ဘုရားဟော ဂါထာနှစ်ပုဒ်.
While living at the Jetavana monastery, the Lord Buddha expound these Verses to a number of youths.
Once, the Buddha was out on an alms-round at Savatthi. He saw a number
of youths beating a snake with sticks. When the Buddha questioned, they
answered that they were beating the snake because they were afraid that
the snake might be bite them. To them the Buddha said, "If you do not
want to be harmed, you should also not harm others: if you harm others,
you will not find happiness in your next life."
သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန ၀ိဟိံသတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော န လဘတေ သုခံ။
မိမိချမ်းသာခြင်း အကျိုးငှါ ၊ ချမ်းသာခြင်းကို
အလိုရှိသော အခြားသတ္တ၀ါတို့ကို တုတ်,ဓား, လက်နက်ဖြင့် ညှဉ်းဆဲ
နှိပ်စက်သောသူသည် တမလွန်ဘ၀မှာ ချမ်းသာခြင်းကို မရနိုင်။
"He who seeks his own happiness by oppressing others, who also
desire to have happiness, will not find happiness in his next life."
သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန န ဟိံသတိ။
အတ္တနော သုခမေသာနော၊ ပစ္စေ သော လဘတေ သုခံ။
မိမိချမ်းသာခြင်းအကျိုးငှါ
ခြင်းသာခြင်းကို အလိုရှိကြသော အခြားသတ္တ၀ါတို့ကို တုတ်, ဓား, လက်နက်ဖြင့်
မညှဉ်းဆဲ မနှိပ်စက်သော သူသည် တမလွန်ဘ၀မှာ ချမ်းသာခြင်းကို ရနိုင်၏။
" He who seeks his own happiness by not oppressing others, who also
desire to have happiness, will find happiness in his next life."
မြတ်ဗုဒ္ဓက မိမိရဲ့ ချမ်းသာမှုအတွက် တစ်ပါးသော သတ္တ၀ါ တွေကို မညှဉ်းဆဲပါနဲ့။
မနှိပ်စက်ပါနဲ့။ မသတ်ဖြတ်ပါနဲ့။ ဒဏ်မခတ်ပါနဲ့။ အနိုင် မကျင့်ပါနဲ့။
နိုင်ထက်စီးနင်း မလုပ်ပါနဲ့။ မဖျက်စီးပါနဲ့။ မိမိဘ၀ချမ်းသာဖို့အတွက်နဲ့
အခြားသော ပဂ္ဂိုလ်-လူသားတွေ -သတ္တ၀ါတွေကို ညှဉ်းပမ်း နှိပ်စက် သတ်ဖြတ်
ဒဏ်ခတ်သော သူသည် နောင်တမလွန်ဘ၀တွင် ချမ်းသာမှုကို
မရရှိနိုင်ဘူးလို့-ဟောခဲ့ ပြောခဲ့ပါတယ်။
သို့သော် လောက
လူသားများသည် မိမိဘ၀၊ မိမိ မိသားစု၊ မိမိလူမျိုး၊ မိမိနိုင်ငံ သာယာလှပ၊
ချမ်းသာဖို့ တစ်ပါးသော သူ-တစ်ပါးသော မိသားစု-တစ်ပါးသော လူမျိုး၊ တစ်ပါးသော
နိုင်ငံ များကို အနိုင်ယူ ဗိုလ်ကျလိုကြ၏။ လုယက် ဖျက်စီးလိုကြ၏။ မိမိဘဝ
သာယာလှပအတွက် မသမာသောနည်းလမ်းများဖြင့် အခြားသော သူများကို
ညှဉ်းပမ်းနှိပ်စက်နေကြ၏။
အင်းအားနည်းသောသူများက
အင်အားကြီးမားသော သူများအတွက် အဖြည့်ခံ ဖြစ်ကြရ၏။ ဆင်းရဲသောသူများက
ချမ်းသာသော သူများအတွက် ဘ၀ကို ပေးဆပ်ကြရ၏။ အာဏာမရှိသောသူများက အာဏာရှိသော
သူများအတွက် မြေစာပင်ဖြစ်ကြရ၏။ ဒါတွေက တကယ်တော့ လောဘတရား-ဒေါသတရာ-မောဟတရား
များအောက်မှာ နစ်မွန်း နေကြပြီး၊ ဗုဒ္ဓဟောခဲ့သော ဒီဂါထာနှစ်ပုဒ်ကို
နားမလည်ကြသောကြောင့်သာ ဖြစ်သည်။
သို့အတွက်ကြောင့် ကမ္ဘာလောကကြီးနဲ့
လောကလူသားတွေ။ အမိမြန်မာနိုင်ငံတော်ကြီးနဲ့ အမိမြန်မာပြည်သူ/ပြည်သားတွေသောကဒုက္ခကင်းဝေးစေဖို့။သာယာလှပ အေးချမ်းစေဖို့။ ဘေးဘယာ
ဝေးကွာစေဖို့။--နောင်အနာဂတ်သံသရာခရီးလမ်းမှာလဲ ချမ်းသာသောဘ၀-ငြိမ်းချမ်းသောဘ၀ပိုင်ရှင်များဖြစ်စေဖို့--သုခမာတာနိ--အစချီသော ဒီတရားဂါထာနှစ်ပုဒ်ကို
နေ့စဉ် နှလုံးသွင်းကြပါစို့။
No comments:
Post a Comment