ဆုတောင်းခြင်း!
ဆုတောင်းဆိုတဲ့ စကားတစ်ခွန်းကို စဉ်းစားမိတာလေးချရေးခြင်းရယ်ပါ။ ဘာရယ်မဟုတ်ပါဘူး။
ဒီနေ့
ကျောင်းကပြန်လာတော့ ဆုတောင်းနေသော ဘာသာဝင်အချို့ကို တွေ့ခဲ့တယ်။
ကျောင်းသွားတိုင်းတွေ့နေတဲ့မြင်ကွင်းတစ်ခုပါ။ တစ်ခါမှ ဒီအတွေးမျိုး
မရခဲ့ဘူး။ ဒီနေ့တော့ ဘယ်လိုကနေ အတွေးကရောက်လာတယ် မသိဘူး။ ဒိုင်းဆို
ဘတ်စကားပေါ်က ဆင်း ဆင်းချင်း တောင်းဝေါနဲ့ ကပ်ရက်ဖြစ်သော
အစ်လာမ်ဗလီတစ်ခုတွေ့တယ်။ အစ်လာမ်ဘာသာဝင်တွေ အတော်လေးကို များပါတယ်။
နေ့တိုင်းလိုလို ဆုတောင်း ၀တ်ပြုနေကြတာပါ။ စည်းလုံးမှုကတော့
မိမိဘာသာဝင်တွေထက်ပိုတယ်လို့ပြောရမှာပါ။
သူတို့တစ်တွေဟာ သူတို့ဘုရားသခင်ကို ရှိခိုးဆုတောင်းပုံကလဲ အတော်လေးကို
သဘောကျလောက်ပါတယ်။ သူတို့ ဘာသာဝင်တွေဟာ ဘုရားဝတ်တတ်သံကို
ဘယ်နေရာကနေပဲကြားကြား ကြားတဲ့နေရာကနေ ဗလီိကို လာရင်လဲ လာ၊ မလာရင်လဲ
ကြားတဲ့နေရာကနေ့ လက်အုပ်ချီ-မတ်တပ်ရပ် ရှိခိုး-ဆုတောင်းရတယ်ဆိုပဲ။
ဒီလောက်ထိတောင် သူတို့ ဘုရားသခင်ကို ယုံကြည်အားထားကြတာပါ။
ဒါပေမဲ့ --စိတ်မကောင်းစရာကောင်းတာက များစွာသော အစ်လာမ်ဘာသာဝင်တွေက
ဘုရားသခင်ကို ရှိခိုးဆုတောင်း နေကြသော်လည်း။ အဲ့ဒီ ဗလီကြီးဘေးမှာပဲ
လူမျိုးစုံကို တွေ့ရ မြင်ရပါတယ်။ တစ်ချို့က ခြေ မသန်-လက်မသန်။ တစ်ချို့က
တွန်းလှည်တွေပေါ်မှာ ဝေဒနာတွေကို ခံစားလျှက်။ တစ်ချို့က ကိုယ်ခန္ဓာမှာ
အနာများစွာဖြင့်။ တစ်ချို့က လမ်းဘေးမ- ဗလီဘေးမှာ ပို့လို့ပက်လက် အိပ်လျှက်။
တစ်ချို့ကလဲ လက်ဝါးလေးတွေကို မြှောက်မြှောက်ပြီး ဘ၀၀မ်းစာရေးအတွက်
တောင်းနေကြလေရဲ့။
သူတို့တစ်တွေက ဘုရားသခင်ကို
ယုံယုံကြည်ကြည် ရှိခိုးဆုတောင်းနေကြပေမဲ့ အစ်လာမ်ဘာသာဝင်တွေ အချို့ ဒုက္ခ
တွင်းနက်နေလျှက်ပါပဲ။ သူတို့ဘုရားသခင်က ဆုလာဒ်တွေကို ဘာကြောင့်မပေးပါသလဲ။
သူ့ဘာသာဝင်တွေကို ဘာကြောင့် ပြန်မကြည့်ပါသလဲ။ ဒါက စဉ်းစားစရာပါ။
နောက် ခရစ်ယာန်ဘာသာဝင်တွေကိုလဲ ကြည့်ကြည့်လိုက်ပါ။ မထူးတာကို
တွေ့ရလိမ့်မယ်လေ။ သူတို့တစ်တွေကလဲ ထာဝရ ဘုရားသခင်ကို ရှိခိုး ဆုတောင်းဖို့
