ကိုငပျင်းတို့တစ်စု!
တစ်ခါတုန်းက-အလွန်ဝတဲ့ လူလေးယောက်ဟာ ရွာတစ်ရွာကို ထွက်လာခဲ့ကြတယ်။
လမ်းခရီး တစ်ဝက်ရောက်တဲ့အခါ၊ jamun လို့ခေါ်တဲ့ သစ်ပင်ကြီးအောက်မှာ မောမောနဲ့ကျောခင်း အိပ်လိုက်ကြတယ်။ သစ်ပင်ကြီးမှာက အသီးတွေ မှည့်နေပြီး
ကိုင်းတွေကလဲ ဖြာထွက်နေပါတယ်။ သူတို့ဟာ ဗိုက်တွေကလဲ အရမ်းကို
ဆာလောင်နေကြပါတယ်။ သို့သော် အလွန်လဲ ပျင်းရိကြပါတယ်။
ဘယ်လောက်တောင်ပျင်းလဲဆိုရင်-တစ်ယောက်မှ သစ်ပင်ပေါ်ကို
မတက်ကြသလို၊တစ်ယောက်မှလဲ အသီးတွေကို မကောက်ကြပါဘူး။ ဒါပေမဲ့-သူတို့ရဲ့
ပါးစပ်တွေကို ဖွင့်ဟထားပြီး "အို--ချိုသော jamun အသီးများ ကျေှးဇူးပြုပြီး
ကျနိုပ်တို့ရဲ့ ပါးစပ်များထဲ့ကို ပြုတ်ကျလာပေးပါ" လို့ ပြောဆိုကြတယ်လေ။
ဒီလောက်ထိကို ပျင်းတာပါ။
မကြာပါဘူး။
သူတို့ဆီကို မြင်းသမားတစ်ယောက် ရောက်လာတယ်။ လက်ထဲမှာလဲ တုတ်ကို ကိုင်လျက်
လူပျင်းလေးယောက်ဆီကို သွားလိုက်တယ်။ သင်တို့ဒီနေရာမှာ ဘာလုပ်နေတာလဲ လို့
မေးလိုက်တယ်။ ပထမလူပျင်းက " ဆရာ- ကျနုပ် ဗိုက်ဆာနေပါတယ်။ ကျနုပ်က
ဒီသစ်ပင်စောင့်နတ်သ္မီးကို ဆုတောင်းနေပါတယ်။ သို့သော်- အသီးတွေက
ကျနုပ်ပါးစပ်ထဲကို ကျမလာဘူး" လို့ ဖြေတယ်။
ဒါနဲ့ မြင်းသမားက-အသင်ဟာ အတော်လေးကို ပျင်းတဲ့ ငတုံးပဲဆိုပြီး တုတ်နဲ့ ရိုက်ပါတယ်။ သစ်ပင်ပေါ်ကိုလဲ တက်ခိုင်းပါတယ်။
ဒုတိယလူပျင်းက-မှန်ပါတယ် ဆရာ။ သူကို ရိုက်ပါ။ သူက အတော်လေးကို ပျင်းပါတယ်။
ကြည့်ပါ့လား ဆရာ! ဟိုမှာ မြေပြင်ပေါ်မှာ ကျွေကြနေတဲ့ jamun အသီးအမှည့်တွေ
အများကြီးပါ ဆရာ။ ဒါပေမဲ့ သူက ကျနုပ်ရဲ့ ပါးစပ်ထဲ့ကို တစ်လုံးမှ
ကောက်ထည့်မပေးဘူးဆရာ လို့ ထပြောတယ်။
ဒါနဲ့ မြင်းသမားက။ ဟုတ်တယ်။ သူကပျင်းတယ်။ ဒါပေမဲ့ မင်းက ပိုပျင်းတယ်။ မင်းကိုလဲ တုတ်နဲ့ရိုက်ရမယ်ဆိုပြီး ရိုက်လိုက်ပါတယ်။
နောက် တတိယ ငပျင်းက- ဆရာ သူတို့နှစ်ယောက်စလုံး ငပျင်းတွေပါ။ သူတို့ကို
