ထဲမှာ ကျွန်တော်တို့ တွေ့ခဲ့ကြတယ်။ ပြန်မက်ဖို့ မဖြစ်နိုင်တဲ့
အိပ်မက်တွေကို သတိရမှုတွေနဲ့ဘဲ ဖြေသိမ့်ရမှာပေါ့။ အိပ်မက်ထဲမှာ ကျွန်တော်တို့ ပြန်ဆုံခွင့်
ရှိအုံးမှာပါ။ အိပ်မက်ထဲက တက္ကသိုလ်ဇာတ်လမ်းမှာ ကိုယ့်စရိုက် ကိုယ့်အကြိုက်နဲ့ ကပြခဲ့ကြတယ်။
ဇာတ်လမ်းထဲမှာ ကျနော်ဟာ လူဆိုးဖြစ်ခဲ့ရင် ကျနော့်ကို ဇာတ်ပို့တစ်ဦးလို့ သဘောထားပေးပါ။
“အကယ်ဒမီ” ရတဲ့ နေ့တစ်နေ့ကို ရောက်ခဲ့ရင် အပြုံးတွေနဲ့ လက်ဆွဲနှုတ်ဆက်ကြမယ်လေ။ ဒီဇာတ်လမ်းမှာ
အားလုံး အားလုံး အကယ်ဒမီ ရကြပါစေ။”
ညီမောင်ရဲ့ ရင်တွင်းဖြစ်စကားလေနဲ့ပဲ ဂုဏ်ပြု
သက်သေပြလိုက်ပါတယ်။
ညီမောင်
တစ်ယောက် သာယာပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ…
အမေပေးလိုက်တဲ့
ကိုယ်ခန္ဓာနဲ့ စိတ်ကလေး ပုံမှန်မအဖြစ် ပြန်လည်ရရှိပါစေ..လို့
ညီမောင်ရဲ့
ဘ၀တူ…….အမေ့မေတ္တာ..အရှင်..
No comments:
Post a Comment