မွေးမွေးသို့ ရှိခိုးခြင်း!
မေမေ
သားကို ခွင့်လွတ်ပါ။ အမေ့မေတ္တာ လို့ခေါင်းစဉ်တပ်ထားပြီး အမေ့အကြောင်း၊
အမေ့မေတ္တာ၊ အမေ့ကရုဏာ၊ အမေ့ မုဒိတာ၊ အမေ့ ဥပေက္ခာ၊ အမေ့ အကြင်နာတွေကို
သားမဖော်ကြူးပဲ အခြားသော အကြောင်းအရာတွေကို ဦးစားပေး ရေးနေတဲ့အတွက်ပါ
မေမေ။
ဒီနေ့တော့ မေမေရယ်- သားတို့တက်နေတဲ့
ကေလင်နိယတက္ကသိုလ် လက်ချာခန်းထဲ့က ဖရော်ဖက်ဆာ ဒေါက်တာ သုမနပါလ
သင်ပေးလိုက်တဲ့ psychotherapy ဆိုတဲ့ အတွေး ဒဿနလေးကြောင့် သား အမေ့ကို
သတိတရဖြင့် ရှိခိုးလိုက်ရခြင်းဆိုပါတော့-မေမေရယ်။
ဇရော်ဖက်ဆာပြောတာကလေ-လောကမှာရှိနေကြတဲ့ လူသားအားလုံးဟာ-ချမ်းသာခြင်း=သုခ။
အသက်ရှင်ခြင်း=ဇီဝိတ ကိုသာ လိုချင်တောင့်တကြတယ်။--- ဆင်းရဲခြင်း=ဒုက္ခ။
သေခြင်း=မရဏကို ဘယ်သူမှ မလိုချင်ကြဘူး။ မတောင်းတကြဘူးတဲ့။ သုခ-ဇီဝိတကိုသာ
လိုချင်ခြင်း။ ဒုက္ခ-မရဏကို မလိုချင်ခြင်းသသည် အကုသိုလ်လား၊ ကုသိုလ်လား။
အပြစ်ရှိသလား၊ မရှိဘူးလား-လို့မေးတယ်။ ဒီတော့ ကျောင်းသားတွေက
ထဖြေတယ်-အဲ့ဒါ အကုသိုလ်=အပြစ်ဖြစ်ပါတယ်လို့ပေါ့။
ဒီတော့
ဖရော်ဖက်ဆာက -နိုးနိုး။ အပြစ်မဖြစ်ပါဘူး။ အကုသိုလ်လဲ မဟုတ်ပါဘူး။ ဒါက
လူသားတိုင်လိုချင်တောင့်တကြတဲ့ ရေဘုယျသဘော။ အများသဘော။
သာမှန်သဘောတရားပါတဲ့။ ဘယ်သူက ဆင်းရဲခြင်းမှာလဲ။ ဘယ်သူက သေချင်မှာလဲ။
အားလုံးက ချမ်းသာချင်၊ အသက်ရှည်ချင်ကြတာပဲလေ-တဲ့။ ကဲ
-ဘယ်လောက်ကောင်းလိုက်တဲ့ အတွေးလဲ။ သားတို့ မတွေးနိုင်ဘူး -မေမေ။ ဒါကြောင့်လဲ
အင်တာနေရှင်နယ် တက္ကသိုလ်မှာ ပါမောက္ခချုပ်ဖြစ်နေတာပေါ့ -မေမေရယ်။
ဒီအတွေးလေး ခေါင်းထဲရောက်လာတာနဲ့ သားက မေမေကို ပြေးသတိရ
တမ်းတမိပါတယ်။မေမေ-ဆုံးမခဲ့တဲ့ စကား-ဘုရားတရားတော်တွေကိုလဲ
ကြားယောင်နေမိပါတယ်။ နောက်-သားတွေးမိလိုက်တယ်-ငါ-အမေ့ကို
အသက်ရာချီရှည်စေချင်ခဲ့တာပဲလေ။ မေမေ့ကို ကိုယ်-စိတ်နှစ်ပါး
