Monday, January 14, 2013

..ကျေးဇူးရှင်များကို မြတ်နိုးတန်ဖိုးထားတတ်ကြပါ.....

Photo: ......ကျေးဇူးရှင်များကို မြတ်နိုးတန်ဖိုးထားတတ်ကြပါ.....
ဒီပုံကို ကြည့်လိုက် မြင်လိုက်တာနဲ့ ဘယ်သူဆိုတာ အားလုံးနီးပါး သိကြမှာပါ ...မဟတ္တမဂန္ဓီဆိုတာ အိန္ဒိယနိုင်ငံ သမိုင်းမှာ မပါမဖြစ်၊ မသိမဖြစ်၊ မသိသူရှားလောက်သော အိန္ဒိယနိုင်ငံနဲ့ အိန္ဒိယပြည်သူတွေ အတွက် သိပ်ကိုကျေးဇူးကြီးမားသော ပုဂ္ဂိုလ်ကြီးပါ...
ဒါကြောင့်လဲ မဟတ္တမဂန္ဓီဆိုတဲ့ ဒီပုဂ္ဂိုလ်ကြီး အိန္ဒိယနိုင်ငံကြီး မှာ လေးစားမြတ်နိုး တန်းဖိုးထားကြပါတယ်။ တကယ်လဲ တန်ဖိုးထား မြတ်နိုး သင့်သော ကျေးဇူးကြီးမားလှသော ပုဂ္ဂိုလ်ကြီးတစ်ဦးပါ။
 အခု အိန္ဒိယနိုင်ငံကြီးမှာ ဒီမဟတ္တမဂန္ဓီဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို အသက်ထင်ရှား မရှိသော်လည်း အမြတ်တနိုး လေးစားတန်ဖိုးထားပြီး၊ သက်ရှိထင်ရှား ရှိသကဲ့သို့ သူတို့ရဲ့နိုင်ငံသုံး Rupee ငွေတန်စက္ကူေ တွမှာ ဖော်ပြ ထား ပါတယ်။
နောက်...ပြတိုက်တွေ စာအုပ်တွေ ရုပ်ထုတွေ စုံစွာဖော်ပြထားသလို...မဟတ္တမဂန္ဓီ ဟောက်စ်...မဟတ္တမဂန္ဓီ သင်္ချိုင်း ဆိုပြီး သမိုင်းမှာ ထင်ရှားပြီး ကမ္ဘာက သိအောင် လှပသေသပ် ကျနစွာ တည်ဆောက် ဖော်ပြထားပါတယ်။
ဘယ်လောက် ..အိန္ဒိယပြည်သားတွေ နိုင်ငံအပေါ်ကျေးဇူး ကြီးမားသော ပုဂ္ဂိုလ်ကြီးများကို အမြတ်တနိုးထားတယ်ဆိုတာ..မြန်မာနိုင်ငံ အစိုးရခေါင်းဆောင်များနဲ့ မြန်မာပြည်သူ ပြည်သားတွေ လေ့လာမှတ်သား အတုယူ လိုက်နာရမှာ။
အခု...အောက်မှာ တွေ့မြင်နေရတဲ့ ပုံဟာ မဟတ္တမဂန္ဓီဟောက်စ်မှာ သေသပ်ကျနစွာ ဖော်ပြထားသော မဟတ္တမဂန္ဓီ၏ ပုံဖြစ်ပါ တယ်။ မဟတ္တမဂန္ဓီဟောက်စ်ဆိုတာ နယူးဒေလီမြို့မှာတည်ရှိပါတယ်။ အဲ့ဒီမှာ သူရဲ့ နောက်ဆုံး ခြေလှမ်းတွေကိုလဲ အမှတ်တရ ပုံဖော်ထားကြပါတယ်။ နောက်ဆုံးခြေလှမ်းဆိုတာ သူ့ဘ၀၏ နောက်ဆုံးအချိန် နောက်ဆုံးနေ့ရက်ကိုဆိုလိုတာပါ။ တကယ်တော့ သူလုပ်ကြံသတ်ဖြတ်ခံရတဲ့ နေရာနဲ့ အချိန်တွေကိုလဲ ကမ္ဘာက သိအောင် ပြသထားကြပါတယ်။
ဒါတင် ဘယ်ကမလဲဗျာ.... သူ့ဘ၀သမိုင်းကိုလဲ နေထွက်ချိန်မှ နေ၀င်ချိန်ထိ လေးစားမြတ်နိုးစွာ တန်ဖိုးရှိရှိ ဖော်ပြထားပါတယ်။ ဒီအကြောင်းကို အိန္ဒိယ -ဒေလီမှာကျောင်းတက်နေကြသော မြန်မာကျောင်းသားရဟန်းတော်များနဲ့ မြန်မာဘုရားဖူးအဖွဲ့များ ကောင်းစွာ သိလိမ့်မည်လို့ ထင်ပါတယ်။
