Healthy is Wealthy!
“ကျေးဇူးတင်လွှာနှင့် ခံစားချက်”
လောကမှာ အရေးကြီးဆုံးသော အရာတစ်ခုကို ခံစားချက်အတိုင်း ပြောရမယ်ဆိုရင် ကျန်းမာနေဖို့ပါပဲ။ အရေးကြီးလွန်းလို့ မြတ်ဗုဒ္ဓကတောင် “အာရောဂျာ ပရမာ လာဘာ” လို့ ဟောကြားခဲ့ပါတယ်။ ဒါကိုပဲ Healthy is Wealthy. လို့ ပြောဆိုနေကြတယ် မဟုတ်လား။
တကယ်တော့ လူလောကကြီးကို ရောက်လာပြီဆိုကတဲ့က ဒီခန္ဓာကိုယ်ကြီးက ပေးသမျှ
ဒုက္ခတွေကို ခံရတော့မယ်ဆိုတာ လူသားတိုင်း အသိပါပဲ။ သံသရာက မလွတ်သရွေ့တော့ ဒီ
ဇာတိ- မွေးဖွားခြင်း။ ဇရာ-အိုမင်ရင့်ရော်ခြင်း။ ဗျာဓိ-နာကြင်ခြင်း။
မရဏ-သေဆုံးခြင်းဆိုတဲ့ သဘာဝ တရားတွေက အမြဲတမ်း လူကို ဒုက္ခပေးနေတာပါ။
သို့သော်လည်း ဒါကို ဒုက္ခပါလို့ တကယ် သိမြင် သဘောပေါက်တဲ့လူက နည်းတယ်လေ။
ပုထုဇဉ်များပီပီ ဒီဒုက္ခလေးတွေကို တွယ်တာတက်မက်နေတာပဲ မဟုတ်လား။
ဘယ်လောက်ပဲ ဒီဒုက္ခသဘောတရားတွေကို နားလည်နားလည်
တကယ်လက်တွေ့ဖြစ်လာပြီလဲဆိုရော မခံစားနိုင်တော့ဘူးလေ။ ရုပ္ပတီတိ ရူပံ
ဆိုတဲ့အတိုင်း ရုပ်တရားကြီး တကယ်ဖောက်ပြန်လာပြီဆိုရော
ဘယ်သူကများခံစားနိုင်လို့လဲ။ ခံစားနိုင်သည်ပဲ ထားပါတော့ အတော်လေးကို
ဓမ္မပါရမီ ရင့်သန်နေမှပါ။ တကယ်ခန္ဓာကိုယ်ကြီး ဖောက်ပြန်လာပြီဆိုပါက
အတော်လေးကို ဆင်းရဲခြင်းဖြစ်ရပါတယ်။ အဘိဓမ္မာမှ ဆိုရိုးစကားလေး ရှိပါတယ်။
ဘာတဲ့..စိတ်ထောင်းတော့ ကိုယ်ကြေ..တဲ့။ ဒါက တကယ်အမှန်သဘောပါ။ သို့သော်လည်း
စိတ်ထောင်းလို့ ကိုယ်ကြေတာထက်။ ကိုယ်ထောင်းလို့ စိတ်နာတာက ပိုပြီး
ခံစားရခက်ပါတယ်။ စိတ်ထောင်းတဲ့အခါ ခန္ဓာကိုယ်ကြီးက ကြေယုံပဲ ကြေတာပါ။
ကိုယ်ထောင်းပြီ ဆိုရင်တော့ ကိုယ်ရော စိတ်ရော ကြေလဲကြေ..နာလည်းနာ တကယ်ကို
အီလည်ေ အာင်ခံစားရတာပါ။
ဒါတင်ဘယ်ကမလဲ..ခန္ဓာကိုယ်ကြီး
ဖောက်ပြန်လာလို့ ကျန်းမာရေး မကောင်းဖြစ်ပြီဆိုပါက ..အလုပ်ပျက်၊ အစားပျက်၊
အားလုံးလိုလိုပျက်တော့တာပါပဲ။ ကျန်းမာရေး မကောင်းဘူး ဆိုတာ နဲ့ ဆေးခန်း
ဆေးရုံကို သွားရတယ်။ ဆေးရုံကို ရောက်ပြီဆိုကတဲ့က ..လူလည်နာ. .စိတ် လည်းပန်း၊