ရိုက်ပါ။ ကြည့်ပါ့လားဆရာရယ်- ယဉ်ကောင်တွေ ကျနုပ်မျက်နှာကို ကိုက်နေ/
နားနေတာကို မောင်းမထုတ်ကြဘူး ဆရာ။
မြင်းသမားက-မှန်တယ်။ ဒါပေမဲ့ မင်းက သူတို့နှစ်ယောက်ထက် ပိုပျင်းတယ် ဆိုပြီး သူ့ခေါင်းကို တုတ်နဲ့ ရိုက်ပစ်တယ်။
နောက်ဆုံးငပျင်းက- ကျေးဇူးပါ ဆရာ။ ဆရာက လူကောင်းတစ်ဦးပါ။ အဲ့ဒီ
ငပျင်းသုံးယောက်ရဲ့ ခေါင်းတွေကို ရိုက်ခွဲလိုက်ပါ ဆရာ။ ကြည့်ပါ့လားဆရာ-
ခွေးက ကျနုပ် ပါးစပ်ကို လာလျှက်နေတာကို အဲ့ဒီ ငပျင်း သုံးယောက်
မမောင်းဘူးလေ။
ဒါနဲ့ မြင်းသမားက-မင်းမှန်ပါတယ်။ သို့သော် မင်းက ဒီထဲမှာ အပျင်းဆုံးပဲ ဆိုပြီး သူ့ရဲ့ လည်ပင်းကို ရိုက်လိုက်ပါတယ်။
မြင်းသမားက မြင်းပေါ်ကနေဆင်းပြီး လူပျင်းလေးယောက်ကို ကောင်းစွာရိုက်နှက်ဆုံးမခဲ့ပါတယ်။
ဒီပုံပြင် ဇာတ်လမ်းလေးကို ဖတ်ကြည့်ပြီးတဲ့အခါ- အော် လောကကြီးမှာ
ဒီလိုမျိုး လူပျင်းတွေကလဲ ရှိပါသေးလားလို့ တွေးမိပါတယ်။ခရီးသွားတဲ့အခါမှာလဲ
အများနဲ့ဆို အမြဲတမ်းသတိ ၀ီရိယ ရှိဖို့လိုပါတယ်။ အများနဲ့ဆို
စည်းလုံးဖို့လဲ လိုအပ်ပါတယ်။ စိတ်တု ကိုယ်တူ ဖြစ်ဖို့လဲ လိုပါတယ်။
ကြည့်လေ-အသီးတွေလိုင်လိုင်ဝေပြီး မှည့်နေတဲ့ အပင်အောက်ကို
ရောက်နေတာတောင်မှ သူများကို အားကိုနေကြတယ်လေ။ ဘယ်သူမှ တက်ပြီးခူးမစားသလို
၊ဘယ်သူမှလဲ ကြွေကျနေသော အသီးတွေကို ကောက်မစားကြဘူးလေ။ အတော်လေးကို
ပျင်းလိုက်ကြတာလေ။ လက်တကမ်းအလိုက အခွင့်အရေးကို မယူတတ်ကြလိုက်တာ။ ဘာမှ
မလုပ်ပဲ အောင်မြင်ချင်၊ ကြီးပွားချင်လို့ ဘယ်ဖြစ်ပါ့မလဲ။ သူများကို
အားကိုးနေမယ်ဆိုရင်တော့ ဘ၀ မပြောနဲ့ တိုင်းပြည်တောင်
ပျက်သွားလိမ့်အုံးမယ်လေ။ ဒီလိုလူတွေ မိသားစု၊ တိုင်းပြည် မှာ ပေါမယ်ဆိုရင်
ဒီမိသားစု။ ဒီနိုင်ငံ-တိုင်းပြည် ဘယ်မှာ တိုးတက်နိုင်ပါ့မလဲ။
အမိမြန်မာပြည်ကြီးမှ ဒီလို လူပျင်းတွေ မရှိပါစေနဲ့ ဆုတောင်းမိပါတယ်။