အခု..အိန္ဒိယခရီးစဉ်မှာ ဒေလီကိုရောက်ခိုက်..Noida City, Gautem Buddhist University မှာ Mphil ပြုစုနေသော တစ်ချိန်က မန်းနပသတွင် အတူဆုံခဲ့သော နောင်ကြီး ကိုတိလောကထံမှာ နားခိုပြီး ဦးကုသလ၊ ဦးဧသိက၊ ဦးဓမ္မသာမိတို့နဲ့ အတူ မဟတ္တမဂန္ဓီ ဟောက်စ်ကို ရောက်ဖြစ်ခဲ့ ကြပါတယ်။
မဟတ္တမဂန္ဓီ ဟောက်စ်ကို ရောက်တော့ အတွေးလေး တစ်ခုပေါ်လာခဲ့တယ်။ အဲ့ဒါကတော့..ငါတို့အမိမြေမှာ ဒီလို နိုင်ငံနဲ့ ပြည်သူပြည်သားတွေ အတွက် အသက်သွေးတွေ ပေးသွားသော ကျေးဇူးကြီးမားသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားတန်ဖိုးထား မြတ်နိုးကြမယ်ဆို ဘယ်လောက် ကောင်းလိုက်မလဲ ဆိုတဲ့အတွေးလေးပါ။
အထူးအားဖြင့်တော့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပေါ့။ တကယ်တော့ အဖဗိုလ်ချုပ်အောင်ဆန်းဟာ The Father of Burmese လို့ခေါ်ဆိုထိုက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းပါ။
ဒီိလိုမျိုးခေါ်ဖို့ဆိုတာ ဝေး..ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ဆိုတာတောင် အခု မဟတ္တမဂန္ဓီလို မသားနားပါ ဘူးလေ။ နောက်.... တစ်ချိန်က.. ဗိုလ်ချုပ်ခေါင်းနဲ့ ငွေစက္ကူတွေတောင် ကြက်ပျောက် ငှက်ပျောက် ပျောက် ကုန်ပြီ မဟုတ်ပါလား။ ဒါပေမဲ့ မဟတ္တမဂန္ဓီ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကတော့ အိန္ဒိယ နိုင်ငံသုံး ငွေစက္ကူ Rupees တွေပေါ်မှာ ထင်ရှားရှိနေဆဲပါပဲ။
နောက်..သူရဲ့မျိုးဆက် နိုင်ငံအတွက် အကျိုးကျေးဇူးကြီးမားသော ဂန္ဓီမျိုးဆက်အကြောင်းတွေကိုလဲ ဝေဆာဖော်ပြထားပါတယ်။
အမိမြန်မာပြည်ကြီးမှာတော့ ဗိုလ်ချုပ်မျိုးဆက်ဆိုတာ အမေစုသာပဲ မဟုတ်ပါလား.....
နောက်ဆုံး..မြန်မာပြည်သူ ပြည်သားများအနေဖြင့် နိုင်ငံအတွက် အသက်ပေးသွားသော ကျေးဇူးများလှသော ဖခင် ဗိုလ်ချုပ်အောင်ဆန်းလိုမျိုး နိုင်ငံအဇာနည်ကြီးများကို လေးစားမြတ်နိုး တန်ဖိုးထားတတ်ကြပါစေလို့..ဆန္ဒပြုရင်း..
.ကျေးဇူးရှင်အပေါင်းအား....ကျေးဇူးဆပ်သောအားဖြင့်....
အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေလို့ အမေ့မေတ္တာအရှင် (ခေတ္တ-နွိုက်ဒါပြည်နယ် Gautem Buddhist University)

1

No comments:

Post a Comment