Sunday, May 27, 2012

အငိုနဲ့အပြုံး အားပြိုင်ပွဲ


                                 
အမေ..မွေးမေမေ ငိုနေသည်...
မယ်တော် ရဟန်းမယ်တော်ပြုံးနေသည်။
နေရာ ရဟန်းလောင်းတက်ရာ ဇာတိချက်ခြွေ ရွာကျောင်းမြေက ခဏ္ဍသိမ်အတွင်း။
အချိန် ကမ္မ၀ါဖတ်...သြ၀ါဒပေးပြီး ရဟန်းဖြစ်စအချိန်။
ရဟန်းမယ်တော်အတွေး...သာသနာ့အမွေ အမြတ်ဆုံးအမွေကို ခံယူခွင့်ရတဲ့ ကုသိုလ်ပီတိ။
မွေးမေမေ....ရင်ထဲမှာ....ငါ့သားလေး မြင့်မြတ်တဲ့ ရဟန်းဘောင်တက်ပြီ...ငါတို့ ရဟန်းအစ်မလေးတောင် လုပ်ခွင့်မရ...ငါ့သားကို...ပရိက္ခရာလေးတောင် အစုံ လှူခွင့်မရ....မွဲလှတဲ့ ကံကြမ္မာဆိုး ဆိုပြီး..မျက်ရည်ကျနေသည်။
သားရဟန်း...မွေးမေမေကို ရဟန်းဒကာမကြီးလုပ်စေချင်သည်၊ မွန်မြတ်တဲ့ သာသနာ့အမွေကို ခံယူစေချင်သည်။. သို့သော် မေမေနဲ့ဖေဖေက ဆင်းရဲသည်၊ ဘာမှ မထောက်ပံ့နိုင်ခဲ့ဘူး၊ ရဟန်းတစ်ပါးရဲ့ အနာဂတ်တာဝန်တွေကလဲ မသေးဘူး။ သား..အခါပေါင်းများစွာ စဉ်းစားခဲ့ရတယ်။ တွေးတောခဲ့ရတယ်။ ဆုံးဖြတ်ရခက်ခဲ့ပါသည်...နောက်ဆုံးတော့ အရှုံးပေလိုက်ရသည်။
သား.......လည်း မျက်ရည်ကျ...မေမေလည်း ငိုခဲ့ရသည်။ ရဟန်းအမေနဲ့ သားရဟန်း အပြိုင်ငိုခဲ့ရတာကို...သားမှတ်မိနေပါတယ်....မေမေ..မေမေပြုလုပ်ခဲ့သမျှနဲ့ သားမေမေအတွက်ရည်စူး..ပြုလုပ်ခဲ့သမျှ..ကောင်းမှုတွေကို...မျှဝေလိုက်ပါသည်...မေမေ..ကောင်းရာသုဂတိ စံမြန်းနိုင်ပါစေ...မေမေရဲ့..သားရဟန်း..

No comments:

Post a Comment