ချမ်းသာ-ကျန်းမာစေချင်ခဲ့တာပဲလေ။ဖြစ်နိုင်ရင်-အမေ့ကို အသက်ရှင်လျှက်နဲ့
မြင်ချင်တာပါ။ ဒါ-ဖရော်ဖက်ဆာ သုမနပါလ့အတွေးဆို အပြစ်မရှိပါဘူး မေမေ။
အော်--မေမေ၊ မေမေ-ပြောခဲ့တာကို သားမမေ့သေးပါဘူး။ လောကမှာ ရတနာဆိုတာ
ရှိတယ်။ တန်းဖိုးကြီးမားလို့ -မြင့်မြတ်လို့ရတနာလို့ခေါ်တာ။
ရတနာမှာလဲ- -လောကီရတနာ -လောကုတ္တရာရတနာလို့
နှစ်မျိုးရှိနေပြန်တယ် ။ လောကီရတနာဆိုတာကတော့ စိန်ရွှေ ၊ကျောက်သံပတ္တမြား ၊ဆင်
မြင်း၊ သစ်ကျွန်း စသည်ပေါ့-သားရယ်။ လောကုတ္တရာ ရတနာဆိုတာကတော့
ဘုရား-တရား- သံဃာသုံးပါးလေ။ လောကီရတနာတွေကတော့ ဒီဘ၀မှာ ဘဝ
ဝမ်းစားရေး- အသက်တွေရှင်သန်ဖို့အတွက် အသုံးချရတာပေါ့။ နောက်ပြီး-
အနာဂတ်သံသရာ ခရီးအတွက်လဲ ဒါနရိက္ခာအဖြစ် အလှူဒါနတွေလုပ်ကာ ထုတ်သွားရတယ်လေ။
အနာဂတ်သံသရာ ခရီးအတွက်ဆိုပေမဲ့ ဒီဘ၀မှာ လဲ အလှူဒါန အကျိုးတွေကို
ခံစားရတယ်-သား။
ဒါပေမဲ့ သားရယ်-ကံဆိုးတာက
အဲ့ဒီလောကီရတနာတွေကို အမေ့တို့ပြည်သူ လူထုတွေ သိပ်မခံစားရဘူး။
မပိုင်ဆိုင်ရဘူး။လုပ်စားပိုင်ခွင့် သိပ်မှရှိဘူး။ နိုင်တော် အစိုးရက
အားလုံးလိုလို ချုပ်ကိုင်ထားတယ်-သား။ သား နားလည်အောင် ပြောရမယ်ဆိုရင်-
ဒီလောကီရတနာတွေဟာ တကယ်တော့ သူ့အလိုလို မဟာပထ၀ီမြေကြီးကနေ ပေါ်ပေါက်လာတာပါ။
ဒါကို မြန်မာပြည်သူတွေက ပြည့်ပြည့်ဝ မခံစားရဘူးဆိုတော့ ကံဆိုးတာပေါ့-သား။
ဒါကြောင့်လဲ-အမေ့တို့ပြည်သူ-ပြည်သားတွေ အခုချိန်ထိ ဆင်းရဲတွင်းနက်နေတာပဲ။
သားကတော့ ဘယ်နားလည်နိုင်ပါ့မလဲ။ သားကငယ်သေးတယ်လေ။ သားကြီးလာတော့
နားလည်လာမှာပါ-သား။
နောက် -လောကုတ္တရာရတနာဖြစ်တဲ့
ဘုရား-တရား- သံဃာ ဆိုတာကတော့ သားနားလည်ဖို့ ပိုခက်လိမ့်မယ်။ ခက်လဲ ငါ့သား
နားလည်သလောက် ထောင်ပေါ့ ။ မေမေလဲ ပြောနိုင်တုန်းပြောရတာလေ။ သေခြင်းဆိုတာ
-ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီတဲ့ ၊ အချိန်မရွေး သေနိုင်တယ်လေ။