ချက်ကျောင်းတွေကို မအားလပ်တဲ့ကြားက တက်ကြရတယ်။ သို့သော်-သူတို့တစ်တွေလည်း
ဆင်းရဲ့တဲ့သူက ဆင်းရဲ။ ဒုက္ခရောက်သူက ရောက်။ ငတ်မွတ်သူက ငတ်မွတ်။ ဒါဆို
ဘုရားသခင်ကို ရှိခိုးဆုတောင်းပါလျှက်နဲ့ ဘာကြောင့် ဘုရားသခင်က
ပြန်မစောင့်ရှောက်သလဲ။ ဘာကြောင့် မျက်နှာလွဲ ပစ်ထားပါသလဲ။ ကောင်းချီ
ပြန်မပေးပါသလဲ။ ဒါကလဲ တွေးတေားစရာ တစ်ခုပါပဲ။
နောက်--ကိုယ့်ဗုဒ္ဓဘာသာဝင်တွေကိုလဲ ပြန်ကြည့်လိုက်ပါအုံးနော်။
ဘာများထူးလို့လဲ။ ဗုဒ္ဓကို ရှိခိုးကြတယ်။ ဆုတောင်းကြတယ်။
ကုသိုလ်ကောင်းမှုတွေလဲ လုပ်ကြတယ်။ သို့သော်-ဆင်းရဲသူတွေ များတယ်။
ငတ်မွတ်နေသူတွေ ပေါတယ်။ ဒုက္ခတွေ အမျိုး ကြုံတွေ့နေရတယ်။ စစ်ဘေးတွေ
အခါခါဖြစ်နေရတယ်။ နိုင်ငံရေး ပဋိပက္ခတွေ အကြိမ်ကြိမ် ပေါ်ပေါက်နေတယ်။
လက်ရှိ အရှင်တို့တည်းခို ပညာသင်ယူနေတဲ့ အလင်္ကာဆိုတဲ့
သီရိလင်္ကာတိုင်းပြည်ကိုပဲ ကြည့်လိုက်ပါ။ သီရိလင်္ကာဆိုတာ ဘုရားရှင်တောင်
ကြွရောက်သာသနာပြုခဲ့တဲ့ နေရာလို့တောင် သမိုင်းက အဆိုပြုသလို
သူတို့တိုင်းသူ-ပြည်သားတွေကလဲ ယုံကြည်ကြပါတယ်။ အများဆုံးက
ဗုဒ္ဓဘာသာဝင်တွေမို့ ဘာသာရေးကိုလဲ သိပ်ကိုလေးစား လိုက်စားကြပါတယ်။
ရဟန်းသံဃာတော်တွေကိုလဲ အတော်လေးကို အရိုသေပေးကြပါတယ်။
အထွဋ်အမြတ်ထားကြပါတယ်။ ဘုရားကျောင်းကံတွေကိုလဲ နေ့တိုင်းလိုလို
သွားလေ့ရှိကြပါတယ်။ ဘာသာရေးဆုတောင်းပွဲတွေကိုလဲ မကြာမကြာလုပ်လေ့ရှိပါတယ်။
သို့သော်လည်း သူတို့နိုင်ငံ အခု အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရပါတယ်။
အားလုံးသော ပြည်သူတွေ စိုးရိမ်ကြောင့်ကြနေရပါတယ်။ အမိမြန်မာပြည်မှာလဲ
ထို့အတူပါပဲ။ မြန်မာပြည်သူ-သားတွေ ဆင်းရဲတွင်းနက်နေကြရတယ်။ ငတ်မွတ်သူတွေ
ငိုကြွေးနေနရတယ်။ စိုးရိမ်ကြောင့်ကြနေကြရတယ်။ အသက်အသွေးတွေ ပေးဆပ်နေကြရတယ်။
ကျည်ဆံသံတွေလွမ်းမိုးခံနေကြရတယ်။ ဗုဒ္ဓဘုရားကို ရိုသေး ကိုင်းရှိုင်း
ရှိခိုးကြပါတယ်။ ဒါဆို ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲဆိုတာကိုလဲ
စဉ်းစားစရာပါပဲ။
ပြောချင်တာက ဘုရားရှင်တွေကို ရှိခိုး ဆုတောင်းနေယုံမျှဖြင့် ဒီဒုက္ခ -ပြဿနာတွေက ငြိမ်းအေးသွားမှာ မဟုတ်ပါဘူး။
