အမြဲတိုင်းသတိရ-မိနှင့်ဖ
လူတစ်လုံး သူတစ်လုံး
လူဖြစ်မရှုံးအောင်
ပခုံးလက်နှစ်တစ်
လူဖြစ်အောင်မွေး
လူဖြစ်အောင်ကျွေးခဲ့တဲ့
မိနှင့်ဖကို သတိရပါစ။
သင်ကဒုက္ခ ရောက်နေရလျှင်
ရှေ့ကရပ်ပြီး ကာဆီးပေးတာ
မိနှင့်ဖပါ။
သင်ကဘေးရန် တွေ့နေပြန်လျှင်
ဧကန်လွတ်ရေး ဖန်တီးပေးတာ
မိနှင့်ဖပါ။
ပူအိုက်-ချမ်းအေး ပူဆွေးတဲ့ခါ
မေတ္တာဆင့်ပွား စေတနာထားတာ
မိနှင့်ဖပါ။
သင်ကအလိုမကျ ငိုပြဗိုလ်ကျ
ဆိုးတေပြလည်း အမြဲခွင့်လွှတ်ပေးတာ
မိနှင့်ဖပါ။
သင်ကရန်တိုက် ကမ်းကုန်မိုက်လည်း
ခိုက်ရန်မပွား အညှိုးမထားတာ
မိနှင့်ဖပါ။
တောင်းစုတ်ပလောင်းစုတ်သာ
ပစ်ထုတ်ရိုးထုံးစံရှိတာ
သားဆိုးသမီးဆိုးများကို
ပစ်ရိုးထုံးစံမရှိတာ မိနှင့်ဖပါ။
အမျိုးမျိုးအရာရာ အစားထိုးနိုင်ပါလည်း
ရှာကြံအစားမထိုးနိုင်တာ
မိနှင့်ဖပါ။
လောကမှာအတုမရှိ
နှစ်ခုမရှိတာ မိနှင့်ဖပါ။
အမေနေ့ အဖေနေ့
အမိအဖမွေးနေ့ရောက်မှ
သတိမရကြပါနှင့်။
စက္ကန့်တိုင်း စက္ကန့်တိုင်း
မဆိုင်းမတွ သတိရကြ
အဲဒါမိနှင့်ဖ။
လူဟာသေမျိုးမို့ မသေရိုးမရှိ
အရိုးမြေကျမှ မငိုကြနှင့်
မြေမကျ မသေကြမီ
ကျွေးကြမွေးကြပါ
သေမှ နောင်တရလျှင်
သင်…နောက်ကျပါလေပြီ။
ဘုရားရှင်သော်မှ နို့တစ်လုံးအဖိုးအခ
မကျေဘူးတဲ့ဗျ… သံဝေဂ-ရစရာပါ။
မိဖစုံလင် ခုံမင်သူတိုင်း
မဆိုင်းမတွ မိနှင့်ဖကို
မြင့်မိုရ်တောင်ဦး မကကျူးတဲ့
ကျေးဇူးတော်အနန္ဒကိုပါ ရှိခိုးကြပါ
မာတာပိတု ဂုဏော အနန္တောပါ။
No comments:
Post a Comment