သေခြင်းဆိုတာ အချိန်းအချက်မရှိဘူး။ သားတို့ နွားကျောင်းသွားတာကမှ
သူငယ်ချင်း တွေ အချိန်းအချက်ရှိသေးတယ်။ သေခြင်းက မရှိဘူး။ ပြောပါ-မေမေ။
သားနားလည်အောင်ပြောရမယ်ဆိုရင်--
ဘုရားရတနာက
လောကလူသားတွေရဲ့ အကျိုးစည်းပွားအတွက်-သံသရာမှ လွတ်ဖို့အတွက် ဒီလောကကြီးမှာ
ပွင့်ပေါ်လာခဲ့တယ်။ တရားရတနာကတော့ လောကကြီးနဲ့ ကမ္ဘာ လူသားတွေရဲ့
ချမ်းသားခြင်း -ငြိမ်းချမ်းခြင်း အကျိုးငှါ ဒီလောကကြီးမှာ
ပွင့်ပေါ်လာခဲ့တယ်။ သံဃာ့ ရတနာ ဆိုတာကတော့လောကလူသားတွေရဲ့ အနာဂတ်သံသရာအတွက် ကုသိုလ်ကောင်းမှု ပြုလုပ်ရန်အတွက် ပွင့်ပေါ်လာခဲ့တယ်-သား။
အော်-မေမေ၊ ဒီအချိန်တုန်းက သားအသက်က ၈ နှစ်သာသာပေါ့ အမေ့ရယ်။ မေမေ့ပြောခဲ့
ဆုံးမခဲ့တာတွေကို သားအကုန်းလုံးမှတ်မိနေပါတယ်။ မှတ်မိဆို မေမေရယ်။ မေမေ့က
သားတို့အတွက်
မဟာမေမေ-မြင့်မိုရ်မေမေ-ကရုဏာမေမေ-ကျေးဇူးရှင်မေမေ-ကျွေးမေမ-မွေးမေမေပါ။နောက်ပြီး
ဒီအချိန်တုန်းက သားတို့နိုင်ရဲ့ ရှစ်လေးလုံး 8888 အရေးခင်းကာလမဟုတ်လား။
စီးပွားရေးတွေကလဲ ကျပ်-အလုပ်တွေကလဲ ခက်- ပြည်သူတွေကလဲ
ငက်-ခေတ်ပျက်ကာလပါ-မေမေ။
အဲ့ဒီတုန်းက
အမေ့ပုံရိပ်လေးကို သားမြင်ယောင်မိပါသေးတယ်။ မေမေလေ-ဘာမှ မလုပ်တတ်ဘဲ
ဈေးတောင်းကလေး ခေါင်းပေါ်ရွက်ကာ သားတို့ဝမ်းစာရေးအတွက်
မရောင်းတက် -ရောင်းတက်။ မလည် တလည်နဲ့ အရှက်သိက္ခာတွေကို ဖလှယ်ပြီး
ဖြေရှင်းပေးခဲ့တာလေ။ မေမေ့ တကယ်ကို သနားစရာပါ။
ချစ်စရာလဲကောင်း ။လေးစားစရာလဲကောင်း၊အားထားစရာလဲေ ကာင်းတဲ့ မွေးမေမေပါ။
ကဲ့မေမေ--သား -မေမေ့ဆုံးမစကားတွေကို နားထောင်ခြင်းမှ ခဏတာနားပြီး -မေမေ့ကို
ရှိခိုးကန့်တော့ကာ တစ်ညတာအတွက် အိပ်လိုက်ပါအုံးမယ်။ မေမေ-ရောက်လေရာမှာ
သာယာ ချမ်းမြေ့ပါစေ- မေမေ့ရဲ့သားလတ်-နရိန်
အရောင်းအဆင်းကင်းမဲ့ပေမယ့် ဖြူစင်အေးမြတဲ့ရေလိုပဲ အမေ့မေတ္တာကလည်း အေးမြလှပါတယ်ဘုရား
ReplyDelete