Friday, June 8, 2012

"၀ီရသူသဘောထား (၄/၇၄)"


       
   ၁၃၇၄ခု၊ နယုန်လပြည့်ကျော်(၄)ရက် ၈-၆-၂၀၁၂၊ သောကြာနေ့၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့ အရေးအခင်းနှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တ ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားကို အတိအလင်းထုတ်ပြန် ကြေညာအပ်ပါသည်။
          (က) ရိုဟင်ဂျာဟု သူတို့ကိုယ် သူတို့ မှည့်ခေါ်ထားသော ဘင်္ဂါလီ လူမျိုးများ၏ လုပ်ရပ်သည် တောတွင်းလူရိုင်းများနှင့် အဟိတ်တိရစ္ဆာန်တွေ ပမာအင်မတန် ရိုင်းစိုင်း ကြမ်းတမ်း ရက်စက်ယုတ်မာသော လူမဆန်လုပ်ရပ် အကြမ်းဖက်မှုသာဖြစ်သည်။
          (ခ) တမင်တကာ စနစ်တကျအကွက်ချ၍ လက်နက်အင်အား လူအင်းအားဖြင့် အလုံးအရင်း မျိုးဖြုတ်သတ်ဖြတ်၍ နယ်မြေလုယက်သည့် နယ်ချဲ့ ဓားပြတိုက်မှုသာ ဖြစ်သည်။
          (ဂ) ရိုဟင်ဂျာဆိုသူများ၏ စရိုက်သဘာဝ ပင်ကိုယ်စိတ်ရင်းနှင့် ၄င်းတို့၏ အမူအကျင့်များကို ကမ္ဘာသိအောင် မျက်နှာဖုံးချွတ်ပြလိုက်ခြင်းလည်း ဖြစ်သည်။
          (ဃ) ရိုဟင်ဂျာများသည် ဘင်္ဂါလီလူမျိုး နယ်ပယ်ချဲ့ လူဆိုးများသာ ဖြစ်သည်။ ၄င်းတို့သည် မြန်မာတိုင်းရင်းသား စာရင်းဝင်များ မဟုတ်သလို ၄င်းတို့သည် ပြည်တွင်းမူစလင်များနှင့်လည်း လုံးဝ မပတ်သက်ကြပါ။ ပြည်တွင်းမူစလင်များကလည်း ၄င်းတို့၏ အပြုအမူနှင့် စရိုက်များကို လုံးဝမထောက်ခံ ကြပါ။
          (င) မောင်တော ရိုဟင်ဂျာအရေးမှာ အစိုးရကိုင်တွယ်ပုံ ညံ့ဖျင်းလွန်းသည်ကို တွေ့ရပါသည်။ စစ်တွေကိစ္စကိုင်တွယ်ပုံနှင့် တခြားစီသာ ဖြစ်နေသည်ကို တွေ့ရပါသည်။
          (စ) မောင်တောမြို့နယ်တွင် ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီများက ငါးသိန်းခန့်ရှိ၍ ရခိုင်၊ ဗမာနှင့် ဟိန္ဒူအပါအ၀င် ဗုဒ္ဓဘာသာဝင်များက နှစ်သောင်းခန့်သာ ရှိပါသည်။
          (ဆ) ထို့ကြောင့် နိုင်ငံတော်အစိုးရက ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီများကို တိကျပြင်းထန်ထိရောက်စွာ အရေးယူပေးဖို့ အမြန်ဆုံး ဆောင်ရွက်ရန်လိုပါသည်။
          (ဇ) မောင်တောမြို့နေ ဗုဒ္ဓဘာသာဝင်များ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ထိရောက်သည့် ကာကွယ်ပေးမှုမျိုး ချက်ချင်းလက်ငင်း လုပ်ပေးဖို့လိုပါသည်။
          (ဈ) မောင်တောရိုဟင်ဂျာအရေးအခင်းကို သင်္ခန်းစာယူ၍ မြန်မာတိုင်းရင်းသားများ လုံခြုံရေးအတွက် အမျိုးသားကာကွယ်ရေးဥပဒေများ၊ အမျိုးသားလုံခြုံရေးဥပဒေများ၊ အရေးပေါ်ရေးဆွဲ ပြဋ္ဌာန်းဖို့ လိုပေသည်။
          (ည) ဒီမိုကရေစီလမ်းကြောင်း မသွေဖီရေးနှင့် ပြည်တွင်းဒေသများ ငြိမ်းချမ်းရေးတို့အတွက် ပြည်တွင်းရှိ မူစလင်အသိုင်းအ၀ိုင်းက ရိုဟင်ဂျာများကို လက်မခံကြောင်း ရိုဟင်ဂျာအပြုအမူများကို ရှုတ်ချကြောင်း ရိုဟင်ဂျာနှင့် ပြည်တွင်းမူစလင် ဘာမှ မသက်ဆိုင်ကြောင်းနှင့် အစိုးရက ရိုဟင်ဂျာများကို ထိရောက်စွာ အရေးယူဖို့ တိုက်တွန်းသင့်ကြောင်းလည်း လိုအပ်ပါသည်။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး
Email- wirathu2012@gmail.com


