Tuesday, May 1, 2012

အကြွေစောခဲ့ရှာသော တောင်တန်းပြာက .သာသနာ့အာဇာနည်!

  အကြွေစောခဲ့ရှာသော တောင်တန်းပြာက .သာသနာ့အာဇာနည်!
  ယနေ့ မထင်မှတ်ပဲ ကြားလိုက်ရတဲ့ သတင်းစကားကြောင့် ရင်မှာ ၀မ်းနည်းခြင်းများ ဖြစ်ခဲ့ရပါတယ်။ ဦးပဏ္ဍ၀ံကြီး ပျံလွန်တော်  မူပြီတဲ့..ကြား. .ကြားချင်း တကယ်ကို စိတ်မကောင်ြး ဖစ်မိတယ်။။ ဒေါသလဲ ဖြစ် ခဲ့မိပါတယ် ။နောက်ဆုံးတော့.. ဇာပနပြီး..ပြီးသွား တာ ပဲလားလို့ မေးမိလိုက်တယ်။
        ဦးပဏ္ဍ၀ံသဆိုတာ အရှင်နဲ့အတူ မန်းလေး နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ကျောင်းဆင်း ပါ။ လေးနှစ်တိုင်တိုင် အတူ ပညာ ရည်နို့သောက် ခဲ့ကြပါတယ်။ သို့သော်လည်း သူက ဖိုင်နယ်မှာ တစ်နှစ်ကျခဲ့သောကြောင့် အရှင်တို့နောက် တစ်နှစ်ကျန်ေ နခဲ့ ရပါတယ်။ အရှင်တို့ နပသကျောင်းဆင်း အားလုံး တောင်တန်းဒေသ များသို့ သာသနာပြု နှစ်နှစ်ကြွရောက် ရတယ် ဆိုတာ အားလုံး အသိပါ။ အရှင်က..တော့ ၂၀၀၉..၂၀၁၁ အထိ နှစ်နှစ်တာ သာသနာပြုတာဝန်များကို ခန္တီးနာဂတောင်တ န်းဒေသ မှာ  ထမ်းေ ဆာင်နို င်ခဲ့ပြီး နိုင်ငံေ တ်ာပ ရိယတ္တိ သာသနာ့တက္ကသိုလ်မှ ချီးမြင့်လိုက်သော သာသနတက္ကသီလ ဓမ္မာစရိယ. .B.A ဘွဲ့ကို ခူးဆွတ်နိုင်ခဲ့ပါတယ်။
  အရှင်တို့တစ်တွေဟာ ဒီတက္ကသိုလ်မှ ဘီအေ ဘွဲ့ကိုရရှိဖို့ နှစ်ပေါင်း ၆ နှစ်ကြာကြာ ပေးဆပ်ခဲ့ရပါတယ်။ လွယ်လွယ်လေးတော့ မဟုတ်ဘူး။ တောင်တန်းဒေသမှာ ပေးဆပ်ရတာတွေများတယ်။ ခက်ခဲ့တယ်။ ကိုယ့်အားကို ကိုးရတယ်။ ကိုယ့်အိတ်ထဲကစိုက်ပြီး တောင်တန်းဒေသက တိုင်းရင်သားလေးများကို ဘာသာရေးအသိပညာ၊ ခေတ်ပညာ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အားလုံး ဖန်တီးပေးခဲ့ရပါတယ်။
    အခု..အရှင်ပဏ္ဍ၀ံသသည်လည်း ဘီအေဗုဒ္ဓဇင်,B.A Buddhism ဆိုတဲ့ ဒီတက္ကသိုလ်ဘွဲ့ကိုရရှိဖို့ သာသနာ့တက္ကသိုလ်မှာ လေးနှစ်တာ ပညာရပ်တွေကို သင်ကြားပြီး နှစ်နှစ်တာ သာသနာပြုတာဝန်များကို အရှင်တို့လိုပဲ ချင်းတောင်တန်း..ပလပ်ဝဒေသမှာ သာသနာပြုေ  နသော သာသ နာ့ အာဇာနည် သူရဲ့ကောင်းတစ်ဦးပါ။ အရှင်ပဏ္ဍ၀ံသ သည် သာသနာပြုတာဝန်များကို ချင်းတောင်တန်း ပလပ်ဝဒေသမှာ ထမ်းဆောင်နေတာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ အရှင်ပဏ္ဍ၀ံသ သည် လာမည့်နှစ် ၂၀၁၃ ..၁၂ လပိုင်းဆို သာသနာ့တက္ကသိုလ်မှချီးမြင့်သော သာသန တက္ကသီလဓမ္မာစရိယ.B.A Buddhism ဘွဲ့တော်မြတ်ကြီးကို မန်းလေး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသို်လ် ဘွဲ့နင်းခ န်းမ ကြီးတွင် ဘွဲ့တံဆိပ်ခံယူရန် လက်တစ်ကမ်းသာလိုတော့သည်။