ပိုဆိုးတာက-ကိုယ့်မှာ ချေလက်တွေ ရှိနေပါလျှက် သူများကို
အားကိုးနေတာပဲ။ ကိုယ့်မှာ ခြေထောက်တွေ ကောင်းနေပါလျှက်နဲ့
လမ်းမလျှောက်ချင်ဘူး။ လက်တွေကောင်းနေပါလျှက် ကိုယ်တိုင် မလှော်ခတ်ပဲ
သူများကို အားကိုးနေတာ။ ကိုယ့်မှာ ခေါင်းတွေ ရှိပါလျှက်နဲ့ သူများကို
မှီခိုတာ။ ဒီတော့ ဘုရားဟော အတ္တာဟိ အတ္တနော နာထော အတိုင်း နေထိုင်မှ
အဆင်ပြေမှာလေ။ကိုယ့်အားကို ကိုးမှ ဘ၀မှာ လှပမှာပါ။
ပြောရအုံးမယ်- ကိုယ့်ပါးပေါ်မှာ ခြင်ကိုက်နေတာကိုတောင် သူများကို
အားကိုးနေတဲ့ ငပျင်းလောက်တော့ မပျင်းကြပါနဲ့လေ။ ကိုယ့်အန္တရာယ်ကို
ကိုယ်တိုင်းမဖြေရှင်းပဲ သူများကို အားကိုးနေတယ်ဆိုရင် ပိုပြီး
အန္တရာယ်ကိုဖြစ်စေပါတယ်။ မိမိရဲ့ မိသားစု၊ မိမိရဲ့တိုင်းပြည် အခက်အခြ ပဿနာတွေကို မိမိမိသားစု၊ မိမိတိုင်းပြည်ကိုယ်တိုင်ြးေ ဖရှင်းမှအဆင်ပြေမှာလေ။ နို့မဟုတ်ရင်တော့ ကျားကြောက်လို့ ရှင်ကြီးခိုး။ ရှင်ကြီး
ကျားထက်ဆိုး လို။ ရှေ့နေငှါးမှ ထောင်သုံးနှစ်ကျ ဆိုသလို
ဖြစ်သွားနိုင်ပါတယ်။
အဆိုးဆုံးကတော့-ကိုယ့်အသားကို
နာအောင် လာလုပ်နေတာတောင် သူများကို အားကိုးနေမယ်ဆိုရင် ဘ၀ ဆုံးရှုံးယုံပဲ
ရှိမှာပေါ့။ ကိုယ့်အန္တရယ်ကို ကိုယ်တိုင်းဖြေရှင်နိုင်အောင်
ကြိုးစားရမှာပါ။ဘာပဲဖြစ်ဖြစ် ကိုယ့်အားကို ကိုးပါ။ ဘယ်အရေးပဲဖြစ်ဖြစ်ပါ။
နိုင်ငံရေး။ ဘာသာရေး။ စီးပွားရေး။ လူမှုရေး။ ပညာရေး စသည်ပေါ့။ နောက်ဆုံး
ဘ၀သံသရာခရီးက လွတ်မြောက်ရေးတောင် မိမိကိုယ်တိုင် အားထုတ်ရမယ်လေ။
ကဲ--အားလုံး ပျင်းရိခြင်းကင်းကာ ကြိုးစားမှု လုံ့လ။ စဉ်းစားတွေးခေါ်ခြင်း
ဥာဏ်ပညာဖြင့် မိမိ မိသားစု၊ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဘာသာ၊ မိမိဘ၀ကို
တိုးတက် သာယာ လှပ- ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်ပါစေ--။
အမေ့မေတ္တာများကို မှန်းဆလျှက်---အရှင်
No comments:
Post a Comment