Top of Form

Bottom of Form

ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချခြင်း


ယနေ ၈-၆-၁၂ရက် သောကြာနေ့ နေ့လည်ပိုင်းတွင်စတင်

ဖြစ်ပွားနေသော ဘင်္ဂာလီလူမျိုးများမှ မောင်တောမြို့
ပေါ်ရှိ ဗုဒ္ဓဘာသာဝင်များဧ။် အိမ်များ၊ဈေးဆိုင်များ၊ဘုန်း
တော်ကြီးကျောင်းများကို တိုက်ခိုက်ဖျက်ဆီး မီးရှို့နေ
သည့်သတင်းများကို ကြားသိရသဖြင့် များစွာတုန်လှုန်မှု
ဖြစ်ရပြီး လွန်စွာမှစိတ်မချမ်းမမြေ့ဖြစ် ဒေါသထွက်ရပါသည်။
ကျွန်ုပ်တို့ မြန်မာမွတ်စလင်များက အဆိုပါလုပ်ရပ်တွင်
ပါဝင်ခဲ့ကြ-ပါဝင်နေသူများကို ပြင်းထန်စွာပစ်တင် ရှုံ့ချလိုက်ပါသည်။
ကျွန်ုပ်တို့နှင့် မောင်းတောဒေသသား ပစ်မှုကျူးလွန်သူ
ဘင်္ဂါလီများသည် အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသူ
များဖြစ်ကြသော်လည်း-လက်ရှိ မောင်းတော ဘင်္ဂါလီများ
ဧ။်လုပ်ရပ်သည်-အစ္စလာမ်ဘာသာ သာသနာတော်ဧ။်
အဆုံးအမ များနှင့် ဖီလာဆန့်ကျင်နေပါသည်။
သို့ဖြစ်သည့်အတွက် မောင်းတောသားဘင်္ဂါလီများအနေ
နှင့် ရန်လိုမှုများချက်ချင်းရပ်ဆိုင်းပြီးအေးချမ်းစွာနေထိုင်
ကြပါရန် လေးလေးနက်နက်တောင်းဆိုပါသည်။
သက်ဆိုင်ရာတာဝန်ရှိသူများအနေနှင့် မောင်တောမြို့မှ
ရဟန်းသံဃာတော်များ၊ဗုဒ္ဓဘာသာဝင်များကို အမြန်ဆုံး
အထိရောက်ဆုံး ကာကွယ်မှုပြုပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
အရေးအခင်းကိုစတင်ဖန်တည်းသူများ၊စည်းရုံးလှုံ့ဆော်
သူများ၊ပါဝင်ခဲ့သူများအား စုံစမ်းဖေါ်ထုတ်ပြီး တရား
ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူပေးပါရန်နှင့် အချိန်
နှင့်တပြေးညီ သတင်းမှန်ထုတ်ပြန်ပေးရန် တောင်းဆိုလိုက်ပါသည်။

မြန်မာမွတ်စလင်မ်အဖွဲ
မန္တလေးမြို့။

No comments:

Post a Comment