  ခက်ခဲကြမ်းတမ်းသော ချင်းတောင်တန်းမှာ ပင်ပန်း ဆင်းရဲစွာ။ငက်တလှည့်..ြ ပတ်တစ် လှည့်ဖြင့် လေဒဏ်၊မိုးဒဏ်၊ ရာသီဥတု ကြမ်းတမ်း ဒဏ်တွေကို ကြံ့ကြံ့ခံကာ သာသနြာ ပု တာဝန်ကို တစ်နှစ်တာ အောင်မြင်ပြီး ဆုံးခဲ့ပြီမို့. .အရှင်ရဲ့ရင်ထဲမှာ ကြိုတင် ရင်ခုန်ကာ ပျော်ရွှင်နေမိမှာ အသေအချာပါပဲ။ အော်..ဘာလိုလိုနဲ့ ငါတောင် လာမဲ့နှစ်ဆို ဘွဲ့ယူရတော့မှာပါလား။ မိဘကျေးဇူး၊ ရွာသူ..ရွာသားတွေကျေးဇူး။ လှူဒါန်းထောက်ပံ့နေသူ ဒကာ. .ဒကာမများ။ ရဟန်းဒကာ.. ဒကာမများ..ဆရာသမားကျေးဇူးတွေကို ငါဆပ်ခွင့် ရတော့မှာပါလား ဆိုတဲ့အတွေပီတိများက ရင်မှာ ပြည့်နေ မယ်ဆိုတာ ခံစားမိပါတယ်။ အရှင်တို့အခါတုန်းကလဲ ခံစားခဲ့မိတာ ပဲလေ။
        နောက်..ဒီအချိန်ဆို..မိဘ၊ ညီကိုယ်မောင်နှမများ။ ရွာသူ..သားများ။. ဒကာ..ဒကာမအေ ပါင်းရဲ့ရင်ထဲ မှာလဲ မျော်လင့်ေ ပျာ်ရွှင်ြ ခင်းပီတိတွေ ဝေဆာနေမှာပါ။ အော်..ငါ့တို့သားပဇဉ်းလေး ဘွဲ့ရတော့မှာ။ ငါ့တို့ရဟန်းခံထားတဲ့ ဦးဇဉ်းလေး လောကအလယ်မှာ ဂုဏ်တင့်တောမယ်ဆိုတဲ့ အတွေးခံစားမှုတွေက သူတို့ရင်မှာ ကိန်းဝပ်နေမှာ.. ခံစားကြည့်က သိနိုင်ပါတယ်။။ အရှင်ပဗဏ္ဍ၀ံသ ဘွဲ့ရတော့မှာ သိပ်မကြာတော့ဘူးလေ။ မင်း..နောက်နှစ်ဆို ပန်းတိုင်ကိုရောက်ပါပြီကွာလို့ အားပေးသော သူငယ်ချင်းများရဲ့ စကားသံများ မဆိတ်သုဉ်းမီ.......။
        အရှင်ပဏ္ဍ၀ံသ ပျံလွန်တော်မူပြီတဲ့...ပန်းတိုင်းရောက်ခါနီးမှ..ကျရှုံးသွားခဲ့ရတယ်။ ရည်ရွယ်ရာ မရောက်ခင်မှာ အတောင်ကျိုး ခဲ့ရ တယ်။ မျော်လင့်ချက်တွေ ပြည့်ခါနီးမှ..မုန်တိုင်းသင့်ခဲ့ရတယ်။ အားလုံးသော..မျော်လင့်ချက်တွေ တအားထားခဲ့သော မိဘ ဆွေမျိုးအသိုင်းဝိုင်း. .ဒကာ.. ဒကာမအပေါင်းလဲ ရင်မှာစို့နင့်ခဲ့ရတယ်။ မျော်လင့်ချက်တွေ ကုန်ဆုံးခဲ့ရတယ်။ အပျော်တွေ မပြည့်ခ င် မှာ အငို မျက်ရ ည်တွေ ကျခဲ့ရတယ်။
    အခုတော့...အကြွေစောခဲ့ရှာလေပြီ။ ဘွဲ့ဆိုတဲ့ပန်းတိုင်ကို အတောင်ဖြန့်လို့ ပျံသန်းနေစဉ် မရဏဆိုတဲ့ ကံကြမ္မာစိုးကြောင့် အတောင်ကျိုးခဲ့ရှာလေပြီ။ အော်..ေ တာင်တန်းပြာက. .သာသနာ့အာဇာနည် အရှင်သူမြတ်..သူငယ်ချင်းတစ်ပါး အကြွေစောလို့ မြေခခဲ့ရပြီတကယ်တော့ ချင်းတောင်တန်းဆိုတာ..အရှင်တို့သာသနာပြု သူရဲကောင်းအာဇာနည်ေ တွအတွက် သွေးစွန်းသော နယ်မြေတစ်ခုလား။ဒါမှမဟုတ်..အသက်တွေခြွေနေသော နယ်ကြမ်းတစ်ခုရယ်များလား။ သာသနာ့အာဇာ နည်သူရဲကောင်းတွေကို ၀ါးမျိုနေသော နယ်မြေရ ယ် များလား။ အတွေးခက်လို့ ဗျာပါဝေနေရပါပြီ. .ချင်းတောင်တန်းက..ချစ်ရသော ပလပ်ဝရယ်။