ဒါဆို
ဘာလုပ်ရမှာလဲ။ ဘယ်လို ပြုကျင့်ရမှာလဲ-လို့ မေးလာရင်တော့ စာသင်ခန်းထဲက
ဖရော် ဖက်ဆာ သုမနပါလရဲ့ လက်ချာကို ထုတ်ပြလိုက်ရမှာပဲလေ။ သူကတော့
-သုခ-ဇီဝိတက တစ်စုံ။ နောက် --ဒုက္ခ- မရဏက တစ်ဆုံ ဆိုပါတော့။ လူတွေက
ချမ်းသာခြင်း-အသက်ရှင်ခြင်းကိုသာ အလိုရှိကြတယ်။ ဆင်းရဲခြင်း-သေခြင်းကို
လုံးဝ အလိုမရှိကြဘူး။ ချမ်းသာခြင်း-အသက်ရှိခြင်းနဲ့တွေ့ကြုံရသောအခါ
လူတွေမှာ လောဘဖြစ်ကြရတယ်။ ဆင်းရဲခြင်း-သေဆုံးခြင်းကို တွေ့ကြုံရသောအခါ
ဒေါသတွေဖြစ်ကြရတယ်။
အဲ့ဒီလို လောဘ-ဒေါသတွေ
ဖြစ်လာပြီဆိုတော့ မောဟကလဲ နောက်ကလိုက်လာတယ်လေ။ ဒီကြားထဲမှာ အဘိဇ္ဈာ -ဗျာပါဒ
တရားတွေကလဲ လိုက်လာတော့ မိစ္ဆာဒိဌိပါဖြစ်ကြရတယ်လေ။ ဒီတော့
လောဘ-ဒေါသ-မောဟ-အဘိဇ္ဈာ-ဗျာပါဒ-မိစ္ဆာဒိဌိ အကုသိုလ်တရားတွေကို နည်းသထက်
နည်းအောင် မပယ်သတ်နိုင်သမျှတော့ ဘုရားရှင်-ဘုရားသခင် အားလုံးကို ရှိခိုး
ဆုတောင်းနေယုံမျှဖြင့် ကမ္ဘာလောကကြီး မအေးချမ်းနိုင်သလို-လောကလူသားတွေလဲ
ချမ်းသာသုခ-ငြိမ်းချမ်းခြင်းတွေကို ခံစားရမှာ မဟုတ်ပါဘူး။
ဘယ်နိုင်ငံသူ-နိုင်ငံသားမှ ဘုရားရှင်-ဘုရားသခင်များကို ရှိခိုး
ဆုတောင်းနေယုံမျှဖြင့် ငြိမ်းအေးခြင်း၊ ချမ်းသာခြင်း။ သာယာလှပခြင်းဆိုတာ
ရလာမည်-ဖြစ်လာမည် မဟုတ်ပါ။
ဒါကြောင့် ကမ္ဘာလောကကြီးနဲ့
လူသားများအားလုံး သာယာ ငြိမ်းချမ်း-ချမ်းသာစေဖို့
ဘုရားရှင်-ဘုရားသခင်များကို ရှိခိုး ဆုတောင်းသလို- လောဘ-ဒေါသ-မောဟ
တရားများကိုလဲ ပယ်သတ်ကြပါစို့။--အားလုံးငြိမ်းချမ်းသာယာ ရှိကြပါစေ-လို့။
ဒုက္ခပတ္တာစ နိဒုက္ခာ၊ ဘယပတ္တာစ နိဗ္ဗယာ။
သောကပတ္တာစ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။
May all beings be free from sufferings!
May all beings be free from fears!
May all beings be free from grief!
May all beings be well and happy!
သတ္တ၀ါအားလုံး ဆင်းရဲခြင်း ကင်းပါစေ။
သတ္တ၀ါအားလုံး ဘေးဘယာ ကင်းပါစေ။
သတ္တ၀ါအားလုံး သောက ကင်းပါစေ။
သတ္တ၀ါအားလုံး ပျော်ရွှင် ချမ်းမြေ့ကျပါစေ။
No comments:
Post a Comment