ငွေလည်း ကုန်ပြီလေ။ လူနာရတာက ဆေးထိုးခံရမယ်။ ဒီလောက်နဲ့မရရင်
ခွဲစိပ်ခန်း ၀င်ရမယ်။ ဘယ်မှာ မနာပဲ ရှိပါ့မလား။ စိတ်ပင်ပန်းရတာက
စားချင်တာကို မစားရ၊ လုပ်ချင်တာကို မလုပ်ရ၊ သွားချင်တာကို မသွားရ။
နောက်ဆုံး အပေါ့အပါးလေးတောင် ကောင်းကောင်း မသွားနိုင်ဘူး မဟုတ်လား။
ငွေကုန်ရတာက ဆေးဖိုးဝါးခတွေ ပေးရမယ်။ အလုပ်ကိုင်ပျက်တော့ ၀င်ငွေ မရှိဘူးလေ။
ဒါကြောင့် ကိုယ်ထောင်လို့ စိတ်နာတာက ပိုပြီး ခံစားရ၊
ဆင်းရဲဒုက္ခများတယ်လို့ဆိုလိုက်ခြင်းရယ်ပါ။
တစ်ခုတော့
ကောင်းပါတယ်..ပုထုဇဉ်လူသားများပီပီ တကယ် ရုပ်နာတရားများရဲ့ ဆင်းရဲခြင်း
ဒုက္ခ ဝေဒနာတွေကို ခံစားရပြီဆိုမှ တရားသဘောလေး နည်းနည်းပါးပါး ပေါက်လာကြတယ်။
တရား သဘောလေးကို ဆင်ခြင်မိလာတယ်။ သတိရလာကြတယ်။ သြော်..ဘုရားဟောတာများ
မှန်လိုက်တာ။ လူ့ဘ၀ဆိုတာ တကယ်ကို တိုတိုလေးပါလား။ တကယ်လဲ ဒုက္ခကြီးပါလား.။
နောက်ဆုံးတော့ ဓမ္မပီတိက လွဲရင် အားလုံးက ဆင်းရဲခြင်းေ တွပါလား။ လူ့ဘဝ
ပျော်ရွှင်ခြင်းဆိုတာ အနိမ့်ဆုံး ဘာမှ မပြောေ လာက်သေးတဲ့ ပီတိပါလား။ ငါ့မှာ
…ဒီလက်ရှိ ဘ၀အတွက် ပညာရေး၊ စီးပွားရေး၊ လူုမှုရေး၊ ကျန်းမာရေး၊
မိသားစုရေးတွေ လုပ်ကိုင်နေရတာနဲ့ သံသရာ အတွက် ဘာမှ မလုပ်ရသေးပါလား။
ကိုယ်နောက်ကိုပါမဲ့ ကုသိုလ်တွေက နည်းနေပါ့လား။
မဖြစ်သေးဘူး..ဒီအချိန်မှာ သေများသွားရင် မတွေးဝံစရာပါလား။ ဘုရားက
မိမိပြုလုပ် အားထု တ်တဲ့ ကောင်းကံ ၊မကောင်းကံတွေက လွဲရင် သေရာနောက်ကို ဘာမှ
မပါဘူးတဲ့။ မိဘ.. ပစ္စည်းဥစ္စာ ဘာဆိုဘာမှ မပါဘူးဆိုပါလား။ အင်း..တွေးကြည့်ရင်
အခုချိန်မှာ ငါမသေရဲသေးပါလား။ မသေးရဲဆို သံသရာ ရိက္ခာထုပ်တွေကို ထုပ်မှ
မထုပ်ရသေးတာကို။ တကယ်တော့ Man is mortal ဆိုတဲ့အတိုင်း ငါသည်..တစ်နေ့
အဟုတ်ကို သေရမှာပါလား။ ဒီတော့ ကောင်းမှုကုသိုလ်တွေကို တတ်အားသမျှ လုပ်မှပဲ။
လောကီင်္အာရုံတွေနဲ့ပဲ အချိန်တွေကုန်နေလို့ မဖြစ်ေ တာ့ဘူး။ ဖြစ်နိုင် သမျှ
အေးမြတဲ့ တရားအရိပ်မှာ ခိုလှုံပြီး ..သံသရာ အတွက် ကောင်း ကျိုးပြုမဲ့