     မနှစ်ကလဲ..အရှင်တို့ရဲ့ သာသနာပြုအာဇာနည် သူရဲကောင်းတစ်ဦးကို ပြုစားရက်ခဲ့ပြီ။ ဒါတောင် မကျေနပ်နိုင်သေးဘူးလား။မနှစ်ကလဲ..ကိုယ်မြေ့ကိုယ်ဒေသ..ကိုယ်လူမျိုး..ကိုယ်တိုင်းရင်းသားတွေအတွက် လာပေးဆပ်သော သာသနာ့အာဇာနည် သူရဲကောင်းများကို..ဘယ်အငြိုးနဲ့များ ၀ါးမျိုနေပါသလဲ။ ချင်းတောင်တ န်းကြီးကြောင့်..မနှစ်က အရှင်တစ်ပါးလဲ စိတ်ဖောက်ပြား..ေ ချာက်ချား ကာ ပြန် လာခဲ့ရ တယ်လေ။ သူ့ခများ သာသနာ့ပြုတာဝန်တွေကို ခွန်နဲ့အားနဲ့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း. .စေတနာ.. အကြင်နာ။ ကရုဏာ။ ၀ါသ နာတွေနဲ့ ငတ်တစ်လှည့်  ပြတ်တစ်လှည့် ကျေပွန်စွာထမ်းေ ဆာင်နိုင်ခဲ့ပါလျှက်..ဘွဲ့လေးတောင် တက်မယူနိုင်ရှာဘူး။ အပြန်လမ်းမှာ အမုန်းပန်းတွေ. .ဆူးခင်းလမ်းတွေနဲ့ ဘာလို့ကြိုလင့်နေတာလဲ။. .ချင်းတောင်တန်းကြီးရ ယ်။။
     နောက်နောင်..မရက်စက်ပါတော့နဲ့လား။ မခြွေရက်ပါနဲ့တော့လား။ မမုန်းလိုက် ပါနဲ့တော့လား. .တောင်းပန်ပါရစေ ချင်းတောင်တ န်မြေရ ယ်။ သူရသတ္တိဘွဲ့ဆိုတာလဲ အရှင်တို့မှာ ခံစားခွင့်မရှိပါဘူး။ ဂုဏ်ထူးဆောင်ဘွဲ့ဆိုတာလဲ အရှင်တို့မှာ ပိုင်ဆိုင်ခွင့်မ ရှိပါဘူး။ကျန်ရစ်သူ မိဘတွေကို အသိမှတ်ပြုပေးတဲ့ ဆုဆိုတာလဲ အရှင်တို့မှာ မရှိပါဘူး။ ဒီတော့ အရှင်တို့တောင်တန်းသာသနာပြု အာဇာနည် သူရဲကောင်း ရဟန်းငယ်လေးများဟာ. .မရဏမင်းရဲ့စက်ကွင်းက လွတ်မြောက်မှ ရည်ရွယ်ရာပန်း တိုင်ကိုရောက်မှာပါ။ ကျန်ရစ်သူေ တွအ တွက်လဲ ၀မ်းနည်းဖွယ်သက်သက်မို့.. ညှာတာလှည့် ပါ။စာနာလှည့်ပါ။။ ကြင်နာလှည့်ပါ.. .တောင်တန်းပြာနဲ့ သက်ရှိတွေရယ်...
   ခုတော့..ဘာတက်နိုင်မှာလဲ..ပန်းတိုင်မရောက်ခင် အတောင်ကျိုးကာ အကြွေစောခဲ့ရှာသော ချင်းတောင်တန်းက သာသနာ့အာဇာနည် အရှင်မြတ်ရယ်...အရှင်ပြုလုပ် ပေးဆပ်ခဲ့သော သာသနာ့ပြုနေ့ စဉ်ကေားမှုများဖြင့် ကောင်းရာ နတ်နန်း....သုဂတိလမ်းသို့ စံမြန်းနိုင်ပါစေလို့.....
      ကြာလည်မမေ့.၊ ရှာလည်းမတွေ့၊ ငါလည်တစ်နေ့...တဲ့..
      အားလုံး သတိသံဝေဂ ရရှိုနိုင်ကျပါစေလို့...အမေ့မေတ္တာအရှင်..

No comments:

Post a Comment