ကောင်း ကံတွေဖြစ်တဲ့ ဒါန. .သီလ. .ဘာဝနာပါရမီတွေကို အားထုတ်မှ
ဖြစ်ေ တာ့မယ်. .ဆိုတဲ့ သတိ သံဝေဂေ လးကို ရလာကြပါတယ်။
ဘာပဲဖြစ်ဖြစ်
အကောင်းဆဲုံးက Protecting is better than Curing. ဆိုတဲ့အတိုင်း အားလုံး
မဖြစ်ခင်က ကြိုတင် ကာကွယ်တာ။ လေ့ကျင့်တာ။ အားထုတ်တာ။ ပြင်ဆင်တာ
အကောင်းဆုံးပါပဲ။ ဒါကြောင့် အားလုံးသော ကျေးဇူးရှင်များနဲ့
မိတ်ဆွေအပေါင်းသင်းများကို ဒီပို့စ်လေးနဲ့ ကျေးဇူးဆပ် လိုက်ပါရစေ။
အထူးသဖြင့်တော့ မိမိကျန်းမာရေး မကောင်းစဉ် …ဆေးရုံ တက်စဉ်က
ကူညီဆောင် ရွက်ပေးခဲ့သော သူငယ်ချင်းများ။ ထောက်ပံ့ပေးခဲ့ကြသော သူငယ်ချင်း
အပေါင်းသင်း စာသင်ဖော်များ။ သက်သာပါကြောင်း မေးမြန်းပေးကြသော သူငယ်ချင်း
မိတ်ဆွေ များ။ ကိုယ်တိုင် လာရောက် ပြုစု စော င့်ရှောက် မေးမြန်းကြသော
မိတ်ဆွေ သူငယ်ချင်းများ။ အဝေးမှ တစ်ဆင့်သော် လည်းကောင်း။
စာဖြင့်သော်လည်းကောင်း။ မေးလ်ဖြင့်သော်လ ည်းကောင်း မေးမြန်ကြသော
သူငယ်ချ င်း မိတ်ဆွေ အပေါင်း သင်းများ အားလုံး. .အားလုံးကို ဒီပိုစ်လေးဖြင့်
ကျေးဇူးစကားဆိုရင်း ကျေးဇူး ဆပ် လိုက် ပါတယ်။
ကျန်းမာရေး ၀ိုင်းဝန်ကူညီ ပါရမီဖြည့်ခဲ့ကြသော List ကို အောက်တွင် ဖော်ပြပေးထားပါသည်။ဝမ်းသာပီတိနှင့် သတိသံဝေဂ ရကြစေရန် ရည်ရွယ်ပါသည်…
အရှင်၏ ကျန်းမာရေးအတွက် လှူဒါန်းမှုစာရင်းနှင့်ကုန်ကျစရိတ်တို့ကိုလျှောက်ထားခြင်း
ရက်စွဲ ။ ။၁၉၊၅၊၂၀၁၂
အရှင့် ကျန်းမာရေးအတွက် ကူညီလှူဒါန်းခဲ့ကြသော နောင်တော် ညီတော်အပေါင်းတို့ဘုရား…….
တပည့်တော်သည် (၁၇၊၅၊၂၀၁၂) အင်္ဂါနေ့တွင် Central Hospital (PVT) သီရိလင်္ကာနိုင်ငံ မှာ ဆေးကုသမှု ခံယူခဲ့ပါသည်။ သို့ပါ၍ သာမဂ္ဂီ အသီးသီးမှ ဝိုင်းဝန်းပါဝင် လှူဒါန်း ခဲ့ကြပါသည်။ ယင်းပါဝင်လှူဒါန်းမှုအားလုံးကို ဝမ်းမြောက်ဝမ်းသာဖြစ်စေရန် လှူဒါန်းမှုအသီးသီးနှင့် ကုန်ကျစရိတ်မျာကို စာရွက်စာတမ်းနှင့်တကွတပါတည်း လျှောက်ထားအပ်ပါသည်ဘုရား……
ကုန်ကျငွေစုစုပေါင်း ၁၂၂၉၇၄ (ရူပီး)
စုပေါင်းလှူဒါန်းငွေ ၈၄၇၅၀ (ရူပီး)
အရှင်၏ ကျန်းမာရေးအတွက် လှူဒါန်းသူများစာရင်း….
၁။ ဆရာလေးဒေါ်သုသီင်္ဂီ Rs.12700 (US 100)
၂။ ဦးဝေပုလ္လ(ချင်းတွင်းမောင်) Rs 5000
၃။ ဆရာလေးဒေါ်ရူပသီင်္ဂီ 5000
၎။ အရှင်ဇာဂရ 3000
၅။ အရှင်အာသဘ(အဘ) 3000
၆။ အရှင်ပညာနန္ဒ(မိုးညွတ်ခ) 3000
၇။ အရှင်တိက္ခဥာဏ(ဘိုဘိုကိုကို) 2000
၈။ အရှင်နန္ဒာသီရိ(ရမည်းသင်း) 2000
၉။ အရှင်စန္ဒာဝရ(ဟင်္သာတ) 2000
၁၀။ အရှင်ဇောတိက(မက္ခရာမင်းသား) 2000
၁၁။ အရှင်အာစိဏ္ဏ(ရွှေကြာအင်း) 2000
၁၂။ အရှင်ပညာဇောတ(နတ်ကြီး) 2000
၁၃။ အရှင်ဝိသုတ(ပုလဲ) 2000
၁၄။ အရှင်နန္ဒာသီရိ(ရန်ကုန်) 2000
၁၅။ အရှင်ဝိစိတ္တာလင်္ကာရ 2000
၁၆။ အရှင်သာသန(ထီလာမောင်) 1000
၁၇။ အရှင်သောမ ။
၁၈။ အရှင်ဓမ္မိဿရ ။
၁၉။ အရှင်ပညာသာမီ ။
၂၀။ အရှင်ခေမာဝုဓ ။
၂၁။ အရှင်ဇဝန ။
၂၂။ အရှင်စက္ကိန္ဒ ။
၂၃။ အရှင်ကာရုည ။
၂၄။ အရှင်ခေမာစာရ ။
၂၅။ အရှင်ဇာဂရိယ ။
၂၆။ အရှင်ဝဏ္ဏသီရိ(ရခိုင်) ။
၂၇။ အရှင်တေဇ ။
၂၈။ အရှင်ပုည ။
၂၉။ အရှင်ရာဇဝံသ ။
၃၀။ လင်္ကာရှင် ။
၃၁။ အရှင်အရိယဝံသ(အောင်မျိုး) 500
၃၂။ အရှင်ဥာဏိဿရ ။
၃၃။ အရှင်ဇာနေယျ ။
၃၄။ အရှင်တေဇနိယ ။
၃၅။ အရှင်သောဘိတ ။
၃၆။ အရှင်အင်္ကုရ ။
၃၈။ အရှင်ဥာဏဝရ(တတ်တိုး) ။
၃၉။ အရှင်ဝိလာသဂ္ဂ ။
၄၀။ အရှင်ဝိလာသ(ဆင်ပေါင်ဝဲ) ။
၄၁။ အရှင်ဝေပုလ္လ(ပုံလေး) ။
၄၃။ အရှင်ဣန္ဒာစရိယ ။
၄၄။ အရှင်ဝိစိတ္တ(ဒေါင့်ခန်း)အလှူခံရရှိငွေ ၁၂၅၅၀
၄၅။ အရှင်ကဉ္စန 2000
လှူဒါန်းငွေစုစုပေါင်း ၈၄၇၅၀ (ရူပီ)
အကြောင်းအမျိုးမျိုးကြောင့် အလှူရှင် စာရင်းတွင် မပါဝင်ဘဲ ကျန်ရှိနေပါက ကုသိုလ်အရှင်အနေဖြင့် နားလည်းပေးပါရန်နှင့် ဒီပို့စ်လေးတွေင် လိုအပ်ချက်များရှိနေခဲ့ပါကလည်း ခွင့်လွတ်ပေးကြပါရန်…..
အားလုံးသော ပါရမီရှင်အပေါင်း ကာယ-စိတ္တ နှစ်ဖြာ ကျန်းမာ ချမ်းသာ ရွှင်လန်းပြီး..ဘေးဘယာ ဝေးကွာနိုင်ပါစေလို့ ရင်ထဲမေတ္တာ ဆန္ဒပြုလျှက်….အမေ့မေတ္တာအရှင်….
http://amaymitter.blogspot.com
No comments:
Post a Comment